။ (၂) မင်းအင်းကို ကျုပ်တို့ ဂျစ်ကားလေးနဲ့ သွားနေတယ်။ဘိုးကာ ကတော့ မျက်နှာခပ်တည်တည်နဲ့ဗျ သူတည်တာက ရယ်စရာကြီးဗျာ ဘိုးကာက အသက်ကြီးနေပြီဗျ ပိန်ပိန်လေး ကွမ်းက တော့ ဝါးသလားမမေးနဲ့ အတော်လေးကို စားတာ မင်းအင်းဘုန်းကြီးက ကျုပ်တို့ကို လှည့်ကြည့်ပြီး မေးတယ်ဗျ ။ “ဘိုးကာ ခင်ဗျားကတော့ လုပ်လိုက်ရင် အဆန်းပဲ ခင်ဗျားတို့ ဘုန်းကြီးက အတော်ကိုစိတ်ဆိုးနေတာနော် “ “စိတ်ဆိုးလည်း မတတ်နိုင်ပါဘူး ဘုရား သူ့ဒကာက အတော်ကို ...
ကိုပြူးထိုသို့ပြောတော့မယ်သင်ကလည်း “တော်မဟုတ်တာမပြောနဲ့ကိုပြူး တော့်အဖေချန်ထားခဲ့တဲ့ကြက်ဖကြီးကခြေထောက်အဝါ ဒီကြက်ဖကြီးကခြေထောက်အစိမ်း တော့အဖေချန်ထားခဲ့တဲကြက်ဖကြီးနဲ့ဘာမှမပတ်သက်ဘူး ကျုပ်ကြက်ဖကျုပ်ကိုပြန်ပေး” မယ်သင်ပြောပြောဆိုဆိုကိုပြူးလက်ထဲမှကြက်ဖကြီးကိုအတင်းဆွဲယူသည် ထိုအခါကိုပြူးကလက်ကိုနောက်သို့ဆုတ်ရင်း ကြက်ဖကြီးကိုေသချကြည့်လိုက်သည် သူလက်ထဲမှကြက်ဖကြီးသည်သူ့အဖေချန်ထားခဲ့သည့်ကြက်ဖကြီးနှင့်ခြေထောက်မှလွဲ၍ကျန်တာအားလုံးတူသည် အမွှေးအတောင်အမြီးအမောက်အရောင်အသွေး အားလုံးအတူတူပင် ဒါပေမဲ့ခြေထောက်ကြမှဘာကြောင့်အရောင်မတူရတာလဲ ကိုပြူးကြက်ဖကြီး၏ေခြေထာက်ကိုကြည့်ပြီးစဥ်းစားေနသည် ကိုပြူးထိုသို့စဥ်းစားေနခိုက် မယ်သင့်အမေပေးလိုက်သောကြက်မကြီးသည် သားပေါက်များကိုထိန်း၍တကွက်ကွက်ဖြင့်သူတို့အနားသို့ေရာက်လာသည် ကိုပြူးကထိုကြက်မကြီး၏ေခြေထာက်ကိုကြည့်လိုက်သည် ထိုအခါကြက်မကြီး၏ခြေထောက်သည်ေခြစိမ်းဖြစ်ေနကိုေတွ့လိုက်ရသည် ဒါကြောင့်ကိုပြူးမယ်သင့်ကိုပိုင်ပိုင်နိုင်နိုင်ပြန်ပြောလိုက်သည် “ဒီမယ်မယ်သင် ဒီကြက်ဖကငါ့အဖေချန်ထားခဲ့တဲ့ကြက်ဖကြီးနဲ့ခြေထောက်ကလွဲပြီးအားလုံးတူတယ် နင့်အမေပေးလိုက်တဲ့ကြက်မနဲ့ တူတာဆိုလို့ခြေထောက်နှစ်ချောင်းပဲရှိတယ် နင်လိုချင်ရင်ခြေထောက်နှစ်ချောင်းဖြတ်ယူထား ကျန်တာငါအကုန်ယူသွားမယ်ဒါပဲ” ကိုပြူးထိုသို့ခပ်ပြတ်ပြတ်ပြောပြီးကြက်ဖကြီးကိုခြင်းထဲထည့်လိုက်သည်။မယ်သင်လည်းဘာမှမပြောတော့ပဲအိမ်ပေါ်သို့ခြေဆောင့်၍တက်သွားတော့သည်။ ထိုသို့ကိုပြူးဤကြက်ဖကြီးကိုအရယူရသည်မှာအကြောင်းရှိသည် ဤကြက်ဖကြီးသည်သူ့အိမ်၌မွေးထားသောကျန်မြီးကောင်ပေါက်ကြက်ဖများကိုတွေ့တာနဲ့လိုက်ခွပ်တတ်သည် ကြာလာတော့ထိုမြီးေကာင်ေပါက်ကြက်ဖများအိမ်မှာမေနရဲေတာ့ ဒါကြောင့်ဒီကြက်ဖကြီးကို ကိုပြူးမြက်မုန်းကျိုးနေသည်မှာကြာပြီဖြစ်သည် ထို့ကြောင့်ကိုမြင့်ဆောင်နှင့်အလောင်းအစားကိစ္စကိုပုံကြီးချဲ့ေပြာကာအရယူခဲ့ခြင်းဖြစ်သည် ဒါကိုမယ်သင်ကမိန်းမသားပီပီအကောင်ကြီးကြီးလှလှပပကြက်ဖကြီးမို့နှမျောနေချင်းဖြစ်သည် သို့သော်သူမတတ်နိုင် ဒီလိုမှမလုပ်ရင်ဒီကြက်ဖကြီးကြောင့်သူနေ့တိုင်းဒေါသဖြစ်နေရလိမ့်မည်ဖြစ်သည်။ (၂) ကိုပြူးတစ်ယောက်ကြက်ဖကြီးထည့်ထားသည့်ခြင်းကြီးကိုဆွဲပြီးရွာမှထွက်လာသည် အိမ်၌မယ်သင်နှင့်စကားအခြေအတင်ပြောနေရတာကြောင့် သူထွက်လာချိန်တွင်နေပင်အတော်ညိုနေပြီဖြစ်သည်။ ...
သူ့ကျောင်းလာခဲ့ဖို့ ဖိုးပိန်နဲ့ခေါ်ခိုင်းလိုက်တယ်… အဲ့တာကျုပ်က အမေသိအောင်လို့ လာပြောပေးတာလေ… ဖိုးပိန်ကိုတော့ပြန်နှင့်ခိုင်းလိုက်ပြီ” “သြော်…အေး…အေး…ဒါဆိုရင်လည်း အမေသွားလိုက်ပါ့မယ်အေ” “ဟုတ်ကဲ့…ဒါဆိုရင်ကျုပ်ပြန်တော့မယ်အမေ…” ဒေါ်ဝင်းလည်းအိမ်သို့ပြန်သွားသည်။ ဘွားမယ်စိန်လည်း အသိမိတ်ဆွေများကိုနှုတ်ဆက်၍ ဘုန်းကြီးကျောင်းသို့ ထွက်လာခဲ့တော့၏။ ဘုန်းကြီးကျောင်းသို့ရောက်တော့ ဆရာတော်ဘုရားနှင့် ဧည့်သည်များကိုဘွားမယ်စိန်တွေ့လိုက်သည်။ ဧည့်သည်များက ဘွားမယ်စိန်ကိုစူးစမ်းသယောင်ကြည့်နေကြ၏။ ဘွားမယ်စိန်သည်ထိုသူတို့ အကြည့်များကိုဂရုမစိုက်ဘဲ ဆရာတော်ဘုရားကိုအရင်ဦးဆုံးကန်တော့လိုက်တော့သည်။ ပြီးနောက်တော့ဆရာတော်မှ… “ဒကာမကြီး…ဒါဘုန်းဘုန်းဧည့်သည်တွေပါ” “တင်ပါ့ဘုရား…တပည့်တော်ကိုအလောကြီး အခေါ်ပါးလိုက်တာကဘာကြောင်းများရှိလို့လဲဘုရား” “အင်း…အကြောင်းကတော့ ဒီကဒကာကြီးဦးဖိုးကြွယ်တို့အရေးပါပဲဒကာမကြီးရယ်… ဒကာတို့ကိုလည်းဘုန်းဘုန်းပြောထားတယ်မလား အဲ့သည်ပြောထားတဲ့ဘွားမယ်စိန်ဆိုတာ ဟောသည်က ဒကာမကြီးပဲကွဲ့… ဒါကြောင့်ဒကာတို့အခက်အခဲများကို ဒကာမကြီးနားလည်အောင်ပြောပြလိုက်ပါဦး” “တင်ပါ့ဘုရား” အသက်ငါးဆယ်ကျော်လူကြီးသည် ဦးဖိုးကြွယ်ဖြစ်သည်။ ကျန်တစ်ဦးကအသက်အားဖြင့်သုံးဆယ်ကျော်အရွယ်ရှိ အမျိုးသားတစ်ဦးပင်။ ထိုသူသည်က ...
ပြိုင်တော့မယ်ဆိုတော့ ဘိုးစုံက ခါးတောင်းလေးမြှောက်အောင်ကြုက်လိုက်လို့ဗျ ပေါင်မှာထိုးထားတဲ့ ထိုးကွင်းတွေက အထင်းသားပေါ့ဗျာ။ ထိုးကွင်းမှ ဒူးကျထိုးထားတာဗျို့။ ထိုးကွင်းကို ဒူးခေါင်းအထိ ထိုးတယ်ဆိုတာ တော်တော်သတ္တိကောင်းတဲ့လူတွေမှ ထိုးကြတာဗျ။ ဘိုးရုံက ပြေးဖို့ ခရာတွတ်လိုက်တာနဲ့ ဘိုးစုံက လေထဲမှာပျံသလိုကို ပြေးတာဗျ။ ယာတစ်ကွက်ကျော်တာနဲ့ တိမ်ညိုကိုကျော်သွားတာဗျို့။ ဘိုးစုံပန်းကိုင်တော့ တိမ်ညိုကနှစ်လံ သုံးလံလောက် ကွာသေးတယ်။ “ဟာ ဘိုးစုံကြ ဘိုးစုံကြ” လို့ရွာသားတွေက လက်ခုတ်တီးပြီး အော်ကြတော့ ဘိုးစုံက ပြုံးပြုံးကြီး။ အပြန်ကျတော့ မိုးသီးက ဘိုးစုံကို မြင်းပေါ်တင်ပြီး ပြန်ခေါ် လာတယ်။ ကာလသားတွေဆိုတာ ...
စကားဆိုလေသည်။ “နိုင်ပြီ။ကျုပ်တို့ နိုင်ပြီ ဘယ်မှာလဲ ရွာပြန်ရောက်တာ ကျုပ်တို့ပြောသားပဲ မပြန်တတ်ပါဘူးဆို “ “အေး ဟုတ်တယ် ငါတို့ နိုင်ပြီ ခင်ဗျားတို့ စကားအတိုင်းပဲနော် “ “အေးပါဟ မင်းတို့ကောင်တွေကလည်း အခု ဘယ်ရောက်နေတာလဲ မေးကြည့်အုံး ငါလည်း ဒီဘက်ကို တခါမှ မရောက်ဖူးဘူး “ ” အင်း ရွာတရွာပဲဗျ” “မင်းမေကြီးတော် ရွာဆိုတာတော့ ငါလည်းသိတာပေါ့ “ ဖိုးထွေးနှင့် သာရသည် ...
လူများမှာ ယခုအချိန်တွင်တော့ တယောက်တလေမျှ မရှိတော့ပေ။သူတို့ လမ်းအတိုင်းလျှောက် လှမ်းလာရာ မကြာသောအချိန်တွင် မေနန်း ညကလိုက်ပြသော မြင့်မားကြီးမားသည့် တံခါးကြီးအနားသို့ ရောက်ရှိလာလေသည်။ တံခါးကြီးသည် ပိတ်ထားသည်မို့ ဦးဖိုးဝေတို့သည် တံခါးကြီး နှင့် မလှမ်းမကမ်းတွင်ရပ်လိုက်ကာ “လူလေးတို့ သတိ၊ဝီရိယ နဲ့ နေကြဟေ့ အဓိက လူလေးသူရိယက မောင်လူသစ်ကို သေချာဂရုစိုက်ပါ သူက သာမာန် လူဆိုတော့ အဘတို့ထက်ပိုပြီး ထိခိုက်လွယ်နိုင်တယ် “ “ဟုတ်ကဲ့ အဘ ကျနော် ဂရုစိုက်လိုက်ပါ့မယ် “ ...
ဂျောက်” တံခါးဖွင့်လိုက်သည်နှင့်အိမ်ရှေ့၌ အမျိုးသားတစ်ဦး အမျိုးသမီးတစ်ဦးနှင့် ၅နှစ်ခန့်အရွယ်ရှိကလေးငယ်တစ်ဦးကို မြင်လိုက်ရသည်။ “ဘာကိစ္စများလဲမသိဘူး” ကိုသာစံကမေးလိုက်သည်။ “ကျွန်တော်တို့ကနေစရာလိုက်ရှာ နေကြတာပါ။ ဘယ်မှာမှနေလို့မရတဲ့အတွက် ဒီအိမ်ကသစ်ပင်တစ်ပင်ပင်မှာ နေစရာလေးပေးဖို့ တောင်းဆိုတာပါ။ ဒုက္ခရောက်နေလို့ ကူညီပါဗျာ” “ဟုတ်ပါတယ်ရှင် ကျွန်မတို့မိသားစုကိုသနားပါဦးရှင် နေစရာမရှိလို့ ဒုက္ခတွေအကြီးအကျယ် ဖြစ်နေရတာ ကူညီပါရှင်” ထိုလင်မယားပြောလိုက်သည့် စကားကြောင့် ကိုသာစံလည်း ထိုမိသားစုအားလူမဟုတ်မှန်းအတတ် သိလိုက်လေသည်။ “နေစရာပေးတာကတော့ရပါတယ် ဒါပေမယ့် ခင်ဗျားတို့ကလူသားတွေ မဟုတ်တဲ့နာနာဘာဝတွေဆိုတော့ ကျုပ်ကလေးတွေကိုခြောက်လန့်မှာ စိုးတယ်ဗျာ။ “အဲ့အတွက်တော့စိတ်ချပါ ကလေးတွေကြောက်အောင်လန့်အောင် မပြုလုပ်ပါဘူးလို့ ကတိပေးပါတယ်ခင်ဗျာ” “ကောင်းပြီ ခင်ဗျားတို့ကတိတည်ပါစေ တကယ်လို့ပြောတဲ့အတိုင်းမနေရင် ...
ခင်ထားလည်းဖဲဝိုင်းထဲသို့ ဝင်ထိုင်လိုက်ပါတော့တယ်။ ခင်ထားရောက်သည်နှင့်ဖဲဝိုင်းကို စတင်လိုက်ကြပါတော့တယ်။ ပါလာတဲ့ငွေ၅၀၀၀ကိုအရင်းပြုပြီး ဆော့ကစားလိုက်တာ ခင်ထားတစ်ယောက် သောင်းဂဏန်းအထိအနိုင်ရနေပါတယ်။ ငွေလေးလက်ထဲရွှင်လာတော့ ခင်ထားလည်းဆော့ရတာအားရှိလာပါတယ်။ ဖဲကစားချိန်ကြာလာသည်နှင့် အလျောက်ခင်ထားတစ်ယောက် နိုင်ထားသည့်ငွေလေးတွေဆုံးဆုံးမြှုပ် ကုန်ဆုံးသွားပါတော့တယ်။ ဆက်ကစားဖို့ငွေမရှိတော့သဖြင့် မခင်ထားလည်းဖဲဝိုင်းကနေထပြီး ပြန်လာပါတော့တယ်။ =================== “ဪ,ပြန်လာပြီလား မယ်မင်းကြီးမ ဟမ်၊ထမင်းဟင်းမချက်ပဲ နင့်လင်ရှိတဲ့ဖဲဝိုင်းကိုပဲသွားမနေနဲ့။ အလုပ်ကပြန်လာရင် နင့်လင်ငါနဲ့ နင့်သားစားဖို့ထမင်းဟင်းချက်ရမယ် ဆိုတာလည်း နင်စဥ်းစားအုံး” အိမ်ထဲဝင်ဝင်ချင်း ကြိမ်းမောင်းလိုက် သည့် ကိုတက်တိုး အသံကပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့လွင့်လာပါတော့တယ်။ “ဒီမှာကိုတက်တိုး ကျွန်မညစ်လာတာနော်၊စိတ်တိုအောင် လာမလုပ်နဲ့။ ရှင့်ဟာရှင်မြိုချင်ရင် ရှင့်ဟာရှင်ချက်ပေါ့ ကျွန်မကိုလာပြောမနေနဲ့၊ဒင်းတို့ကြောင့် ငါလက်ကီးကိုမကောင်းတာ။ ...
နင်တို့ကို မကျေနပ်ဘူး နင်တို့ကို မကျေနပ်ဘူး “ ကျယ်လောင်သော အသံကြီးသည် သူတို့၏၀န်းကျင်တွင် လွင့်ပျံ့နေပြီး ကနားဖျင်းပြိုကျသည့်အသံကိုပါ တဆက်တည်း ကြားလိုက်ကြပါတော့သည် ။ ◾အခန်း (၃) မောင်ဘိုးထင်တို့သည် စနေဂိုဏ်း နှင့် စနေအား နှိမ်နှင်းပြီး အပြန် ရွာဘက်မှ ကျယ်လောင်သော အော်သံကြားရ၍ ရွာဆီသို့ အသော့နှင်လိုက်ကြသည်။ဦးစံလှသည် သူ၏ဘေးတွင်ရှိနေသော မောင်ဘိုးထင်အား အမေးစကားဆိုလေသည်။ “ကောင်လေး အသံကြီးက ကြောက်စရာကြီး ဘာဖြစ်တာလဲ ဘာဖြစ်နိုင်လဲ “ ...
သို့သော်နွားများပျောက်တာရှတာဖြစ်လာသည့်အပြင် တစ်ခါတစ်ရံလူကိုပါခြောက်လန့်သောကြောင့် ထိုရွာအနောက်ဘက်ကွင်းကို မသွားဖို့ရန်ပင် လူကြီးများကတားမြစ်ထားကြရသည်။ ယခုလည်းသာကျော်က ဦးညိုတုတ်ပြောသည်ကို နားမထောင်ဘဲ ရွာအနောက်ဘက်ကွင်းကို နွားသွားကျောင်းခဲ့ရာမှနွားတစ်ကောင်ပျောက်ခဲ့လေသည်။ တစ်ရက်၌ ရွာက ငပေနဲ့ ပေါက်စ ဆိုသည့် ကလေးနှစ်ယောက်ထိုရွာအနောက်ဘက်ကွင်းရှိ သရက်ပင်ကြီးဆီကိုရောက်လာခဲ့ကြသည်။ သရက်ပင်ကြီးကလည်း သရက်သီးတွေအတော်သီးနေသည် မလို့ ကလေးနှစ်ယောက်အတော်ပျော်သွားကြ၏။ “ငပေ…မြန်မြန်တက်ပါကွ…” “ဟ…ငါတက်နေတာပဲလေ…မင်းကဘာဖြစ်လို့ လောနေရတာလဲပေါက်စရဲ့” “မင်းလည်းသိရဲ့သားနဲ့ငပေရာ… ဒီကွင်းကသရဲရှိတယ်လေ…တို့မြန်မြန်ခူးပြီး မြန်မြန်ပြန်ကြရအောင်ကွာ…” “အေးပါကွာ…လာ…ငါ့နောက်ကလိုက်တက်” ငပေနဲ့ပေါက်စတို့လည်းသရက်ပင်ပေါ်ကိုတွယ်၍ တက်ကြသည်။ ရွာထဲရှိသရက်ပင်တွေကဒီအပင်လောက်အလုံးမကြီး၍ ငပေနဲ့ပေါက်စတို့နှစ်ယောက်တိုင်ပင်ကာ ထွက်လာခဲ့ကြခြင်းဖြစ်သည်။ သရက်သီးများရသလောက်ခူး၍ ရသမျှကိုလည်းမြေပေါ်ကို ပစ်ချထားကြသည်။ “ဒီလိုနေပြန်တော့လည်း… ဘာသရဲမှမရှိဘူးလို့ထင်ရတယ်နော်ပေါက်စ” “မင်းပါးစပ်ပိတ်စမ်းပါ ငပေရာ… ...