စုန်းပေါ့သည့်ရွာ

ခတ်ထားသည့်ဟင်းချို ပင်ပါလိုက်သေး၏

မောင်ဆောင်းလဲငါးလေးအိုးကပ်ဟင်းအားနှိုက်ရန်ပြင်လိုက်ရာငါးကလေးများသည်အသက်ရှု၍လှုပ်ရှားနေ၏
မောင်ဆောင်းကကိုယ့်မျက်လုံးပင်ကိုယ်မယုံချင်ဟင်းဖြစ်နေသောငါးကအဘယ်ကြောင့်အသက်ရှင်နေသနည်းဟုစဉ်းစားမိကာအိမ်ရှင်များအားကြည့်လိုက်ရာအစားမပျက်အားပါးတရစားနေကြသည်ကိုမြင်၍ဘာမှမပြောတော့ပဲ
ဟင်းချိုအားခပ်ရန်ပြင်လိုက်ပြန်ရာဟင်းချို ပန်းကန်ထဲကပုဇွန်ဆိတ်ကလေးများကာရေကူးနေသည်မြင်ရပြန်ရာလက်တွန့်သွား၏

မောင်ဆောင်းတွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေသည်ကိုမြင်သဖြင့်အိမ်ရှင်အမျိူ းသားကထမင်းစားနေသောသူ့မိန်းမအားမန်လိုက်သည်။
”’မင်းကတော့ဧည့်သည်လာတာနဲ့ပညာပြချင်နေပြီသွားမင်းနောက်မှစားဧည့်သည်ကိုအသေအချာခပ်ကျွေးလိုက်””
ထိုအခါမောင်ဆောင်းလဲအိမ်ရှင်လင်မယားအားတောင်းပန်ကာထမင်းမစားတော့ပဲပြန်ပြေးလာ၏

ထိုအိမ်ရှင်လင်မယားကတော့ရန်ဖြစ်ကာကျန်နေခဲ့သည်မောင်ဆောင်းကဘုန်းကြီးကျောင်းရောက်တော့ဦးလေးဘန်းကြီးအားအကြောင်းစုံလျှောက်လိုက်၏

””အေးကွဒီရွာကစုန်းပေါတယ်ဆိုတာမင်းလဲသိသားပဲငါတောင်ကြည့်နေရတာမင်းလဲနောက်ကိုသူများကြွေးတာမစားနဲ့ကွတချို့စုန်းတွေကအစွမ်းထက်သကွ””
ထိုရွာပတ်ဝန်းကျင်တွင်လပြည့်လကွယ်ညများ၌မီးလုံးအကြီးအသေးအရွယ်စုံသည်ကောင်းကင်သို့ပျံတက်နေတာမောင်ဆောင်းအထူးအဆန်းမြင်ဘူး၏
ဦးလေးဘုန်းကြီးအားမေးကြည့်ရာစုန်းကစားသည်ဟုဆို၏ထိုဝင်းဝင်းလုံးများသည်ရခိုင်ရိုးမတောင်ခြေနားအထိပျံဝဲနေကာနိမ့်လိုက်မြင့်လိုက်မြင်နေရသည်။

တစ်ရက်တွင်မောင်ဆောင်းကညဘက်မအိပ်သေးသည့်အချိန်တွင်ဘုန်းကြီးကျောင်းဘေးကသရက်ပင်ပေါ်တွင်ရေနွေးပန်းကန်လုံးလောက်ရှိသောဝင်းဝင်းလုံးကလေးအားတွေ့လိုက်ရာဘာလေးပါလိမ့်လို့အနီးကပ်သွားကြည့်လိုက်သည်။

ထိုအခါထိုဝင်းဝင်းအလုံးကလေးသည်သစ်ပင်ပေါ်တွင်အပေါ်တက်လိုက်အောက်ဆင်းလိုက်ဖြင့်လှုပ်ရှားနေရာဘုန်းကြီးအားအမြန်ပြေးခေါ်ကာပြလိုက်တော့မရှိတော့ပေ
ထိုအရပ်မှာနေသောမောင်ဆောင်းအတွက်အန္တရယ်ကိုကြောက်၍ဘုရားစာအားကျက်ထားရသည်။

ဒီလိုနဲ့ဘုရားစာအတော်များများရလာ၏သို့ပေမဲ့အရေးရယ်အကြောင်းရယ်ဆိုမောင်ဆောင်းကျက်ထားသောဘုရားစာများဘယ်ပျောက်ကုန်သည်မသိအောင်ကြောက်လွန်း၏
ညဘက်အိမ်သည့်အခါသရဲခြောက်မည်စိုး၍ရသမျှဘုရားစာများရွတ်၍အိပ်သည်။

ဒီလိုနဲ့နေလာရင်းမောင်ဆောင်းဦးလေးဘုန်းကြီးပျံလွန်တော်မူသွားသောအခါမောင်ဆောင်းအားရွာထဲကလူများကဘုန်းကြီးဝတ်ရန်တိုက်တွန်းကာကျောင်းထိုင်ခိုင်းကြသည်။
မောင်ဆောင်းကသိပ်စိတ်မပါလှပေမဲ့နောက်ဆုံးဘုန်းကြီးဝတ်ကာကျောင်းထိုင်လုပ်၏
တစ်ရက်ရွာထဲကအဖွားကြီးတစ်ယောက်သည်ဘုန်းကြီးအားလာပင့်၏သူအိမ်တွင်နေ့ဆွမ်းကပ်ရန်ဖြစ်သည်။

ဘုန်းကြီးကတော်ရုံတော့မကြွပေမဲ့အဖွားကြီးအားနာ၍ကြွသွား၏
အဖွားကြီးအိမ်ရောက်တော့ဧည့်သည်ဘယ်သူမှမရှိအဖွားကြီးနှင့်သူ့မြေးကလေးသာရှိ၏
ဘုန်းကြီးလဲအဖွားကြီးအရိပ်အခြေအားအကဲခတ်ကာလန့်နေ၏ရွာထဲကလူတွေကအတော်များများစုန်းတတ်သည်ဆိုတော့ဒီအဖွားကြီးများတတ်သလားတွေးနေမိ၏

ဆွမ်းပွဲတွင်ဟင်းကလဲနှစ်ခွက်ထဲသာပါ၏ဟင်းကလဲဘာဟင်းမှန်းခွဲခြားမရပေမေးရမှာလည်းအားနာ၏
ဘုန်းကြီးလဲထိုဟင်းများကိုမစားရဲပေဘုန်းကြီးအခြေအနေအားအဖွားကြီးကသဘောပေါက်သဖြင့်ဘုန်းကြီးအားလျှောက်လိုက်၏

”’အရှင်ဘုရားကစုန်းပြုစားမှာကြောက်လို့လားးစုန်းကောအသေအချာမြင်ဘူးလို့လားး””
””မဟုတ်ပါဘူးတကာမကြီးရယ်-စုန်းလည်းမမြင်ဘူးပါဘူး—စုန်းပညာလဲကောင်းကောင်းမသိပါဘူး”’
‘ ‘
”’ကောင်ပြီဒါဆိုအရှင်ဘုရားကိုစုန်းပညာပြရတာပေါ့””
ထိုအဖွားကြီးကထိုသို့ပြောကာသူ၏ထမိန်အားခြုံလိုက်သည့်အခါလင်းတကြီးတစ်ကောင်ဖြစ်၍သွားကာ
အိမ်ထဲတဟုန်ထိုးအိမ်ပြင်သို့ပျံတက်သွား၏ထိုအဖြစ်ကိုကြည့်ရင်းဘုန်းကြီးမောင်ဆောင်းစိတ်ဂယောင်ခြောက်ခြားဖြစ်၍သွားလေသည်။

ထိုအကြောက်လွန်သောစိတ်ရောဂါဖြင့်ပင်ဘုန်းကြီးသည်ပျံလွန်တော်မူသွားလေသည်။
ထိုအဖြစ်အပျက်သည်ကြာခဲ့ပေမဲ့ထိုဇတ်လမ်းကိုတော့ထိုရွာသို့ရောက်လာသောဘုန်းကြီးအတော်များများကပုံပြင်သဖွယ်သိထားကြလေသည်။

အခြေအနေနဲ့အချိန်အခါသည်ပြောင်လဲတိုးတက်နေသောယခုခေတ်ကြီးမှာတော့ထိုအဖြစ်အပျက်များလည်းရှိတော့မည်မထင်ပါ
သို့ပေမဲ့ဆန်းကြယ်သောဖြစ်ရပ်များသည်လိုက်၍မမှီအောင်များပြားလှပေသေးသည်။
မှားတာရှိလျှင်ပြင်ဖတ်ပါမျက်လုံးရှန်းသောကြောင့်ဖြစ်သည်။
ပြီး
D Moe Moe
ll