အရိပ်တစ္ဆေ

ကပ္ပိယကြီး ထိုသို့ ရှင်းပြလိုက်တော့ ကိုပြူးက ထိတ်လန့်တကြားဖြစ်သွားပြီး

“ဟာ ဒါဆိုကျုပ်တို့ရွာကလူတွေတော့ အကုန်ဒုက္ခရောက်ကြပြီ‌ေပါ့ ကပ္ပိယကြီး တစ်ရွာလုံး လေပွေမိစ္ဆာတွေဝင်သွားတာဆိုတော့ လူတိုင်းရစ်ပတ်ခံရမှာပဲ
ကလေးငယ်တွေဆို ဘယ်လိုလုပ်မတုန်း”

ကိုပြူး ထိုသို့ပြောလိုက်တော့ ကပ္ပိယကြီးက

“ဒီကောင်တွေက ကလေးသူငယ်‌ေတွရဲ့ စိတ်ကိုတော့မဖမ်းစားနိုင်ဘူးကွ သူတို့ဖမ်းစာနိုင်တာ အရွယ်ရောက်ပြီးသားလူ‌ေတွရဲ့ စိတ်ကိုပဲဖမ်းစားနိုင်တာ ဒါပေမဲ့တစ်ရွာလုံး ဒုက္ခရောက်မဲ့ကိစ္စကိုတော့ ဒီအတိုင်းထားလိုမဖြစ်ဘူး ဒီကောင်တွေကိုနောက်ကလိုက်ပြီးရှင်းရမှာပဲ”

ကပ္ပိယကြီး ထိုသို့ပြောလိုက်တော့ ကိုမြင့်ဆောင်က

“ဒီအရိပ်တစ္ဆေကောင်တွေကို လိုက်ရှင်းဖို့ဆိုတာ လွယ်ပါ့မလား ကပ္ပိယကြီး”

ထိုအခါ ကပ္ပိယကြီးက

“လွယ်တော့မလွယ်ဘူးပေါ့ကွမြင့်ဆောင့် ဒါပေမဲ့ ဖြစ်အောင်‌‌ေတာ့ လုပ်ရမှာပေါ့ ဒီကောင်တွေကို သေ‌စေနိုင်တဲ့အရာကိုတော့ ငါသိပါတယ်”

” ဒီလိုဆိုရင်တော့ အဆင်ပြေတာပေါ့ဗျာ ကျုပ်တို့နှစ်ယောက်လည်း ကပ္ပိယကြီးနဲ့အတူလိုက်ပြီး ဒီကောင်တွေကိုရှင်းမယ်ဗျာ”

“‌‌ေအး အဲ့ဒါဆိုရင်ပိုကောင်းတာပေါ့ကွာ ဒါပေမဲ့ လောလောဆယ်တော့ ရွာထဲကို အရင်သွားကြည့်လိုက်ကြရအောင်”

ကပ္ပိယကြီး ထိုသို့ပြောပြီး သူ၏တောင်ဝှေးကိုကိုင်ကာ ရွာထဲသို့ ရှေ့မှ‌ေနပြီးထွက်ခဲ့လိုက်‌သည်။

(၂)

ထိုသို့ဖြစ် သူတို့သုံးယောက် ရွာထဲကိုရောက်တော့ ကိုလှမောင်က

” မြင့်ဆောင် မင်းတို့သုံးယောက် ဘယ်သွားနေကြတာတုန်းဟ စောစောက တစ်ရွာလုံးမှောင်ကြသွားတာကွာ ငါ့မယ် ကြောက်လို့နေစရာကိုမရှိဘူး”

“ဟုတ်လားကွ ရွာထဲရော ဘာတွေဖြစ်သွားသေးတုန်း”

ကိုမြင့်ဆောင် ထိုသို့မေးလိုက်တော့

“ရွာထဲတော့ ဘာမှဖြစ်သံမကြားမိဘူး ဒါပေမဲ့ နေ့လည်နေ့ခင်းကြီး ရုတ်တရက်မှောင်သွားတော့ တစ်ရွာလုံးထိတ်လန့်နေကြတာပေါ့ကွ အခုဆိုလူတွေတောင် အပြင်မထွက်ရဲကြဘူး”

“ဟုတ်လားကွ ဒါနဲ့ မင်းတို့ အဲ့ဒီလို တစ်ရွာလုံးမှောင်ကြသွားတော့ ဘာတွေများမြင်လိုက်ရတုန်း”

ကပ္ပိယကြီးထိုသို့‌ေမးလိုက်‌ေတာ့ ကိုလှမောင်က

“အရိပ်တွေလိုလို‌ေတာ့မြင်လိုက်ရတာပဲဗျ ဒါပေမဲ့ ကျုပ်လည်း‌ေကြာက်လို့ မျက်စိမှိတ်ထားလိုက်တာ ဘာမှန်းကို‌‌ေသချာမသိလိုက်ဘူး”

ကိုလှမောင် ထိုသို့ပြန်ဖြေလိုက်တော့ ကပ္ပိယကြီးက

“ကဲ လှမောင် ဒါဆို မင်းရွာထဲသွားပြီး လူကြီးပိုင်းတွေအကုန်လုံး ဦးသာရင်အိမ်ကို လာခဲ့ကြဖို့ပြောလိုက်ကွာ
ငါတို့ အဲဒီအိမ်ကစောင့်နေမယ်”

“ဟုတ်ကဲ့ ကပ္ပိယကြီး ဒါဆိုကျုပ်ရွာထဲသွားပြီး အကုန်ခေါ်ခဲ့လိုက်မယ်”

ကိုလှမောင် ထိုသို့ပြောပြီး ရွာထဲမှလူများကိုခေါ်ရန်သူတို့‌ေရှ့မှ‌ေနပြီး ထွက်သွားသည် ထိုအခါ သူတို့သုံး‌ေယာက်လည်း ရွာလူကြီး ဦးသာရင်အိမ်သို့ ဆက်ပြီးလာခဲ့လိုက်ကြသည်

ထိုသို့ဖြစ် သူတို့သုံး‌ေယာက် ဦးသာရင်အိမ်ကိုရောက်လာတော့ ရွာလူကြီး ဦးသာရင်က

“လာဗျာ ကပ္ပိယကြီးရောက်လာတာနဲ့အတော်ပဲ ကျုပ်အခုပဲကပ္ပိယကြီးကို လူလွှတ်ပြီး‌ေခါ်ခိုင်းဖို့လုပ်နေတာ ထိုင်ပါဦး”

ရွာလူကြီး ဦးသာရင် ထိုသို့ပြောလိုက်ပြီး ကပ္ပိယကြီးနှင့် သူတို့နှစ်ယောက်ကို နေရာထိုင်ခင်းပေးကာ သူကိုတိုင်လည်းတန်းလျှားလွတ်တစ်လုံးတွင် ဝင်ထိုင်ရင်း

“စောစောက ဒိုရွာထဲမှာဖြစ်သွားတာကို မင်းတို့နှစ်ယောက်သိလိုက်ကြလား”

ရွာလူကြီး ဦးသာရင် ကိုမြင့်ဆောင်နှင့်ကိုပြူးကိုကြည့်ပြီးမေးလိုက်သည် ထိုအခါ ကိုမြင့်ဆောင်က

“ကျုပ်တို့မြင်တော့ မြင်လိုက်တယ်ဗျာ ဒါပေမဲ့ ရွာထဲမှာတော့မရှိဘူး ကပ္ပိယကြီးနဲ့စကားပြောရင်း ဘုန်းကြီးကျောင်းကိုရောက်နေတာ အခုမှကပ္ပိယကြီးပြောလို့ ပုံမှန်မဟုတ်မှန်းသိပြီး ရွာထဲကိုလိုက်လာတာ”

“အေး ငါလည်းအဲ့ဒါကို အစကတော့ ရိုးရိုးလေပွေတစ်ခုလိုထင်ပြီး ဒီအတိုင်းကြည့်နေတာ ဒါပေမဲ့ ရွာထဲရောက်လာမှ ရိုးရိုးလေပွေမဟုတ်ပဲ တစ်ခုခုထူးဆန်နေတာကို သတိထားမိလိုက်တယ်”

“ဟုတ်လား ကိုသာရင် ဘယ်လိုများ ထူးဆန်းနေတာတုန်းဗျ ပြောစမ်းပါဦး”

ကပ္ပိယကြီးထိုသို့မေးလိုက်တော့ ဦးသာရင်က

“ဒီလိုဗျ ကပ္ပိယကြီးရ ဒီလေပွေက ပြင်းပြင်းထန်ထန်ကြီးတိုက်တာမဟုတ်ပဲ ခပ်မြန်မြန်လေးပဲတိုက်သွားတာ
ဗျာ့ ဒါပေမဲ့ အဲဒီလေပွေထဲမှာ မဲမဲအရိပ်‌ေတွမြင်‌ေနရပြီး သူတို့ကပဲ ဒီလေပွေဖြစ်အောင်လုပ်သွားသလိုပဲ ကျုပ်အထင် မကောင်းဆိုးဝါးတွေများဖြစ်နေမလားလို့”

ဦးသာရင်ထိုသို့ ‌ပြောလိုက်တော့ ကပ္ပိယကြီးက

“ဟုတ်တယ်ဗျာ့ ဦးသာရင် ဒါရိုးရိုးလေပွေမဟုတ်ဘူး မိစ္ဆာလေပွေလို့ခေါ်တယ်”

“ဗျာဒါဆို အဲ့ဒီလေပွေက မကောင်းဆိုးဝါကောင်တွေပေါ့ဟုတ်လား ဒါဆိုရင်‌ေတာ့ကျုပ်တို့ရွာတော့ ဒုက္ခရောက်ပါပြီဗျာ”

ဦးသာရင် ထိုသို့ စိတ်ပျက်အားငယ်သံနှင့်ပြောလိုက်တော့ ကပ္ပိယကြီက

“သိပ်လဲ စိတ်ပူမနေပါနဲ့ဦးသာရင် ကျုပ်လည်းတတ်နိုင်သလောက် ကူညီပါ့မယ် အခုလည်းအဲဒီကိစ္စအတွက်နဲ့ ရွာကလူတွေကို အသိပေးရအောင်လာခဲ့တာပဲ”

“ဟုတ်လား ကပ္ပိယကြီး ဒါဆိုရင်တော့ ကျုပ်တို့တစ်ရွာလုံး ကပ္ပိယကြီးကိုပဲ အားကိုရ‌ေတာ့မှာ‌ေပါ့ဗျာ”

ကပ္ပိယကြီးနဲ့ဦးသာရင် ထိုသို့စကားပြောဆိုနေခိုက် ကိုလှမောင်တစ်‌ေယာက် ရွာသားများကို‌ေခါ်ပြီး ဦးသာရင်အိမ်သို့ ရောက်လာကြပြီဖြစ်သည် ထိုအခါ ကပ္ပိယကြီးက ရွာသားများကိုကြည့်ပြီး

“ကဲ ရွာသားတွေအားလုံ ကျုပ်အခုပြောမယ့်စကားကို သေသေချာချာနားထောင်ကြပါ”

ကပ္ပိယကြီး ထိုသို့ပြောလိုက်တော့ ရွာသားများအားလုံး ကပ္ပိယကြီး ပြောမည့်စကားကို သေချာနားစွင့်နေကြသည် ထိုအခါ ကပ္ပိယကြီးက

” မနက်ဖြန် ဒီရွာထဲကို အခုမိစ္ဆာလေပွေဝင်သွားတဲ့အချိန်ရောက်ရင် မင်းတို့ရဲ့‌ေဘးနားမှာ အရိပ်မဲတစ်ခု လှည့်ပတ်နေတယ်လို့ မြင်နေရလိမ့်မယ်”

ကပ္ပိယကြီး ထိုသို့‌ပြောလိုက်တော့ ရွာသားများ၏ စိတ်ထဲတွင် စိုးရိမ်စိတ်များ ဖြစ်ပေါ်လာကြပြီး ကပ္ပိယကြီးရှေ့ဆက်ပြောမည့်စကားကို သေချာနားစိုက်ထောင်နေကြသည် ထိုအခါ ကပ္ပိယကြီးက

” မင်းတို့ ဘေးနားမှာ အဲ့ဒီလိုအရိပ်တစ်ခု လှည့်ပတ်နေတယ်လို့ မြင်လာရင် လိုက်မကြည့်မိစေနဲ့ကြားလားမျက်စိကိုသာပိတ်ထားလိုက်”

ကပ္ပိယကြီး ထိုသို့ပြောလိုက်တော့ ရွာသားတစ်ဦးက

” တကယ်လို့လိုက်ကြည့်မိရင်‌ေရာ ဘာဖြစ်နိုင်တုန်းကပ္ပိယကြီး”

“အေး တကယ်လို့လိုက်ကြည့်မိရင် အဲ့ဒီအရိပ်ကိုကြည့်‌ေနရင်းနဲ့ မူးလဲပြီးသတိလစ်သွားလိမ့်မယ်ကွ”

“ဟင် ဒါဆိုရင်တော့ မဖြစ်ဘူးကပ္ပိယကြီး တော်ကြာတစ်ရွာလုံးမူလဲပြီးသတိလစ်ကုန်ရင် အားလုံးဒုက္ခရောက်ကုန်ကြလိမ့်မယ် အဲ့ဒီလိုမဖြစ်အောင်ရော လုပ်လို့မရဘူးလားဗျာ့”

“လုပ်လို့ကတော့ ရပါတယ် ဒါပေမဲ့လုပ်နိုင်ဖို့တော့လိုတယ်ကွ”

“ဒါဆို ဘယ်လိုလုပ်ရမလဲဆိုတာကိုသာပြောပါကပ္ပိယကြီး ကျုပ်တို့ မဖြစ်ဖြစ်အောင်လုပ်ပါ့မယ်”

“အေး ဒီလိုဆိုရင် မင်းတို့ကိုငါပြောမယ် အမှန်တော့ အဲ့ဒီအရိပ်ကတကယ်ရှိ‌ေနတာမဟုတ်ဘူးကွ မိစ္ဆာကောင်ပြုစားထားလို့ ကိုယ့်ရဲ့စိတ်ကရှိနေသယောင်ထင်နေမိတာ ဒါကြောင့် ကိုယ့်ရဲ့ဘေးနားမှာ အဲဒီလိုအရိပ်တစ်ခု လှည့်ပတ်နေတယ်လို့ထင်လာရင် မျက်လုံးကိုမှိတ်ထားလိုက် နောက်ပြီး စိတ်တည်ငြိမ်အောင် တရားဘာဝနာတစ်ခုခုပွားများနေလိုက်ကွာ ဒီလိုမှ မဟုတ်ရင်တော့ အဲ့ဒီအရိပ်ရဲ့ဖမ်းစားတာကိုခံရပြီး ရူးရင်ရူး မရူးရင်သေမှာပဲ”

ကပ္ပိယကြီး ထိုသို့ပြောလိုက်တော့ ရွာသားတစ်ဦးက လန့်ဖြတ်သွားပြီး

“ဗျာ ဒါလိုဆိုရင်တော့ မလွယ်ဘူးကပ္ပိယကြီး တစ်ရွာလုံး ဒုက္ခရောက်ကုန်ကြတော့မှာပဲ ဒါနဲ့ အဲ့ဒီအရိပ်ကို မြင်နေရမှာက တစ်ရက်တည်းလား ကပ္ပိယကြီး”

“ဘယ်ဟုတ်မလဲကွ မင်းအသက်ရှင်နေသရွေ့ သူ့အချိန်ရောက်ရင် အမြဲမြင်နေရမှာပဲ ဒါ‌ပေမဲ့တစ်ခုတော့ရှိတယ် မင်းတို့ကိုဖမ်းစားသွားတဲ့ အဲ့ဒီမကောင်းဆိုးဝါး အရိပ်တစ္ဆေကောင်ကို သေအောင်သတ်နိုင်ရင်တော့ မင်းတို့တွေနဂိုအတိုင်းပြန်ဖြစ်သွားကြမှာပဲ”

“ဟုတ်လား ကပ္ပိယကြီး ဒီလိုဆိုရင် အဲ့ဒီမကောင်းဆိုးဝါးကောင်တွေကို ကပ္ပိယကြီး သေအောင်သတ်နိုင်လား သတ်နိုင်တယ်ဆိုရင်တော့ ကျုပ်တို့ကို ကူညီပါဦးဗျာ”

“အေး အဲ့ဒီကိစ္စလုပ်ဖို့ ငါ မြင့်ဆောင့်နဲ့ငပြူးကိုတိုင်ပင်ထားတယ် လိုအပ်တာတွေလုပ်ပြီးသွားရင်တော့ မင်းတိုကိုငါကူညီနိုင်မှာပါ လောလောဆယ်တော့ မင်းတို့တတွေ
ငါပြောသလိုပဲ ကိုယ့်စိတ်ကိုနိုင်အောင်ထိန်းထားကြကြားလား”

“ဟုတ်ကဲ့ပါ ကပ္ပိယကြီး ကျုပ်တို့ကပ္ပိယကြီးပြောသလို ကိုယ့်စိတ်ကို အတတ်နိုင်ဆုံး တည်ညိမ်အောင်
ကြိုးစားပြီး‌ေနပါ့မယ်”

ထိုအခါ ကပ္ပိယကြီးက သူ၏လွယ်အိပ်ထဲမှာပါလာသော အင်းစာရွက်များကို ရွာသားများကို ဝေပေးလိုက်ပြီး

“ကဲ ဒီအင်းစာရွက်တွေက မင်းတို့စိတ်ကို ထူးထူးခြားခြားကြီး ပြောင်းလဲသွားအောင်‌ေတာ့လုပ်ပေးနိုင်မှာမဟုတ်ဘူး ဒါပေမဲ့ ထိုင်သင့်သလောက်တော့ အဟန့်အတားဖြစ်စေနိုင်တယ် ဒါကြောင့်မင်းတို့စိတ်ထဲမှာ အဲ့ဒီအရိပ်မဲကြီးတွေမြင်လာပြီဆိုရင် ဒီအင်းစာရွက်တွေကို လက်ကဆုပ်ကိုင်ထားကြ နောက်ပြီး ငါပြောသလို တရားဘာဝနာလည်းပွားများနေကြ ဒါဆိုရင်မင်းတို့ရဲ့စိတ်ကပိုပြီးတည်ညိမ်လာလိမ့်မယ်”

ကပ္ပိယကြီးထိုသို့ပြောလိုက်တော့ ရွာသားများအားတက်သွားကြပြီး အင်းစာရွက်များကို ယူကာ မိမိတို့
သိခြင်တာကို ကပ္ပိယကြီးကို မေးလိုက်သည်

“ကပ္ပိယကြီး ဒီအတိုင်းဆို ကျုပ်တို့မနက်ဖြန် လယ်ထဲဆင်းပြီးရောအလုပ်လုပ်လို့ရပါမလား”

ထိုအခါ ကပ္ပိယကြီးက

“အလုပ်ကတော့ လုပ်လို့ရပါတယ် ဒါပေမဲ့ မိစ္ဆာလေပွေဝင်သွားတဲအချိန်ရောက်ခါနီးရင် ရွာထဲမှာရှိနေတာအကောင်းဆုံးပဲကွ ရွာအပြင်မှာဆိုရင် ဒီကောင်တွေကို အကြောင်းပြုပြီး တစ်ခြားမကောင်းဆိုးဝါးကောင်တွေပါ
အလွယ်တကူ ဝင်လာနိုင်တယ်”

ကပ္ပိယကြီး ထိုသို့ပြောလိုက်တော့ ရွာသားများ သဘောပေါက်သွားကြပြီး

“ဒါဆိုရင်တော့ ကျုပ်တို့ ကပ္ပိယကြီးပြောတဲ့အတိုင်း
အတတ်နိုင်ဆုံး ကြိုးစာပြီးနေမယ်ဗျာ ကပ္ပိယကြီးလည်း
ကျုပ်တို့ကိုယ်စား ဒီမိစ္ဆာကောင်တွေကို အမြန်ဆုံးရှင်းပေးပါဦး”

“ကောင်းပြီးလေ ကျုပ်လည်းမင်းတို့ကိုယ်စား ဒီကောင်တွေအမြန်ဆုံးရှင်းနိုင်အောင် ကြိုးစားပေးပါမယ်”

ကပ္ပိယကြီး ထိုသို့ပြောလိုက်တော့ ရွာသားများကပ္ပိယကြီးကိုနှုတ်ဆက်ကာ အိမ်သို့ပြန်သွားကြတော့သည်။

ထိုအခါ ကပ္ပိယကြီးက ရွာသားများနှင့်ပတ်သက်ပြီး မှာစရာရှိတာတွေကို ရွာလူကြီးဦးသာရင်ကို ဆက်ပြီးမှာလိုက်တယ်

“ဦးသာရင် ကျုပ်တို့မရှိတုန်း ရွာသားတွေကို သေချာဂရုစိုက်လိုက်ပါဗျ ခင်ဗျားကိုတိုင်လည်း စိတ်ကိုအတတ်နိုင်ဆုံး တည်ညိမ်အောင်ထားပြီးနေ နောက်ပြီး ရွာသားတွေကိုလည်း လေပွေဝင်သွားတဲ့အချိန်ရောက်ခါနီးရင် ရွာထဲမှာပဲနေကြဖို့ကြိုပြောထားလိုက်ဦး”

“ဒီအတွက်တော့ စိတ်ချပါ ကပ္ပိယကြီး ကျုပ်အတတ်နိုင်ဆုံး ကျုပ်ရွားသားတွကို ကူညီလိုက်ပါမယ့် ဒါနဲ့ ကပ္ပိယကြီးတို့က ဒီမိစ္ဆာကောင်တွေကို ဘယ်လိုလိုက်ရှာကြမှာတုန်း”

“ဒါက ဒီလိုရှိတယ်ကိုသာရင် ဒီမိစ္ဆာကောင်တွေက ရွာတစ်ရွာတည်းကိုသာ ဝင်တာမဟုတ်ဘူး သူတို့သွားတဲ့ လမ်းတစ်လျှောက် တွေ့သမျှရွာတွေကိုအကုန်ဝင်ပြီး လူတွေရဲ့စိတ်ကိုဖမ်းစားသွားကြတာ ဒါကြောင့်သူ
တို့ဝင်ခဲ့တယ့်ရွာတွေကိုကြည့်ပြီး ဒီမိစ္ဆာကောင်တွေ ဘယ်မှာရှိတယ်ဆိုတာ သိနိုင်တယ်”

“ဒီလိုဆိုရင် တော်သေးတာပေါ့ဗျာ ဒါနဲ့ကပ္ပိယကြီးတို့ ဒီမိစ္ဆာကောင်တွေနောက်လိုက်ဖို့ ဘာတွေလိုအပ်တုန်းဗျ
လိုအပ်တာရှိရင် ကျုပ်အားလုံးကူညီပါ့မယ်”

“ရတယ်ဦးသာရင် ကျုပ်တို့အတွက် ဘာမှမလိုအပ်ပါဘူး ခင်ဗျားသာရွာသားတွေကို စောင့်ရှောက်ပြီး ကျုပ်တို့ပြန်လာမယ့်အချိန်ကိုစောင့်နေပါ”

ကပ္ပိယကြီး ဦးသာရင်ကို ထိုသို့ပြောလိုက်ပြီး ကိုပြူ
ဘက်သို့လှည့်ကာ

“ကဲ ငပြူး မင်းလည်း မယ်သင့်ဆီကိုသွားပြီး ငါနဲ့လိုက်မယ့်အကြောင်းသွားပြောလိုက်ဦး ငါနဲ့မြင့်ဆောင့် မင်းကို
ဘုန်းကြီးကျောင်းမှာ လုပ်စရာရှိတာတွေလုပ်ပြီးစောင့်နေမယ်”

ကပ္ပိယကြီး ထိုသို့ပြောလိုက်တော့ ကိုပြူး သူ့မိန်းမ မယ်သင်ကို အကျိုးအကြောင်းပြောရန် အိမ်သို့ပြန်သွားသည် ထိုအခါ ကပ္ပိယကြီနဲ့ကိုမြင့်ဆောင်လည်း ဦးသာရင်ကိုနှုတ်ဆက်ကာ ကျောင်းသို့ပြန်ခဲ့လိုက်တော့သည်။

(၃)

ထိုသို့ဖြစ် ကျောင်းသို့ပြန်ရောက်တော့ ကပ္ပိယကြီးက
သူ၏လွယ်အိပ်ကြီးအတွင်းသို့ လိုအပ်မည့်ပစ္စည်းများကို ထည့်နေသည် ကိုမြင့်ဆောင်ကတော့ မန်ကျီးပင်အောက်ရှိ ကွပ်ပစ်ပေါ်တွင်ထိုင်ရင်း ကိုပြူးလာမည့်အချိန်ကိုစောင့်နေလိုက်သည် သူထိုသို့‌‌ေစာင့်‌ေနရင်းခဏကြာတော့ ကိုပြူးတစ်ယောက် ဘုန်းကြီးကျောင်းပေါ်သို့ လွယ်အိပ်ကြီးတစ်လုံး ပုခုံးတွင်လွယ်ပြီး ရောက်လာသည်

ထိုအခါ ကိုမြင့်ဆောင်က

“ငပြူး မင်းလွယ်အိပ်ထဲက ဘာတွေတုန်းကွ”

“အဝတ်အစားတွေလေကွာ”

“အေး ငါလည်းတဲရောက်မှ အဝတ်အစားတွေဝင်ယူရဦးမယ်ကွ လမ်းတော့ကြုံလောက်ပါတယ်”

” ကြုံပါတယ်ကွာ”

ကပ္ပိယကြီး ထိုသို့ပြောရင်း သူတို့ရှိရာသို့လျှောက်လာသည် ထို့နောက်

“ငါတို့ ဒီနေ့ည ကျောက်အိုးလျှိုထဲကို ခဏသွားရဦးမယ်ကွ အဲ့ဒီအခါကြရင် မင်းတဲကနေဖြတ်သွားပြီး တဲရောက်မှမင်းလိုအပ်တာ‌ေတွ ဝင်ယူလိုက်ပေါ့ကွာ”

ကပ္ပိယကြီး ထိုသို့ပြောလိုက်တော့ ကိုပြူးက

“ကျောက်အိုးလျှိုထဲကို ဘာသွားလုပ်မှာတုန်းကပ္ပိယကြီး အဲ့ဒီ မိစ္ဆာကောင်တွေက ကျောက်အိုးလျှိုထဲမှာနေတလား”

“မဟုတ်ဘူးကွ အဲ့ဒီလျှိုထဲမှာ ယူစရာလေးတစ်ခုရှိလို့
သွားမှာ ရော့အခု‌ေတာ့မင်း ဒါလေးသောက်လိုက်ဦး”

ကပ္ပိယကြီးထိုသို့ပြောပြီး ကိုပြူးကို သူ၏လက်ထဲမှာကိုင်လာသည့် လဖက်ရည်ခွက်ကလေးကိုပေးလိုက်သည်
ထိုအခါ ကိုပြူးက

“ဒါတွေက ဘာတွေတုန်း‌ဗျ ကပ္ပိယကြီး”

“အဲ့ဒါ အင်းစိမ်ထားတဲ့ရေကွ မင်းဒီ‌ေရကို သောက်လိုက်ရင် မြင့်ဆောင်လိုပဲ တော်ယုံသရဲတစ္ဆေကပ်နိုင်တော့မှာ မဟုတ်ဘူး”

“ဟုတ်လား ကပ္ပိယကြီး ဒါဆိုမြန်မြန်ပေးဗျာ”

ကိုပြူး ပြောပြောဆိုဆို ကပ္ပိယကြီးလက်ထဲရှိ လဖက်ရည်ခွက်ထဲမှရေကိုယူပြီးသောက်လိုက်သည်။ ထို့နောက်
ကပ္ပိယကြီးက

“ကဲ ဒါဆို ဒို့ မြင့်ဆောင်တဲကို အရင်သွားလိုက်ရအောင်
အဲ့ဒီကနေမှ ကျောင်အိုးလျှိုထဲကို ဆက်သွားကြတာပေါ့”

ထိုသို့ပြောပြီး ကပ္ပိယကြီး သူ၏တောင်ဝှေးကိုကိုင်ကာ ရှေ့မှ‌ေနပြီးထွက်သွားသည် ထိုအခါ ကိုမြင့်ဆောင်နှင့်ကိုပြူးလည်း ကပ္ပိယကြီး၏နောက်မှလိုက်ခဲ့ကြ‌ေတာ့သည်။

(၄)

ထိုသိုဖြင့် ကိုမြင့်ဆောင်၏တဲသို့ရောက်တော့ ကပ္ပိယကြီးက

“ကဲမြင့်ဆောင် မင်းလိုအပ်တာတွေယူလိုက် ငါဖိုးခေါင်ကြီးနဲ့ စကားသွားပြောလိုက်ဦးမယ်”

ကပ္ပိယကြီးထိုသို့ပြောလိုက်တော့ ကိုမြင့်ဆောင် အံ့ဩသွားပြီး

“ကပ္ပိယကြီးက ဖိုးခေါင်ကြီးကို သိနေတာလား”

“သိတာပေါ့ကွ ဒီကောင်ကြီးက တစ္ဆေသရဲဆိုပေမဲ့ စိတ်သဘောထားကောင်းတယ် လူတွေကိုလည်း ကူညီချင်တယ် လူတွေကသူ့အကြောင်းမသိလို့သာ ကြောက်လန့်နေကြတာ အခုလဲဒီကောင်ကြီးကို ငါတို့နဲ့အတူလိုက်ခဲ့ဖို့ သွားပြောမလို့ကွ”

ကပ္ပိယကြီး ထိုသို့ပြောပြီး ဖိုးခေါင်ကြီးနေသည့် ဥနှဲပင်ကြီးဆီသို ထွက်သွားသည် ကိုပြူးကတော့ သူတို့နှစ်ယောက်ပြောနေတာတွေကို နားထောင်ရင်းတဲ‌ေပါ်သို့တက်ထိုင်လိုက်သည် ကိုမြင့်ဆောင်လည်း သူလိုအပ်တာမျာကို လွယ်အိပ်ထဲသို့ ထည့်နေလိုက်ပြီး ကပ္ပိယကြီးတဲပေါ်ပြန်လာမည့် အချိန်ကိုစောင့်နေလိုက်သည်။

ထိုအချိန် ကိုပြူးက

“မြင့်ဆောင် မင်းနွားကြီးနှစ်ကောင် မမြင်ပါလား”

ကိုပြူးထိုသို့မေးလိုက်တော့ ကိုမြင့်ဆောင်က

“ဒီလယ်တွေစိုက်ပြီးတည်းက အိမ်ပြန်ပို့လိုက်ပြီလေ
ကွာ ငါလည်းနောက်နေ့ ဒီကပစ္စည်းတွေယူပြီးအိမ်ပြန်ဝင်တော့မလို့ ဒါပေမဲ့ ဒီကိစ္စပေါ်လာတော့ မင်းသိတဲ့အတိုင်းပဲ ဒီကောင်တွေကို ဘယ်အထိ လိုက်ရှာရမှန်းမသိသေးဘူး”

ကိုမြင့်ဆောင် ထိုသို့ပြောလိုက်တော့ ကိုပြူးက

“ဒါဆို မောင်စိုးပဲ နွားတွေကိုကြည့်ကျောင်းရမှာပေါ့”

“အေးပေါ့ကွာ အခုလောလောဆယ်တော့ အဲ့ဒီအတိုင်းပဲလုပ်ရဦးမှာပေါ့ ငါလည်းကပ္ပိယကြီးနဲ့ဘုန်းကြီးကျောင်းကိုအပြန် ဦးဘိုးခင်နဲ့ လမ်းမှာတွေ့လို့ ဒီအကြောင်းတွေကို ပြောလိုက်သေးတယ်”

“အေး ဒါဆိုရင်ကောင်းတာပေါ့ကွ မင်းနွားကြီးတွေအတွက်လည်း စိတ်မပူရတော့ဘူး”

သူတို့နှစ်ယောက် ထိုသို့ပြောဆိုနေခိုက် ကပ္ပိယကြီးတဲပေါ်ကိုပြန်တက်လာပြီး

“ကဲ မြင့်ဆောင် မကြာခင်မိုးချုပ်လာတော့မယ် မင်းတို့နှစ်ယောက်လည်း တဲမှာရှိတဲ့ဟာနဲ့ပဲ ညစာချက်ပြုတ်စားသောက်လိုက်ကြဦး မင်းတို့စားသောက်ပြီးရင်းသွားကြတာပေါ့”

ကပ္ပိယကြီးထိုသို့ပြောလိုက်တော့ ကိုမြင့်ဆောင်လည်း
သူတဲမှာရှိတဲ့ဆန်ဆီတွေနဲ့ သူတို့နှစ်ယောက်အတွက်ညစာချက်ပြုတ်လိုက်တယ် ထို့နောက် သူထိုသို့ ချက်ပြုတ်နေတုန်းမှာပဲ ကပ္ပိယကြီးကို သူသိချင်တာကိုမေးလိုက်တယ်

“ဘယ်လိုလဲ ကပ္ပိယကြီး ဖိုးခေါင်ကြီးက ကျုပ်တို့နဲ့လိုက်မယ်တဲ့လား”

“အေး သူလိုက်မယ်လို့ပြောတယ်ကွ သူပါလိုက်လာတော့ ဒီု့အတွက်ပိုအဆင်ပြေတာပေါ့”

ထိုအခါ ကိုပြူးက

“ဘယ်လိုများပိုအဆင်ပြေတာတုန်း ကပ္ပိယကြီး”

“ဒီလိုလေကွာ သူတို့က သရဲတစ္ဆေအချင်းချင်းဆိုတော့
ရှာရဖွေရတာ ဒီု့ထက် ပိုလွယ်ကူတယ်မဟုတ်လား ဒါကြောင့် ဒီကောင်ကြီးပါလာတာကို ငါကပိုအဆင်ပြေတယ်လို့ပြောတာကွ”

ထိုအခါကြမှာ ကိုပြူးသဘောပေါက်သွားပြီး

“အင်း ဒါလဲဟုတ်သားပဲဗျာ့ ဒါနဲ့ ကျုပ်တို့ကဒီကောင်တွေကို ဘယ်နှစ်ရက်လောက်ရှာရမှာတုန်း”

“ဒါတော့ ငါလည်းအတိအကြ မပြောတတ်ဘူးကွာ
ဒါပေမဲ့ တွေ့အောင်တော့ရှာရမှာပဲ”

ကပ္ပိယကြီး ထိုသို့ပြောလိုက်တော့ ကိုပြူးဘာမှဆက်မမေးတော့ပဲ ကိုမြင့်ဆောင် ညစာချက်ပြုတ်နေတာကိုသာကြည့်နေလိုက်သည် ထို့နောက် သိပ်မကြာခင် ချက်ပြုတ်ပြီးစီးသွားပြီဖြစ်၍ သူတို့နှစ်ယောက် ညစာ အတူစားလိုက်ကြသည် ကပ္ပိယကြီးကတော့ ညစာမစား သူတို့နှစ်ယောက်စားနေတာကိုသာ နွားကြွေးသည့်စင်လေးပေါ်တွင်ထိုင်ပြီး ပုတီးစိတ်ရင်း စောင့်နေသည်။

ထိုသို့ဖြစ် သူတို့နှစ်ယောက် ညစာစားပြီးသွားတော့
ကပ္ပိယကြီးက

“ကဲ မင်းတို့လည်း ညစာစားပြီးသွားပြီဆိုတော့ သွားကြရအောင်ကွာ တော်ကြာသိပ်နောက်ကြရင် မကောင်းဘူး”

ကပ္ပိယကြီး ထိုသို့ပြောလိုက်တော့ သူတို့နှစ်ယောက်
သူတို့ အသုံးအ‌ေ‌ဆာင် ပစ္စည်းများထည့်ထားသည့် လွယ်အိပ်ကို ပုခုံးပေါ်တွင် လွယ်လိုက်ကြသည် ထို့နောက်ကိုပြူးက တဲတိုင်တွင် ထောင်ထားသော ကိုင်းခုတ်ဓါးကြီးကိုပုခုံးပေါ်တွင်ထမ်းလိုက်သည် ထိုအခါ ကိုမြင့်ဆောင်က

“ငပြူး မင်းဒီဓါးကြီး ယူခဲ့မလို့လား”

“အေးပေါ့ကွ ငါ့မှာလက်နက်ဆိုလို့ ဒီဓါးကြီးပဲယူ
ခဲ့ရမှာ ငါ့လေးဂွ မင်းလေဂွလို သရဲပစ်လို့ရတာမဟုတ်ဘူးဟ”

“အေးပါကွာ မင်းယူခဲတော့လဲ ကောင်းတာပေါ့ တော်ကြာတောထဲတောင်ထဲရောက်ရင် ဓါးတစ်ချောင်းကတော့ လိုအပ်မှာပဲ”

သူတို့နှစ်ယောက် ထိုသို့ပြောနေတာကိုကြည့်ပြီး ကပ္ပိယကြီးက ပြုံးစိစိလုပ်နေပြီး ကျောက်အိုးလျှို ရှိရာဘက်ကိုရှေ့မှနေပြီး ထွက်သွားလိုက်သည် ထိုအခါ ကိုမြင်ဆောင်နှင့်ကိုပြူးလည်း ကပ္ပိယကြီး၏နောက်မှလိုက်ခဲ့လိုက်ပြီး သူတို့၏နောက်ခပ်လှမ်းလှမ်းမှာတော့ ဖိုးခေါင်ကြီးသည် သူတို့နောက်သို့ လိုက်လာနေသည်။

ထိုသိုဖြစ် ကျောက်အိုးလျှိုထဲကိုရောက်တော့ ကပ္ပိယကြီးက ကျောက်ဖျာလေးတစ်ခုဘေးမှာရပ်လိုက်ပြီး ချောင်းဖျားဘက်သို့ကြည့်နေသည်

သူ ထိုသို့ကြည့်နေတုန်းမှာပဲ ထိုချောင်ဖျားဘက်မှာ လူကြီးတစ်ဦးသူတို့ဆီကို လာနေတာမြင်လိုက်ရပြီး ကိုမြင့်ဆောင် ထိုလူကြီးကိုမြင်လိုက်‌တော့ သူ ဥုစ္စာစောင့်မ၏ ကိုယ်စားအရုပ်ကိုလာပို့တုန်းက တွေ့လိုက်ရတဲ့ လူကြီးဖြစ်မှန်း သိလိုက်သည် ထိုလူကြီးသည် သူတို့နှင့်မလှမ်းမကမ်း အရောက်မှာရပ်လိုက်ပြီး ကပ္ပိယကြီးကို ကြည့်နေသည် ထိုအချိန်မှာပဲ ကျောက်အိုးလျှိုဘေးဘက်ရှိ တောင်ကုန်များပေါ်မှ တစ္ဆေသရဲများ ဆင်းလာကြပြီး သူတို့သုံးယောက်ကို ကြည့်‌ေနကြသည် သူတိုရဲ့အနားကိုတော့ရောက်အောင်မလာ

ထိုသရဲတစ္ဆေတွေကို မြင်လိုက်တော့ ကိုပြူးက

“ကပ္ပိယကြီး ကျုပ်တို့တော့ သရဲအစားခံရတော့မယ်နဲ့တူတယ် ဘယ်လိုလုပ်ကြမတုန်း”

ထိုအခါ ကပ္ပိယကြီးက

“မင်း ကြောက်လန့်ပြီးသာ ထွက်မပြေးနဲ့ အဲ့ဒီလိုပြေးလို့ကတော့ မင်းကိုအစိမ်းလိုက် ဝါးစားလိမ့်မယ် ငါ့အနားမှာပဲနေ ဘာမှမဖြစ်စေရဘူး”

ကပ္ပိယကြီးထိုသို့ပြောလိုက်တော့ ကိုပြူးဘာမှမပြောတော့ပဲ ကပ္ပိယကြီးအနားမှာရပ်နေလိုက်သည် ထိုအခါ
သူတို့နှင့် မလှမ်းမကမ်းမှာရပ်နေ‌တဲ့ လူကြီးက

“ကပ္ပိယကြီး ခင်ဗျားဒီကို ဘာလုပ်ဖို့လာတာတုန်း”

“ကျုပ် ခင်ဗျးဆီက ပစ္စည်းတစ်ခု ခဏငှားချင်လို့ လာခဲ့တာပါ ဦးစက္က”

ထိုအခါ ဦးစက္ကဆိုသော ထိုလူကြီးက

“ကျုပ်ဆီက ဘာပစ္စည်းများ ငှားချင်လို့တုန်း”

“တစ်ခြားတော့ မဟုတ်ဘူးဗျာ့ ခင်ဗျားဆီက မိစ္ဆာသတ်လေးကို ခဏလာငှားတာပါ”

ကပ္ပိယကြီး ထိုသို့ပြောလိုက်တော့ ဦးစက္က ဘာမှမပြောသေးပဲ စဉ်းစားနေသည် ဦးစက္ကသည် လူ့ဘဝတုန်းက တစ္ဆေသရဲများကို အင်မတန်နိုင်နင်းလှသောဆရာကြီးတစ်ဦးဖြစ်ပြီး သူ၏ မိစ္ဆာသတ်လေးကို တစ္ဆေသရဲများ အလွန်ကြောက်ကြသည်။
ထိုလေးဖြင့် ဦးစက္ကတစ်ယောက် မကောင်းသော မိစ္စာဆိုးများကို နှိမ်နှင်းပြီးလူသားတို့၏ ကောင်းကြိုးကိုများစွာ ဆောင်ရွက်ပေးခဲ့ဖူးသည် သို့သော် သူအသက်အတော်ကြီးလာတော့ ထိုအလုပ်များကိုစွန့်လွှတ်ကာ
သူ၏ကိုပိုင်ဥုစ္စာများနှင့်အတူ မိစ္စာသတ်လေးကိုပါ ဤကျောက်အိုးလျှိုထဲတွင် လာရောက်မြုပ်နှံခဲ့ပြီး သူကိုတိုင်
ထိုစဉ်အခါတုန်းက လူမနီးသူနီး တောကြီးမျက်မဲသာရှိသေးသည် ဤနေရာမှာပင် လောကီတရားများကိုစွန့်လွတ်ကာ လောကုတ္တရာတရားကို အားထုတ်ခဲ့သည်

ဒါပေမဲ့ သူ၏ မိစ္ဆာသတ်လေးအပေါ် အစွဲအလမ်းကြီးမှုကြောင့် တရားမရနိုင်ပဲ သူသေဆုံးတော့ ဤနေရာမှာပဲ ဥုစ္စာစောင့်ဖြစ်နေရခြင်းဖြစ်သည်။

ယခု ကပ္ပိယကြီးက သူ့ဆီမှ ထိုမိစ္ဆသတ်လေးကို လာငှားနေတော့ ဦးစက္က တော်တော်နှင့်ပြန်မပြောနိုင်ပဲ ဆုံးဖြတ်ရခက်နေသည် ထိုကြောင့် ကပ္ပိယကြီးကပဲ

“ဘယ်လိုလဲဦးစက္က ကျုပ်လည်း ခင်ဗျားလူ့ဘဝတုန်းကလိုပဲ လူသားတွေကိုကယ်တင်ဖို့ မိစ္ဆာသတ်လေးကို လာငှားတာပါ ကျုပ်ကိုယ်ကျိုးအတွက်သုံးဖို့မဟုတ်ပါဘူး”

ကပ္ပိယကြီးထိုသို့ပြောလိုက်တော့ ဦးစက္ကက

“ခင်ဗျားက ဘယ်မိစ္ဆာတွေကို သတ်မှာတုန်း နောက်ပြီး
သူတို့က လူတွေကိုဘယ်လိုများ ဒုက္ခပေးခဲ့လို့တုန်း”

ထိုအခါ ကပ္ပိယကြီးက

“ကျုပ် သတ်မှာက အရိပ်တစ္ဆေတွေပါ ဦးစက္က”

အရိပ်တစ္ဆေဟူသော စကားကြားလိုက်ရ၍ ဦးစက္ကအံ့ဩသွားပြီး

“ဒီမိစ္ဆာကောင်တွေ ပြန်ပေါ်လာပြန်ပြီကိုး”

ဦးစက္ကထိုသို့ရေရွတ်လိုက်တော့ ကပ္ပိယကြီးက

“ဟုတ်တယ် ဦးစက္က ဒီမိစ္ဆာကောင်တွေ ပြန်ပေါ်လာပြီး
အခုသလဲကုန်းတစ်ရွာလုံးကို ဖမ်းစားသွားပြီ ဒါတင်မကသေးပဲ သူတို့သွားရာလမ်းတလျှောက်က လူတွေကိုလည်း ဖမ်းစားသွားဦးမယ်ဆိုတာ ဦးစက္ကသိမှာပါ”

ကပ္ပိယကြီး ထိုသို့ပြောလိုက်တော့ ဦးစက္က က

“ဒါတွေ ကျုပ်သိတာပေါ့ဗျာ ကျုပ်လူ့ဘဝမှာရှိ‌ေနတုန်းကလဲ အဲ့ဒီအရိပ်တစ္ဆေတွေကိုအမုန်းဆုံးပဲ ဒါကြောင့် ကျုပ် မိစ္ဆာသတ်လေးကို လုပ်ခဲ့ရတာ အခုဒီကောင်တွေပြန်ပေါ်လာပြီဆိုတော့ ကျုပ်ခင်ဗျားကို အဲ့ဒီလေး ငှားလိုက်ပါ့မယ်”

ဦးစက္က ထိုသို့ပြောပြီး သူလာခဲ့တဲ့ ချောင်းဖျားဘက်ဆီကိုပြန်ထွက်သွားသည်
ထို့‌ေနာက် ခဏကြာတော့ ဦးစက္က
ပြန်ရောက်လာပြီး သူ့လက်တွင်ကိုင်းလာသော လေးငယ်လေးတစ်ခုကို ကပ္ပိယကြီးကိုပေးလိုက်ပြီး
ဘာစကားမှမပြောတော့ပဲ သူနေထိုင်ရာချောင်းဖျားဆီသို့ပြန်လည် ထွက်ခွါသွားတော့သည်။

ထိုအချိန် ကိုပြူးတစ်ယောက် ကပ္ပိယကြီးလက်ထဲမှာ သေးငယ်‌ေသာလေးကို ကြည့်ကာ

“ကပ္ပိယကြီး ဒီလေး‌ေပါက်စနဲ့ မိစ္ဆာတွေကို ဘယ်လိုလုပ်သတ်မှာတုန်းဗျာ့ မသေးလွန်းဘူးလား”

ကိုပြူး ထိုသို့ပြောလိုက်တော့ ကပ္ပိယကြီးက

“မသေးပါဘူးကွ ဒီလေးဘယ်လောက်စွမ်းတယ်ဆိုတာ မိစ္ဆာကောင်တွေရှေ့ရောက်တော့ မင်းသိပါလိမ့်မယ်”

ကပ္ပိယကြီး ထိုသို့ပြောလိုက်ပြီး လက်တစ်ထွာသာသာခန့်သာရှိသော မိစ္ဆာသတ်လေးကို သူ၏လွယ်အိပ်ကြီးထဲသို့ သေသေချာထည့်လိုက်ပြီး

“ကဲ ဒို့ဒီကနေ ထိမ်ပင်ရွာကို သွားလိုက်ကြရအောင်ကွာအဲ့ဒီရွာကိုလဲ မိစ္ဆာကောင်တွေဝင်သွားဦးမှာပဲ အဲ့ဒီရွာမှာပဲညအိပ်ပြီး မနက်ခင်းကြတော့ ရွာသားတွေကို မှာစရာရှိတာ မှာခဲ့ပြီးရှေ့ဆက်သွားကြတာပေါ့”

ကပ္ပိယကြီး ထိုသို့ပြောပြီး ကျောက်အိုးလျှိုထဲက‌နေ ထိမ်ပင်ရွာဘက်သို့ ရှေ့မှနေပြီး ထွက်ခဲ့လိုက်သည်။

 

အားလုံးကို လေးစားစွာဖြင့် – မျိုးမာန်

စိတ်ဝင်စားစရာ ဇတ်လမ်းကောင်းလေးများအား အမြဲ တင်ဆက်ပေးနေမှာမို့ ကျွန်တော်ရဲ့ Page လေးအား Like & Follow လေး လုပ်ပေးထားကြပါဦး ခင်ဗျ။