ပညာစက် တတ်ကျတယ်ပေါ့ အဲ့လိုလား” “ဆိုပါတော့ဗျာ … စုန်း တေက အနည်းဆုံး စက်တစ်မျိုး တော့ တတ်မြောက်တယ် တစ်ချို့က မွေးကတည်းက တတ်မြောက်ပြီး တစ်ချို့က မိမိ မှာ အဲ့ ပညာ ရှိလို့ရှိမှန်းတောင် မသိဘဲ ဆုံးသွားကျတယ် ဗျ.” “ဟင် စုန်းတေက သေတာဘဲလား” “သေတာပေါ့ဗျာ သူတို့လည်း လူဘဲ ဒါပေမဲ့ မသေချင်တဲ့ စုန်းတေ က အသက်ရှည်အောင် နေကျတယ် ကျင့်ကျတယ်” “အော် အဲ့လို ကျင့်ရတာလား ” ...
လည်းမသိပါဘူးဗျာ၊ အမအရင်းဆုံးသွားတာဆိုတော့ ဝမ်းနည်းပြီး မြေပုံဘေးနားမှာပဲ ထိုင်ငိုနေမိတယ်။ “ဟေ့ကောင်လေး၊ မင်းဒီမှာဘာလုပ်နေတာလဲကွ၊ မကြောက်ဘူးလား” ညနေစောင်းခါနီးရောက်တော့ လူကြီးတစ်ယောက်က သုဿန်ထဲကိုဝင်လာတယ်ဗျာ၊ ဒီလူကြီးက သျှောင်ထုံးကြီးထုံးလို့ဗျ၊ ပြီးတော့ ဖျင်နီတိုက်ပုံနဲ့အောက်က ပုဆိုးအကွက်ကျဲကြီးဝတ်ထားတယ်၊ လွယ်အိတ်ဖောင်းဖောင်းကြီးတစ်လုံးကိုလည်း ချိုင်းအောက်မှာကပ်ပြီးလွယ်ထားသေးသဗျာ။ သူ့ပုံစံကြည့်ရတာ ဆေးဆရာကြီးတစ်ယောက်နဲ့တောင်တူတယ်ဗျ၊ ဒီလူကြီးက ကျုပ်အနားမှာလာထိုင်ပြီး “ကောင်လေး၊ ဒီမြေပုံက သေသွားတဲ့အပျိုကြီးဆိုတဲ့ မိန်းကလေးရဲ့ မြေပုံလား” “ဟုတ်တယ်ဗျ၊ သူက ကျုပ်အမပဲ” ဦးလေးကြီးက တစ်ချက်ပြုံးလိုက်ပြီးတော့ “ဟန်ကျတာပေါ့ကွာ၊ အလောင်းရှင်နဲ့တန်းတွေ့တာပဲဟေ့၊ ဒါနဲ့ မင်းအမအလောင်းကို ငါ့ကိုရောင်းမလား” “ဘယ်လိုဗျ” “မင်းနားရှုှုပ်သွားမယ်ထင်တယ်၊ ငါထပ်ပြောမယ်၊ ...
ရော သူတို့အကုန် အနောက်ဆုတ်သွားကြတယ်ဗျ။ ကျွန်တော်တို့လည်းစကားများမှားပြီလားလို့ထိတ်ကနဲဖြစ်သွားကြ တာပေါ့။ သူတို့ထဲကအသက် ၆၀ ဝန်းကျင်ဦးလေးကြီးတစ်ယောက် ကပြောတယ်။ ” ငါ့တူရီးတို့… ဒီလောက ကမစမနောက်ကောင်းဘူး… မစူးစမ်းချင် ကြနဲ့… လှည့်သာပြန်ကြတော့ ” ” ဒီလိုပါဦးလေး…ကျွန်တော်တို့ကလေ့လာချင်ရုံပါ… စဖို့နောက်ဖို့ မဟုတ်ပါဘူးခင်ဗျာ… တကယ်ရှိမရှိပဲသိရရုံတော်ပါပြီ… နှုတ်စည်း လည်းစောင့်ပါမယ်ဗျ ” ရွာကလူတွေက လက်မခံချင်ကြဘူး။ ကျွန်တော်တို့ကိုပြန်ပဲပြန်ခိုင်း ကြတယ်။ ကျွန်တော်တို့ကလည်း မသိရမချင်းမပြန်ဘူးလို့ခံငြင်းကြ တာပေါ့။ တကယ်ခံငြင်းတာက ကျွန်တော်နဲ့ဘုန်းမြတ်ကဒိုင်ခံ။ ဟို ကောင်တွေက နဂိုကမှမလိုက်ချင်တာ ပြန်မယ်ချည်းပဲဗျ။ နောက် တော့ ...
စောင့်နေရောပေါ့ဗျာ။ မျက်စိအောက်မှာ တင် မှိုတွေက မြေကြီးထဲကနေ ထိုးထွက်လာ ပြီး တဖြည်းဖြည်း ကြီးလာတာဗျို့။ နေမွန်းတည့် လောက်ရှိရင် မှိုစုံပြီပေါ့ဗျာ။ အဲဒီတော့မှ မှိုတွေ ကို နှုတ်ရတာဗျို့။ တစ်ချို့မှိုကျင်းတွေများဆို ရင် တစ်တင်းလောက် တစ်တင်းခွဲလောက်ကို ရတာဗျ။ ဒါကြောင့်လည်း မှိုကျင်းရတဲ့လူက လွှတ်ပျော်တာပေါ့ဗျာ။ ဒီနေ့ ကိုထွန်းအုံကြီး တွေ့တဲ့ မှိုကျင်းကလည်း အကြီးသားဗျ။ တစ်တင်းခွဲလောက်ကို ရဆိုပဲ။ ကျုပ်အမေကလည်း မှိုအချက်ကောင်းဗျ။ င ရုတ်ပွကလေးထောင်းပြီး စပ်ရှားရှားကလေး ချက်တာဗျ။ ပဲဟင်းလေးက တစ်ခွက်၊ မျှင်ငပိ ...
ရပ်ရန်အဆင်လည်းပြေတာကြောင့်ရောင်းကောင်းလှသည်။ ညနေလေးနာရီမှညဆယ့်နှစ်နာရီထိရောင်းချပေးသည်။ …… ……… ……… ……… ……… ……… ……… နန်းကျင်တို့မိသားစု သူတို့ရိုးရာပွဲသွားပြီးပန်လာပြီးနောက်ဆိုင်၏ဟင်းလျာတစ်မျိုးတိုးလာသည်။ဟင်းလျာသစ်က ‘ဆာရှိမီ’။ထိုဟင်းသည်လည်းရောင်းကောင်းလှသည်။လာစားကြသူအများစုမှာ ဂန္တလရာဇ်မျိုးနွယ်များဖြစ်ကြသည်။ထိုဟင်းရောင်းကောင်းလေ နန်းကျင်တို့စားဖိုဆောင်ထဲမှမထွက်ရလေဖြစ်သည်။ တစ်ရက်တွင် ကျွန်တော်သည်စားဖိုဆောင်သို့ဝင်သွားခဲ့သည်။နန်းကျင်သည် ငါးကြီးတစ်ကောင်ကိုကျွမ်းကျင်ပိုင်နိုင်စွာကိုင်တွယ်နေသည်။နန်းကျင်လုပ်သမျှကိုအသေအချာကြည့်တော့အံ့သြလွန်းသဖြင့် ကြက်သေ သေသွားရတော့သည်။ နန်းကျင် ကဖောက်သည်ရွေးထားသောငါးကြီးကိုသန့်စင်၍ ဘေးတစ်ဖက်တစ်ချက်ကိုလေးထောင့်ဓားကြီးဖြင့် ၃ ချက်စီ အပေါ်ယံရှပ်၍လှီးချလိုက်သည်။ အရှင်လတ်လတ်ဓားဖြင့်အလှီးခံရသော ငါးကြီးမှာ သူ့လက်ထဲတွင်နာကျင်သော ဝေဒနာကိုမချိမဆန့်ခံစားရင်း ဖျတ်ဖျတ်လူးရုန်းကန်နေသည်။ ဓားဖြင့်မွန်းပြီးသည်နှင့် ငါးကြီး၏ခေါင်းကိုမြှောက်ကိုင်ထားပြီး ဓားဖြင့်မွှန်းထားသော အောက်ပိုင်းကို ပွက်ပွက်ဆူနေသော ဆီအိုးထဲသို့ နှစ်ချလိုက်သည်။ ...
မလို့လဲ” ၊ “သာကေတဘက်မှာနေတာ၊ ရန် ကင်းသွားမလို့ ကားစောင့်နေတာ၊ ဘကြီးရော ဘယ်မှာနေလဲ၊ ဘယ်သွား မလို့လဲ” “ဘကြီးက မြောက်ဥက္ကလာပမှာ နေတာ၊ သမီးနဲ့ လိုက်နေတာ၊ သားမက် အိမ်မှာပေါ့၊ ခုမြောက်ဥက္ကလာပပြန်ဖို့ ကားစောင့်နေတုန်း မင်းနဲ့ဆုံခဲ့တာ၊ တို့ တွေကွဲသွားတာ အနှစ်နှစ်ဆယ်ကျော် လောက်ရှိပြီထင်တယ်” “ဖြစ်နိုင်ပါတယ် – ကျွန်တော် အလုပ်စဝင်ကတည်းကရန်ကုန်ရောက် နေခဲ့တာ” “မင်းကို ဘာကြောင့် ရုက္ခစိုးလို့ခေါ် တာသိရဲ့လား” “ဟာ- ဘကြီးကလည်းသိတာပေါ့၊ ကျွန်တော့်အဖေနဲ့ အမေ၊ ကလေးမရ သေးလို့ ကလေးလိုချင်လွန်းလို့ ...
ရှင်းလိုက်ကြတာများတယ်ဗျ။ ဗိုက်ဆိုတာကလည်း အချိန်ပြည့်နာတာမဟုတ်ဘူးလေ၊ ကိစ္စက ထိပ်၀ရောက်လာမှသာ နာတတ်ကြတာမဟုတ်လား၊ တစ်ခါတစ်လေ အလုပ်နဲ့လက်နဲ့မပြတ်ရင် အောင့်ထားလိုက်ကြသေးတယ်၊ မထိန်းနိုင်တော့ဘူးဆိုမှ အိမ်နောက်ဖေးကိုပြေးကြတာမဟုတ်လားဗျာ။ ကျုပ်တို့လည်းဒီအတိုင်းပေါ့၊ မအောင့်နိုင်တော့ အိမ်နောက်ကိုပြေးခဲ့တာပေါ့ဗျာ။ ကိစ္စက နီးနေပါပြီဆိုမှ အရေးထဲ ခနောင်းတံက ရှာနေရသေးတယ်၊ လမ်းသွားရင်းနဲ့ ဘယ်တုတ်ကို ခနောင်းလုပ်ရပါ့မလဲဆိုပြီး ကြည့်သွားတာ၊ ဖြစ်ချင်တော့ အမေတို့က တံမြက်စည်းလှဲထားတော့ ဘာတုတ်တစ်ချောင်းမှကိုမတွေ့ဘူးဗျာ၊ ဒါနဲ့အိမ်သာအနားကိုရောက်လာတာပေါ့၊ အိမ်သာထရံကိုကြည့်လိုက်တော့ အဖေက ထုံးနဲ့ရေးထားတဲ့ လက်ရေးဝိုင်းဝိုင်းကိုတွေ့လိုက်ရတယ်။ “အိမ်သာထရံမချိုးရ” ကျုပ်လည်း ကိစ္စက ထွက်တော့မယ်ဆိုတော့ အကိုကြီးပြောတဲ့နည်းလမ်းကို သွားသတိရတယ်။ “အလတ်ကောင်ရ၊ ခနောင်းရှာမရရင် ...
အစီအစဉ်နှင့်သူ ချထားလိုက်၏။ ဒေါ်ကြူးရင်ကလည်း အကြော်ကြော်ဖို့ မုန့်နစ် စပ်သည်။ ဘူးသီးစိပ် ထည့်သော ဗန်းကို အကြော်ဒယ်အနီးသို့ ပို့ထားသည်။ ပြီးမှပဲ ကြော်အိုးကို မ, ယူပြန်သည်။ ထို့နောက် မီးဖိုပေါ်တွင် တင် ထားသည့်ဒယ်အိုးထဲသို့ ဆီများ လောင်း ထည့်သည်။ဆီကျသည်နှင့်တစ်ပြိုင်တည်း ဘူးသီးစိပ်များကိုယူကာ မုန့်နှစ်ဖြင့် တွဲလျက် ဆီအိုးထဲသို့ ချသည်။ ရှဲခနဲမြည်သံ နှင့်အတူ ဘူးသီးစိပ်သုံးလေး မှောက်တွဲထားသည်။ မုန့်နှစ်ရေအနီးတွင် ပူစီဖောင်းကလေးများ အပြိုင်း အပြိုင်းထလာ၏။ သုံးလေးဥအထိ ဆက် တိုက်ထည့်ရင် ညက အဖြစ်သည်ခေါင်းထဲသို့ ...
ဖောက်ကြက်ကောသွေးကောကို သ်ချိုင်းကိုယူလာပြီးပညာအသစ်တက်ဖို့မကောင်းတဲ့နတ်ကိုလည်းဆက်သရတယ်မင်းတို့မီးရောင်အောက်မှာမဲမဲပုံကြီးကိုမြင်တယ်မဟုတ်လားအဲ့တာကြက်သေပုံကြီးပေါ့ကွာ” “ဒါဆိုကျုပ်တို့အိမ်ကကြက်တွေကိုဒီလူခိုးသွားတာပေါ့” “အေးလေငါ့အိမ်ကကြက်တွေတောင်ပါသွားသေးတယ်မဟုတ်လားးဟားဟား” “ဒါနဲ့ဒီလူကဉီးကြီးမောင်ရဲ့ကြက်တွေကိုတောင်ခိုးရဲတယ်နော်ပညာလေးဘာလေးမရိတ်စားမိတာလားမသိဘူး” ကျုပ်ပြောလိုက်တော့လည်းဉီးကြီးမောင်ကဆခါင်းခါရင်းနဲ့လည်း “မဟုတ်ပါဘူးကွာပုံမှန်ဆိုရင်တော့ရိတ်စားမိမှာပေါ့ငါကလည်းလွန်ခဲ့တဲ့ရက်တွေကပညာတွေကိုသိမ်းထားခဲ့တယ်လေအဲ့တာကြောင့်လည်းဒီကောင်မရိတ်စားမိတာနေမယ်” ကျုပ်ကလည်းဉီးကြီးမောင်စကားဆုံးတော့ခေါင်းညိမ့်ထောက်ခံလိုက်ရင်းရေနွေးကြမ်းကိုသောက်နေတာပေါ့ ထိုအချိန်လည်း ဉီးကြီးမောင်အိမ်ထည်းကိုလူတစ်ယောက်ဝင်လာတယ်ဗျ တခြားသူတော့မဟုတ်ပါဘူးအဖေပေါ့ “သောင်းတင်ပါလားလာလေကွာဘာကိစ္စရှိလို့လည်း” အဖေကလည်း ဉီးကြီးမောင်နဲ့မျက်နှာချင်းဆိုင်ကျုပ်ဘေးမှာလည်းဝင်ထိုင်လိုက်တာပေါ့ “အကြောင်းကိစ္စရယ်လို့တော့မရှိပါဘူးဗျာဉီးကြီးမောင်ဆီမှာကျောက်ဖရုံသီးလေးများရှိသလားလာမေးတာပါ” “ဟေကျောက်ဖရုံသီးဟုလား ရှိတော့ရှိပေမယ့်အသီးလေးတွေကနုသေးတယ်ကွဒါနဲ့မင်းကကျောက်ဖရုံသီးကို ဘာလုပ်မလို့လည်း” ဉီးကြီးမောင်မေးလိုက်တော့လည်းအဖေကမျက်နှာရှုံပြရင်းနဲ့ “ဆီးအောင့်နေလို့ဉီးကြီးမောင်ရဲ့အဲ့တာကျောက်ဖရုံသီးလေးများဘယ်အိမ်မှာရှိလည်းလို်က်ရှာနေတုန်းမြဒင်ကဉီးကြီးမောင်အိမ်မှာကျောက်ဖရုံသီးခပ်ရင့်ရင့်တွေမြင်တယ် ပြောလို့ရောက်လာတာ” “မင်းကတော့မြဒင်စကားကိုသွားယုံတာကိုးအသီးကတော့ရှိပေမယ့်မရင့်သေးဘူးကွမင်းလိုချင်ရင်တော့ခူးသွားလေကွာခြံအနောက်မှာရှိတယ်” “မယူတော့ပါဘူးဗျာအရမ်းနုရင်တော့ချက်စားဖို့လောက်ပဲကောင်းတာဗျ” “အေးလေမင်းမခူးချင်ရင်လည်းမခူးနဲ့ပေါ့ကွာဒါနဲ့မင်းတော်တော်အောင့်နေတာလားကွ” “နေကြပါအုံးဗျအဖေဆီးအောင့်တာနဲ့ကျောက်ဖရုံသီးနဲ့ကဘယ်လိုဆက်စပ်လို့လည်းဗျပြောပြပါအုံး” ကျုပ်ကြားဖြတ်မေးလိုက်တော့ ဉီးကြီးမောင်နဲ့အဖေကစကားစရပ်သွားတာပေါ့ ဉီးကြီးမောင်ကလည်းရေနွေးကြမ်းကိုတစ်ချက်မော့လိုက်ပြီးတော့လည်း “မင်းကပညာတတ်သာဆိုတယ်ကွာဗဟုသုတလည်းတယ်နည်းသကိုးကွမသိရင်မှတ်ထားကျောက်ဖရုံသီးဆိုတာကချက်စားဖို့ပဲအသုံးတည့်တာမဟုတ်ဘူး ကျောက်ဖရုံသီးမနုမရင့်တစ်လုံးကိုရှာပြီးရင်လည်းထိပ်ပိုင်းကဖြတ်ပြီးအထည်းကအစေ့တွေအူတွေကိုထုတ်ပြစ်လိုက် ပြီးရင်တော့သကြားထည့် ထည့်ပြီးရင်လည်းခုနကဖြတ်ထားတဲ့ထိပ်နဲ့အုပ်ထားလို်က်ရတယ်တစ်ညအိပ်လောက်ကြာရင်တော့ ကျောက်ဖရုံသီးထည်းမှာအရည်လေးတွေမနည်းတွေ့ရလိမ့်မယ် အဲ့အရည်ကိုလည်းသောက်ပေးရင်ဆီးအောင့်တာပြောက်တယ်ကွဒါကြောင့်လည်းမင်းအဖေကဆီးအောင့်နေလို့ငါ့ဆီကိုကျောက်ဖရုံသီးလာတောင်းတာပေါ့နောက်တစ်မျိုးရှိသေးတယ်ကွဒါကတော့ ကျောက်ဖရုံကိုအခွံခွာပြီးရင်အထည်းကအူတိုင်တွေကိုထုတ်ပြစ်လိုက် ကျန်ခဲ့တဲ့ကျောက်ဖရုံသီးအသားကိုတော့ ဓားနဲ့၈စိတ်လောက်စိတ်ပြီးသကြားနဲ့တို့စားပေးလို့ရတယ်ဒီလိုစားရင်လည်းဆိးကောင်းတယ်ဆီးမှန်တယ်စားလို့လည်းကောင်းတယ်လေနောက်ထပ်လည်းအများကြီးရှိသေးတယ်ကွ” ဉီးကြီးမောင်ပြောမှပဲကျုပ်ကတော့ကျောက်ဖရုံအကြောင်းဆေးဖက်ဝင်ပုံကိုသိရတာပေါ့ “ဒါနဲ့ဉီးကြီးမောင်ဆီးအောင့်တာအတွက်ပြောက်စေတဲ့ကျန်တဲ့နည်းလေးဘာလေးမရှိတော့ဘူးလားဗျ” ကျုပ်မေးလိုက်တော့လည်းဉီးကြီးမောင်ကပြုံးရင်းနဲ့ ...
တို့စရာ များကို စောင့်ဆိုင်းယူနေလေ၏။ ထိုစဥျ…. “အိမ်ထဲဝင်နေကြဟေ့…တင်မောင် ရူးပြီးလူတွေလိုက်သတ်နေတယ်…….” “ဟင်……” “ဘွားကြားလား…ကိုတင်မောင်ရူးပြီးလူတွေလိုက်သတ်နေတယ်တဲ့ဗျ…….” “အေး…ကြားတယ်…ကြားတယ်…” “အမေ…ဘာဖြစ်တာတုန်း” အပြင်မှအသံများကြောင့် ဒေါ်ဝင်းထိတ်လန့်တကြား မီးဖိုထဲမှ ထွက်လာခဲ့၏။ “ရွာမြောက်ပိုင်းက ကိုတင်မောင်ရူးပြီး လူတွေလိုက်သတ်နေတယ်တဲ့အရီး……” “ဟယ်…..” ရွာထဲလည်း မည်သည့်အသံမှမကြားရတော့။ တိတ်ဆိတ်လို့နေ၏။ ဘွားမယ်စိန်တို့လည်း ခြံတံခါးပိတ်ထားပြီး အိမ်ထဲ၌သာထိုင်နေကြရသည်။ “အရီး…ကျုပ်အမေဘေးကင်းမှာပါနော်…..” “သူလည်းအသံတွေကြားရင်အိမ်ထဲနေမှာပါမောင်တိုးရယ်… စိတ်မပူပါနဲ့” “အင်းဗျာ…ဒီလူလည်း ဘယ့်နဲ့ဖြစ်သွားတယ်မသိဘူး” အချိန်သည် ညပိုင်းသို့ပင်ရောက်နေလေပြီ။ ရွာထဲ၌ မောင်အုန်းဦးဆောင်၍ ရွာကာလသားများစုဝေးနေကြသည်။ ထိုအထဲ မောင်တိုးလည်းလိုက်ပါသွား၏။ ရွာရှိအိမ်များကိုတော့ ခြံတံခါးသေချာစွာခတ်နေကြဖို့သတိပေးထားရလေသည်။ “ဘယ်လိုဖြစ်ရတာလဲကိုကြီးအုန်း” မောင်တိုးကမေးလေတော့… ...