တွေတော့ပါကုန်တော့မှာပဲလေဗျာ “ဒါဆိုဘယ်လိုလုပ်ကြမလည်းကွ” “လွယ်ပါတယ်ကွာခန….ဘလေးမြရေဧည့်သည်လည်းပါလာလို့ဗျအဲ့တာခွေးလေးတစ်ချက်ထိန်းထားပေးပါအုံး” ဝင်းအောင်ပြောလိုက်တော့လည်းဘလေးမြဆိုသူကအိမ်ထည်းမှထွက်လာရင်းနဲ့လည်း “စောစောကတော့ပြောတာမဟုတ်ဘူးဝင်းအောင်ရာဧည့်သည်အားနာစရာကြီး” ကျုပ်နဲ့ဝင်းအောင်ကတော့ဘလေးမြကိုပြုံးပြပီးတော့လည်းအိမ်ထည်းဝင်လာခဲ့ကြတယ်ဘလေးမြကလည်းသူ့ခွေးကြီးတွေရဲ့လည်ပင်းကိုကိုင်ထားပြီးတော့လည်းနောက်မှာကျန်ခဲ့တယ် ခွေးများကလည်းတော်တော်ကြီးသဗျ ဘလေးမြရဲ့လက်ထည်းမှာတော့ လျှာလေးထုတ်ပြိီးအမြီးလေးယမ်းတန်းယမ်းတန်းနဲ့ဗျ “ဝင်းအောင်ကမလာစဖူးအလာထူးပါလားဘာကိစ္စရှိလို့လည်း” “အော်အမေကဘလေးမြကိုပေးစရာရှိတဲ့ငွေလေးလာပေးခိုင်းလို့ပါဟောဒီမှာဘလေးမြကိုပေးရမဲ့ငွေစေ့လားစစ်ကြည့်ပါအုံး” ဝင်းအောင်ကတော့ဘလေးမြရဲ့အမေးကိုဖြေပြီးတော့လည်း ငွေတစ်ချို့ကိုဘလေးမြရှေ့ကိုတိုးပေးတာပေါ့ “စစ်စရာမလိုပါဘူးကွာရပါတယ်ဒါနဲ့ဒီကောင်လေးကဘယ်သူလည်းကွ” ဘလေးမြကလည်းကျုပ်ကိုကြည့်ရင်းမေးတာပေါ့ “ကျုပ်ကပေါက်လှရွာကပါနာမည်ကတော့သာလှပါဉီးလေးဒေါင်းဝေတို့အိမ်ကိုအလည်လာရင်းရောက်နေတာပါ” “အော်ဒေါင်းဝေအသက်ကိုကယ်ခဲ့တဲ့ကောင်လေးဆိုတာမင်းလားကွဲ့” “ဉီးလေးဒေါင်းဝေကကျုပ်အကြောင်းတွေ ဘလေးြမ ကိုပြောထားတယ်ထင်တယ်” “အေးဟုတ်တယ် ကွသူ့အသက်သခင်ကျေးဇူးရှင်ဆိုပြီးတော့လည်းခနခနပြောသေးသကွ” “ကျုပ်ကအ့လောက်ကြီးလည်းမဟူတ်ပါဘုး အဲ့အချိန်တုန်းကလည်းမအိပ်ပျော်သေးတာနဲ့ကြုံကြိုက်သွားလို့ပါမဟုတ်ရင်လည်းကျုပ်ဘာမှမတတ်နိုင်ပါဘူး” “ဒါတော့ဒါပေါ့ကွယ်” “ဒါနဲ့ဘလေးမြကျုပ်တို့ဘက်မှာကကိုယ့်ကိုကိုယ်ကျုပ်လို့ပဲသုံးတာအကျင့်ဖြစ်နေပြီဗျ ကျုပ်လို့သူံးတာကိုလည်းရိုင်းတယ်လု့ိမထင်ပါနဲ့ဗျာနော်” “ရပါတယ်သာလှရာငါတို့ဆီမှာလည်းတစ်ချို့တလေသုံးကြပါတယ်ကြိုက်သလိုသုံးလို့ရပါတယ် တူမကြီးရေဧည့်သည်တွေအတွက်လက်ဖက်သုပ်လေးလုပ်လာခဲ့ပါအုံး” ဘလေးမြကလည်းကျုပ်စကားကိုပြန်ဖြေရင်းနဲ့လည်းသင်းနွယ်ကိုလက်ဖက်သုပ်လုပ်ခဲ့ဖို့လှမ်းအော်လိုက်တာပေါ့ ကျုပ်တို့ကလည်း ဘာစကားမျှမပြောမိတောပဘဲတိတ်ဆိတ်နေကြတာပေါ့ ခနကြာတော့လည်းသင်းနွယ်ကတော့ လက်ဖက်သုပ်ပွဲလေးကိုင်ပြီးရောက်လာတာပေါ့ ကျုပ်တို့ရှေ့ကစားပွဲပေါ်မှာတင်လိုက်ပြီးတော့လည်းဘလေးမြဘေးမှာရပ်နေတာပေါ့ “ဘလေးမြသူကဘယ်သူလည်းဗျကျုပ်တို့ကိုမိတ်ဆက်ပေးအုံးလေ” ဝင်းအောင်ကလည်းသင်းနွယ်နဲ့မိတ်ဆက်ပေးဖို့လည်းပြောတာပေါ့ ဘလေးမြကလည်း သင်းနွယ်ဘက်ကိုတစ်ချက်လှည့်ကြည့်လိုက်ပြီးတော့လည်း “အေးကွမင်းတို့ကိုမိတ်ဆကိပေးရမယ်ဒါကငါ့ညီရဲ့သမီးသင်းနွယ်တဲ့…သမီးသင်းနွယ်ဒါကဝင်းအောင်တဲ့ဒီရွာသားဟိုဘက်ကသာလှတဲ့ပေါက်လှကရောက်လာတဲ့ဧည့်သည် ...
“ “ဟုတ်ကဲ့ပါ အဘ “ သူတို့သည် ဘုရားကုန်းလေးပေါ် တက်သွားပြီး ရွာဦးစေတီကို အတန်ကြာအောင်ဖူးမျှော်ကြပြီးနောက် ဘုရားကုန်းပေါ် မှ ပြန်ဆင်းလာကာ ဦးဖိုးဝေမှ “လူလေးတို့ အဘနောက်ကသာ လိုက်ခဲ့ကြပါ” “ဟုတ်ကဲ့ အဘ “ “ကဲ ကဲ သွားကြတာပေါ့ အထူးသဖြင့် မောင်လူသစ်ရေ မင်းတရားရဖို့ မျှော်လင့်ပါတယ် “ ဦးဖိုးဝေသည် ထိုမျှသာ စကားဆိုပြီး တရုတ်စကားပင်များရှိရာ ဘုရားကုန်းတောင်ဘက်ခြမ်းသို့ ဦးဆောင်၍ သွားလေသည်။လကွယ်ညဖြစ်ပေငြား ကြယ်ရောင်လေးများကြောင့် ...
ကြောင်းများကလည်းအထင်းသား။ ဘွားစန်းသည်က စိတ်မမှန်ရှာတော့။ ဗန်ဒါစိမ်းရွာ၌ ဘွားစန်းသည် အသက်အကြီးဆုံးပုဂ္ဂိုလ်တစ်ယောက်ပင်ဖြစ်၏။ “ဘွားစန်း…ဘာလို့ဒီကိုရောက်နေတာလဲ” ဟု…လွန်းနီနီမေးလေတော့ လူနှစ်ယောက်လက်ကြား၌ ယက်ကန်ယက်ကန်ပါလာသော ဘွားစန်းမှာ လွန်းနီနီအား သူ၏မည်းနက်နေသော သွားကြီးများပေါ်သည်အထိ ပြုံးရယ်ပြကာ… “ဟီးးးး….သခင်မလေး….လပြည့်ရက်နီးပြီ… ဂရုစိုက်နော်….ဟီးးး…ဟီး…ဟီးးး…….” ပြောချင်ရာပြောနေသည့်ဘွားစန်းကိုကြည့်၍ လွန်းနီနီသက်ပြင်းချလိုက်သည်။ “ကဲ…ဘွားစန်းကို သူ့အိမ်ဆီပြန်ခေါ်သွားကြ… ကျန်တဲ့သူတွေ ဇာရီကိုထပ်ရှာကြမယ်……….. ” လွန်းနီနီ၏စကားအတိုင်းပင် ပျောက်ဆုံးနေသော မိန်းမပျိုအား ဆက်လက်ရှာဖွေကြ၏။ ညသည်ပင်တဖြေးဖြေးနက်လာခဲ့လေတော့သည်။ ရှာဖွေမတွေ့သည့်အဆုံး၌… “ကဲ…မနက်မှဆက်ရှာကြတာပေါ့…ကိုယ့်အိမ်ကိုပြန်ကြတော့” “ဟုတ်ကဲ့….မမလေး……” “ဟုတ်ကဲအစ်မ…..” ရွာသားများနှင့်အသက်ကြီးသူများကလွန်းနီနီကို မမလေးဟုခေါ်ကြပြီး ရွာရှိလူငယ်များကတော့ အစ်မဟုခေါ်ကြလေသည်။ ******************* နောက်တစ်နေ့နံနက်၌… “အစ်မ…အစ်မ…ချောင်းစပ်….ချောင်းစပ်မှာ………” ...
မှထွက်ပေါ်လာခဲ့၏။ “တောက်…” နောက်တစ်ချက်ထပ်မံကာတောက်ခေါက်သံက ထွက်ပေါ်လာပြန်သည်။ ပုံပန်းသဏ္ဌာန်မမြင်ရ…အရိပ်မမြင်ရသော ရွာလမ်းဆီမှ တောက်ခေါက်သံကြောင့် လမ်းမနားရှိအိမ်မှ လူများနိုးလာခဲ့ကြသည်။ “တောက်…” တောက်ခေါက်သံကအဆက်မပြတ်ထွက်ပေါ်နေပြန်သည်။ တစ်စုံတစ်ခုကိုမကျေမနပ်ဖြစ်နေသော တောက်ခေါက်သံကို နားစွင့်ယုံသာနားစွင့်နေကြပြီး မည်သူမှ တဲအိမ်အပြင်ကို မထွက်ရဲကြပေ။ ခွေးများကလည်း ထိုရွာလမ်းမပေါ်၌အုပ်စုလိုက် အူနေကြသည်မှာကြားရသူများအဖို့ခြောက်ခြားဖွယ်ကောင်းသောညတစ်ညဖြစ်နေခဲ့သည်။ သုံးချက်တီးလောက်မှ ခွေးအူသံများကော… တောက်ခေါက်သံပါပျောက်ကွယ်သွားခဲ့၏။ နောက်တစ်နေ့နံနက်ရောက်တော့ ထန်းစုရွာ၌ ထိုသတင်းကပြောလို့မပြီးနိုင်ဖြစ်နေခဲ့သည်။ “ညက တောက်ခေါက်သံကြီးကိုကြားရတာ ကျုပ်ဖြင့် ကြောက်လိုက်တာမအေးရယ်…” “အိုအေ…အရက်မူးသမားတွေဖြစ်မှာပါ” “မဖြစ်နိုင်တာတော်… လူတော့မဖြစ်နိုင်တာသေချာပါတယ်…” “ရွာထိပ်ကကိုပေါက်စလေသိတယ်မလား… သူလည်းတောက်ခေါက်သံကြားလို့ထကြည့်တယ်ဆိုပဲဟဲ့… သူမြင်လိုက်တာတော့ထဘီကိုတိုတိုဝတ်ထားပြီး ဆံပင်ကိုဖျားလျားကြီးချထားတဲ့မိန်းမတစ်ယောက် ရွာလမ်းမပေါ်မှာ လမ်းလျှောက်နေတာကိုတွေ့ခဲ့တယ်တဲ့…” “တစ်ရွာကအရူးမများရောက်လာတာလား” ...
လေးတွေ ထုတ်ထားတဲ့ အိတ်နဲ့ အုန်းမုန့်ခွက် တစ်ခုပါလာတယ် “မင်းခေါ်မယ်ဆိုရင် ငါပြောတဲ့အတိုင်းခေါ်” “အေး” “ငါ အုန်းမုန့်ခွက်ကို စည်းဝိုင်း ဝိုင်းလိုက်မယ်ကွာ ဝိုင်းပြီးတာနဲ့ မင်းက ပြောရမယ် အမဲသားကြိုက်တဲ့ အောင်ဒင်ကြီး မင်းကို ငါတွေ့ချင်လို့ခေါ်နေတယ် အမဲသားကျွေးမယ် ငါ့ဆီလာခဲ့ အဲ့လိုမျိုး သုံးခါပြော ပြီးရင် စည်းဝိုင်းထဲကို အမဲသားတုံးတစ်တုံး ပစ်ထည့်လိုက်” ပြောပြီး အညာသား က စည်းဝိုင်း ဝိုင်းတယ် မိုးထက် က ပြောပြီး အမဲသားတုံးကို စည်းဝိုင်းထဲ ပစ်ထည့်လိုက်တယ် အညာသား က ...
တာပေါ့ဗျာ။ “အို . . . အားနာလိုက်တာမောင်လေးရယ်” “ရပါတယ်၊ ကျွန်တော်လည်း အသံမပြုလိုက်မိလို့ပါ၊ ကျွန်တော်ဘာဝိုင်းကူပေးရအုံးမလဲ” “နေပါစေ၊ ရပါတယ်၊ ကိုယ့်အိမ်ကိုလာလည်တဲ့သူကို ကျုပ်ဘယ်ခိုင်းရက်ပါ့မလဲ၊ အေးအေးဆေးဆေးသာနေ ငါ့မောင်ရေ” “မဟုတ်တာပဲ မမနှင်းရယ်၊ ဧည့်သည်ဆိုပေမယ့်လည်း ကျုပ်ကတော့ အိမ်ဦးခန်းမှာ အခန့်သားထိုင်မစားချင်ဘူးဗျ၊ အိမ်ရှင်တွေကိုလည်း ကူညီပေးချင်သေးတာ” ကျုပ်က မမနှင်းလို့ခေါ်လိုက်တော့ မနှင်းကြည်က ရှက်သွားသလိုလိုပဲဗျ၊ နောက်တော့ ခေါင်းညိတ်ပြီး “ဒါဖြင့်ရင်လည်း ဟောဒီအမှိုက်လေးတွေ ကျုံးပြီး အိမ်နောက်ဖေးကို သွားစုထားပေးပါ မောင်လေးရယ်” ကျုပ်လည်း အမှိုက်တွေချက်ခြင်းကောက်ကျုံးတာပေါ့ဗျာ၊ အမှိုက်ဆိုပေမယ့် သစ်ရွက်ခြောက်တွေပါ။ ...
ဘွားမယ်စိန်ကဆက်ပြီး… “ကဲ…သွားကြမယ်ပါဆိုဟယ်…ဟိုမှာအပူးခံနေရတဲ့လူ ပင်ပန်းနေရောမယ်….” “ဟုတ်…ဟုတ်ကဲ့…အဘွား…” ထိုသို့ဖြင့် မည်သူမျှ ဆက်မအံ့သြဝံ့ကြ။ ဘွားမယ်စိန်တောင်ဝှေးကိုထောက်၍ ထွက်လာရာ ရွာလယ်သို့သာ မောင်အုန်းတို့သုံးယောက်သားလိုက်လာကြတော့၏။ ဘွားမယ်စိန်သည် တော်ရုံအချိန်၌ သူ၏တောင်ဝှေးအားမသုံးတတ်။ ယခုလို အချိန်၌သာ သူ၏ တောင်ဝှေးကြီးအား အသုံးပြုတတ်ပေသည်။ ဘွားမယ်စိန်၏တောင်ဝှေးလက်ကိုင်၌ မြွေဦးခေါင်းရုပ်ကြီးထု့လုပ်၍ထား၏။ ထိုတောင်ဝှေးအား ဘွားမယ်စိန်မှလွှဲ၍ ဘွားမယ်စိန်၏ သားသမီးများ မည်သူမှမကိုင်ကြရ။ ထိုသို့ဖြင့်ဘွားမယ်စိန်တို့ရွာလယ်ပိုင်းသို့ရောက်လာ၏။ ဘွားမယ်စိန်တို့ရောက်လာချိန်၌ ရွာမှ ကလေး၊လူကြီးအတော်ပင်စုံလင်စွာရောက်ရှိနေကြပြီဖြစ်သည်။ “ဘွားမယ်စိန်ရောက်ပြီဟေ့…ကလေးတွေ နောက်ဆုတ်ကြစမ်း…” လူကြီးအချို့ကအသံပြုကြသည်။ သရဲပူးခံထားရသည်ဆိုသော မောင်တိုးသည် သူ၏အိမ်ရှေ့ဗန်ဒါပင်အောက်၌ တင်ပုလ္လင်ခွေကာထိုင်နေ၏။ မျက်လုံးပြူး မျက်စံပြူးဖြင့်သာ ထိုင်နေပြီး ...
ချင်ပုံမရဘူးပေါ့ဗျာ။ “ဂန့်ဂေါမြို့မှ ကြိုဆိုပါ၏” မြို့အဝင်နားရောက်တော့ ဆိုင်းဘုတ်ကိုကျုပ်အသံထွက်ပြီးဖတ်လိုက်တယ်၊ လမ်းကနည်းနည်းကြမ်းတော့ ကားကလည်းဆောင့်တယ်ဗျ၊ ဦးဘသာကြီးနဲ့ ဦးအောင်ရှိန်ကတော့ တစ်လမ်းလုံးမှေးပြီး လိုက်လာခဲ့ကြတာပဲဗျာ၊ ကျုပ်ဘေးက ရင်မောင်ကတော့ ထုံးစံအတိုင်း ပါးစပ်ကို ပွစိပွစိလုပ်ပြီး ပုတီးစိပ်နေတာပေါ့ဗျာ။ (၂) ဂန့်ဂေါမြို့ထဲက ကားဂိတ်မှာ ကားရပ်လိုက်လို့ ကျုပ်တို့ကားပေါ်ကဆင်းလာတယ်ဆိုရင်ပဲ လူကြီးတစ်ယောက်က ပြေးထွက်လာပြီးတော့ ဦးအောင်ရှိန်အရှေ့မှာ လက်အုပ်ချီတယ်ဗျ။ “ဆရာကြီးတို့ ဘယ်ကကြွလာတာလဲ” “အေးကွ၊ အရှေ့ဖက်က ရွာတွေဆီခဏလှည့်နေတာ၊ မင်းရော အဆင်ပြေရဲ့လား” “လုပ်ငန်းကိုင်ခန်းတွေ အားလုံးအဆင်ပြေပါတယ်ဆရာကြီး၊ ဒါနဲ့ ဆရာကြီးတို့ ဘာစားပြီးပြီလဲ ကျွန်တော် ဆရာကြီးတို့ကို ...
မှာဤသုံးဖန်လှရွာမှာလက်ညီုးထိုးမလွှဲအောင်ရှိပြီ ဦးငွေဆောင်မှာလွန်ခဲ့သောအတိတ်ဆီအာရုံလွင့်မျောနေစဉ် “””သူကြီးသူကြီး လာပါဦးဗျို့ ဘာကြီးလဲမသိဘူး””” မြေကျင်းတူးနေရာမှကြွက်နီတို့၏အော်သံကြောင့်အတွေးစပြတ်တောက်သွားရသည်၏ ဦးငွေဆောင်မှာရွာသားများဝိုင်းအုံနေသော မြေကျင်းဆီသွားရောက်ငုံ့ကြည့်ရာ “”ဟင်!!!!!!!!”””” သေတ္တာလိုလိုထောင့်စွန်းတစ်ခုကိုတွေ့ရသည်။ “”သူ့တပည့်ကြွက်နီက “””ဘယ်လိုလဲ သူကြီး ဆက်တူးရမလား””” “”ဘုရားပရဝုဏ်ထဲပါနေတာပဲ့ ဆက်တူးမှရမှာပေါ့””” ရွာသားတစ်ချို့က ‘”””ဘုရားတည်တာကြောင့် အစောင့်အရှောက်တွေက ရွှေသေတ္တာကြီး ပေးတယ်ထင်တယ်””” သူကြီးဦးငွေဆောင်က “”ကဲဟေ့ဆက်တူးကြတာပေါ့””” ဒီတစ်ခါတော့သူကြီးပါခါးတောင်းကျိုက်လိုက်ပြီး မြေတူးရန်ပေါက်ချွန်းကို ကောက်ကိုင်လိုက်သည်။ ရွာသူရွာသားများမှာ ဝိုင်းအုံကြည့်နေရင်း စိတ်လှုပ်ရှားနေကြသည်။ တူးရင်းတူးရင်းနဲ့ပုံပေါ်လာသော ထိုပစ္စည်းမှာ သေတ္တာပုံစံမဟုတ်ပဲ ကျောက်တ လားကြီးပုံစံဖြစ်လာရာ မောတာကြောင့်ရောစိတ်လှုပ်ရှားတာကြောင့်ပါ အသီးသီးချွေးပြန်လာကြသည်။ တစ်ချို့သွေးကြောင်သောကာလသားတွေက ကျင်းနှုတ်ခမ်းပေါ်ရောက်သွားကြပြီ။ တကယ်တမ်းရုပ်လုံးပေါ်လာသောပစ္စည်းမှာသေတ္တာတစ်ခုမဟုတ်ပဲ ကျောက်တံလားကြီးဖြစ်နေတာမို့ ...
သင့်တာချက်ပြီး————- ဟိုဘက်လမ်းထိတ်ကအရက်ဆိုင်ကိုသွင်းရင်ငွေကောင်းကောင်းရနိုင်တယ်ကွ—– အဲအရက်ဆိုင်ကမြွေသားရရင်သူ့ဆီလာသွင်းဘို့မှာထားတယ်—-ငါတနေ့နဲနဲသယ်လာမယ်——ရသလောက်ရောင်းပြီး——-ငါစားဘို့လဲချန်ထားရမယ်”””” ””’ဖြစ်ပါ့မလားရှင်———ကျမကကိုယ်ဝန်ကြီးနဲ့မြွေမကိုင်ရဲဘူး—-”” ””’မင်းမကိုင်ရဲလဲငါကိုင်မယ်—မင်းကအိမ်မှာမြွေတွေကိုသေချာလှမ်းထား—-”” ထို့နောက်မြွေဘတင်ကရလာသမျှမြွေများကိုအရက်ဆိုင်သွားသွင်းလိုက်စားလိုက်ဖြင့်အလုပ်ဖြစ်နေသည်။ သူ့အပေါင်းအသင်းများလည်းသူကိုယ်တိုင်မြွေသားဟင်းစပယ်ရှယ်ချက်ကာဧည့်ခံကြွေးမွေးလေသည်။ တရက်တွင်ကန်ထရိုက်လုပ်ငန်းရှင်ကမြေတူးတာအပြီးသတ်လုပ်ရန်မြေတူးစက်ဖြင့်တူးမည်ဖြစ်သည်။ ထိုအခါမြွေဘတင်ပျာယာခတ်သွားသည်သူ့မြွေတွင်းထဲကမြွေတွေအတွက်စိတ်ပူသွားသည်။ ဒါနဲ့အလုပ်သမားခေါင်းဆောင်အားပြောပြလိုက်၍သူမြွေသားချက်စားရန်မြွေတွေယူချင်ကြောင်းပြောလိုက်သည်ထိုအခါအလုပ်သမားခေါင်းဆောင်က ”””ဖြစ်ပါ့မလားမြွေဘတင်ရာ—–မြွေတွေကအများကြီးကွ—-တော်ကြာမြွေသိုက်တွေဘာတွေဖြစ်နေအုံးမယ်ကွ—-မြွေဆိုတာကလဲရာဇဝင်နဲ့ကွ——-မင်းအတွက်အန္တရယ်ဖြစ်နေအုံးမယ်——-””’ ””ဘာမှမဖြစ်ပါဘူးဆရာရယ်——-ဒီတိုက်ဟောင်းကလူမနေတာကြာလို့မြွေတွေခိုအောင်းနေတာပါ——–မြွေသိုက်ဖြစ်တော့လဲဘာဖြစ်လဲ——-ဘဝကူးသွားလို့ကျွန်တော့်ကိုတောင်ကျေးဇူးတင်ရအုံးမှာ——-””” ဘတင်ဆန္ဒပြင်းပြနေသဖြင့်အလုပ်သမားခေါင်းဆောင်လဲယူခွင့်ပေးလိုက်လေသည်။ ထိုနေ့ကမြွေဘတင်ကစက်နဲ့မတူးခင်ရသလောက်မြွေများသတ်ကာဘိလပ်မြေအိပ်များထဲထည့်ထားလိုက်သည်။ မြေတူးစက်နှင့်တူးသည့်အခါအပိုင်းပိုင်းဖြစ်နေသောမြွေများအားလိုက်၍ကောက်ကာ အိမ်သို့ဂါလီဌားကာသယ်သွားလေသည်မိန်းမဖြစ်သူကလည်းငွေများများရသဖြင့်ကူညီကာလုပ်ရင်းတက်ကြွနေသည်။ အရက်ဆိုင်မျာကလည်းရောင်းကောင်း၍အိမ်အထိလာဝယ်ကြလေသည်။ ထိုမြွေပုံကြီးရပြီးသည့်နောက်ပိုင်းမြွေဘတင်အိမ်တွင်ညဘက်များ၌မြွေတွန်သံများကြားလာရသည်။ တခါတရံခေါင်းရင်းဘက်မှမြွေနှာမှုတ်သံကိုကြားသဖြင့်ဘတင်ထကြည့်တော့လဲဘာမြွေမှရှာမရပေ မကြာမကြာထိုမြွေသံများကြာလာရတော့ဘတင်ထထရှာရသည်မှာအိပ်ရေးပျက်လာသည်။ တခါတရံအိမ်ပတ်လည်တွင်မြွေများသွားလာနေသည်ဟုဘတင်ထင်လာမိသည်သို့ပေမဲ့အိပ်ရေးပျက်၍ စိတ်ဂယောင်ခြောက်ခြားဖြစ်သည်ဟုဘတင်ထားကာမေ့ထားလိုက်သည်။ တနေ့တွင်သူ့မိန်မကသ့ူ့အားစိတ်မကြည်လင်သည့်ပုံဖြင့်စကားဆိုသည်။ ””ကိုဘတင်ကျွန်မညကအိမ်မက်ထဲမှာ—–မြွေတွင်းထဲပြုတ်ကျသွားတာမြွေတွေက——ကျွန်မကိုဝိုင်းကိုက်ကြတယ်လို့အိမ်မက်မက်တယ်—–ကျွန်မဖြင့်လန့်လိုက်တာမပြောပါနဲ့တော့—–စိတ်တွေလဲလေးနေသလိုပဲ”””’ ”””မင်းကလဲဟိုတလောကမြွေတွေအများကြီးတွေ့ခဲ့ရလို့စိတ်စွဲပြီးမက်တာနေမှာပါ——ငါတောင်ယုန်ထင်ကြောင်ထင်ထင်နေမိသေးတယ်——အလကားခေါင်းထဲမထည့်နဲ့သတ္တဝါဆိုတာလူချွတ်မှကျွတ်တာကွ””’ တရက်တွင်ဘတင်တို့အဖွဲ့မန္တလေးကတိုက်ဟောင်းတလုံးဖြိုရန်အလုပ်ရသဖြင့်မန္တလေးသို့သွားရန်ဖြစ်လာသည်။ ဘတင်မိန်းမကိုယ်ဝန်ကလဲလရင့်လာပြီဖြစ်သဖြင့်ဘတင်ငွေရှာထားမှအဆင်ပြေမည်ဟုတွေးမိသည်။ တလောကမြွေများရောင်းရငွေလဲအနည်းငယ်စုမိဆောင်းမိသဖြင့်ဘတင်တက်ကြွနေသည်။ ဒီလိုနဲ့ဘတင်မန္တလေးသို့ရောက်သွားလေသည်သူတို့ရောက်ပြီး၃ရက်လောက်အကြာတွင် ညနေဘက်အလုပ်ပြီးတာနဲ့အလုပ်သမားခေါင်းဆောင်ကမန္တလေးတောင်ပေါ်ဘုရားသွားဖူးမယ်ဆို၍ တခါမှမရောက်ဖူးသောဘတင်တို့အဖွဲ့လဲဘုရားဖူးရန်ရောက်သွားလေသည်။ သူကမွေးကထဲကဘုရားရှိခိုးလာသူမဟုတ်ပါအိမ်နှင့်အလုပ်သွားနေလျှက်အချိန်ကုန်၍သွားသည်။ မနက်မိုးလင်းတာနဲ့အလုပ်သို့အပြေးအလွှားသွားကာညမိုးချူပ်မှပြန်လာရသဖြင့်ပင်ပန်းလို့ဟု အကြောင်းပြကာထိုးအိပ်လိုက်သည်ထို့ကြောင့်ဘုရားတခါမှမရှိခိုးဖြစ်ပါ အခုလိုတကူးတကဘုရားသွားဖူးမှသာဘုရားကန်တော့ဖြစ်သောလူမျိူးဖြစ်ပါသည်။ ဘတင်တို့အဖွဲ့မန္တလေးတောင်ဘုရားဖူးပြီးတောင်ပေါ်မှနံမည်ကြီးသောမြွေကြီးနှစ်ကောင်အား သွား၍ကြည့်ကြလေသည်ထိုအခါမြွေကိုကြည့်မိသောဘတင်တစ်ယောက်ခေါင်းနပန်းကြီးသွားသည်။ ထိုမြွေကြီးနှစ်ကောင်သည်အသက်ဝင်လာကာဘတင်အားမီးဝင်းဝင်းတောက်နေသောမျက်လုံးများဖြင့် စိုက်ကြည့်လိုက်၍ဘတင်အားခုန်အုပ်တော့မည့်ဟန်ကြောင့်ဘတင်ကနောက်သို့အလန့်တကြားခုန်ရှောင်မိလေသည်။ ထိုအခါသူ့အပေါင်းအသင်းများကဝိုင်း၍စကြလေသည်။ ...