ဦးဖိုးဝေနှင့်မိစ္ဆာကင်းချိန်

အသားရည်က နီတာလိုလို မဲတာလိုလို တွေဖြစ်လို့ပါဗျာ ”

 

“ကဲ စိတ်မပူတော့နဲ့ ကျုပ်တက်နိုင်သလောက်ကူညီပေးပါမယ် အခုတော့ ကျုပ်တို့ကို စံတင် တပည်တွေ တင်လာတဲ့ လှည်းသမားဆီ ပို့ပေးကြပါဦး”

 

“ဟုတ်ကဲ့ ပါဆရာကြီး ကျုပ်ကိုယ်တိုင်ပို့ပေးပါမယ် ဗျာ ”

 

မီးပူရွာ ရွာလူကြီးသည် ဦးဖိုးဝေ နှင့် သူရိယတို့၏ အရှေ့မှ နေ၍ သူ၏ အိမ်ဝိုင်းအပြင်သို့ထွက်လိုက်ပြီး ရွာထဲသို့ ဦးဖိုးဝေ နှင့် သူရိယ အားခေါ်ဆောင်သွားပါလေတော့သည်။

 

▪️အခန်း-၃

 

မီးပူရွာ ရွာလူကြီး ဦးကျော်စိန်သည် ရွာတောင်ပိုင်းရှိ မန်ကျည်းပင် သေမ‌ျား များစွာရှိနေသည့် အိမ်ဝိုင်းထဲ ဝင်သွားသည် သူ၏ နောက်တွင်တော့ ဦးဖိုးဝေ နှင့် သူရိယပါ လိုက်၍ ဝင်လိုက်ကြသည်၊ ဦးကျော်စိန်သည် အိမ်ရှေ့ တန်းလျားတွင် ထိုင်လိုက်ပြီး

 

“ဟေ့ ကြည်အောင် ဧည့်သည်တွေ ပါတယ်”

 

“ရွာလူကြီးပါလား ဧည့်သည်တွေကော ပါလာတာကို ကျမ ရေနွေးပွဲလေး လုပ်လိုက်ဦးမယ် ”

 

“ရတယ် တူမကြီး ဦးကြီးတို့က ခဏပဲ ပြန်မှာပါ ”

 

“ဟုတ်တယ် စန်းရင် နင့်‌‌ေယာက်ျား ကြည်‌ေအာင် ဘယ်သွားလဲ ”

 

“ရွာဦးကျောင်းကို သွားတယ် ရွာလူကြီး ”

 

“ဟုတ်လား ဟ ငါတို့က ကြည်အောင်ကို လာရှာတာ အဲ့တာဆို ရွာဦးကျောင်းလိုက်သွားလိုက်ဦးမယ် ဟေ့ ”

 

ရွာလူကြီးနှင့် ဦးဖိုးဝေတို့သည် ကြည်အောင်၏ မိန်းမဖြစ်သူအား နုတ်ဆက်ကာ စကားတပြောပြော နှင့် ရွာဦးကျောင်းဘက်ဆီသို့ သွားကြပါလေတော့သည်။

 

▪️အခန်း-၄

 

မီးပူရွာ၏ ရွာဦးဘုန်းကြီးကျောင်းတွင်တော့ သစ်ရိပ်ဝါးရိပ်များနှင့် စိမ်းစိုနေကာ ရွာနှင့် ခြားနားနေပေသည် ၊ မီးပူရွာတွင်ရှိသော သစ်ပင်များအားလုံး အိမ်မိုးထားသည် သက်ကယ် အရောင်များ နှင့် အတူ အတူတူ ဖြစ်နေလေသည် ၊ ထိုကြောင့် ရွာထဲ လမ်းလျှောက်ရသည်မှာ အတော်ပင် ပူပြင်းလှပေသည် ၊ မီးပူရွာသားများသည် တောများတောင်များထဲသို့ လည်း သွားနေ၍လည်း မရပေ ၊ သူတို့ သွားနေသောအခါ ထိုတောများထဲမှ ရှိသော သစ်ပင်များသည် ရွာထဲ၌ ရှိသော အပင်များနည်းတူ ခြောက်သွေ့သွားပြီး သေသွားသည့် အလား ဖြစ်သွားကြသည် သို့ပေမဲ့ သစ်ရွက်များ မကြွေကျသည်မှာ လည်း အံ့ဩစရာပင်ဖြစ်နေသည် ၊ ရွာသူ ရွာသားများ၏ မျက်နှာ များသည်လည်း ပျော်ရွှင့်မှု အရိပ်အယောင်များပျောက်ဆုံးနေကြရသည် ၊

 

မီးပူရွာ ရွာဦးဘုန်းတော်ကြီးကျောင်းတွင် ဦးစံတင် တပည်များသည် သစ်ပင် ရိပ်များတွင် ထိုင်သူထိုင် အိပ်သူ အိပ်နှင့် အတော်များပေသည် ၊ ရွာလူကြီးနှင့် ဦးဖိုးဝေတို့သည် ရှေးဟောင်းကျောင်းကြီးပေါ်တက်လိုက်ကြပြီး ကျောင်းကြီး၏ ဘုရားခန်းတွင်းရှိ မြတ်စွာဘုရား ကျောက်ဆင်းတုတော် အားဦးချလိုက်ကြသည် ၊မကြာသော အချိန်တွင် အသက် ငါးဆယ်ကျော် ဘုန်းတော်ကြီးတပါးကြွလာကာ

 

“ဒကာကြီး ကျော်စိန်ရောက်နေတာပါလား ဧည့်သည်တွေကော ပါလာတာကို ”

 

“မှန်ပါ့ဘုရား ဒီဧည့်သည်တွေက အထက်လမ်း ဆရာတွေပါဘုရား “,

 

” ဧည့်သည် ဒကာကြီးရေ ဘုန်းကြီးတို့ ရွာမှာဖြစ်ပျက်နေတာတွေကို ဒကာကြီး မြင်ပြီးပြီ ထင်ပါတယ်”

 

“မှန်ပါ့ တပည်တော် မြင်ပြီးသွားပါပြီ ဘုရား”

 

“ဘုန်းကြီးလည်း တက်သလောက် မှတ်သလောက် ကူညီဖို့ ကြိုးစားပါတယ်ကွယ် ဒါပေမဲ့ မရပေဘူး ကျိန်စာ တွေက အတော်ကြောက်ဖို့ကောင်းတာပဲ ဒကာကြီးရေ ”

 

“မှန်ပါတယ် ဘုရား လူတွေ ရဲ့ လောဘ မောဟ ဒေါသ တွေပေါ့ ဘုရား ”

 

ရွာဦးဆရာတော်နှင့် ဦးဖိုးဝေတို့ စကားပြောနေကြစဉ် ကျောင်းပေါ်သို့ အောင်ကြည် တက်လာကာ ဆရာတော်အား ဦးချကန်တော့ လိုက်ပြီး သူရိယ အနားသွား၍

 

‘ငါ့တူ မင်းတို့ရောက်လာပြီလား ”

 

“ဟုတ်တယ် ဦးလေး ”

 

“ရွာလူကြီး ကျုပ်ကို ရှာနေတယ်ပြောလို့ ”

 

ကြည်အောင်သည် ရွာလူကြီးအား တိုးတိုး နှင့် ပြောနေစဉ် ဆရာတော်သည် ကြည်အောင် နှင့် ရွာလူကြီးကို ကြည့်ကာ

 

“ကဲ ဒကာကြည်အောင် နဲ့ ဒကာ ကျော်စိန် ဒကာတို့က ကျောင်းအောက်ခဏ ဆင်းချေဦးကွယ် ဘုန်းကြီး ဒီက ဒကာ ကြီးတို့ နဲ့ တိုင်ပင်စရာလေးရှိလို့ ”

 

“တင်ပါဘုရား ”

 

‌ကြည်အောင် နှင့် ဦးကျော် စိန်သည် ဆရာတော်အား ဦးချ ကန်တော့ကာ ကျောင်းအောက်ဆင်းသွားရာ သူရိယသည်လည်း သူတို့ အနောက်သို့ လိုက်ပါ ဆင်းသွားပါလေတော့သည်

 

▪️အခန်း-၅

 

“ဒကာကြီး ဘုန်းကြီး သိထားတာလေးတွေ ဒကာကြီးကို ပြောပါရစေ”

 

“မိန်တော်မူပါဘုရား ”

 

“ဒီကိစ္စ က ဒကာ မောင်သစ် တို့ နဲ့ ပတ်သက် နေတယ် ”

 

“မှန်ပါ့ ဘုရား ”

 

“ဒကာ မောင်သစ် ကို လွှတ်ပေးလိုက်တဲ့ ရွာသားတွေကို ကျိန်စာတိုက်ထားတာပေါ့ ဒီကိစ္စကို ဘုန်းကြီးကျောင်း ထဲက သရက်ပင်ကြီးမှာ နေတဲ့ ငကောင်း ဆိုတဲ့ ပရလောကသား တ‌‌ေယာက် ပြောတာတော့ ရွာကို သစ်ပင်တွေ သေအောင် လုပ်ထားတာက ဘုမ္မစိုး နတ်လို့ပြော တဲ့ ဒကာကြီး ”

 

“တပည်တော် နားလည်ပါ ပြီ ဘုရား ကျန်တဲ့ ကိစ္စကို တပည်တော် အခု ပဲ လုပ်လိုက်ပါမယ် ”

 

ဦးဖိုးဝေသည် သူ၏ မျက်လုံးကို မှိတ်ကာ လက်သီးဆုပ်ကို နဖူးတွင်တည်ကာ သမာဓိတည်စေပြီး

 

“ဒီနယ်ကို စောင့်တဲ့ ဘုမ္မစိုး အခု ချက်ချင်း ငါ့ရှေ့ရောက်စေ ”

 

ဦးဖိုးဝေစကားဆုံးသည် နှင့် ဘုန်းကြီးကျောင်းပေါ်တွင် ခင်းထားသော ပျဉ်ပျားများထဲမှ ပုဆိုး နှင့် တိုက်ပုံကို သေသပ်ကျနစွာ ဝတ်ဆင်ထားပြီး ပုဝါတထည်ကို ခေါင်းပေါင်းထားသော ပုဂ္ဂိုလ်သည် ဦးဖိုးဝေ အရှေ့တွင် ပေါ်လာလေသည် ၊ ရွာဦးဆရာတော်သည် ထိုသို့ ထူးဆန်းသည့်အရာကို မြင်သောအခါ ဦးဖိုးဝေအား အတော်ကို အထင်ကြီးလေးစားနေမိသည် ၊ ဘုမ္မစိုးသည် ဦးဖိုးဝေအားကြည့်ကာ

 

“ကျုပ်က ဘုမ္မစိုးပါ ဘာကြောင့် ခေါ်ရပါသလဲ ”

 

“ဟဲ့ ဘုမ္မစိုး သင်ရဲ့ လုပ်ရပ် သင်မသိဘူးလား ရွာထဲက လူတွေ နေတဲ့ နေရာ မှန်သမျှကို မြေဆီ မြေနှစ်တွေကို သင်ဘာကြောင့် ပြောင်းရွေ့ရသလဲ ပြောစမ်း ”

 

“ကျုပ် လုပ်ချင်လို့ လုပ်တာ မဟုတ်ပါဘူး ကျုပ်ကို ဆရာတ‌ေယာက်က ခိုင်းထားလို့ပါ ”

 

“အဲ့ ဆရာဆိုတဲ့ သူက သေပြီ သင်က အခုထိ ဒီရွာကို ဒုက္ခပေးနေတုန်းလား ”

 

“မဟုတ်ပါဘူး ကျုပ်ကို ခိုင်းသွားတဲ့ ဆရာက ဒီရွာက မောင်သစ်ဆိုတဲ့ လူရဲ့ သွေးနဲ့ ရွာအဝင်ကိုဖြန်းမှ ‌သစ်ပင်တွေကို ပြန်စိမ်းလန်းရမယ် လို့ မှာခဲ့ ပါတယ် ”

 

“သူမှ မရှိတာ သင်က အခုထိ ဘာကြောင့် မိုက်မဲ‌‌ေနရတာလဲ ”

 

“အဲ့လို မလုပ်ဝံ့ပေမဲ့ လုပ်နေရပါတယ် ကျုပ်ကို ခိုင်းတဲ့ ဆရာက ဒီနယ်က အပယ်ဘုံသားတွေကို ကျုပ်ကတိဖျက်တာ နဲ့ ကျုပ်ကို ဒုက္ခပေးဖို့ ပြောထားပါတယ် ကျုပ်သာ ဒီရွာကို စိမ်းလန်းးအောင် လုပ်ပေးလိုက်ရင် ကျုပ် ဒုက္ခ ရောက်ရပါလိမ့်မယ် ”

 

“ဘုမ္မစိုးက အပယ်ဘုံသားတွေကို ကြောက်သလားဟဲ့ ”

 

“ကျုပ်က ဘုမ္မစိုး ဆိုပေမဲ့ အဆင့် နိမ့်ပါတယ် ဒီနယ် ကို ပဲ စိုးရတာပါ အပယ်ဘုံသားတွေကို မ‌ေကြာက်ပါ သို့ပေမဲ့ ကျုပ်သာ ဒီရွာသားတွေ ရဲ့ ကျိန်စာကို ဖြတ်လိုက်ရင် ကျုပ်ဟိုဆရာကို ပေးထားတဲ့ ကတိသစ္စာ ဖောက်ဖျက်မှု့ ဖြစ်ပိး ကျုပ်ရဲ့ အစွမ်းတွေ နိမ့်ပါးကုန်မှာပါ ”

 

“ကျုပ်နားလည်ပြီ သင့်ကို လိုအပ်ရင်ခေါ်လိုက်မယ် ကျန်သည့်ကိစ္စ ကျုပ်လုပ်လိုက်မယ် သင်သွားနိုင်ပြ‌ီ ”

 

ဦးဖိုးဝေသည် ဘုမ္မစိုးအား ပြန်ခွင့်ပြုလိုက်သည် နှင့် ဘုန်းကြီးကျောင်း‌ေပါ်တွင် ကြမ်းခင်းထားသော ပျဉ်ပြားများအောက်သို့ တဖြည်းဖြည်း နစ်ဝင် ပျောက်ကွယ် သွားပါလေတော့သည်။

 

▪️အခန်း-၆

 

ရွာဦးဘုန်းကြီးကျောင်းရှိ မန်းကျည်းပင်ကြီး၏ အရိပ်အောက်တွင် ဦး‌ဖိုးဝေ နှင့် သူရိယ ပြီးနောက် ကြည်အောင် နှင့် ရွာလူကြီး ဦးကျော်စိန်တို့ စကားပြောနေကြသည် ၊ သူတို့ပြောနေကြသောအကြောင်းသည်က ရွာမှ ကာလသားခေါင်း မောင်သစ်ကို ရွာသို့ပြန်ခေါ်ရန်ဖြစ်သည် ၊

 

“ဆရာကြီး မောင်သစ်ကိုက ဘယ်သွားလို့ ဘယ်လာမှန်း ကျုပ်တို့ ရွာသားတွေ မသိဘူး သူ့ကို ရှာဖို့ ခက်မယ် ထင်တယ် ”

 

“ကြည်အောင်ပြောတာ ဟုတ်တယ် မောင်သစ်နဲ့ သူ့သူငယ် ချင်းတွေက ဘယ်ရောက်လို့ ဘယ်ပေါက်နေမှန်း မသိပါဘူးဗျာ ”

 

“ကျုပ်ကလည်း မောင်သစ်ကို အတော်လိုအပ်နေတယ်ဗျာ မောင်သစ်သာ ခင်ဗျားတို့ ရွာရဲ့ ကျိန်စာကို ဖြေပေးနိုင်မဲ့သူပါ ”

 

“စံတင် တပည်တွေ ပြောသလို သူကို သတ်ပြီး သွေးနဲ့ ပူဇော်မှ အရင်တိုင်းဖြစ်မယ် ဆိုရင်‌‌ေတာ့ ကျုပ်တို့ မလုပ်နိုင်ဘူး ဆရာကြီး အဲ့တာ ကျုပ်ကြိုပြောထားတာ ”

 

ရွာလူကြီးသည် မောင်သစ်ကို အတော် ဆိုးရိမ်သူဖြစ်မည် ထင်သည် သူတို့ သိထားသည်က မောင်သစ်၏ သွေးနဲ့ ရွာအဝင်ကို ဖြန်းရင် အရင်လို သစ်ပင်များ ပြန်စိမ်းပြီး အရင်လိုသာယာ မယ်ဆိုတာဖြစ်သည် သို့ပေမဲ့ ရွာအား အင်မတန်ချစ်သော မောင်သစ်တို့အား သူတို့ ဘယ်သောအခါမှ သတ်မည်မဟုတ် ထို့ကြောင့် ယခု ကျိန်စာကို ကျေနပ်စွာ လက်ခံထားချင်းဖြစ်သည် ၊ ဦးဖိုးဝေသည် ရွာလူကြီးကို ကြည့်ကာ

 

“စိတ်ချပါ မောင်သစ် ဘာမှ မဖြစ်စေရပါဘူး ကျုပ်ကို သူရှိမဲ့နေရာ သိရင်လည်း ပြောပြပါလား ”

 

“တကယ် မသိတာပါ ဆရာကြီး သူသွားမဲ့နေရာကို မောင်သစ်က ပြောချင်ပေမဲ့ ကျုပ်ကိုယ်တိုင်က ဘယ်သူကို မှမပြောဖို့ မှာ ပြီး လွှတ်လိုက်တာပါ လူတေွရဲ့ စိတ်ကို လည်း ဆရာကြီးလည်း အသိ ဒုက္ခ ခံရလို့ မခံနိုင်တဲ့ ရွာသားတွေက မောင်သစ်ကို ပြန်ခေါ်ပြီး ဒုက္ခပေးမှာ ဆိုးလို့ပါ ”

 

“အဲ့တာ ဆို ကျုပ်ကို တခု ကူညီ မောင်သစ်ရဲ့ မွေးနေ့ ကို သိလား ‌ေမာင်သစ်ဆိုတာ သူရဲ့ နာမည်အရင်းလား”

 

“ဟုတ်ပါတယ် မောင်သစ် ရဲ့ ဇာတာ ဆရာတော်ဆီ‌မှာတောင် ရှိနိုင်ပါတယ် ဆရာကြီး ”

 

“ကဲ အဲ့တာဆိုလည်း အကုန်လုံးကို အဆင်ပြေအောင် ကျုပ်ပဲ လုပ်လိုက်ပါတော့မယ် ရွာလူကြီးက ကျုပ်ကို ဆရာတော်ဆီက မောင်သစ်ရဲ့ ဇာတာ ကို ခွင့်တောင်းပြီးး ပြန်လာပေးပါ ကျန်သူတွေက တော့ စံတင်ရဲ့ ဒဏ်ရာ ရနေတဲ့ တပည်တွေကိုဂရုစိုက်လိုက်ပါ ”

 

ဦးဖိုးဝေမှ ထိုသို့ပြောသောအခါ ကြည်အောင် နှင့် သူရိယသည် လူနာများထားရာ ကျောင်း‌ေဆာင်သို့ သွားလိုက်ကြသလို ရွာလူကြီးသည် လည်း ကျောင်းကြီးပေါ်သို့ တက်သွားပါလေတော့သည်။

 

▪️အခန်း-၇

 

ဦးဖိုးဝေသည် ရွာအပြင်တောစပ်ဘက်သို့ တယောက်ထဲ ထွက်လာသည် လက်ထဲတွင်လည်း မောင်သစ်၏ ပေရွက်ပေါ်တွင် ရေးထားသော ဇာတာ ခွင်ကို ကိုင်ထားသည် သူသည် တောစပ်ရှိ အရိပ်အင်မတန်ကောင်းသော ညောင်ပင်ကြီး နားရောက်သော အခါ ညောင်ပင်ကြီးကို တချက် ကြည့်လိုက်ပြီး ခေါင်းကို ညိတ်ကာ ညောင်ပင်ကြီး၏ အရိပ်အောက်ထဲ ဝင်သွားလိုက်သည် ၊ထို့နောက် ဝါးနေ‌ေသာ ကွမ်းတံတွေးကို ထွေးလိုက်ကာ

 

“ကဲ ဇော်ဂနီတယောက် ငါ့အရှေ့ ရောက်စမ်းဟေ့ ”

 

ဦးဖိုးဝေ၏ စကားဆုံးသည် နှင့် လျှင်မြန်လှသော အရိပ်မဲကြီးသည် သူ၏ရှေ့ မလှမ်း မကမ်းတွင် ရပ်ကာ တဖြည်းဖြည်း လူရုပ်သွင် ပေါ်လာလေသည် ၊ ထိုလူသည် အသက် လေးဆယ်အရွယ် အမျိုးသမီးဖြစ်ကာ ဆံပင်ကို ဖားလျားချထားပြီး အင်မတန်ကြည့်ကောင်းသည့် အမျိုးသမီး ဖြစ်သည်၊ ထိုအမျိုးသမီးသည် ဦးဖိုးဝေအား ဦးခေါင်းကို ညွှတ်ကာ အရိုအသေးပေးလိုက်ပြီး

 

“ကျမက ဒီနယ်က ဇော်ဂနီ မယ်ဝေ ပါ ”

 

“အော် အေးအေး ငါနင့်ကို ခိုင်းစရာရှိတယ် ”

 

“ပြောပါ ဆရာကြီး ကျမ ဘာလုပ်‌ေပးရမှာလဲ ”

 

“အခြားတော့ မဟုတ်ပါဘူး နင်လူတယောက်ကို ပြုစားပြီး ရွာဦးကျောင်းကို လွှတ်ပေးရမယ် ”

 

“ကျမက နေ့နာမ်သိမှ ပြုစားနိုင်တာပါ ”

 

“အေး နင်လို အပ်မယ် ထင်လို့ ငါယူလာတယ် ရော့ ဒီမှာ နင်ခေါ်ပေးရမဲ့ သူရဲ့ ဇာတာ ခွင် ”

 

ဇော်ဂနီ မယ်ဝေသည် ဦးဖိုးဝေပေးသော ပေရွက်ဖြစ်ပြူလုပ်ထား‌ေသ ဇာတာ ခွင်ကို ယူလိူက်ပြီး

 

“ကျမ သဘက်ခါ နောက်ဆုံးထားပြီး ရောက်အောင်ပို့ပေးပါမယ် အခု ကျမကို ခွှင့်ပြုပါဦး ”

 

“ကောင်းပြီ ”

 

ဦးဖိုးဝေခွှင့်ပြုလိုက်သည် နှင့် ဇော်ဂနီ မယ်ဝေသည် အရိပ်ပမာ ပြောင်းသွားကာ လျှင်မြန်စွာ ထွက်ခွာ‌သွားပါလေတော့သည် ။

 

▪️အခန်း-၈

 

ရွာဦးဘုန်းကြီးကျောင်း၏ တပည်များနှင့် စကားပြောနေကြသည် ၊ ထိုသူများမှာ ဦးစံတင်၏ ခြံဝန်းဝ တွင် ဦးဖိုးဝေတို့ အား မတိုက်ခိုက်ပဲ လက်နက်ချပြီး မီးပူရွာ ရွာဦးဘုန်း‌ေတာ်ကြီး‌ေကျာင်း သို့ရောက်နေကြသူများဖြစ်၏ ၊ ထိုသူများအား ဦးဖိုးဝေသည် ဆုံမစကားများပြောကြနေလေသည်

 

“ငါ့တူ တို့ရဲ့ လုပ်ရပ်တွေက အဆိုးထဲက အကောင်းလို့ ပြောရမှာပဲ မိသားစုရဲ့ အသက်နဲ့ ခြိမ်းခြောက်ပြီး မကောင်းမှု ပြုခိုင်းပေမဲ့ လိမ္မာ ပါးနပ်စွာ ရှောင်ရှားနိုင်ခဲ့တယ် ဦးကြီး တကယ် အသိအမှတ်ပြုပါတယ် ”

 

“ဆရာကြီး ကျုပ်တို့ကို ညှာတာပေးလို့ပါ ”

 

“အသေဝနာစ ဗာလာနံတဲ့ လူမိုက်တွေ နဲ့ မပေါင်းသင်းတာ လည်း မင်္ဂလာတပါးပါပဲ အဲ့တော့ အခုချိန်က စပြီး လူသားတွေအပေါ် ကိုယ်ချင်းစာ စိတ်လေးထားပြီး နေကွဲ့ ကြားလား ”

 

“ဟုတ်ကဲ့ပါ”

 

“ငါးပါးသီလ ထိန်း နိုင်ရင်တော့ တို့များမြတ်စွာဘုရားရဲ့ အဆုံးအမကို လိုက်နာတာပေါ့ သိူ့ပေမဲ့လည်း လောကီ အရှုပ်မှာ ထိန်းနိုင်ဖို့ ခဲယဥ်းတာ ဦးကြီးနားလည်ပါတယ် ငါးပါးသီလ မထိန်းနိုင်ရင်တောင် သူများ အကျိုးကို ထိခိုက်မဲ့အလုပ်မျိုး မလုပ်နဲ့ ၊ သေရည်လေး ဆေးဖြစ်ဝါးဖြစ် မှီဝဲတာ လက်ခံနိုင်ပေမဲ့ သေရည်ကြောင့် မိသားစု နဲ့ ပတ်ဝန်းကျင်ကို ဒုက္ခမရောက်စေနဲ့ ကွဲ့ ”

 

“ဟုတ်ကဲ့ပါ ဆရာကြီး ကျုပ်တို့ မှတ်သားထားပါမယ် ”

 

“အေးအေး ငါ့တူတို့တွေ ဘယ်လို အစီအစဉ်တွေ ချထားကြလဲ ဦးကြီးကို ပြောပါဦး”

 

“ကျုပ်တို့က တနယ်ထဲ သားတွေပါ အဲ့‌ေတာ့ အတူတူ ပြန်ကြပါမှာပါ ဆရာကြီးလည်း ကျုပ်တို့ နဲ့ လိုက်ခဲ့ပါလို့ တောင်းပန်ပါတယ် ”

 

“ဟုတ်ပါတယ် ဆရာကြီး ကျုပ်တို့ရွာကို လိုက်ခဲ့ပါ ခင်ဗျ”

 

စံတင်၏ အသိတရားရ၍ အသက်ရှင်ကျန်ခဲ့ သော တပည်များသည် ဦးဖိုးဝေအား လိုက်ဖို့ ဝိုင်းဝန်းတောင်းဆိုနေလေရာ ဦးဖိုးဝေ ခေါင်းညိတ်လို့သာ လက်ခံလိုက်ရပါ‌ေလ‌ေတာ့သည်

 

▪️အခန်း-၉

 

မီးပူရွာဦးကျောင်း ၏ နေ့လယ်သည်က ကျေးငှက် အော်သံများဖြစ်ညံစီနေသည် ခြောက်‌ေသွ့ သွားသော အပင်များသာရှိသည် ရွာတွင်တော့ ကျေးငှက်များ နားမခိုကြတော့ပဲ ရွာဦးဘုန်းကြီးကျောင်းတွင်သာ ငှက်ကလေးများ စုရူံနေကြသည် ၊ ထိုအချိန် ရွာဦးကျောင်းဘက်ဆီသို့ လူရွယ် တယောက် မည်သည့်အရာကိုမှ သတိမထားမိဟန်နှင့် လမ်းလျှောက်နေသည် ၊ သူ၏ ဘေး နှင့် နောက်တွင်‌တော့ မီးပူရွာသားများ လိုက်ပါ လာကာ စကားများပြောနေလေသည် ၊ သို့ပေမဲ့ ထိုလူရွယ်သည် မည်သည့် စကားတခွန်းမှ မပြော လမ်းအား ပံုမှန် လျှောက် ‌မြဲ လျှောက်နေသည် ၊သူတို့အား စကားပြန်မပြောရမလားဟု တချို့ ရွာသားများသည် ဆွဲရမ်းကိုင်လှုပ် ကြသောအခါ ထိုလူရွယ်သည် လဲကျသွားပေမဲ့ ချက်ချင်းပြန်ထကာ ရွာ ဦးကျောင်းသိူ့သာ သွားနေလေသည် ၊ ထိုသို့ဖြစ် လူအုပ်ကြီးသည် ဘုန်းတော်ကြီး ကျောင်းဝန်းအနားသို့ ရောက်လာလေသည် ၊ ရွာဦးဆရာတော်သည် အသံများဆူညံနေသောကြောင့် ကျောင်းဝန်းရှေ့ သို့ ကြွလာသည် ကျောင်းဝန်းရှေ့သို့ရောက်သော အခါ ကျောင်းဝန်းဝ မှာရပ်နေသော သူကိုမြင်သည်နှင့် ဆရာတော် အံဩသွာကာ

 

“ဒကာလေး မောင်သစ် ဘယ်လို လုပ်ပြီး ရောက်လာတာလဲ ‘

 

“အရှင် ဘုရား မောင်သစ်က ဘာမှ ပြန်မပြောဘူးဘုရား တပည်တော်တို့ တလမ်းလုံး မေးလာတာ ဘာစကားတခွန်းမှကို ပြန်မပြောဘူး သူ့ကြည့်ရတာလည်း ကြောင်တောင်တောင် နဲ့ပါ ဘုရား ”

 

ရွာသားများ ဆရာတော်အား လျှောက်တင်နေစဉ် ဦးဖိုးဝေရောက်လာသည် ၊ ဦးဖိုးဝေသည် မောင်လူသစ်အား မြင်သော အခါ ဆရာတော်အား။ကြည့်လိုက်ပြီး လက်အုပ်ချီကာ

 

“မောင်လူသစ်ဆိုတာ ဒီက တူမောင်လား ဘုရား ”

 

“ဟုတ်တယ် ဒကာကြီး ဒီလူရွယ်က ဒကာလေး မောင်သစ်ပါ ”

 

ထို့နောက် ‌ဦးဖိုးဝေသည် မောင်သစ်အား စူးဆိုက်ကြည့်လိုက်ရာ မောင်သစ် တချက်တုံသွားပြီး ဆရာတော် နှင့်ရွာသားများကိုကြည့်ကာ အံဩနေ‌‌ေသးသည် ထို့နောက် ဆရာတော်အား ထိုင်၍ လက်အုပ်ချီလိုက်ပြီး

 

“အ အရှင်ဘုရား တပည်တော် ဒီကို ဘယ်လို လုပ်ရောက်နေတာ ပါလဲဘုရား”

 

“ဒီကို လာတဲ့ ဒကာ‌ေလးတောင် မသိရင် ဘုန်းကြီးတို့က ဘယ်လိုလုပ်သိမှာလဲ ကွယ် ”

 

“တ တပည်တော် သူငယ်ချင်းတွေနဲ့ ရွာကို သတိရကြောင်းပြောပြီး အိပ်သွားတာပါ အခု တပည်တော် ဒီကို ဘယ်လို လုပ်”

 

“ကဲကဲ ဒကာလေး နောက်မှ ပြောပြတော့ အခုတော့ ခရီးပန်းလာတဲ့ ပုံပဲ ကျန်တဲ့ ရွာသားတွေလည်း ပြန်ကြတော့ ”

 

“တင်ပါဘုရား”

 

ဆရာ‌ေတာ်သည် မောင်သစ်ကို ကျောင်းထဲ ဝင်စေပြီး ကျန်သော ရွာသူရွာသားများကို ပြန်စေလိုက်သည် ၊ မောင်သစ်သည် ဦးဖိုးဝေအား ကြည့်ကာ ကြည့်ကာ နှင့် ဘုန်းကြီးကျောင်းပေါ်သို့ ဆရာတော်နှင့် အတူ တက်သွားပါလေ‌ေတာ့သည် ။

 

▪️အခန်း-၁၀

 

ဦးဖိုးဝေသည် မောင်သစ်အား ကျောင်းပေါ်တွင် ရွာနှင့် ပတ်သက်သည်များကို ပြောပြနေသည် စံတင်သေသွားပြီးဟု ပြောကတည်းက မောင်သစ်၏ မျက်နှာ တွင် ကျေနပ်နေသည် ပုံစံက ထင်ပေါ်နေပေသည် ၊ ထို့နောက် ရွာသားများမှ သူ၏ သွေးနှင့် ကျိန်စာ ပျက်ပျယ်အောင် လုပ်နိုင်မှန်းသိပေမဲ့ သူအား အသတ်မသေစေချင်သည်ကြောင့် ထွက်ပြေးခိုင်းသည်ကို သိသောအခါ မောင်သစ် မျက်ရည်များဝိုင်းလာပြီး

 

“ကျုပ် ကျုပ်ရွာသားတွေ အကျိုး အတွက်ဆို ကျုပ်အသက်တောင် ပေးတော့မယ်ဗျာ ရွာက အရင်လို ပြန်သာယာ လာမယ် ဆို ကျုပ်ကို သတ်ပါ ကျုပ်‌ေသဖို့ အသင့်ပါပဲ”

 

“အဲ့လောက် မလိုအပ်ပါဘူး ဒါပေမဲ နည်းနည်းတော့ အနာခံရလိမ့်မယ် ငါ့တူ ”

 

“ဦးကြီးရယ် ကျုပ်ရဲ့ အသက်ကိုတောင် ပေးထားတာ ကျန်တဲ့ နာကြင်မှုကတော့ ကျုပ်အတွက် အရေးမပါတော့ပါဘူးဗျာ ”

 

“မင်းရဲ့ စိတ်ဓတ်ကို တော့ ဦးကြီးလေးစားတယ် ကဲ လူလေး သူရိယ ရေနွေး ပန်းကန်လုံးယူကွယ် ပြီးတော့ ရေတပံုလည်း လိုတယ် ပြီးတော့ ဓားထက်ထက်ပါလိုတယ် ”

 

ဦးဖိုးဝေမှာ ထိုသိုပြောလိူက်ရာ ဆရာတော်သည် ပန်းကန် နှင့် ‌ရေပုံးရှိသော နေရာများကို ပြောပြနေလေသည် ဓားကိုတော့ ရွာလူကြီးအလာကို စောင့်နေပြီး ဓားအား ယူဆောင်ခဲ့ ရန်ပြောလေသည် ၊ မကြာလှသော အချိန်တွင် ဦးဖိုးဝေ လိုအပ်သည့် အရာများအကုန်စံုသွားတော့သည် ၊ ထိုနောက်ဦးဖိုးဝေသည် ဓား‌ေမြှာင်ကို မောင်သစ်ကို ပေးကာ

 

“ကဲ ငါတူ မင်းရဲ့ လက်ဖဝါးက ထွက်တဲ့ သွေးလိုချင်တယ်ကွာ ”

 

“ဟုတ်ရစေရပါမယ် ”

 

“တအားအနစ်ကြီး မနှီးနဲ့နော် သွေးရရင် ဖြစ်ပြီ ”

 

“ဟုတ်ကဲ့ ဦးကြီး”

 

မောင်သစ်သည် ဦးဖိုးဝေပေးသော ဓားကို ယူကာ ညာဖက်ဖြစ်ဓားကို ကိုင်ပြီး ဘယ်လက်မှ လက်ဖဝါးအား ဓားဖြစ် ဆွဲလိုက်သောအခါ သွေးများဖြာပြီး စီးဆင်းလာသည် ထိုသွေးမျာကို ဦးဖိုးဝေသည် ပန်းကန် တခု နှင့် ခံလိုက်ပြီး နောက် သူရိယအား အဝတ်ဝ တစကို ယူစေကာ မောင်သစ်၏ လက်ဝါးအား စည်းပေးလေသည် ၊ ထို့နောက် မောင်သစ်၏ သွေးခွက် နှင့် ရေထည့်ထားသော ရေပံုကို ယူကာ ရွာထဲ ဘက်သို့ ထွက်သွားပါလေတော့သည် ။

 

▪️အခန်း-၁၁

 

ဦးဖိုးဝေသည် ရွာ အဝင် လှည်းလမ်းတွင် သွေခွက် တခွက်နှင့် ရေပုံး ကို တဖက်တချက် ဆွဲထားပြီး ပါးစပ်မ တိုးတိုး ရွတ်ကာ ထို့နောက် အသံကျာ်ကျာ် ဖြစ်

 

“ကဲ ဘုမ္မဆိုး။ကျုပ် ဖိုးဝေ ဒီရွာက လူတွေကိုယ်စား မောင်သစ်ရဲ့ သွေးနဲ့ ဒီရွာအဝင်ကို ဖြန်းပေးပါမယ် ဒီရွာမှာ ရှိသော ကျိန်စာ ပျက်ပျယ် စေချင်ပါတယ် သင့်ရဲ့ သစ္စာ ဆိုခဲ့သည်မှာ မောင်သစ်ရဲ့ သွေးကိုသာ ဖြစ်တယ် သူရဲ့ အစက်လို့မပါဘူး ဒီတော့ သင် သစ္စာ မပျက်ပါ ကျုပ် မောင်သစ်ရဲ့ သွေးကို ‌ ရွာသားတွေကိုယ် စား ဖြန်းပက်လိုက်ပါတယ် သင့်တာဝန်ကျေစေချင်ပါတယ် ”

 

ဦးဖိုးဝေသည် ထိုသို့ပြောပြး လက်တဖက်မှ မောင်သစ်၏ သွေးပန်းကန်ထဲမှ သွေးများကို ရေပုံးထဲ မှ ရေများနှင့် ရောလိုက်ပြီး ရွားအဝင်းကို ဖြန်းပတ်လိုက်ပါလေတော့သည်

 

ထိုသို့ ဦးဖိုးဝေ ပြုလုပ်နေသည်ကို ရွာသားများမှ ဝိုင်းဖွဲပြီး ကြည့်နေချင်းဖြစ်သည် ၊ မကြာသောအချိန်တွင် စနေထောင့်မှ မိုးသားတိမ်လိပ်မ‌ျား တစ နှင့် တစ တဖြည်းဖြည်းတက်လာသလို မိုးချိန်းသံများသည်လည်း ကြားလာရသည် အချိန်အခါမဟုတ် မိုးများတက်လာသော အခါ ရွာသားများ အတော်ကို အံ့ဩနေကြသည့်၊ မိုးသားတိမ်လိပ်များသည် မီးပူရွာလေး အပေါ်သို့ အုံ့ဆိုင်းသွားကာ မိုးများစတင် ရွာသွန်းလာပါ‌ောတာသည် ၊ တဖြည်းတဖြည်း နှင့် မိုးစက်များ သည် ဦးဖိုးဝေ နှင့် အတူ ရွာသားများကို စိုတ် သွားသလို သစ်ပင်များသည် လည်း တဖြည်းဖြည်းစိမ်းစိုလာရာ ရွာသားအားလုံး မိုးရွာထဲ တွင် ကခုန်နေကြသည် သူတို့၏ ပါးစပ်များမှလည်း အောဟစ်နေကြသည် သူတိုအော်သည့် စကားသံများမှာ

 

“ဟေ့ ပျော်သလားဟေ့ မောင်တို့ရေ ”

 

“ပျော်တယ်ဟေ့ ပျော်တယ်ဟေ့ ”

 

“မိစ္ဆာ နှင်တာ ဘယ်သူလဲဟေ့ ”

 

“ဦးဖိုးဝေ ဟေ့ ဦးဖိုးဝေ”

 

ထိုသို့ အောဟစ်ကာ ဦးဖိုးဝေအနား ရောက်လာပြီး မိုးရွာထဲတွင် အားလုံးစုရုံးပြီး ဦးဖိုးဝေအား ကန်တော့နေကြပါလေသည် ၊ မီးပူရွာလေး၏ သစ်ပင် မျိုးစံုသည်က စိမ်းစိုလျက် လေအတိုက်တွင် ယိမ်းနွဲ့လို့နေပါလေတော့သည် ။

 

▪️အခန်း-၁၂

 

ဦးဖိုးဝေ နှင့် သူရိယသည် ဒဏ်ရာ ရနေသော ဦးစံတင် တပည်ဟောင်းများအား တင်ဖို့ ကြည်အောင်အား ခေါ်ကာ လှဝင်းတို့ နယ် သို့ ထွက်လာကြသည် ကိုကြည်အောင်၏ လှည်းလေးသည် လမ်းမသွား နိုင်သေးပေမဲ့ ထူထူထောင်‌ေထာင် ဖြစ်နေပြီ ဖြစ်သော သိန်းမြိုင် တို့ လေးဦးအား တင်ဆောင်ပြီး ရှေ့မှသွားနေသည် ၊ ဦးဖိုးဝေ နှင့် သူရိယသည်က နောက်မှ နေ၍ လှဝင်းနှင့် စကားတပြေပြော လမ်းလျှောက်နေသည် လှဝင်းသည် သူရွာမှ မထွက်လာခင်က တွေ့ခဲ့ရသော အရုပ် တခုအကြောင်းပြောနေသည်

 

“ဆရာကြီး ကျုပ်တို့ ဦးစံတင် ခြံထဲ မရောက်ခင် ကျုပ်တို့ အရုပ်လေး တရုပ်တွေ့ခဲ့တယ် ဆရာကြီး ”

 

“အင်း ဆက်စမ်းပါ ဦးကွဲ့ ”

 

“အဲ့ အရုပ်က မင်းသားပုံပဲ ခါးတောင်းတော့ကျိုက်ထားတယ် ခေါင်းပေါင်းတော့မပါဘူး သျှောင် ထုံး နဲ့ ပြီးတော့ ထူးဆန်းတာက သူက ဓားကိုင်ထားတဲ့ဗျ”

 

“ဓားကိုင်ထားတာ ထူးဆန်းလို့လား ”

 

“ဆန်းတာပေါ့ ဆရာကြီးရယ် အဲ့ အရုပ်က တခါတခါ ဓားကို ဘယ်လက်က ကိုင်ထားတာ တခါခါဆို ညာဘက်‌ေရာက်သွားပြန်ရော ဆရာကြီး ”

 

“အဲ့ဒါ တော်တော် ထူးဆန်းတာ ပဲ အခု အဲ့ အရုပ်ကို ဘယ်မှာ ထားခဲ့လဲ ”

 

“ကျုပ်ကတော့ ရွာလူကြီး အိမ်ပဲ ပို့ခဲ့ တယ် ဆရာကြီး”

 

“အင်း တူမောင်တို့ ရွာရောက်ရင်တော့ အဲ့ဒီအရုပ်ကို သေချာ ကြည့်ဦးမှ‌ပဲ ”

 

“ကြည့်ပါဆရာကြီး”

 

ဤသို့ နှင့် ‌လှဝင်း၏ ရွာကို သွားနေကြသော ခရီးစဉ်‌တွင် တယောက်ကို တယောက် စကားများဖောင်ဖွဲ့ကာ ပြောရင်းနှင့် ခရီး ဆက်နေကြပါလေတာ့သည်

 

ပြီးပါပြီ

 

🙏🙏🙏အပန်းမကြီးဘူးဆိုရင် ကျွန်တော့်ရဲ့ Page လေးကို Follow နှိပ်ပြီး အား‌‌ေပးသွားကြပါဦး ၊ 🙏🙏🙏

 

📝စာ​ရေးသူ -မောင်တင်ဆန်းအားလေးစားလျက်