နပန်းသရဲ

ကိုပြူးထိုသို့ပြောတော့မယ်သင်ကလည်း

“တော်မဟုတ်တာမပြောနဲ့ကိုပြူး တော့်အဖေချန်ထားခဲ့တဲ့ကြက်ဖကြီးကခြေထောက်အဝါ ဒီကြက်ဖကြီးကခြေထောက်အစိမ်း တော့အဖေချန်ထားခဲ့တဲကြက်ဖကြီးနဲ့ဘာမှမပတ်သက်ဘူး ကျုပ်ကြက်ဖကျုပ်ကိုပြန်ပေး”

မယ်သင်ပြောပြောဆိုဆိုကိုပြူးလက်ထဲမှကြက်ဖကြီးကိုအတင်းဆွဲယူသည် ထိုအခါကိုပြူးကလက်ကိုနောက်သို့ဆုတ်ရင်း ကြက်ဖကြီးကို‌ေသချကြည့်လိုက်သည် သူလက်ထဲမှကြက်ဖကြီးသည်သူ့အဖေချန်ထားခဲ့သည့်ကြက်ဖကြီးနှင့်ခြေထောက်မှလွဲ၍ကျန်တာအားလုံးတူသည် အမွှေးအတောင်အမြီးအမောက်အရောင်အသွေး အားလုံးအတူတူပင် ဒါပေမဲ့ခြေထောက်ကြမှဘာကြောင့်အရောင်မတူရတာလဲ ကိုပြူးကြက်ဖကြီး၏‌ေခြ‌ေထာက်ကိုကြည့်ပြီးစဥ်းစား‌ေနသည်

ကိုပြူးထိုသို့စဥ်းစား‌ေနခိုက် မယ်သင့်အမေပေးလိုက်သောကြက်မကြီးသည် သားပေါက်များကိုထိန်း၍တကွက်ကွက်ဖြင့်သူတို့အနားသို့‌ေရာက်လာသည်

ကိုပြူးကထိုကြက်မကြီး၏‌ေခြ‌ေထာက်ကိုကြည့်လိုက်သည် ထိုအခါကြက်မကြီး၏ခြေထောက်သည်‌ေခြစိမ်းဖြစ်‌ေနကို‌ေတွ့လိုက်ရသည် ဒါကြောင့်ကိုပြူးမယ်သင့်ကိုပိုင်ပိုင်နိုင်နိုင်ပြန်ပြောလိုက်သည်

“ဒီမယ်မယ်သင် ဒီကြက်ဖကငါ့အဖေချန်ထားခဲ့တဲ့ကြက်ဖကြီးနဲ့ခြေထောက်ကလွဲပြီးအားလုံးတူတယ် နင့်အ‌မေပေးလိုက်တဲ့ကြက်မနဲ့ တူတာဆိုလို့ခြေထောက်နှစ်ချောင်းပဲရှိတယ် နင်လိုချင်ရင်ခြေထောက်နှစ်ချောင်းဖြတ်ယူထား ကျန်တာငါအကုန်ယူသွားမယ်ဒါပဲ”

ကိုပြူးထိုသို့ခပ်ပြတ်ပြတ်ပြောပြီးကြက်ဖကြီးကိုခြင်းထဲထည့်လိုက်သည်။မယ်သင်လည်းဘာမှမပြောတော့ပဲအိမ်ပေါ်သို့ခြေဆောင့်၍တက်သွားတော့သည်။

ထိုသို့ကိုပြူးဤကြက်ဖကြီးကိုအရယူရသည်မှာအကြောင်းရှိသည် ဤကြက်ဖကြီးသည်သူ့အိမ်၌မွေးထားသောကျန်မြီးကောင်ပေါက်ကြက်ဖများကိုတွေ့တာနဲ့လိုက်ခွပ်တတ်သည် ကြာလာတော့ထိုမြီး‌ေကာင်‌ေပါက်ကြက်ဖများအိမ်မှာမ‌ေနရဲ‌ေတာ့ ဒါကြောင့်ဒီကြက်ဖကြီးကို ကိုပြူးမြက်မုန်းကျိုးနေသည်မှာကြာပြီဖြစ်သည်

ထို့ကြောင့်ကိုမြင့်ဆောင်နှင့်အလောင်းအစားကိစ္စကိုပုံကြီးချဲ့‌ေပြာကာအရယူခဲ့ခြင်းဖြစ်သည် ဒါကိုမယ်သင်ကမိန်းမသားပီပီအကောင်ကြီးကြီးလှလှပပကြက်ဖကြီးမို့နှမျောနေချင်းဖြစ်သည် သို့သော်သူမတတ်နိုင် ဒီလိုမှမလုပ်ရင်ဒီကြက်ဖကြီးကြောင့်သူနေ့တိုင်းဒေါသဖြစ်နေရလိမ့်မည်ဖြစ်သည်။

(၂)

ကိုပြူးတစ်ယောက်ကြက်ဖကြီးထည့်ထားသည့်ခြင်းကြီးကိုဆွဲပြီးရွာမှထွက်လာသည် အိမ်၌မယ်သင်နှင့်စကားအခြေအတင်ပြောနေရတာကြောင့် သူထွက်လာချိန်တွင်နေပင်အတော်ညိုနေပြီဖြစ်သည်။

သို့‌ေပမဲ့ ဤလမ်းဤခရီးသည်သူသွားနေကြလာနေကြလမ်းဖြစ်၍ကိစ္စမရှိ ထို့ကြောင့်သူကိုမြင့်ဆောင်တဲသို့လာနေရင်းတဖြည်းဖြည်းရွာအနောက်ဘက်လယ်ကွင်းများကိုကျော်လာပြီး တောစပ်နေရာသို့ပင်ရောက်ရှိခဲ့ပြီဖြစ်သည် သူလည်းလူသွားလမ်းလေးအတိုင်းကိုမြင့်ဆောင်တဲရှိရာသို့ဆက်လာခဲ့ရာ လမ်းတစ်နေရာအရောက် သူဆွဲလာသောကြက်ခြင်းထဲမှကြက်ဖကြီးသည် ကြိုးပြေပြီးခြင်းထဲမှခုန်ထွက်သွားသည်

ကိုပြူးလည်းခြင်းထဲမှထွက်သွားသောကြက်ဖကြီးကိုလက်ဖြောက်တီးပြီးပြန်ခေါ်သည် သို့သော်ကြက်ဖကြီးသသည်သူ့ဆီကိုမလာ တကော်ကော်လုပ်ရင်းလမ်းဘေးသို့ဆင်းရန်ပြင်နေသည်

ကိုပြူးလက်ကြီးနှစ်ဘက် ကားကာကြက်ဖကြီးကိုဝေးဝေးမသွား‌ေအာင်တားဆီးနေသည် ထို့နောက်ပါးစပ်မှတတီတီခေါ်ရင်းကြက်ဖကြီးကိုပြန်ဖမ်းဖို့လုပ်လိုက်သည်

သို့‌ေသာ်သူထိုသို့လုပ်လေကြက်ဖကြီးကနောက်သို့ဆုတ်‌ေလဖြင့် ဆုတ်ရင်းဆုတ်ရင်းလမ်းဘေးခြုံထဲသို့ဝင်သွား‌ေတာ့သည် ထိုအခါကိုပြူးလက်ကြီးတကားကားဖြင့် ခြုံကိုပတ်၍ကြက်ဖကြီးကိုဖမ်းရန်ပြင်နေပြန်သည်

သူထိုသို့သူကုန်းကုန်း ကုန်းကုန်းဖြင့်ခြုံထဲမှကြက်ဖကြီးကိုဖမ်းရန်ပြင်နေတုန်း သူနောက်မှနာမည်ခေါ်ပြီးမေးလိုက်သံကိုကြားလိုက်ရသည်

“ဟေ့ကောင်ငပြူး ကုန်းကုန်းကုန်းကုန်းနဲ့ဘာတွေရှာနေတာတုန်းကွ”

ထိုအသံကိုကြားတော့ကိုပြူးဆတ်ကနဲ‌ေနာက်လှည့်ကြည့်လိုက်သည် ထိုအခါသူ့နောက်မှာလူတစ်ယောက်ရပ်နေတာကိုတွေ့လိုက်ရသည်

ကိုပြူးခြုံထဲကကြက်ဖကြီးကိုအာရုံရောက်နေ၍ ထိုသူဘယ်အချိန်တည်းကမိမိနောက်ရောက်နေမှန်းမသိလိုက် ထိုသူသည်‌ေသျှာင်တစ်စောင်းနှင့်ဖြစ်ပြီး အပေါ်ပိုင်းဗလာကျင်းထားကာခါး၌ကွက်ထောက်ပုဆိုးကြီးကိုဝတ်ထားသည်

ကိုပြူးထိုသူကိုကြည့်ပြီးမိမိတို့ရွာထဲကမဟုတ်မှန်းသိလိုက်သည် ထို့နောက်ထိမ်ပင်ရွာကများလားဟုတွေးမိလိုက်ပြန်သည် သို့သော်ထိမ်ပင်ရွာထဲမှာလည်းထိုသို့‌ေသျှာင်တစောင်းနှင့်လူတစ်ယောက်မှမရှိ ဒါပေမဲ့ထိုသူသည်မိမိနာမည်ကိုသိနေသည်မှထူးဆန်း‌ေနသည် ထိုကြောင့်ကိုပြူးထိုသူကိုပြန်မေးလိုက်သည်

“ဒါနဲ့ခင်ဗျားကဘယ်သူတုန်းဗျ ဒီအနီးအနားရွာတွေမှာတော့တစ်ခါမှမမြင်ဘူးပါလား”

“ငါဘယ်သူဘယ်ဝါဆိုတာမင်းသိဖို့မလိုပါဘူးကွ အခုမင်းဘာလုပ်နေတာလဲဆိုတာသာပြောစမ်းပါ”

ထိုအခါကိုပြူးက

“ကျုပ် ကြက်ဖကြီးလွတ်သွားလို့ပြန်ဖမ်းနေတာဗျ”

“အေး အဲ့ဒါဆိုငါလည်းဖမ်းကူမယ်ကွာ ဒါပေမဲ့မင်းနဲ့ငါနပန်းအရင်လုံးလိုက်ရ‌အောင်”

ထိုသူထိုသို့ပြောလိုက်တော့ကိုပြူး ပြာပြာသလဲညင်းလိုက်သည်

“ဟာဗျာ အရေးထဲခင်ဗျားကတမှောင့် ဘာတွေလာပြောနေမှန်းမသိဘူး ဒီမှာကြက်ပြန်ဖမ်းမရလို့စိတ်ညစ်နေရတဲကြားထဲ”

ကိုပြူးထိုသို့ပြောလိုက်တော့ ထိုသူခဏမျှစဉ်းစားလိုက့်ပြီး

“ဒါဆိုဒီလိုလုပ်ကွာ မင်းကြက်ကိုငါအရင်ဖမ်းပေးမယ်
ကြက်ဖမ်းပြီးမှပဲနပန်းလုံးကြတာပေါ့”

ကိုပြူးထိုသူကိုသေချာကြည့်လိုက်သည် ဒီလူစိတ်မှကောင်းသေးရဲ့လားဟုလဲတွေးလိုက်မိပြန်သည်

ထို့နောက်

“ဒီမယ် ခင်ဗျားနဲ့နပန်းလုံးဖို့ကျုပ်မှာအချိန်မရှိဘူး အချိန်ရှိလဲမလုံးနိုင်ဘူးဗျာ”

ကိုပြူးထိုသို့ပြောပြီးခြုံထဲကကြက်ဖကြီးကိုသာဘယ်လိုဖမ်းရမလဲကြည့်နေသည် သူထိုသို့ကြည့်နေတာမြင်‌ေတာ့ထိုသူကဆက်ပြောပြန်သည်

“ဒါဆို မင်းကြက်ဖကြီးငါ့ကိုပေးခဲ့ကွာ ငါလည်းဗိုက်စာနေတာနဲ့အတော်ပဲ”

“ခများဗိုက်စာရင်အိမ်ပြန်ပေါ့ဗျ ကျုပ်ကြက်ကိုတော့မပေးနိုင်ဘူး”

ကိုပြူး ကြက်ဖကြီးကိုပြန်ဖမ်းမရလို့စိတ်ညစ်နေရသည့်အထဲ ကြက်လာတောင်းသူနှင့်တွေ့ရပြီးစိတ်ပါတိုလာသည် ဒါကိုကြည့်ပြီးထိုသူကဆက်ပြောပြန်သည်

“မင်းဖမ်းလဲ ကြက်ဖကြီးကိုမမိတော့ပါဘူးကွာ ငါစားဖို့ပဲထားခဲ့လိုက်ပါတော့”

ကိုပြူးထိုသူပြောသေားစကားကိုကြားပြီးစိတ်တိုသွားကာ

“ကဲဖမ်းလို့ရလားမရလားခင်ဗျားကြည့်နေ”

ပြောပြောဆိုဆိုကိုပြူး လွယ်အိပ်ထဲမှလေးဂွကိုထုတ်ယူလိုက်သည် ထို့နောက်ခြုံထဲမှကြက်ဖကြီး၏ခေါင်းတဲ့တဲ့သို့‌ေလးဂွဖြင့်ချိန်ကာပစ်လိုက်‌တော့သည် ထိုအခါကြက်ဖကြီးသည် ကိုပြူးပစ်လိုက်သောလောက်စာလုံးထိမှန်ပြီးတောင်ပံတဖျတ်ဖျတ်ခတ်ကာလဲကြသေဆုံးသွားတော့သည်

ထိုအခါကိုပြူးကဘယ့်နဲလဲဆိုသောအကြည်ဖြင့်မိမိနောက်မှလူကိုလှည့်ကြည့်လိုက်သည် သို့သော်သူ့နောက်တွင်ထိုသူရှိမနေတော့ ဘယ်ရောက်သွားပါ့လိမ့်
ကိုပြူးထိုသို့တစ်ကိုယ်တည်းပြောရင်းအနီးအနားပတ်ဝန်းကျင်သို့ကြည့်လိုက်သည်
ထိုသူ၏အရိပ်အရောင်ကိုမျှမတွေ့ရတော့ ဒါနဲ့ကိုပြူးလည်းတစ်ယောက်ထည်းစကားပြောလိုက်သည်

“ကဲငပြူးကိုနပန်းလုံးဖို့စိန်ခေါ်တဲ့ကောင် ငပြူးလက်သံကိုမြင်ပြီး ဘယ်ရောက်လို့ဘယ်ပြောက်သွားမှန်းတောင်မသိလိုက်ဘူး ပြေးတာကိုတန်းနေတာပဲမြင်တောင်မမြင်လိုက်ရဘူး”

ကိုပြူးထိုသို့ ပြေးတာမမြင်ရပဲနှင့်တန်းနေအောင်ပြေးသည်ဟုတစ်ကိုယ်တည်း‌ပြောရင်း ခြုံထဲမှကြက်သေကြီးကိုကောက်ကာခြင်းထဲပြန်ထည့်လိုက်ပြီး ကိုမြင့်ဆောင်တဲသို့ဆက်လာခဲ့တော့သည်။

ထိုသို့ ကြက်သေကြီးကိုခြင်းထဲထည့်ဆွဲလာရင်းတစ်ခုခုထူးခြားနေသည်ကိုကိုပြူးသတိထားမိလိုက်သည် သူအိမ်မှထွက်လာစဉ်ကကြက်ဖကြီးသည်ဒီလောက်မလေး အခု‌ေတာ့သိသိသာသာလေးနေသည် ကိုပြူးထိုသို့သိသိသာသာလေးလာနေသောကြက်ခြင်းကြီးကိုဆွဲလာရင်း

“အင်း သတ္တဝါးများသေပြီးမှပိုလေးလာတယ်ဆိုတာတယ်မှန်သကိုးဟ”

ကိုပြူးထိုသို့တစ်ယောက်တည်းပြောရင်းကြက်ခြင်းကြီးကိုဆွဲကာတ‌ေရွ့‌ေရွ့လာ‌ေနသည်

ထိုအချိန် ခြင်းထဲမှကြက်သေကောင်ကြီးသည်ခြင်းပေါက်မှနေပြီးကိုပြူး၏ခြေထောက်ကိုလှမ်းစိတ်လိုက်သည် ကိုပြူးရုတ်တရက်အံ့ဩသွားပြီးနှုတ်မှလွှတ်ခနဲ
ထွက်သွားသည်

“ဟဲ့ ဘယ့်နဲကြက်သေကောင်ကြီးကငါ့လာဆိတ်နေရတာတုန်းဟ”

ကိုပြူးထိုသို့ပြောပြီး ကြက်ခြင်းကြီးကိုအောက်သို့ချလိုက်ကာ ကြက်ဖကြီးကိုသေမသေသေချာကြည့်လိုက်သည် သူထိုသို့ကြည့်လိုက်တော့လည်း ခြင်းထဲမှကြက်သေကြီးသည် လည်ပင်းကြီးစဥ်းလျှက်မျက်လုံးများပိတ်ကာတုတ်တုတ်မျှမလှုပ် ကိုပြူးသူ့စိတ်ကထင်နေခြင်းဖြစ်မည်ဟုတွေးရင်း ခြင်းကိုဆွဲကာရှေ့သိုဆက်လာခဲ့သည်
ထိုအခါကြက်သေကြီးသည် စောစောကထက်ပင်ပိုလေးလာပြန်သည် သူလည်းကိုမြင့်ဆောင်တဲသို့ရောက်ခါနီးပြီဖြစ်၍ရှေ့ဆက်ဆွဲလာရင်း တဖြည်းဖြည်း
တဲနှင့်တစ်ခေါ်စာအကွာအ‌ေဝးသို့ရောက်လာသည်

ထိုနေရာသို့ရောက်တော့ ခြင်းထဲမှကြက်သေကြီးသည်သူ့ခြေထောက်ကိုနှစ်ချက်ဆက်၍ဆိတ်ပြန်သည်
ဒီတစ်ခါတော့ကိုပြူး သူစိတ်ထင်နေတာမဟုတ်မှန်းသိလိုက်သည်

ထို့ကြောင့် ခြင်းထဲမှကြက်သေကောင်ကြီးကိုကြည့်ပြီးသံသရဖြစ်လာသည် ရှေ့ဆက်ဆွဲမ‌သွားတော့ပဲ ထိုနေရာမှာရပ်ကာ တဲမှကိုမြင့်ဆောင်ကိုအော်ခေါ်လိုက်‌ေတာ့သည်။

(၃)

ကိုမြင့်ဆောင်တစ်‌ေယာက် နွားကြီးနှစ်ကောင်ကိုတဲတိုင်တွင်ချည်နေရာမှရုတ်တရက်ကိုပြူး၏ခေါ်သံကြားလိုက်ရသည်
ထို့ကြောင့်ကိုပြူးခေါ်နေတာကိုပြန်ထူးရင်သူ့ဆီသို့သွားလိုက်သည်

“ငပြူးမင်းဒီအချိန်ကြီးဘာလာလုပ်တာတုန်း”

“အဲ့ဒါတွေနောက်မှမေးဟ လောလောဆယ်ဒီကိုရောက်အောင်မြန်မြန်လာခဲ့”

ကိုမြင့်ဆောင်ဘာမှဆက်မမေးတော့ပဲ ကိုပြူးဆီသို့အမြန်ရောက်အောင်သွားလိုက်သည်
ထိုနေရာသို့ရောက်တော့ ကြက်ခြင်းကြီးဘေးချပြီးသူ့ကိုစောင့်နေသည့်ကိုပြူးကိုတွေ့လိုက်ရသည်

“ငပြူးမင်းဘာလာလုပ်တာတုန်းဟ မိုးတောင်ချုပ်နေပြီ”

ကိုမြင့်ဆောင်ထိုသို့‌ေမးလိုက်‌ေတာ့ ကိုပြူးကိုပြန်‌ေဖြသည်။

“ငါ့ဂတိအတိုင်းမင်းဆီကြက်လာပို့တာလေကွာ အိမ်မှာမယ်သင်နဲ့စကားနဲနဲပြောနေရလိုကြာသွားတာ”

“ဟာကွာမဟုတ်တာ မင်းဆီကကြက်ကိုငါတကယ်မလိုချင်ပါဘူးကွာ စကားအဖြစ်သာပြောလိုက်တာ ကဲမင်ကြက်ကိုမင်းပြန်ယူသွားတော့”

“ပြန်ယူသွားလဲဘာမှမထူးတော့ဘူးမြင့်ဆောင် ကြက်ကသေနေပြီ လမ်းမှာခြင်းထဲကလွတ်သွားလို့ ပြန်ဖမ်းမရတာနဲ့ ငါလည်းလေးဂွနဲ့တစ်ခါတည်းပစ်လာခဲ့တာ”

ကိုမြင့်ဆောင်ငပြူးကြက်ခြင်းထဲကိုကြည့်လိုက်သည်ထိုအခါလှုပ်တုပ်လှုပ်တုပ်ဖြစ်‌ေန‌ေသာခြင်းထဲမှကြက်ကိုကြည့်ပြီးကိုပြူးကိုပြောလိုက်သည်

“ငပြူးမင်းကြက်ကမသေသေးပါဘူးကွ ငါမြင်တာတော့ခြင်းထဲမှာလှုပ်တုတ်လှုပ်တုတ်နဲ့အရှင်ကြီးရှိပါသေးတယ်”

သူထိုသို့ပြောလိုက်တော့ကိုပြူးအံ့ဩတကြီးဖြစ်သွားသည် ထို့နောက်

“ဟေဟုတ်လားကွ ဒါကြောင်ဒီကြက် ခြင်းထဲကနေငါ့ကိုလှမ်းလှမ်းဆိတ်နေတာကို ဒါပေမဲ့မြင့်ဆောင် ငါ့လေးဂွနဲ့သာခေါင်းတဲ့တဲ့မှန်ရင် မသေတဲ့ကြက်မရှိပါဘူး ဒီကြက်ကြမှထူးထူးဆန်းဆန်းကွာ”

“မင်းပြစ်တာခေါင်းမမှန်ပဲကိုလုံးမှန်ပြီးသတိမေ့နေတာဖြစ်မှာပေါ့ကွာ ဒါကြောင့်ခြင်းထဲရောက်မှသတိရလာပြီးမင်းခြေထောက်ကိုဆိတ်တာနေမှာပေါ့”

ကိုမြင့်ဆောင်ထိုသို့ပြောလိုက်တော့ကိုပြူးလက်မခံ

“မဟုတ်ဘူးကွမြင့်ဆောင်ခေါင်မှခေါင်း ငါသေသေချာချာချိန်းပြီးပစ်တာ ပြီးတော့နီးနီးလေးပဲဟာ
လွဲစရာအကြောင်းမရှိဘူး မင်းဓါတ်မီးပါရင်အဲ့ဒီကြက်ကိုသေသေချာချာထိုးကြည့်လိုက်”

ကိုမြင့်ဆောင် လွယ်အိပ်ထဲ၌အသင့်ပါလာသောဓါတ်မီးကိုထုတ်ယူလိုက်ပြီး ခြင်းထဲမှကြက်ဖကြီးကိုဓါတ်မီးဖြင့်ထိုးကြည့်လိုက်သည်

ထိုအခါကြက်ဖကြီးသည် လည်ပင်းကြီးစဉ်းပြီးမျက်လုံးမှိတ်လျှက်သေနေတာကိုတွေ့လိုက်ရသည် ထိုအခါကိုပြူးက

“ငါမပြောဘူးလားမြင့်ဆောင် ဒီကြက်ကသေနေပါပြီဆို မင်းအမြင်လွဲတာဖြစ်မှာပါ”

ကိုပြူးထိုသို့ပြောပြီး ခြင်းထဲမှကြက်ဖအသေကောင်ကြီးကိုအပြင်သို့ထုတ်ယူရန် လက်ကိုလှမ်းလိုက်သည် ထိုအခိုက် ကြက်သေကြီး၏မျက်လုံးသည် ရုတ်တရက်ပွင့်လာပြီး ကိုပြူးကိုကြည့်နေသည် ထိုကြက်‌ေသကြီးကြည့်နေပုံမှာကြက်တစ်ကောင်ကဲ့သို့မဟုတ်ပဲလူတစ်ယောက်ကဲ့သို့ဖြစ်‌ေနပြီးမျက်လုံးမှာလည်းမဲနက်နေသည်။

ကိုပြူးရုတ်တရက်နောက်သို့ခုန်ဆုတ်လိုက့်ပြီး ကိုမြင့်ဆောင်ကိုပြောလိုက်သည်

“ဟာ ဘယ်လိုဖြစ်တာတုန်းဟ မင်းမြင်လိုက်လားမြင့်ဆောင် ဒီကြက်သေကြီးငါ့ကိုလူတစ်ယောက်လိုကြည့်နေတာကို”

“အေးမြင်လိုက်တယ်ငပြူး မင်းနောက်ဆုတ်နေ သွားမကိုင်နဲ့ဦး”

သူတို့နှစ်ယောက်ထိုသို့ပြောပြီးကြက်သေကြီးကိုကြည့်နေကြသည် ထိုသို့ကြည့်နေစဉ်မှာပဲကြက်သေကောင်ကြီးသည် ကုန်းကုန်းကုန်းကုန်းနှင်တဖြည်းဖြည်းထလာပြီးခြင်းအပြင်ဘက်သို့ခုန်ထွက်လိုက်‌ေတာ့သည်

ထို့နောက် တောင်ပန်တဘုန်းဘုန်းခတ်ကာကိုပြူးကိုကြည့်ပြီးတွန်‌ေနသည် သို့သော်သူတွန်လိုက်သောအသံသည်ကြက်တွန်သံမဟုတ်ပဲ လူတစ်ယောက်ကြက်တွန်သံလိုလုပ်ပြီးအော်လိုက်သလိုကြီးဖြစ်နေသည်

ထိုအသံကြီးကိုကြားလိုက်တော့ကိုပြူးကကိုမြင့်ဆောင်ကိုပြောလိုက်သည်

“မြင့်ဆောင် မင်းလေးဂွပါရင်ကြည့်ကြည့်စမ်းကွာ ဒါကြက်တော့ဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူး ကြက်သေကောင်ကိုအပမှီလာတာများလားမသိဘူး”

ကိုမြင့်ဆောင် သူ့လက်ထဲမှဓါတ်မီးကို ကိုပြူးကိုပေးလိုက်ပြီး လွယ်အိပ်ထဲမှလေးဂွကိုထုတ်ကိုင်လိုက်သည်

ထိုအခါ ကိုပြူးကိုကြည့်ပြီးတွန်နေသောကြက်ဖကြီးသည် ကြက်ဖတစ်ကောင်မဟုတ်တော့ပဲလူတစ်ယောက်ဖြစ်နေတာကိုမြင်လိုက်ရပြီး ကြက်သေကောင်ကြီးကိုပူးကပ်နေသောသရဲတစ္ဆတစ်ကောင်ဖြစ်သည်

ထိုကြက်သေကောင်ကိုမှီလာသောသရဲသည် ကိုပြူးကိုကြည့်ပြီးလက်ခမောင်းခတ်လျှက်စိန်ခေါ်နေခြင်းဖြစ်သည် သူထိုသို့လုပ်နေတာကို ကိုမြင့်ဆောင်သေချာကြည့်နေတာမြင်တော့ဆက်မလုပ်တော့ပဲရပ်‌ေနသည် ထို့နောက် သူ့ကိုကိုမြင့်ဆောင်မြင်နေရမှန်းသိသွားပြီးနောက်သို့လှည့်ပြေးတော့သည်

ထိုသရဲကိုယ်မှခွါသွားသည့်နှင့်စောစောကထတွန်နေသောကြက်သေကြီးသည် မြေပေါ်တွင်တုံးလုံးလဲကြလျှက်ငြိမ်သက်သွားသည်။

ကိုပြူးထိုကြက်သေးကြီးကိုကြည့်ပြီးကိုမြင့်ဆောင်ကိုမေးလိုက်သည်

“မြင့်‌ဆောင့်ဘယ်လိုတုန်းကွ ငါပြောသလိုအပမှီနေတာမဟုတ်လား”

“အေးဟုတ်တယ် အဲ့ဒီသရဲကမင်းကိုလက်ခမောင်းခတ်ပြီးစိန်ခေါ်နေတာ ဘယ်နားကများလိုက်လာတာတုန်းမသိဘူး”

ကိုမြင့်ဆောင်ထိုသို့သူမြင်တာကိုပြောလိုက်တော့ကိုပြူးက

“သရဲမသားသရဲ ဒင်းလိုက်လာလို့ငါ့ကြက်ခြင်းဒီလောက်လေးနေတာကို”

ထိုအခါမှကိုပြူးသူဆွဲလာသည့်ကြက်ခြင်းဘာ့ကြောင့်လေးနေရမှန်းသိသွားတော့သည် ထို့နောက်ကိုမြင့်ဆောင်ကိုဆက်မေးလိုက်သည်

” မြင့်ဆောင် ပြောစမ်းပါဦးကွ မင်းမြင်လိုက်တဲ့တစ္ဆေသရဲကဘယ်လိုပုံစံမျိုးလဲဆိုတာ”

ကိုပြူးထိုသို့မေးလိုက်တော့ကိုမြင့်ဆောင်သူမြင်လိုက်တဲမကောင်းဆိုးဝါးပုံကိုပြောပြလိုက်သည်

“ငါမြင်လိုက်တာက‌တော့လူတစ်ယောက်လိုပဲကွ သျှောင်တစောင်းနဲ့ပုဆိုးကွက်ထောက်ကြီးဝတ်ထားတယ် အပေါ်ပိုင်းဘာမှမဝတ်ထားဘူး”

“ဟာ ဒါဆိုငါ့ကိုနပန်းလုံးဖို့‌ေပြာတာတစ္ဆေသရဲတကောင်ပေါ့ သူလဲမင်းပြောတဲ့ပုံအတိုင်းပဲကွ”
သူနဲ့နပန်းမလုံးလို့ ကြက်သေထဲမှီပြီးတော့လိုက်နှောက်ယှက်တာနေမယ် ငါ့ခြေထောက်ကိုလဲဆိတ်သွားသေးတယ် တောက် သရဲမသားငပြူးကိုစိန်ခေါ်နေတာကိုး”

ကိုပြူးထိုသို့ပြောပြီးသူ၏ခြေသလုံးကိုလှန်ကြည့်လိုက်သည်‌ ထိုအခါကြက်ဆိတ်ရာဘေးပတ်ပတ်လည်တွင်လက်တဝါးစာ‌ေလာက်ညိုမဲနေသောအကွက်ကြီးဖြစ်နေသည်ကိုမြင်လိုက်ရပြီးကိုမြင့်ဆောင်ကိုပြောလိုက်သည်

“ဟမြင့်ဆောင်ကြက်ဆိတ်တာဒီလောက်တော့ညိုမဲမနေပါဘူးကွ အခုဟာကဘယ်လိုဖြစ်တာတုန်း”

ကိုမြင့်ဆောင်လည်းကိုပြူးခြေသလုံးမှညိုမဲနေသောအကွက်ကြီးကိုကြည့်ကာ

“မင်းဟာကရိုးရိုးကြက်ဆိတ်တာမဟုတ်ဘူးလေကွာ
အပမှီနေတဲ့ကြက်ဆိတ်တာဆိုတော့ ပေါ့ပေါ့ဆဆနေလို့တော့မရဘူး ကပ္ပိယကြီးကိုပြကြည့်ဦး”

“အေးငါအိမ်ပြန်ရောက်မှ ကပ္ပိယကြီးကိုပြကြည့်လိုက်မယ် အခုတော့ငါ့အသားကိုနာအောင်လုပ်တဲ့သရဲငါနဲ့တွေ့ပြီပေါ့ကွာ”

ကိုပြူးထိုသို့ပြောပြီးအံတကြိတ်ကြိတ်လုပ်နေသည်
သူကိုကြည့်ရသည်မှာ သူ့အသားကိုနာအောင်လုပ်သွားသည့်သရဲကို မကျေနပ်ပဲတစ်ယောက်တည်းသွားပြီးနပန်းလုံးမည့်ပုံဖြစ်သည် ဒါ့ကြောင့်သူကိုမြင့်ဆောင်ကိုပြောလိုက်သည်

“မြင့်ဆောင်ငါအိမ်ပြန်တော့မယ်ကွာ မင်းလည်းတဲကိုပြန်‌ေတာ့”

“မင်းတစ်ယောက်ထည်းပြန်လို့မဖြစ်ပါဘူး ဓါတ်မီးမပါဘာမပါနဲ့ ငါလိုက်ပို့မယ်”

“အေးမင်လိုက်ပို့ရင်တော့ပိုကောင်းတာပေါ့ကွာ ငါ့ကိုစိန်ခေါ်သွားတဲ့သရဲ ဒီနေညငါနဲ့တွေ့ပြီမှတ် ငပြူးတဲ့ကွတပြူးပဲရှိတယ် နှစ်ပြူးမရှိဘူး ငပြူးစိတ်တိုလာရင်ပြူးရာကနေပြဲသွားပြီသာမှတ် ကဲလာမြင့်ဆောင်သွားရအောင်”

ကိုပြူးထိုသို့ပြောပြီးရှေကနေထွက်သွားသည်ကိုမြင့်ဆောင်လည်းငပြူးနောက်မှလိုက်ရင်း

“ငပြူးမင်းလုပ်မလို့တုန်း”

“ငါ့ကိုစိန်ခေါ်သွားတဲ့သရဲကိုပြန်စိန်ခေါ်မယ်ကွာ ဒီနေ့ညအဲ့ဒီသရဲနဲ့နပန်းလုံမယ်”

“ဖြစ်ပါ့မလားကွ မင်းခြေ‌ေထာက်မှာကဒဏ်ရာကြီးနဲ့”

“ဒီဒဏ်ရာလောက်ကတော့ငပြူးတို့ကအပြော့ပါကွာ”

“မဖြစ်ဘူးကွ ဒီဒဏ်ရာကိုကပ္ပိယကြီးနဲ့အရင်ပြမှရမယ်
နောက်တော့မှမင်းကြိုက်သလိုလုပ်”

ကိုမြင့်ဆောင်ထိုသို့ပြောလိုက်တော့ကိုပြူးခဏစဉ်းစားသွားပြီး

“အေးကွာအဲဒါဆိုလဲ အဲဒီသရဲကိုနောက်နေ့ညနပန်းလုံးဖို့လမ်းမှာဝင်ပြောခဲ့မယ် အဲ့ဒီသရဲအဲ့ဒီနားမှာတော့ရှိဦးမှာပါ”

ကိုပြူးထိုသို့ပြောပြီးရှေ့မှခပ်သွက်သွက်လျှောက်သည် ကိုမြင့်ဆောင်လည်းဘာမှမပြောပဲနောက်မှဓါတ်မီးထိုးပြီးလိုက်လာသည် ငယ်သူငယ်ချင်းမို့ငပြူးအကြောင်းကိုသူသိသည် ငပြူးသည်ကြောက်ခြင်ရင်လဲနှစ်ယောက်မရှိအောင်ကြောက်သည်

သို့‌ေသာ်သူသတ္တိရှိပြီဆိုရင်လဲဘယ်သူမှလိုက်မမှီတော့ ဘယ်သူမှတားလိုမရတော့ပဲသူလုပ်ချင်တာကိုလုပ်ရမှကျေနပ်သည်

သူတို့နှစ်ယောက်ထိုသို့သွား‌ေနရင်းကိုပြူးဆတ်ခနဲ့ရပ်လိုက်ပြီးကို‌မြင့်‌ေဆာင်ကိုပြောလိုက်သည်

“မြင့်ဆောင် အဲ့ဒီသရဲကိုတွေ့ခဲ့တာဒီနေရာပဲကွ ဟိုခြုံထဲမှာငါကြက်ဖကြီးကိုဖမ်းဖို့လုပ်နေတုန်း အဲ့ဒီသရဲငါ့‌ေနာက်ကရောက်လာတာပဲ ဘယ်ကထွက်လာမှန်းလဲမသိဘူး”

ကိုမြင့်ဆောင်ကိုပြူးပြသည့်နေရာကိုကြည့်လိုက်သည်
သစ်ပင်ကြီးကြီးမားမားလဲတစ်ပင်မှမရှိ ခပ်နိမ့်နိမ့်သစ်ပင်ခြုံပုတ်များသာရှိသည့်သီးနှံမစိုက်တာကြာပြီဖြစ်‌သောယာကွက်တစ်ခုပင်ဖြစ်သည်။သူထိုသို့နေရာအနှံလိုက်ကြည့်နေတုန်း ကိုပြူးကသူ့‌ကို‌ပြောလိုက့်ပြန်သည်

“မြင့်ဆောင် ဒီသရဲငါ့ကိုကြောက်လို့များထွက်ပြေးသွားပြီလားမသိဘူးကွ”

ကိုပြူးထိုသို့ပြောလိုက်ပြီးမရှေးမနှောင်းမှာပင် ခြုံပုတ်အကွယ်မှလူတစ်ယောက်ထွက်လာပြီး သူတို့ကိုပြောလိုက်သည်

“ငါဘယ်မှထွက်မပြေးပါဘူးငပြူးရ မင်းပြန်လာမှာသိလို့စောင့်နေတာ မှေးခနဲအိပ်ပျော်သွားလို့မင်းတို့ရောက်လာတာကိုမသိလိုက်ဘူးကွ ဘယ်လိုလဲမင်းငါနဲ့နပန်းလုံးတော့မယ်မို့လား”

ကိုပြူး ထိုသရဲပြောတာကိုနားထောင်ပြီးပြန်ပြောလိုက်သည်

“ကျုပ်ခင်ဗျားနဲ့နပန်းလုံးမှာပါ ဒါပေမဲ့ဒီနေတော့မဟုတ်သေးဘူး မနက်ဖြန်ညဒီလိုအချိန်ဒီနေရာကပဲဆောင့်နေကျုပ်လာခဲ့မယ်”

ကိုပြူးထိုသို့ပြောလိုက်တော့ထိုသရဲကျေနပ်သွားပြီး

“အေးအဲ့ဒါဆိုမနက်ဖြန်ညငါဒီနေရာကစောင့်နေမယ် မင်းရောက်အောင်လာခဲ့ တကယ်လို့မင်းရောက်မလာရင်ငါမင်းအိမ်ထိရောက်အောင်လာလိုက်လာမှာ အခုတော့ငါသွားတော့မယ်”

ထိုသို့ပြောပြီးနပန်းလုံးခြင်သည့်သရဲလည်းခြုံပုတ်အကွယ်သို့ဝင်‌ေရာက်‌ေပြာက်ကွယ် သွားသည်

ထိုအခါကြမှသူတို့လည်း‌ေရှ့သို့ဆက်သွားပြီးရွာသို့ရောက်အောင်ပြန်ခဲ့တော့သည် ထို့နောက်ကိုပြူးကိုသူ၏အိမ်သို့ရောက်အောင်ပို့ပြီးတဲသို့ပြန်မည်အလုပ်ကိုပြူးကသူကို‌ေပြာလိုက်သည်။

“မြင့်ဆောင်မင်းမနက်ဖြန်ငါနဲ့လိုက်ခဲ့ဦးကွာ”

“အေးပါကွ ငါမနက်ဖြန်မနက်ခင်းအလုပ်ပြီးသွားရင်
နေ့ခင်းပိုင်းမင်းဆီလာခဲ့လိုက်မယ် အခုတော့ပြန်လိုက်ဦးမယ်ကွာ”

ကိုမြင့်ဆောင်ထိုသို့ကိုပြူးအားပြောဆိုနှုတ်ဆက်ပြီးတဲသို့ပြန်ခဲ့လိုက်တော့သည်။

(၄)

ထိုသို့ဖြင့်နောက်နေ့ နေ့ခင်းပိုင်းသို့အရောက် ကိုမြင့်ဆောင်ကိုပြူးအိမ်သို့သွားလိုက်သည်။သူကိုပြူးအိမ်သို့ရောက်တော့ ကပ္ပိယကြီးလည်းရောက်နေသည်ကိုမြင်လိုက်ရသည် ကပ္ပိယကြီးသည်ကိုပြူး၏ခြေထောက်မှ
အညိုအမဲကွက်ကြီးကိုကြည့်ပြီးပြောလိုက်သည်

“ငပြူး မင်းခြေထောက်ကအညိုအမဲတွေခဏနေရင်ပြောက်သွားလိမ့်မယ် ဘာမှကြီးကြီးမားမားမဖြစ်ပါဘူး
အဲ့ဒီကောင်ကမင်းသူနဲ့နပန်းမလုံးလုံးအောင် မင်းကိုဒေါသဖြစ်အောင်စနေတာကွ”

“ဟုတ်လားကပ္ပိယကြီး ဒါဆိုတော်သေးတာပေါ့ဗျာ ကျုပ်ကဒီဒဏ်ရာတခုခုဖြစ်ပြီး ဒီနေ့ညအဲ့ဒီကောင်နဲ့ချိန်းထားတဲ့နေရာကိုမသွားနိုင်မှာစိတ်ပူနေတာ”

ကိုပြူးထိုသို့ပြောလိုက်တော့ ကပ္ပိယကြီးကသူ့ကိုကြည့်ပြီး

“သွားတာကတော့သွားနိုင်ပါတယ်ကွာ ဒါပေမဲ့မင်းဒီအတိုင်းသွားရင်လဲဘာမှမထူးပါဘူး မောတာပဲအဖတ်တင်မယ်”

“ဘာဖြစ်လို့လဲ ကပ္ပိယကြီးရ”

“အဲ့ဒီကောင်က မင်းကိုသူမမောမချင်းနပန်းလုံးခိုင်းနေမှာပဲ သူမောသွားလို့နပန်းဆက်မလုံးနိုင်ရင်တောင် နောက်နေ့တွေဆက်ချိန်းရင်ချိန်းနေဦးမှာကွ”

“ဗျာ အဲ့ဒါဆိုအဲ့ဒီသရဲကျုပ်ကိုနေ့တိုင်းနပန်းလာလုံးခိုင်းနေရင်ဘယ်လိုလုပ်မလဲ ကပ္ပိယကြီး”

“မပူပါနဲ့ကွာ အဲ့ဒီသရဲမင်းကိုနပန်းဆက်မလုံးရဲအောင်ငါလုပ်ပေးလိုက်ပါ့မယ်”

ကပ္ပိယကြီးသည်ထိုသို့‌‌ေပြာပြီးသူ၏လွယ်အိပ်ထဲမှကြိုးအနီရောင်ခပ်သေးသေးလေးတစ်ချောင်းကိုထုတ်ယူလိုက်သည် ထို့နောက် ကိုပြူးကိုပေးလိုက်ပြီး

“ကဲငပြူး မင်းလက်မောင်းမှာအဲ့ဒီကြိုးလေးကိုပတ်ချည်ထားလိုက် ဒါဆိုအဲ့ဒီသရဲ မင်းနဲ့နပန်းတခါလုံးပြီးတာနဲ့‌နောက်ဘယ်တော့မှစိန်ခေါ်ရဲမှာမဟုတ်တော့ဘူး”

ကိုပြူးလည်းကပ္ပိယကြီးပေးသောကြိုးလေးကိုလက်မောင်းမှာချည်ထားလိုက်သည် ထိုသို့ဖြင့် ခဏကြာတော့ကပ္ပိယကြီးသည် သူတို့နှစ်ယောက်ကိုနှုတ်ဆက်ကာကျောင်းသို့ပြန်သွားတော့သည်။

ထိုသို့ဖြင့်အချိန်သည်တဖြည်းဖြည်းကုန်ဆုံးလာပြီး
နွားရိုင်းသွင်းချိန်သို့ပင်ရောက်ခဲ့ပြီဖြစ်သည်။ထိုအခါကိုပြူးကကိုမြင့်ဆောင်ကိုရုတ်တရက်ထပြောလိုက်သည်

” ငပြူးသတ္တိ ဘယ်လောက်ရှိ သရဲသိအောင် ပြချင်ဘိ”

ထိုအခါကိုမြင့်ဆောင်ကလည်း

“ပြပါပြပါ ငပြူးရာ ငါလဲလိုက်ကြည့်မှာ”

“အဲ့ဒါဆိုအလွယ်သား အခုပဲသွားစို့လား”

ကိုပြူးထိုသို့ပြောပြီး ရှေ့မှထွက်သွာသည် ကိုမြင့်ဆောင်လည်းသူနောက်မှလိုက်လာခဲ့တော့သည်။

(၅)

ထိုသို့ဖြင့်ကိုမြင့်ဆောင်နှင့်ကိုပြူးသည် သရဲနှင့်နပန်းလုံးရန်ချိန်းထားသောနေရာသို့ရောက်လာခဲ့ပြီဖြစ်သည်။ ထိုအခါကိုပြူးက သူနှင့်နပန်းလုံးရန်ချိန်းထားသောသရဲကိုမတွေ့ရ၍လှမ်းခေါ်လိုက်သည်

“သရဲငကြောက် ဘယ်ဆီပြောက် ငါ့ရှေ့အမြန်ရောက်”

“ငါမကြောက်ပါ ငပြူးရာ မင်းဆီလာပြီကွာ”

“အဲ့ဒါဆို နှစ်ယောက်သား လုံးလိုက်ကြစို့လား”

ကိုပြူးထိုသို့ပြောပြီးခြုံအကွယ်မှထွက်လာသောသရဲဆီသို့ပြေးဝင်ထိုးလုံးလိုက်တော့သည် ထိုအခါသရဲသည်
ကိုပြူး၏လက်ဦးမှုရယူကာအရှိန်ဖြင့်ပြေးဝင်ထိုးလုံးလိုက်တာကြောင့် နောက်သို့ပက်လက်လန်လဲကြသွားသည် ထိုနောက်မြေကြီးပေါ်တွင်‌ေအာက်ရောက်‌လိုက်အထက်ရောက်လိုက်ဖြင့် တပြန်တလဲနပန်းလုံးနေကြသည်။

ထိုသိုဖြင့်အချိန်အတော်ကြာတော့ ကိုပြူးမောဟိုက်လာပြီဖြစ်တာ‌ေကြာင့်သရဲကိုခဏနားရန်‌ေပြာလိုက်သည်

“အမောဖောက်လာ သရဲရာ ခဏနားအောင်ကွာ”

ကိုပြူးထိုသို့ပြောလိုက်တော့ သူ့အပေါ်မှာရောက်‌နေသည်နပန်းသရဲက

“မောရင်နားပါ ငပြူးရာ ဒီကစောင့်နေမှာ”

ထိုသို့ပြောပြီးမြေကြီးပေါ်ထိုင်ချကာ ကိုပြူးအမောပြေမည့်အချိန်ကိုစောင့်နေသည်

ကိုပြူးလည်းကိုမြင့်ဆောင်နားလာ၍ခပ်တိုးတိုးပြောလိုက်သည်

“မြင့်ဆောင်ဒီသရဲတော်တော်သန်တဲ့သရဲပဲကွ ကြာရင်ငါရှုံးမဲ့ပုံပေါ်တယ်မလွယ်ဘူး”

“ဒါဆိုရင်ဘယ်လိုလုပ်မတုန်း နောက်နေ့မှဆက်လာခဲ့မယ်လို့ပြောလိုက်ပါလား”

“အဲ့လိုတော့လဲမဖြစ်သေးဘူးကွ တော်ကြာကပ္ပိယကြီးပြောသလိုနေ့တိုင်းလာခိုင်းနေရင်ပြီးရော”

“အေး အဲ့ဒါလဲဟုတ်တာပဲ ဒါနဲ့မင်းကပ္ပိယကြီးပေးထားတဲ့လက်ဖွဲ့ကြိုးလေးပါတယ်မို့လား”

ကိုမြင့်ဆောင်ထိုသို့မေးလိုက်တော့ကိုပြူးကသူ့လက်မောင်းတွင်ချည်ထားသောကြိုးလေးကိုပြပြီး

“ပါတယ်လေကွာ ဒါပေမဲ့ဟိုသရဲကတော့ကြောက်ပုံမရဘူး”

ကိုပြူးထိုသို့‌ပြောလိုက်တော့ ကိုမြင့်ဆောင်ခဏစဉ်းစားလိုက်ပြီးကိုပြူးကိုပြောလိုက်သည်

“ငပြူးမင်းဒီတခါနပန်းမလုံးတော့နဲ့ လက်သီးနဲ့ထိုး
ကွာ လက်ဝှေ့ထိုးသလိုပဲချ အဲ့ဒိကောင်ဘယ်လိုဖြစ်မလဲသိရအောင်လို့”

“‌အေးကွာအဲ့ဒီလိုလုပ်ကြည့်ဦးမယ် နပန်းဆက်လုံးနေရင်တော့ငါရှုံးမှာသေချာတယ်”

သူတို့နှစ်ယောက်ထိုသို့ပြောနေတုန်း ကိုပြူးကိုထိုင်စောင့်နေသည့်သရဲကကိုပြူးကိုလှမ်းပြောလိုက်သည်

“အမောပြေပလား ငပြူးရာ ဆက်ပြီးချ‌အောင်ကွာ”

“လာသာလာပါ သရဲရာ ဒီမှာစောင့်နေတာ”

ကိုပြူးထိုသို့ပြောလိုက်ပြီးသရဲဆီပြေးမသွားတော့ပဲ
ရှေ့နဲနဲတိုးပြီးရပ်စောင့်နေလိုက်သည် ထိုအခါသရဲကကိုပြူးဆီပြေးလာသည် ကိုပြူးသူ့ထံပြေးလာသောသရဲကို
သူ့နားရောက်ခါနီးနပန်းမလုံးတော့ပဲ လက်သီးဖြင့်မေးဖြားကိုဆီးပြီးထိုးလိုက်သည်

ထိုအခါခွပ်ခနဲအသံနှင့်အတူထိုသရဲနောက်သို့ယိုင်သွားသည် ကိုပြူးထိုသို့သူ့ကိုလက်သီးဖြင့်ထိုလိုက်တော့ အံဩတကြီးကြည့်နေသည်

သူအံဩနေသည်မှာကိုပြူးသူ့ကိုနပန်းမလုံးပဲလက်သီးဖြင့်ထိုး၍မဟုတ် ကိုပြူးထိုးလိုက်သောလက်သီးချက်သည်သူ့ကိုနာကျင်စေတာကိုအံဩနေချင်းဖြစ်သည်

သူသရဲဘဝနှင့်လူတော်တော်များများကိုနပန်းလုံးခဲ့ဘူးသည် ထိုသူတွေလည်းသူ့ကိုကိုပြူးကဲ့သို့လက်သီးဖြင့်ထိုးသည် ခြေဖြင့်ကန်သည် ဒါပေမဲ့ထိုသူတွေထိုးသည့်လက်သီးချက်သည် သူ့ကိုမနာကျင်ပေ သူကသာနပန်းဖက်လုံးပြီးအနိုင်ယူခဲ့သည်

သို့သော်ယခုကိုပြူး၏လက်သီးချက်သည်သူ့ကိုပြင်းပြင်းထန်ထန်နာကျင်စေသည် ဒါကြောင့်သူကိုပြူးကိုကြည့်ပြီးတွေဝေနေသည်

ထိုနပန်းသရဲ‌ေတွ‌ေဝ‌ေနခိုက် ကိုပြူးရှေ့သို့တိုးသွားပြီးထိုသရဲ၏မျက်နှာကိုလက်သီးဖြင့်ဘယ်ပြန်ညာပြန်ထိုးလိုက်ပြန်သည် ထိုအခါနပန်းသရဲနောက်သို့တဆုတ်ထည်းဆုတ်နေရသည် ကိုပြူးကိုလည်းနပန်ဖက်မလုံးနိုင်တော့ တဖြည်းဖြည်းနောက်သို့ဆုတ်ရင်းဆုတ်ရင်းနဲ့နပန်းသရဲသည် ‌ကြာကြာမခံနိုင်တော့ပဲနောက်သို့လှည့်ပြေးသွားတော့သည်။

ထိုသို့ပြေးရင်ခပ်ကွာကွာအရောက်၌ကိုပြူးကိုလှည့်ကြည့်ပြီးပြောလိုက်သေးသည်

“ငပြူးသတ္တိ သရဲသိ အလွန်ကြောက်ပါ၏”

ထိုအခါကိုပြူးက

“မကြောက်ပါနဲ့ သရဲရာ နောက်တစ်ခေါက်ချမယ်လာ”

“မချတော့ဘူး ကိုငပြူး မင်းကအလွန်ထူး”

“ငါမထူးပါ သရဲရာ ဒီလက်ဖွဲ့ကြောင့်ပါ”

ကိုပြူးထိုသို့ပြောရင်းသူ့လက်မောင်းမှာပတ်ထားသောလက်ဖွဲ့ကြိုးလေးကိုသရဲမြင်အောင်ပြလိုက်သည် ထိုအခါသရဲကဆက်ပြီးပြောပြန်သည်

“အဲ့ဒီလက်ဖွဲ့ ဖြုတ်လိုက်ကွဲ့ ငါလာချမည်ဟဲ့”

“ငါမဖြတ်ဘူး နပန်းသရဲ အမြဲဝတ်မည်ပဲ”

ကိုပြူးထိုသို့ပြောပြီးနပန်းသရဲနောက်သို့ပြေးလိုက်တော့သည် ကိုပြူးပြေးလာတာမြင်တော့နပန်းသရဲလဲ
ရှေ့သို့ဆက်ပြေးရင်းခြုံအကွယ်တခု၌ပြောက်သွားလေသည်။

ထိုအခါကိုပြူးလည်းကိုမြင့်ဆောင်ထံပြန်လာပြီး

“ဒီသရဲကထူးတော့ထူးတယ်ကွ ငါပေါက်တက်ကရပြောတာတွေကိုလိုက်ပြောတယ် သူဘယ်သူလဲဆိုတာကပ္ပိယကြီးကိုမေးကြည့်ရဦးမယ်”

ကိုပြူးထိုသို့ပြောလိုက်တော့ကိုမြင့်ဆောင်လည်း

“အေးကွာဒါဆိုလဲနောက်နေ့ကြမှ ကပ္ပိယကြီးဆီသွားပြီးမေးကြည့်ရအောင် အခုတော့ငါလည်းတဲကိုပြန်တော့မယ်ကွာ မင်းကိုလိုက်ပို့မနေတော့ဘူး”

“ရတယ်မြင့်ဆောင် ငပြူးဆီမှာဒီလိုအဆောင်လက်ဖွဲ့မျိုးရှိလို့ကတော့ ဘယ်သရဲမှဂရုမစိုက်ဘူးဒီနားရှိသမျှသရဲစိန်ခေါ်ပြီးကိုလိုက်ထိုးဦးမှာ”

“အဲ့ဒါဆိုမင်းပါမင်းတစ်ယောက်ထဲလိုက်စိန်ခေါ်ငါကတော့အလုပ်မအားလို့မလိုက်နိုင်ဘူး သွားပြီကွာ”

ကိုမြင့်ဆောင်ထိုသို့ပြောပြီးတဲဘက်သို့လှည့်ပြန်ခဲ့‌ေတာ့သည်ထိုအခါကိုပြူးကကိုမြင့်‌ေဆာင်၏‌ေကျာပြင်ကိုကြည့်ပြီး

“ဟေ့ကောင်မြင့်ဆောင်ငါတယောက်တည်းမပြန်ရဲလို့အိမ်လိုက်ပို့ပါဦးကွာ အိမ်ရောက်ရင်မင်းကိုငါကြက်တစ်ကောင်ပေးပါမယ်ကွာ”ဟုပြောလိုက်လေတော့သည်။

အားလုံးကို လေးစားစ‌ွာဖြင့် – မျိုးမာန်

စိတ်ဝင်စားစရာ ဇတ်လမ်းကောင်းလေးများအား အမြဲ တင်ဆက်ပေးနေမှာမို့ ကျွန်တော်ရဲ့ Page လေးအား Like & Follow လေး လုပ်ပေးထားကြပါဦး ခင်ဗျ။