အတိတ်ရေစက်

၏ ထိုအခါ စိပ်ပုတီးအားလွယ်ထားသောသူမှ ”
အသင်နတ်မင်း အသင်ဟာ နတ်ဖြစ်ပါလျှက်နဲ့ အဘယ်ကြောင့် ဒီအကြောင်းတွေကို မသိနိုင်ရသနည်း” ဟုပြန်လည် မေးမြန်းလေသည် ” အသင်လူသား အကျွန်ုပ်သည် အတိတ်ဘဝက ခွေးတစ်ကောင်ကို ခွနဲ့ပစ်၍ ထိုခွေး မျက်လုံးကန်းခဲ့လေသည် သို့သော် အကျွန်ုပ်သည် ရဟန်းရှင်အား မြေအိုးနဲ့ သစ်သီးအပြည့်ကပ်လှူခဲ့ဖူးသောကုသိုလ်ကြောင့် အခုလို နတ်မင်းဘဝကို ရောက်လာခဲ့ခြင်းဖြစ်ပေသည် ခွေးတစ်ကောင်အား မျက်စိကန်းစေခဲ့ခြင်းကြောင့် နတ်မင်းဖြစ်သော်လည်း အတိတ် အနာဂတ်တွေကို ကြည့်၍မရပဲရှိပေတော့သည်” ဆိုပြီးဖြေကြားလေ၏

ထိုအခါ စိပ်ပုတီးလွယ်ထားသောသူမှ “အသင်နတ်မင်း အသင်နဲ့ အကျွန်ုပ်သည် ဘဝပေါင်းများစွာတိုင်အောင် ညီအကို အဖြစ် သားအဖအဖြစ်တော်စပ်ခဲ့ဖူးသည် ထို့ကြောင့် အကျွန်ုပ်အား အသင်မြင်လျှင် လွမ်းသရောင်ရောင် ဖြစ်ရခြင်းပေတည်း” ဟု ဖြေကြားလိုက်ချိန်မှာ ထိုနတ်မင်းက “အသင်နဲ့အကျွန်ုပ်ရဲ့ရေစက်က ကြီးမြတ်လှပါပေတယ် အကျွန်ုပ်အား အခုလို ဖြေကြားပေးတဲ့အတွက် အကျွန်ု၏ ဟောဒီ ဘက်လက်ရုံးညာလက်ရုံး တပည့်အားသင့်ကို လှူပါတယ်

အကျွန်ုပ်မှာ သင်နဲ့ရေစက်ပါသောကြောင့် သင့်အားစောင့်ရှောက်နိုင်ရန် ဒီအလှူကိုလက်ခံပါ” ဟု ဆိုကာ နတ်မိမယ်နှစ်ဦးအား ပေးအပ်လေ၏ ထိုအခါ မုတ်ဆိတ်ကျင်စွယ်နဲ့သူက အတန်ကြာစည်းစားလိုက်ပြီး ပါးချိန့်တွေပေါ်အောင်ပြုံးကာ လက်ခံခဲ့လေတယ်….

ထို့နောက် နတ်မင်းမှာ ညောင်ညိုပင်ပေါ်သို့ တက်ရောက်ပျောက်ကွယ်သွားချိန် မုတ်ဆိတ်ကျင်စွယ်နဲ့သူက “နောက်ဆုံးတော့ အချိန်ကျလာပြီပဲ….”ဟုရေရွတ်ကာ နတ်မိမယ် နှစ်ဦးအားသူ့အနောက်က လိုက်ခဲ့ဖို့ပြောပြီး ကံ့ကော်ပင်ကြီးရဲ့အောက်မှ ပျောက်ကွယ်သွားခဲ့လေတော့တယ်……..

သပြေညှောက်တွေ ဝေဆာစွာ ထွက်နေတဲ့ သပြေပင်ကြီးရဲ့ ဘေးမှာတော့ “အောင်သပြေကုန်းရွှာ “ဆိုတဲ့
ပြိုလုဆဲဆဲဆိုင်းပုတ်နဲ့အတူ ခြုံတွေထူထပ်စွာပေါက်နေတဲ့ ရွာအဝင်လမ်းကြီးကတော့ အလွမ်းသမားတွေအဖို့ နှစ်ခါငိုရလောက်တဲ့ အနေထားမှာရှိနေခဲ့တယ် သပြေပင်ကြီးရဲ့ ပင်စည်မှာတော့ သံမှိုရာတွေနဲ့ သပြေပင်ကြီးရဲ့အောက်မှာတော့ စုပုံကျနေတဲ့ ငါးထပ်သားပြားဟောင်းတွေရှိနေခဲ့တယ်

ထိုအချိန်မှာ ဆံထုံးကို ဦးခေါင်းအလယ်မှာ ဖရိုဖရဲထုံးထားတဲ့ လူငယ်တစ်ဦးက စိပ်ပုတီးကို လည်တိုင်မှာလွယ်ကာ သပြေပင်ကြီးရဲ့အနားကို တဖြည်းဖြည်းနဲ့ရောက်လာခဲ့တယ် .. သပြေပင်ကြီးရဲ့အောက်ကိုရောက်တော့ သပြေပင်ကြီးပေါ်ကနေ ထောင်ပေါင်းများစွာသောနာနာဘာဝတွေက အောက်သို့ အစုလိုက်အပြုံလိုက်ပြုတ်ကျလာပြီး အပေါ်ကိုပြန်တက်တိုင်း မမြင်ရတဲ့ တွန်းအားတွေက အပေါ်ကိုပေးမတက်ပဲ ရှိနေခဲ့တယ်

ထိုအခါ လူငယ်က “အင်းးးးရွာနာမည်ရဲ့ အရင်းခံအပင်ကြီးကတော့ ပရလောကသားတွေနဲ့ပြည့်နေပါလား”ဟု ရေရွတ်ကာ ခြုံနွယ်တွေထူထပ်စွာပေါက်နေတဲ့ ရွာလမ်းလေးအတိုင်း ဆက်လျှောက်သွားခဲ့တယ် လူငယ်ထိုအပင်အောက်က ထွက်သွားချိန်မှာတော့ မမြင်နိုင်တဲ့တွန်းအားတွေက ပျောက်ကွယ်သွားခဲ့ပြီး ထောင်ပေါင်းများစွာသော နာနာဘာဝတွေက အပင်ပေါ်သို့ ပြန်လည် တက်နိုင်ခဲ့ကြတယ်……

ထိုအဖြစ်အပျက်ကို အစအဆုံးကြည့်နေတဲ့ သပြေပင်ကြီးရဲ့ ခပ်လှမ်းလှမ်း ဇရပ်အောက်မှာတော့ ရသေ့ကြီးတစ်ပါးက ” မောင်ဒီပ တဲ့ နာမည်ကြားရင်တောင် အောက်လမ်းပညာရှင်တွေ သွေးပျက်စေနိုင်တဲ့ ဘုန်းကံရှင် မောင်ရင်လေးပါလား ပါရမီ ကြီးမြတ်လှပါပေတယ်… နောက်ဆုံးတော့ ဒီရွာကြီးဟာလည်း ပြန်လည် အသက်ဝင်လာတော့မှာပါလား..”
ဟု တွေးတောလိုက်ပြီး… ဇရပ်ပေါ်မှ ဆင်းကာ အရှေ့စူးစူးသို့ ခရီးဆက်သွားခဲ့လေတယ်…..

ပြီးပါပြီ

ရွင်လန်းချမ်းမြေ့ကြပါစေ