သေသူစွဲသောဓါး

ထူထူနဲ့သူကပြောရင်းလွယ်အိပ်ထည်းကဓား​တိုလေးကိုထုတ်ပြတယ်ဓားကလည်းသံချေးတေလည်းကိုက်နေသည်ဓားသွားမှာလည်းတစ်ခုခုကိုခုတ်ထားမိသလိုလိပ်နေသည် “ခဗျားတို့ဓားကလိပ်တော့လိပ်နေတယ်ဗျ” “ရတယ် လိပ်နေတဲ့နေရာကိုဒီတိုင်းပဲထားကျန်တဲ့အပိုင်းကိုပဲပြန်ပြင်ပေးပါ” ကိုဖိုးတေကလည်းနားမလည်နိုင်ပေမယ့်ခေါင်းသာညိတ်ပြလိုက်သည် ဓားလာအပ်သူထိုသူနှစ်ဉီးကလည်းကျသင့်ငွေရဲ့တစ်ဝက်ကိုစရံပေးကာ နောက်တစ်ပတ်နေရင်လာယူမည်ဖြစ်ကြောင်းကိုလည်းပြောခဲ့သည်

“ဂလုံ….ဂွမ်.” မီးဖိုချောင်မှဆူညံသံများကြားရသဖြင့်ဖိုးတေတစ်ယောက်အိပ်ယာမှနိုးလာခဲ့သည် မိမိ၏အိမ်တွင်မိမိမှအပါးတခြားသူမရှိ အိမ်တွင်မွေးထားသောကြောင်များသာဖြစ်မည်ဟူ၍ပြန်လည်အိပ်စက်ခဲ့သည် “ဝုန်းး….” ခနတာမျှအိပ်ပျော်နေစဉ်နောက်ဖေးထရံမှလဲကျသွားဟန်တူသောအသံကိုကြားရသဖြင့်မနေသာတော့ပဲအိမ်ယာမှထကာထိုနေရာသို့လျှောက်လာခဲ့သည် “အမလေး” ကိုဖိုးတေတစ်ယောက်မြင်လိုက်ရသောမြင်ကွင်းကြောင့်နှလုံးရပ်မတတ်ဖြစ်သွားသည် မြင်လိုက်ရသည်မှာကတော့ မျက်လုံးများကအပြင်ကိုပြူးထွက်နေပီး ဆံပင်များကဖွာလန်ကြဲ၍ နီရဲနေသောသွေးများနှင့်ပြက်လုပြက်ခမန်းဖြစ်နေသောလည်တိုင်ကြီးနှင့်မိန်းမကြီးတစ်ယောက်ကလဲကျနေသောထရံပေါ်တွင်ဆောင့် ကြောင့်ကြီးထိုင်နေသည် ဖိုးတေဆိူကလည်းအသိနှင့်သတိကိုပူးကပ်လိုက်ပြီးထိုနေရာမှချက်ချင်းထကာပြေးတော့သည်နောက်နေ့တွင်တော့ဘုန်းကြီးနှစ်ပါးကိုပင့်ဆောင်ကာပရိတ်များရွတ်ဖတ်၍သရဲနှင်ခဲ့ကြသည် ထိုညတွင်တော့ဘာမှမခြောက်လှန့်တော့သောကြောင့်စိတ်အေးစွာအိပ်စက်ခဲ့သည် သို့ပေမယ့် သုံးရက်မြောက်နေ့တွင်တော့အိပ်စက်နေသောဖိုးတေတစ်ယောက်အိပ်စက်နေရင်းမှမျက်လုံးအစုံတို့ကအလိုလိုပွင့်လာသည် ထိန်းချုပ်ခံရသောသူကဲ့သို့သူ၏ခြေထောက်များကလည်းအနောက်တံခါးဆီသို့ဉီးတည်နေသည် “ဟာခဗျားခဗျားကဘယ်သူလည်း” သူ၏ရှေ့တွင်တော့မဝမပိန်ခန္ဓာကိုယ်နှင့်အမျိုးသားတစ်ယောက် သူ၏မျက်နှာကလည်းဝမ်းနည်းမူများနှင့်ပြည့်နက်နေသည် “ကျုပ်ကဓားကိုစွဲကပ်နေတဲ့သူပါခ​ဗျားကိုဓားလာအပ်တဲ့သူတွေက ကျုပ်ကိုသတ်ပြီးဓားမှာစွဲကပ်အောင်လုပ်ထားတာပါ” “ဒါဆိုသူတို့ကကျုပ်ကိုခြောက်ဖို့ခဗျားကိုခိုင်းလိုက်တာလား” “မဟုတ်ပါဘူးဒိိလိုပါ ကျုပ်ကိုဓားမှာစွဲကပ်နေအောင်လုပ်ထားတာကလည်းအောက်လမ်းအစီအရင်နဲ့လုပ်ထားတာပါအဲ့ဒီအစီအရင်ကလည်းအစီအရင်ပီးတာနဲ့ပန်းပဲဆရာထံမှာ၇ရက်အပ်ရပါတယ်ဒီလိုမအပ်ရင်လည်းအစီအရင်ကမစွမ်းတော့ဘူးလို့ဆိုပါတယ်” ဖိုးတေလည်းသက်ပြင်းတစ်ချက်ကိုချလိုက်တယ် “ဒါဆိုခဗျားကအသုံးချခံဖြစ်ရတော့မာပေါ့ကျုပ်ဘာကူညိပေးရမလည်းကျုပ်ခဗျားကိုကူညီပေးမယ်” “ကျုပ်ကိုတကယ်ကူညီချင်တယ်ဆိုကျုပ်ကို၇ရက်လုံးဒီမှာပေးနေပါကျုပ်မနှောက်ယှက်ပါဘူး၇ရက်ပြည့်လို့သူတို့ပြန်လာယူတဲ့အခါရဲနဲ့ပေါင်းပိီးသူတို့ကိုဖမ်းလိုက်ပါ” “ဒါကသက်သေပြလို့်မရတဲ့ကိစ္စကြီးလေဗျာသက်သေမရှိဘဲဖမ်းရင်အသရေဖျက်မူနဲ့ကျုပ်ကိုဖမ်းမှာပေါ့” “အဲ့အတွက်မပူပါနဲ့ရတွေဖမ်းပီးတဲ့အခါကျရင်ကျုပ်ကရွာသားတစ်​ယောက်ကိုပူးကပ်ပြီးသက်သေတွေရှိတဲ့နေရာကိုပြောပြပ့မယ်ကိစ္စတွေပီးရင်တော့ကျုပ်စွဲကပ်နေရတဲ့ဓားလေးကိုပရိတ်ရေနဲ့စိမ်ပြီးပရိတ်ရွတ်ကာအမျှဝေပေးပါ”
ထိုသူပြောတဲ့အတိုင်းဆောင်ရွက်ရာမှာတော့အားလုံးအစီစဉ်ကျကျဖြစ်သွားပါတယ် အစကတော့ထိုလူတွေကငြင်းရင်းဖိုးတေကိုပါတရားစွဲမယ်လုပ်နေပါတယ်သရဲကလည်းရွာသားကိုပူးကပ်ပီးသက်သေတွေရှိတဲ့နေရာကိုပြလိုက်တော့မှရဲကယုံသွားပြီးထိုသူနှစ်ဉီးကိုဖမ်းလိုက်ပါတယ် ထိုအဖြစ်ပြက်များဖြစ်ပီးတစ်လအကြာမှာတော့ဖိုးတေရဲ့အိမ်မက်ထည်းမာယောက်ျားသားတစ်ဉိးကလာရောက်နှုတ်ဆက်ခြင်းကိုခံရပါတယ် ပန်းပဲဆရာဖိုးတေလည်းထိုအဖြစ်အပြက်ကိုနမူနာယူကာနောက်ထက်လည်းပြန်လည်သစ်ဆန်းခြင်းများကိုလက်မခံတော့ဘဲ ဓားအသစ်ကိရိယာလက်နက်အသစ်တွေကိုသာထုလုပ်ရောင်းချနေပါတော့တယ်

“ဉီးကြီးမောင်ဒါဆိုဖိုးတေဆိုတာက” ကျုပ်ရဲ့စကားကိုဉီးကြီးမောင်ကဖြတ်ပြောလိုက်ပါတယ် “ဟုတယ်ခုနကမင်းဓားသွားအပ်တဲ့ဖိုးတေပဲ” “အော်လူတွေကလည်းသတ်လို့တောင််အားမရပဲခိုင်းပါခိုင်းစားချင်ကြတယ်နော်” “လူ့စိတ်ဘီလူးစိတ်ဆိုတာခန့်မှန်းလို့ရတာမဟုဘူးက်ခုတစ်မျိုးတော်ကြာတစ်မျိုးကောင်းတဲ့သူတွေလည်းရှိသလိုမကောင်းတဲ့သူတွေလည်းပေါပါတယ်” ကျုပ်လည်းဉီးကြီးမောင်ပြောပြတဲ့ဉီးလေးဖိုးတေရဲ့ဇာတ်လမ်းဆုံးတော့ နေကလည်းအတော်မြင့်နေပီမို့ အိမ်ကိုပြန်ခဲ့ပါတော့တယ် ကျုပ်နောက်အပတ်ဓားသွားယူတော့ဉီးလေးဖိုးေတကိုမေးမြန်းကြည့်ရာမှာတော့ဟုတ်မှန်ကြောင်းသိခဲ့ရပါတယ်ထို့အပြင်ထိုသရဲစွဲကပ်ခဲ့ဖူးသောဓားတိုလေးကိုလည်းထုတ်ပြခဲ့ပါတယ်

နောက်ထက်နောက်ထက်လည်းဘယ်လိုစိတ်ဝင်စားစရာဇာတ်လမ်းတွေကိုတင်ဆက်ပေးအုံးမှာမို့စောင့်မျှော်နေကြပါအုံးနော်အာပေးကြတဲ့သူတစ်ယောက်ချင်းစီတိုင်းကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါသည်