ဖြစ်ကျတာ” မောင်သူရိန်လည်းလူနာမိန်းကလေးကို နဖူးကိုညာဘက်လက်ညိုးနဲ့ထိုးပြီး “ဆိုင်ရာကရောဂါတွေကိုခဏထိန်းချုပ်ထား”ဆိုပြီး အမိန့်ပေးလိုက်တယ်။ မိန်းကလေးလည်း အရမ်းပူနေတဲ့ဒဏ်ရာတွေကိုကြည့်နေရင်း တမဟုတ်ချင်းဆိုသလို ‌ပပျောက်သွားတာကြောင့် “အဘ… သမီးသမီးရောဂါတွေပျောက်သွားပြီ အဘရဲ့” “ဒီကညီမရဲ့ရောဂါတွေက မပျောက်သေးပါဘူး ခဏတာပဲသက်သာအောင်လုပ်ထားတာပါ ရွာကိုသွားကျမယ်အဘ ရောဂါဖြစ်နေတဲ့လူတွေကိုတနေရာထည်းမှကုမှဒီရောဂါကအမြစ်ပြတ်မှာ” “ကောင်းပါပြီဆရာလေး ကိုဝဲကျော်ရေလှည်းပြန်ကွေ့ထားလိုက်တော့ကွယ်” လှည်းသမားဖြစ်သူကလည်းလှည်းကိုနောက်ပြန်ကွေ့လိုက်ခဲ့တယ်။ စောနကဘယ်လိုမောင်းမောင်းမသွားတဲ့နွားက အခုတော့သူမဟုတ်သလိုပဲချောချောချူချုနဲ့လှည့်ကာလှည်းပေါ်မှလူများနဲ့အတူ မောင်သူရိန်နှင့်ရှိန်းမော်လည်းကိုးထောင်စဉ်ရွာသို့ လိုက်လာခဲ့တယ်……..။ ********. “ဆရာလေး ဒီမှာဖြစ်နေတဲ့လူနာတွေအကုန်ရောက်ပါပြီကွဲ့” “ဟုတ်ကဲ့အဘိုး ဒီအင်းပြားတွေကို ခြံထောင့်လေးထောင့်မှာမြုပ်ထားပေးပါ ပြီးတော့မဆိုင်တဲ့သူတွေ ဝိုင်းထည်းကိုအဝင်မခံပါနဲ့” ခြံဝိုင်းတစ်ခုထည်းမှာဆိုရင်တော့ယခင်မိန်းကလေးသကဲ့သို့ မီးလောင်ဒဏ်ရာတွေကအကွက်လိုက်‌ကြီးတွေဖြစ်ပေါ်နေတဲ့လူတွေရောက်ရှိနေတယ် အဘိုးအိုလည်းပေးလိုက်အင်းကိုထောင့်လေးထောင့်တွင်မြုပ်လိုက်စဉ်အတွင်းမှာပဲ ထိုင်နေတဲ့လူအုပ်ကြီးကလှုပ်လှုပ်ရှားရှားဖြစ်လာတယ်။ “‌သင်တို့ရောက်လာကျပြီလား” “ငါတို့ကိုအင်းပြားတစ်ချပ်နဲ့တင်ခေါ်တာပဲနင့်ပညာကလည်းမသေးလှပါ့လား” ထိုအဖြစ်‌ကြောင့် ရပ်ကြည့်နေသောလူအုပ်ကြီးလည်း ...

သူ့ရှေ့ဖြတ်သွားတိုင်း ထိုပုံ ရိပ်ကို ထပ်မကြည့်ချင်သည့်အတွေးက မကြာမကြာ ပေါ်လာတတ်သည်။ ကိုရီးယားကားကြည့်ပြီး တဟားဟားအော်ရယ်နေသော အသံကိုလည်းသူမုန်းမိသည်။ ထမင်းလက်ဆုံစားသည့်အခါတိုင်း သူမပါးစပ်ထဲသို့ ထမင်းလုတ်သွတ်သွင်းနေ ဟန်ကိုလည်း ဆက်မကြည့်ချင်တော့ချေ။ ညအိပ်သည့်အခါ၌လည်း သူ့‌ကိုယ်ပေါ် ခြေသလုံးကြီး တင်ပြီး တခေါခေါဟောက်နေသံကိုလည်း မခံစားနိုင် ခဲ့။ ရသမျှပိုက်ဆံ အကုန်သိမ်းပြီး ပြန်ထွက်မလာသည် ကိုလည်း ဒေါသထွက်သည်။ အနှီမိန်းမ၏ဒဏ်ကို ကြာရှည်မခံနိုင်လာတော့‌ေချ။အိမ် ထောင်သက်ကြာလာသဖြင့်လည်း ထိုသို့ဖြစ်ပေါ်လာ သည်လား ထူးပိုင်မဆိုတတ်။ ထိုသို့ ငြီးငွေ့လာသည့်အချိန် တွင် ” အိမ့် ” ဟူသော မိန်းကလေးနှင့် ...

ခပ်ထည့်ပေးလိုက်ရင်း     “မမ နေမကောင်းရင်လည်း သွားနားလေ ဒီနေ့ လူလည်းသိပ် မကျဘူးဆိုတော့ မိကြွယ် တယောက်တည်း နိုင်တယ် “    “အေး အေး မိကြွယ်ရေ ကျေးဇူးပါဟယ် “     မေသူသည် ငူငူငိုင်ငိုင်နှင့်ပင် တန်းလျားပေါ်တွင် ထိုင်နေ သည်။သူမ ထိုသို့ မပျော်မရွှင်မှိုင်တွေငေးနေသည်ကို သတိ ထားမိသော ဖခင်ဖြစ်သူဦးသောင်းသည် ရှေ့မျက်နှာ နောက်ထားပြီး တဦးတည်းသမီးဖြစ်သူအား မေးမြန်းရပါတော့ သည် ။     “သမီး “     “ရှင် ...

တယ်ဆိုပဲ ဘုန်းကြီးဖြစ်တော့မှပဲ စိတ်လျော့လိုက်တာတဲ့ဗျာ ကျုပ်တို့ ဘုန်းကြီးက စိတ်ပဲလျှော့တာဗျ ဝိတ်ကတော့ မ‌လျော့ဘူး သူက ဝသာဝနေတာပါ အစားအသောက်က အဲ့ဒီလောက်စားတာမဟုတ်ဘူး ကျုပ်ထင်ပါတယ်။ ကျုပ်တို့ဘုန်းကြီးက မျိုးရိုးလိုက်ပြီး ဝနေတယ်ဆိုတာကို။ ကဲ အဲ့ဒီလိုနဲ့ ကျုပ်တို့လည်း ကျောင်းပြန်ရောက်ပြီး အေး‌ ဆေးဖြစ်နေတာပေါ့ ကိုရင်နှစ်ပါးကလည်း အပါးသားဗျို့ ကျုပ်တို့ ရောက်လာကတည်းက မျက်နှာချင်းဆိုင်လိုက်ပြီဆိုတာနဲ့ ပြုံးနေတော့တာပဲ ကျုပ်တို့ဆို သူတို့ကို အပြစ်မဆိုရက် ပါဘူးဗျာ အဲ့လိုနဲ့ တနေ့ ကျုပ်တို့ကျောင်းကို အရင်တခါလာတဲ့ အမျိုးသမီးကြီး ကားလေးနဲ့ ပြန်ရောက်လာတယ်ဗျ အခုတ ...

  (၂) ကျုပ်လည်း ညနေဖက်ရောက်ရော ဦးပေါက်ကို ညနေစာ စားဖို့ သွားခါ်တာပေါ့ဗျာ။အယ် ဦးပေါက်က သူအခန်းရှေ့ကစောင်း တန်းမှာ တယောက်တည်းရှေ့လျှောက် နောက်လျှောက်နဲ့ တရားမှတ်နေတယ်ဗျ။ကျုပ်စိတ်ထဲ ဒီဘိုးတော် တရားတော်တော်လုပ် တာ ညစာတော့ စားမှာ မဟုတ်လောက်ဘူးပေါ့ ဒါပေမဲ့ တာဝန် အရတော့ မေးဦးမှပါဆိုပြီး သူ့ကို ခေါ်ရတာပေါ့။ “ဆရာကြီး ညနေစာ ထမင်းစားဖို့ လာခေါ်တာပါ ” “အေး ဟုတ်လား ငါလည်း ဗိုကဆာနေတာနဲ့ အတော်ပဲကွာ လာ သွားစားရအောင် ” ကျုပ် ...

ထွက်လာတာပေါ့ ကျုပ် မထွက်ခင်လေးမှာ ကိုရင်ကြီးက သူ့သေတ္တာထဲက သူ့ငွေတွေကို ထုတ်ပြီး ကိုရင်ငယ်ကို ပေးနေတာ မြင်ခဲ့ရတယ်ဗျာ ။ (၂)     ကျုပ်လည်း ကိုရင်လေးအကြောင်းကို ဘိုးကာကို ပြောပြတာပေါ့ အဲ့‌တော့ ဘိုးကာက သူစုထားတဲ့ငွေလေးတွေကို ကွမ်းဖိုးပဲ ချန်တယ်ပြီး ကျန်တာတွေအကုန်ယူပြီး ချက်ချင်းပဲ ကိုရင်လေးအခန်းကို သွားတာပေါ့ ကျုပ်နဲ့ ဘိုးကာ ကိုရင်လေးအခန်းထဲရောက်တော့ ကိုရင်လေးက သူ့ပစ္စည်းတွေ ထုတ်ပြီးနေပြီဗျာ ။ ပြီးတော့ သူသင်္ကန်းလေးတွေကို ခေါက်ပုံထားပြီး ငေးကြည့်နေတယ် ကျုပ်အထင်တော့ သူ လူထွက်ရတော့မှာကို ...

ဒေါ်မကြီးကိုကြောက်ရွံ့မိ၏။ မကျေးကလည်း မိဘများသဘောဟုပြောလေ၍ မောင်မျိုးသွင်မှာ မကျေး၏ဖခင်ထံကပ်ရတော့သည်။ မကျေး၏ဖခင်ကြီးကို မကျေးအပေါ်၌မေတ္တာရှိ၍ တောင်းရမ်းလက်ထပ်ချင်ကြောင်းများပြောလေတော့ ဦးမောင်စန်းကဝမ်းသာအားရပင်သဘောတူ၏။ “ဘယ့်နဲ့သဘောမတူဘဲနေလိမ့်မလဲမောင်မျိုးသွင်ရယ်… ဦးလေးလိုချင်တဲ့သမက်ဆိုတာကလည်း မောင်မျိုးသွင်လို့ ဥစ္စာပေါရုပ်ချောပြီးဇနီးသည်အပေါ်သစ္စာရှိမယ့်လူမျိုးပါပဲ… ဒီတော့ ဦးလေးဘက်ကလက်ခံပါတယ်ကွာ…” “ဝမ်းသာလိုက်တာ ဦးလေးရယ်… ကျုပ်ကိုလက်ခံပေးလို့ကျေးဇူးတင်ပါတယ်ဗျာ…” ဖခင်ဖြစ်သူမှသဘောတူ၍ မောင်မျိုးသွင်နှင့်မကျေးတို့ ချစ်သူရည်းစားအဖြစ်ရောက်ရှိသွားတော့သည်။ ထိုအဖြစ်ကိုကြည့်၍… “အစ်ကိုကြီးကလည်းတော်…ကျုပ်တို့သမီးလေးကို အဲ့လိုပြီးပြီးရောပဲ သဘောတူလိုက်ရသလား” “ဘာဖြစ်လို့လဲမိန်းမရဲ့…မောင်မျိုးသွင်ဆိုတာ အခြားမှမဟုတ်တာ…အကြောင်းသိတွေမို့ သဘောတူလိုက်တာပါကွာ…” “အိုတော်…အကြောင်းပဲသိသိ မသိသိ… ရုပ်ချောတဲ့ယောကျာ်းတွေက ရှုပ်ပွေတဲ့နေရာမှ နှစ်​ယောက်မရှိဘူး…။ကျုပ်တို့သမီးလေးကို အပျော်ကြံသွားမှာ စိုးရိမ်တယ်တော်….” “မင်းကလည်းစိတ်ပူတတ်လိုက်တာကွာ… မင်း သမီးလေးအပေါ်ချစ်တာကို အစ်ကိုကြီးသိပါတယ်… ဒါပေမယ့် ...

ပစ်ချလိုက်ပြီး မတ်တပ် ထရပ်ခါ။ “…ငါလာပြီဟေ့…” ဟု အော်ဟစ်ရင်း အိမ်ကြီး၏ လှေကားပေါ်မှ ကျွမ်းပစ်ချလိုက်ပါတော့သည်။ ခါတိုင်းက ဒီလိုပုံစံမျိုး မကြာခဏ ဖြစ်ပေမဲ့ ယခုကတော့ အတော်ပဲ အကြနာသည်ဟု ပြောရပေမည်။ မခင်လှ တစ်ယောက် ပြန်ထမလာတော့ပါ အတူနေသော တူမဖြစ်သူ မခင်မြ၏ သမီးအကြီး မသီတာက လိုက်ဆွဲပေမဲ့ မရလိုက်ပါ  အဒေါ်ဖြစ်သူကို ပွေ့ဖက်ရင်း ပတ်ဝန်းကျင်ကို အကူအညီတောင်းတော့မှ ရွာသားများ ရောက်လာခဲ့ပေမဲ့ မခင်လှတစ်ယောက် သွေးအိုင်ထဲ ဇာတ်ကျိုး၍ မရှူ့မလှ သေပွဲဝင်သွားခဲ့လေပြီ။                           ~~~~~~~ ...

ဘုန်းကြီးဆီကို… မကြာခဏလာတယ်….ပြီးတော့….သူ့ကို ကျွတ်လွတ်အောင်…လုပ်ပေးဖို့….ငိုယိုတောင်းပန်ရှာသတဲ့လေ….ဘုန်းကြီးကလဲ..သူနဲ့. ပဌာန်းဆက်ရှိပေမဲ့… လောကီအရေး…သူဝင်မရှုပ်ချင်တာကြောင့်..အခွင့်သာခိုက်…ငါ့ကို…ဒီတာဝန်ကို…ပေးလိုက်တာပဲလို့…မြင်မိပါတယ်ကွာ” ဦးသက္ကဆီက ထိုစကားကြာရတော့ ကျွန်တော်လဲ လက်ညှိုးပိုင်ရှင် ကောင်မလေးကို သနားနေမိပါသည်။ “ငါတို့….မနက်ဖြန်…ရေဆင်းတောင်ဘက်ကို…ခရီးထွက်ရမယ်..မောင်စောဟိန်း…မင်းနဲ့ငါက..အရင်ကတည်းက..အလုပ်အတူလုပ်နေကြပြီး..ငါမှာလဲ..အဖော်ဆိုလို့…စိတ်ချလက်ချ…မင်းပဲရှိတာမလား…ဒါကြောင့်…မင်းလိုက်မလားလို့…ခေါ်မေးတာ..ငါ့ကောင်ရေ…” ကျွန်တော် ဦးသက္ကစကားကြောင့် ပြုံးလျှက်ဖြင့်။ “ဦးလေးရယ်…ဒီလိုကိစ္စမျိုး…ကျွန်တော်က…ဝါသနာလွှတ်ထုံတာ…ဦးလေးအသိပဲ…လိုက်မှာပေါ့ဗျ” ဦးသက္က ကျေနပ်သွားသည့်ဟန်ဖြင့်။ “…ကဲ..ဒါဆိုရင်လဲ..မနက်ဖြန်အာရုံတတ်ချိန်…ခရီးစထွက်မယ်ကွာ..ယူစရာရှိတာ..ယူခဲ့ပြီးထွက်လာခဲ့…” “…ဟုတ်ကဲ့ပါ…ဦးလေး..” ထို့နေ့ညက လရောင်ရေးရေးအောက် ဦးသက္ကနှင့် ရှေးဟောင်းနှောင်းဖြစ် စကားများဖောင်ဖွဲ့ကာ ပြောကြရင်း အတော်ညဥ့်နက်မှ နှုတ်ဆက်ကာ အိမ်ပြန်ခဲ့သည်။   မနက်အာရုံတတ်ချိန် ရောက်ပြီမို့ အမေ ထုံးစံအတိုင်း ဆွမ်းထချက်နေလေပြီ။ အမေ့အား ခရီးသွားရန် ခွင့်တောင်းတော့ အမေက သိပ်မလွှတ်ချင်ပေ ...

။ “….ဟာ….ဟိုမှာ….အမျိုးသမီးတစ်ယောက်….လဲနေ တယ်ကွ….” ဦးသက္က ညွှန်ပြရာကို ကြည့်လိုက်တော့ ဟုတ်တယ် ဗျ အမျိုးသမီးတစ်ယောက် တစောင်းအနေအထား နဲ့ လဲနေတာ ပါးစပ်ကလဲ ညည်းငြူနေလေရဲ့။ “….ဦးလေး….သွားကြည့်ရအောင်လေ…ဘာလုပ်နေ တာလဲ…” ဦးသက္ကရှေ့မတိုးပဲ အသာကြည့်နေ၍ ကျွန်တော် စိတ်မရှည်ဟန်ဖြင့် ပြောလိုက်ခြင်းကြောင့်။ “…နေပါဦးကွ…ဒီလိုတောကြီးမျက်မည်းထဲမှာ…. ….မိန်းကလေးတစ်ယောက်ထဲ…..ရှိနေတာ…ငါတော့.. ….သိပ်မသင်္ကာဘူးကွ….” “….ဟာ….ဦးလေးရယ်….မိန်းကလေးတစ်ယောက်….. ….ဒုက္ခရောက်နေတာကို….ကူညီကောင်းပါတယ်ဗျ…. …ဖြစ်ချင်တာဖြစ်….လာပါဗျာ….သွားကြည့်ရအောင်” ကျွန်တော် ဦးသက္ကကို စောင့်မနေပဲ အရှေ့ကနေ လဲကြနေသော အမျိုးသမီးထံသို့ ခပ်မြန်မြန်သွား လိုက်တော့ အနောက်မှ ဦးသက္က လိုက်ပါလာလေ သည်။ “…ဒီ….ဒီမှာဗျ….ဘာဖြစ်လို့လဲဟင်….” ...