ရိုးမထည်းကပစ္စည်းလေးတစ်ခု

လည်းသာလှရယ် တောထည်းကိုဘာအရေးကြီးကိစ္စနဲ့သွားမှာလည်း”

ကျုပ်ကလည်းသက်ပြင်းချလိုက်ရင်း
“ဒါတွေပြောပြဖို့အချိန်မရှိဘူးအမေ ကျုပ်လိုအပ်တဲ့ဆေးပင်ဆေးဉတုတွေရှာပြီးရင်ပြောပြပါ့မယ်” “ငါလည်းဘာမှနားမလည်တော့ဘူးသာလှရယ်အေးအေးမပြောချင်သေးရင်လည်းနေ ငါစားစရာတွေလုပ်ပေးမယ်တစ်ယောက်ထည်းတော့မသွားနဲအဖော်တော့ခေါ်သွားအုံး” “ဖိုးတုတ်နဲမြဒင်ကိုတော့အဖော်ခေါ်သွားမှာပါ” “အေးအေးဂရုတော့စိုက်သွားအုံးတောတက်သွားမှာဆိုတော့နင့်အဖေအရင်တစ်ပတ်ကမှဝယ်လာတဲ့သေနတ်လေးပါယူသွား” “ဟုတ်ကဲ့အမေဒါဆိုလည်းကျုပ်မြဒင်နဲဖိုးတုတ်ကိုသွားပြောလိုက်အုံးမယ်” ကျုပ်ကလည်းအိမ်ကထွက်မြဒင်နဲ့ဖိုးတုတ်အိမ်ကိုလည်း လျောက်နေတာပေါ့ “မြဒင်…မြဒင်” “ဟေဘယ်သူလည်းကွလာပြီလာပြီ” ကျုပ်ခေါ်လိုက်တော့လည်း မြဒင်ကတုံ့ပြန်သံပြုရင်းအိမ်ပေါ်ကဆင်းလာတာပေါ့ “အော်သာလှပါလားလာလေကွာ” ကျုပ်ကလည်းမြဒင်အိမ်ထည်းဝင် တန်းလျားမှာထိုင်လိုက်တာပေါ့ “​အေးကွာငါအရေးကြီးတောတက်စရာရှိလို့မင်းအဖော်အဖြစ်လိုက်ပေးနိုင်မလားဖိုးတုတ်ကောလိုက်မှာ” “အရေးကြီးတောတက်မယ်ဟုတ်လား ဘာအတွက်လည်းကွ” “ငါအဲ့အကြောင်းတွေရှင်းပြဖို့ကအချိန်မရဘူးကွဒီတော့မင်းငါနဲ့လိုက်ပေးနိုင်မလား” “အရေးကြီးကိစ္စဆိုတော့ငါလိုက်ခဲ့ပါ့မယ်ဒါနဲ့ဖိုးတုတ်ကိုကောပြောပြီးပီလား” “ဖိုးတုတ်ကငါသွားမယ်ဆိုလိုက်မှာပါကွာဖိုးတုတ်အတွက်မပူနဲ့ခရီးကခုနေ့သွားမှာဆိုတော့မင်းမိန်းမကိုရိက္ခာနဲ့လိုအပ်တာတွေပြင်ဆင်ထားခိုင်း” “အေးကွာဒါဆိုလည်းငါပြင်ဆင်ထားလိုက်မယ်ဒါနဲ့ဘယ်အချိန်သွားမှာလည်း” “နေ့လည်၁နာရီလောက်သွားမယ်လေအချိန်ကသိပ်မရလို့မြန်လေကောင်းလေပဲ” ကျုပ်ကလည်းမြဒင်ကိုနှုတ်ဆက်ဒုတိယအဖော်လိုက်မယ့်ဖိုးတုတ်ဆီကိုလည်းထွက်လာခဲ့တယ် “ဖိုးတုတ်ရေငါဝင်လာမယ်နော်” “အော်သာလှ ဝင်လာခဲ့လေကွာခွင့်တောင်းနေရသေးတယ်” ကျုပ်ကလည်းဖိုးတုတ်အိမ်ရှေ့ရောက်တော့ ကွပ်ပြစ်မှာထိုင်နေတဲ့ဖိုးတုတ်ကိုလည်းတွေ့တာနဲ့ ဝင်လာခဲ့တယ် “မလာစဖူးအလာထူးပါလာကွဘာကိစ္စရှိလို့လည်း” ကျုပ်ကလည်း ရေနွေးတစ်ခွက်ကိုငှဲ့လိုက်ရင်းနဲ့လည်း “ကိစ္စကတော့ဒီနေ့ပဲ ငါအရေးကြီးတောတက်စရာရှိတယ်ကွမြဒင်လည်းအဖော်လိုက်ပေးမှာမင်းကိုလည်းအဖော်အဖြစ်လို်က်ပေးစေချင်တယ်” “အော်ရပါတယ်ကွာအချင်းချင်းတွေပဲဒါနဲ့နေ့ချင်းပြန်လားဘယ်နှစ်ရက်ကြာမှာလည်း” “သွားမှာကတော့ခုနေ့သွားမှာ၅ရက်လောက်တော့ကြာလိမ့်မယ်” “၅ရက်လောက်ကြာမှာဆိုတော့ဘာလုပ်သွားမှာမိုလို့လည်း” “ငါ့မှာရှင်းပြဖို့အချိန်မရှိသေးဘူးကွ ဆေးပင်ရှာတဲ့ခရီးလို့ပဲအလွတ်မှတ်ထားလိုက်ပါကွာ ဒီတော့မင်း၅ရက်စာရိ္္က္ခာပြင်ဆင်ထားကွာလိုအပ်တာဝယ်ငါပိုက်ဆံစိုက်မယ်” “မလိုပါဘူးကွာငါ့အတွက်ကအပန်းမကြီးပါဘူးကဲကဲဒါဆိုလည်းငါခုကတည်းရိက္ခာတွေပြင်ဆင်တော့မယ်” ကျုပ်ကလည်းသေချာပြီမို့အိမ်ကိုပြန်လာတာပေါ့ကျုပ်ကလည်းဉီးကြီးမောင်အိမ်ကိုထွက်လာခဲ့တယ် ပုံမှန်အချိန်ဆို ကျုပ်ကတော့ခြံရှေ့ကအသံပြဲကြီးနဲ့အော်ခေါ်နေမှာဖြစ်ပေမယ့် ခုတော့လည်း ခေါ်ပင်မခေါ်မိတော့ဘူးလေ အိမ်ထည်းကိုဝင်လာပြီးတော့လည်း အိမ်ပေါ်တက်ကြည့်တော့ အိပ်လျက်သားရှိနေတဲ့ ဉီးကြီးမောင်ကိုလည်းတွေ့ရတာပေါ့ ဆေးဆရာဉီးတက်ခါးကတော့ အိမ်ခနပြန်တယ်လားမဆိုနိုင်အနားမှာလည်းမတွေ့ရဘူးလေ “ဉီးကြီးမောင်..ကျုပ်ဉီးကြီးမောင်ကိုကယ်မယ်ဗျာ ကျုပ်အသက်သေချင်သေပါစေဉီးကြီးမောင်အတွက်လိုအပ်တဲ့ဆေးပင်ဆေးဉတွေကိုသွားရှာမယ်” ကျုပ်ကလည်းဉီးကြီးမောင်ရဲ့လက်ကိုဆုပ်ကိုင်ရင်းနဲ့လည်း ဉီးကြီးမောင်ကြားသည်ဖြစ်စေမကြားသည်ဖြစ်စေပြောနေမိတယ် “သာလှရောက်နေတာလားကွ” ဆေးဆရာဉီးတက်ခါးကလည်း အိမ်ပေါ်ကိုတက်လာရင်းနဲ့လည်းကျုပ်ကိုမြင်တော့ပြောလိုက်တာပေါ့ “ဟုတ်တယ်ဉီးလေးတက်ခါးရဲ့ကျုပ်လည်းခုလေးတင်ရောက်တာဉီးကြီးမောင်အခြေနေဘယ်လိုရှိလည်းဗျ” “ဉီးကြီးမောင်ကတော့ငါပြောသလိုပဲပေါ့ကွာမင်းတို့အပေါ်မှာပဲမူတည်တယ် ဓနိပင်က ရိုးရိုးဓနိပင်မဟုတ်ဘူးနော်သာလှကျောက်ဆောင်တွေကြားထည်းမှာပေါက်နေတဲ့ကျောက်ဓနိပင် ရှားတာကတော့အဲ့အရာတစ်ခုပဲရှိပါတယ်ကျန်တာတွေကတော့မင်းတို့ရဲ့ကြိုးစားမူပေါ်မှာမူတည်တယ်” “ကျုပ်ကရိုးရိုးဓနိပင်ပဲမြင်ဖူးတာဗျကျောက်ဓနိပင်ကိုတော့မမြင်ဖူးဘူးဘယ်လိုပုံစံလည်းပြောပြပါလား” “ကျောက်ဓနိပင်ဆိုတာကပင်စည်မှာကျောက်အစတွေကပ်နေလိမ့်မယ်ဆူးနီတွေပါပြီးတော့လည်းကျောက်ဆောင်တွေအလယ်မှာပေါက်တတ်တယ်” “ကျုပ်မှတ်ထားပါ့မယ်ကျုပ်လည်းအိမ်ပြန်တော့မယ်ဒီနေ့ပဲခရီးထွက်မှာမို့ပြင်ဆင်စရာရှိတာတွေပြင်ဆင်လိုက်အုံးမယ်” “အေးအေးဘေးမသီရန်မခပဲလိုရာရနိုင်ပါစေကွာ” ဉီးလေးတက်ခါးကလည်းကျုပ်ကိုဆုတောင်းပေးတာပေါ့ ကျုပ်ကလည်းအိမ်ကိုပြန် အိမ်ရောက်တော့လည်း ကျုပ်အတွက်၅ရက်စာ ရိ္က္ခာ​တွေကအသင့်ဖြစ်နေပြီလေ အဖေနဲ့အမေကလည်းကျုပ်ကိုမေးချင်ပုံရပေမယ့်လည်း ကျုပ်မျက်နှာမကောင်းတာမြင်တော့မမေးကြဘူးလေ ကျုပ်ကလည်းအဖေ့ရဲ့အသစ်ဝယ်လာတဲ့သေနတ်ကိုလည်း ကျောမှာလွယ် ရိက္ခာများကိုလည်းကျောပိုးအိတ်ထည်းထည့် မြဒင်အိမ်ကိုလည်းထွက်လာခဲ့တယ် “မြဒင်ရေပြီးပြီလားကွ” “မပြီးသေးဘူးကွငပိကျော်လေးကြော်နေတာတစ်ခုပဲကျန်တော့တယ်” “အော်အေးအေးဒါဆိုလည်းငါဖိုးတုတ်ကိုသွားခေါ်လိုက်အုံးမယ်” ကျုပ်ကလည်းမြဒင်ခြံရှေ့ကနေ ဖိုးတုတ်ဆီကိုလည်းဒုတိယအကြိမ်သွားတာပေါ့ ဖိုးတုတ်ကလည်း လိုအပ်သည်များထည့်တုန်းပြုတုန်းလည်းရှိသေးတယ်

ညကတည်းကပြောထားခဲ့ရင်လည်း မနက်ကတည်းကသွားလို့ရမှာဖြစ်ပေမယ့်ညကလည်းမပြောဖြစ်ဘူးလေ ကျုပ်ကလည်းဖိုးတုတ်ပြီးသည်အထိစောင့် နာရီကြည့်လိုက်တော့လည်း ၁၂နာရီထိုးပြီ ဖိုးတုတ်အိမ်မှာနေ့လည်စာစားလိုက်ပြီးတော့လည်း မြဒင်ကိုဝင်ခေါ် ရိုးမတောထည်းကိုလည်း ကျုပ်တို့သုံးယောက်ဝင်လာခဲ့ကြတာပေါ့

ရိုးမတောထည်းကိုရောက်ဖို့ကလည်း တနေကုန်လမ်းလျှောက်လာရတယ်လေ ရိုးမတောအစပ်ကိုလည်း ည၇နာရီမှာရောက်လာခဲ့တယ် ကျုပ်တို့ကလည်း ညအိပ်ရန်အတွက်သစ်ပင်ကောင်းကောင်းတစ်ခုကိုရှာ လင့်စင်ဆောက်ကြတာပေါ့ ရိုးမတောအစပ်ဆိုပေမယ့်လည်း သားရဲတိရိစ္ဆာန်တွေရဲ့ရန်ကို လစ်လျူရှုထားလို့က ရသေးသည်မဟုတ်ဘူးလေ လင့်စဉ်ဆောက်ဖို့အတွက်ကတော့ တောသရက် ကြီးတစ်ပင်ကိုရွေးလိုက်တယ် ​ေတာသရက် ပင်ပေါ်မှာလင့်စဉ်ဆောက်ပြီးတော့လည်း သပြေပင်အောက်မှာမီးဖို ဖို ရေနွေးအိုးတည်ပြီးတော့လည်း ပါလာတဲ့ ထမင်းများကိုထုတ် ညစာစားနေကြတာပေါ့
“ဒါနဲ့သာလှမင်းဒီတောထည်းကိုဘာလို့လာလည်းမပြောရသေးဘူးနော်” ကျုပ်တို့ထမင်းစားနေရင်း ဖိုးတုတ်ကလည်းမေးတာပေါ့ “အေးပါငါပြောပြမယ်” ကျုပ်ကလည်း ဉီးကြီးမောင်နဲ့ကြုံခဲ့ရတဲ့ပဉ္စအကြောင်းနဲ့ဆေးဆရာဉီးတက်ခါးအကြောင်း ကိုလည်းမြဒင်နဲ့ဖိုးတုတ်ကိုပြောပြလိုက်တယ် “ဒါဆိုမင်းကမှော်ဆရာတစ်ယောက်ပဲလားသာလှ” မြဒင်ကလည်း ကျုပ်ကိုမေးလိုက်တယ် ကျုပ်ကလည်းခေါင်းကိုခါရင်းနဲ့ “မှော်ဆရာတော့မဟုတ်ပါဘူးငါကမှော်ပညာကိုခုမှကျုပ်ပြောပြတဲ့အကြောင်းအရာများဆုံးတော့လည်းမြဒင်နဲ့ဖိုးတုတ်ကပါးစပ်အဟောင်းသားရှိနေတာပေါ့လိုက်စားတာပါဒီအကြောင်းတွေကိုတော့မင်းတို့နှစ်ယောက်ပဲသိပါစေကွာတခြားသူတွေကိုမပြောပါနဲ့” “အေးပါကွာမပြောပါဘုး ဉီးကြီးမောင်ခုလိုဖြစ်တာကလည်းမင်းအပြစ်ရယ်လု့ိတော့မဟုတ်ပါဘူး မင်းနေရာမှာငါသာဆိုရင်လည်း အောက်လမ်းဆရာတစ်ယောက်ကိုဘာမှမတတ်ပဲနဲ့တိုက်ရဲမှာမဟုတ်ဘူလေစိတ်ထည်းအရမ်းမထားပါနဲ့ခုလည်းဉီးကြီးမောင်အတွက်မင်းဆေးတွေရှာနေတာပဲမလား မင်းတွေးထားရမှာကဆေးပင်တွေအမြန်ရှာတွေ့ဖို့ပဲ” ကျုပ်ပုခုံးကိုလည်းမြဒင်ကပုတ်ပြီးအားပေးစကားဆိုတာပေါ့ “အေးပါဒါနဲ့မင်းတို့ထမင်းစားပြီးရင်လည်းလင့်စင်ပေါ်တက်ကြမယ်အပေါ်မှာနေတာအန္တာရယ်ကင်းတယ်” “အေးကွဒါဆိုလည်းအပေါ်တက်ကြတာပေါ့” ကျုပ်တု့ိကလည်း လင့်စင်ပေါ်တက်ပြီးတော့လည်း လှဲလျောင်းလိုက်တယ်လေတောသရက်ပင်ကြီးကလည်းကြီးတာကြောင့်ကျုပ်တို့သုံးယောက်အတွက်လည်းနေလို့အဆင်ပြေတယ်လေ ကျုပ်တို့ကလည်း စကားစမြည်ပြောပီးတော့ ဖိုးတုတ​်ကအိပ်သွားတယ်လေ ကျုပ်နဲ့မြဒင်ကတော့ အိပ်မရတာနဲ့ တောသရက်ရွက်တွေကိုဖယ် ဖြူဖွေးနေတဲ့လမင်းကြီးကိုလည်းငေးကြည့်နေကြတာပေါ့

“သာလှ…သာလှဟိုမှာဘာကောင်ကြီးလည်းမသိဘူးငါတို့ဘက်ကိုခုန်ကူးပြီးလာနေတာ” မြဒင်ကလည်းကျုပ်ပုခုံးကိုပုတ်နေရာတစ်နေရာကိုလည်းလက်ညှိုးညွှန်ပြတာပေါ့ကျုပ်ကလည်း မြဒင်ပြတဲ့နေရာကိုကြည့်လိုက်တော့ မဲမဲသဏ္ဍန်အရိ​ပ်ကြီးကလည်း အပင်တစ်ပင်နဲ့တစ်ပင်ခုန်ကူးရင်းကျုပ်တို့ဆီကိုလည်းလာနေတာတွေ့ရတယ် တောသရက်ပင်ကြီးကပင်စည်ကြီးပြီး​ရှည်နေတာကြောင့် ကျုပ်တို့ကလည်းမြေပြင်နဲ့တော်တော်တော့ကွာတယ်ဗျ သာမန်သားရဲတိရစ္ဆာန်တွေကတော့ ခုန်လို့မမှီနိုင်ဘူးလေ ထိုမဲမဲအရိပ်ကြီးကလည်း ကျုပ်တို့ အပင်နားရောက်တော့ပြောက်သွားတယ်လေ ကျုပ်ကလည်း အောက်ကနေခုန်ပြီးလင့်စင်ပေါ်တက်လာမလားတွေးပြီးကြောက်နေမိတယ် ကျုပ်ကလည်း အောက်ကိုငုံကြည့်လိုက်ဘေးဘီကိုကြည့်လိုက်ရှိနေတာပေါ့ သေနတ်ကိုလည်းမောင်းတင်ပြီးတော့ လည်းကျစ်ကျစ်ကိုင်ထားတယ်လေ မြဒင်ကတော့ သေနတ်မပါတော့ ဓားမြှောင်ကိုကိုင် အခြေနေကိုလည်းကြည့်နေတာပေါ့ “မြဒင်သတိထားမင်းနောက်မှာကွ” ကျုပ်ကလည်းရုတ်တရက်မြဒင်အနောက်ကိုအကြည့်ရောက်တော့လည်းလူမျက်နှာလိုမျကိနှာတစ်ခုကိုလရောင်အောက်မှာတွေ့တော့လည်းမြဒင်ကိုအော်ဟစ်သတိပေးလိုက်တယ် မြဒင်ကလည်း ကိုင်ထားတဲ့ဓားနဲ့လည်းခေါင်းပိုင်းလောက်ကိုမှန်း​ပြီးဆွဲရမ်းလိုက်တာပေါ့ ထိုမျက်နှာကြီးကလည်းချက်ချက်ပြောက် သွားတယ်လေ “ဘာတွေဖြစ်နေကြတာလည်းကွ…” ဖိုးတုတ်ကလည်းကျုပ်တို့လှုပ်ရှားလို့မြည်တဲ လင့်စင်အသံကြောင့်လည်း အိပ်ရာမှနိုး ကျုပိတို့ကိုလည်းမေးတာပေါ့ “ရန်သူရှိနေပြီီဖိုးတုတ်ရသတိနဲ့နေသတိမလွတ်စေနဲ့” ကျုပ်ပြောလိုက်တော့မှဖိုးတုတ်ကလည်းအလန့်တကြားနဲ့ ဘေးမှာချထားတဲ့ဓားမြှောင်ကိုဆွဲထုတ် မြဒင်နည်းတူအခြေနေကိုအကဲခတ်နေတာပေါ့ ရုတ်တရက်လည်း ကျုပ်ရှေ့သစ်ပင်ကနေ လှုပ်ရှားသွားတာကြောင့်ကျုပ်ကလည်း ထိုနေရာကိုသေနတ်နဲ့အမြန်အဆန်ပစ်လိုက်တယ် တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်ကလည်း ေသနတ်သံတစ်ချက်ကြောင့် တိတ်ဆိတ်မူတွေပပြောက်ကုန်တာပေါ့ အခြေနေကိုသတိမပြက်ပဲစောင့်ကြည့်နေသော်လည်း နောက်ထပ်ထူးခြားမှုမရှိဘူးလေ ကျုပ်ကလည်း၁၅မိနစ်ခန့် ေစာင့်ကြည့်​ပြီးတော့လည်း ထူးခြားမှုမရှိတာကြောင့် မြဒင်ကိုလည်းအိပ်ဖို့ပြောပြီးကျုပ်နဲ့ဖိုးတုတ်ကလည်းကင်းစောင့်ကြတာပေါ့ တညလုံးလည်း ကျုပ်က မအိပ်ပဲကင်းစောင့်နေမိတယ် ဖိုးတုတ်ကတော့ ကင်းစောင့်ရင်းနဲ့အိပ်ပျော်သွားတယ်လေ မနက်အချိန်အခါကိုလည်းရောက်လာခဲ့ပြီ မနက်ခင်းအလင်းရောင်ကလည်းကျုက်မျက်လုံးထည်းဝင်လာမှ မှေးနေတဲ့ကျုပ်ကလည်းနိုးလာတာပေါ့ “ဖိုးတုတ်…မြဒင်ထတော့ကွမနက်မိုးလင်းပြီ” ကျုပ်ကလည်း ဖိုးတုတ်နဲ့မြဒင်ကိုလည်းနှိုးလိုက်တာပေါ့ ကျုပ်ကလည်းသူများအိပ်နေတာကိုအခုမှပဲနိုးဖူးတယ်လေ ကျုပ်ကပဲအနိှုးခံလာရတာမဟုတ်လား “မိုးတောင်လင်းပြီလားကွဘာမှတောင်မအိပ်လိုက်ရသလိုပါပဲကွာ” ဖိုးတုတ်ကလည်းနိုးလာပြီး ကျုပ်ကိုပြောတာပေါ့ ဖိုးတုတ်နိုးလာပြီးမြဒင်ကလည်းနိုးလာတယ်လေ “မင်းတို့တောင်အိပ်ရေးမဝရင်ငါဆိုဘယ်လိုနေမလည်းကွတညလုံးမအိပ်ရဘူး” ကျုပ်ပြောလိုက်တော့လည်းဖိုးတုတ်နဲ့မြဒင်က ကျုပ်ကိုကြည့်ပြီးတော့လည်းရီနေကြတယ်လေ “သာလှ…မင်းခနမှေးရင်မှေးနေလိုက်အုံးမနက်စာအတွက်ငါတို့ပြင်ထားပေးမယ်” အိပ်ချင်၍မျက်လူံးလေးမှိတ်လိုက်ဖွင့်လိုက်လုပ်နေတဲ့ကျုပ်ကိုလည်းမြဒင်ကပြေတာပေါ့ ကျုပ်ကလည်းခေါင်းညိတ်ပြီး လင့်စင်ပေါ်မှာလှဲချလိုက်တယ် ခနနေတော့မှ ကျုပ်ကလည်းနိုးလာတယ်လေ

ကျုပ်ကလည်းနီးစပ်ရာရေအိုင်လေးမှာမျက်နှာသွားသစ်တော့လည်း ရှဉ့်သေတစ်ကောင်ကိုတွေ့ရတယ်လေကျုပ်သေချာကြည့်လိုက်တော့လည်း ရင်ဝမှာကျဉ်တစ်တောင့်ရှိနေတယ် ကျုပ်ကလည်းညက ကျုပ်ပစ်လိုက်တာလို့လည်းတန်းသိလို််က်တာပေါ့ ညက လူမျက်နှာကြီးမြင်ရတာကသရဲခြောက်တာဖြစ်ပြီး အမှောင်ထုထည်းက လှုပ်ရှားနေတဲ့အရာကဒီရှဉ့် ​ေလးဖြစ်လောက်မယ်ဟူ၍လည်းဆက်စပ်တွေးနေမိတယ် အမှောင်ထုထဲက သရဲနဲ့ ဒီရှဉ့်လေးနဲ့ကိုလည်းမှားပစ်မိသည်က ကျုပ်အပြစ်လား ရှဉ့်လေးရဲ့ ကံစိုးမူလားတော့မပြောတတ်ဘူးလေ ကျုပ်ကလည်းရှဉ့်သေကို ထိုနေရာမှာပြန်ချလိုက်ပြီးတော့လည်းမျက်နှာသစ် လိုက်တယ် “သာလှလာထိုင်ကွာငါတို့မနက်စာအတွက်စီစဉ်ပြီးသွားပြီဒါနဲ့မင်းရှာနေတဲ့ဆေးနာမည်နဲ့ပူံစံတွေပြောထားအုံးလေကွာအဲ့ဒါမှငါတို့တွေ့ခဲ့ရင်သိရမှာ” ဖိုးတုတ်မေးလာတဲ့စကားကြောင့်လည်းကျုပ်က ဆေးနာမည်နဲ့ပုံစံတွေကိုလည်းပြောပြရတာပေါ့ ကျုပ်တို့ကလည်း မနက်စာစားပြီးတော့လည်း လင့်စင်ကိုစွန့်ခွာရိုးမထည်းကိုလည်းဝင်ရောက်လာခဲ့တာပေါ့ ကျုပ်ပြောပြထားတဲ့ဆေးပစ္စည်းတွေကိုလည်း ဖိုးတုတ်နဲ့မြဒင်ကတော့ တွေ့လို့တွေ့ငြားကျုပ်နဲ့နည်းတူရှာဖွေနေကြတယ် “သာလှ….သာလှ…မင်းပြောတဲ့အထည်းမှာဖြောင့်နေတဲ့ကသစ်ပင်ရဲ့အခွံပါတယ်မလား” “ေဟ…အေးပါတယ်လေကွာဘာလည်းမင်းတွေ့လို့လား” “တွေ့ပြီကွသာလှရ…ဟိုမှာကြည့်လိုက်” ကျုပ်ကလည်းမြဒင်ပြောစကားကြောင့်မြဒင်ပြရာနေရာကိုကြည့်လိုက်တော့လည်း ဖြောင့်နေတဲ့ ကသစ်ပင်ကိုလည်းတွေ့ရတယ်လေ ကျုပ်ကလည်းဝမ်းသာအားရနဲ့ကသစ်ပင်ဆီကိုသွားအခွံကိုလည်းခွာယူလိုက်တယ် ကသစ်ပင်ကအရမ်းတော့မကြီးပါဘူး လူကြီးတစ်ရပ်လောက်အမြင့်သာရှိတယ်လေ ပထမပစ္စည်းကတော့ ရခဲ့ပီ ဝံသွေးနဲ့ တောကျောင်းနေဆရာတော်တစ်ပါးရဲ့သက်န်းစ နဲ့ ကျောက်ဓနိပင်တို့ပဲကျ်န်တော့တယ်လေ “ကျေးဇူးတင်ပါတယ်မြဒင်ရာရွာရောက်မှထန်းရည်အဝတိုက်မယ်ခုတော့ ငါတို့ဆက်ရှာကြမယ်” ကျုပ်တို့ကလည်း တနေကုန်ရှာပြီးပေမယ့်လည်း ကသစ်ပင်ကိုပဲရခဲ့တယ်လေ ကျုပ်တို့ကလည်းညနေရောက်တော့မူလနေရာကိုပြန်သွားအိပ်ကြတယ်လေ ညအခါကလည်းရိုးမထည်းမှာတိတ်ဆိတ်နေတယ်လေ ညငှက်မ​ျားရဲ့အသံကိုသာကြားရပြီးတော့လည်း တိတ်ဆိတ်မှုကလွှမ်းမိုးနေတာပေါ့ “​ဖိုးတုတ်မင်းအသံတစ်ခုကြားလိုက်လားကွ” ကျုပ်ကလည်းနားထည်းကြားနေရတဲ့အသံတစ်ခုကြောင့်ဖိုးတုတ်ကိုလည်းမေးလိုက်တယ် “ကြားတော့ကြားတယ်ကွ မိန်းမသံလိုလို​ယောက်ျားသံလိုလိုအသံတစ်ခုပဲကွ” “အေးငါလည်းအဲ့လိုပဲကြားနေတာသွားကြည့်ကြရင်ကောင်းမလား” “ဟာကွာမလုပ်ပါနဲ့ညဘက်ကြီးတောထည်းမှာကြားရတာလူမဖြစ်နိုင်ဘူးငါတော့ကြောက်တယ်မလိုက်ရဲဘူး” “မြဒင်မင်းကကောငါနဲ့လိုက်မလား” “အမလေးကွာမလုပ်ပါနဲ့မနေ့ကကြုံခဲ့တာတောင်ကြောက်လို့ပါ” “အေးလေမင်းတို့မလိုက်ရင်လည်းငါ့ဘာသာပဲသွားမယ်” ကျုပ်ကလည်း ခုညမှကြောက်စိတ်တွေလည်းပြောက်နေမိတယ်
အသံလာရာကိုလည်း၅မိနစ်လောက်လမ်းလျှောက်လိုက်ရတယ်လေ “ဟာဘာကောင်လေးလည်းဟ” ကျုပ်မြင်နေရတာကတော့ အရပ်ကပုပု ကိုယ်လူံးကသေးသေး နားရွက်ချွန်ချွန်လေးနဲ့ လူလေးကိုလည်းတွေ့ရတယ်လေ “မင်းကဘာလေးလည်းဘာလို့ဒီမှာအော်နေရတာလည်း” “ခဗျားကကျုပ်ကိုမြင်ရတယ်လားဒါဆိုလည်းကျုပ်ကိုကူညီ ပေးပါဗျာကျုပ်ကိုအောက်လမ်းဆရာပဉ္စကဖမ်းထားတာကြာပါပီ” ထိုလူလေးကလည်း​ခပ်စူးစူးအသံနဲ့ ပြောရင်းသူ့ခြေထောက်ကိုလည်းညွှန်ပြတယ်လေ “ပဉ္စဟုတ်လား ငါလည်းပဉ္စလုပ်လို့ဒီတောထည်းရောက်လာတာဒါနဲ့ငါကဘယ်လိုကူညီရမှာလည်း” “ကျုပ်ခြေထောက်ကိုထိလိုက်ပါခဗျားသာကယ်နိုင်ရင်ကျုပ်လွပ်သွားမှာပါ” ကျုပ်ကလည်းမှင်စာရဲ့ခြေထောက်ကိုကြည့်လိုက်တော့ အနက်ရောင်ကြိုးတစ်ချောင်းနဲ့ချည်ထားတာကိုလည်းတွေ့ရတယ်လေ ကျုပ်ကလည်း ထိုအမဲရောင်ကြိုးကိုထိလိုက်တော့ အလင်းရောင်တွေလက်လာပြီးကြိုးကလည်းပြက်ထွက်သွားတယ်လေ “ကျုပ်လွပ်လပ်ပြီဗျကျုပ်လွပ်လပ်ပြီ” “မင်းလွပ်လပ်တာခနထားအုံးမင်းကဘာလို့ဒီလောက်သေးေနရတာလည်း” “သေးဆို…..ကျုပ်ကမှင်စာကိုးဗျအောက်လမ်းကောင်ပဉ္စဖမ်းထားလို့ဒီမှာရှိနေရတာတကယ်တော့ကျုပ်အိမ်ကကျောက်နှစ်ဖော်ဂူဗျ” ထိုကောင်လေးပြောမှကျုပ်ကလည်းမှင်စာဆိုတာသိရတာပေါ့

“ဒါဆိုလည်းထားပါမင်းရဲ့အိမ်ကျောက်နှစ်ဖော်ဂူကဝေးလား” “အရမ်းတော့မဝေးဘူးဗျဒီကနေမွန်းလွဲလောက်ရှောက်ရင်တော့ရောက်မယ်ဒီညတော့ကျုပ်ကိုခဗျားတို့နဲ့နေခွင့်ပေးပါ” ကျုပ်ကလည်းပထမဆုံးအ​ကြိမ်မှင်စာနဲ့စကားပြောဖူးခြင်းလည်းဖြစ်ပါတယ် မှင်စာများကလည်းအများပြောသလိုလူများကိုမြင်တာနဲ့ထွက်​ပြေးတာကလည်းမဟုတိဘူးလေ ကျုပ်ကလည်း မှင်စာကိုကျုပ်တု့ိလင့်စင်စီခေါ်လာတာပေါ့ မှင်စာကလည်း ကျုပ်တို့လင့်စင်ဘေးက သရက်ကိုင်းပေါ်မှာအိပ်နေတယ်လေ ဖိုးတုတ်နဲ့မြဒင်ကတော့မှင်စာကိုမြင်ပုံမရဘူးလေ “သာလှဘာတွေ့လည်းကွ” “ဘာမှမတွေ့ပါဘူးဖိုးတုတ်ရာအိပ်တော့မနက်ဖြန်ခရီးကဆက်ရအူးမယ်” “အေးအေးဒါဆိုလည်းအိပ်ပြီကွာ” ကျုပ်တို့ကလည်း အိပ်ယာဝင်ခဲ့တာပေါ့ မနက်၇နာရီလောက်ရောက်မှလည်းနိုးလာကြတယ်လေ မှင်စာကိုကြည့်တော့လည်းမတွေ့ရတော့ဘူးလေ ကျုပ်ကလည်း လင့်စင်အောက်ကိုဆင်း ဆန်များကိုဝါးကျည်တောက်ထည်းထည့်ပီးထမင်းချက်ရတာပေါ့ ထမင်းကျက်တော့လည်း အမေထည့်ပေးလိုကိတဲ့ငပိကျော်နဲ့လည်းထမင်းစားရတာပေါ့ကျုပ်ကလည်း ဘေးဘိကိုကြည့်လိုက်တော့ သစ်ပင်ကြီးတစ်ပင်ရဲ့အရိပ်ထည်မှာရပ်နေတဲ့မှင်စာကိုလည်းမြင်လိုက်ရတယ် အလင်းထည်းမလာနိုင်လို့အရိပ်ထည်းမှာဝင်နေတာလို့လည်းကျုပ်ကသိရတာပေါ့ ကျုပ်ကလည်း အသားစများကိုလည်း မှင်စာထံပြစ်ပေးတာပေါ့ “မြဒင်နဲ့ဖိုးတုတ်ငါမှင်စာတစ်ကောင်နဲ့ခင်နေတယ်သူ့ကိုမင်းတို့မမြင်ရဘူးသူ့ရဲအိမ်ကိုလည်းပြန်ချင်နေတာငါတို့လိုက်ပို့ပေးရင်းနဲ့နောက်ထပ်လိုအပ်တာတွေရှာကြတာပေါ့” ကျုပ်ပြောလိုက်တော့လည်း မြဒင်နဲ့ဖိုးတုတ်ကမယုံသလိူပြုံးနေကြပီးတော့လည်း “အေးပါဒါဆိုလည်းသွားကြတာပေါ့ကွာ” မြဒင်ကလည်းပြုံးစနဲ့နဲ့ နဲ့ကျုပ်ကိုလည်းပြောတာပေါ့ ကျုပ်ကလည်းမှင်စာဆီကိုသွားအပေါ်အိမ်ကျီနဲ့လည်းမှင်စာကိုအုပ်လိုက်ပြီးရင်ခွင်ထည်းထည့်လိုက်တယ် “မင်းရဲ့အိမ်ကိုလမ်းညွှန်ပေးငါတို့လိုက်ပို့ပေးမယ်” မှင်စာလက်ညှိုးညွှန်ရာကိုလည်းသွားကြတော့ နာရီဝက်ကျော်ကျော်လောက်သွားပြီး ကျောက်ချပ်နှစ်ချပ်ရဲ့အလယ်မှာရှိနေတဲ့ဝင်ပေါက်တစ်ခုဆီကိုလည်းရောက်လာခဲ့တယ် “ဒါကျုပ်အိမ်ပဲဗျခဗျားတို့ကိုကျေးဇူးတင်တယ်ဗျာကျုပ်ကလည်းကျေးဇူးပြန်ဆပ်ချင်ပေမယ့်ဘယ်လိုဆပ်ရမှန်းမသိတာခွင့်လွှတ်ပါ” “ရပါတယ်မင်းလည်းလွပ်လပ်ပြီငါတို့လည်းရှာစရာလေးတွေရှိသေးလို့သွားလိုက်အုံးမယ်” “နေပါအုံးခဗျားကဘာရှာနေရတာလည်းကျုပ်ကိုပြောပြပါကျုပ်သိရင်လမ်းညွှန်ပေးလို့ရတာပေါ့” ကျုပ်ကလည်းရှာနေတဲ့ပစ္စည်းတွေကိုမှင်စာကိုလည်းပြောလိုက်တာပေါ့ “ကျောက်ဓနိပင်….ကျောက်ဓနိပင်က ကျုပ်ဆီမှာရှိတယ်ဗျ…ကျုပ်ဆီမှာရှိတယ်လာအထည်းဝင်ကြ” မှင်စာကလည်းကျုပ်စကားဆုံးတော့ ကျောက်ဓနိပင်ရှိတယ်ဆိုပြီးတော့လည်းအော်ဟစ်ပြီး ဂူထည်းကိုဝင်သွားခဲ့တယ်လေ “မြဒင်နဲ့ဖိုးတုတ်မင်းတို့အပြင်မှာကျန်ခဲ့ကွာငါပြန်လာခဲမယ်” “အေးအေးငါတို့စောင့်နေမယ်မင်းဘာတွေလုပ်မှန်းတော့ခုအချိန်ထိမသိသေးဘူး” မြဒင်နဲ့ဖိုးတုတ်ကလည်းကျုပ်ကိုထူးဆနိးသလိုရှိနေတာပေါ့ ကျုပ်ကလည်းဂူထည်းကိုခဲယဉ်းစွာဝင်လိုက်တော့ ကျောက်သားများနဲ့လုပ်ထားတဲ့အခနိးတစ်ခုကိုလည်းတွေ့ရတယ်လေ “ဒီအပင်ကခဗျားပြောတဲ့ကျောက်ဓနိပင်လား” မှင်စာကလည်းကျုပ်ကိုအခန်းရဲ့အလယ်ကိုခေါ်သွားပြီးတော့လည်းအပင်တစ်ခုကိုပြတာပေါ့ ထိုအပင်ကလည်းဆူးနီများပါရှိပြီးတော့လည်းပင်စည်မှာကျောက်သားများကပ်နေတယ်လေ ဓနိပင်ကိုလည်းကျောက်များကြားမှာတွေ့ရသည်ကလည်းဒီတစ်ကြိမ်သာရှိတယ် “ဟုတ်တယ်မှင်စာဟုတ်တယ်ဒါကငါရှာနေတဲ့ပစ္စည်းတွေထည်းကတစ်ခုပဲငါ့ကိုပေးနိုင်မလား” “ပေးနိုင်တာပေါ့ကွာငါလည်းဒီအပင်ကိုထူးဆနိးလို့စိုက်ထားတာမင်းယူသွားပါ” ကျုပ်ကလည်းအပင်ကိုအမြစ်ကနေတူးပြီးတော့လည်း ဆူးတွေကိုသပ်လိုက်တယ် ကျောက်ဓနိပင်ကလည်း အင်ပင်အလုံးလောက်ပဲရှိတာမို့ထမ်းပြီးတော့ထွက်လာခဲ့တယ် မြဒင်နဲ့ဖိုးတုတ်ကလည်းကျုပ်ကိုကြည့်ပီးအံ့သြနေကြတာပေါ့ “ဒါကကျောက်ဓနိပင်လားကွသာလှရ” “အေးဟုတ်တယ်ကွအရှားဆုံးပစ္စည်းကိုတော့ရပြီကွကျန်တဲ့နှစ်ခုကိုပဲရှာရတော့မယ်” ကျုပ်တို့ကလည်းကျောက်ဓနိပင်ကိုထမ်းပြီးတော့လည်းတောသရက်ပင်ကြီးဆီပြန်လာခဲ့တယ် “ဟာဘုန်းကြီးတစ်ပါးပါလားကွ” ကျုပ်တို့ကလည်းတောသရက်ပင်ဆီပြန်ရောက်တော့ ဘုန်းတော်ကြီးတစ်ပါးကိုလည်းတောသရက်ပင် အခြေနားမှာတွေ့ရတယ်လေ “ဒကာလေးတို့က လူတစ်​ယောက်အသက်ကိုကယ်ချင်လု့ိခုလိုရိုးမထည်းကိုရောက်နေကြတာမဟုတ်လား” “တင်ပါ့ဘုရားတပည့်တော်တို့က လူတစ်ယောက်အသက်ရှင်ဖို့အတွက်ရိုးမထည်းကိုဆေးပစ္စည်းတွေလာရှာတာပါဘုရား” “ဒကာလေးတို့ကပစ္စည်းလေးခုလိုအပ်နေတာမဟုတ်လားကျန်တဲ့နှစ်ခုကိုမကြာခင်တွေ့ရမှာပါ” ကျုပ်တို့အားလူံးကလည်းထူးဆန်းနေမိတာပေါ့ ကျုပ်တို့အကြောင်းကိုလည်းအကုန်သိနေခြင်းကြောင့်လည်းဖြစ်ပါတယ် “တင်ပါ့ဘုရားတပည်တော်တို့ကသစ်ပင်အခွာနဲ့ကျောက်ဓနိပင်ကိုရပါပြီဘုရားအရှင်ဘုရားရဲသက်န်း အစလေးများရှိရင်အလှူခံချင်ပါတယ်ဘုရား” “ရပါတယ်ကွယ်ဉီးဇင်းပေးလိုက်ပါ့မယ်ဒါပေမယ့်ဝံသွေးရဖို့အတွက်နဲ့တော့ဝံတို့ကိုမသတ်ပါနဲ့ဝံသွေးကဒကာလေးတို့ရှာပါ း” ဘုန်းတော်ကြီးကလည်း ကျုပ်တို့ကို သက်န်းစလေးတစ်ခုပေးတယ်ပြီးတော့လည်းဝံကိုမသတ်ရန်မှာကြားတာပေါ့ ကျုပ်ကလည်း ဘုန်းတော်ကြီးထံမှရိုသေစွာယူလိုက်ပြီးတော့လည်း ဘုန်းတော်ကြီးကိုရှိခိုးလိုက်တာပေါ့ ကျုပ်တို့ကလည်း

နောက်ဆုံးပစ္စည်းဖြစ်တဲ့ဝံသွေးကိုရဖို့အတွက်လည်း ဝံကိုမသတ်ရဘူးဆိုတော့ဝံသေကိုလည်းလိုက်ရှာရတာပေါ့ “ဟာဟိုမှာဝံသေကြီးမဟုတ်လား” ကျုပ်တို့ကလည်းနှစ်နာရီနီးပါးရှာပြီးတော့လည်း မြဒင်ရဲအလန့်တကြားအော်သံကြားရတာပေါ့ ကျုပ်ကလည်းမြဒင်ဆီကိုသွားကြည့်တော့ ငုတ်ကြီးတစ်ခုရင်ဝမှာစိုက်ပြီးသေနေတဲ့ ဝံတစ်ကောင်ကိုလည်းတွေ့ရတယ်လေ ကျုပ်တို့ကလည်း ဝံကိုသေချာကြည့်လို်က်တော့ သေဆုံးနေပြီလေ ဝံဗိုက်ကကျနေတဲ့သွေးများဗူးနဲ့ခံပြီးတော့လည်း အဖုံးကိုလုံအောင်ပိတ်လိုက်တာပေါ့ “ကဲငါ့ကောင်တို့ရေငါတို့ပစ္စည်းတွေအားလုံးတော့ရပြီရွာကိုပြန်ကြစို့ကွာ” “အေးကွငါလည်းမိန်းမကိုလွမိးနေပြီ” “ဟာကွာမိဘတေကိုလွမ်းမယ်မရှိဘူးမိနိးမကိူလွမ်းတယ်တဲ့တယ်လည်းဟုတ်တဲ့ကောင်” ကျုပ်ပြောလိုက်တော့လည်း မြဒင်ပြန်လည်ပြောလာတဲ့စကားကြောင့်လည်း ဖိုးတုတ်ကအပြစ်ပြောတာပေါ့ “ငါကမင်းတို့ပျောိအောင်တမင်စတာပါကွာငါလည်းရွာပြန်ချင်လှပြီခုနေ့ချင်းပြန်မယ်ကွာ” “အေးကွာငါလည်းဉီးကြီးမောင်သက်သာပြီလားသိချငိနေပိကဲကဲခနတစ်ဖြုတ်နားပြီးရင်ပြန်ကြတာပေါ့” ကျုပ်ကလည်းဉီးကြီးမောင်ကိုကုဖို့ဆေးရပြီဆိုတော့လည်း တွေးရင်းတွေးရင်းခနခနပြုံးနေမိတယ် ကသစ်ပင်အခွံ နဲ့ဝံသွေးကိုလည်း မြဒင်ကကျောပိုးအိတ်ထည်းထည့် ဘုန်းတော်ကြီးသက်န်းစကိုတော့ကျုပ်ကလက်မှာချည်ကျောက်ဓနိပင်ကိုထမ်းပြီးတော့လည်းရိုးမကနေထွက်လာခဲ့တာပေါ့ ကျုပ်တို့ကလည်းကံကောင်းသည်ဟုဆိုရမယ် အလွန်ရှားတဲ့အရာကိုလည်းအရမ်းဝေးဝေးကြီးမှာမရှာရဘဲအနီးမှာတွေ့ခြင်းကြောင့်လည်းဖြစ်တယ် ကျုပ်ကလည်း ရိုးမတောကြီးကိုနှုတ်ဆက်အကြည့်နဲ့ကြည့် ရွာကိုလည်းပြန်လာခဲ့တာပေါ့ဗျာ ဒီနေ့တော့ဒီလောက်ပဲဗျာနောက်နေ့မှဉီးကြီးမောင်ကိုဘယ်လိုကုသလည်းဆိုတာပြောပြတော့မယ်