သည်နှင့် ပညာရပ်များ မရှိတော့ဟု အရပ်သုံးစကားသည်က လွယ်ကူမနေပေ။ဆူးတချောင်း စူးနေက ထိုစူးအား ဖယ်ပစ်ဖို့ရာအတွက် လိုအပ်သည်များရှိသည်။ဆူးစူးခံရသော ကာယကံရှင်သည်လည်း ဆူး၏အတိမ်းအနက်အလိုက် ဆူးနုတ်ချိန် နာကျင်မှုသည်က ရှိပေသည်။မနှုတ်ဘဲထားက အထမ်းထက် အဆွဲလေး ဖြစ်နိုင် သည်ပင်။ထို့ကြောင့် ဦးဝင်းမြင့်သည် အခါအခွင့်သင့်သည်နှင့် ဇနီးဖြစ်သူ၏ပညာရပ်များ စွန့်လွှတ်နိုင်ရန် ဦးဖိုးဝေအား ပင့် ဆောင်လာခြင်းဖြစ်သည်။ဦးဝင်းမြင့်သည် အတွေးပေါင်းစုံနှင့် ငြိမ်သက်နေချိန် အိမ်ဝိုင်းအ၀တွင် အမျိုးသမီးတဦး ပေါ် လာလေသည်။ထိုအမျိုးသမီးသည် အသက်အားဖြင့် လေးဆယ်ကျော်အရွယ်မျှသာရှိပြီး ဆံပင်ကို ဖားလျားချထားကာ ထမိန်တိုတိုဝတ်ထားပြီး မျက်နှာသည် မာ‌ကျောခက်ထန်လှသည်။ထို့နောက် အိမ်ထဲသို့ဝင်လိုက်ချိန်တွင် ထိုင်နေသော ...

အမူအရာကို မောင်က တွေ့လိုက်ပါတယ်။ “ဘာဖြစ်တာလဲ” မောင်က ကျွန်မ လှမ်းကြည့်မိတဲ့နေရာကို လှည့်ကြည့်လိုက်ပါတယ်။ အဲဒီအချိန်မှာ သူမ အိမ်ပေါ်က ဆင်းသွားတာ ကျွန်မ တွေ့လိုက်တယ်။ “ဘာလဲကွာ-မကလည်း ထမင်းစားနေတာ ဟိုကြည့်ဒီကြည့်နဲ့” မောင် ပြောတာ နားထောင်ရင်း ကျွန်မ စိတ်တွေလွင့်ဝေနေခဲ့ပါတယ်။ ထမင်းစားပြီးပန်းကန်တွေဆေးနေချိန်အနောက်ကနေ“ဖုတ်”ဆိုတဲ့အသံ ကြားလိုက်တယ်။ လှည့်ကြည့်တော့ ဘယ်သူမှလည်း မရှိဘူး။ ဒီညမှာ အိပ် ရာဝင်တဲ့အချိန်ထိ သူမရဲ့ပုံသဏ္ဌာန်က ကျွန်မ မျက်လုံးထဲမှာ စွဲလျက်ပါပဲ။ သူမရဲ့ညည်းညူသံတွေကိုလည်းအဆက်မပြတ်ကြားနေရသလိုပဲ။ သူမကို မြင်ယောင်ရင်း ကျွန်မ အိပ်ပျော်သွားတယ်။ ကျွန်မ ...

ဘာဖြစ်လို့လဲဆရာရဲ့ဘယ်လိုတူးတူး ရတယ်မလား အဓိကက အလောင်းပေါ် လာဖို့ပဲမဟုတႅား “မရဘူးကွ အလောင်းဖော်တယ်ဆိုတာ ခြေရင်းကနေပဲတူးပြီးဖော်ရတယ်ကွ “သြော် ဒီလိုလား ဟုတ်ကဲ့ဆရာသိပါပြီ” ကျော်သူကဖြေလိုက်သည်။ “ဟေ့ ကောင်လှနိုင်တူးလေကွာ ဘာငေး နေတာလဲ “တူး တူး ပါ့မယ်ကွာ ကျော်သူရ” “ဒုတ် ဒုတ် ဒုတ်” ••••• …ညအချိန်တိတ်ဆိတ်နေတုန်းမှာ မြေတူးသံကတစ်ဒုတ်ဒုတ်ကြားနေရသည် လောလောလက်လက်မြေပုံဖြစ်တဲ့ အတွက်သိတ်မတူးလိုက်ရပေ ခဏအတွင်းမှာအခေါင်းပုံးပေါ်လာသည် အခေါင်းပုံးဆိုပေမယ့် အဖြစ်သာလုပ်ထားသည့် ပျဉ်ကြမ်းဖြစ်တဲ့အတွက်ကြောင့် အလွယ်တကူဖွင့်လို့ရနေသည် “ကဲ အခေါင်းပုံး ကိုဖွင့်လိုက်ကြ” “ကျီ ဗျစ် ဒုန်း” သံတူရွင်းဖြင့်ကလော်လိုက်တော့ ...

ပါလာရတာလဲ….” ” မေးမနေပါနဲ့တော့အမေရာ….သားချစ်သူစိတ်ဆင်းရဲတာမမြင်ချင်ဘူး….” ” စိတ်ဆင်းရဲစေချင်လို့အမေမေးတာမဟုတ်ဘူးသား…ဒီကောင်မလေးရဲ့မိဘတွေကကော ဒီကိစ္စကိုသဘောတူမတဲ့လား….အမေတို့ရဲ့အခြေအနေကို ကောင်မလေးမိဘတွေကသိပြီးပြီလား…. သူများသားသမီးကိုယူထားရင် သူ့မိဘအိမ်လောက်မသာရင်တောင် အဲထက်မလျော့ရဘူးသားရဲ့….ခုအမေတို့အခြေနေက….အဟင့်….” ဒေါ်မြဆင့်ကပြောရင်း ရှိုက်သံထွက်ကာပါးပြင်ပေါ်သို့မျက်ရည်များစီးကျလာခဲ့သည်။ သားဖြစ်သူအရွယ်ရောက်ပြီကို သိသော်လည်း စားဝတ်နေရေးကရှိသေးသည်။ တစ်နေ့လုပ်မှတစ်နေ့စားရသူများပေမို့ အနေအစားဆင်းရဲသည်။ ” ကဲပါအမေရယ်….သားတာဝန်ယူနိူင်လို့ခေါ်လာခဲ့တာပေါ့….အမေ့ကိုရော ချယ့်ကိုရော မပင်မပန်းဘဲ လူလည်းလှ ဝမ်းလည်းဝ ထားနိူင်အောင်သားကြိုးစားပါ့မယ်….” ” အမေရယ် မငိုပါနဲ့ ဘယ်လိုအခြေနေဘဲဖြစ်ဖြစ် မောင်ရှိရင်သမီးနေနိူင်ပါတယ်… သမီးကိုလည်း အမေ့သမီးအရင်းတစ်ယောက်လိုပြောဆိုဆုံးမပေးပါ….” ” အေးပါကွယ်….သားတို့သမီးတို့ပင်ပန်းလာကြရောပေါ့ နားလိုက်ကြပါဦး ….အမေလည်းနေမကောင်းလို့ခနနားလိုက်ဦးမယ်…” ဒေါ်မြဆင့်က ဝမ်းနည်းသည့်အမူအရာဖြင့် တဘက်သို့လှည့်ကာ အိပ်နေလိုက်၏။ ************************** ...

မစွံပါဘူးဗျာ” ဟု ကျွန်ုပ်က အားမနာတမ်းပြောလိုက်လေ၏။ ထိုအခါ ဦးမိုးက … “ခေတ်မီတဲ့ လူတော်တော်များများဟာ သူတစ်ပါးရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ကို အပြစ်တင်လေ့ မရှိဘူးဗျာ။ ထားပါတော့လေ။ ခင်ဗျားက ရင်းနှီးတဲ့သဘောနဲ့ ပြောတာကိုး။ ဒါပေမဲ့ ကျုပ်လုပ်ငန်းကိုတော့ ကျုပ်က အမွန်မြတ်တယ်လို့ ထင်နေတာဗျ။ လူတော်တော်များများဟာ ကိုယ့်အသက်ကို ချောင်ချောင်လေး မွေးနေကြရတယ်။ အန္တရာယ်မရှိတဲ့အလုပ်တွေ ရွေးပြီး လုပ်နေကြတယ်။ ကျုပ်က အဲဒီလို မလုပ်ချင်ဘူး။ အခက်အခဲတွေနဲ့ စွန့်စားပြီးမှ ကျုပ်ရဲ့ အသက်ကို မွေးချင်တယ်။ သူ့အသက်၊ ကိုယ့်အသက်လုပြီးရှာရတဲ့ ထမင်းကိုမှ ...

သူငယ်ချင်း” ခွန်းလှလဲ သူငယ်ချင်းဖြစ်သူကို နှုတ်ဆက်ပြီး ရဲစခန်းအရှေ့က သစ်ပင်အောက်မှာ ထိုင်စောင့်နေတဲ့ အောင်မြတ်သာတို့ရှိရာကို ထွက်လာခဲ့လိုက်တယ်။ ++++++ ဆတ်ဖလူးပင်တွေ အများအပြားပေါက်နေတဲ့ တောင်ကုန်းတစ်ခုအပေါ်မှာ နေချင့်စဖွယ် ဆောက်လုပ်ထားတဲ့ တဲအိမ်တစ်လုံးရှိနေခဲ့တယ်။ တဲအိမ်ရဲ့အပြင်ဘက်မှာတော့ ယောင်္ကျားလေးဝတ် အင်္ကျီအချို့ကိုလှမ်းထားပြီး တဲရဲ့အနောက်ဘက်မှာတော့ ကြည်လင်နေတဲ့ရေတွေအပြည့်ဖြည့်ထားတဲ့ ကျောက်စည်တစ်လုံး။ “ ဘကြီး… ဗျို့ ဘကြီး” တဲအပြင်ကနေ လှမ်းခေါ်နေတဲ့အသံကြောင့် အထဲကနေ အသက်၆၀အရွယ် လူကြီးတစ်ယောက် ထွက်လာပြီး “ မောင်သံတိုင်ပါလား… ဘာကိစ္စများရှိလို့လဲ” “ ကျွန်တော်တို့ ဒီမှာဆက်နေလို့ အဆင်မပြေတော့ဘူးထင်တယ်” “ ...

ငါတို့မိန်းကလေးတွေပဲ မျက်ရည်နဲ့မျက်ခွက်နဲ့ ကိုဖြစ်လို့* နဒီ တစ်ယောက် ပါးစပ်ကနေတစ်ယောက်ထဲ ပေါက်ပေါက်ဖောက်လိုက် ထမင်းစားလိုက်နဲ့ကို ဟန်ကျလို့နေလေ၏ ထမင်းစားလို့ပြီးနောက် နဒီဟာ ပန်းကန်တွေကိုဆေးဖို့ ပန်ကန်းဆေးတဲ့နေရာဆီသွားလေ၏ *ကဲ စားပြီးတော့လဲ ဆေးရတော့တာပဲ ပန်းကန်ပဲသစ္စာရှိတယ် စားပြီးတာနဲ့တန်းဆေး ဟုတ်နေတာပဲ* နဒီ တစ်ယောက် ထိုသို့ပြောနေခိုက် × ဝုန်းးးးးးဒုန်းးးးးဂလောင် •••••••••× မီးဖိုချောင်ထဲက အိုးတွေခွက်တွေ ပန်းကန်တွေကို ပစ်ချနေသည့်အသံပင်၊ *ဟင် ဘာသံပါလိမ့် * အဆောင်ငှားနေသူအားလုံးကလဲ ထိုအသံကိုကြားသွားသည်မို့ မီးဖိုချောင်ရှိရာသို့ ခပ်သွက်သွက်လေးလာကြသည် နဒီ ကလဲ မီးဖိုချောင်ရှိရာသို့ အမြန်သွားခဲ့သည် ...

ပါစေ။ ကုသိုလ်ပြုသမျှ အားသည်သာဓုခေါ်ပါသည်။ သာဓု-သာဓု – သာဓု” ဟုအမျှပေးဝေ၊သာဓုခေါ်ဆိုပြီးသည့် နောက်တိုးစည်ဘုရားကိုဝတ်ပြုကန်တော့သည်။ ထိုစဉ်တိုးစည်၏နှာခေါင်းတွင်းသို့ သင်းပျံ့ သည့် မွှေးရနံ့တစ်ခု တိုးဝင်မွှေးရနံ့သည် သင်းပျံ့၏။ ကြည်နူးစိတ်၊ သင်းပျံ့သည့် မွှေးရနံ့ကြောင့် သူရင်ထဲ၌ ချမ်းမြေ့သလိုခံစားလိုက်ရ၏။ ထိုကြောင့်တိုးစည်အသာအယာ လှည့်ကြည့်လိုက်၏။ “အို” သူ့ရင်ထဲ၌ အံ့ဩသလို ခံစားလိုက်ရပြီး ဒုတိယသံပါ ထပ်ကြည့်လိုက်မိ၏။ ထိုအခါ အံ့ဩမိသည့်အသွင်သဏ္ဌာန်ကို သူ ပီပြင်စွာ မြင်တွေ့လိုက် ရ၏။ အခြားမူမဟုတ်။ နွဲ့နွဲ့လျလျ သူ့အနားတွင် ရပ်နေသူတစ်ဦးကို မြင်လိုက်ကတည်းက သုံးတောင်ဝတ် မိန်းကလေးတစ်ဦးဟု ...

အမေခူးနိုင်ပါတယ်” “မင်းကဘာလုပ်နေလို့လည်း” “ကျွန်မမအားဘူးရှင့် ည၇နာရီကား လာတော့မယ်လွတ်သွားလို့မဖြစ်ဘူး” “မင်းဇာတ်လမ်းကတော်တော်အရေးကြီး တယ်ပေါ့ နေနေငါ့ဘာသာငါခူးစားလို့ရတယ်” ကိုစိုးခင် ကမိန်းမဖြစ်သူ မတင်မေ၏ စိတ်ကိုသိ၍ဘာမှပြန်မပြောဘဲ အိမ်နောက်ဘက်သွားကာရေချိုးနေလိုက်သည်။ ၁၅မိနစ်ခန့်ကြာတော့ ဒေါ်ခင်မေနှင့်မြေးလေး လမ်းထိပ်မှပြန်လာကြသည်။ “သြော် သားတောင်ပြန်ရောက်နေပြီလား “ဟုတ်တယ် အမေအခုလေးမှရေချိုးပြီးတယ်” “ထမင်းစားမယ်မလား အမေခူးထားလိုက်မယ်” “ဟာ နေပါစေ အမေ ကျွန်တော့်ဘာသာ ကျွန်တော်ခူးပါ့မယ်” “ဘယ်ဟုတ်မလဲ ခဏလေးစောင့်နော် အမေခူးပေးမှာပေါ့” “အင်းပါ အမေ့သဘောပါ အမေကစားပြီးပြီလား” “မစားရသေးပါဘူးသားရယ် ” “ဒါဖြင့်တစ်ခါတည်းဝင်စားလေအမေကလည်း “နေပါ သားပြီးမှစားပါ့မယ် “ဘယ်ဟုတ်မလဲ လူကြီးကနောက်ဆုံးမှစားလို့ ...

ရှိကြတာကိုး…..” “ကဲ…ကြားသလား. နန်းကြိုင်…နင့်ကြောင့်ငါတ်ို့ပါအပြောအဆိုခံနေရတယ်..အဲ့တော့နင့်အပြစ်နင်သိတယ်နော်… သွား ကြိမ်လုံးယူခဲ့” “ဟုတ်…….” နွားရိုက်ရန်ထားသော ကြိမ်လုံးအား နန်းကြိုင်သွားယူပေးရသည်။ ထိုကြိမ်လုံးကို ဒေါ်အေးမာကနန်းကြိုင်ဆီမှ ယူလိုက်ပြီး… “ဒီမှာ…တော့်သားအတွက် ကျုပ်ရိုက်ပေးမယ်… ဒီလိုဆိုရင်​​တော်ကျေနပ်မလား” ဟုမေးလေတော့ အစောကအမျိုးသမီးမှခေါင်းငြိမ့်ပြလေသည်။ “ထဘီကိုလှန်ထား” နန်းကြိုင်သူ၏ထဘီကို လက်ဖြင့်ခြေသလုံးပေါ်အောင်လှန်ပေးထားရသည်။ “ရွှမ်း…….” “အ….” “ရွှမ်း…..” “အ….” “အသံမထွက်နဲ့….” “ရွှမ်း…” “ရွှမ်း ….” အသံမထွက်နှင့်ဟုပြောလေတော့ နန်းကြိုင် နာကျင်သမျှကို အံကြိတ်ကာနေရသည်။ နန်းကြိုင်၏မျက်နှာအထက်မှာ​တော့ အိုးမဲများ…မျက်ရည်စီးကြောင်းများဖြင့်ရှုပ်ပေလို့နေလေသည်။ အားရအောင်ရိုက်နှက်ပြီးလေတော့ အစောကအမျိုးသမီးလည်းပြန်သွားတော့သည်။ ဒေါ်အေးမာက မတ်တပ်ရပ်နေသေးသော နန်းကြိုင်အား….. “ငါရွာထဲသွားဦးမယ်…ညည်းနွားစာကျွေးထားလိုက်… ...