လည်း စုန်းအတတ်နဲ့လုပ်စားတာ ဆန်းသလားကွ” “နောက်ပြီး ငါဆက်ပြောရအုံးမယ်၊ ဆေးဆရာဖြစ်ပြီပဲဆိုပါတော့ကွာ လူနာကိုတကယ်ပျောက်စေချင်လို့ ကုသလို့လဲရသလို၊ လူနာကို ရောဂါပိုကျွမ်းအောင်လုပ်ပြီးတော့မှ ကယ်တင်ရှင်ပုံစံနဲ့ ကုသလို့ရောမရဘူးလား၊ လက်သမားဆရာကြီးကရော အိမ်ကို ခိုင်ခိုင်ခံ့ခံ့ဆောက်သလို၊ ကိုယ်မလိုတဲ့လူရဲ့ အိမ်ကိုကျတော့ မခိုင်မခံ့ဖြစ်အောင်၊ မကောင်းတဲ့သစ်တွေနဲ့ ဆောက်လုပ်ပေးလို့ရတယ်မဟုတ်ဘူးလား” ကျုပ်လည်းခေါင်းညိတ်လိုက်တာပေါ့ဗျာ။ “အေးပေါ့၊ ဒီလိုပဲ ဘယ်ပညာမဆို ကောင်းအောင်လုပ်လို့လည်းရတယ်၊ ဆိုးအောင်လုပ်လို့လဲရတယ်၊ စုန်းကဝေပညာလည်း အဲဒီလိုပဲပေါ့ကွာ” “ဒါပေမယ့် ကျုပ်ကြားဖူးတာက စုန်းတွေအကုန်လုံးလိုလိုက လူဆိုးတွေချည်းမဟုတ်လား၊ ကောင်းတဲ့စုန်းဆိုတာ ရှိမှမရှိတာ” “ဒါကတော့ကွာ၊ ရှေးဘုရင်လက်ထက်ကတည်းက စုန်းတွေကိုမှားယွင်းပြီး ယူဆခဲ့ကြတာပေါ့ကွာ၊ မင်းသိအောင်လို့ ပြောပြရအုံးမယ်၊ ...
နေလိုက်တယ်။ အမေပြောတာ ဟုတ်တော့လည်းဟုတ်သားဗျ။ သြော် …ဆရာတော်လည်း သက်တော်ကလေးရလာတော့ လူကြီးတွေ ရဲ့ သဘာဝကို ပြောင်းလာတာနေမှာပေါ့လို့ ကျုပ်တွေးလိုက်မိတယ်။ “တာတေရေ…တာတေ” “ဟဲ့ …ဘယ်သူတုံးတာတေ၊ ဝိုင်းဝက ခေါ်နေတာ” အမေက မျက်မှောင်ကလေးကြုပ်ပြီး ဝိုင်းဝ ကို ကြည့်နေတယ်ဗျ။ ကျုပ်လည်း ဝိုင်းဝကို လှမ်းကြည့်လိုက်မိတယ်။ “ဟင်…တောင်ပိုင်းက ကိုပြည်သိန်းကြီးဗျ။ ဒီလူ ကျုပ်ဆီကို တစ်ခါမှ မလာဘူးပါဘူး” “ပြည်သိန်း ဟုတ်လား၊ ကြည့်လုပ်နော် တာတေ၊ သူ့အဖေ မြဒင်က ဘဝင်ခပ်ကိုင် ကိုင်ဟဲ့၊ လူတိုင်းကို အဖော်လုပ်တာ ...
သိချင်တာကို သေသေချာချာ ရှင်းပြလိုက်ပါကွာ” “ဒီလို ဒီလို မောင်တာတေရေ ။ ခရမ်းမှာနေတဲ့ ဆရာကြီးရဲ့ တပည့်နာမည်က ကိုကံပိုင်တဲ့ကွ။ ကိုကံပွင့်က မြို့နီးချုပ်စပ်မှာ လှည့်သွားလာပြီး ဆေးလေးဝါးလေး ကုတယ်ကွ။ တစ်ရက် ပင်လယ်ဘက်က ရွာကလေးမှာ ဆေးသွားကုတော့ ဒီကဝေမကြီး သတင်းကို စပြီးကြားတာကွ” “သြော်” “ကိုကံပိုင် ဆေးသွားကုတဲ့ သိမ်ကုန်းရွာက ကာလသား ကလေးတစ်ယောက်က ပြောပြတာတဲ့ကွ။သိမ်ကုန်းအရှေ့က တောထဲမှာ နွားပျောက်လို့ သွားရှာတုန်း မိန်းမကြီး တစ်ယောက်ကို တောထဲမှာ တွေ့ခဲ့တယ်ဆိုပဲကွ။ ဆံပင်ဖားလျားကြီး ချလို့တဲ့ကွ။ မျက်လုံးပြူးပြူး ...
သူတို့ အချင်းချင်း စကားပြောရင်တောင် “လူကိုယ်က လက်ပဒေါ ကာလာနဲ့” လို့ ပြောတတ်ကြတာတွေလည်း ရှိတယ်။ လက်ပဒေါက လူတွေဟာ ဆင်းရဲကြတာကို ပြောချင်တာပါ။ ဆင်းရဲပေမယ့် လက်ပဒေါသားတွေဟာ ရိုးသား ကြတယ်။မြစ်လောင်းဂါတ်တဲက လက်ပဒေါကို တရားခံသွားဖမ်းရတယ်ဆိုတာ တစ်ခါမှ မရှိခဲ့ဖူးဘူး။ လက်ပဒေါက တဲကလေးတွေဟာ ဘာတံခါးမှ မရှိတာတောင်မှ သစ်သားယောက်မတစ်ချောင်း မပျောက်ဖူးဘူး။ ရွာသားအားလုံးကတော့ ကြွက်ထိုးစားတာ မဟုတ်ပါဘူး။ သည်ဆည်မြောင်း လက်တံကြီးကို ဖာဖို့ ထေးဖို့ ပြုဖို့ ပြင်ဖို့ ရာသီအလိုက် ခန့်ထားတဲ့ အလုပ်သမား တွေလည်း ...
သွားပြီး ခိုင်းစားချင်တာမဟုတ်လား..”” အဖေစကားကြောင့် အဖွားဖြစ်သူနဲ့စကားတွေ အကြီးအကျယ်များကြပါတယ်။ နောက်ဆုံးတော့ စုစုနှင်းတို့ မောင်နှမတွေ အဖွားနောက်မလိုက်ရပဲ အဖေနဲ့သာ ကျန်ရစ်ခဲ့ရပါတယ်။ အဲ့အရွယ်ကလေးထဲက မိသားစုစားဝတ်နေရေးအတွက်ရုန်းကန်ခဲ့ရတဲ့အမေတာဝန်တွေဟာ စုစုနှင်းပခုံးပေါ်ပြောင်းရောက်လာသလိုပါပဲ။ အဖေက ကိုယ်တိုင်သာမိသားစုကိုရှာမကျွေးပေမယ့် စီမံခန့်ခွဲမှု့က တော်လွန်းတယ်လို့ပြောရမလိုပင်။ စုစုနှင်း ကို ကုန်စိမ်းအချို့စျေးကြိုပေးပြီး ရပ်ကွက်ထဲ ပတ်ရောင်းခိုင်းပါတယ်။ ခေါင်းရွက်ဗျပ်ထိုးစျေးသည်လေးပေါ့။ အထွန်းလေးကိုတော့ ထမင်းချက်၊ ဟင်းချက်အဝယ်တော် လုပ်ခိုင်းပါတယ်။ ကျောင်းဖွင့်ချိန်ရောက်တော့ စုစုနှင်းရောအထွန်းပါ ကျောင်းမတက်ရတော့ပါပဲ ပုတုတစ်ယောက်ကိုသာ ကျောင်းတက်စေခဲ့ပါတယ်။ စုစုနှင်းမှာ လူကသာကလေးဖြစ်ပေမယ့် ခေါင်းရွက်ဗျပ်ထိုးစျေးသည်ကြီးဖြစ်မှန်းမသိဖြစ်ခဲ့ရပါတယ်။ တခါတလေ စျေးရင်းပြုတ်သွားတာမျိုးတွေ မကြာခဏဖြစ်တတ်ပါတယ်။ အဲဒီလိုအခါမျိုးမှာတော့ ...
တွေးနေမည်မဟုတ်။ ခိုးသည် ၊ လိမ်သည်။ ဒေါ်ယုမေမှာ ထိုကဲ့သို့သော ပြဿနာအမျိုးမျိုးကို မကြာခဏဆိုသလို လိုက်လံ ဖြေရှင်းပေးနေရ၏။ ကြာတော့ ဇော်လွန်းကို သူငယ်ချင်းများက အိမ်အလာမခံကြတော့ချေ။ ဒေါ်ယုမေကို သွားတိုင်လျင် ကိုယ်ပစ္စည်း သို့မဟုတ် ပစ္စည်းတန်ကြေး ပြန်ရသော်လည်း အကျင့်ပျက်နေသော ဇော်လွန်းကို မပေါင်းသင်းကြတော့ပေ။ ယခုတော့ မူးယစ်ဆေး၏ကျေးကျွန်ဖြစ်သော လူဆိုးလူမိုက်တယောက် ငယ်ငယ်ရွယ်ရွယ်နှင့် လောကကြီးကို စွန့်ခွါသွားလေပြီ။ ဒေါ်ယုမေအတွက်တော့ သားတယောက် ဆုံးရှုံးသွားပြီဟု ကြေကွဲဝမ်းနည်းစရာ ဖြစ်ပေမယ့် ၊ တခြားဖက်က ကြည့်လျင် လူသားဆိုးသားတယောက်၏ဝဋ်ကနေ ကျွတ်သွားတာလို့ ဆိုရမည် ...
သည်။´ ဌေးဦး ဆရာကြီး ရုံးခန်းထဲဝင်သွားသည်။ ‘“မင်းနာမည်ဌေးဦးလား’” ဆရာကြီးက မေးသည်။ ဌေးဦး ခေါင်းညိတ်ပြသည်။ “ပါးစပ်ကဖြေ . . .” ဆရာကြီးလေသံကမာသည်။ “ဟုတ်ပါတယ် … ” “ဟုတ်ရင် လက်ပိုက်ထား .. ” ´ဌေးဦး လက်ပိုက်လိုက်သည်။ “မင်း…ဒုတိယတန်းက….မိန်းကလေးကိုတွန်းလားတိုးလား လုပ်တယ်ဆိုတာ ဟုတ်သလား ..” “ဟုတ်ပါတယ် .. ” ဌေးဦးကမညာ မှန်သည့်အတိုင်းဝန်ခံသည်။ “မင်းဘာလို့ အဲ့ဒီလိုလုပ်ရတာလဲ .. ” “သူက ….အဲ့ဒီအတန်းမှာ ရှိတဲ့ ကျွန်တော်ညီမလေးကို ...
ဖျတ်ခနဲ လင်းသွား၏။ ” အင်း … ဟင်း … ဟင်း ” သေချာသွားပြီ။ ငြီးတွားသံက ထပ်ခိုးက စတိုခန်းလေးမှ ထွက်ပေါ်နေခြင်း ဖြစ်သည်။သူမ စတိုခန်းအနီး ရောက်နေသည်မဟုတ်လား။ မခင်မမသည် ခပ်ရွံရွံဖြင့်သာ စတိုခန်းတံခါးအနီးသို့ ကပ်ခါ လှမ်းမေးလိုက်သည်။ သူမ၏ အသံက လိုသည်ထက် ပို၍ မာကြောနေသည်။ တမင် လုပ်ယူထားသော လေသံမှန်း သိသာ၏။ ” ဟိတ်! အထဲက ဘယ်သူလဲ ” ထိုအခါ ငြီးတွားသံသည် တိခနဲ ရပ်သွားလေ၏။ ...
ဖြစ်တာတွေ မရှိဘူးလား ကွယ့်။ ““ရှိပါတယ် ဆရာကြီး” ““ဟေ .. ဘယ်လိုဟာမျိုးတုံးကွဲ့” “အိပ်မက်ရှည်ကြီးတစ်ခု မက်တာပါ ဆရာကြီး” ““ဘယ်လိုအိပ်မက်မျိုးတုံး မောင်တာတေ” ““အင်းဝကို မက်တာပါ ဆရာကြီး၊ ဗားမဲ့ဆရာတော်လည်း ပါ တယ်၊ တောင်ငူကို စစ်တိုက်တာတွေလည်း ပါတယ်” ““အင်း၊ မောင်တာတေမက်တဲ့ အိပ်မက်ကိုပဲ ကျုပ်လည်း မက် တယ် မောင်တာတေ၊ သံသရာဆိုတာ ဒီလိုပဲ လည်နေတာပါပဲ မောင်တာ တေရယ်၊ ကျုပ်စိတ်မကောင်းတာက မဖဲဝါအတွက်ပါပဲကွယ်” ““ဟုတ်တယ် ဆရာကြီး၊ ကျုပ်လည်း အစ်မ ...
ပါသည်။ ဗိုက်ကိုလက်နှစ်ဖက်ဖြင့် ထောက်၍ အမောဖြေနေသည်။ “ဟဲ့ကလေးတွေ . . ဒီထဲမှာ . . .သံချောင်းမပါဘူးလား” သူ့မြေးကိုမေးခြင်းဖြစ်သည်။ “သံချောင်းမပါဘူး …” သံချောင်းကအော်ဖြေလိုက်၍ အားလုံးရယ်ကြရသည်။ “ဪ .. ဒုက္ခ .. ဒုက္ခ ဒီကောင်လေးကလဲ ဘယ်ရောက် နေမှန်းမသိဘူး . . ” အဖွားကြီးမျက်စိမှုံနေ၍ ဇရပ်ပေါ်မှ သံချောင်းကို ကောင်းကောင်းမမြင်။ “အဖွားကြီးသံချောင်းရှိတယ်…..သံချောင်းမပါဘူးလို့ ပြောတာ သံချောင်းပဲ ဒီမှာ ..” … ကိုအေးက သံချောင်းလက်ကိုဆွဲလာပြသည်။ ‘“မဟုတ်ဘူး ...