ကုန်းကြောင်းလျှောက် လာတော့ ကျုပ်တို့ဝိုင်းလည်းရောက်ရော မောနေတော့တာပါဗျာ။ “တာတေ မင်းကို ငါပြောဖို့ လာတာကွ” “ဗျာ၊ ဘာတုံး ကိုပန်းဦး” “ငါ့အဘနဲ့ ငါနဲ့ အောက်ပြည်သွားကြမလို့ကွ၊ အဘရဲ့ညီမကို တွေ့ချင်လို့ ပြောတာနဲ့ ငါလိုက်ပို့ရမှာ၊ ငါ့အရီး နေတာက ရွာလေးပဲကွ၊ အင်မတန် သာယာတာ၊ အင်းကြီးလည်းရှိတယ်၊စစ်ပင်အင်းလို့ ခေါ်တယ်၊ ရွာကိုလည်းစစ်ပင်ရွာလို့ ခေါ်တာ။ အတော်ကလေး သာယာတဲ့ရွာကွ၊ မင်းလည်းလှယဉ်ကိစ္စနဲ့ စိတ်ထိခိုက်တာမို့လားစိတ်ပြေလက်ပျောက် လိုက်ခဲ့ပါလားလို့ ငါလာခေါ်တာ၊ အဘကလည်းတာတေပါတော့ ပိုကောင်းတာပေါ့လို့ ပြောနေတယ်ကွ” “အေး ဟုတ်သားပဲ တာတေရဲ့၊ နင်အစ်ကိုနဲ့ ...

လက်ဖျားဆွဲတာက အလျော်ရတော့ နည်းနည်းကာမိတာပေါ့လေ။ ဝိုင်းက ဆယ့်နှစ်တောင် စည်းဝိုင်းဗျ။ ကြက်တွေကလည်း အရပ်အမောင်းကောင်းတယ် ။ ကိုသင့်ကြက်က ဖောင်းဗျ။ ကိုဘစိန်ရဲ့ ကြက်က ဗြာ။ အရပ်ကတော့ သိပ်မကွာလှဘူး။ ဆယ်ပြားစီလောက်ပဲရှိမယ်။ (ကြက်ရဲ့အရပ်ကိုတိုင်းရင် ခြေဖနောင့်ကနေ တောင်ပံရိုးက ဘုနီနီအထိ ဒင်္ဂါးပြားနဲ့ တိုင်းကြတာဗျ) ကိုသင်ရော ကိုဘစိန်ရောက နာမည်ကြီး ကြက်စွဲတွေဆိုတော့ သူတို့ကြက်ကို သူတို့ဘာသာ ကြက်စွဲလုပ်ကြတာဗျ။ ကြက်ဝိုင်းဒိုင်က ကျုပ်တို့ ရွာလယ်ပိုင်းက ဦးပုဗျ။ ဘိုးပုကလည်း ကြက်ဆိုရင် လွှတ်ဝါသနာပါတဲ့ အဘိုးကြီးဗျ။ အသက်ကြီးလာတော့ သူကိုယ်တိုင်တော့ ...

လျှော့ပေးလိုက်ပါတယ်လို့ ပြောလိုက်ဦး မောင်သိန်း” “စိတ်ချပါ ကျုပ်ပြောလိုက်ပါ့မယ် သြော် သူကမှာလိုက်သေးတယ်ဗျ။ အလှူကိုလည်းခင်ဗျားလာဖြစ်အောင် လာခဲ့ပါတဲ့ဗျာ” “စိတ်ချ လာခဲ့မှာပါ လာခဲ့မှာပါ ဒါပေမယ့် ကျုပ်လာရင် အရက်တစ်ဝိုင်း တော့တိုက်ရမယ်လို့ ဦးမှတ်ထင်ကို ပြောလိုက်စမ်းပါဦး မောင်သိန်းရာ ” “ဒီအတွက်တော့မပူနဲ့ ကိုဘမောင်ရေ ဦးမှတ်ထင်ကလည်းအရက်ကြိုက်တဲ့ သူမို့သူ့ကိုအရက်ကြောင်းပြောရင် သိပ်ပြောလိုက်ရမှာမဟုတ်ဘူး။ ချက်ချင်းပဲခေါင်းညိတ်မှာ အမှန်ပဲဗျို့ ” “အေးအေး ဒါဖြင့်လပြည့်ကျော်၁ရက်နေ့ရောက်ရင် မင်းတို့တွေငါ့လော်လာသယ်ကြပေါ့။ အထိအခိုက်တော့မရှိစေနဲ့နော် ငါ့ကငါ့လော်အပေါ်မှာ ဘယ်လောက်ထိ အစွဲကြီးသလဲဆိုတာ မင်းလည်းသိပါတယ် “သိပါတယ်ဗျာ သိပါတယ် အဲ့ဒါကြောင့်လည်း ကိုဘမောင်ကို ...

တော့ပြောရမယ်၊ ငှက်ပျောသီးစားပြီးတဲ့အခါ ကျုပ်ဗိုက်ဆာနေတာတွေပျောက်သွားပြီးတော့ တစ်မျိုးကြီးဖြစ်လာတယ်ဗျ။ ရင်ပြည့်သလိုလို ဘာလိုလိုကြီးဗျာ။ ဘသောင်းက ကြိုသိနေတဲ့ပုံပါပဲ၊ သောက်ရေအိုးထဲက ရေတစ်ခွက်ခပ်လိုက်ပြီးတော့ ကျုပ်ဆီကိုလှမ်းပေးတယ်ဗျ၊ ရေခွက်က ဖန်မတ်ခွက် ငါးကြင်းခွက်ကြီးပါ၊ ဖန်ခွက်ထူထူကြီးမှာ ငါးကြင်းရဲ့အကြေးခွံတွေလို အကွက်တွေပါတဲ့ခွက်ကြီးပေါ့။ ကျုပ်လက်လှမ်းယူမယ်လုပ်တုန်း ဘသောင်းက ခွက်ထဲကို အနီရောင်အလုံးကလေးတစ်လုံးပစ်ထည့်လိုက်တယ်ဗျ၊ အလုံးကလေးက သေးသေးလေးပါဗျာ၊ ဆန်ကွဲစေ့လောက်ပဲရှိမှာ၊ အဲဒီအလုံးကလေးက ရေထဲရောက်သွားတယ်ဆိုရင်ပဲ အနီရောင်အချောင်းအချောင်းတွေထွက်လာပြီးတော့ တစ်ခွက်လုံးအနီရောင်ဖြစ်သွားပါရောလား။ လက်လှမ်းနေတဲ့ကျုပ်တောင်မှ လက်တွန့်သွားတယ်ဗျာ၊ ဘသောင်းက လှမ်းထိုးပေးတာနဲ့ မဝံ့မရဲနဲ့လှမ်းယူလိုက်တာ။ “သောက်လိုက်စမ်းပါကွာ၊ မင်းအကုန်ကောင်းသွားမယ်” ကျုပ်လည်း ရေခွက်ကိုသေချာကြည့်နေမိတယ်၊ ရေခွက်တစ်ခုလုံးက သွေးတွေလိုရဲရဲနီနေပြီဗျ၊ အနံ့ခံကြည့်တော့ ...

ခက်သားလားဗျာ။ တွေးမိပြီဆိုရင် ဆက် တိုက်ကို တွေးတော့တာဗျ၊ ကိုပေသီး သေတော့ ငွေတွင်းကုန်းသင်္ချိုင်းမှာ သေတာဗျ။ ဒါပေမဲ့ အဲဒီသတင်းက ချက်ချင်းပျံ့ သွားတာဗျို့။ မီးလောင်ကုန်း၊ ထနောင်းကုန်း၊ ဘန့်ဘွေးကုန်း၊ ဟိုဘက်က ဆပ်သမြှောင်၊ ထိန်ကုန်း၊ ရုံးတော၊ ရွာတော်ကြီး၊ ကပ္ပလီစုပါမကျန် ပျံ့နှံ့သွားတာဗျို့။ ပြီးတော့ ကိုပေသီး သေတဲ့နေရာ ကို ငွေကွင်းကုန်းသားတွေ သွားကြည့်ကြတော့ ပေါက်ကူးနှစ်လက်၊ မီးအိမ် တစ်လုံး၊ ကိုပေသီးရဲ့ ဆေးလွယ်အိတ်၊ ကျောက်ပြင်၊ သနပ်ခါးတုံး၊ ရေပုလင်းတွေ တွေ့တော့ ကိုပေသီး ပီယဆေးဖော်တယ်ဆိုတာ ...

ဗိုလ်ကျနေတဲ့ ကလေးဗိုလ်ပေါ့ဗျာ။ မိညှက်က သိုက်ကလာတယ်ဆိုပေမယ့် ဘာသိုက်ကမှန်းလည်းမသိ၊ ဘာမှလည်းမသိရဘူးပေါ့ဗျာ၊ ကျုပ်တို့ဆိုရင် “ဟဲ့ မိညှက်၊ နင်က နဂါးသိုက်ကလာတာတော့မဖြစ်နိုင်ဘူး၊ ဖြစ်ချင်းဖြစ် တီကောင်သိုက်ကလာတာဖြစ်မှာ” လို့ပြောပြီး စaနောက်ကြတာပေါ့ဗျာ၊ ကျုပ်တို့လည်း သိပ်မယုံဘူးပေါ့၊ ဒီလိုနဲ့မိညှက်နဲ့ သိုက်နဲ့ပြန်တွေ့ကြပါရောဗျာ။ (၃) ကျုပ်တို့ရွာနဲ့ အတော်လှမ်းတဲ့နေရာမှာ မှော်တောရွာဆိုတာရှိတယ်ဗျ၊ တောင်ခြေရွာကလေးတစ်ရွာပါဗျာ။ အဲဒီမှော်တောရွာရဲ့အနောက်ဘက်မှာ နတ်မှော်တောင်ဆိုတဲ့ တောင်ကြီးတစ်လုံးရှိတယ်ဗျ၊ အဲဒီနတ်မှော်တောင်မှာ သခင်မတစ်ပါးရှိတယ်၊ တောင်အတက်တစ်နေရာက ကုန်းကမူလေးအပေါ်မှာ နတ်စင်လေးထိုးပြီး ကိုးကွယ်ကြတာပေါ့ဗျာ၊ သုံးနှစ်တစ်ခါဆိုသလို အဲဒီနတ်မှော်သခင်မကို ပူဇော်တဲ့ပွဲ ကျင်းပတယ်ဗျ၊ သခင်မကို ပူဇော်တဲ့ပွဲကျရင် ကျုပ်တို့ရွာနီးချုပ်စပ်က ...

သော် ခွေးအသားမှ ထွက်သည့်အနံ့အားမခံနိုင်၍ ယခုလိုသပ်သပ်စီခွဲထားရဖြင်းဖြစ်သည်။ ================= “စိန်မြင့်ရေ အရက်နှစ်ပုလင်းဟေ့” “အေးအေး ရမယ်” “ဟေ့ ဘခက် ဆိုင်ထိုင်ပြီးမသောက် ဘူးလားကြ ” “မသောက်တော့ဘူး မင်းနိုင်ရေ အိမ်မှာပဲခွေးသားနဲ့မြည်းပြီး အေးဆေးဇိမ်ယူတော့မယ် ” “ငါ့တို့ဖို့ ခွေးသားနည်းနည်းလောက် ပေးပါဦး ဘခက်ရ ” “စားချင်အိမ်လာခဲ့ကွာ ဒီမှာကြ ဟိုလူချန်မကောင်း၊ဒီလူချန်မကောင်းနဲ့မလို့ မင်းစားချင် ငါ့အိမ်လာစားလှည့်ကွာ ” “အေး ဒါဖြင့်ရင် ငါနောက်နေ့လာခဲ့မယ်ကွာ” “အေးလာခဲ့ လာခဲ့” “ရော့ ဘခက်အရက်နှစ်လုံး” “ရော့ ပိုက်ဆံ” “ဘခက်မင်းလည်းလျှော့သောက်ဦးဟ ...

အခြေအနေကိုကြည့်ရသေးတယ်။ ဦးဘသာကြီးကလည်း ရွာကလူတွေ သူ့ကိုအဖက်မလုပ်တာသိလို့ထင်ပါရဲ့ဗျာ၊ မိုးလင်းမိုးချုပ် တောစပ်ကိုနွားအုပ်တွေမောင်းသွင်းပြီး တောထဲမှာပဲ နေတော့တာ၊ ညနေ နွားရိုင်းသွင်းချိန်ရောက်မှ နွားတွေကိုပြန်မောင်းသွင်းလာတာပေါ့၊ ဒီလိုနဲ့ ဦးဘသာကြီးနဲ့ကျုပ်နဲ့ နှစ်လလောက် ခပ်တန်းတန်းဖြစ်နေတာပေါ့ဗျာ။ ပဲရိုး၊ ပဲခက်တွေကို ကျုပ်တို့က မီးရှို့တယ်ဆိုပေမယ့် ဦးဘသာကြီးကတော့ နည်းနည်းစိမ်းတာလေးတွေကို နွားတွေကိုကျွေးတာပေါ့၊ ခြောက်သွားတဲ့ဟာတွေကိုတော့ မြေဩဇာလုပ်တယ်ဗျ၊ အဖေကလည်း တွန့်တိုတဲ့သူမဟုတ်ပါဘူး၊ နောက်ပြီး ပဲရိုးတွေကို တကူးတကယူတယ်ဆိုတော့ အမှိုက်ရှင်းပေးသလိုဖြစ်နေတော့ ကျေးဇူးတောင်တင်ရအုံးမယ်မဟုတ်လားဗျာ။ ဦးဘသာကြီးက ယာခင်းထဲ ပဲဆွတ်တဲ့နားမှာ ပုံထားတဲ့ ပဲရိုးတွေကို ကောက်ဆွကြီးနဲ့ ထိုးထိုးပြီး သူ့လှည်းပေါ်ကိုတင်နေတယ်၊ ကျုပ်လည်း ...

ဝါးဘိုးခြမ်းကလေးအုပ်လိုက်ပြီး လှဲချလိုက်တယ်။ ဒါ တာတေ့စည်းစိမ်ပေါ့ဗျာနော့။ ကျုပ် အိပ်ပျော်သွားလိုက်တာဗျာ။ နေ့ခင်းကြောင်တောင်ကြီးမှာ အိပ်မက်တွေ ဘာတွေမက်လို့ဗျ။ အိပ်မက်ထဲမှာ ကျုပ်ကို ဓါးမြတိုက်နေတာဗျ။ ဓါးမြက ကျုပ်ကို သေနတ်နဲ့ ချိန်လို့ဗျ။ ကျုပ်ကလည်း ကြောက်ကြောက်လန့်လန့်နဲ့ အိတ်ကပ်ထဲ ရှိသမျှငွေတွေ အကုန်ပေးလိုက် ဖို့ စိတ်ကူးနေတာဗျ။ အိတ်ထဲကို လက်နှိုက်ပြီးဆွဲထုတ်လိုက်တော့ … “ဟာ နှစ်ကျပ်ခွဲပဲ ရှိတာပါလား” အိပ်မက်ထဲမှာတောင် ကျုပ် လန့်ပြီး ပြောလိုက်တာဗျ။ ဓါးမြတော့ ကျုပ်ကို စိတ်ဆိုးတော့မှာပဲ။ ငွေကလည်း ဒါပဲပါတယ်။ ဘယ်လိုပြောပြရဲပါမလဲလို့ အိပ်မက်ထဲမှာ ...

ထဲဝင်ပြီးအိမ်တိုင်ခုတ် နေတယ်ကွ။ တို့ဘထွေး ကိုတင်ကြည်ကအိမ်တိုင်တစ်စုံမှာလို့ ဖိုးထောင်ကသူ့လူတွေနဲ့တောထဲဝင်သွားတာ နှစ် ရက်ရှိ ပြီကွ” ကျူပ်တိုရွာက အလယ်ရိုးမနဲ့ သုံးမိုင်လောက်ပဲဝေးတာဗျ ။ အစ်မညှက်ယောကျာၤး ကိုဖိုးထောင္က သူအဖေပေးခဲ့တဲ့ ယာကလေးလည်းလုပ်တယ်။ အားတဲ့အချိန်တောင်ပေါ်တက်ပြီးအိမ်တိုင်တို ခြံတိုင်တို ခုတ်ပြီးရောင်းတယ်ဗျ။ သူအဖေဘိုးအောင်သိန်း လက်ထက်ကတည်းက ဒီအတိုင်းပဲ လုပ်ခဲ့တာ။ သစ်ခုတ်ဝါးခုတ်အားကြီးကျွမ်းကျင့်တယ်။ ကျူပ်လည်း ကိုသာဆန်းနဲ့လိုက်ခဲ့တာ။ ကိုဖိုးထောင်တို့ဝိုင်းနားရောက်တော့လူကိုအုံနေတာပဲဗျာ။ ရွာထဲမှာလူတောင်ကျန်သေး ရဲ့လားလို့တောင် ထင်ရတယ်။ “ဟော တာတေ လာပြီဟေ့” တစ်ယောက်ကအော်လိုက်တော့ လူတွေကကျူပ်ကို လှည်ကြည့်တယ်။ ကျူပ်ကိုလူတွေက ပယောဂဆရာများ ထင့်နေရော သလားဗျာ။ ...