ကျောက်ရေတွင်းစောင့်

” ကျွန်တော်တို့အားလုံး သဘောတူပါတယ် ရွာလူကြီးကောင်းသလိုစီစဉ်ပါ…ဒါနဲ့ .ရွာလူကြီး ဓမ္မာရုံကဘယ်နားမှာ ဆောက်မှာလဲ ”

” ဘယ်နားမှာဆောက်မှာလဲဆိုတော့က… အားလုံးနဲ့လည်းနီးအောင် ရွာလည်ခေါင်ကကျောက်ရေတွင်းပျက်နေရာမှာပဲ ဆောက်မယ်လို့ ရာထားတယ်”

“ရွာလူကြီး  ဖြစ်ပါ့မလား …အဲဒီရေတွင်းပျက်မှာသရဲရှိတယ်လို့ ကြားဖူးတယ် ”

” မင်းတို့ကည်း သရဲရှိလဲဘာဖြစ်လဲ ကုသိုလ်ရေးလုပ်တာပဲ နေရာဖယ်ခိုင်းလိုက်မှာပေါ့ ”
” ဟုတ်ကဲ့  ရွာလူကြီး “

ရွာလူကြီး၏ ခပ်ပြတ်ပြတ်စကားကြောင့်  ရွာသားများလည်း စောဒကမတက်ရဲတော့ပေ။ ဒီလိုနဲ့..နောက်တစ်နေ့ရောက်သော် ရွာလူကြီးဉီးဖိုးခွေလဲ ဓမ္မာရုံဆောက်ရန်အတွက် ကျေးရွာအတွင်း အလှူငွေများကောက်ခံလိုက်သည်။ အလှူငွေများ ကောက်ခံပြီးစီးသောအခါ..လုပ်အားပေးရန်အတွက် ရွာရှိကာလာသားများနှင့် ရွာထဲရှိလက်သမားဆရာများအားခေါ်ပြီး ကျောက်ရေတွင်းပျက်ရှိရာသို့ ထွက်လာခဲ့သည်။ ကျောက်ရေတွင်းပျတ်သို့ရောက်သောအခါ
” သာလွေရ.. မင်းကလူငယ်တစ်ချို့ကိုခေါ်ပြီး ချုံတွေရှင်း..ကျန်တဲ့သူတွေက ကျောက်ရေတွင်းပျက်ကို ဖြိုဖို့လုပ် ”
” ဟုတ်ကဲ့.. ရွာလူကြီး ”
ရွာသားများလဲ ရွာလူကြီးအမိန့်အတိုင်း ချုံတွေရှင်းသူရှင်း ရေတွင်းကိုဖြိုဖို့လုပ်တဲ့သူလုပ်နေကြ၏၊ ထိုအချိန်မှာ.

     ” ဖလပ်..ဖလပ် ”

” အ…အ…အား ”

ဆိုပြီး
ကျီးကန်းများထပြန်သွားသည်ကို တွေ့လိုက်ရသည်။ ရွာသားများလဲ မမှုပဲ မိမိတို့အလုပ်ဖြစ်သော ကျောက်ရေတွင်းကိုသာ ဖြိုဖို့အလုပ်…
” ဝေါ…ဝေါ…ဝေါ..”

ဆိုပြီးအပင်များ ဒယိမ်းထိုးနေတာကို တွေ့လိုက်ရသည်။ ထိုအခါ  ရွာသားများလဲ အနည်းငယ်လန့်သွားကြသည်။

       ” ရွာလူကြီး အခြေအနေတော့သိပ်မကောင်းဘူး ..ခွင့်တောင်းပြီးလုပ်မှကောင်းမယ်ထင်တယ် ”

ရွာလူကြီးလဲ အခြေအနေကိုရိပ်စားမိသောကြောင့် လက်ဖက်တစ်ပွဲပြင်ပြီး ခွင့်တောင်းလိုက်သည်။

        ” ဤနေရာမှာမှီတင်းနေထိုင်ကြသော ပုဂ္ဂိုလ်အပေါင်းတို့အား ပန်ကြားပါသည်. ..အကြှနျုပျတို့သညျ သာသနာနှင့်ပတ်သတ်သော အေဆာက္ဉီးအား ဆောက်လုပ်လှူဒါန်းမှာဖြစ်၍ မလွတ်သောအရာများအား ဖြိုဖြတ်ရမှာဖြစ်သဖြင့်..ဖြိုဖျက်ခွင့်ပြုပါ ”

ရွာလူကြီးလဲခွင့်ပန်လိုက်ပြီးရာ စောစောကလှုပ်ရမ်းနေသော သစ်ပင်တွေအကုန်ငြိမ်သက်ကုန်၏။ ထိုအချိန်မှာ ရွာလူကြီးဉီးဖိုးခွေမှ ..

   ” ကဲရွာသားတွေ ကျောက်ရေတွင်းပျက်ကိုဖြိုကြတော့.ငါခွင့်ပန်ပြီးပြီ”

” ရွာလူကြီး..ကျွန်တော်တို့မဖြိုရဲဘူး ”

” တော်တော်ကြောက်တတ်တဲ့ ကောင်တွေပဲ ပေးစမ်းငါ့ကို ပေါက်တူး”

ရွာလူကြီးလည်း ရွာသားများကြောက်ရွံနေသည်ကို ကြည့်ပြီး စိတ္တိုကာ ရွာသားများထံမှ ပေါက်တူးကိုယူပြီး ကျောက်ရေတွင်းပျက်ကို စဖြိုလိုက်သည်။
ကျောက်ရေတွင်းလေး၏ အပေါ်ယံဘောင်များ ပြိုပျက်သွားသောအချိန်….

      ” ဘောက်…ကလောက်..ကလောက်
ကလောက်…ကလောက်”

ဆိုပြီးဘယ်ကလာမှန်းမသိသော ခဲလုံးများသည် ရွာလူကြီးနှင့်ရွာသားများထံသို့ကြလာခဲ့သည်။ထိုအခြေအနေတွင် ရွာသားများသည်တိုင်ပင်ထားချင်းမရှိပဲ ဖနောင့်နှင့်တင်ပါး တစ်သားထဲကြအောင် လွတ်ရာသို့ပြေးကြ၏။ ရွာလူကြီးလဲ ပြေးရင်း မြေကြီးပေါ်တွင်ပေါ်တွက်နေသော သစ်ငုတ်အား ခလုပ်တိုက်မိရာ

“ဘုတ်…အား..အားး သေပါပြီဗျ”

ရွာလူကြီးဦးဖိုးခွေလဲ မှောက်ရက်လဲသွားပြီး မထလာနိုင်တော့ချေ။ ထိုအချိန် ရွာသားတစ်ချို့မှ ဦးဖိုးခွေအားထမ်း၍ သူဤနေအိမ်သို့ လိုက်ပို့ပေးလိုက်သည်။ ဦးဖိုးခွေလဲ ခလုတ်တိုက်လဲထားသို့အရှိန်ကြောင့် ခါးမှာအလွန်တရာနာနေပြီး မလှုပ်နိုင်ချေ။ သို့ဖြင့်ပါ၍ အိပ်ရာထဲ၌သာ လှဲနေရ၏။ ဦးဖိုးခွေ။အဖြစ်ကိုကြည့်ပြီး စိတ်မသက်သာဖြစ်နေသူမှာ ဦးဖိုးခွေ၏ဇနီး ဒေါ်နီသာဖြစ်သည်။

     ” ဒုက္ခပါပဲ ဒီအတိုင်းထားလို့တော့ မဖြစ်တော့ဘူး ..ဆေးဆရာသွားပင့်ဦးခိုင်းဦးမှပဲ ”

” ချက်ကြီးရေ.. ချက်ကြီး ”

” ဗ်ာ..အရီးလေး ”

ချက်ကြီးဆိုသူမှာ ရွာလူကြီးအိမ်မှာနေ၍ တောက်တိုမရ လုပ်ပေးရသူဖြစ်သည်။ ဒေါ်နီနှင့်လည်း ဆွေမျိုးနီးစပ်တော်သည်။

     ” ဒီမွာ..နင့်ဘကြီးနေမကောင်းဘူး..နင့်ဘကြီးအတွက် ဆေးဆရာသွားပင့်ပေးစမ်းပါအုံးဟဲ့ ”

” ဟုတ်. အရီးလေး.. ကျုပ်အခုပဲဆေးဆရာသွားပင့်လာခဲ့မယ်”

” အေး..ချက်ကြီးရေ..မြန်မြန်သွား မြန်မြန်ပြန်ခဲ့အုံး ”

” ဟုတ်ကဲ့ပါ.. အရီးလေးရ ”

ချက်ကြီးလည်း အရီးဖြစ်သူဒေါ်နီရဲ့ ခိုင်းစေချက်အရ ဆေးဆရာသွားပင့်လာခဲ့လိုက်သည်။ ဆေးဆရာလည်းလူနာအား ဘယ်လိုဖြစ်တာလဲမေးကြည့်ရာ ဦးဖိုးခွေလည်း ဖြစ်ကြောင်းကုန်စင်ရှင်းပြလိုက်သည်။
ဆေးဆရာလည်း ဦးဖိုးခွေအား …

     ” ခလုပ်တိုက်လဲယုံနဲ့ ဒီလောက်တော့မဖြစ်ဘူးဗျ..ခဗ်ားခါးက အတော်နာနေတာလား ”

” ဟုတ်ပါတယ်..ဆရာရယ်.. ခါးကလှုပ်လို့ကိုမရတာ”

” ဒါဆိုလဲခဗျားခါးကြည့်ရအောင်..  ဝမ်းရားမှောက်လိုက်ဗျာ ”

ဆေးဆရာလည်း ဦးဖိုးခွေအား ဝမ်းလျားမှောက်နိူင်အောင်ကူညီပေးလိုက်ပြီး ဦးဖိုးခွေခါးအား ကြည့်ရန် အက်ျီကိုလှန်လိုက်ရာ…

       ” ဟာ..လက်ငါးချောင်းအရာကြီးပါလား.. နဲနဲ နောနောလက်ရာကြီး မဟုတ္ဘူး ”

” လူနာရှင်ရဲ့ ဇနီးဘယ်မှာလဲ..”

” ကျမပါရှင် ..လူနာရှင်ရဲ့ဇနီးပါ..ဘာဖြစ်လို့လဲရှင် ”

” ဒီလိုဗ်..ခဗျားယောက်ျားက သွေးရိုးသားရိုးဖြစ်တာမဟုတ်ဘူး ပရောဂါဖြစ်တာဗျ ..ပရောဂါဆရာသာရှာကုပေတော့.ကျုပ်တော့ပြန်ပြီဗျို့”

ဆေးဆရာလည်းပရောဂမှန်းသိသဖြင့်  မိမိမတက်ကျွမ်းသောအလုပ်ဖြစ်သဖြင့် ရှောင်ထွက်သွားသည်။ ဒီလိုနဲ့ညရောက်တော့ ဦးဖိုးခွေသည်

       ” သြားးး….သြား..  အခုထွက်သွား..ငါ.ဆီမလာနဲ့….သြား…
ငါ့ကို…. မသက်ပါနဲ့  ..ငါ.ကိုမသက်ပါနဲ့…”

ထိုအချိန်မှာ ဦးဖိုးခွေရဲ့အော်သံကြောင့် လန့်နိုးလာသူမှာ ဒေါ်နီဖြစ်သည်

      ” ကိုဖိုးခွေ…ရှင်ဘာဖြစ်နေတာလဲ ..ဘယ်သူ့ကိုထွက်သွားခိုင်းနေတာလဲ..”

” ဒီမွာ.. သရဲမတစ်ကောင်ငါ့ကိုသတ်ဖို့လာနေတာ နင်မတွေ့ဘူးလား …ထမိန်(ထဘီ)ရင်ရှားကြီးနဲ့.. ဆံပင်ကြီးဖားလားချလို့ ”

” မတွေ့ပါဘူးတော်…ဒီမွာဘယ္သူမွမရွိဘူး..”

ဒေါ်နီတစ်ယောက်လဲ ဦးဖိုးနီကယောင်ကတမ်းအော်နေသည်သာ ထင်မှတ်နေမိသည်။ ဒီလိုနဲ့နောက်နေ့တွေကြတော့  ပိုပိုဆိုးလာသည်။ ဒေါ်နီတစ်ယောက်လည်း ဒီအတိုင်းထားလို့တော့ မဖြစ်တော့ဘူးဆိုပြီး ချက်ကြီးအား ပရောဂဆရာရှာပုံတော်ဖွင့်ခိုင်းလိုက်တော့သည်။ ချက်ကြီးတစ်ယောက်လည်းအရီးဖြစ်သူခိုင်းစေချက်အရ ပရောဂဆရာများပင့်လာခဲ့သည်။ သို့သော် ဦးဖိုးခွေခံစားနေရသော ရောဂါဝေသနာများ ပျောက်ကင်းအောင်ကုမပေးနိုင်သည့် အပြင် ပေရာဂဆရာမ်ားသာ ပြန်ပြေးခဲ့ရသည်။

” ဖြစ်ပုံကတော့ အဲဒါပဲ နောင်ကြီးရေ…”

           ” ဒါဆိုလဲ ကျွန်တော်ကို ရွာလူကြီးဦးဖိုးခွေအိမ် လိုက်ပို့ဗျာ ”
” လိုက်ပို့ပေးရမှာပေါ့ဗျ.. ကျုပ်တို့နဲ့သာလိုက်ခဲ့ပေတော့နောင်ကြီးရေ အော်မှားလို့ ဆရာလေးရေ “

    ” ရပါတယ္ဗ်ာ အဆင်ပြေသလိုသာခေါ်ပါ.   ကိစ္စမရှိပါဘူး ”

” အဲလို့တော့လည်း ဘယ်ဟုတ်မလဲ.. ဆရာလေးက ဆရာလေးပါ ”

” ဟုတ်ပါပြီဗျာ.. သွားကြစို့့..”

ကျွန်တော်လည်း ကိုချက်ကြီးတို့ ကိုသာလှတို့နောက်ကနေလိုက်ရင်း လျှောက်လာလိုက်တာကွမ်းတစ်ယာညှက်လောက်ကြာတော့ ရေနံချီးအဝသုပ်ထားသောသွပ်မိုးပျဉ်ထောင်အိမ်ကြီးတစ်လုံးဆီသို့ ရောက်လာခဲ့သည်။

” အရီးရေ.. အရီး..အရီး..”

” ဘာတုန်းဟ..ချက်ကြီး ရ..”

” ဒီမြာ ဘကြီးကိုကုဖို့အတွက် ပရောဂါဆရာတစ်ယောက်ပါလာတယ် ”

” သြော်..  ဆရာလေးပါလာတာကို..ကြွပါရှင်..ကြွပါ ”

အရီးဆိုသူက ကျွန်တော်ကိုအိမ်ထဲသို့ ခေါ်လိုက်သဖြင့် ကျွန်တော်လဲအိမ်ထဲသို့ဝင်လိုက်သည်။

” ဆရာလေး ကြွပါ..ခေါင်းရင်းကို ”

” ဟုတ်ကဲ့ အရီး.. ဒါနဲ့လူနာရဲ့ အခြေအနေလေးနဲ့ ဖြစ်ပုံလေးကို ရှင်းပြပါအုံး”

” ဒီလိုကွဲ့.. လူနာရဲ့နာမည် ဦးဖိုးခွေ.. အရီးကေတာ့ သူ့ဇနီး..ဒေါ်နီပဲကွဲ့”

ဒေါ်နီလည်း  မိမိခင်ပွန်းဖြစ်ပုံကို စီကာပတ်ကုန်းရှင်းပြလိုက်သည်။
” ဒီလောက်ဆိုရပါပြီ အရီး…လူနာကိုဘုရားခန်းကို ရွှေ့ပေးပါ”

     ” ဟုတ်ကဲ့.. ဆရာလေး ”

ဒေါ်နီလည်း ချက်ကြီးတို့သာလှတို့ အကူအညီနှင့် ဦးဖိုးခွေအား ဘုရားခန်းသို့ မ၍ရွှေ့လိုက်သည်။ ဦးဖိုးခွေမှာ ပက်လက်ကလေးဖြစ်နေ၍ နှုတ်ခမ်းများမှာလဲ ဖြူဖြော့နေပြီး မျက်ကွင်းများလဲညိုမဲစွဲနေသည်။ ဦးဖိုးခွေပုံစံမှာ ခပ်ယဲ့ယဲ့သာဖြစ်နေသည်။
ကျွန်တော်လည်း ဘုရားဆီမီး နံသာတိုင်များထွန်းညှိပူဇော်လိုက်သည်။ နောက်ပြီး အထက်ဂိုဏ်းဝိဇ္ဇာများနှင့်အဘဆရာသခင်တို့အား နံသာဆီမီးများနှင့်ပူဇော်ပြီး ပင့်ဖိတ်လိုက်သည်။ ထို့နောက် အဘဆရာသခင်တို့အား ပရောဂါကုရန် ခွင့်ပန်လိုက်သည်။

” ကဲလူနာက.. ဘာနေ့သားလဲ”

“လူနာက.. ကြာသပတေးသားပါ ဆရာလေး ”

” ကဲဒါဆို.. လူနာရှင်ကြာသပတေးသားရဲ့ အသက်နဲ့ ခန္တာကိုယ်ကို  ကျွန်တော်ထံအပ်နှံပါသလား ”

” အပ်ပါတယ်.. ဆရာလေး ”

” ကောင်းပြီ..ဒါဆို… ကျွန်တော်ပရောဂစကုမယ်.. ဝင်ရောက်ပူးကပ်မဲ့ခန္တာ အငှားလိုတယ်..အဲဒါ အရီးကူညီနိုင်မလား..”

” ရပါတယ် ဆရာလေး ”

“ကဲ ဒါဆို…ပဆစ်တုပ်ထိုင်ပြီးလက်အုပ်ချီထား ပြီးရင်ဘုရားကို အာရုံပြုထား ”

” ဟုတ်ကဲ့ ဆရာလေး ”

” ဆေးဝိဇ္ဇာ အင်းဝိဇ္ဇာ မန္တာန်ဝိဇ္ဇာ ဝိဇ္ဇာရှစ်သောင်း ဆရာအပေါင်းတို့၏ အမိန့်…အထက်ဂိုဏ်းဆရာကြီးများ၏အမိန့်…ငါဆရာမင်းအောင်၏ အမိန့်…ကြာပတေးသားဦးဖိုးခွေအား ထိခိုက်နာကြင်အောင် ပြုလုပ်ထားသော ပုဂ္ဂိုလ်သည် ငါဆရာရှေ့မှောက်ရောက်စေ…ခိုကပ်ပုန်းအောင်းဖြင်း မရှိစေရ ”
ကျွန်တော်လည်းအမိန့်ပြန်လိုက်ရော ခနအကြာတွင် ဒေါ်နီသည်  တစ်ကိုယ်လုံးတုန်ခါနေလျက် စောင့်ကြောင့်ထိုင်လိုက်ပြီး

” ငါကိုခေါ်တာ..ဘာကိစ္စလဲ.ပြော”

.  “ဒီလိုပါ.. ဒီကကြာသပတေးသားဦးဖိုးခွေကို ပြုစားနှောက်ယှက်ထားတာကို ပြန်လဲရုတ်သိမ်းပေးဖို့ပါ ”

“ဟား…ဟား…. နင်ခိုင်းတိုင်း ငါကလုပ်စရာလား..ငါနာမည်. မယ္ညိုဟဲ့ တစ်ညိုထဲရှိတယ် နင်ကငါမွေးရင်ငါမြေးလောက်ပဲ ရှိသေးတယ်ဟဲ့..”

အဲလိုပြောပြီး ထခုန်ပါလေရော ကျွန်တော်လဲအခြေအနေကို ရိပ်စားမိတာနဲ့…….

” ကဲ.ဆိုင်ရာပိုင်ရာများ ဝင်ရောက်ပူးကပ်ခံနေရသောခန္ဓာပိုင်ရှင်ကို အရှက်ကွဲစေမဲ့လုပ်ရပ်မျိုးမလုပ်စေရ ..နောက်ပြီးခန္ဓာပိုင်ရှင်ရဲ့ခန္တာကိုယ်အား တစ်ဇွန်းတစ်စမှ ထိခိုက်ပွန်းပဲ့ချင်းမရှိစေရ… အထက်ဆရာကြီးများအမိန့်…..ငါဆရာမင်းအောင်ရဲ့ အမိန့်”

” ကျွန်တော်က ခဗ်ားကို မထိခိုက်စေချင်လို့ မေတ္တာနဲ့ပြောနေတာ…  နောက်တစ်ခါထက်ပြောမယ် ..လူနာရှင် ကြာသပတေးသား ဦးဖိုးခွေအပေါ် ခဗျားခြေရာလက်ရာတွေကို ပြန်သိမ်းပေးပါ..”

” မလုပ်ပေးနိုင်ဘူးဟဲ့..အဲဒီကောင်ကိုအသေသတ်မှာ…ငါ့နေရာကို ဖျက်ဆီးပြစ်တာ..နင်ဝင်မရှုပ်နဲ့..နင့်ပါ့သတ်ပြစ်လိုက်မယ် ဘာမှတ်နေလဲ မိညိုဟဲ့ တစ်ညိုထဲရှိတယ် ”

“.. ခဗ်ားက မေတ္တာနဲ့မရမှတော့ ကျုပ်အစွမ်းပြရသေးတာပေါ့”

ကျွန်တော်လည်းလွယ်အိတ်ထဲက. ယက္ခညီနောင်အရုပ်အား ထုတ်လိုက်ပြီး

” ယက္ခညီနောင်.. သင်တို့အား ကြိုးပိုင်ကြိမ်ပိုင်ဘွဲ့ကို ငါဆရာမင်းအောင်မှ.. အပ်နှင်းတယ်..  ကြိုးပိုင် မိုက်ရိုင်းရမ်းကားနေတဲ့ သရဲမကိုလက်ပြန်ကြိုးတုပ်ထားစမ်း…ကြိမ်ပိုင်ကြိမ်နဲ့ရိုက်..မေသစရ ငါဆရာအမိန့် ”

” အား….အား သေပါပြီ ဆရာရယ် ရိုက်ခိုင်းတာရပ်ပါတော့ ကျောတွေလဲ နာလှပါပြီ ဆရာခိုင်းတဲ့အတိုင်းလုပ်ပေးပါ့မယ်..”

” ကဲ ကြိမ်ပိုင်ကြီးရိုက်တာ ရပ်အုံး….ဒေါ်မိညို ခဗျားကတိတိုင်း ကျုပ်ခိုင်းတာလုပ်..”

” ဟုတ်ကဲ့ပါ ဆရာလေး”

” ကြာသာပတေးသား ဦးဖိုးခွေကိုလုပ်ထားတဲ့ ခြေရာလက်ရာတွေကို ဆံချည်တစ်မျှင်မှ မကျန်စေရ ”

ကျွန်တော်လည်းအဲလိုပြောလိုက်ရော သရဲမမိညို တစ်ဖြစ်လည်း ဒေါ်နီမှလူနာရှင်ဦးဖိုးခွေအား လက်ဖြင့် ခေါင်းစခြေဆုံးသပ်ချလေ၏။ ထိုသို့ သုံးကြိမ်သုံးခါတိုင်အောင် သပ်ချလေသည်။
” ကဲ..ပေရာဂတွေကို ကုန်အောင်ပြန်ယူနော် ကျုပ်စစ်ကြည့်လို့မှမကုန်သေးရင် ခဗျားမလွယ်ဘူးမှတ်..”

       ” မလိမ်ရဲပါဘူး ဆရာလေးရယ်..ကုန်ပါပြီ က်မကို.. သွားခွင့်ပြုပါ”

“ခေနနအုံး… ခဗျားနေတဲ့ကျောက်ရေတွင်းပျက်ကိုဖြိုပြီး ဓမ္မာရုံဆောက်မဲ့ကိစ္စရှိသေးတယ် ”

” ကျောက်ရေတွင်းကိုတော့ မဖြိုပါနဲ့…ဆရာလေးရယ်… ကျမနေလာတာလည်း နှစ်ပေါင်းမနဲတော့ပါဘူးး..ကျောက်ရေတွင်းကိုဖြိုလိုက်ရင် က်မက ဘယ်မှာသွားနေရမှာလဲ ”

” ခဗျားနေဖို့နေရာ.. ကျုပ်ရှာပေးမယ်
ခဗျားအနေနဲ့က ကျောက်ရေတွင်းကနေ ဖယ်ပေးဖို့ပဲ အခုလိုကျောက်ရေတွင်းကို ဖြိုဖျက်ဖို့ကလည်း ဘုရားသားတော် သံဃာတော်များအတွက် ဆွန်းချက်လှူဒါန်းရန် ဆွန်းလောင်းဓမ္မာရုံဆောက်ဖို့ပဲလေ..ခဗျားအနေနဲ့ အခုလိုနှောက်ယှက်ဟန့်တားတာဟာ လူအမ်ားရဲ့အလွူကို ပိတ်ပင်တာဆီးရာရောက်တယ်..အကုသိုလ်ဖြစ်စေတယ်..ခဗ်ားအခုလိုဘဝေရာက္တာဟာ အကုသိုလ်ကံတွေများလို့ပဲ….ခဗ်ားရဲ့ အစွဲအလမ်းကြောင့် နောက်ထပ်အကုသိုလ်ကံတွေ ထပ်မယူပါနဲ့တော့”

” ဟုတ်ကဲ့ပါ .ဆရာလေးရယ်.. ကျမနားလည်ပါပြီ…နောက်ပြီး ရေတွင်းအောက်ခြေမှာ ကျမပိုင်ဆိုင်တဲ့နားကပ်လေး တစ်စုံရှိပါတယ် …အဲ့နားကပ်လေးကို ကတီပါရှုံအိပ်လေးနဲ့ ထည့်ထားပါတယ်…အဲဒါလေးကိုတူးဖော်ပြီး ဓမ္မာရုံဆောက်မဲ့အထဲကို လှူဒါန်းပေးပါ…ပြီးရင် ကျမနာမည်တပ်ပြီး အမျှဝေပေးပါ ”

” ကဲ.ကောင်းပြီ..ခဗျားတောင်းဆိုတာအကုန်လုပ်ပေးမယ်… ကြိုးပိုင်..ကြိုးဖြည်ပေးလိုက်…ခဗ်ားလဲ ဘုရားဦးတိုက်ပြီး ပြန်တော့ …နောက်တော့ကျုပ်နေရာလာရွှေ့ပေးမယ် ”
” ဟုတ်ကဲ့ပါ..ဆရာလေး”

ဆိုပြီး ဘုရားဦးတိုက်ပြီး ထွက်သွားလေရဲ့။သရဲမ မိညိုလဲ ထွက်သွားရော ဒေါ်နီမှာခွေခွေလေး လဲသွားလေရဲ့။ ကျွန်တော်လည်း ဘုရားစင်ပေါ်ကသောက်တော်ရေအား စွန့်၍မန္တာန်တစ်ပုဒ်အားရွတ်ဖတ်လိုက်ပြီး ဒေါ်နီအား ပက်ဖျန်းလိုက်သည်။ ခနကြာတော့ ဒေါ်နီ သတိရလာသည်။ ကျန်ရှိနေသောရေမန်းအား ဦးဖိုးခွေကိုတိုက်လိုက်သည်။

” ကဲ..ဦးဖိုးခွေ ..ရောဂါဝေဒနာအခြေအနေ အရင်လို ခံစားနေရသေးလား”

” ယူပြစ်လိုက်သလိုပါပဲလား ငါ့တူရာ..အဲယောင်လို့..ဆရာလေးရာ …ဆရာလေးက တယ်လဲစွမ်းတာကို ”

” ကျွန်တော်က စွမ်းတာမဟုတ်ပါဘူး  အထက်လမ်းပညာရပ်ကသာ စွမ်းတာပါ…ဒါနဲ့ နောက်ဆို ဘာပဲလုပ်လုပ်ပါ ကိုယ်မကျွမ်းကျင်တဲ့အလုပ်ဆို ကျွမ်းကျင်တတ်မြောက်သူတွေနဲ့ တိုင်ပင်ပြီးလုပ်ပါ”

” ဟုတ်ကဲ့ပါ ဆရာလေးရေ.. ကျုပ်လည်းနောက်ဆို ဘာပဲလုပ်လုပ် မဆင်မခြင်မလုပ်တော့ပါဘူး  ဒီတစ်ခါနဲ့တင် မှတ်ပါပြီ..နောက်ပြီးကျုပ်ကို အခုလိုကယ်တင်ပေးတဲ့ ဆရာလေးရဲ့ ကျေးဇူးကိုမမေ့ပါဘူး.. ဆရာလေးရယ် ကျေးဇူးဆပ်ပရစေ ”

” ကျေးဇူးဆပ်စရာမလိုပါဘူး ၇ရကျသားသမီးတှကေို ကယ်တင်ရမှာကျွန်တော်အလုပ်ပါ ”

” ဟုတ်ကဲ့ပါ ဆရာလေး…ဒီညေတာ့ ဒီမှာအိပ်နော်ဆရာလေး ”

” ဟုတ်ကဲ့ပါ..ဦးလေး ”

အချိန်အားဖြင့် နေစောင်းနေ၍ ကျွန်တော်လည်း ထိုညကိုရွာလူကြီးဦးဖိုးခွေအိမ်မှာသာ အိပ်လိုက်သည်။ နောက်နေ့ရောက်တော့ ကျွန်တော်အပါအဝင် ရွာလူကြီးဦးဖိုးခွေနှင့်ရွာသားတစ်ချို့ပါ ကျောက်ရေတွင်းရှိရာသို့ ချီတက်လာကြသည်။ ကျောက်ရေတွင်းသို့ရောက်သော် ရွာလူကြီးဦးဖိုးခွေမှ ရွာသားတစ်ချို့အား ကျောက်ရေတွင်း အတွင်းသို့ ဆင်းခိုင်းစေပြီး မိညိုရဲ့နားကပ်တစ်စုံအား ရှာခိုင်းစေခဲ့သည်။

ကျောက်ရေတွင်းပျက်သည် နှစ်ရှည်လများအသုံးမပြု၍ ပြုပြင်ထားချင်းမရှိသဖြင့် ရေများခန်းခြောက်နေပြီး ကျောက်ရေတွင်းအောက်ခြေသည် မြေဆိုင်ခဲများသာ ဖြစ်နေသဖြင့်  သိပ်ခက်ခက်ခဲခဲပင် မတူးလိုက်ရ။ ခနကြာသော် ညစ်ပတ်စုတ်ပျက်နေသော ရှုံအိပ်လေးတစ်ခုအားတွေ့လိုက်ရသည်။ ထိုအိတ်လေးအား ဖြည်ကြည့်ရာ ကြေးအထပ်ထပ်တက်နေသော ရွှေနားကပ်လေးတစ်စုံအား တွေ့လိုက်ရသည်။ ရွာသားများလည်းရွာလူကြီးထံအပ်လိုက်ကြသည်။ ရွာလူကြီးဦးဖိုးခွေလည်း နားကပ်လေးအားထုခွဲရောင်းချကာ ဓမ္မာရုံအတွက် လိုအပ်သောပစ္စည်းများဝယ်ယူတဲ့ အခါတွင်ထည့်သုံးလိုက်သည်။

ကျွန်တော်လည်း သရဲမမိညိုအား ဓမ္မာရုံဆောက်မည့် ဧရိယာအလြတ္က ပိတောက်ပင်ကြီးတစ်ခုတွင်နေရာပေးလိုက်သည်။ ထို့နောက် ဓမ္မာရုံဆောက်ရာတွင်မြေခံရွေးပေးချင်း ပနက်ရိုက်ပေးချင်းများပြုလုပ်ပေးလိုက်သည်။ထို့နောက် ကျွန်တော်လည်းအိမ်ပြန်လာခဲ့လိုက်သည်။

       ကျွန်တော်လည်း တစ်နေ့ပြီးတစ်နေ့ အိမ်အလုပ်များအားဝိုင်းကူလုပ်ပေးခြင်းနောက်ပြီးအားတဲ့အချိန်တိုင်း.မဟာသိဒ္ဓိကျမ်း.စာအုပ်မှကျင့်စဉ်များအား ကျင့်ကြံနေရင်းများနဲ့သာ အချိန်ကုန်လေသည်။ လအနည်းငယ်ကြာသောအခါ….

” ဆရာလေး မင်းအောင်ရေ…ဆရာလေး..ရွိလား ”

” ရွိပါတယ္ဗ် .ဘယ်သူလဲဝင်လာခဲ့လေ..သြော်.. သုံအိမ်တန်းရွာက ကိုချက်ကြီးနဲ့ ကိုသာလွကိုဗ်.. လာဗ်ာ..လာရင်းကိစ္စဆိုစမ်းပါအုံ ”

” လာရင်းကိစ္စက ဒီလိုဆရာလေးရေ  ..စမ္မာရုံ ရေစက်ချပွဲကို ဆရာလေးကိုလာဖိတ်တာဗျို့ ..ရွာလူကြီးက ဆရာလေးပါတစ်ပါထဲခေါ်ခဲ့ဖို့  မှာလိုက်တယ်..”

” ဒါဆိုလဲဒီညေတာ့ ကျွန်တော်အိမ်မှာတည်းဗျို့…မနက်ကြမှ အတူတူသွားကြတာပေါ့ဗျာ..”

” အားနာစရာတွေတော့ ဖြစ်ကုန်ပြီ ဆရာလေးရေ..”

       ” “ဘားမှအားမနာနဲ့..ကိုယ့်အိမ်ကိုယ့်ယာလိုသဘောထား..”

   “ဟုတ်ကဲ့.. ဆရာလေး..”

     ကျွန်တော်လည်းကိုချက်ကြီးနဲ့ကိုသာလှတို့ကို အိမ်မှာပဲ ညအိပ်ခိုင်းလိုက်ပြီး ညစာများကိုတည်ခင်း ကျွေးမွေးလိုက်သည်။ နောက်နေ့ရောက်တော့…..

မနက်စောစောပင် သုံးအိမ်တန်းရွာရှိရာသို့ ထွက်လာခဲ့လိုက်သည်။ နေမွန်းတည့်ချိန်လောက် ရောက်တော့ သုံးအိမ်တန်းရွာသို့ရောက်ခဲ့တယ်။ ဟိုရောက်တော့ ဦးဖိုးခွေမှ ခရီးဦးကြိုပြုသည် ။ကျွန်တော်လဲ အဲဒီည ဦးဖိုးခွေအိမ်မှာပဲအိပ်လိုက်သည်။ မနက်ရောက်တော့ ဓမ္မာရှိရာသို့ထွက်လာခဲ့လိုက်သည်။

   ကျွန်တော်လည်းဓမ္မာရုံရှိရာသို့ရောက်ရော…. ပျဉ်းကတိုးတိုင်ကြီးများနှင့် ခမ်းခမ်းနားနား ဆောက်လုပ်ထားသော ဆွမ်းလောင်းဓမ္မာရုံကြီးကို တွေ့မြင်လိုက်ရသည်။ ဓမ္မာရုံရဲ့ခေါင်းရင်းပိုင်းမှာတော့  ဘုန်းကြီးငါးပါးအားတွေ့လိုက်ရသည်။ ဓမ္မာရုံရဲ့ခြေရင်းပိုင်းမှာတော့ တရားနာမဲ့ရွာသူရွာသားအဖိုးအဖွားများအား တွေ့လိုက်ရသည်။ ကျွန်တော်လဲ အလှူဒါယိကာမကြီးမိညိုအား တရားနာရေစက်ချရန် ပင့်ဖိတ်လိုက်သည်။ ခဏကြာတော့ ဒေါ်နီအားဝင်ပူးကာ တရားနာရေစက်ချပြီး သာဓု သာဓု သာဓုဟု.. သုံကြိမ်တိုင်အောင်ခေါ်ဆိုသွားသည်။ ထို့နောက် တရားပေးသော သံဃာတော်များအနက် သက်တော်ကြီးသောဆရာတော်မှ…

” ဒကာလေး.. လာပါအုံးကွဲ့..”

” တင်ပါ့ဘုရား..တပည့်တော်ကိုခေါ်တာ ဘယ်အရေးကိစ္စကြောင့်ပါလဲ ဘုရား..”

” ဒီလိုကွဲ့ ဒကာလေးက ၇ရကျသားသမီးတှကေိုကယျတငျနတေဲ့ အထက်လမ်းဆရာလေးလို့
ဦးဇင်းကို တကာကြီးဖိုးခွေကပြောတယ်ကွဲ့.. ”

” တင်ပါ့ဘုရား..တပည့်တော်ကမကောင်းသူပယ်ကောင်းသူကယ်တဲ့ လမ်းစဉ်ကိုလျှောက်လှမ်းနေသူတစ်ယောက်ပါဘုရား..”

” အိမ်းကွဲ့..သာဓု သာဓု သာဓုပါကွယ်..ဒကာလေးကို ဦးဇင်းအကူအညီလေးတစ်ခု တောင်းစရာရှိတယ်ကွဲ့…”

” တင်ပါ့ဘုရား.. ပြောစရာရှိတာပြောပါဘုရား..”

” အိမ်းကွဲ့.. ဟိုဘက်ရွာမှာ ဦးဇင်းအမျိုးတွေရှိတယ်ကွဲ့.. သူတို့က ဦးဇင်းကိုအကူအညီလာတောင်းထားလို့ကွဲ့..  ဖြစ်ပုံကဒီလိုကွဲ့..အဲဒီရွာလေးမှာ ကလေးသူငယ်တွေကို စာပေသင်ကြားပေးတဲ့ အဆောင်လေးတစ်ဆောင်ရှိတယ်..အဲဒီအဆောင်လေးဘေးမှာ ဇီးပင်လေးတစ်ပင်ရှိတယ်ကွဲ့အဲဒီဇီးပင်မှာနေတဲ့ သရဲမပေါင်တိုမက ခလေးတွေကိုခြောက်လန့်နေလို့ အခုဆိုစာသင်ဆောင်လေးပါပိတ်ထားရတယ်ကွဲ့…အဲဒါ တကာလေးဖြေရှင်းပေးနှိုင်မလားကွဲ့..”

” တင်ပါ့ဘုရား..ကလေးတွေရဲ့ပညာရေးနဲ့ပတ်သတ်တဲ့အတွက် ဖြေရှင်းပေးရမှာပေါ့ဘုရား တပည့်တော် အစွမ်းကုန်ကူညီ   ” သာဓု သာဓု သာဓုပါကွယ်..ဒါနဲ့ တကာလေးကိုပေးစရာတစ်ခုရှိတယ်..ဦးဇင်းဆီမှာအင်းတစ်ချက်ရှိတယ်ကွဲ့  .ဦးဇင်းက လောကီကိစ္စတွေကိုဝင်မပါတော့ဘူးဆိုတော့… ဒီက.တကာလေးမင်းအောင်ကိုပဲ ပေးအပ်ခဲ့မယ်…
ရော့…
ယူကွဲ့…. ”

” တင်ပါ့.. ဘုရား..”
ကျွန့်တော်လည်း ဆရာတော်ပေးတဲ့အင်းကို ယူလိုက်ပြီး ကြည့်လိုက်တော့ သိမ်ဝင်သပိတ်ကွဲအင်း ဖြစ်နေတယ်ဗျ။
” ဒါနဲ့.. အရှင်ဘုရား… ရွာနာမည်က”
” ကျွန်းတစ်ပင်ရွာကွဲ့..”
” တင်ပါ့ဘုရား..တပည့်တော်ဆက်ဆက် သွားလိုက်ပါမယ် ဘုရား..”
ကျွန်တော်လည်း ဆရာတော်ဘုရားအား နှုတ်ဆက်ပြီးပြန်လာခဲ့လိုက်သည်။

# ပြီး#

ဆရာတော်ဘုရားမှ မင်းအောင်အားပေးလိုက်သော သပိတ်ကွဲအင်းရဲ့အသုံးဝင်ပုံတွေက ဘယ်လိုဖြစ်မလဲ။နောက်ပြီး စာသင်ဆောင်ဘေးက ဇီးပင်မှာနေတဲ့  ပေါင်တိုသရဲမကိုရော ဘယ္လိုဆုံးမ မလဲသိချင်ရင်တော့ *မင်းအောင်နှင့် ပေါင်တိုသရဲမ * ဆိုတဲ့ ပရဝတၳုတိုလေးကို မျှော်….😁😁

ဤဇာတ်လမ်းလေးသည် ဖြစ်ရပ်မှန်ကိုအခြေခံ၍ ဖော်ကြူးရေးသားထားသော ဇာတ်လမ်းလေးဖြစ်သည် ။သို့ဖြစ်ပါ၍ တစ်စုံတစ်ရာအမှားအယွင်းရှိခဲ့ပါက စာရေးသူ၏ညံဖျင်းမှုသာဖြစ်ပါသည်။

      စာရေးသူ
ပိုင်လေး(အညတရ)