သရဲမသက်၍သေသောသူ

ကဲရောက်ပြီ ငါပြောထားတဲ့
ပစ္စည်းတွေအစုံပါရဲ့လား

“ပါပါတယ်ဆရာ”
ကျော်သူကဖြေလိုက်သည်

“ပါတယ်ဆိုရင်မင်းတို့၂ယောက်
အေးလှရဲ့မြေပုံကိုတူးကြ

“ဟုတ်ကဲ့ဆရာ”

ကျော်သူနဲ့လှနိုင် မြေပုံအားတူးကြသည်

“ဟာ ဟေ့ ကောင်တွေမြေပုံကိုခေါင်းရင်း
ကမတူးရဘူးကြ

“ဘာဖြစ်လို့လဲဆရာရဲ့ဘယ်လိုတူးတူး
ရတယ်မလား အဓိကက အလောင်းပေါ်
လာဖို့ပဲမဟုတႅား

“မရဘူးကွ အလောင်းဖော်တယ်ဆိုတာ
ခြေရင်းကနေပဲတူးပြီးဖော်ရတယ်ကွ

“သြော် ဒီလိုလား ဟုတ်ကဲ့ဆရာသိပါပြီ”
ကျော်သူကဖြေလိုက်သည်။

“ဟေ့ ကောင်လှနိုင်တူးလေကွာ ဘာငေး
နေတာလဲ

“တူး တူး ပါ့မယ်ကွာ ကျော်သူရ”

“ဒုတ် ဒုတ် ဒုတ်”

•••••
…ညအချိန်တိတ်ဆိတ်နေတုန်းမှာ
မြေတူးသံကတစ်ဒုတ်ဒုတ်ကြားနေရသည်

လောလောလက်လက်မြေပုံဖြစ်တဲ့
အတွက်သိတ်မတူးလိုက်ရပေ

ခဏအတွင်းမှာအခေါင်းပုံးပေါ်လာသည်
အခေါင်းပုံးဆိုပေမယ့်
အဖြစ်သာလုပ်ထားသည့်
ပျဉ်ကြမ်းဖြစ်တဲ့အတွက်ကြောင့်
အလွယ်တကူဖွင့်လို့ရနေသည်

“ကဲ အခေါင်းပုံး ကိုဖွင့်လိုက်ကြ”

“ကျီ ဗျစ် ဒုန်း”
သံတူရွင်းဖြင့်ကလော်လိုက်တော့
အခေါင်းပုံးရဲ့အဖုံးမှာ ပွင့်သွားသည်

“ဟင် အလောင်းကြီးကမဲနက်နေတာပဲ

“ဟ မဲမှာပေါ့လှနိုင်ရ မြွေဆိပ်တက်ပြီး
သေပါတယ်ပြော
ကျော်သူမှပြောလိုက်ခြင်းဖြစ်သည်။

ခဏနေတော့ဦးသူရက သူ့လက်ထဲက
တောင်ဝှေးဖြင့် စည်းဝိုင်း ဝိုင်းလိုက်သည်
ဆရာဦးသူရလုပ်သမျှငေးကြည့်နေမိ
ကြသည်။

“ဆရာအဒါဘာလို့လဲဗျစည်းဝိုင်း ဝိုင်းတာ

“အော် ဒါက တစ်ခြားသရဲတွေဝင်ပြီးတော့ငါတို့ကိစ္စကို
မနှောက်ယှတ်နိုင်အောင်ပေါ့
ဆရာပြောမယ်မင်းတို့နှစ်ယောက်
ဘာမြင်မြင်ဘာပဲကြားကြား
ဒီစည်းထဲကနေလုံးဝထွက်မပြေးရဘူး
ကြားလား ပြေးရင်တို့သုံးယောက်လုံး
စည်းပေါက်ပြီးသေလိမ့်မယ်

“ဟုတ်ကဲ့ဆရာ မပြေးပါဘူး
ဟေ့ကောင်လှနိုင် မင်းကြားလား

“ကြားပါတယ်ကွမပြေးပါဘူးကွ”

“ကဲလုပ်ငန်းစကြမယ်ဖယောင်းတိုင်တွေ
ကိုမြေပုံရဲ့ခေါင်းရင်းမှာထွန်းလိုက်ကြ
“၍သင်္ချိုင်းအားအပိုင်စိုးရသောသင်္ချိုင်း
ရှင်များခင်ဗျာ တနင်္ဂနွေသမီးအေးလှရဲ့ဝိညာဉ်အားပင့်
ဆောင်ကာစီးပွားရေးကောင်းဖို့အတွက်
ယခုအစီအမံအားလုပ်ဆောင်ရခြင်းဖြစ်
ပါသည်အေးလှရဲ့ဝိညာဉ်အားအမြန်ဆုံး
ရောက်ကူညီပေးကြပါ

“တနင်္ဂနွေသမီး အေးလှ ငါဆရာခေါ်နေတယ်အခုချက်ခြင်းဝင်
ခဲ့စမ်းဒါအမိန့်ပဲ မည်သူမျှအေးလှ
ကိုမတားစီးရ

•••••
…အောက်လမ်းဆရာဦးသူရ ရဲ့အသံမှာ
သင်္ချိုင်းတစ်ခုလုံးဟိန်းထွက်သွားသည်

ကျော်သူနဲ့လှနိုင်ကတော့မျက်တောင်
မခက်ပဲပတ်ဝန်းကျင်ကိုလိုက်ကြည့်နေ
သည်။

တစ်ခါခေါ်၍မလာတော့ဦးသူရ
ဒေါသထွက်လာသည်

“အော် နင်ကခေါင်းမာနေတယ်ပေါ့လေ
အောက်လမ်းဆရာဦးသူရက
သူလွယ်ထားသည့်လွယ်အိပ်ထဲမှ
အထုပ်တစ်ခုအားနှိုက်ယူလိုက်ပြီး
ဖြည်လိုက်သည်
အထုပ်ထဲမှအဖြူရေင်အမှုန့်များ
အားတွေ့ရသည်ဘာတွေလဲဆိုတာတော့
လှနိုင် ကျော်သူ တို့ကတော့မသိပေ

“ကဲ လာလေရော့ အေးလှနင်အခုလာစမ်း
ငါဆရာအမိန့်
“ဝုန်း”
“ရွဲ”
ဦးသူရကသူ့လက်ထဲကအဖြူမှုန့်အား
ဖယောင်းတိုင်မီးဆီသို့ပက်ချလိုက်သည်

“ဟီး အီး အီး”
“ဟာ ဟိုမှာအလောင်းကောင်ကြီးလှုပ်
လာပြီကျော်သူ

“ဟာဟုတ်သားပဲ”
ကျော်သူတစ်ယောက်မကြောက်ဘူးဆို
ပေမယ့်အနည်းငယ်တော့လန့်မိသည်

“ဟင်း ဟင်း နင်အခုတော့ရောက်လာရ
ပြီမဟုတ်လား
ကဲ ကျော်သူ ကျောက်ပြင်နဲ့ ရေဘူးပေးစမ်း သနပ်ခါးတုံးရော

…ကျော်သူကဦးသူရတောင်းသမျှပေးလိုက်သည်
ဦးသူရက ကျောက်ပြင် ရေဘူး သနပ်ခါး
တုံးတို့အားအေးလှရဲ့ပေါင်ပေါ်တင်ထား
လိုက်သည်။

“ကဲအေးလှ တနင်္ဂနွေသမီးငါဆရာခိုင်း
တဲ့အတိုင်းလုပ်မလုတ်ရင်နင်ဝိညာဉ်ကို
ဖမ်းပြီးတစ်သက်လုံးခိုင်းစားပစ်မယ်

“သရဲမ အေးလှက သူခိုင်းသမျှမလုပ်ပဲ
မျက်လုံးပြူးကြီးနဲ့စိုက်ကြည့်နေသည်

“ဟဲ့ နင်ဘာကြည့်နေတာလဲသွေးလေ
သွေးစမ်း ငါတောင်ဝှေး နဲ့ရိုက်လိုက်ရင်
နင်ထပ်ပြီးသေဦးမယ်

“သရဲမအေးလှကတောင်ဝှေးနဲ့ရိုက်မယ်
ဟန်ပြင်မှသနပ်ခါးတုံးအားကိုင်
သွေးတော့သည်

“လှနိုင်ရေထည့်ပေးလိုက်စမ်းး”
“ဗျာ”

“မင်းကိုရေထည့်ခိုင်းနေတာဘာဖြစ်နေတာလဲ

“ဟုတ် ဟုတ် ဟုတ်ကဲ့”

လှနိုင်အသံတွေတုန် လက်တွေတုန်
ကာကြောက်ရွံ့နေသည်သူ့
တစ်သက်မှာအလောင်းကောင်ကြီးက
အသက်ဝင်ပြီးသနပ်ခါးသွေးသည့်
မြင်ကွင်းအားမမြင်ဘူးပေ

“လှနိုင်ရေဘူးအားကိုင်ကာအေးလှ
ရှိတဲ့မြေကျင်းထဲအား
ခေါင်းငုံ့ပြီးထည့်မည်အပြု

အေးလှကမျက်လုံးပြူးကြီးနှင့်
လှနိုင်အားစိုက်ကြည့်နေသည်

“ဟဲ့ သရဲမ ဘာစိုက်ကြည့်နေတာလဲ
သွေးစမ်းငါထရိုက်လိုက်ရ

•••••
…အေးလှလည်း သူတို့ခိုင်းသည့်အတိုင်း
လုပ်နေရသည်
“ဂျစ် ရှစ် ရှစ် ”

သင်္ချိုင်းထဲမှာသနပ်ခါးသွေးသည့်အသံ
မှာခြောက်ချားစရာကောင်းလွန်းလှသည်

“အ ူဝူး ဝူး”

“ဟင် ဆရာဟိုမှာကြည့်လိုက်”

စည်းဝိုင်းရဲ့ဘေးပက်ပက်လည်မှာ
မည်းမည်းအရိပ်များ
ဖြူဖြူအသွင်များသွားလာနေကြသည်

“ဘာမှမကြောက်နဲ့လှနိုင်အဒါသူတို့
ပိုင်နက်ထဲကပစ္စည်းကိုအပါမခံနိုင်လို့
နှောက်ယှတ်ခြောက်လန့်နေတာ
သူတို့ဒီစည်းဝိုင်းထဲမဝင်နိုင်ပါဘူးကွ

ဦးသူရကမကြောက်နဲ့ပြောပေမယ့်လည်း
လှနိုင်ကတော့ဒူးတွေပါတုန်လာသည်

“ကဲရပြီတော်တော့ နင်သနပ်ခါးတွေကို
နင့်မျက်နာမှာလိမ်းစမ်းအခုလိမ်း

သရဲမအေးလှလည်း လိမ်းနေသည်
အလောင်းကောင်ကြီးသနပ်ခါးလိမ်းနေတဲ့မြင်ကွင်းမှာသွေးပျက်ဖွယ်ရာကောင်း
လှသည်

လက်နဲ့ယူပြီးလိမ်းနေပေမယ့်
မျက်လုံးများက တော့
စိုက်ကြည့်နေဆဲဖြစ်သည်

“ကျော်သူ ဒီသရဲမကိုသနပ်ခါးအမြန်
ချောက်သွားအောင် ယပ်တောင်ခပ်
စမ်း

“ခင်ဗျာ ဟုတ် ဟုတ်ကဲ့ ဆရာ ”

ကျော်သူ တစ်ယောက်မြေကျင်းထဲငုံ့ကာ
ယပ်တောင်ခပ်မည်အပြု
မမျှော်လင့်ထားသည့်
အဖြစ်အပျက်တစ်ခုဖြစ်သွားသည်

“ဝုန်း”
“ခွတ် ခွတ်”

“ဟင်’
“ဟာ”

အောက်လမ်းဆရာဦးသူရအပါအဝင်
လှနိုင်လည်းလန့်သွားသည်
သရဲမအေးလှကသူ့ပေါင်ပေါ်မှာတင်ထား
တဲ့ကျောက်ပြင်နဲ့ကျော်သူခေါင်း
ထုသတ်လိုက်သည်

“နင့်ကို ဒီသင်္ချိုင်းထဲကပေးမထွက်ဘူးဟေ့
နင်ဒီဟာကိုရသွားရင်သူများသားပျို
သမီးပျိုတွေကိုနင်ဖြတ်စီးမှာငါသိတယ်
ကံမလုံတဲ့အကောင် သေသေ
ဟား ဟားဟား

“ပြေး ပြေး တော့လှနိုင် ဒီသရဲမကို
ငါလည်းမနိုင်ဘူး

“ဗျာ”
ခင်ဗျားပြောခဲ့တာက ဒီသရဲမလောက်တော့အေးဆေးပဲဆို

“ဟိတ်ကောင် မင်းသူငယ်ချင်းက
ကံလုံတဲ့ကောင်မဟုတ်ဘူးတဲ့
အေးလှသရဲမပြောတာမင်းမကြားဘူးလားငါကစီးပွားရေးအတွက်ဆိုပြီး
သင်္ချိုင်း
ပိုင်ဆီမှာပြောထားတာအခုတော့
စည်းပေါက်သွားပြဒီပီယဆေး
ဖော်ပေးတာကိုမင်းအကောင်က
သူများသားမယားဖြတ်စီးမယ်ဆိုတော့
ငါကတိပြတ်သလိုဖြစ်သွားပြီ
ပြေး ပြေး တော့ လှနိုင်ရေ
ငါဒီသရဲမကိုထိမ်းထားလိုက်မယ်
မင်းရွာမရောက်မခြင်းနောက်လှည့်မ
ကြည့်ပဲပြေးပေတော့

•••••••
…လှနိုင်လည်းဦးသူရခိုင်းသည့်အတိုင်း
ပြေးရတော့သည် စည်းဝိုင်းအပြင်မှ
မည်းမည်းအရိပ်များကိုလည်းသူ
မကြောက်နိုင်တော့ဝင်တိုးကာပြေးရ
တော့သည်

လှနိုင်သင်္ချိုင်းထဲမှလွတ်အောင်မနည်း
ပြေးနေရသည် သင်္ချိုင်းထဲမှာရှိသမျှ
ဝိညာဉ်တွေသရဲတွေက အမျိုးမျိုး
ခြောက်လန့်နေကြတော့လှနိုင်မှာ
မနည်းအသက်လုနေပြီးပြေးရတော့
သည်။

…ပြေးလာလိုက်တာရွာကိုရှေ့မှာလှမ်း
မြင်နေရသည်
ဦးသူရကလှည့်မကြည့်နဲ့လို့ပြောပေမယ့်
လှနိုင်အရဲစွန့်ကာကြည့်မိတော့
သူနောက်မှလိုက်လာသည့်
သရဲများမှာအများအပြားပင်

“ဟင် သရဲတွေလိုက်လာနေတုန်းပါလား

လှနိုင်သုတ်ခြေတင်ပြေးရတော့သည်

ရွာအဝင်ရောက်တော့

“ကယ်ကြပါဦးဗျိူ့ ကယ်ကြပါဦး”
“သရဲတွေနောက်လိုက်လာပို့ပါ”

ရွာထဲညကြီးအချိန်မတော်အောင်ဟစ်
သံကြောင့်တစ်ရွာလုံးလန့်ဖြန့်ပြီး
နိုးလာကြသည်။

“ဟဲ့ရွာလမ်းကအော်သံကြားတယ်ဟဲ့
ဘာဖြစ်လာတာလဲမသိဘူး

ဒီလိုနဲ့ရွာထဲမှလူများထလာပြီး
ဓာတ်မီးလေးတွေနဲ့ထွက်လာကြသည်

“ကယ်ကြပါဦး”
“ဝုန်း”
လှနိုင်ပြေးရင်းမှောက်လျက်လဲတော့
သည်
“ဟဲ့လဲသွားပြီထူလိုက်ကြပါဦး”
ရွာသူတစ်ယောက်ကပြောတော့ထူပေး
လိုက်သည်။

“ဟင် လှနိုင် ညကြီးမင်းကြီးဘာလို့
ကြောက်လန့်တကြားပြေးလာတာလဲ

“ဟော ဟဲ ဟဲ”
“ရေ” “ရေ”

“ရေသောက်ချင်လို့လား”

လှနိုင်မှခေါင်းသာငြိမ့်ပြနိုင်သည်

“ဟိတ်ရေတစ်ခွက်ပေးကြပါ”
ခဏနေတော့ရေရောက်လာသည်

“ရော့ရေ ရပြီ ”
လှနိုင်ရေတစ်ခွက်လုံးအားတုန်တုန်ယင်ယင်ဖြင့်သောက်နေရပြီးမျက်လုံးများက
ဂဏာမငြိမ်ဖြစ်နေသည်။

“မင်းဘာဖြစ်လာတာလဲလှနိုင်”
ရွာသူကြီးကရောက်လာပြီးမေးလိုက်
သည်

လှနိုင်ငိုနေတော့သည်

“ဟဲ့ကောင်လှနိုင်ရဘာလို့ငိုနေတာလဲ
မင်းဘာဖြစ်လာတယ်ပြောပြမှငါတို့က
ကူညီနိုင်မှာပေါ့ကွ

“ရွာသူကြီးမှပြောလိုက်တော့

ခဏအငိုရပ်ကာအမောဖြေနေသည်

ပြီးတော့မှ

“ဒီလိုပါသူကြီး ကျော်သူရယ် ကျွန်တော်ရယ် ဟိုဘက်ရွာကအောက်လမ်းဆရာဦးသူရ
ရယ် သင်္ချိုင်းထဲသွားပြီး ပီယဆေး
ဖော်ကြပါတယ် အစကကျော်သူက
စီးပွားရေး ကောင်းအောင်လို့လို့
ပြောပြီးခိုင်းတာဟိုရောက်မှ
သရဲမအေးလှက ကျော်သူ အကြောင်း
တွေအကုန်သိနေတယ်ထင်ပါရဲ့ဗျာ
ကျော်သူကိုကျောက်ပြင်နဲ့ထုသတ်လိုက်တယ် အေးလှပြောတာကတော့
ကျော်သူက ပီယဆေးဖော်ခိုင်းတာ
စီးပွားရေးအတွက်မဟုတ်ပဲ
သူတစ်ပါးသားမယားကိုဖြတ်စီးဖို့ဆိုပြီး
သတ်ပစ်လိုက်တယ်

“ဟေ””
ဟာ
“မင်းတို့ဒါဆိုဒီနေ့သေသွားတဲ့အေးလှ
အလောင်းကိုဖော်ပြီး ပီယဆေး
ဖော်ကြတာပေါ့ဟုတ်လား

“ဟုတ် ဟုတ်ပါတယ်သူကြီး”

“မင်းတို့အဒီလိုလုပ်တာပစ်မှုမြောက်တာ
မသိဘူးလားကြေဟ

“ဟုတ် သိပါတယ်သူကြီး”
“ကဲ အခုကျော်သူလည်းသေပြီ
ဟိုအောက်လမ်းဆရာဦးသူရ ကရောဘယ်မလဲ

“ဟို ဟို သူ ဦးသူရက ကျွန်တော့်ကို
ပြေးတော့ဆိုပြီးသင်္ချိုင်းထဲမှာနေခဲ့တယ်
သူသေလားရှင်သလားတော့မသိဘူး

“ကဲ ရွာသားတွေလိုက်ခဲ့ကြ
သင်္ချိုင်းထဲသွားပြီးကြည့်ရမယ်

•••••••
…သူကြီးကဦးဆောင်ပြီးရွာသား
ဆယ်ယောက်နဲ့အတူလှနိုင်ပါလိုက်ခဲ့ရ
သည်

သင်္ချိုင်းထဲရောက်တော့

“ဟာ ”
“အမလေး”
မြင်လိုက်ရတာက
ကျော်သူမှာဦးနောက်များထွက်ကာ
ကျင်းထဲမှာသေနေပြီး
အောက်လမ်းဆရာဦးသူရကတော့
မျက်နာကနောက်ကျောဘက်သို့
ရောက်ကာလည်ပင်းကျိုးပြီးသေနေလေ
သည်။

မျက်လုံးများပြူးလျှက် မသေခင်
ကြောက်စရာကောင်းသောအဖြစ်
အပျက်တစ်ခုဖြစ်ခဲ့ပုံရသည်
အေးလှရဲ့အလောင်းကတော့
မြေကျင်းထဲမှာနဂိုအတိုင်းရောက်နေ
သည်။

•••••
…ကဲကဲ ဒီအလောင်းတွေကိုမြေမြုတ်
ကြရမယ်ရဲတွေသိသွားရင်
အကုန်ပိုရှုပ်ကုန်မယ်
“ဟုတ်ကဲ့သူကြီး”

အဒီနေ့ညက ၂ချက်ထိုးမှရွာကိုပြန်
ရောက်ကြတော့သည်

“လှနိုင် မင်းကိုအလောင်းဖော်တဲ့
ကိစ္စနဲ့ရဲတိုင်လို့ရတယ်သိလား
ဒါပေမယ့်မင်းကိုသနားလို့မတိုင်တော့
ဘူးဒါပေမယ့်မင်းကိုအပြစ်ပေးတဲ့အနေနဲ့
ထိတ်တုံး၇ရက်ခတ်မယ်
၇ရက်ပြည့်ရင်တစ်ရွာလုံးကိုပက်ပြီး
သန့်ရှင်းရေးလုပ်ရမယ်


ဟုတ်ကဲ့သူကြီးကျေးဇူးပါပဲဗျာရဲမတိုင်
လို့နောက်ဒီလိုမဖြစ်စေရပါဘူးဗျာ
ကျွန်တော်နောင်တရပါပြီ။

ရေးသားသူ- အောင်ဓူဝံ