ဘဝခြားကသံရောဇဥ်

ဖြေကြားပေးခဲ့တယ်။

“သင့်ကကျွန်တော်တပည့်နဲ့တွေ့ဆုံခဲ့ရတဲ့သူလား”
“ဟုတ်ပါတယ်ဆရာလေး ဆရာလေးတပည့်နဲ့ဒီနားလေးမှာပဲဆုံဖြစ်တာပါ”

“ဆိုစမ်းပါအုံးဗျ ကျွန်တော်တပည့်လိပ်ပြာဘယ်ကိုလွှင့်သွားတာလည်း”
“ဆရာလေးတပည့်ရဲ့လိပ်ပြာက လိပ်ပြာကြိုးကပြတ်တောက်သွားပါပြီ|ပြတ်တောက်သွားပြီး အသူရကယ်ဘုံကအရင်ဘဝကိုရောက်ရှိသွားပါတယ်”

“သူ့ကိုပြန်ခေါ်လို့ရမဲ့နည်းလမ်းတခုခုမရှိဘူးလားဗျ”
“တနည်းတော့ရှိတယ် ဆရာလေး”

“ဘာများလည်းဗျ”
“ဆရာလေးကိုယ်တိုင် မတင့်တော်တဲ့အသူရကယ်ဘုံကို သွားရောက်ပြီ ဆရာလေးရဲ့လိပ်ပြာကြိုးနဲ့ဆရာလေးတပည့်လိပ်ပြာကြိုးကို ချည်နှောင်ကာ လူပြည်လူရွာသို့ ပြန်လည်ခေါ်ဆောင်နိုင်ပါတယ်”

“အဟန့်အတားတွေကရောရှိသေးလားဗျ”
“သိပ်ရှိတာပေါ့ဆရာလေး ပထမဆုံးဆရာလေးရဲ့သမာဓိအားကိုစမ်းသပ်မယ်|ပြီးရင်ဆရာလေးရဲ့တပည့်ကို ဆယ်နှစ်နာရီအတွင်းပြန်လည်ခေါ်ဆောင်ရပါ့မယ်|တကယ်လို့ဆရာလေးကိုယ်တိုင်ပိတ်မိနေရင် ဆရာလေးပါလူပြည်လူရွာကို ပြန်ဝင်လို့မရတော့ပါဘူး|နောက်ဆုံးအရေးပေါ်အချိန်အနေရောက်ရင် ဆရာလေးရဲ့တပည့်ကိုထားခဲ့ပြီးထွက်လာနိုင်ပါတယ်”

“ခုလိုရှင်းပြပေးတာကျေးဇူးတင်ပါတယ်ဗျ အဘိုး”
“ဟုတ်ကဲ့ဆရာလေး ရပါတယ်”

“ကဲ့ ကျွန်တော်လည်းခရီးဆက်စရာရှိသေးတာမို့ သွားခွင့်ပြုပါအုံး”
“ကောင်းပါပြီဆရာလေး အန္တရယ်ကင်းကင်းပြန်ရောက်လာနိုင်ပါစေ”

မောင်သူရိန်လည်းအဘိုးအိုကိုနှုတ်ဆက်ကာ ခုနှစ်မိုင်ချောင်းရဲ့သင်္ချိုင်းရှိရာကိုခရီးထွက်ခဲ့လေတော့သည်…..။

******

ခွန်ချို‌တစ်ယောက်ကတော့ တစ်နေ့ထက်တစ်နေ့စည်းစိမ်ယစ်မူးလာပါတယ်။

“အဖေ ကျုပ်တမြူလောက်သောက်ချင်သေးတယ်ဗျာ”
“သားသောက်ချင်နေရင် အဖေသွားဝယ်ပေးရမှာပေါ့|ဘကျော် ငါ့သားပြောတာကြားတယ်မလား နောက်တမြူလောက် ခပ်မြန်မြန်လေးသွားယူပေးစမ်း”

“ဟုတ်ကဲ့သခင်ကြီး”

ခြံပြင်သို့ရောက်နေသောဘကျော်ကိုအောင်ထင်ကအနောက်ကလိုက်ကာ
“ဘကျော် ရွာစောင့်အဘိုးအိုကုဝိတကိုအသေအချာမှာခဲ့”
“ဟုတ်သခင်ကြီး ဘယ်လိုမှာပေးခဲ့ရမလည်းဗျ”

“ရွာထည်းကိုမျက်နှာစိမ်းသူတွေအဝင်မခံနဲ့ လေလွင့်လာတဲ့လိပ်ပြာတွေလည်း တခြားဒေသကိုလွှဲပြောင်းလိုက်လို့ကြားလား”
“ဟုတ်ကဲ့သခင်ကြီး သခင်ကြီးမှာသလို အသေအချာပြောခဲ့ပါမယ်ဗျ”

ဘကျော်လည်းတဖန်ရွာထိပ်ကိုလျှောက်သွားလေတယ်။ရွာထိပ်ရောက်ကတွတ်ပင်ကြီးအနားရောက်တော့

“အဘိုးကုဝိတ အဘိုးကုဝိတ” ဟုအော်ခေါ်လိုက်ရာ
သစ်ပင်ပေါ်မှအဘိုးအိုတစ်ဦးဆင်းသက်လာခဲ့တယ်။

“ဘကျော် ဘာအရေးကိစ္စများရှိလို့လည်းကွ”
“သခင်ကြီးကအ‌‌ရေးတကြီးအမှာပါးခိုင်းလို့ပါအဘိုး”

“အဘယ်ကိစ္စများလည်းကွဲ့ အရေးတကြီးဆိုတော့”
“ရွာထည်းကိုလူစိမ်းတွေအဝင်မခံဖို့နဲ့လေလွှင့်လာတဲ့ လိပ်ပြာတွေကိုလည်း တခြားဒေသကိုပို့ဆောင်လိုက်ပါတဲ့အဘိုး”

“အေးကွယ် အဘိုးသေသေချာချာစောင့်ကြပ်ပေးပါ့မယ်”
“ဟုတ်ကဲ့အဘိုး…ဒါဆိုလည်းကျွန်တော်ပြန်လိုက်ပါအုံးမယ်”

ဘကျော်လည်းအဘိုးအိုကိုနှုတ်ဆက်ကာထန်းရည်ဆိုင်သို့ဦးတည်ကာလျှောက်သွားပါတော့လေသည်။

*********

ညနေစောင်းတော့မောင်သူရိန်ကခုနှစ်မိုင်ချောင်းရဲ့သင်္ချိုင်းထည်းကိုရောက်ရှိနေခဲ့ပြီး ဇရပ်ပေါ်မှာထိုင်ကာအနားယူနေခဲ့တယ်။

တကျစ်ကျစ်နဲ့ပိုးကောင်အော်မည်သံဟာ ချောင်းရဲ့သင်္ချိုင်းကိုတော့ကြီးဆိုးလျှက်သားရှိနေတယ်။ခြင်မှက်တို့၏ကိုက်ခဲမှုကိုမမှုပဲ သမာဓိအားကောင်းအောင်သာတရားထိုင်နေသောမောင်သူရိန်ရဲ့မျက်လုံးအစုံဟာဖျတ်ခနဲပွင့်ရှိလာခဲ့တယ်။

“သင်္ချိုင်းတကာ သင်္ချိုင်းကိုအပိုင်စား ရရှိထားတဲ့မဖဲဝါ ကျုပ်ရှေ့ကိုအခုချက်ချင်းရောက်ရှိစမ်း”

မောင်သူရိန်ရဲ့ခေါ်သံခဏအကြာမှာပဲ လေပေါ်ကနေလာနေတဲ့မဖဲဝါကမောင်သူရိန်ရဲ့အရှေ့ကိုရောက်ရှိလာခဲ့တယ်။

“ဆရာလေး ကျွန်မကိုခေါ်တာ ဘာအရေးကိစ္စများရှိလို့ပါလည်း”
“ကျုပ်တပည့်ရဲ့ခန္တာကိုယ်ကဘယ်အရပ်‌ဒေသရဲ့သင်္ချိုင်းထည်းမှာရှိနေတာလည်း ‌သင့်ကိုမေးချင်လို့ပါ”

“ဆရာလေးရဲ့တပည့်ရုပ်ခန္တာကိုယ်က ဘယ်အရပ်မှာမှမရှိပါဘူး|ဒီသင်္ချိုင်းရဲ့ မြောက်ဘက်အစွန်မှာအခုမှမြေမြှပ်ထားတဲ့မြေပုံဟာ ဆရာလေးတပည့်ရဲ့ခန္တာရှိရာနေရာပါ”
“ကျေးဇူးတင်ပါတယ် သင်လည်းနေရပ်ဌာနေကိုပြန်လို့ရပါပြီ”

မဖဲဝါလည်းအလာမှာလည်းလေပေါ်ကလာသလို့ အပြန်မှာလည်းလေပေါ်ကသာလှည့်ပြန်သွားလေတယ်။မောင်သူရိန်လည်းဇရပ်ပေါ်မှဆင်းကာ သင်္ချိုင်းမြောက်ဘက်ကိုလျှောက်လာခဲ့ရာ ‌ခုမှမြှပ်နှံထားတဲ့ မြေပုံကိုတွေ့ရှိလိုက်လေသည်။
မောင်သူရိန်လည်းမြေပုံအနားကိုလျှောက်လှမ်းလာခဲ့ပြီး အနားမှာရှိတဲ့ပေါက်တူးနဲ့မြေတွေယျက်တင်နေတယ် အချိန်အတော်အတန်ကြာတော့
“ဒုတ်”ခနဲအသံနဲ့အတူ အခေါင်းပျဉ်ကိုပေါက်တူးကထိသွားတဲ့အတွက်မောင်သူရိန်ကမြေကိုဖြည်းဖြည်းယျက်တင်ကာအခေါင်းပေါ်လာတဲ့အချိန်မှာ အခေါင်းကိုဖွင့်ကာ လူငွေ့ရှိနေပြီး လိပ်ပြာကထွက်သွားသော်လည်း လူတစ်ယောက်အိပ်နေသကဲ့သို့ခန္တာကိုယ်က ပုံမှန်အတိုင်းဖြစ်နေတဲ့ရှိန်းမော်ကိုဆွဲထူကာ ဇရပ်ပေါ်သို့ခေါ်ဆောင်လာခဲ့လေသည်…။

ဇရပ်အပေါ်သို့ရောက်သောအခါမောင်သူရိန်က မဟာမြိုင်တောကိုစိတ်ညွှန့်လိုက်လေရာ ရှိန်းမော်နဲ့အတူမဟာမြိုင်တောရဲ့ ချောင်းစပ်မှာရှိတဲ့ကျောက်ဖျာကြီးအပေါ်မှာရောက်ရှိနေပါတယ်။
မောင်သူရိန်လည်း ရှိန်မော်နဘေးမှာ တရားမှတ်လျှက်ခန္တာကိုယ်ထည်းမှ လိပ်ပြာလွှင့်ကာ အသူရကယ်ဘုံသို့ရောက်ရှိသွားလေတော့ည်။
*******

ရောင်စုံပန်းခင်းကြီးရဲ့ အလည့်မှာမောင်သူရိန်တစ်ယောက်ရပ်နေခဲ့တယ်။ထိုအချိန် မိန်းမပျိုတွေရဲ့ မခို့တရို့ရယ်သံ ကျီစားတဲ့အသံလေးတွေကမောင်သူရိန်ရဲ့နား‌ထည်းသို့ရောက်ရှိလာခဲ့တယ်။

မောင်သူရိန်ရဲ့ရင်ထည်းမှာ ရုတ်ချည်းဆိုသလို ပလောင်ဆူပွက်လာခဲ့တယ်။ဘာလို့လည်းဆို့တော့ မောင်သူရိန်ရဲ့အရှေ့မှာရပ်နေတဲ့သူဟာ သူရဲ့မိခင် မခင်စိုးကြည်သာဖြစ်ပါတယ်။

“သားလာလေအမေစီကိုလာကွဲ့”
မောင်သူရိန်လည်း သတိလွတ်ကာအမေဖြစ်သူစီကိုလှမ်းမည်အပြု
ကျော်ပြင်ကိုတစ်စုံတစ်ယောက် ရိုက်လိုက်သည့်ကြောင့် သတိပြန်ဝင်လာခဲ့လေသည်။

“သားမောင်သူရိန် အ့တာမင်းအမေမဟုတ်ဘူးကွဲ့”

မောင်သူရိန်လည်းအသံကြားရကြောင့် အနောက်ကိုလှည့်ကြည့်ရာ ဖခင်ဖြစ်သူကိုတွေ့ရှိလိုက်ပါတယ်။

“အ..အဖေ..အဖေကဘလိုရောက်လာတာလည်း”
“ဒီလိုရုပ်ပြောင်းရုပ်လွဲပညာနဲ့ မင်းရဲ့စိတ်ကိုဖမ်းစားမယ်ဆိုတာသိလို့ ခတ္တခဏလာရောက်ကူညီပေးတာ မောင်သူရိန်”

အစောကမိခင်ဖြစ်သူမခင်စိုးကြည်ရုပ်ခန္တာကနေကြောက်မက်ဖွယ်ရာကောင်းတဲ့ ကောင်းဆိုးဝါးတစ်ကောင်ပုံသဏ္ဍန်ဖြစ်ပေါ်လာခဲ့တယ်။

“မောင်သူရိန်လုပ်စရာရှိတာဆက်လုပ်ပါ ကျွန်ုပ်လည်းနေရာဌာနသို့ပြန်လည်သွားပါတော့မယ်”

ဖခင်ဖြစ်သူလည်းမောင်သူရိန်ကိုနှုတ်ဆက်ပြီးထွက်သွားပြီးမောင်သူရိန်လည်းမိစ္ဆာနဲ့အတူရင်ဆိုင်ဖို့ပြင်လေသည်။

မိစ္ဆာကမောင်သူရိန်ရဲ့မျက်စီကိုလှည့်စားကာ ကိုယ်ပွားတွေအများကြီးထုတ်လွတ်ထားလေတယ်။မောင်သူရိန်လည်း တတိယမျက်လုံးကိုအသုံးချကာ အစစ်ရှိရာဘက်ကိုလက်ထည်းကအလင်းတန်းနဲ့လှမ်းပစ်လိုက်လေတယ်။
မိစ္ဆာကအဝေးကိုလွင့်ထွက်သွားပြီး လှဲနေရာမှပြန်ထကာပျောက်ကွယ်သွားခဲ့လေတော့သည်။

မောင်သူရိန်လည်းအသူရကယ်ဘုံသို့ဆင်းရန် နာမ်လောကတံခါးကိုဖြတ်ဝင်လာသည့်အချိန်မှာပင် ကိုယ်အရောင်အဝါတွေကမှေးမှိန်လာခဲ
တာကိုသတိထားမိခဲ့တယ်။
မောင်သူရိန်လည်းဖြစ်နေတာကို ဂရုမစိုက်ပဲဆက်လျှောက်သွားနေလေတယ်။
******

နှစ်ပေါင်းရာချီနေတဲ့ကတွတ်အပင်နား‌မောင်သူရိန်ရောက်တော့ အဘိုးတစ်ယောက်ကအပင်ပေါ်ကခုန်ဆင်းလာခဲ့ပြီး

“ဆရာလေး ဆရာလေးရွာထည်းကိုဝင်တာနဲ့ ကိုအောင်ထင်တို့တန်းသိသွားပါလိမ့်မယ်”
“အဘိုးကဘယ်သူလည်းဗျ”

“အဘိုးကဒီဘုံကိုစောင့်ရှောက်ရတဲ့ ကုဝိတပါ”
“ဟုတ်ကဲ့အဘိုး”

“ဆရာလေးလာမယ်ဆိုတာသူတို့သိလို့ အဘိုးကိုစောင့်ရှောက်ခိုင်းထားတာကွဲ့|ဒါပေမဲ့အဘိုးက အကျိုးအပြစ်|အကောင်းနဲ့မကောင်းကိုခွဲခြားတက်ပါတယ်”
“ဒါဆို ကျွန်တော်ကရွာထည်းကိုဘယ်လိုဝင်ရမလဲဗျ”

“ဆရာလေးကအဘိုးလိုပုံစံပြောင်းပြီးဝင်မှရပါလိမ့်မယ်”
“ကောင်းပြီလေ အဘိုး ကျွန်တော်ပြောင်းလိုက်ပါ့မယ်”

မောင်သူရိန်လည်းရုပ်ပြောင်းလိုက်သော်လည်း ယခင်မူလရုပ်ပဲဖြစ်နေသဖြင့်အဘိုးအိုက

“ဆရာလေးရဲ့အစွမ်းတချို့ကဒီဘုံထည်းမှာအသုံးမဝင်ပါဘူး”

အဘိုးအိုမှမောင်သူရိန်ရဲ့အ‌ေရှ့ကိုလက်နဲ့ဝှေ့ရမ်းလိုက်ကာ အဘိုးအိုးပုံစံကိုပြောင်းလဲသွားခဲ့တယ်။

“အခုလိုကူညီပေးတာကျေးဇူးပါအဘိုး”

မောင်သူရိန်လည်းအဘိုးအိုပုံစံဖြင့်ရွာထည်းကိုလျှောက်လာခဲ့ကာဈေးတန်းတနေရာရောက်တော့

“အဘိုးကုဝိတပါလားဗျ တစ်ခုခုသုံးဆောင်းသွားအုံးလေ”

ဈေးတန်းထည်းကရွာစောင့်အဘိုးအိုအထင်နဲ့မုန့်ပဲသရေစာများတည့်ခင်းကျွေးမွေးနေလေတယ်။
မောင်သူရိန်လည်းကျွေးနေတာကိုစားချင်ယောင်ဆောင်နေပြီး အချိန်အနေကိုအကဲခေတ်နေလေတယ်။

“ဟဲ့ကောင်မ သခင်လေးရဲ့ကြင်ယာ‌ေတာ်ရွေးပွဲ သဖက်ခါရှိတယ်တဲ့”
“ဟုတ်လား….သခင်လေးရဲ့ကြင်ယာတော်သာငါဖြစ်လိုက်ရင်ဘလောက်ကောင်းမလည်း”
“အမလေးတော်.စိတ်ကူးကယဉ်နေသေးတယ်”

ထိုသို့ပြောနေတဲ့စကားကိုမောင်သူရိန်တစ်ယောက်ကြားသိလိုက်ရတယ်။ယင်းအချိန်မှာပဲ မြင်းခွာသံများနဲ့အတူဈေးတန်းတခုလုံးငြိမ်သက်သွားခဲ့ပါတယ်။
ထိုအချိန် ရွာစောင့်အဘိုးကုဝိတရောက်ရှိလာပြီး မောင်သူရိန်ကို ကုန်စည်တွေအနောက်မှာဖွက်ထားကာ မောင်သူရိန်နေသလို ပြန်ဟန်ဆောင်နေလေတယ်။

“အဘိုးကုဝိတပါလားဗျ ရွာထည်းဘာလာလုပ်တာလည်း”
“အဘိုးကအောင်ထင်စီလာတာပါ ဒီဈေးထည်းကသူတွေကမုန့်ကျွေးနေတာနဲ့ သဒ္ဓါမြောက်အောင်အဘိုးလဲစားနေရတာပါ”

“အဘိုးကဘာကိစ္စရှိလို့ သခင်ကြီးစီကိုကိုယ်တိုင်လာရောက်ရတာလည်း”
“အရေးကြီးကိစ္စရှိလို့ပါ ဘကျော်ရာ”

“ဒါဆိုလည်း ကျွန်တော်တို့နဲ့အတူတူလိုက်ခဲ့လေ”
“လူလေးတို့အရှေ့ကသွားကျပါ အဘိုးနောက်ကလိုက်လာခဲ့ပါ့မယ်”

အဘိုးအိုရဲ့စကားသံကြောင့်မြင်စီးထားတဲ့သူများက အရှေ့သို့ထွက်ခွာသွားကာ ပုန်းနေသောမောင်သူရိန်ကိုအဘိုးအိုးက
“ဆရာလေးသူတို့နောက်ကနေလိုက်သွားလိုက်ပါ” ဟုပြောဆိုပြီးအဘိုးအိုကကိုယ်ပျောက်သွားခဲ့တယ်။

***********

ကျယ်ဝန်းလှသောအိမ်ဝန်း နန်းတော်လိုလိုအိမ်လိုလိုနဲ့ အိမ်အရှေ့‌‌
‌‌ မောင်သူရိန်ရောက်တော့ အိမ်အတွင်းထည်းကသူတစ်‌ယောက် ယောက်လာပြီးစီးကြိုခဲ့တယ်။

“အဘိုးကုဝိတ ဘာအကြောင်းကြောင့် ကျွန်ုပ်ရဲ့အိမ်ကိုကိုင်တိုင်ရောက်လာရတာလည်း”
“အဘိုးရွာထိပ်မှာ လူစိမ်းတယောက်တွေ့လို့လာပြောပြတာကွဲ့”

“သင့်ကိုအဘိုးလို့ခေါ်တာတင် သေ‌ဖို့ထိုက်တန်နေပြီဆရာစုတ်”
“ခဗျားမြန်မြန်သိတော့လည်း မြန်မြန်လိုရင်းရောက်တာပေါ့ဗျာ”

မောင်သူရိန်လည်းအဘိုးအိုပုံစံက‌နေဂိုပုံသဏ္ဍန်ကိုပြောင်းလည်းလိုက်လေတယ်။

“သင်အခုချိန်ထွက်ပြန်ထွက်ရင်အချိန်မှီပြန်ထွက်နိုင်သေးတယ်နော်”
“ကျွန်တော်ကဆုံးဖြတ်ပြီးသားကိစ္စကို အဆုံးထိအောင်ဆောင်ရွက်တက်တာမို့ပဲ မိတ်ဆွေရဲ့စကားကိုနားထောင်နိုင်မှာမဟုတ်သည့်အတွက် စိတ်မကောင်းပါဘူး”

“ကဲပြောမရမှတော့လည်း သတ်ပေးရမှာပေါ့ကွာ”

အောင်ထင်ကမီးလုံးကြီးတွေနဲ့စတင်ပြီးတိုက်ခိုက်ရာမောင်သူရိန်ကမီးလုံးကြီးတွေကိုအသာအယာရှောင်တိမ်းနိုင်ခဲ့တယ်။

အောင်ထင်လည်း အရိုးခြောက်တွေကိုမြေပေါ်သို့ချကာ ဖနှောင့်နဲ့ပေါက်ချလိုက်လေတယ်။
အရိုးစုတွေက တစ်စုတစည်းထည်းစုစည်းသွားပြီး လူပုံစံသကဲ့သို့ရောက်ရှိသွားကာမောင်သူရိန်ထံပြေးပြီးတိုက်ခိုက်လေသည်။

မောင်သူရိန်ကလက်ညိုးနဲ့ထိုးကာ မူလပြန်ခိုင်းခဲ့တယ်။မူလပြန်ခိုင်းတဲ့မောင်သူရိန်ရဲ့အမိန့်ကြောင့် အရိုးတွေကချက်ခြင်းပင်အသက်မဲ့သောအရိုးပုံစံဖြစ်သွားခဲ့တယ်။

မောင်သူရိန်ရဲ့ကိုယ်ရောင်ကိုယ်ဝါတွေကမှေးမိန်လာပြီး ခေါင်းကရိပ်ခနဲ ရိပ်ခနဲနဲ့အတူမူးဝေလာခဲ့ပြီး ခနအကြာမှာဆိုရင်တော့ မောင်သူရိန်တစ်ယောက်မြေပြင်ပေါ်သို့ လှဲကျသွားလေတော့သည်…….။

********

“ဘကျော်..ဒီဆရာကောင်ကိုကြိုးနဲ့တုတ်ထားစမ်းကွာ”
“သခင်ကြီး ဒီဆရာကောင်ကိုတစ်ခါတည်းမသတ်ပစ်ခဲ့ဘူးလား”

“အချိန်မရတော့ဘူးဘကျော် ဒီအတိုင်းခနထားခဲ့ ပြန်လာမှအဆုံစီရင်ကျတာပေါ့ကွာ”

ဘကျော်လည်းမောင်သူရိန်ကိုအပင်ခြေရင်း၌ကြိုးနဲ့တုပ်ထားကာသခင်ကြီးနဲ့အတူရွာသူရွာသားများနဲ့တကွ ရွာရဲ့အနောက်ဘက်က တွင်းနက်ကြီးထည်းလျှောက်သွားလေရာ တစ်ယောက်ပြီးတစ်ယောက်ခုန်ဆင်းကာ သံသရာမှာပါလာတဲ့ဝဋ်ကြွေးတွေကို ပေးဆပ်နေလေတော့သည်။

**********

“ဆရာလေး ဆရာလေး”

တစ်စုံတစ်ယောက်ရဲ့လှုပ်နိုးခေါ်သံကြောင့်မောင်သူရိန်တစ်ယောက်တ‌ဖြေးဖြေးသတိပြန်ရလာခဲ့တယ်။မျက်လုံးတွေကိုအသာအယာဖွင့်ကာကြည့်လိုက်တော့ ရွာထိပ်ကတွတ်ပင်မှာနေတဲ့ ရွာစောင့်နတ်ကြီး ကုဝိတ ဖြစ်နေခဲ့တယ်။

“အဘိုး ကျွန်တော်မေ့လှဲနေတာ ဘယ်နှစ်နာရီရှိသွားပြီလည်းဗျ”
“ဆရာလေးမေ့နေတာ ရှစ်နာရီရှိပါပြီဆရာလေး

“ဒီကိုရောက်နေတာ စုစုပေါင်းနာရီဘယ်လောက်ရှိပြီလည်းအဘိုး”
“စုစုပေါင်း..ဆယ့်တစ်နာရီရှိပါပြီဆရာလေး”

မောင်သူရိန်လည်းရှိသမျှအားတွေကိုစုစည်းကာမတ်တပ်ထရပ်လိုက်ပြီး အောင်ထင်တို့အိမ်ဝိုင်းထည်းသို့သွားမည်အပြု ခန္တာကိုယ်ကအားမရှိသည့်အတွက် ယိုင်ကျလာတဲ့အခါထိုအချိန်အဘိုးအိုမှ‌ငှက်ပျောသီးတစ်လုံးကိုမောင်သူရိန်ကိုကမ်းပေးလိုက်တယ်။

“စိတ်ချလက်ချစားပါဆရာလေး ဒီငှက်ပျောသီးကအဘိုးကိုဆရာတစ်ယောက်ကထိန်းသိမ်းထားခိုင်းတဲ့ ငှက်ပျောသီးပါ”
“ဆရာတစ်ယောက်ဟုတ်လားအဘိုး”

“အေးကွဲ့ဟုတ်တယ်…အ့ဆရာနာမည်ကဘာတဲ့…ဦးယက္ခဆိုလားပဲ တစ်ချိန်ဆရာတစ်ယောက်ရောက်လာပြီးဒီလိုဖြစ်မှာကိုကြိုသိလို့ ပေးထားခဲ့တာ”
“ဗျာ…ဦးယက္ခဟုတ်လားအဘိုး”

“ဟုတ်တယ်လေ ဆရာလေးကအ့ဆရာကိုသိလိုလား”
“သိပ်သိတာပေါ့အဘိုးရဲ့ အ့တာကျွန်တော်ရဲ့လက်ဦးဆရာပဲ”

“ဪ…ဒါကြောင့်ဦးယက္ခကထိုငှက်ပျော်သီးကို အကြောင်းရှိလို့ချန်ထားရစ်ခဲ့တာကို”
“ဒီငှက်ပျော်သီးကအဘိုးလက်ထည်းမှာနှစ်ဘလောက်ရှိနေပြီလည်း”

“ဆယ်နှစ်လောက်တော့ရှိပြီဆရာလေး”

အဘိုးအိုစကားကြောင့်မောင်သူရိန်လည်းငှက်ပျော်သီးကိုကြည့်လိုက်ကာ ငှက်ပျော်သီးကလတ်လတ်ဆတ်ဆတ်ရှိနေတာကို တွေ့လိုက်ရတယ်။

“ကဲ့ဆရာလေး ဒီငှက်ပျော်သီးကိုစားပြီး ဆရာလေးရဲ့တပည့်ကိုမြန်မြန်ခေါ်ဆောင်ပါတော့ အချိန်ကသိပ်မကျန်တော့ဘူး”
မောင်သူရိန်လည်းအဘိုးအိုပြောသလို ငှက်ပျော်သီးကိုအမြန်စားကာ ခွန်ချိုတို့အိမ်ဝိုင်းထည်းသို့လျှောက်သွားလေသည်။

ကျောဘက်မှ

“ဆရာလေးကိစ္စအဝဝပြီးရင် ကတွတ်ပင်ကိုပြန်လာခဲ့ပါအုံး”ဆိုတဲ့အဘိုးအိုအသံကိုကြားရသဖြစ် သမင်လည်ပြန်ကြည့်ကာခေါင်းညိတ်ပြလိုက်တယ်။

******

မောင်သူရိန်မှအိမ်ဝိုင်းထည်းကိုရောက်ရှိလာပြီး ထောင့်လေးထောင့်တွင်အင်းတစ်ချပ်စီအစောင့်ထားရှိခဲ့ပြီး အိမ်ပေါ်သို့တက်လာခဲ့တယ်။
အိမ်ပေါ်‌သို့ရောက်သောအခါ ရှိန်းမော်ဖြစ်တဲ့ခွန်ချိုက အရက်သေဇာသောက်စားကာ စည်းစိမ်မူးယစ်နေတာကိုမောင်သူရိန်တစ်ယောက်တွေ့ရှိလိုက်ရတယ်။

မောင်သူရိန်လည်းအိမ်ထောင့်တစ်နေရာမှာ စဓဗဝ စမအလင်းတန်းလေးတွေ ပစ်တင်ထားခဲ့ပြီးခွန်ချိုရှိရာလျှောက်လာခဲ့ရာ မူးယစ်နေတဲ့ခွန်ချိုကဓားဆွဲကာ မောင်သူရိန်ကိုရန်ပြုမည်အလုပ်

“ရှိန်းမော် သတိပြန်ဝင်စမ်း”
“ဟေ့ကောင် ငါ့နာမည်ခွန်ချိုကွ ဘယ်ကွရှိန်းမော်လည်း”

ခွန်ချိုကပြောပြောဆိုဆို ဓားကိုဆွဲကိုင်ပြီးမောင်သူရိန်ကိုပြေးခုတ်ပါလေရော။မောင်သူရိန်လည်းခန္တာကိုယ်ကိုရှောင်တိမ်းကာ ရှောင်ရှားလိုက်လေ‌တယ်။

ဟန်ချက်ပျက်ပြီးလှဲကျသွားသောခွန်ချိုကိုမောင်သူရိန်က ခေါင်းကိုဖျောင်းခနဲထိုးချလိုက်တယ်။
မောင်သူရိန်ရဲ့ထိုးချက်ကြောင့် ခွန်ချိုတစ်ယောက်အရက်ရဲ့အချိန်လေးကပျောက်ကွယ်သွားခဲ့တယ်။

ထိုအချိန် ခေါင်မိုးအလင်းတန်းတွေက စဓဗဝ စမအလင်းတန်းတွေက ခွန်ချိုအနားမှာပျံဝဲနေပြီး ရစ်ပတ်နေလျက်သားရှိနေခဲ့ရာ ‌ခွန်ချိုကကြောင်တောင်တောင်နဲ့ရပ်ကြည့်နေခဲ့ကာ စိတ်ထည်းမှ

“ငါ..ငါဒီစာလုံးတွေနဲ့ အတော်ရင်းနှီးနေသလိုရှိပါ့လား”
“သင်ရင်းနှီးသလိုရှိနေတာမဟုတ်ဘူး ရင်းရင်းနှီးနှီးကိုသိနေတာ”

“ဟင်..သင်ကကျွန်ုပ်စိတ်ထည်းကစကားကိုဘယ်လိုသိနေတာလည်း”
“သင်ကိုဒီထက်အံဩစရာပြစရာရှိတယ် ကျွန်ုပ်နဲ့သာလိုက်လာခဲ့ပါ”

ခွန်ချိုလည်းထူးထူးဆန်းဆန်းဖြစ်‌ေနတဲ့လူ‌တစ်ယောက်စကားကိုမငြင်းဆန်နိုင်တော့ပဲ ခေါ်ဆောင်ရာအနောက်သို့ရောက်ရှိလာခဲ့တယ်။

မောင်သူရိန်လည်းခွန်ချိုကို ရွာရဲ့အနောက်ဘက်က တွင်းနက်ကြီးထည်းသို့ခေါ်ဆောင်သွားပါလေတော့သည်။
****************

“ဟာ..ဟိုဟာ ကိုဘကျော်ပါ့လား|ဟင်..ဟိုမှာလည်းအဖေ သူတို့ကဘာဖြစ်လို့ဒီမီးတွင်းကြီးထည်းမှာကူးခပ်နေကျရတာလည်း။
“ရှိန်းမော်အသိဝင်စမ်း…မင်းရောက်နေရာအရင်ဘဝက မင်းဆွေမျိုးတွေရှိတဲ့အရပ်ပဲ ဒါကနေ့စံညခံတဲ့ဝေမာနိကဗြိတ္တာနေထိုင်တဲ့ အသူရကယ်ဘုံပဲကွ”

“ကျွန်တော်နာမည်ကခွန်ချိုပါ ရှိန်းမော်မဟုတ်ပါဘူးဗျ”
“ဘယ်သူဖြစ်ဖြစ် မင်းဒီနေရာမှာပဲ‌ နေစံညခံဘဝနဲ့နေခဲ့မှာလား နောက်ပြီးတော့ငါ့နောက်လောက်ခဲ့မှာလား”

“ဒီမှာတော့မနေခဲ့ချင်ဘူးဗျာ ခဗျားနောက်လိုက်ခဲ့မယ်”

လာအချိန်မရှိတော့ဘူး ငါနောက်ကအမြန်လိုက်ခဲ့။

မောင်သူရိန်နှင့်ခွန်ချိုတို့လည်း ရွာအပြင်ကိုလျှောက်လှမ်းလာခဲ့တယ်။
ကတွတ်အပင်နားရောက်တော့မောင်သူရိန်ကခဏရပ်ပြီး

“အဘိုး ကျွန်တော်ကိုဘာများပြောစရာရှိပါသလည်း”

ထိုအချိန်အပင်အနောက်က အဘိုအို ထွက်လာခဲ့ပြီး

“ဒီလိုပါ ဆရာလေး ပဲခူးရိုးမဘက်မှာရှိတဲ့ ညောင်ပင်သာရွာလေးမှာအဘိုးရဲ့သားလေးရှိနေပါတယ်| အဘိုးနဲ့သံယောဇဉ်ပျက်တာကတော့ကြာလှပါပြီ အခုဟာကတစ်ရွာလုံးဒုက္ဒရောက်ကုန်မှာဆိုးလို့ အကူအညီတောင်းရတာပါ”
“ဘာများလည်းဗျအဘိုး….”

“သူ့ရဲ့မိခင်ကိုတစ်ရွာလုံးသတ်တယ်ဆိုတဲ့အတွေးကြောင့် တစ်ရွာလုံးကိုပြန်သတ်ဖို့စီစဉ်နေပါတယ်|သာမာန်လူဆိုရင်တစ်ရွာနဲ့တစ်ယောက်ယှဉ်ပြိုင်လို့မရပေမဲ့အခုကသူ့မှာအာဠာဝကဘီးလူးစောင့်‌တဲ့ကြေးရုပ်ထုရောက်ရှိနေပါတယ်|ဒါကြောင့်ဆရာလေး လမ်းမှားမရောက်အောင်ကူညီပေးပါလို့ တောင်းဆိုချင်ပါတယ်”
“ကောင်းပါပြီအဘိုး ကျွန်တော်ကူညီပေးပါ့မယ် အခုတော့အချိန်မရှိတော့လို့ နှုတ်ဆက်ခဲ့ပါရစေအဘိုး”

မောင်သူရိန်နဲ့ခွန်ချိုဖြစ်သူလည်း နာမ်လောကတံခါးကိုဖြတ်ကျော်ကာ လိပ်ပြာတွေကလေပေါ်တွင်ဝဲယှက်ကာငှက်‌မွေးကဲ့သို့ပေါ့ပါးစွာပါသွားခဲ့ပြီး ခန္တာကိုယ်ရှိရာမဟာမြိုင်တောသို့ရောက်ရှိသွားပါလေတော့သည်…….။

***************************

ပရိတ်သိပ်ကြီးခဗျ မောင်သူရိန်နဲ့ရှိန်းမော်တို့ပဲခူးရိုးမဘက်ကညောင်ပင်သာရွာသို့သွားရောက်ခဲ့ပြီး ဘယ်ကမှန်းဘယ်လိုရောက်ရှိလာတဲ့ ဘီလူးရုပ်ကလေးကိုပိုင်ဆိုင်ထားတဲ့သူနဲ့ ဘယ်လိုတွေတွေ့ဆုံပြီးဘယ်လိုဖြစ်ပျက်မလည်းဆိုတာကို “မောင်သူရိန်နှင့်‌ကြေးရုပ်စောင့်အာဠာဝကဘီလူးထွန်းခိုင်”ဆိုတဲ့ဝတ္ထုလေးမှာဆက်လက်ဖတ်ရှူပေးကျပါအုံးဗျ…..။
****
“မောင်သူရိန်နှင့်‌ကြေးရုပ်စောင့်အာဠာဝကဘီလူးထွန်းခိုင်”

မျှော်………….