တစ်နေရာစီ ထားပြီး ပေါင်းတာမဟုတ်ဘူး။ တစ်အိမ်တည်း မှာ ထားပြီး ပေါင်းတာဗျ။အရီးမလှရီက ပထမ မယားဗျ။ ဒုတိယ မယားကလည်း တိုက်ဆိုင် မှုလားတော့ မပြောတတ်ပါဘူးဗျာ။ မလှရီပဲဗျို့။ ကျုပ်တို့ရွာက မဟုတ်ဘူးဗျ။ ဘ ထွေးထွန်းကြည် တခြားက ယူလာတာ။ သူ့မျိုး ရိုးလည်း ဘယ်သူမှ မသိကြဘူး။ အဲဒါကို ကျုပ် တို့ရွာသားတွေက စကားပြောရင် ဘယ်လှရီတုံး ဟဲ့။ ထွန်းကြည်မယားလေ။ ထွန်းကြည်မယား လှရီတော့ ဟုတ်တယ်လေ၊ မယားကြီးလား၊ မ ယားငယ် လှရီလားလို့ မေးကြတာဗျ။ ...

လက်လျှို သွင်းပြီး သယ်၍ရသည်။ တစ်ညလုံး အအေးခံထားသည့်အတွက် ဆေးရွက် များ ပျော့ပျောင်းနေသည် မဟုတ်ပါလား။ ညနေ ဂိုထောင်ထဲ ပြန်သွင်းလျှင်တော့ တစ်ခါသယ်လျှင် ဝါးတစ်လုံးသာ သယ်၍ရသည်။ ဝါးမှ လျှိုလှန်း ထားသော ဆေးရွက်များက နေပူပူမှာ ကြွပ်ရွ နေသည်။ ထိမိခိုက်မိလျှင် အရွက်ခြောက်များ ကျိုးပဲ့ကုန်သည်။ အရွက်ရင်း ရိုးတံခြောက်သည် အထိ လှန်းရသည်။ ထို့ကြောင့် ဝါးတန်း(၁၀၀)ရှိလျှင် အခေါက်(၁၀၀)မျှ အကြိမ်ကြိမ် ရုတ်သိမ်းရသည်။ နေပူပူမှာ တစ်ပတ်ခန့် လှမ်းရသည်။ အလုပ်ရှုပ်သလို အရင်းက ဝင်ပေမဲ့ ...

ထွက်လိုက်သည်။ ဦးကျော်မြင့်ငြိမ်းကမူ ဦးမူတူး၏အပြုအမူတွေကြောင့် ရင်ထိတ်ကာ ဦးမူတူးလာခဲ့သည့်လမ်းဘက်သို့ ဆတ်ခနဲလှမ်းကြည့်မိသည်။ လမ်းတွင် မည်သူမှရှိမနေပါ။ စက်နှိုးပြီးသည့်နောက် ဦးမူတုးသည် ကားကို တရှိန်ထိုးမောင်းထွက်လာခဲ့သည်။ သို့ဖြင့် တစ်မှတ်တိုင်ခန့်သို့ကျော်လာသည့်အခါမှ ဦးမူတူးသည် ကားကိုရပ်လိုက်ပြီး ပုဆိုးခါးပုံစထဲမှ အရာဝတ္ထုတစ်ခုကိုထုတ်ကာ ဦးကျော်မြင့်ငြိမ်းအား ပြလိုက်ရင်း “ကျွန်တော်တို့ချမ်းသာပြီဆရာရေ။ချမ်းသာပြီ” ဦးကျော်မြင့်ငြိမ်းလည်း ဦးမူတူးထုတ်ပြသည့်အရာဝတ္ထုကိုယူကာ အသေအချာကိုင်ကြည့်လိုက်သည်။ ယင်းမှာ လက်သီးတစ်ဆုပ်စာခန့်ရှိသည့်ကျောက်စိမ်းတုံးကြီးတစ်တုံးဖြစ်နေသည်။ ဦးကျော်မြင့်ငြိမ်းသည် ကပရ အကြီးအကဲမဖြစ်မီက ကျောက်အရောင်းအဝယ်လုပ်ခဲ့ဖူးသူဖြစ်သည့်အလျောက် ကျောက်အကြောင်းကိုကောင်းစွာနားလည်သူဖြစ်သည်။ ထို့နည်းတူ ဦးမူတူးကလည်း ယခင်ကကျောက်ပွဲစားလုပ်ခဲ့ဖူးသူမို့ ကျွမ်းကျင်နေပြန်သည်။ ဦးကျော်မြင့်ငြိမ်းက “ဟာ ဒါအရည်ကျောက်ပဲကွ။သိန်းတစ်ရာလောက်တန်မယ်။မင်းဘယ်ကရလာတာလဲ” “ကောင်လေးတစ်ယောက်ဆီက။ကျွန်တော် ရွာထဲကခြံကိုကြည့်ပြီးပြန်အထွက်မှာ ...

တယ်ရှင်။ ကဲကျွန်မသွားဦးမယ်နော်……” “အေးအေး နေဦးငါပင့်ပေးမယ် ဖြည်းဖြည်းထ…” မတင်ကစျေးဗန်းအားပင့်ပြီး ခေါင်းပေါ်တင်ပေးလိုက်သည်။ မစိမ်းလဲ့လည်းကျန်နေသေးသည့် ဟင်းရွက်များအားဆက်ရောင်းရန် ထွက်လာခဲ့တော့သည်။ ============== အခန်း(2) “ကိုအောင်မြင့်ရေ ကိုအောင်မြင့်” “ဟာငါ့မိန်းမပြန်လာပြီလား နောက်ကျလိုက်တာကွာ။ ငါတောင်အိမ်ပြန်ရောက်တာကြာပေါ့” “ဟုတ်တယ်တော်ရေ ဗန်းထဲကအရွက်လေးတွေ ကုန်အောင်လှည့်ရောင်းနေလို့ ကြာသွားတာ။ “ဒီမှာခဏထိုင်နေဦး ငါရေသွားခပ်ပေးမယ်…” ကိုအောင်မြင့်လည်း အိမ်ထဲဝင်ပြီး သောက်ရေတစ်ခွက်အားခပ်လာ ခဲ့သည်။ “ရော့ မိန်းမဖြည်းဖြည်းသောက်” “ကျေးဇူးပါတော်” မစိမ်းလဲ့လည်းကိုအောင်မြင့် လက်ထဲမှသောက်ရေခွက်အား ယူပြီးသောက်လိုက်သည်။ “အား…အခုမှပဲ အမောပြေသွားတော့တယ်” “ဒါကြောင့်မိန်းမကိုပြောတာပေါ့ အိမ်မှာပဲနားနားနေနေနေပါလို့” “မနေချင်ပါဘူးကိုအောင်မြင့်ရယ် ကျွန်မလုပ်နိုင်တုန်းမလို့လုပ်တာပါ။ ကလေးမွေးပြီးရင်ကလေးတစ်ဖက် ...

လည်က ထမင်းစားခဲ့သောနေရာ ရောက်သောအခါ          ” ဒီနေရာပဲ ဦးဘထင် နေ့လည်က သီတာတို့ ထမင်းစားခဲ့ကြတာ “           ” အေ ဟုတ်သားပဲ ကျားခြေရာတွေ နည်းနည်းနောနောမှမဟုတ်တာ သေချာပါတယ် ကျားဆွဲသွားတာ “           သီတာတို့လည်း ရွာသို့အရောက်ပြန်ခဲ့ကြလေရာ ရွာထိပ်တွင် မီးတုတ်များ လက်နက်များဖြင့် လူတစ်စုအားတွေ့ရလေသည်။ လမင်း အဖေနှင့်သီတာ အဖေက အပါအဝင် လူဆယ်ယောက်ခန့်ရှိလေသည်။          ” သမီး သီတာ မသေကောင်းမပျောက်ကောင်းသမီးရယ် ဖေဖေစိတ်ပူလိုက်ရတာ ဒါနဲ့သမီးလမင်းရော “ ...

တစ်ချိန်က အနှိမ်ခံခဲ့ရသမျှကို ပြန်လည်ပြီးအတိုးချလက်စားချေလို့ နယ်တကြောမှာ ကြီးစိုး၊ မင်းမူလာလေတော့သည်။ * * * * * * ” ကိုဘတုတ်…ရေငံရွာမှာ အလှူလုပ်နေတယ်တဲ့…” ထန်းတောအလယ် ဇရက်မင်းစည်းစိမ်ခံစားနေသော ဘတုတ်။ တပည့်တစ်ယောက်၏ အသိပေးမှုကြောင့် ထန်းရည်ထွေထွေဖြင့် ဒေါပွသွားရသည်။ ” ဘယ်လိုကွ၊ ငါ့ကိုလည်း အသိမပေးပါလား။ ဘယ်သူ့အလှူလဲ…” ” စိန်၀င်းတို့ အလှူရယ်တဲ့…” ” ဟိုကောင် လယ်ပိုင်ရှင်သား အမွေစားရတဲ့ စိန်၀င်းလား…” ” အဟုတ်ပဲ ကိုဘတုတ်။ အဲ့ဒီကောင် ငွေရှိတယ်ဆိုပြီး ...

ကြိုးစားကြမယ်ကွာ။ အခုတလော ငှက်ကွင်းက ရှားသွားပြီ။ ကျန်တဲ့ ကွင်းဘက်ကို သွားမယ်ဆိုရင်တော့ အခြားသူတွေလက်ချက်နဲ့ ဘယ်လောက်မှ ရမှာမဟုတ်ဘူးနော်…ဒီနေရာတောင် တစ္ဆေရှိတယ်ဆိုလို့ တော်ရုံမလာရဲကြတာမို့ ငှက်ပေါနေတာ”       နှစ်ဦးသား စကား မပြောကြတော့။ အရှေ့က မြင့်နိုင်က ရှေ့ဆက်ထွက်သွားသည်။ ထိုအခါ အနောက်က လှအောင်သည်လည်း သက်ပြင်းတစ်ချက်ကို ခပ်လေးလေး ချကာ ဆက်လက်လိုက်သွားလေသည်။       မကြာမီ သူတို့နှစ်ဦးသည် ဆလားချောင်းနံဘေးဆီကို ရောက်လာကြသည်။       ” ယောက်ဖ ဒီမှာ ငှက်ရှိတယ်…”       ခေါ်သံကြောင့် လှအောင် ...

ရေချိုးလိုက်ကာမှပဲ နေသာထိုင်သာရှိကာ လန်းဆန်းသွားရတော့သည်။ ကျွန်တော်တို့ ရေချိုးပြီးချိန်၀ယ် ကိုစောမောင်တစ်ယောက်လက်ထဲတွင် ပုလင်းငါးလုံးကို ပွေ့ပိုက်လျှက် ရွာထဲမှပြန်ရောက်လာလေတော့၏။ ညအခါတွင်မတော့ ကိုစောမောင်၏ အိမ်ရှေ့ကွက်လပ်ဆီတွင် ဝိုင်းပြင်လိုက်ကာ ခပ်လှမ်းလှမ်းတွင် မီးဖို၍ ကိုစောမောင်ရရှိထားသော ၀က်သားကျပ်တင်ကို ကင်တစ်ခါ၊ ကြော်တစ်လှည့်၊ ချက်တစ်ဖုံဖြင့် ပြုလုပ်ပြီး တောချက်ကလေးဖြင့်မှီဝဲကာ ဆက်ရက်မင်းစည်းစိမ် ကိုသုံးဦးသား အညီအမျှ ဖလှယ်ရယူ ခံစားနေလိုက်ကြ၏။ ချိုဆိမ့်ဆိမ့် တော၀က်သား၏ အရသာသည် အိမ်မွေး၀က်များ၏ အသားကဲ့သို့ ပွယောင်းယောင်းမရှိပဲ စေးပိုင်ကျစ်လစ်ကာနေသည်မို့ အလွန်စားကောင်းပေသည်။ ကျွန်တော်တို့အတွက်တော့ တောချက်နှင့် တော၀က်သား လိုက်ဖက်စွာ ပနံတင့်နေရပေ၏။ ...

မလျှော့ပေ ။ တွေ့သမျှသားစိမ်းငါးစိမ်းများကို အကုန်စား၏ ။ထိုအခါယောကျာင်္ဖြစ်သူက ပြောလိုက်သည် ။ ” နင့်ဟာ ဖုတ်များဝင်နေရော့သလား ။ ခါတိုင်းထက်လည်းစားနေသေးတယ် ။ လူကလဲ အရိုးပေါ် အရေတင်နေပြီ ” သို့ကလိုပြောလိုက်သောအခါ ဘာမှပြန်မပြောပေ ။ နောက်တစ်ရက်မှာတော့ မနီတစ်ယောက် ရုတ်တရက်သေဆုံးသွားခဲ့သည် ။ ထိုအခါ ဝမ်းဆွဲသည်များက လူကြီးသေပြီးသော်လည်း ဗိုက်ထဲမှာရှိ့သော ကလေးက မသေပဲရှိ့နေနိုင်ကြောင်း ပြောသဖြင့် ဝမ်းဗိုက်ခွဲကြည့်ကြတယ် ။ ဗိုက်ထဲတွင် ဗိုက်ဖောင်းနေပြီး သွားနှင့်အစွယ်များ ထွက်နေသော ဘီလူးလေးကို တွေ့ကြရတယ် ။ ...

ဆို‌လို့ ဘယ်သူလှည်း များ ငှားသွားလဲ သိလားဗျ “     ဖိုးထွေး၏ အမေးကို ပေါက်တူးထမ်းထားသော လူကြီးသည် ခေါင်းကို တဆက်ဆက် ညိတ်ပြီး နားထောင်ကာ     “သိပြီကော သိပြီ နို့အဲ့တာ လူလိမ်တွေလားဟ “     “ဟုတ်တာပ ဦးလေးရယ် ကျုပ်တို့ ရွာက ဆန်တွေကော ငွေတွေ ကော လိမ်သွားတာဗျို့ “     “မင်းတို့ ရွာက ကောင်တွေ ငါနဲ့တွေ့တာတောင် မပြောဘူးကွာ”     “ရှက်လို့နေမှာပေါ့  ကျုပ်တို့ ...