ဗျ။ကျုပ် အကြိုက် နဂါးဆေးပေါ့လိပ်ကလည်း အစည်း လိုက်ကို ဝိုင်းတိုင်းမှာ ချထားတာဗျို့။ ဗိုက်တင်းအောင် ထမင်းစားပြီး လက်ဖက်က လေးနဲ့ အကြမ်းကလေးသောက်၊ နဂါးဆေးပေါ့ လိပ်ကလေးဖွာဆိုတော့ မျက်စိကလေးက စဉ်း ပြီး လွှတ်ကို ဇိမ်ကျနေတာပေါ့ဗျာ။ ကျုပ်တို့အ ညာသားတွေရဲ့ စည်းစိမ်ဆိုတဲ့အထဲမှာ နဂါး ဆေးပေါ့လိပ်ကလည်း မပါမဖြစ် ထင်ပါရဲ့ဗျာ။ အလှူပြီး နောက်တစ်နေ့ရောက်တော့ ကိုဘ ထွန်းရဲ့အစ်ကို ဝမ်းကွဲတွေက ကိုဘထွန်းနဲ့ ကျုပ်နဲ့ကို ရွာတောင်ဘက်က ထန်းတောကြီး ထဲကို ခေါ်လာတယ်ဗျ။ နေညိုရင် ရွှေဘိုကို လွမ်းတယ်ဆိုတဲ့စကားက ...

တည်းခိုနေသည်မှာ သုံးရက်တာပင် ကုန်လွန်ခဲ့လေသည်။ ကျွန်တော်တို့လည်း ဘုန်းကြီးကျောင်းမှာတည်းခိုနေစဉ်အတောအတွင်း အမှိုက်လှဲခြင်း၊ထင်းခွဲခြင်း၊ရေခပ်ခြင်း အစရှိသော သာသန့ာဝေယျာဝစ္စများအား ကူညိလုပ်ကိုင်ပေးလျက်နေလေသည်။   ” အောက်.. အီး.. အီး ..အွတ် ”   ” အောက် .. အီး.. အီး.. အွတ် ”   ဟူသောလင်းကြက်တွန်သံနှင့်အတူ ကျွန်တော်တို့ဆရာတပည်နှစ်ယောက်လည်း အိပ်ရာမှထလိုက်ပြီး ဘုန်းကြီးကျောင်းပေါ်ရှိ ဆရာတော်များအတွက် အာရုဏ်ဆွမ်းများအား ဝိုင်း၍ပြင်ပေးလိုက်လေသည်။ ပြီးသည်နှင့် တံမြက်စီးတစ်ယောက်တစ်ချောင်းယူကာ ကျောင်းဝင်းအတွင်းရှိ စေတီငယ်လေးဆီသို့ သန့်ရှင်းရေးလုပ်ရန် ထွက်လာခဲ့လိုက်သည်။ စေတီငယ်လေး၏ရင်ပြင်ပေါ်ရှိ သစ်ရွက်ခြောက်အမှိုက်များအားလှဲကျင်း၍ ...

၃၇ကြိမ်မြောက်တာနဲ့ မင်းအရှေ့မှာရှိနေတဲ့ ဟောဒီသစ်ရွက်ထဲက အသားတုံးတွေကိုမကုန်မချင်းစားရမယ်ကြားလား…..”   ” ဟုတ်ကဲ့…..”   ဖယောင်းတိုင်မီးရောင်ကြောင့် သူ့အရှေ့၌ရှိသော သစ်ရွက်ထဲရှိသွေးစိမ်းရှင်ရှင်ထွက်နေသောအသားတုံးများကိုအတိုင်းသားမြင်နေရ၏။ လက်ညိုးထိပ်သာသာအသားတုံးတို့မှာ သူ့အမြင်၌မသတီစရာပင်။   ခဏ၌ဦးလုံးက သူနားမလည်သောဂါထာကိုဥုံခံပြီး မတိုးမကျယ်ရွတ်နေ၏။ သူလည်း ဦးလုံးရွတ်သမျှကိုနားမလည်သော်လည်း နားစိုက်ထောင်နေလိုက်၏။ တအောင့်အကြာ၌ဦးလုံးသည် တထေရာတည်းတူသည့် ဂါထာကိုထပ်ခါတလဲလဲရွတ်နေ၏။ သူလည်းထိုထပ်ခါတလဲလဲရွတ်နေသည့်ဂါထာစာသားကိုအရေအတွက်စမှတ်လိုက်၏။ ၃၇ကြိမ်မြောက်သည်နှင့် သူလည်း အရှေ့ရှိအသားတုံးကိုမရဲတရဲလှမ်းကောက်လိုက်ပြီး စားမည်အလုပ် ဇရပ်ဝန်းကျင်မှ ပုံသဏ္ဍာန်အစုံရှိသော သရဲတစ္ဆေတို့သည် ထိုအသားအားလုယူရန်ရောက်ရှိလာ၏။ ဖိုးလှလည်း ထိုအသားတုံးများကိုသရဲတစ္ဆေလက်ထဲအပါမခံနိူင်သဖြင့် ပါးစပ်ထဲသို့ တစ်ခုပြီးတစ်ခုကောက်ထဲ့လိုက်မိ၏။ နောက်ဆုံး၌အသားစများအားလုံးကုန်စင်သွားပြီး သူမြင်နေရသောသရဲတစ္ဆေတို့မှာသူ့ဆီကပ်လာပြီး ပျောက်ကွယ်သွားကြကုန်၏။   ...

သစ်ကိုင်း လှုပ်ပြတယ်။ ဒီအကောင် ဘာပြောတယ်ထင်တုံး ‘ငနက်ကျော်ကြီး မင်းဖို့မပါဘူး ငါတောင် သောက်လို့စားလို့ မဝရတဲ့အထဲမှာ လာခြောက်မနေနဲ့ ကိုယ်ဟာကိုယ် အေးအေးနေတဲ့’ ။ တော်တော် မိုက်ရိုင်းတဲ့ကောင်ကွာ”   “သြော် ဒါကြောင့်ကိုး ဘိုးကို တောတက်တာကြာပြီပဲ။ ဘိုးနက်ကျော်တို့ အထာတွေ ဒီကောင် သိပြီးသားပဲ။ အခုမှ ဘာဖြစ်သွားတုံးဗျာ”   ကျုပ်က နောက်မှာ ထိုင်နေတဲ့ ဘိုကိုးအမေကို မေးလိုက်တယ်။ ဘိုကိုးအမေ အရီးသိန်းလှ …   “ငါလည်း မသိပါဘူး တာတေရယ်။ ဒီတစ်ခါမှ ...

တွေ့လိုက်ရသောကြောင့်ပင် ဖြစ်လေသည်။ထို့နောက် မလှမေလည်း သားဖြစ်သူအနားသို့ ပြေး၍သွားကာ ထွေးပွေ့ထားလိုက်ပြီး…   ” သားရေ … သားမောင်ချစ်လူ ”   ” အမေခေါ်နေတယ်လေ… သားရေ…သား ”   မလှမေ၏ အော်ခေါ်သံကြောင့် မောင်ချစ်လူလည်း သတိရလာကာ   ” မလိုက်ဘူး… မလိုက်ဘူး.. ငါ့အနားမလာနဲ့ ”   ” သားရေ ..သား..သတိထားအုံးလေကွယ်… အမေလေ သားရဲ့ ”   ” အမေ သားကို…ဟို…ဟို..မိန်းမကြီး အတင်းလာခေါ်နေတယ်ဗျ… ...

မေးရှာသည်။   “ရပါတယ် မလုပ်ပေးပါနဲ့ ဒီနေ့အတန်းချိန်လည်းပြီးနေပြီ။အိမ်ပြန်မှာဆိုတော့ အကြောင်းမရှိပါဘူး´´   အကြောင်းအမျိုးမျိုးပြပြီးရောင်နီဦး တစ်ယောက် ခွင့်လွှတ်စကားတွေချည်းပြောသည်။   “ဟုတ်ကဲ့ ဒါဆို သစ္စာအတန်းချိန်လေးရှိနေလို့ သွားလိုက်အုံးမယ်´´   သစ္စာလည်း အတန်းချိန်နောက်ကျမှာဆိုလို့ ထွက်သွားသည်။ရောင်နီဦး ရဲ့မျက်လုံးတွေက သစ္စာရဲ့နောက်ကို လိုက်ပါသွားသည်။   “ဟေ့ယောင် ရောင်နီဦး မင်းအကြည့်တွေက မများလွန်းဘူးလား ဟိုကသွားတာဖြင့် အခန်းထဲရောက်တော့မယ်´´   ရောင်နီဦး ကိုသူငယ်ချင်းတွေဝိုင်းပြောတော့မှ ရောင်နီဦးတစ်ယောက် အကြည့်တွေရပ်တန့်မိတော့သည်။   “မင်းတို့ကလည်း ငါ့ဆိုဖဲ့မယ်ဆိုတာချည်းပဲ လာကန်တင်းသွားရအောင်´´   “မင်းဝယ်ကျွေးရမှ ...

တဲ့စည်းစိမ်တွေကို ငါ့သားကြီးနှစ်ယောက်ကိုပိုပြီးပေးမယ် မင်းကိုတော့ထိုက်သင့်သလောက်ပဲ ငါခွဲပေးမယ်…”   “ရပါတယ်အဖေ ကိစ္စမရှိပါဘူး”   သာကျော်နှင့်သာမော်တို့အား သူဌေးကြီးဦးလှိုင်ဘွားကသူပိုင်ဆိုင် သည့်အမွေများကိုသာဇော်ထက် ပို၍ခွဲဝေပေးလိုက်တော့သည်။   အမွေရသွားသည့်သားဖြစ်သူ သာကျော်နှင့်သာမော်တို့လည်း ဖခင်ဆီမှရလာသည့်အမွေတို့ဖြင့် သောက်စားပျော်ပါးကာထင်တိုင်း သုံးဖြုန်းကြတော့သည်။   သားငယ်သာဇော်ကတော့ ဖခင်ပေးသည့်အမွေအနည်းငယ်ဖြင့် မြေကွက်တစ်ကွက်ကိုဝယ်ယူပြီး အိမ်ခွဲနေခဲ့သည်။   ပိုလျှံသည့်ငွေများကို စီးပွားရေးလုပ်ငန်းများထဲသို့ ထည့်ထားလေသည်။   အမွေခွဲဝေပေးလိုက်သည့် သူဌေးကြီးဦးလှိုင်ဘွားလည်း သားကြီးသာကျော်အိမ်၌ နေထိုင်ခဲ့သည်။   အချိန်ကြာလာသည်နှင့်အမျှ သားကြီးဖြစ်သူသာကျော်ရရှိထားသည့် ပစ္စည်းဥစ္စာများလည်းကုန်ဆုံးခဲ့သည်။   ထို့ကြောင့်ဖခင်ဖြစ်သူအား အိမ်ပေါ်တင်ပြီးကျွေးမထားနိုင်ဟု ဆိုကာဖခင်အားအိမ်ပေါ်မှ ...

စကားပြောဆိုငတတ်လို့မကြိုက်။စနောက်သန်သည်မှာ လည်းယောက်ျားလေးအားလုံးလိုလိုပင်။   “မိန်းကလေးလည်း လူပဲငါတို့လည်းလူပဲ ပင်ပန်းတာပေါ့´´   မြတ်မင်းခမှ အစ်ကို့ကိုပြန်ပြောသည်။မြတ်မင်းခမှာ ရုပ်ချောသလို ဂုဏ်မောက်သူတစ်ဦးလည်းဖြစ်သည်။ခင်မင်နေပေမယ့်မြတ်မင်းခ စိတ်ကခန့်မှန်းလို့မရ သူတစ်ယောက်ဟုဆိုနိုင်သည်။သူငယ်ချင်းစိတ်ဓာတ်ရှိလို့သာ ခင်မင်နေကြခြင်းဖြစ်သည်။   “စကားကိုဘယ်လိုပြောတာလည်း မြတ်မင်းခ´´ “တော်ပါတော့ ကိုကြီးရာ ရောက်ရောက်ချင်း စကားပြောတာတွေက ရန်ဖြစ်တော့မယ်အတိုင်းပဲ ´´ ကျွန်မ လည်း ဝင်တားရချေပြီ။မတားလျှင် ရန်ဖြစ်ကြတော့မည်။နောက်ပြီးရင် သူတို့ကပြန်တည့်ကြတာပါပဲ။ခုရန်ဖြစ်တုန်းတော့ ဘေးလူတွေက အနေခက်ရသည်မဟုတ်လား။ထိုအချိန်မှာပဲ… “ မဟာစံအိမ်ကနေကြိုဆိုပါတယ် ကလေးတို့ ကြီးမေအိမ်မှာ လွတ်လွတ်လပ်လပ်နေလို့ရတယ် အိမ်မှာက သားမိသုံးယောက်ထဲနေတာ သားကြီးနဲ့သမီးငယ်က လယ်ထဲသွားတယ်´´ ကြီးမေဆိုသူမှာ ...

အသားရည်က နီတာလိုလို မဲတာလိုလို တွေဖြစ်လို့ပါဗျာ ”   “ကဲ စိတ်မပူတော့နဲ့ ကျုပ်တက်နိုင်သလောက်ကူညီပေးပါမယ် အခုတော့ ကျုပ်တို့ကို စံတင် တပည်တွေ တင်လာတဲ့ လှည်းသမားဆီ ပို့ပေးကြပါဦး”   “ဟုတ်ကဲ့ ပါဆရာကြီး ကျုပ်ကိုယ်တိုင်ပို့ပေးပါမယ် ဗျာ ”   မီးပူရွာ ရွာလူကြီးသည် ဦးဖိုးဝေ နှင့် သူရိယတို့၏ အရှေ့မှ နေ၍ သူ၏ အိမ်ဝိုင်းအပြင်သို့ထွက်လိုက်ပြီး ရွာထဲသို့ ဦးဖိုးဝေ နှင့် သူရိယ အားခေါ်ဆောင်သွားပါလေတော့သည်။   ▪️အခန်း-၃   ...

မရမကလိုက်လံသတ်ဖြတ်ကာ အနိုင်ယူပြလေ့ရှိသည်။   ဖိုးအေးလုပ်သည့်အလုပ်မှာလည်း အကုသိုလ်ပြည့်နှက်နေသည့် မုဆိုးအလုပ်ဖြစ်သည်။ ထိုရွာအနီးတစ်ဝိုက်တွင် နက်ရှိုင်းသည့် တောနက်ကြီးများရှိသည်မို့ တောကိုမှီတင်းနေထိုင်ကြသည့် သားကောင်များမှာလည်း ပေါများလှသည်။ သမင်၊ ဒရယ်၊ ချေငယ်၊ စိုင်၊ ဆတ်၊ တောဝက် စသည့်တောကောင်များမှာ သိပ်ဝေးဝေးလံလံရှာမဖွေရပေ၊ ဖိုးအေးတစ်ယောက် မနက်ခင်းလင်းသည်နှင့် ဒူးလေးတစ်လက်ကိုင်ကာ တောလိုက်စမြဲဖြစ်သည်။   တောမလိုက်သည့်အခါတွင်လည်း ဖိုးအေးမှာ သားသတ်သမားဖြစ်တော့သည်။ ကိုယ်တိုင်လည်း ကြက်၊ ဝက်၊ ဆိတ်များကိုမွေးမြူထားသလို အခြားသူများမွေးမြူထားသည့် ဆိတ်၊ ဝက်၊ နွားများကိုလည်း သက်ရှိအကောင်အဖြစ်မှ အသားတွဲများအဖြစ်သို့ ပြောင်းလဲပေးရသည့်လုပ်ငန်းကိုလည်း ဖိုးအေးအထူးကျွမ်းကျင်ပေသည်။ ...