လောက်က ဘာကြောင့်မှန်းမသိ ဘူး အိမ်ကြီးမီးလောင်သွားတယ်။ အိမ်ထဲမှာ ရှိတဲ့လူတွေ အကုန်ပါသွားတယ်။ နောက်ပိုင်း မီးလောင်ထားတဲ့အိမ်ကြီးကို ဖျက်လို့ အခြားရွာက သူဌေးတစ်ယောက် ခြံဝယ်ပြီး..စပါးကြိတ်စက် အသေးတစ်လုံး ဆောက်မယ့်အစီအစဉ်နဲ့ အလုပ်သမားတွေ နဲ့ ရောက်လာတယ်။ အဆောက်အဦးဆောက်နေရင်း တစ်ယောက် က ပိုးထိလို့ ၊တစ်ယောက်က တိုင်ထူရင်း တိုင်ပိလို့ နှစ်ယောက်သေသွားတယ်။မကြာ ပါဘူး…အဆောက်ဦးဆောက်မယ့်ပစ္စည်း တွေ လာပြန်သယ်သွားတယ်။ အဲဒီနောက်ပိုင်း လူနှစ်ဦး လက်ပြောင်းလက် လွှဲ ရောင်းဝယ်သေးတယ်။ နောက်ဆုံးပိုင်တဲ့ လူက ဒီရွာက ဦးတင်ထွန်းကို မြေဂရံနဲ့ အ ...

ဗျာ။ ကျုပ်တို့နဲ့ တဖြည်းဖြည်းနီးလာတဲ့အခါ အဲဒီမှင်စာကလေးတွေက ကြက်ပျောက်ငှက်ပျောက် ပျောက်သွားကြတာပါပဲ၊ ဓါတ်တိုင်အောက်မှာ ဘာမှကိုမရှိတော့ဘူးဗျ။ “ဟော၊ ဘယ်ရောက်ကုန်တာလဲဗျာ” “လာစမ်းပါကွာ၊ သူတို့က လူတွေ့လို့ပုန်းနေတာကွ” ဦးဘသာနဲ့ကျုပ်နဲ့ အဲဒီဓါတ်တိုင်အောက်ကိုရောက်တော့ ဦးဘသာက ဓါတ်တိုင်ကိုလက်နဲ့ပုတ်ရင်း “ဟေ့ကောင်လေးတွေ၊ ပုန်းမနေနဲ့ထွက်လာခဲ့ကြစမ်းဟေ့” ဦးဘသာပြောပေမယ့် ဘာမှတော့မထူးဘူးဗျ၊ တစ်ဖက်မှာလည်း ကတ္တရာလမ်းကြီး၊ တစ်ဖက်မှာလည်း ချုံပင်မြက်ပင်တွေပဲရှိသဗျာ၊ ဒီအချိန် ချုံဘက်ကနေ ချွတ်ခနဲအသံကြားလိုက်ရပြီးတော့ အကောင်လေးတစ်ကောင်က လွှားခနဲခုန်ထွက်လာတယ်ဗျ၊ ဦးဘသာက အဲဒီအကောင်လေးကို လက်ညှိုးနဲ့ထိုးလိုက်တော့ အကောင်လေးက လေပေါ်မှာတန်းလန်းကြီးဖြစ်သွားသဗျာ၊ ပုံစံကတော့ လူပုံစံမဟုတ်ဘူးဗျာ၊ လက်ရှည်ရှည်၊ ခြေရှည်ရှည်နဲ့ဗျ၊ မသိရင်မျောက်တစ်ကောင်နဲ့တောင်တူတယ်၊ ...

နှင့် သူရဇော်တို့၏တွေ့ဆုံမှုက … “သူရဇော် ဒီနေ့ငါ့ကောင်မလေးကို ဒဂုံတက္ကသိုလ်မှာသွားကြိုမှာ မင်းလည်းလိုက်ခဲ့ပါလား” “အေးကွာ ငါလည်းဒီနေ့ပြိုင်ပွဲမရှိဘူး ဆိုင်ကယ်ပတ်စီးရတာပေါ့” “ဒါဆို၁၁နာရီလောက်သွားကြမယ်” “အင်း ငါဆိုင်ကပဲစောင့်နေမယ်” ************* “ဖြေးဖြေးမောင်းနော်သူရဇော် တစ်ခုခုဆိုမလွယ်ဘူး သူများပိုင်နက်” “မင်းကလည်းကြောက်တတ်လိုက်တာ ဘာမှမဖြစ်ပါဘူးကွာ” တက္ကသိုလ်ဝင်းထဲသို့ရောက်လာခဲ့ပြီး သူရဇော်တစ်ယောက်ဆိုင်ကယ်ကိုပုံမှန်အတိုင်းမောင်းလာခဲ့သည်။အမှတ်မထင် ကွေ့လာတဲ့ကားကိုရှောင်ရင်း… ”အား…” မိန်းကလေးတစ်ယောက်လဲကသွားခြင်းကြောင့် လူအများဝိုင်းအုံလာတော့သည်။ “ဟင် တွယ်တာဘာဖြစ်သွားလဲ” “တွယ်တာဘာဖြစ်သွားသေးလဲ တွယ်တာ” လဲကျသွားသောမိန်းကလေးနားသို့ လူဝိုင်းလာသည်။တွယ်တာမြတ်နိုးဟူသော နာမည်မှာတစ်ဝန်းလုံးပဲ့တင်ထပ်နေတော့သည်။အဖြစ်အပျက်ကမြန်ဆန်လွန်း၍ သူရဇော်တစ်ယောက်သေချာမသဲကွဲလိုက်။သို့သော် သူရဇော် ထိုမိန်းကလေးကို လုံးဝမတိုက်မိသည်တော့အမှန်ပင်။ “ခဏလေးဖယ်ပေးကြပါဗျာ ဘာဖြစ်သွားလဲမသိဘူး” “မင်းဘယ်မှမသွားနဲ့ အဲ့မှာပဲနေ” ...

၏ ထိုအခါ စိပ်ပုတီးအားလွယ်ထားသောသူမှ ” အသင်နတ်မင်း အသင်ဟာ နတ်ဖြစ်ပါလျှက်နဲ့ အဘယ်ကြောင့် ဒီအကြောင်းတွေကို မသိနိုင်ရသနည်း” ဟုပြန်လည် မေးမြန်းလေသည် ” အသင်လူသား အကျွန်ုပ်သည် အတိတ်ဘဝက ခွေးတစ်ကောင်ကို ခွနဲ့ပစ်၍ ထိုခွေး မျက်လုံးကန်းခဲ့လေသည် သို့သော် အကျွန်ုပ်သည် ရဟန်းရှင်အား မြေအိုးနဲ့ သစ်သီးအပြည့်ကပ်လှူခဲ့ဖူးသောကုသိုလ်ကြောင့် အခုလို နတ်မင်းဘဝကို ရောက်လာခဲ့ခြင်းဖြစ်ပေသည် ခွေးတစ်ကောင်အား မျက်စိကန်းစေခဲ့ခြင်းကြောင့် နတ်မင်းဖြစ်သော်လည်း အတိတ် အနာဂတ်တွေကို ကြည့်၍မရပဲရှိပေတော့သည်” ဆိုပြီးဖြေကြားလေ၏ ထိုအခါ စိပ်ပုတီးလွယ်ထားသောသူမှ “အသင်နတ်မင်း အသင်နဲ့ အကျွန်ုပ်သည် ...

လူချမ်းသာအိမ်ပေါ့ဗျာ။ ဝိုင်းဝမှာ ရပ်နေတဲ့ ကိုမောင်ပုကို ကြည့်ပြီး ကျုပ်တွေးနေတာဗျ။ ဟိုနေ့ကမှ ရက်လည်ရုံရှိသေးတာ၊ ဘာကိစ္စများ ရှိလို့ပါလိမ့်လို့ တွေးရင်းနဲ့ … “ဟာ…ကိုကြီးမောင်ပု လာလေဗျာ၊ ကျုပ် ဒီမှာ “ လို့ ပြောလိုက်တော့မှ ကိုမောင်ပုကြီးက ဝိုင်းထဲကို ဝင်လာတာဗျ။ “လာ ထိုင် ကိုကြီးမောင်ပု “ ကျုပ်က ကျုပ်အိပ်နေတဲ့ သစ်သားကွပ်ပျစ်ပေါ်မှာ ထထိုင်ပြီး ကိုမောင်ပု ထိုင်ဖို့ နေရာလုပ်ပေးလိုက်တယ်။ ပြီးတော့ ကိုမောင်ပုကို နဂါးဆေးပေါ့လိပ်တစ်လိပ် မီးညှိပြီး တည်လိုက်တယ်။ ကိုမောင်ပုက ဝါးဖတ် ...

ခနခေါ်ထားလိုက်တာပဲ” “ဘရသေ့နဲ့တွေ့ပြီးပြီဆိုတော့ ကျုပ်အထူးပြောစရာမရှိတော့ပါဘူးဗျာ” “မဟုတ်ဘူးဦးအောင်ရှိန်၊ ကျုပ်တို့ ဒီအလင်းလုံးကြီး အဲလေ . . ဘရသေ့နဲ့တွေ့ခဲ့တယ်ဆိုပေမယ့် သူဘယ်သူလဲဆိုတာ ကျုပ်တို့လုံးဝမသိခဲ့ဘူး” အလင်းလုံးကြီးက တဟားဟားနဲ့ရယ်ရင်း “မင်းတို့နှစ်ယောက်ကို ငါကဘာဖြစ်လို့ကယ်တင်ခဲ့တယ်ထင်သလဲကွ၊ တကယ်တော့ ဟောဒီကသာဒင်က ဘုရားပျံဖြစ်မယ်ဆိုတာ သိနေလို့ငါကယ်တင်ခဲ့တာပဲ၊ ငါ့ကို ဘယ်သူမှလွယ်လွယ်နဲ့တွေ့ခွင့်မရဘူး၊ ဘုရားပျံအဖြစ် ဖြစ်မယ့်လူတွေပဲ တွေ့ခွင့်ရကြတာကွ” “ဟာ၊ ဒါ့ကြောင့်ကိုးဗျ” “ဘုရားပျံဖြစ်မယ့်လူကို ကံကြမ္မာက ရွေးချယ်တဲ့ဆိုပေမယ့် အဲဒီကံကြမ္မာကို ငါကပဲဖန်တီးနေခဲ့တာပဲ၊ ဒါကြောင့် သာဒင်ရေ၊ မင်းဘုရားပျံဖြစ်ရမယ့်ကံကို ဘယ်တော့မှ သံသယမဖြစ်စမ်းပါနဲ့ကွာ” ဒီအခါ အမေးအမြန်းထူတဲ့ကျုပ်က ထမေးပါရောဗျာ။ ...

သည်။ လယ်အလုပ်ကို တတ်အောင် သင်ရမည်၊ လုပ်ရမည်ဟု အတင်းအကျပ် သင်ကြား၊ ခိုင်းစေကြသောအခါ မောင်လူခင်သည် ကြွက်မနိုင်တော့ ကျီကိုမီးရှို့သည်ဟူသော စကားအတိုင်း သူ့ဘက်က လမ်းလွဲ၍ မိဘတွေကို မလွန်ဆန်ဝံ့သောအခါ မယားဖြစ်သူ ၊ မခင်ညွန့်ကို မဲလေတော့သည်။ “နင့်ကို ယူခဲ့မိလို့ ငါ ဒီလို အလုပ်ကြမ်းတွေကို ပင်ပင်ပန်းပန်း လုပ်နေရတာ”ဟူ၍ လည်းကောင်း… “ လူပျိုဘဝနဲ့သာ နေရင် သုံးချင်တိုင်း သုံး၊ စားချင်တိုင်း စား ဘာမှ မလုပ်ဘဲ ဘယ်သူကမှ မဆူပူဘူး၊ နင့်ကို ...

အိုးသံခွက်သံတွေကြား လို့ တံခါးဖွင့်ကြည့်လိုက်တယ်တဲ့ဟေ့” “ဟင်……ဘာမြင်လို့တုံးကွ စံဘော်ရ” “အကောင်ကြီးတဲ့ကွာ၊နဲတာကြီးမဟုတ်ဘူးဆိုပဲ၊ အရီးမြတင် ပြောတာကတော့ ဆင်ကြီးတစ်ကောင် မတ်တပ်ရပ်နေသလိုပဲတဲ့ဟေ့၊တစ်ကိုယ်လုံး အမွှေးအမျှင်တွေ ဖုံးနေတာတဲ့ကွ၊လက်သည်းခြေသည်းတွေက သံကောက်ကြီးတွေတပ်ထားသလိုကို ဖြစ်နေတာတဲ့ ဟေ့၊မျက်လုံးကြီးတွေဆိုတာ ရဲတောက်နေတာဆိုပဲ၊ ပါးစပ်ကြီးဖြဲပြီး ဝက်သားတုံးတွေကို လက်ခုပ်ကြီးနဲ့ ကျုံးကျုံးပြီး ထည့်နေတာတဲ့ကွ” “ဟေ………အရီးမြတင်က ဘာလုပ်လိုက်တုံး” “ဟာ တာတေရာ၊အရီးမြတင်က လုပ်ဖို့နေနေသာကွာ၊အောင်မယ်လေး သရဲကြီးတော့လို့ ငယ်သံပါအောင် အော်ပြီး လဲကျသွားလိုက်တာ သတိကို မရတော့တာဟေ့ သူ့အိမ်သားတွေလည်း အိပ်ရာက နိုးလာပြီး အပြေးအလွှားရောက်လာကြတာပေါ့ကွာ။သူတို့ အိမ်သားတွေတင်မကဘူး၊ တောင်ဘက်ဝိုင်း၊မြောက်ဘက်ဝိုင်းက လူတွေပါ အရီးမြတင်ရဲ့အသံကိုကြားပြီး ...

ဆရာဝန်ရောက်လာတော့သည်။ဆရာဝန်စမ်းသပ်ပြီးနောက်……… “ဒေါက်တာ ကျွန်မသမီးဘာလို့ သတိမရသေးတာလဲဟင်” “စိတ်မကောင်းပါဘူးအန်တီ ကလေးက ဓာတ်လိုက်တဲ့အရှိန်နဲ့ ရေနစ်ပြီးအဆုတ်ထဲရေဝင်တော့ အသက်မမီတော့ဘူး” “ဟင် မဟုတ်ဘူးဒေါက်တာ ကျွန်မသမီးလေးကို သေချာထပ်စမ်းသပ်ပေးပါဦး မသေသေးပါဘူး ကျွန်မသမီးကိုကုပေးပါနော်ဒေါက်တာ” “ကျွန်တော်တကယ်စိတ်မကောင်းပါဘူး…” နောက်ဆုံးတွင် ဒေါ်စိန်ချယ်လည်း လက်ခံလိုက်ရသည်။သမီးဖြစ်သူ၏ နားရေးအား ပြုလုပ်ပေးရတော့သည်။ ××× “သမီး ဘယ်ရောက်နေတာလဲဟင်” “သမီးက ငရဲပြည်ရောက်လာတာကွဲ့ ဒါပေမယ့် ငရဲပြည်မှာ သမီးအတွက်နေရာမရှိဘူး နတ်ပြည်သွားစေ” “ဒါနတ်ပြည်မှာလားဟင်” “ဟုတ်တယ်ကလေး ဒီမှာလည်းမင်းအတွက်နေရာမရှိသေးဘူး မင်းဒီကိုပြန်လာချင်ရင် လူ့ပြည်ရောက်ရင် ကုသိုလ်ကောင်းမှုများများလုပ်ပါကွယ် ” “ဟိုးအပေါ်က ရွှေရောင်တလျှပ်လျှပ်နဲ့က ဘာကြီးလဲဟင်” ...

အောင်နက်ကို ဓါးဖြင့်လှမ်းခုတ်လိုက်သည်။ ဖိုးအေး၏ ဓါးချက်မှာ အောင်နက်၏ လက်ဝဲဘက်ဗိုက်ကိုထိမှန်သွားကာ ပေါင်ကိုလည်းဖြတ်ထွက်သွားသည်။ သို့သော်လည်း အောင်နက်မှာ အပြေးမရပ်ဘဲ ဆက်ပြေးလေသည်။ ပေါင်တစ်ချောင်းကိုထိသွားသည်မို့ အောင်နက်၏ ပြေးအားလျော့လာလေသည်။ ဗိုက်တွင်ဓါးချက်ထိထားသည့် နေရာမှလည်း အူများက အခွေလိုက်ထွက်ကျလာကာ မြေပြင်တွင် တရွတ်တရွတ်နှင့် အတန်းလိုက်ကြီး တရွတ်ဆွဲပါသွားသည်။ အောင်နက်၏ အော်သံ၊ ဖိုးအေး၏ ဆဲဆိုကြိမ်းမောင်းသံများကြောင့် သီလရွာကလေးမှာ ဆူညံနေလေသည်။ နောက်ဆုံးအောင်နက်မှာ မဟန်တော့သဖြင့် ရွာလယ်လမ်းဆုံအနီးအရောက်တွင် ခွေကျသွားလေတော့သည်။ ဖိုးအေးက အောင်နက်ကို ကျေကျေနပ်နပ်ကြီးကြည့်ရင်း “သေစမ်း၊ သေစမ်း၊ မင်းအခုတော့ ဘယ်ကိုပြေးမလဲအောင်နက်ရ ဟား၊ ...