တင်းဝါးချောင်းရွာကဆာမိ

သွားမိတယ် “ဉိးကြီးမောင်ရာ ကိုယ်ကမှော်ပညာတတ်လိုက်သားနဲ့ကိုယ့်စိတ်ကြိုက်လည်းမလုပ်ရတာကြီးကတော့အဆင်မပြေဘူးဗျာကျုပ်ကတော့အဲ့တစ်ချက်မကြိုက်ဘူး” “ဟားဟားဟားမင်းလိုကောင်တွေကြောင့်လည်းဒီစည်းကမ်းတွေထုတ်ထားတာပေါ့ ငါပြောမယ်ကွာမင်းလိုချင်တာတွေရွေတွေငွေတွေဖန်တီးပြီးတော့လည်းမင်းကသူဌေးကြီးတစ်ယောက်ဖြစ်လာပြီပဲထားအုံးမင်းအသက်အန္တာရယ်ရှိလာပြီကွ” ဉီးကြီးမောင်ကလည်းရီရင်းနဲ့ပြောတာဗျ “ဘာဖြစ်လို့အသက်အန္တာရယ်ရှိမှာလည်းဗျာသူခိုးဓားပြရန်ကြောင့်လား ဒီလိုဆိုလည်းလွယ်ပါတယ်ဗျာ ​ေမှ်ာပညာသုံးပြီးကာကွယ်မှာပေါ့” “မဟုတ်ဘူးကွ သူခိုးဓားပြရန်​ကြောင့်မဟုတ်ဘူး ဆာမိဆိုတဲ့ ဂိုဏ္းကကောင်တွေကြောင့်ပဲဒီကောင်တွေကမှော်ဆရာတွေနဲသိူက်တွေကိုအဓိကထားတယ် သိုက်တွေကိုလိုက်တူးပြီးတော့လည်းသိုက်တူးတာပေါ့ သိုက်တွေမတွေ့ရင်တော့မှော်ဆရာတွေဆီကိုခေါင်းလှည့်တာပေါ့မှော်ဆရာတွေကလည်းရွေတွေငွေတွေဖန်တီးနိုင်တော့လည်းမှော်ဆရာတွေကိုဖမ်းတယ်လေ မှော်ဆရာတွေဖမ်းမိရင်လည်းလှောင်အိမ်ထည်းမှာခတ်ပြီးတော့လည်းလိုရာတောင်းကြတယ်မပေးရင်လည်းအမျိူးမျိုးနိုပ်စက်တတ်ကြတယ်”
“ဟာဗျာမှော်ဆရာဖြစ်ရတာလည်းမလွယ်ပါလားဗျာဒါနဲ့အဲ့ဒီဆာမိဆိုတဲ့ကောင်တွေကိုမှော်ဆရာတွေကပြန်မတိုက်ကြဘူးလား” “တိုက်တော့လည်းဘယ်နိုင်မှာလည်းကွာဆာမိတွေရဲ့ပညာအလတ်တန်းစားလူတစ်​ယောက်ကတောင်မှော်ဆရာအဓိပတိကြီးတွေကိုဖမ်းနိုင်တယ်” “ဒါဆိုမှော်ဆရာတွေကဆာမိတွေရဲ့အစာလိုဖြစ်နေတာပေါ့” “အေးပေါ့ကွာအဲ့ဒါကြောင့်လည်းမှော်ဆရာတွေကမှော်ရုပ်ထုမှာဆုတောင်းကြတယ်လေ ဆာမိတွေရဲ့အစာမဖြစ်ချင်တဲ့အကြောင်းဆုတောင်းတော့လည်းမှော်ရုပ်ထုကြီးကအသက်ဝင်ပြီးတော့မှော်ဆရာတွေကိုမှာတယ်
မှော်ပညာကိုကိုယ်ကျိုးအတွက်အသူံးမချရဘူး မှော်အဆင့်၃ရောက်မှသာသုံးနိုင်ကြောင်းကိုလည်းပြောတာပေါ့ဒီစည်းကမ်းကိုလိုက်နာနိင်ရင်တော့ဆာမိတွေကမှော်ဆရာတွေကိုမမြင်ရတော့ဘူးလို့ပြောပြီးတော့မှော်ရုပ်ထုကြီးပြန်ဖြစ်သွားတယ်လေ” “အော်ကျုပ်သိပြီဗျဒါကြောင့်ဉိးကြီးမောင်ကမှော်ပညာမသုံးပဲပင်ပင်ပန်းပန်းလုပ်ကိုင်စားသောက်နေတာပေါ့” “အဲ့လိုပဲဆိုရမှာပေါ့ ခုလည်းငါကမှော်ဆင့်၃ရောက်ပြီးပြိဆိုတော့လည်းဆာမိတွေကိုကြောက်စရာမလိုတော့ဘူးပေါ့” ကျုပ်တို့ပြောနေတုန်းမှာတော့ ပန်း၁၀၀အိုးကြီးကလည်းပွက်ပွက်ဆူလာပြီးတော့ခပ်စိမ်းစိမ်းအမြုပ်တွေကလည်းဝေလာတာပေါ့ “အချိန်ကြပီသာလှငါ့လယ်ထည်းကိုသွားကြရအောင်ငါ့ရဲ့မျိုးစပါးတောင်းသယ်ခဲ့” ဉီးကြီးမောင်ကတော့ကျုပ်ကိုမှာရင်း အိူးထည်းကအရည်တွေကိုတော့ရေဆွဲပုံးတစ်ခုထည်းကိုထည့်တယ် ပြီးတော့လည်းနီကျင်ကျင်အရောင်အမှုန့်တွေထည့်တာပေါ့ထည့်ပြီးတော့လည်း ဂါထာမန္တာန်တစ်ခုကိုရွတ်လိုက်တယ် ကျုပ်နဲ့ ဉီးကြီးမောင်ကတော့ လယ်ထည်းကိုရောက်လာခဲ့တယ် “သာလှစပါးတောင်းကိုဘေးကိုချလိုက်” ကျုပ်ကလည်းတောင်းကိုကန်သင်းရိုးပေါ်မှာချလိုက်တာပေါ့ ဉီးကြီးမောင် ကတော့ ရေဆွဲပုံးထည်းကအရည်တွေကို သူ့လယ်ကွက်ရဲ့ထောင့်စွန်းလေးတွေကိုနည်းနည်းစီလောင်းတယ် ပြီးနာနဲ့လည်း ကျုပ်နံဘေးကိုပြန်လာခဲ့တယ် ကျုပ်ကလည်းဉီးကြီးမောင်လုပ်သမျှကိုနားမလည်ပဲကြည့်နေရတာပေါ့ “ဟာ….” ကျုပ်ကလည်းပါးစပ်ကအာမေဋိတ်အသံထွက်သွားတာပေါ့ ဉီးကြီးမောင်ရဲ့လယ်တစ်ခွက်ချင်းရဲ့အလယ်မှာတော့အလင်းရောင်လေးတွေကအပေါ်ကိုတက်လာတယ်လေ “သာလှစပါးတွေကိုလယ်ထည်းကိုပြစ်ချကွာ” ကျုပ်ကလည်းစပါးတွေကိုလက်နဲ့တစ်ဆုပ်ပြီးတစ်ဆုပ်ပြစ်ထည့်တာပေါ့ခနကြာတော့လည်းတောင်းကတစ်ဝက်ကျိုးသွားပြီ “ဉီးကြီးမောင်ဟိုဘက်လယ်တွေကျန်သေးတယ်လေ ဟိုဘက်လယ်တွေသွားပြီးကြဲကြရအောင်” “ရတယ်သာလှရဲ့ဒီလယ်ကိုပဲကြဲဟိုဘက်လယ်တွေထည်းကိုအလိုလိုရောက်သွားလိမ့်မယ်” ကျုပ်ကလည်းထူးဆန်းပြီးရင်းထူးဆန်းတာပေါ့ ခနကြတော့လည်း ကျုပ်တောင်းထည်းကစပါးတွေကလည်းကုန်သွားပီပေါ့ “ကဲရပီသာလှ​ပြန်ကြစို့” ကျုပ်တို့ကလည်းအေးမြတဲ့ပတ်ဝန်းကျင်ကနေပြန်လာခဲ့တယ် အိမ်ရောက်တော့လည်းအဖေနဲ့အမေကတော့ အိပ်မောကျနေကြပီ ဗျ
မနက်ခင်းလင်းကြက်တွန်သံနဲ့အတူအုန်းမောင်းခေါက်သံကလည်းဒွန်တွဲပီးထွက်ပေါ်လာတာပေါ့ အဖေကတော့ ကောက်ညှင်းပေါင်းလေးကိုစားလိုက်ရေနွေးလေးသောက်လိုက်နဲ့ပေါ့ အမေကလည်းအဖေ့ရှေ့မှာထိုင်ပြီးတော့လည်းကောက်ညှင်းပေါင်းကိုမနက်စာအဖြစ်စားနေတာပေါ့ “အဖေနဲ့အမေကလည်းလုပ်လိုက်ရင်အဆန်းတွေကြည်းပဲ”
ကျုပ်ပြောလိုက်တော့ လည်းအဖေနဲ့အ​ေမကကျုပ်ကိုပြိုင်တူကြည့်လိုက်ရင်း “ဘာဖြစ်လို့လည်းသာလှရဲ့” “မိုးရာသီကြီးကောက်ညှင်းစားနေလို့လေဗျာကောက်ညှင်းပေါင်း ကိုဆောင်းရာသီပဲစားတယ်ထင်တာမိုးရာသီလည်းစားတာပဲနော်” “ဒီကောင်ကတော့ရှည်ပြန်ပီငါစားချင်လို့စားတာဟေ့စားချင်လို့စားတာကွ” ကျုပ်ကတော့မျက်နှာသစ်ပြီးတော့လည်းအဖေတို့နဲအတူကောက်ညှင်းစားနေလိုက်တယ် “သာလှရေ” “ဉီးကြီးမောင်ပါလားစောစောစီးစီးဘာကိစ္စများရှိလို့လည်းဗျ” ကျုပ်တို့ကောက်ညှင်းစားနေတုန်းဉီးကြီးမောင်ကတော့ခြံထည်းကို အလျှင်သလိုနဲ့ဝင်လာခဲ့တယ် “သာလှခနငါပြောစရာရှိတယ်” ဉီးကြီးမောင်ကလည်းကျုပ်လက်ကိုဆွဲပီးတော့လည်းခြေရင်းကတဲလေးအနားကိုခေါ်သွားတယ် “ဉီးကြီးမောင်ရာပြောစရာရှိလည်းအဖေတို့ရှေ့ပြောလည်းရပါတယ်ဗျာ” “မရလို့ပေါ့ကွာအရေးကြီးကိစ္စရှိတယ်သာလှရဲ့” “ဘာအရေးကြီးကိစ္စလည်းဗျ” ကျုပ်မေးလိုက်တော့လည်း ဉီးကြီးမောင်မျက်နှာမှာတော့​စိုးရိမ်မှုတွေနဲ့ဝမ်းနည်းမူတွေကတပြေးညီပေါ်လာတာပေါ့ ဆွဲထားတဲ့ကျုပ်လက်ကိုလွှတ်ရင်းနဲ့လည်း “ငါ့အမတစ်ယောက်ဆာမိဖမ်းတာခံထားရတယ်ကွာ” “ဗျာ” ကျုပ်ကလည်းဉီးကြီးမောင်စကားကိုကြားတော့လန့်သွားတာပေါ့ ဆာမိဖမ်းတာခံရတဲ့မှော်ဆရာဖြစ်ဖြစ်မှော်ဆရာမဖြစ်ဖြစ်ကလည်း လွတ်လမ်းမရှိတာကိုတော့ ဉီးကြီးမောင်ပြောပြထားလို့သိရတော့လည်း အနည်းငယ်လန့်သွားခဲ့တယ် “ဉီးကြီးမောင်အမကမှော်ဆရာမတစ်ယောက်ပဲလား” “ဟုတ်တယ်သာလှငါ့မှာအမတစ်ယောက်ရှိတယ်စကားများပြီးမခေါ်မပြောပဲနေတာမင်းတစ်သက်မကတော့ဘူးညကလည်းငါ့ကိုအိမ်မက်ပေးပီးဆက်သွယ်တယ် တင်းဝါးချောင်းမှာသူအဖမ်းခံထားရပြီး​တော့လာကယ်ဖို့လည်းပြောတယ် ဘယ်လောက်ပဲမခေါ်ပါစေသွေးကတော့စကားပြောစမြဲပဲမလား” “ကျုပ်နားလည်ပါတယ်ဗျာကျုပ်လည်းကူညီချင်ပါတယ်ဒါပေမယ့်ကျုပ်ကဘာမ မလုပ်တတ်ဘူးလေ မှော်ပညာတတ်တဲ့ဉီးကြီးမောင်အမတောင်အဖမ်းခံထားရတာကျုပ်က ဘယ်လိုနိုင်မှာလည်းဗျ” “ဒါတွေကိုနောက်တော့မင်းသိရမှာပါငါ့ကိုကူညီပေးနိုင်မယ်မလား” ကျုပ်ကလည်းခတ္တမျှစဉ်းစားပြီးတော့လည်း ခေါင်းညိတ်လိုက်တာပေါ့ “ကူတော့ကူညီမယ်ဗျာကျုပ်ကဘာမှတော့မလုက်တတ်ဘူးနော်” “ရတယ်သာလှအဆင်ပြေတယ်ကိစ္စကအရေးကြီးတာမိုလို့မနက်ဖြန်ပဲခရီးထွက်ကြမယ်” “ဒါဆိုလည်းကျုပ်အဖေနဲ့အမေကိုပြောပြီးမနက်ကျလိုက်ခဲ့မယ်” “ကျေးဇူးပါပဲကွာ” ကျုပ်ဆီကလက်ခံစကားကိုကြားရတော့လည်း ခေါင်းကိုလေးပင်စွာညိတ်ရင်းနဲ့ကျုပ်တို့ခြံထည်းကပြန်ထွက်သွားတယ် အဖေနဲ့အမေကိုလည်း ဉီးကြီးမောင်ကသူ့တူမ မဂ်လာဆောင်ကိုသွားချင်တာအဖော်မရှိလို့ကျုပ်ကိုလိုက်လာပေးဖို့ ခေါ်တာလို့လည်းလိမ်ပြောရတာပေါ့ အဖေတု့ိကလည်းသွားခွင့်ပြုကြပါတယ် မနက်၇နာရိ်လောက်တော့ရှိမယ်ထင်တယ်ဗျ ဉီးကြီးမောင်ကလည်းခပ်ဖောင်းဖောင်းလွယ်အိပ်တစ်ခုကိုလွယ်ထားပြီးတော့လည်းကျုပ်ဆီကိုလျှောက်လာခဲ့တယ် “သာလှသွားကြမယ်လေ” “ဒါဆိုလည်းကျုပ်နွားတွေတပ်လိုက်အုံးမယ်” “အေးအေး” ကျုပ်ကလည်းနွားတွေကိုလှည်းမှာတပ်ပြီးတော့လည်း တင်းဝါးချောင်းရွာဘက်ကိုဉီးတည်ပြီးမောင်းခဲ့တာပေါ့ အချိန်အတော်ကြာမောင်းပြီးတော့လည်း စန္ဒကူးရွာကိုရောက်လာခဲ့တယ် တင်းဝါးချောင်းရွာကိုသွားဖို့လှည်းလမ်းကလည်းမကောင်းတော့ နွားတွေအတွက်ပင်ပန်းရုံတင်မက လှည်းမှောက်သွားရင်လည်း နွားကောလူကောခံရတတ်တာကြောင့်လည်း နွားနဲ့လှည်းကိုစန္ဒကူးရွာကသူကြီးအိမ်မှာထားခဲ့လိုက်တယ် ကျုပ်နဲ့ဉီးကြိီးမောင်ကလည်းခြေလျှင်လျောက်သွားရတော့တာပေါ့ တင်းဝါးချောင်းနဲ့စန္ဒကူးကတော့အရမ်းမဝေးလှပါဘူး နာရီဝက်ကျော်ကျော်လောက်လမ်းလျှောက်လိုက်ရင်တော့တင်းဝါးချောင်းကိုရောက်ပြီ ကျုပ်ကလည်းလမ်းသွားရင်း ဉိးကြီးမောင်ကိုလည်းရောက်တတ်ရာရာတွေလျှောက်မေးနေတာပေါ့ တင်းဝါးချောင်းကိုရောက်လာတော့လည်း အိမ်ကြီးအိမ်ကောင်းဟူ၍တော်ရုံမတွေ့ရ ရွာရဲ့အစွန်မှာတော့ ရေနံချေးတွေအပြည့်သုတ်ထားပြီးတော့လည်း ကျွန်းတိုင်များနဲ့ဆောက်လုပ်ထားတဲ့အိမ်မဲကြီးတစ်ခုကိုလည်းတွေ့ရတာပေါ့ တစ်ရွာလုံးမှာမရှားရှားပါးပါးဒီတစ်အိမ်ပဲရှိတာဗျ “ကဲသာလှ အဲ့ဒါငါ့အမအိမ်ပဲအိမ်ထည်းသွားကြရအောင်” ဉီးကြီးမောင်ကလညး်ကျုပ်ကြည့်နေတဲ့အိမ်ကြီးကိုလည်းညွန်ပြပီးတော့ရှေ့ကဝင်သွားတာပေါ့ အိမ်ထည်းမှာလည်းဉီးကြီးမောင်၏အမဆိုသူအဖွားကိုလည်းမတွေ့ရ အရုပ်လိုတောင်တောင့်ကြီးရပ်နေကြတဲ့ မိန်းကလေးများကိုသာမြင်ရတယ်လေ သူတို့ကလည်း မုန့်နဲ့စားစရာများကိုလည်း မျက်တောင်မခပ်စကားမပြောဘဲနဲ့ ကျုပ်တို့ရှေ့ကိုလာချပေးတယ် ကျုပ်ကလည်းထိုမိန်းကလေးတွေကိုထူးဆန်းလို့ကြည့်မိတာပေါ့ “ဉီးကြီးမောင်သူတို့ကမာနကြီးလိုက်တာဗျာကျုပ်တို့ကိုစကားလေးတောင်မပြောကြဘူးသူတို့လုပ်စရာရှိတာပဲလုပ်နေကြတာ” “မင်းနှယ်ဘယ်စကားပြောမလည်းကွသူတို့ကအရုပ်တွေပဲကို” ဉီးကြီးမောင်ပြောလို်က်တော့လည်းကျုပ်မျက်လုံးတွေပြူးသွားတာပေါ့ “ဗျာအရုပ်တွေ ဟုတ်လား” “အမှန်ပေါ့ကွာ ငါ့အမမှော်ပညာသုံးပြီးဖန်တီးထားတဲ့အရုပ်တွေပေါ့ ငါ့အမကလောဘကြီးတယ်ကွဒီအိမ်ကြီးကိုလည်းသူဖန်တီးထားတာ ပညာအဆင့်မတက်ဘဲနဲ့ပညာကိုစိတ်ကြိုက်သုံးနေတော့လည်းဆာမိလက်ချက်မိတာပေါ့” “ဒါဆိုဒီစားစရာတွေကစားလို့ရလားဗျ” “ရပါတယ်ကွာစားစား” ကျုပ်ကလည်းခရီးဝေးနှင်လာရလို့လည်းဗိုက်ဆာဆာနဲ့မုန့်တွေကိုစားနေတာပေါ့ ဉီးကြီးမောင်ကတော့ အမဇောကပ်နေ၍လားတော့မသိဘူးဗျ မုန့်ကိုကောက်တောင်မကိုင်ဘူး ကျုပ်နဲ့ဉီးကြီးမောင်ကလည်းထိုအိမ်မှာပဲတည်းလိုက်ကြတယ် ညရောက်တော့လည်း ပတ်ဝန်းကျင်က တိတ်ဆိတ်နေတာပေါ့ ပုရစ်များရဲ့အော်သံ ညငှက်များရဲ့အသံသာလျှင်ပေါ်ထွက်နေတယ် “သာလှ ငါ့အမကငါ့အမဘယ်မှာရှိမယ်ထင်လည်း” ဉီးကြီးမောင်ကရုတ်တရက်မေးလိုက်တော့လည်းကျုပ်ကအိမ်အပြင်ကိုကြည့်နေခြင်းမှဉီးကြိးမောင်ဆီအကြည့်လွှဲလိုက်မိတယ် “ကျုပ်ကဘယ်သိပါ့မလည်းဗျာဉီးကြီးမောင်ကောသိလားဗျ” “အေးကွအဝေးကြီးကိုလိုက်ရှာစရာမလိုဘူး ငါ့အမကဒီအိမ်ရဲ့မြေအောက်ကျင်းထည်းမှာရှိတယ်” “ဗျာ မြေအောက်ကျင်းထည်းမှာဟုလားဉီးကြီးမောင်ကဘယ်လိုသိတာလည်း​ဗျ” “ခုနကငါ့အမငါ့ကိုနောက်ထက်ဆက်သွယ်တယ်သူဒီအိမ်ရဲ့မြေအောက်ခန်းထည်းမှာဖြစ်ကြောင်းနဲ့အတားအဆီးတွေကိုဆာမိကချထားကြောင်းပြောတယ်” “ဒါဆိုဉိးကြိးမောင်ကဘယ်လိုလုပ်မလည်းဗျ” “ဘယ်လိုလုပ်ရမလည်းကွာမြေအောက်ခန်းဝင်ပေါက်ကိုရှာရမှာပေါ့” “ဘယ်အချိန်ရှာမှာလည်းဗျခုရှာမှာလားမနက်မှရှာမှာလား” “မနက်မှရှာမယ်ကွာညအချိန်တွေမှာကဆာမိတွေရဲ့စွမ်းအားတွေတက်နေတဲ့အချိန်လည်းဖြစ်တယ်ခုတော့အိပ်လိုက်အုံးမနက်ဖြန်မှာဘယ်လိုအန္တာရယ်တွေကငါတို့အနီးကျရောက်လာမယ်ဆိုတာမပြောတတ်ဘူး” “စိတ်ချပါကျုပ်လည်းအစွမ်းကုန်ကူညီပေးသွားပါ့မယ်” “အေးပါကွာယုံပါတယ်” ကျုပ်တို့လည်းစကားပြောပြီးတော့အိပ်ယာဝင်ခဲ့ကြတယ် ကျုပ်အတွေးထည်းမှာလည်း ဆာမိကြီးနဲ့ဉီးကြီးမောင်ရဲ့အမဆိုသူကဒီအိမ်ကြီးရဲ့မြေအောက်ခန်းမှာရှိတယ်ဆိုတော့လည်းရန်သူကိုအနီးထားပြီးအိပ်ရသလိုကျောကလည်းချမ်းတာပေါ့ ကျုပ်ကလည်းဘယ်အချိန်အိပ်ပျော်သွားတယ်တော့မသိ ဉီးကြီးမောင်နှိုးမှပဲနိူးလာခဲ့တယ် “သာလှထတော့မနက်စာစားပြီးရင်ငါတို့အလုပ်စကြမယ်” ဉီးကြီးမောင်ပြောလိုက်ပြီးသိပ်မကြာပါဘူးအရုပ်မတွေကလည်းမု့န်တွေယူလာပြီးကျုပ်တို့ရှေ့ကိုလာချတာပေါ့ မျက်နှာသစ်စရာနေရာမရှိတာနဲ့ရေအိုးထည်းကရေကိုခပ်ပြီးတော့လည်းမျက်နှာသစ်လိုက်ရတာပေါ့ မျက်နှာသစ်ပြိီးတော့လည်း မနက်စာစား မြေအောက်ခန်းပေါက်ဝကိုလည်းလိုက်ရှာကြတာပေါ့ အိမ်ထည်းမှာလည်းနေရာတော်တော်များများရှာကြည့်ပေမယ့်
တွင်းနဲ့တူတာဆိုလို့ကြွက်တွင်းကိုတောင်မတွေ့ရသေးဘုးဗျ အချိန်အတော်ကြာရှာပြီးတဲ့အထိလည်း မတွေ့တာနဲ့စိတ်ပြက်ပြီး အိမ်အဝင်ပေါက်ဝကိုခြေထောက်နဲ့အားပြင်းပြင်း ပေါက်ပြီးစိတ်ဖိစိီးမူကိုလျှော့ချလိုက်တာပေါ့ “ဟာဉိီးကြီးမောင်ဒီမှာလှေကားတစ်ခုဗျလာကြည့်ပါအူံး” ​အဝင်ပေါက်မြေကြီးတွေကတဖြည်းဖြည်း ကျယ်ပြီးတော့လည်းလှေကားလေးပေါ်လာတာကြောင့်ဉီးကြီးမောင်ကိုအော်ခေါ်လိုက်တာပေါ့ “မင်းတော်တယ်သာလှရာဒါမြေအောက်ခန်းကိုသွားတဲ့လမ်းဖြစ်မယ်ကွ” “ကျုပ်တော်လို့မဟုတ်ပါဘုးဗျာစိတ်တိုပြီးခြေထောက်နဲ့နင်းလိုက်တာမတော်တဆတွေ့သွားတာ” “ဘာပဲပြောပြောငါတော့မင်းကိုကျေးဇူးတင်တယ်သာလှရာငါ့အမအိမ်ကိုလျှို့ဝှက်နေရာတွေတော်တော်များများသိပေမယ့်မြေအောက်ခန်းသွားတဲ့လမ်းတော့မသိဘူးကွ” ကျုပ်ကလည်းဉီးကြီးမောင်ကိုကြည့်ပြီး “ကျေးဇူးနောက်မှတင်ဗျခုတော့မြေအောက်ခန်းထည်းကိုဆင်းကြရအောင်” “အေးငါအရင်ရှေ့ကဝင်မယ်မသိနိုင်တဲ့အန္တာရယ်တွေလည်းရှိနိုင်လိမ့်မယ်” ဉီးကြီးမောင်ကလည်းမြေအောက်ခန်းထည်းကိုဉီးဆောင်ပြီးဆင်းသွားတာပေါ့ မြေအောက်ခန်းထည်းမှာကလည်းနံရံကပ်မီးတုတ်အလင်းရောင်များသာရှိတာပေါ့ ဆက်သွယ်ထားတဲ့လမ်းတွေကလည်းများသလိုတစ်ခါတလေ လမ်း၄ခွဆုံတွေပါတွေ့ရတယ် ကျုပ်တို့လည်းအကြံအို်က်တာပေါ့ ဘယ်လမ်းသွားရမယ်မှန်းမသိဘူးလေ ဉီးကြီးမောင်ကတော့ သူ့လွယ်အိပ်ထည်းက တုတ်ချောင်းတစ်ချောင်းနဲ့ကျောက်စရစ်ခဲလေးတွေကိုထုတ်ပြီးတော့လည်း လက်ထည်းမှာထည့်အပေါ်ကိုခပ်နိမ့်နိမ့်မြှောက်လိုက်တယ် ပြန်ကြလာတော့လည်း တုတ်ချောင်းရဲ့အဖျားပိုင်းကအရှေ့ကိုဉီးတည်ပြထားတာပေါ့ “ဒီနည်းကိုတော့လမ်းအမှန်ရှာတဲ့နည်းလို့ခေါ်တယ် အာဖရိကလူမျိုးတွေကအစပြူခဲ့တာပေါ့” ဉီးကြီးမောင်ကလည်းကျုပ်ကိုပြောပီးတော့တုတ်ချောင်းလေးကိုပြန်ကောက်တာပေါ့ ကျောက်စရစ်ခဲတွေကိုတော့မကောက်ဘူးဗျ “သာလှသတိထား” ဉီးကြီးမောင်ကလည်းရုတ်တရက်အော်လိုက်ပြီးကျုပ်ကိုဘေးဘက်ကိုဆောင့်တွန်းလို်က်တယ် အရှိန်နဲ့ပြေးဝင်လာတဲ့ ဝါးလုံးကြီးကလည်းကျုပ်ရဲ့ဘေးက လေသံနဲ့အတူပြေးထွက်သွားတာပေါ့ကျုပ်ရဲ့နှလုံးတွေဆိုလည်းတဒိန်းဒိန်းနဲ့မြည်နေတော့တာဗျ “တော်သေးတာပေါ့ဗျာဉီးကြီးမောင်သာမတွန်းလိုက်ရင်ကျုပ်အခုလောက်ဆိုဝါးလုံးဝါးလုံးကြီးရင်မှာစိုက်ပြီးသေနေလောက်ပြီ” “အ့တာကြောင့် သတိရှိရမယ်ပြောတာပေါ့ဒါငါ့အမလုပ်ထားတာတော့မဖြစ်နိုင်ဘူးဆာမိကသူ့ကိုယ်သူကာကွယ်ဖို့အတွက်ကြိုတင်စီစဉ်ထားတာဖြစ်လောက်တယ်” “နောက်ထက်ဘယ်လိုတွေများကြုံရအုံးမလည်းမသိဘူးဗျာ” “ဒါတော့ငါလည်းမပြောတတ်ဘူးပြောတတ်တာကတော့သတိရှိဖို့ပဲ” ကျုပ်တို့လည်းသတိကြီးကြီးထားပြီးတော့ လမ်းအတိုင်းလျှောက်လာခဲ့ကြပြိီးတော့လည်းမီးရောင်တွေနဲ့အခန်းတစ်ခုကိုလည်းမြင်နေရပီ ရုတ်ရက်ကျုပ်ပုခုံးကိုလည်းအရိုးလက်ကြီးတစ်ခုကဆွဲလို်က်တာကြောင့်လည်းနံရံအနားကိုကပ်သွားခဲ့တယ် ဉီးကြီးမောင်ကလည်း လွယ်အိပ်ထည်းကစက္ကူတစ်ရွက်ကိုထုတ်ပြီးတော့လည်းအရိုးမှာကပ်လိုက်တာနဲ့အရိုးတွေကလည်းကြွေကြသွားတာပေါ့ကျုပ်နဲ့ဉီးကြီးမောင်ကလည်းအခန်းထည်းကိုဝင်လိုက်ကြတယ်”ဟာအမ” “မောင်လေး” ဉီးကြီးမောင်နဲ့သူ့အမကလည်းဝမ်းသာအားရရှိနေတုန်းအပ်ကွဲကွဲအသံကြီးကအခန်းထောင့်တစ်နေရာကထွက်လာခဲ့တယ် “ကဲရောက်လာကြပြီလားကယ်တင်ရှင်ကြီးတွေ” “မင်းဘယ်သူလည်းဘာလို့ငါ့အမကိုဖမ်းထားရတာလည်း” “အော်မင်းနှယ်ကွယ်မှော်ဆရာမကိုဖမ်ထားတယ်ဆိုမှတော့ဆာမိပေါ့ကွာမင်းလည်းမှော်ဆရာပဲမဟုတ်လားမင်းကိုပါဖမ်းပြီးလိုရာတောင်းရ​သေးတာပေါ့” “မင်းတို့ကသိုက်တွေဖောက်ပြီးဒီလောက်အထိရနေတာ​တောင်မရောင့်ရဲနိုင်သေးဘုးလား” “ဒါတွေကငါ့ကိစ္စပါခုတော့မင်းတို့မှော်ဆရာနှစ်ယောက်ကိုဖမ်းရလိမ့်မယ်” ထိုသူကလည်းပြောရင်းနဲ့လက်ထည်းကတောင်ဝှေးကိုမြေမှာစောင့်ချလိုက်တယ် မြေထည်းကလည်းအရွယ်မျိုးစုံအရိုးခြောက်တွေကလည်း ထွက်လာကြပီးတော့ ဉီးကြီးမောင်ဆီကိုပြေးဝင်လာတာပေါ့ “ရပ်စေတန့်စေ” ဉီးကြီးမောင်ပြောလိုက်တော့လည်းထိုအရိုးခြောက်တွေကတော့လှုပ်ရှားမှုမရှိတော့ဘဲအရိုးတွေတဆစ်ပြီးတစ်ဆစ်ပြုတ်ကြလာတာဗျ “မင်းကလည်းမခေပါလား ဒါပေမယ့်လည်းမှော်ဆရာကဆာမိကိုဘယ်တုန်းကနိုင်ဖူးလို့လည်း ကဲ၁၄ကြုိးစည်းနဲ့တုတ်စမ်းဟေ့” အနီရောင်ကြိုးတွေပေါ်လာပီးတော့လည်းဉီးကြီးမောင်ကိုပတ် ဉီးကြီးမောင်ရဲ့လက်တွေခြေတွေကလည်းကာယားကြီးနဲ့လေပေါ်ကိုမြှောက်တက်သွားတာဗျ “ကြိုးဖြက်သည့်အင်းကွက်ထွက်စမ်း” အဖြူရောင်ငွေချပ်လေးတစ်ခုကတော့ဉီးကြီးမောင်ကိုရစ်ပတ်ထားတဲ့ကြိုးတွေကိုဓားတစ်ခုလိုလိုက်ဖြတ်နေတာဗျ “ဟားဟားဟားဟားပွဲကတော့ကောင်းပြီပေါ့ကွာမင်းပညာကိုကြည့်ခြင်းအားဖြင့်မှော်ဆင့်၃ကုိတောင်ပြီးခဲ့ပီကို” “ရီမနေနဲ့မကောင်းတဲ့ကောင်မင်းကိုခုညပညာပေးရမယ်” “ရီစရာတွေအရမ်းပြောတာပဲဗျာဆာမိကိုမှော်ဆရာကပညာပေးမယ်တဲ့လားကဲပါလေပေးပေးမင်းပေးချင်တဲ့ပညာပေးစမ်းကွာ” ဉီးကြီးမောင်ကလည်း မြေကိုဆောင့်နင်းလိုက်ပြီးတော့လည်းပါးစပ်ကိုပွစိပွစိနဲ့ရွတ်လိုက်တယ် ဓားတစ်စင်းပြီးတစ်စင်းကလည်းလေဟာနယ်ထည်းကပေါ်လာခဲ့တယ် “ဓားပျံတွေပါလား မင်းရဲ့ဓားပျံတွေနဲ့သတ်လို့ရမယ်ဆိုသတ်စမ်းကွာ” ဉီးကြီးမောင်ကလည်းနှစ်ဖက်ကိုစုလိုက်တော့လည်း ဓားပျံတွေက ဆာမိကြီးထံကို​ပြေးဝင်သွားခဲ့တယ် ဒါပေမယ့်ဆာမိကြီးကိုမထိခိုက်ပါဘူးဗျာ ဆာမိကြီးကတော့အရီတောင်မပြက်ဘူး ဗျာ

“ကဲမင်းအလှည့်ပြီးရင်တော့ငါ့အလှည့်ပေါ့ကွာ” ဆာမိကြီးကလည်း လက်ဝါးနှစ်ဖက်ကိုတင်းတင်းရိုက်လိုက်တယ် လက်ခုပ်တီးတာလိုမျိုးပေါ့ဗျာ “ဟာဘာကောင်ကြီးလည်း” ကျုပ်ကလည်းအံ​ြ သရပြန်တာပေါ့ အနီရောင်အမွှေးဟင်းရေသောက်ပန်းကန်လောက်ရှိတဲ့မျက်လုံးနဲ့ ဝံပုလိုပုံသဏ္ဍန်နဲ့အကောင်ကြီးကလည်းအခန်းထောင့်မှောင်ရိပ်ထည်းကပေါ်လာခဲ့တယ် ထိုကောင်ကြီးကလည်းဉီးကြီးမောင်ကိုပြေးကိုက်တာပေါ့ ဉီးကြီးမောင်အနားမရောက်ခင်တစ်လှမ်းအလိုရောက်တော့လည်း အနောက်ကိုလွင့်ပြန်သွားခဲ့တယ် “အော်ကိုယ်ခံမှော်ပဲမဆိူးပါဘူးလေမင်းကိုလုပ်မရရင်လည်းမင်းအမကိုလုပ်ရတာပေါ့” ဆာမိကြီးပလည်းပြောပြီးတာနဲ့လေထည်းကတစ်ခုခုကိုယူသလိုလုပ်လိုက်တယ် ပြာလဲ့လဲ့အရောင်တွေရောနှောနေတဲ့ဓားတစ်လက်ကလည်းပေါ်လာခဲ့တယ် “ဒီဓားကိုမှော်သတ်ဓားလို့ခေါ်တယ်အသုံးဘယ်လိုဝင်လည်းဆိုတာကိုတော့မင်းရှေ့မှာပြမှာပါ” ဆာမိကြီးကလည်းပြောပီးတာနဲ့ဉီးကြီးမောင်ရဲ့အမလည်ပင်းပေါ်ကိုဓားနဲ့ခုတ်ချတာပေါ့ “မလုပ်နဲ့..” ကျုပ်ကလည်းခြေကာကာလက်ကာကာနဲ့အော်ဟစ်လိုက်တယ် ရုတ်ရက်အခန်းတစ်ခုလုံးလည်းတစ်ချက်လင်းကနဲဖြစ်သွားတာဗျ “ဟာငါဘယ်လိုဖြစ်တာလည်းငါလှုပ်လို့မရတော့ဘူး” ဆာမိကြီးကလည်းမျက်နှာကလွဲပီးကျန်တဲ့နေရာတွေကလှုပ်လို့မရတော့ဘူးဗျ ကျုပ်ရဲ့လက်မှာကလည်း အင်းကွက်လိုလိုပုံတစ်ခုကပေါ်လာခဲ့တယ် “သာလှမင်းမင်း….” ဉီးကြီးမောင်ကလည်းကျုပ်ကိုကြည့်ပီးတော့လည်းအံသြလွန်းဟန်နှင့်ရှိနေတယ် “ကျုပ်ဘာဖြစ်လို့လည်းဉီးကြီးမောင်ကျုပ်လက်ကပုံကဘာကြီးလည်း” “မင်း..မင်း…..မင်းကမရဏမှော်..” ဉီးကြီးမောင်ကလည်းပြောပီးတော့လည်းနောက်ကိုလဲကျသွားတယ်ကျုပ်ကလည်း ကိုယ့်ကိုယ်ကိုဘာဖြစ်မှန်းမသိဘူးပေါ့ဗျာ ဆာမိကိုကြည့်လိုက်တော့လည်းကျုပ်ကိုအံသြ မူနဲ့ ကြောက်လန့်မူတွေရောနေနေတဲ့မျက်နှာနဲ့ကြည့်နေတာဗျ “ကျုပ်အသက်ကိုချမ်းသာပေးပါဗျာ ကျုပ်အနူးညွတ်တောင်းပန်ပါတယ် အရှင်လိုမှော်မျိုးမရှိတော့ဘူးထင်လို့ဆိုးသွမ်းမိတာပါ” ဆာမိကလည်းကျုပ်ကိုတောင်းတောင်းပန်ပန်နဲ့ပြောတာပေါ့ လက်တွေခြေတွေလှုပ်မရတော့လည်း ခေါင်းကြီးညိတ်ညိတ်ပြီးတော့လည်းငိုသံကြီးနဲ့ပြောတယ်လေ ထိုအချိန်ဉီးကြီးမောင်ကလည်းလဲကျနေရာကပြန်ထာလာခဲ့တယ် “သာလှ မင်းလက်နဲ့သူ့ကိုချိန်ပြီးစောင့်တွန်းလိုက်” ကျုပ်ကလည်းနားမလည်ပေမယ့်လက်ကိုထုတ်ဆာမိကြီးကိုလည်းချိန်လိုက်တာပေါ့ “တောင်းပန်ပါတယ်မှော်ဆရာအရှင်တောင်ပန်းပါတယ်မလုပ်ပါနဲ့.အားးးးး” ကျုပ်ကလည်းလက်ကိုစောင့်တွန်းလိုက်တော့လည်းဆာမိကတော့ဝမ်းခေါင်းသံကြီးနဲ့အော်ပြီးတော့လည်း မြူမှုန်တွေအဖြစ်တဖြည်းဖြည်းပြောက်ကွယ်သွားတယ် ကျုပ်ရဲ့လက်ကအင်းကွက်လိုအရာတွေကလည်းပြန်ပြီးပြောက်သွားတယ်ဗျ လူကလည်းမျက်လုံးတွေလေးလံလာခဲ့တယ်ကျုပ်နောက်ဆုံးမြင်လိုက်ရတာကတော့ မြေအောက်ခန်းရဲ့အပေါ်မျက်နှာကျက်ပဲဖြစ်ပါတယ် “သာလှသာလှ” ခေါ်သံနဲ့အတူကျုပ်ရဲ့ပါးကလည်းစူးတူးတူးနာကျင်တာကြောင့်လည်းအိပ်ပျော်နေရာကနိုးလာခဲ့တယ် “ဉီးကြီးမောင် ကျုပ်တို့ဘယ်ကိုပြန်ရောက်နေတာလည်းဗျ” “ငါ့အမ နော်ခဲအိမ်ကိုပေါ့ကွာဒါကငါ့အမနော်ခဲတဲ့” ကျုပ်ကလည်း ပက်လက်လှန်ဖြစ်နေတာကြောင့်လည်း ဉီးကြီးမောင်ရဲ့အမနော်ခဲဆိုသူကိုတော့ခေါင်းမော့ပြီးကြည့်လိုက်တယ် “သူကမင်းကိုတအားကျေးဇူးတင်နေတာကွ သူတင်မဟုတ်ပါဘူးငါကောမင်းကိုကျေးဇူးတင်နေမိတာ” “ဗျာဘာဖြစ်လို့လည်း” “ငါကတော့ငါ့ဘဝမှာမထင်မှတ်ထားတဲ့အဖြစ်ကိုကြုံရတာပဲဒီအဖြစ်ကိုကြုံရဖို့အိမ်မက်တောင်မမက်ဖူးခဲ့ဘူးဘာလို့ဆိုတော့မဖြစ်နိုင်ဘူးထင်ခဲ့လို့လေ” ကျုပ်ကလည်းဉီးကြီးမောင်စကားကိုကြားတော့လည်းခေါင်းကုတ်မိတာပေါ့ “ကျုပ်နားမလည်ဘူးဗျာရှင်းရှင်းပြောပါဉီးကြီးမောင်ရာ” “အေးကွာ ရှင်းရှင်းပြောရမယ်ဆိုမင်းကမှော်ပညာမှာတော်တော်ရှားတဲ့မရဏမှော်ပိုင်ရှင်ပဲ မရဏမှော်ဆိုတာလူတစ်ရာမပြောနဲ့လူတစ်သောင်းမှာတောင်တစ်ယောက်မရှိဘူး” “ဗျာဘယ်လိုကျုပ်ကမှော်ဆရာဟုတ်လား” “ဟုတ်တယ်မင်းကမရဏဖွားဆိုတာသိပေမယ့်မရဏမှော်ပိုင်ရှင်ဖြစ်လိမ့်မယ်လို့ငါတစ်ခါမှမတွေးဖူးဘူး မင်းမှော်ပညာကငါအခုတတ်ထားတဲ့မှော်ပညာတွေထက်၅ဆလောက်သာတယ် အဲ့ဒါကြောင့်လည်းဆာမိလိုကောင်ကိုမင်းအလွယ်လေးပဲအနိုင်ယူလိုက်နိုင်တာပေါ့မင်းကပညာနဲ့မထိတွေ့ဖူးတဲ့အပြင်ပညာကိုလည်းမချုပ်ထိန်းနိုင်သေးဘူးဒါကြောင့်လည်းမင်းဆီကရုတ်တရက်ထွက်သွားတဲ့ပညာရပ်ဒဏ်ကိုတောင်မင်းမခံနိူင်တာပဲကွ” ကျုပ်ကလည်းကျုပ်ကြားရတဲ့နားကိုတောင်မယုံနိုင်ဖြစ်ရတာပေါ့ “ကောင်လေးမင်းအဖွားကိုကယ်လိုက်တာပဲ အဖွားအသက်ကမငး်ပေးတဲ့အသက်ပဲရှိပါတော့တယ်” “ရပါတယ်ဗျာကျုပ်ကလည်းမတော်တဆဖြစ်ရင်းနဲ့ကူညီရာရောက်သွားတာပါအထူးတလည်ကျေးဇူးတင်မနေပါနဲ့ဗျာ” “ကောင်လေးမင်းပညာရပ်ကတော်တော်မြင့်တယ်ကွဲ့အဖွားတိ​ု့ကထိန်းချုပ်ပုံကိုပြောပြချင်ပေမယ့်လည်း မှော်ပညာမှာတော့အ့လို​ပြောလို့မရဘုးကွဲနောက်တော့လည်းအတွေ့အကြုံကသင်ပေးသွားပါလိမ့်မယ် အဖွားကတော့မှော်ကိုမသုံးဖြစ်အောင်နေတော့မယ်ကွယ်” အဖွားနော်ခဲကလည်းပြောပီးတော့ခြံပေါက်ဝကိုကြည့်နေတာဗျ “သာလှရယ် ဖြစ်နိုင်ရင်ထိန်းချုပ်နည်းကိုပြောပြချင်လိုက်တာကွာ”

“ဘာမှမဖြစ်ပါဘူးဗျာအဖွားနော်ခဲပြောပီးပီပဲဗျာအတွေ့အကြုံကသင်ပေးသွားမှာပါကျုပ်ကတော့ကျုပ်ကအဆင့်မြင့်တဲ့မှော်ဆရာဖြစ်တယ်ဆိုပေမယ့်သာမန်လူတစ်ယောက်လိုအရင်လိုပဲနေထိုင်သွားမှာပါ” ကျုပ်နဲ့ဉီးကြိးမောင်ကလည်းတင်းဝါးချောင်းမှာနှစ်ရက်နေပြီးတော့လည်းရွာကိုပြန်လာခဲ့တယ် ကျုပ်ကြုံခဲ့ရတာကိုတော့ဉီးကြီးမောင်ရယ် ခဗျားရယ်အဖွားနော်ခဲရယ်ကလွဲပီးတော့လည်းတခြားသူသိနိုင်မှာမဟုတ်တော့ပါဘူး