လျှော့ပေးလိုက်ပါတယ်လို့
ပြောလိုက်ဦး မောင်သိန်း”
“စိတ်ချပါ ကျုပ်ပြောလိုက်ပါ့မယ်
သြော် သူကမှာလိုက်သေးတယ်ဗျ။
အလှူကိုလည်းခင်ဗျားလာဖြစ်အောင်
လာခဲ့ပါတဲ့ဗျာ”
“စိတ်ချ လာခဲ့မှာပါ လာခဲ့မှာပါ
ဒါပေမယ့် ကျုပ်လာရင် အရက်တစ်ဝိုင်း
တော့တိုက်ရမယ်လို့ ဦးမှတ်ထင်ကို
ပြောလိုက်စမ်းပါဦး မောင်သိန်းရာ ”
“ဒီအတွက်တော့မပူနဲ့ ကိုဘမောင်ရေ
ဦးမှတ်ထင်ကလည်းအရက်ကြိုက်တဲ့
သူမို့သူ့ကိုအရက်ကြောင်းပြောရင်
သိပ်ပြောလိုက်ရမှာမဟုတ်ဘူး။
ချက်ချင်းပဲခေါင်းညိတ်မှာ အမှန်ပဲဗျို့ ”
“အေးအေး ဒါဖြင့်လပြည့်ကျော်၁ရက်နေ့ရောက်ရင်
မင်းတို့တွေငါ့လော်လာသယ်ကြပေါ့။
အထိအခိုက်တော့မရှိစေနဲ့နော်
ငါ့ကငါ့လော်အပေါ်မှာ ဘယ်လောက်ထိ
အစွဲကြီးသလဲဆိုတာ မင်းလည်းသိပါတယ်
“သိပါတယ်ဗျာ သိပါတယ်
အဲ့ဒါကြောင့်လည်း ကိုဘမောင်ကို
အရပ်ထဲရွာထဲက လူတွေကတောင်
စနောက်နေကြတယ်ဗျာ”
“နေစမ်းပါဦး ဘယ်လိုစနောက်ကြတာလဲ”
“ဟဲဟဲ ခင်ဗျားကိုလေ ရွာထဲကလူတွေကဘယ်လိုခေါ်ပြီး
စနောက်ကြတယ်ထင်တုံး။
ခင်ဗျားကို လော်စွဲဘမောင်တဲ့ဗျာ”
“ဟေ…လော်စွဲဘမောင်”
“ဟုတ်ပါ့ဗျာ ကိုဘမောင်က
ခင်ဗျားလော်တွေကိုသိပ်တန်ဖိုးထားပြီး
အကဲပိုလို့တဲ့ လော်စွဲဘမောင်လို့
စနောက်ခေါ်ကြတယ်ဗျာ”
“ဟား ဟား ဟား
တယ်လည်းပေါက်တီးပေါက်ရှာ
ခေါ်တတ်ကြသကိုး။
ဟုတ်တော့လည်းဟုတ်တယ်ကွ
ငါသေရင်တောင် ငါ့လော်တွေကို
စွဲတဲ့စိတ်နဲ့ကျွတ်ပါ့မလားတောင်
မသိပါဘူးကြာ”
“ဟား ဟား ဟား ဟား
တယ်လည်းဟာသပြောတတ်တဲ့
ကိုဘမောင်ကြီးကိုး ကဲကျုပ်ပြန်ဦးမယ်ဗျာ
အလှူရက်မှတွေ့ကြတာပေါ့။
“ကောင်းပါပြီဗျာ ကောင်းပါပြီ”
ကိုမောင်သိန်းပြန်သွားတော့
ကိုဘမောင်လည်းပြုံးပြုံးကြီးကျန်နေ
ခဲ့လေသည်။
(အခန်း၂)
“အဟွတ်အဟွတ် အဟွတ် ဟွတ်”
“အော့ ဝေါ့”
“ထွီ”
“ဟင်…ကိုဘမောင် ရှင်အန်နေတယ်”
“ဟော်တော့…သွေးတွေရောပါနေပါလား
ရှင်ဘယ်လိုနေလို့လဲ ကိုဘမောင်”
“ငါ ငါ့ရင်တွေပူလိုက်တာ မခင်မာရာ”
“အဟွတ် အဟွတ်”
“ကျွန်မ ကျန်းမာရေးမှူးသွားပင့်လိုက်ရမလား”
“နေနေ ပြီးကြရင်သက်သာသွားမှာပါ
မင်းပင်ပန်းနေပါ့မယ်”
“ဘယ်ဟုတ်မလဲရှင်
အခုဟာကသွေးတွေအန်နေတာ
ရှင့်အသက်အန္တရာယ်စိုးရိမ်ရတယ်ရှင့် ”
“နေပါစေကွာ
ငါသက်သာသွားမှာပါ
ငါ့ကိုထမင်းရေဆမ်းလေးလုပ်ပေးပါလား
မခင်မာ”
“အင်းအင်း…လုပ်ပေးမယ်နော်
ခဏလေးစောင့်ဦး အသာလေးလှဲနေ
မောနေပါ့မယ်။
မခင်မာလည်းမီးဖိုထဲဝင်ပြီး
ထမင်းအနည်းငယ်ခူးလိုက်သည်။
ထမင်းပန်းကန်ထဲသို့ သောက်ရေအနည်းငယ်ထည့်ပြီး
ကိုဘမောင်အားတစ်ဇွန်းခြင်းတိုက်လိုက်
လေသည်။
“သက်သာရဲ့လား ကိုဘမောင်”
“အင်း…အခုတော့ရင်ပူတာနည်းနည်းသက်သာ
သွားပါပြီ”
“ဒါကြောင့်မို့လို့ ကျွန်မရှင့်ကိုပြောတာပေါ့
အရက်တွေလျှော့သောက်ပါ လျှော့သောက်ပါလို့ ဒီအရက်ကလူကို
ကောင်းကျိုးတစ်စက်ကလေးမှ
ပေးတဲ့ဟာမဟုတ်ဘူးရှင့်”
“ငါသိပါတယ် မခင်မာရာ
ငါ့မှဒီအရက်ကိုမဖြတ်နိုင်ပဲ”
“ကြိုးစားပြီးဖြတ်ကြည့်ပါလား
ကိုဘမောင်ရယ် ကျွန်မရှင့်ကျန်းမာရေးကို
စိုးရိမ်လို့ပြောတာပါ။
“ငါ့အပေါ်ထားတဲ့မင်းစေတနာကို
ငါနားလည်ပါတယ်မိန်းမရာ.
ငါကြိုးစားပါ့မယ် ”
“အင်းပါ ရှင်နားနားနေနေအိပ်လိုက်ဦး
ကျွန်မအလုပ်ကလေးတွေရှိသေးလို့
သွားလုပ်လိုက်ဦးမယ် ကိုဘမောင်။
“အေး အေး”
မခင်မာလည်း မျက်ရည်လေးဝဲကာ
ကိုဘမောင်အနီးမှထလာခဲ့သည်။
အချိန်ကားည၁၂နာရီခန့်
“ဂီး”
ငှက်ဆိုးတစ်ကောင်ကဆိုးဆိုးဝါးဝါး
အော်ဟစ်ပြီးပျံသန်းသွားလေသည်။
“ဖက် ဖက်ဘေးကင်းပါစေ”
ငှက်ဆိုးမြည်သံကြားသဖြင့်
မခင်မာလည်းကျန်းမာရေးမကောင်းသည့် ကိုဘမောင်အတွက်ဆုတောင်းမိလိုက်
သည်။
“အင်းဟင်းဟင်း”
“အဟမ်း အဟမ်း”
“ကိုဘမောင် ဘာလုပ်ချင်လို့လဲဟင်
အပေါ့သွားမလို့လား ကျွန်မဆီးအိုး
သွားယူပေးမယ်လေ”
“အေးအေး ”
“ခဏစောင့်နော် ကိုဘမောင်”
မခင်မာလည်းကုတင်ပေါ်မှဆင်းပြီး
ဆီးအိုးအားသွားယူလိုက်သည်။
“ရော့…ကိုဘမောင် ဒီမှာပဲသွားလိုက်တော့နော်
မနက်ကြမှကျွန်မသွန်လိုက်မယ် ”
“အားနာလိုက်တာ မခင်မာရာ”
“အို…လင်နဲ့မယားပဲဥစ္စာ
ဘာအားနာစရာလိုလို့လဲ
ဒီဆူးအိုးထဲမှာပဲအပေါ့သွားလိုက်”
“အေးပါ”
“အဟွတ် အဟွတ်”
ကိုဘမောင်လည်းဆီးအိုးထဲ၌ပင်
ဆီးသွားလိုက်သည်။
ထို့နောက်ကုတင်ပေါ်သို့ပြန်လှဲလိုက်
သည်။
မခင်မာလည်းမအိပ်သေးပဲ ကိုဘမောင်အားနှိပ်နယ်ပေးနေသည်။
“သြော်…ကိုဘမောင်
ထမင်းရေဆမ်းလေးစားဦးမလား
ကျွန်မလုပ်ပေးမယ်လေ ”
“အေးကောင်းသားပဲ
နည်းနည်းလောက်လုပ်ပေးပါလား”
“အင်းအင်း…ကျွန်မသွားလုပ်လိုက်ပါ့မယ်”
သားသမီးမရသည့်အိမ်ထောင်ရေးမို့
ပြုစုလုပ်ကိုင်ပေးမည့် သားသမီးမရှိ
သည့်အတွက် မခင်မာတစ်ယောက်
ကိုယ့်အားကိုကိုးပြီးခင်ပွန်းသည်အား
ပြုစုလုပ်ကိုင်ပေးရလေသည်။
“ကိုဘမောင် ဒီမှာထမင်းရေဆမ်းလေး
ကျွန်မခွံ့ပေးမယ်လေ”
“အေး”
ကိုဘမောင်လည်း ဇနီးသည်မခင်မာ
ခွံ့ပေးသည့်ထမင်းရေဆမ်းအား
တစ်ပန်းကန်ကုန်အောင်စားလိုက်သည်။
“ပြန်လှဲနေလိုက်ဦး ကျွန်မပန်းကန်လေးသွားထားလိုက်ဦးမယ်
“အဟွတ် အဟွတ်”
“ဝေါ့ ဝေါ့ အော့”
“အား…ဟားရင်တွေထဲပူလိုက်တာနော်”
“ကိုဘမောင် ကိုဘမောင်
ရှင်သွေးတွေထပ်အန်ပြန်ပြီလား
ဒါကြောင့်ညနေကတည်းကပြောပါတယ်
ကျန်းမာရေးမှူးခေါ်ပေးရမလားလို့
အခုတော့သွေးတွေပြန်အန်နေပြီ။
ဘယ်လိုနေသေးလဲ ကိုဘမောင်”
“ငါ့ရင်တွေပူပြီး မောလိုက်တာ မခင်မာရယ် မျက်လုံးတွေလည်းပြာနေပြီ
ငါမနေရတော့ပါဘူး မခင်မာရယ်”
“အို…နိမိတ်မရှိ ဘာမရှိမပြောပါနဲ့
ကိုဘမောင်ရယ် ”
“ငါ့အခြေအနေကိုငါသိပါတယ်
ငါမနေရတော့ပါဘူး မင်းလည်းမင်းကျန်းမာရေးမင်းဂရုစိုက် စိုက် ပါ”
“ဟင်…ကိုဘမောင် ကိုဘမောင်”
“လာ လာ ကြပါဦး လုပ်ကြပါဦး
ကိုဘမောင်ခေါ်လို့မရတော့ဘူး
လုပ်ကြပါဦး ”
“မခင်မာရေ မခင်မာရေ
ကျုပ်တို့ဝင်လာခဲ့မယ်”
“ဟုတ် ဝင်လာလို့ရပါတယ်
တံခါးကစေ့ရုံလေးစေ့ထားတာပါ
လုပ်ကြပါဦးရှင် ကိုဘမောင်ခေါ်လို့မရတော့ဘူး”
အိမ်နီးချင်းများရောက်လာကြပြီး
ကိုဘမောင်၏အခြေအနေအား
စစ်ဆးကြည့်လိုက်သည်။
“စိတ်မကောင်းပါဘူး မခင်မာ
ကိုဘမောင်အသက်မရှိတော့ဘူးဗျ”
“ဖြစ်မှဖြစ်ရလေ ကိုဘမောင်ရာ”
“ဟုတ်ပါ့တော် မနက်ကတောင်အကောင်းကြီးရှိသေး”
“ကိုဘမောင်ရေ ကျွန်မကိုတစ်ယောက်တည်းပစ်ထားခဲ့
ပြီလားတော့်…
ကျွန်မရှင်မရှိရင်ဒီအိမ်ကြီးထဲမှာ
ဘယ်လိုအသက်ဆက်ရှင်ရမှာလဲဟင်
ပြောစမ်းပါဦး အီးဟီးဟီး ”
“စိတ်ကိုတရားနဲ့ဖြေပါမခင်မာ
ကျွန်မတို့လည်းရှိနေတာပဲလေ
ဘာမှစိတ်ဓာတ်ကျမနေပါနဲ့ ”
“ဟုတ်ပါတယ် မခင်မာရယ်
ကျွန်တော်တို့လည်းရှိနေတာပဲဗျာ
ကိုဘမောင်နာရေးကိုစည်စည်ကားကားနဲ့အဆင်ပြေအောင်ချဖို့ ကျွန်တော်တို့
ကူညီလုပ်ကိုင်ပေးပါ့မယ်.
ပြီးတော့ခင်ဗျားတို့ကျုပ်တို့ဆိုတာ
ဆွေမျိုးအရင်းတွေလိုနေလာကြတာပဲ။
ဘာမှအားမငယ်ပါနဲ့ မခင်မာ”
“ကျေး ကျေးဇူးတင်ပါတယ်ရှင်
အခုလိုညရေးညတာအချိန်မှာတောင်
အိမ်အထိလာပြီးကျွန်မကိုဖေးမနှစ်သိမ့်
ပေးကြလို့ တကယ့်ကိုကျေးဇူးတင်ပါတယ်။
“မလိုပါဘူးမခင်မာရယ် အချင်းချင်းတွေပဲ
(အခန်း၃)
ကိုဘမောင်ဆုံးပါးသွားသည့်သတင်းက
တစ်ရွာလုံးအုတ်အော်သောင်းနင်းဖြစ်
သွားရသည်။
ရွာနီးချင်းကကိုဘမောင်၏ မိတ်ဆွေများလည်း သတင်းကြားသိပြီး
နာရေးအားလာရောက်မေးကြလေသည်။
ထိုလူများထဲတွင် ဇလပ်ပန်းရွာမှ ဦးမှတ်ထင်နှင့်ကိုမောင်သိန်းလည်း
အပါအဝင်ဖြစ်သည်။
“မခင်မာရေ သတင်းကြားကြားချင်း
ကျုပ်ဖြင့်အံ့သြလို့ကိုမဆုံးပါဘူးဗျာ။
ဟိုတစ်နေ့ကတောင် ကိုဘမောင်ဆီ
ကျုပ်လာသေးတယ်ဗျ။
ဟောဒီကဦးမှတ်ထင်အလှူအတွက်
သူ့ဆီကလော်လာငှားတာဗျာ
သန်ဘက်ခါဆိုရင်အလှူပွဲနေ့ပဲဗျ
သူ့ကိုတောင်အလှူလိုက်ခဲ့ဖို့ ကျုပ်ကခေါ်နေတာဗျာ
အခုတော့ရုတ်တရက်ကြီး ကျုပ်တို့ကိုတောင်နှုတ်ဆက်မသွားဘူးဗျာ
ဖြစ်မှဖြစ်ရလေ ကိုဘမောင်ရာ။
“ကျွန်မလည်းကိုဘမောင်ဆုံးတာ
အခုထိကိုလက်ခံလို့မရပါဘူးရှင်။
သူ့လော်တွေကိုမြင်တိုင်း သူ့ကိုပိုပြီးသတိရမိတာအမှန်ပဲ
ကိုမောင်သိန်းရေ ”
“ဟုတ်တာပေါ့ဗျာ
ဒီလူကြီးကသူ့လော်တွေကိုသိပ်အစွဲ
အလန်းကြီးတာဗျ။
ဟိုတစ်နေ့ကတောင်ကျုပ်ကိုပြောသွား
သေးတယ် မောင်သိန်းရေတဲ့ ငါသေရင်ငါ့လော်တွေကိုစွဲတဲ့စိတ်ကြောင့်
ငါကျွတ်ပါ့မလားမသိဘူးတဲ့ဗျာ
အခုပြန်စဉ်းစားကြည့်လိုက်တော့
အဲ့ဒီစကားတွေဟာကျုပ်ကိုနှုတ်ဆက်
နေသလားလို့ထင်နေမိတယ် မခင်မာရေ”
“ဟုတ်မှာပေ့ါရှင် မသေခင်သူ့မိတ်ဆွေကိုနှုတ်ဆက်စကား
ပြောသွားတာနေမှာပေါ့ရှင် ”
“ဒီကငါ့တူမကြီးလည်း ဘာမှစိတ်ဓာတ်မကျနဲ့သိလား
တစ်ခုခုအကူအညီလိုရင်ဦးမှတ်ထင်လည်း
ရှိတာပဲ ”
“ကျေးဇူးတင်ပါတယ် ဦးမှတ်ထင်ရယ်
မိတ်ဆွေတွေပေးတဲ့အားအင်နဲ့
ကျွန်မဆက်ပြီးရှင်သန်နေမှာပါ ”
“ကောင်းတယ် ကောင်းတယ်
သေတဲ့သူကသေသွားပြီ ကျန်ခဲ့တဲ့သူက
ကိုယ်လုပ်စရာရှိတာလုပ်ရင်း
ကျန်နေခဲ့ရမှာ သဘာဝပါပဲလေ။
အသက်ရှင်ကျန်နေစဉ်အတောအတွင်းမှာ
ကောင်းမှုကုသိုလ်တွေပြုပြီး
သံသရာအတွက်အထုပ်အပိုးပြင်ထားရမှာပေါ့ဗျာ ”
“ဟုတ်ပါတယ် ကိုမောင်သိန်းပြောတာ
မှန်ပါတယ် ကျွန်မလည်းအသက်ရှင်
နေသည့်ကာလပတ်လုံး ကိုဘမောင်
အတွက်ရောကျွန်မအတွက်ပါ
သံသရာပါမယ့် ကုသိုလ်တရား၊ဘာဝနာတရားတွေကို ကျင့်သုံးပါတော့မယ်ရှင် ”
“သာဓုပါ မခင်မာ သာဓု သာဓု”
ညနေ၃နာရီကျော်တော့
ကိုဘမောင်အားသုသာန်ပို့ရန် ပြင်ဆင်
ကြလေသည်။
“ကိုဘမောင်ရေ ကိုဘမောင်
သွားပေတော့ဦးတော့ ကိုဘမောင်ရဲ့
အီးဟီးဟီး ”
“သြော်…နေ့့မြင်ညပျောက်ဆိုတာ
တယ်မှန်သကိုး ”
ဦးမှတ်ထင်လည်း မမြဲခြင်းသဘောကို
ဆင်ခြင်မိလိုက်သည်။
တစ်ရွာလုံးနီးပါး ကိုဘမောင်နာရေးအား
သုသာန်သို့လိုက်ပါပို့ဆောင်ကြသည်။
ကိုဘမောင်အလောင်းအား မြေဖို့ခါနီး
သတိလစ်ပြီးမေ့သွားသည့် မခင်မာကို
သတိပြန်လည်အောင်လုပ်ကာ
ပြန်ခေါ်လာခဲ့ကြသည်။
နာရေးကိုလိုက်ပို့သည်သူများလည်း
မခင်မာကိုကြည့်ပြီး စိတ်မကောင်း
ဖြစ်မိကြလေသည်။
(အခန်း၄)
လပြည့်ကျော်၁ရက်နေ့ရောက်တော့
ကိုဘမောင်အိမ်သို့ ဇလပ်ပန်းရွာသားများ
ရောက်လာကြသည်။
အလှူအတွက်လော်များလာယူလာကြ
ခြင်းဖြစ်သည်။
ကိုမောင်သိန်းကဦးဆောင်ပြီးအိမ်ထဲသို့
ဝင်လာခဲ့သည်။
“မခင်မာ မခင်မာရေ
ကျုပ်မောင်သိန်းပါဗျ…”
“သြော်…ကိုမောင်သိန်းတို့ပါလား”
“ဟုတ်တယ်ဗျ
အလှူအတွက်လော်တွေလာသယ်တာ”
“ဟုတ်အိမ်ပေါ်မှာရှိပါတယ်
ကြိုက်တဲ့ဟာသာယူသွား ကိုမောင်သိန်း”
“ဟုတ်ကဲ့ မခင်မာ”
“ဟေ့ဖိုးမောင်၊ငထောင်တို့လာကွာ
အိမ်ပေါ်တက်ပြီးသယ်ရအောင်”
“ဟုတ်ကဲ့ကိုမောင်သိန်း”
သုံးယောက်သားအိမ်ပေါ်တက်လာ
ကြပြီးလော်များအားသယ်လာခဲ့ကြသည်။
လှည်းပေါ်သို့လော်၃လုံးတင်ပြီး
အိမ်ထဲပြန်ဝင်လာခဲ့ကြသည်။
“လော်သုံးလုံးယူသွားတယ် မခင်မာ
ဒါကစရံဖိုးပါ အလှူပွဲပြီးတာနဲ့ကျန်တာ
ထပ်ပေးပ့ါမယ်ဗျာ။
ဒါနဲ့ကိုဘမောင်ရက်လည်ကဘယ်နေ့လဲ”
“လပြည့်ကျော်၅ရက်နေ့လုပ်မှာပါ”
“သြော်ဟုတ်ကဲ့
အခုအချိန်ကိုဘမောင်သာရှိရင်
ဦးမှတ်ထင်အလှူကိုလိုက်မှာကျိန်းသေ
တယ်မခင်မာရေ”
“ကိုမောင်သိန်းကလည်း
ဘာတွေသွားပြောနေတာလဲ တော်ကြာ
မခင်မာစိတ်ထိခိုက်နေပါ့မယ်။
“ရ ရပါတယ် ကျွန်မတရားနဲ့ဖြေသာပါတယ်ရှင်”
“ဒါဖြင့်ရင်ကျုပ်တို့ကိုပြန်ခွင့်ပြုပါဦး”
“ကောင်းပါပြီရှင်”
ကိုမောင်သိန်းတို့သုံးယောက်လည်း
လှည်းပေါ်တက်ပြီးပြန်မည်ပြုလိုက်စဉ်
လှည်းကမောင်း၍လုံးဝမရပေ။
နွားများကိုတစ်ယောက်ယောက်က
ဆွဲထားသည့်အလား မရွေ့ပဲရှိနေသည်။
ကိုမောင်သိန်းလည်းအခြေအနေကို
သဘောပေါက်လိုက်သည်။
“ကိုဘမောင် ခင်ဗျားလော်တွေကို
စိတ်မချဖြစ်နေရင် ကျုပ်တို့နဲ့အလှူကို
တစ်ခါတည်းလိုက်ခဲ့ပေါ့ဗျာ
ခင်ဗျားပစ္စည်းတွေဘာမှမဖြစ်စေရပါဘူး
ကျုပ်တို့ကိုသွားခွင့်ပြုပါ ကိုဘမောင်ရေ”
ကိုမောင်သိန်းစကားဆုံးသည်နှင့်
လှည်းကမောင်း၍ရသွားလေသည်။
“ကိုမောင်သိန်း ခင်ဗျား ကိုဘမောင်ကို
ခေါ်လာတာလား”
“အေးလေကွာ”
“ဒါဖြင့်ရင်လှည်းပေါ်မှာကိုဘမောင်
ပါလာရင်ဘယ်လိုလုပ်ကြမလဲဗျ”
“မပါလောက်ပါဘူးကွာ
ပါလာတော့လည်းဘာဖြစ်လဲ
ကိုဘမောင်ကလူရင်းတွေပဲဥစ္စာကို၊
ဘာမှကြောက်စရာမရှိပါဘူး”
“ခင်ဗျားကသာမကြောက်တာ
ကျုပ်တို့ကကြောက်တယ်ဗျ ”
“အေးအေး မင်းတို့သိအောင်ငါမေးကြည့်ပါ့မယ်”
“လှည်းပေါ်မှာကိုဘမောင်ပါလာ
ပါသလား ပါလာရင် လှည်းကို၂ချက်
ပုတ်ပြပါ”
ဘာသံမှထွက်ပေါ်မလာပေ
“ကဲမြင်လားဘာသံမကြားပါဘူး
ကိုဘမောင်လိုက်မလာပါဘူးကွာ၊
သူ့ပစ္စည်းတွေငါတို့ငှားတာကို
သူစိတ်မချလို့ အသိပေးရုံလောက်ပါကွာ”
“မပါရင်လည်းကောင်းတာပေါ့ဗျာ
ကျုပ်တို့ကသရဲဆိုသေအောင်ကြောက်တာ”
“ထဘီသာဝတ်ထားကြတော့ကွာ”
“အင်း…ပြောမယ့်သာပြောရတာ
ကိုဘမောင်က သဘောအင်မတန်ကောင်းတဲ့လူကြီးဗျ၊
သူ့လော်တွေကိုလည်းအတော့်ကို
တန်ဖိုးထားတဲ့လူပဲ”
“သူ့လော်တွေကိုစိတ်မချလို့
နွားလှည်းမောင်းမရအောင်ဆွဲထားတာပဲ
ကြည့်လေကွာ။
သူကြားအောင်ကတိပေးပြီးမှ
ငါတို့ပြန်လို့ရတာမျက်မြင်ပဲလေ”
“သူ့ရဲ့အစွဲကြီးတဲ့စိတ်ကြောင့်
ကျွတ်ပါ့မလားတောင် မသိဘူးနော်”
“ဒါတော့ငါလည်းမပြောတတ်ပါဘူးကွာ
လူတိုင်းလူတိုင်းမှာတော့ ကိုယ်စွဲလန်းရာ
တွယ်တာရာဆိုတာရှိကြတာပဲလေ။
“ကျုပ်သိချင်တာကလေ
ကိုဘမောင်ကြီးက သူ့လော်တွေနဲ့
သူ့မိန်းမဆိုရင်ဘယ်ဟာကိုပိုပြီး
အစွဲအလန်းကြီးလဲမသိဘူးနော်”
“ဒါတော့မတူဘူးလေကွာ
သူချစ်လို့လက်ထပ်ယူထားတဲ့
မခင်မာကလူသားလေ၊လော်ဆိုတာ
အသဲချဲ့စက်ပစ္စည်းတစ်ခုပဲမလား
သံယောဇဉ်ထားပုံခြင်းတော့
ဘယ်တူပါ့မလဲ………”
ထို့နောက်စကားစပြတ်သွားပြီး
ဇလပ်ပန်းရွာသို့ရောက်လာခဲ့ကြသည်။
ဦးမှတ်ထင်အိမ်ရှေ့သို့လှည်းအား
ရပ်ထားလိုက်သည်။
ဇလပ်ပန်းတစ်ရွာလုံး
မနက်ဖြန်မှကျရောက်မည့် ဦးမှတ်ထင်အလှူကြောင့် အုတ်အော်သောင်းနင်းဖြစ်နေကြသည်။
ဦးမှတ်ထင်အိမ်တွင်လည်း
ချက်ပြုတ်သူဝေယျာဝစ္စပြုလုပ်သူများ
ဆွေမျိုးများဖြင့်ပြည့်နှက်နေလေသည်။
ကိုမောင်သိန်းတို့လည်း
လှည်းပေါ်မှအသံချဲ့စက်များနှင့်
လော်များအားချကာအသံစမ်းနေကြ
တော့သည်။
အသံစမ်းသည့်အနီး၌ ကလေးများ
လူကြီးများဖြင့်ပြည့်လျှံနေတော့သည်။
(အခန်း၅)
လပြည့်ကျော်၂ရက်နေ့ရောက်တော့
ဦးမှတ်ထင်တို့အလှူပွဲကြီးအား
စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။
လာသမျှလူတိုင်းအားထမင်းနှင့်ဟင်းများ
ဖြင့်ဧည့်ခံကျွေးမွေးပြီးတစ်ရွာလုံး
မီးခိုးတိတ်ခဲ့လေသည်။
ကိုဘမောင်ထံမှငှားလာသည့်
လော်သံများကမိုးအမြင့်ထက်သို့
တိုင်အောင်လွင့်ပျံနေတော့သည်။
အလှူပွဲပြီးလပြည့်ကျော်၃ရက်နေ့
ရောက်မှငှားထားသည့်လော်များအား
လာရောက်ပို့ဆောင်ကြလေသည်။
“မခင်မာရေ မခင်မာ”
“ကိုမောင်သိန်းတို့ အလှူပြီးလို့
လော်တွေလာပြန်ထားတာထင်တယ်”
“ဟုတ်ပါ့ဗျာ ဟုတ်ပါ့”
“ဘယ်လိုလဲ အဆင်ကောပြေကြရဲ့လား”
“ပြေတာမှပြောမနေနဲ့ ကိုဘမောင်ရဲ့
လော်သံကတစ်ရွာလုံးကိုဟိန်း
နေတာပဲဗျို့ ”
“ဟုတ်ပါပြီရှင် အဆင်ပြေရင်ပြီးတာပါပဲ”
“သြော် မေ့တော့မလို့ မခင်မာရေ
ဒါကလော်သုံးလုံးနဲ့ အသံချဲ့စက်ငှားခပါ၊
ဒါကတော့ဦးမှတ်ထင်က ကိုဘမောင်နာရေးရက်လည်အတွက်
အကူငွေသဘောမျိုးပေးခိုင်းလိုက်လို့ပါ၊
ကိုဘမောင်ရက်လည်နေ့ကြရင်
သူမအားလို့မလာနိုင်တာကို
ခွင့်လွှတ်ပါလို့မှာလိုက်သေးတယ်ဗျ”
“အို…ဦးမှတ်ထင်ကလည်း
အားနာစရာတွေလုပ်ပြီ၊ပြန်ယူသွားပါနော်
ကျွန်မလက်မခံပါရစေနဲ့ရှင်”
“မဟုတ်တာ မခင်မာကလည်း
ယူလိုက်ပါဗျ၊မယူရင် ကိုမောင်သိန်းနဲ့
ကျုပ်တို့ကို ဦးမှတ်ထင်က စိတ်ဆိုးလိမ့်မယ်ဗျ ”
“အေးပါ အေးပါ
ဦးလေးမှတ်ထင်ကိုလည်းပြောပေးပါဦး
မခင်မာကကျေးဇူးအထူးတင်ပါတယ်လို့’
“စိတ်ချ စိတ်ချ ပြောလိုက်ပါ့မယ်”
“ကဲ…ကျုပ်တို့လော်တွေကို
အိမ်ပေါ်ပြန်တင်လိုက်ဦးမယ်ဗျာ”
“အေးအေး”
“လာဟေ့ကောင်တွေ”
ကိုမောင်သိန်းတို့သုံးယောက်လည်း
အသံချဲ့စက်များနှင့်လော်သုံးလုံးအား
အိမ်ပေါ်သို့သယ်လာခဲ့ကြသည်။
“မခင်မာ ဒီမယ်စစ်ကြည့်ပါဦးဗျ
လော်တွေရောအသံချဲ့စက်တွေရော
ထိမိခိုက်မိတာဘာတစ်ခုမှမရှိပါဘူး”
“ရပါတယ်ရှင် မစစ်တော့ပါဘူး
ကျွန်မယုံပါတယ်ရှင်”
ကိုမောင်သိန်းလည်း လော်များအား
အိမ်ပေါ်ထပ်၌တင်ပြီးထားလိုက်သည်။
“ပေးငါ့ကိုအဲဒီလော် ငါတင်ပေးမယ်”
“အင်း ကိုမောင်သိန်း”
“ရော့……”
ဖိုးမောင်ကမ်းပေးသည့်လော်အား
ကိုမောင်သိန်းကလော်ထားသည့်
စင်မြင့်ပေါ်သို့တင်လိုက်သည်။
“ဒေါင်…”
လော်ချင်းထိမိသည့်အသံက
ကျယ်လောင်စွာထွက်ပေါ်သွားသည်။
“ဖြန်း……”
“အား……”
“ဟင်……”
ကိုမောင်သိန်း၏နောက်စေ့အား
ခပ်ပြင်းပြင်းအရိုက်ခံလိုက်ရသည်။
ကိုမောင်သိန်းလည်းနောက်သို့လှည့်ပြီး
ကြည့်မိတော့ ဖိုးမောင်ကလည်း
လော်တစ်ခုကိုကိုင်ထားလေသည်။
မိမိနောက်စေ့ကိုမည်သူကရိုက်လိုက်သည်
ကိုမသိလိုက်ပေ။
“ဖိုးမောင် မင်းငါ့ကိုရိုက်လိုက်သေးလား”
“ဟာမရိုက်ပါဘူး ဒီမှာကြည့်ပါလား ကျုပ်လက်နှစ်ဖက်လုံးကအားမှမအားတာ
ကိုမောင်သိန်းကိုဘယ်လိုလုပ်ရိုက်လို့
ရမှာလဲ ”
“အေးကွ ဒါဆိုငါ့ကိုဘယ်သူရိုက်လိုက်တာလဲ၊
ဟိုကောင် ငထောင်ကလည်း
အောက်မှာကျန်နေခဲ့တာပါ ဒါဖြင့်ငါ့ကို
ဟာသိပြီ ဖိုးမောင် ခုနကလော်ချင်းထိမိသွားလို့ ကိုဘမောင်က စိတ်ဆိုးပြီးငါ့ကိုရိုက်တာဖြစ်မယ်ကွ။
“ဟာဗျာ…ပေါက်ပေါက်ရှာရှာပြောဦးမယ်
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ကိုမောင်သိန်းရဲ့”
“မင်းပဲစဉ်းစားကြည့်လေ
လော်တွေလာငှားတုန်းကလှည်းမောင်း
လို့မရအောင်လုပ်တာဘယ်သူလဲ၊
အခုသူ့ပစ္စည်းတွေကိုလာထားတော့
ထိမိခိုက်မိလို့ငါ့နောက်စေ့ကိုရိုက်တာ
သူကလွဲပြီးဘယ်သူရှိမှာလဲ”
“ကိုမောင်သိန်းပြောတာလည်း
ဟုတ်တော့ဟုတ်သားပဲဗျ ”
“ဟုတ်တော့ဟုတ်တာမဟုတ်ဘူး
ဟုတ်ကိုဟုတ်နေတာ ငါ့ကောင်ရေ”
“ကိုဘမောင်ရေ ခင်ဗျားလော်တွေကို
ကျုပ်နေရာတကျထားခဲ့ပြီနော်”
ကိုမောင်သိန်းလည်းဖိုးမောင်နှင့်အတူ
အိမ်အောက်သို့ဆင်းလာခဲ့ကြသည်။
“ကဲကျုပ်တို့ပြန်တော့မယ်မခင်မာရေ”
“ကောင်းပါပြီရှင် ကောင်းပါပြီ”
“ကိုဘမောင်ကသူ့ပစ္စည်းတွေ
သေချာမချလို့ ကျုပ်ကိုနရင်းအုပ်သွားသေးတယ် မခင်မာရေ……”
“ဟယ်ဟုတ်လား”
“ဟုတ်ပါ့ဗျာ ဟုတ်ပါ့
လော်တွေလာငှားတုန်းကလည်း
လှည်းမောင်းလို့မရအောင်လှည်းကို
ဆွဲထားသေးတာဗျ၊သူ့ပစ္စည်းတွေကို
သေချာကိုင်ပါ့မယ်လို့ပြောမှ
လှည်းကမောင်းလို့ရတယ်ဗျာ”
“ဟုတ်တယ် ကိုဘမောင်က
သူ့လော်တွေကိုတအားနှမြောတာ
တန်ဖိုးလည်းထားတယ်၊တစ်စက်ကလေးမှအပွန်းအပဲ့ခံတာ
မဟုတ်ဘူး”
“ပြန်ဦးမယ် မခင်မာရေ
နောက်မှလာလည်တာပေါ့ဗျာ”
“ဟုတ်ပါပြီရှင်”
ကိုမောင်သိန်း၊ဖိုးမောင်နှင့်ငထောင်
တို့လည်းနွားလှည်းဖြင့်ဇလပ်ပန်းရွာ
သို့ပြန်လာခဲ့ကြသည်။
(အခန်း၆)
“က်ြိ က်ြိ က်ြိ”
“အင်း…အပေါ့သွားချင်လိုက်တာ”
မခင်မာတစ်ယောက်တရေးနိုးသည့်
အချိန်အပေါ့သွားချင်လာသဖြင့်
ဓာတ်မီးဖြင့်အိပ်ရာမှထလာခဲ့သည်။
အပေါ်ထပ်ပစ္စည်းများထားသည့်
နေရာအားအမှတ်တမဲ့ဓာတ်မီးဖြင့်ထိုး
ကြည့်လိုက်မိသည်။
“ဟင်…”
လော်များထားသည့်စင်ရှေ့ ၌
ငူငူကြီးထိုင်နေသည့် ကိုဘမောင်အား
မခင်မာမြင်လိုက်ရသည်။
“ကိုဘမောင် ကိုဘမောင် မလားဟင်”
မခင်မာမေးလိုက်သည့်အသံကြောင့်
ကိုဘမောင်ကမခင်မာအားလှည့်ပြီး
ကြည့်လေသည်။
ကိုဘမောင်၏မျက်နှာမှာမသေခင်ကနှင့်
မတူပါပဲညှိုးငယ်နေသည်။
“ကိုဘမောင် ရှင်ဘာပြောချင်လို့လဲဟင်
ရှင့်မျက်နှာကိုကြည့်ရတာလည်း
မကောင်းဘူး ”
“ငါနောက်နေ့ဆိုရင် ဒီအိမ်ကြီးကနေ
ထွက်သွားရတော့မယ် မခင်မာ၊ငါ့ပစ္စည်းတွေကိုရော မင်းကိုရော
ငါစိတ်မချဘူးကွာ”
“အို…ကိုဘမောင်ရယ်
ရှင်သွားရမယ့်ဘဝကိုနောက်ဆံမတင်းပဲ
ဖြောင့်ဖြောင့်သွားပါ၊ရှင့်ပစ္စည်းတွေကို
ရောကျွန်မကိုပါစိတ်ချပါရှင်
ရှင်ဘဝကူးကောင်းဖို့က အဓိကပဲမဟုတ်လား၊ဒီအရာတွေကိုစွဲလန်းနေလို့ ရှင့်အတွက်ကောင်းတာဘာတစ်ခုမှ
ဖြစ်လာမှာမဟုတ်ဘူး ကိုဘမောင်ရဲ့
ကျွန်မကိုချစ်ရင်ရှင့်ရဲ့ရက်လည်နေ့မှာ
သာဓုခေါ်နော် ကိုဘမောင်”
“မငိုပါနဲ့မခင်မာ မင်းမငိုပါနဲ့
ငါမင်းစိတ်တိုင်းကျဖြစ်အောင်
ငါသာဓုခေါ်ပါ့မယ်၊ငါဒီအိမ်မှာမရှိတော့ရင်
မင်းကျန်းမာရေးကိုသာဂရုစိုက်ပါ
မခင်မာ”
“စိတ်ချပါရှင်စိတ်ချပါ”
မခင်မာအားပြုံးပြီးကိုဘမောင်လည်း
ပျောက်ကွယ်သွားတော့သည်။
မခင်မာလည်းကျလာသည့်မျက်ရည်စများအားသုတ်ပြီးအိမ်အောက်သို့ဆင်းလာ
ခဲ့သည်။
လပြည့်ကျော်၄ရက်နေ့ရောက်တော့
ကိုဘမောင်ရက်လည်အတွက်
စီစဉ်စရာရှိသည်များစီစဉ်နေကြသည်။
ရွာထဲမှကာလသားများလည်း
ချက်ရေးပြုတ်ရေးအတွက်ရောက်ရှိနေကြ
သည်။
“မြင့်စန်းရေ ကြက်သွန်နီတွေခွာပြီးပြီလားကွ”
“ခွာမပြီးသေးဘူး စိန်ဖေရေ
ဒီမှာကြက်ကိုင်နေတာတန်းလန်းကြီးဟ”
“ဒါဖြင့်ရင်ငါပဲသွားခွာလိုက်မယ်လေ”
“နေနေ ဒါကျွန်မတို့မိန်းကလေးတွေပဲ
လုပ်လိုက်ပါ့မယ်ရှင်”
“သြော် ကြည်မြတို့တောင်ရောက်လာကြပြီလား”
“ဟုတ်တယ် ကိုစိန်ဖေရေ
လာတာနည်းနည်းနောက်ကျသွားတယ်”
“ရပါတယ် အချိန်တွေကျန်ပါသေးတယ်”
မိန်းကလေးအုပ်စုက ကြက်သွန်နီခွာသူကခွာကုလားပဲ
ရေစိမ်သူစိမ်နေကြသည်။
ကိုစိန်ဖေလည်းလုပ်ရင်းကိုင်ရင်း
အပေါ့သွားချင်လာသဖြင့်အိမ်နောက်ဖေး
ထွက်လာခဲ့သည်။
လူရှင်းနေသဖြင့်အိမ်သာပေါ်သို့
မတက်တော့ပဲ အိမ်သာဘေး၌
ထိုင်ပေါက်နေလိုက်သည်။
“ဘုတ်”
“ဟင်…”
“ဒေါက်”
“အ……”
ကိုစိန်ဖေနောက်ကျောနှင့်ခေါင်းအား
ခဲသေးသေးလေးများဖြင့်၂ချက်ပစ်ပေါက်
ခံလိုက်ရသည့်အတွက် ကိုစိန်ဖေလည်း
ခေါင်းထောင်ပြီးကြည့်လိုက်သည်။
မည်သူမှရှိမနေဘဲခဲလေးများက
လူကိုလာရောက်ထိမှန်နေသည်။
“အင်း…ကိုဘမောင် ကိုဘမောင်
ငါ့ကိုလာပြီးနှုတ်ဆက်နေတာပဲ”
“ကိုဘမောင်ရေ ခဲကသေးလို့တော်သေးတာပေါ့ဗျာ
မဟုတ်ရင်ကျုပ်ခေါင်းကွဲပြီဗျို ့”
“ဟား ဟား ဟား”
အမှောင်ထဲမှကိုဘမောင်၏
ရယ်သံကပေါ်ထွက်လာသည်။
ကိုစိန်ဖေလည်းသွားလေသူ
ကိုဘမောင်အတွက်စိတ်မကောင်းဖြစ်မိ
သွားလေသည်။
အပေါ့သွားပြီးအိမ်သာချောင်မှ
ပြန်ထွက်လာပြီးလုပ်စရာရှိတာလုပ်နေ
လိုက်သည်။
မနက်လင်းတော့ကိုဘမောင်
နာရေးရက်လည်အားရွာထဲမှ
လူများလာရောက်ကြသည်။
မခင်မာလည်းလာသမျှလူအားလုံးအား
ဧည့်ခံပြီးစကားစမြည်ပြောနေလေသည်။
၁၀နာရီကျော်တော့လူအလာကျဲသွားပြီး
တရားနာမည့်လူအနည်းငယ်နှင့်ကူညီ
လုပ်ပိုင်ပေးသည့်လူအနည်းငယ်မျှသာ
ကျန်နေခဲ့သည်။
နာရီဝက်ခန့်ကြာတော့
ဆရာတော်ကြီးများကြွလာကြသည်။
ကိုဘမောင်အားရည်စူးပြီး
ဆရာတော်ကြီးကတရားတစ်ပုဒ်အား
ဟောလေသည်။
တရားဒေသနာဆုံးတော့ ကိုဘမောင်အား
ရည်စူးပြီးအမျှအတန်းပေးဝေကြသည်။
မခင်မာလည်းရေစက်ခွက်ကိုကိုင်ကာ
ခင်ပွန်းသည်ကိုဘမောင်အတွက်
အမျှပေးဝေရင်းမျက်ရည်များစီးကျလာ
ခဲ့သည်။
အမျှဝေသံဆုံးသွားသည်နှင့်
အိမ်အပေါ်ထပ်မှမည်သူမှရှိမနေပဲ
လော်မြည်သံတစ်ချက်အားကြားလိုက်
ကြရသည်။
မခင်မာလည်းမျက်ရည်များကြားမှ
ပြုံးရင်းခင်ပွန်းသည်အတွက်ဝမ်းသာ
ပီတိဖြစ်နေရတော့သည်။
အစွဲကြီးသည့်ကိုဘမောင်လည်း
သူမြတ်နိုးတန်ဖိုးထားတဲ့ဇနီးသည်နှင့်
လောများအားစိတ်ချလက်ချထားကာ
ဘဝတစ်ပါးသို့ကူးပြောင်းသွားလေတော့သည်။
ပြီးပါပြီ။
လိုအပ်ချက်များအားနားလည်ပေးပါ
အစဉ်အမြဲကြိုးစားလျက်.
အောင်ဓူဝံ
Leave a Reply