“လာထိုင်ကွဲ့…” “ဟုတ်ကဲ့ခင်ဗျ…” “နေကပူပါဘိနဲ့ကွယ်… ဘယ်ကနေများလာခဲ့ရတာလဲ” “ကျုပ်က ပူကင်းရွာကလာတာပါ…” ဟုပြောရင်းဝါးခမောက်ကိုချွတ်လိုက်သည်။ “ဟူးး…” နဖူးမှချွေးများကိုလက်ဖြင့်သပ်ချရင်းဝါးခမောက်ကို ယပ်တောင်သဖွယ်ခတ်လေတော့… “မိဝင်း…ဒီကလေးကိုယပ်တောင်ပေးလိုက်စမ်းဟဲ့…” “ဟုတ်ကဲ့အမေ …ငါ့တူ…ဒီယပ်တောင်ယူပြီးခတ်” “ဟုတ်ကဲ့” ဒေါ်ဝင်းကသူကိုင်ထားသော နှီးယပ်တောင်လေးကို ပေးလိုက်သည်။ “ကဲ…ရေနွေးလေးလည်းသောက်ဦးကွဲ့… လာရင်းကိစ္စကနောက်မှပြော… အခုတော့အရင်အမောဖြေဦး…” “ဟုတ်ကဲ့” ဘွားမယ်စိန်က ဧည့်သည်ကိုရေနွေးပန်းကန်ပေးလိုက်သည်။ အညာသူ…အညာသားတို့၏ထုံးစံအတိုင်း နေပူထဲမှလာသူကိုရေအေးမတိုက်ဘဲ ရေနွေးပူပူကိုသောက်စေသည်။ ဒါမှလည်းနေသာထိုင်သာရှိကြပုံရ၏။ အမောဖြေပြီးလေတော့လည်း… “ပူလိုက်တာဗျာ…” ဟုငြီးတွားပြန်သည်။ “ပူတာကတော့​ပြောမနေနဲ့ကွယ်… လယ်ကွက်တွေထဲမှာမြေကြီးတွေတောင်ခြောက်ပြီးကွဲတောင်နေပါပေါ့လား…” “ဟုတ်ပါ့ဗျာ…အယ်ဗျာ… အမောဖြေရင်းနဲ့လာရင်းကိစ္စကိုတောင်မေ့နေလိုက်တာ…” “အခုသတိရရင်ပြောပေါ့… ဘွားတို့ကမောင်ရင်အမောပြေတာကို စောင့်နေတာကွဲ့” “ဟုတ်ကဲ့…ကျုပ်နာမည်ကထွေးမောင်လို့ခေါ်ပါတယ်ခင်ဗျာ… အခုလာရတာကလည်းအရေးကြီးပါတယ်… ...

” ကိုစိုင်းပြောတာကို နားထောင်ရင်း ဘဝသံသရာတံတားကြီးကိုငေးကြည့်ကာ ခရီးဆက်လက်ထွက်ခွာလာခဲ့ကြသည်။ ဒီနေရာဒီဒေသမှာနေတဲ့သူအဖို့ကတော့ ထိုမျှလောက်မထူးဆန်းတော့ပေမယ့် တနယ်ရပ်ခြားက ကိုညာအတွက်တော့ အထူးအဆန်းပင်။ ထိုနေရာမှလွန်သော်…. တစ်ဖက်တစ်ချပ်စီ၌ ထင်းရှူးပင်တွေစီတန်းနေတဲ့ ကားလမ်းမကြီးအတိုင်း အချိန်အတော်ကြာ မောင်းနှင်လာပြီးနောက် ကလောမြို့ကိုကျော်ကာ အောင်ပန်းမြို့ထဲရောက်သည်။ ထိုမှတဆင့် မြသပိတ် ရေပြာအိုင်၊ မိန်းမရဲတောင် စသည်တို့ဖြင့် နာမည်ကြီးသော ပင်းတယမြို့ထဲသို့ ချိုးကွေ့ကာ ခရီးဆက်ကြရသည်။ ပစ္စည်းအပြည့် တင်ဆောင်လာသော ထိုကားကြီးမှာ တောင်တန်းတွေကြားက ဖြတ်မောင်းလိုက်လျှင် တောရိုင်းပန်းလေးတို့ရဲ့အလှအပနဲ့အတူ လေနုလေအေးလေးတို့ရဲ့ ထိတွေ့မှုကို ခံစားရသလို၊ လယ်ကွင်းတွေကြားက ဖြတ်လိုက်လျှင်လည်း ဂေါ်ဖီထုပ်၊ ပန်းမုန်လာ၊ ...

“မပြန်ပါနဲ့အုံးလား၊ ကိုအလတ်ကောင်ရာ၊ ကွေးကောက်ပွဲမှာ ကျုပ်ခွန်းထောက်သဖြန်ဆိုတာလေး ကြည့်သွားပါအုံးလား” “မရတော့ဘူး ချိုတူးရဲ့ ဦးဘသာက ပြန်မယ်လို့ပြောနေပြီမဟုတ်လား” “ဦးဘသာပြန်ရင်လည်း ပြန်ပါစေပေါ့ဗျာ၊ ကိုအလတ်ကောင်မပါရင် ကျုပ်အားမရှိဘူး” ချိုတူးကတော့ ရတဲ့နည်းနဲ့တားနေတာပဲ၊ ကျုပ်လည်း ဘာမှမပြောတော့ဘဲ ဦးဘသာကိုမေးငေါ့ပြလိုက်တယ်၊ ချိုတူးက ဦးဘသာကိုတော့ ကပ်မပြောရဲဘူးဗျ၊ ဦးလူလှက ဒါကိုရိပ်စားမိတယ်။ “အချိန်ရတယ်ဆိုရင်ဖြင့် ကျုပ်တို့နဲ့ကွေးကောက်ရွာလိုက်ခဲ့ပါလား ကိုဘသာရာ၊ ကွေးကောက်မှာ ကျုပ်တို့ဆိုင်းတီးတာကြည့်သွားပေါ့၊ ဆိုင်းတို့ ပွဲတို့ဆိုတာ ကြည့်ရခဲတယ်မဟုတ်လားဗျ၊ ရောက်တုန်းရောက်ခိုက် လိုက်ခဲ့စမ်းပါ” ဦးဘသာက တစ်ချက်စဉ်းစားပြီးတော့ “လိုက်တော့လိုက်ချင်ပါတယ်ဗျာ၊ ဒါပေမယ့် နွားတွေကလည်းရှိသေးတယ်မဟုတ်လား၊ တို့ကလည်း ဇီးကုန်းပြန်ရမှာကိုး” ...

မိန်းမကြီးကိုက်ခဲတာ ကိုခံရတော့သည် သူကိုက်လျင် အတော်ကြာအောင်ကိုက်ခဲထား ပြီးမှပြန်လွတ်တော့သည် ကိုက်ပြီး ရင်လည်းအခန်းထဲကနေတလှမ်း ခြင်းလှမ်းပြီးထွက်သွားတတ်သည် တစ်လပြည့်တော့မည်ကျနော်ဖျားတာ ဆရာဝန်လည်းလက်လျော့ထားတဲ့ပုံ အမျိုးတွေကိုအကြောင်းကြားပြီခေါ်ထားပြီ ဖြစ်သည် ကျနော်မျက်လုံးတောင်နည်းပဲဖွင့်နိုင်တော့တဲ့ အခြေနေရောက်သွားပြီကောအမေကတော့အမြဲငိုနေတယ် ဒါနဲ့ကျနော်ရဲ့ဦးလေးလည်းရောက်လာတယ် သူကပယောဂတွေကုတတ်တယ် သူအိမ်ရောက်တာနဲ့ကျနော်ကိုလာကြည့်တော့ မဟုတ်သေးဘူးဒါကရိုးရိုးတန်းတန်းဖြစ်တဲ့ရောဂါမဟုတ်ဘုူး ငါ့တူလေးစုန်းစာဖြစ်နေတာစုန်းစာဆိုတာ စုန်းတွေစားတဲ့အစားအစာပေါ့ ကျနော်အဖေကိုခေါ်ပြီးပြောတယ် အဖေကလည်းခွင့်ပြုတယ်အထက်လမ်းဖြင့်ကုဖို့ကို မထူးတော့ဘူး ကောင်းမယ်ဆိုဘာဖြစ်ဖြစ်လုပ်မယ်ပေါ့ ညရှစ်နာရီလောက်ပေါ့ ဦးလေးက ဘေးမှာထိုင်ပြီးကျနော် နဖူးကိုကိုင်ပြီးဘုရားစာရွှတ်နေသည် ကျနော်အားပြည့်လာသလိုခံစားနေရသည် ဦးလေးဘုရားစာရွှတ်နေတုန်း ဘယ်ဘက်ကမှန်းမသိတဲ့ မိန်းမတယောက်ရဲ့ကျယ်လောင်စွာအော်ရီသံကို ပတ်ဝန်းကျင်တခုလုံးကြားလိုက်ရသည်သူရီသံက အတော်ခြောက်ခြားဖို့ကောင်းတယ်ဗျ အားလုံးကြားရသည် ဦးလေးက ဘုရားစာကိုဆက်ရွှတ်နေသည် ရီသံမာခနနေတော့ပျောက်သွားပြန်သည် ဦးလေးမျက်လုံးဖွင့်လာပြီးမရဘူး ပညာအရမ်းမြင့်နေပြီ ...

ပေါ့လေ။ ရှင်သူ့ကိုဘယ်လောက်ပဲချစ်ချစ် တချိန်မှာရှင်ကကျွန်မအပိုင်ပဲ ဖြစ်လာစေရမယ်၊ရှင်စောင့်ကြည့်နေပါ ကိုမြင့်နိုင် ” မြနှင်းဆီရင်ထဲမှ ရက်စက်သည့် အငြိုးအတေးများကဖုံးလွှမ်းနေ တော့သည်။ ================== “ဟိတ်…” “အမယ်လေး ကိုရယ်လန့်သွားတာပဲ” “စောင့်နေရတာကြာပြီလား မွှေး” “သိပ်မကြာသေးပါဘူး ကိုရယ်” “ကိုယ်လည်းအိမ်မှလုပ်စရာလေးတွေ ရှိနေသေးလို့ နည်းနည်းကြာသွားတာ ခွင့်လွှတ်နော် မွှေး” “ရပါတယ်ကိုရယ် မွှေးစိတ်ထဲဘယ်လိုမှသဘောမထား ပါဘူး။ “မွှေးကိုကြည့်ရတာ တစ်နေ့တခြား ပိုပိုလှလာတယ်ကွာ၊စိတ်တောင်မချ နိုင်အောင်ဖြစ်နေပြီကွာ။ မွှေးကိုအမြန်ဆုံးပိုင်ဆိုင်ချင်ပြီ” “ကိုရယ်အဲလောက်လည်း မြှောက်ပင့်မနေပါနဲ့၊စိတ်မချစရာ ဘာရှိလဲ။ မွှေးကကိုတစ်ယောက်တည်းကိုပဲ တစ်ဘဝလုံးစာအတွက်ရည်ရွယ်ပြီး ချစ်တာပါ” “တကယ်ပြောတာလားမွှေး” “တကယ်ပေါ့ကိုရဲ့ ကိုသာမွှေးကို ...

ရောက်ရန်အတွက်အသော့နှင်လိုက်ပါတော့သည် ။     ◾အခန်း (၂)      “တန်မှတန် “     ထိုနာမည်သည် မြိုင်တောမြို့သို့ သွားသည့်လမ်းမှ ထမင်း ဆိုင်တဆိုင်၏ နာမည် ဖြစ်သည်။တန်မှတန် ‌ထမင်းဆိုင်လေးသည် ယခုအချိန်တွင် စားသုံးသူအနည်းငယ်နှင့် တိတ်ဆိတ်ခြောက်ကပ်လို့ နေသည်။မြင်းလှည်းလေးတစီး ထိုဆိုင်ရှေ့သို့ ရပ်လာ၏။ မြင်းလှည်းသမားမှာ ကိုငြိမ်းမောင်ဖြစ်ပြီး  မြင်း လှည်းပေါ်မှ ဆင်းလာသောလူနှစ်ယောက်မှာ ဦးကျော်လှိုင်နှင့် ပေတူး ဖြစ်သည်။ပေတူးသည် တိတ်ဆိတ်နေသော ထိုထမင်း ဆိုင်ကို တလှည့် ယခုဆိုင်နှင့် မျက်နှာချင်းဆိုင်နေရာတွင်ရှိသော လမ်းတဖက်ခြမ်းမှ လူများစည်ကားနေသော ဆိုင်ကို ...

မိန်းမခမျာ မနေသာတော့..။ ရပ်ကွက်ထဲမှ မိန်းမဖော်များနဲ့ အချင်းချင်းတိုင်ပင်ရင်း နတ်မေးရတော့သည်..။(…) ၃ လမ်းမှ နတ်ကတော်က တော်တော်နာမည်ကြီးသည့်အချိန်..။ခေါ်မေးတာနှင့် တန်းပြောတာက သိုက်က စိတ်ဆိုးနေကြောင်းနှင့် ယူလာသော အုတ်ခဲကျိုးများပြန်ထားဖို့..။ လှည်းလိုက်ပြန်ယူကာ ထားပေးပြီး ကန်တော့ပွဲနဲ့တောင်းပန်မှ ဦးသာဒွန်းရဲ့ယားနာတွေပျောက်သွားရသည်..။ နောက်တစ်ခါကြုံတာက ချောင်းဘေးရွာမှ ဦးစိုကြီး..။ သူတို့မိသားစုမှာက တစ်ဧကလောက်ကျယ်သည့် ကိုင်းကွက်တစ်ကွက်ရှိသည်..။ ကိုင်းကွက်ရဲ့ အရှေ့မြောက်ထောင့်မှာဝါးရုံ ရှိကာ ဝါးနက်ဝါးရုံဖြစ့သလို ဝါးပင်များပုံက တိုးမပေါက်သည်အထိ..။ ကိုင်းကွက်ရဲ့ အနောက်ဘက်တည့်တည့်မှာကျ တောင်ပို့ တစ်ခုရှိကာ အမြဲရှင်းထားသလို လပြည့်လကွယ်တိုင်းဖယောင်းတိုင် အမွှေးတိုငိပူဇော်နေကြ…။ ဦးစိုကြီးမှာ သားနှစ်ယောကိ ...

ဗန်ဒါပင်နဲ့ ခေါင်းကို ပြေးဆောင့်ပါလေရော။ “ ဒုန်း… ခွပ်…” ဖြာခနဲထွက်လာတဲ့ သွေးတွေကြောင့် ငဆန်းမျက်နှာတစ်ခုလုံး ရဲရဲနီသွားခဲ့တယ်။ အဲဒီတော့မှ ဖိုးလုံးလဲ ငဆန်းကို ပြေးဆွဲပြီး ပတ်ဝန်းကျင်ကို အကူအညီတောင်းခဲ့ရတယ်။ ဖိုးလုံးအော်သံကြောင့် အနီးနားကလူတွေ ပြေးလာပြီးဝိုင်းဆွဲကြတဲ့ထိကို ငဆန်းက ခေါင်းနဲ့ ပြေးဆောင့်ဖို့ ဟန်တပြင်ပြင်ဖြစ်နေခဲ့တယ်။ “ ဒါ အပမှီနေတာပဲ… ပရိတ်ရေသွားယူကြစမ်း” ဦးတိုးကြီးစကားကြောင့် အနားမှာရှိနေတဲ့သူတွေက အိမ်မှာရှိတဲ့ပရိတ်ရေဘူးတွေကို ယူလာပြီး ငဆန်းရဲ့ ခေါင်းပေါ်ကနေ လောင်းချလိုက်ရာ တစ်ကိုယ်လုံး ဓါတ်လိုက်သလိုတုန်ရီလာပြီး အရုပ်ကြိုးပြတ်လဲကျ သွားခဲ့တယ်။ “ ငဆန်း… ...

ငါ့သားကရော တွေးမိတာလား” “ဟုတ်တယ်အမေ…ကျုပ်တော့ ဆရာလေးဘာလေးရှာပြီး အစ်မကိုစမ်းကုပေးရင်ကောင်းမလားလို့ဗျာ ” “အေးပါသားရယ်…မင်းစုံစမ်းပြီးသာပင့်ခဲ့စမ်းပါ…။ အမေ မင်းအဖေကိုပြောထားပေးမယ်” “ဟုတ်ပြီအမေ…ဒါဆို ကျုပ်ရှာပင့်ခဲ့မယ်ဗျာ…” “အေး…အေး…သား…ပင့်သာပင့်ခဲ့နော်” မိနွယ်၏မိဘများ မိနွယ်အား ဆရာများနှင့်ခေါ်ကာ မေးကြမြန်းကြဖြင့် ကုသကြသည်။ သို့သော် အကြောင်းမထူးခဲ့။ တစ်နေ့မှာတော့ဖိုးသော်တစ်ယောက် သူငယ်ချင်းတစ်ဦးပေးသော သတင်းကြောင့်…”သောင်ထွန်းရွာ”ဆီသို့ ခရီးထွက်လာခဲ့တော့လေသည်။ ထိုခရီးသည် မိနွယ်အတွက်ပင်ဖြစ်ပေသည်။ “အိမ်ရှင်တို့…အိမ်ရှင်တို့ရှိလားခမျ” “ရှိတယ်ဝေ့…ဝင်ခဲ့လေဝိုင်းထဲကို” “ဟုတ်ကဲ့ဗျ” ဒေါ်ဝင်း ခြံအပြင်မှအော်သံကြောင့် မည်သူမှန်းမသိ၍ ဝိုင်းထဲသို့ဝင်လာခိုင်းလိုက်သည်။ ဝိုင်းထဲဝင်လာသော လူရွယ်အား ဒေါ်ဝင်းမျက်မှောင်ကျုံ့ကြည့်လိုက်၏။ ထိုလူငယ်အားသူတစ်ခါမျှမမြင်ဘူးပေ။ “ဘယ်သူများတုန်းကွဲ့” ဒေါ်ဝင်း၏အမေး​ကြောင့် ဒေါ်ဝင်းထိုင်နေသောကွပ်ပျစ်အနီးဆီသို့ရောက်လာခဲ့သည့်လူရွယ်သည်… “ကျုပ်အမည်ကဖိုးသော်ပါ…မကျီးတောရွာကလာတာပါ။ ...

ကွဲသွားတဲ့အလယ်နားမှာ မုန့်ဖိုကလေးဖွင့်၊ ဈေးတွေရောင်းရာကနေ တဖြည်းဖြည်းစည်ကားပြီးတော့ ရွာကလေးလိုဖြစ်သွားတာပဲဗျာ။ လှည်းလမ်းနှစ်ခုကလည်း နှယ်နှယ်ရရမဟုတ်ဘူးဗျ။ အရှေ့ဘက်သွားတဲ့ လှည်းလမ်းကြီးကိုတော့ နိဗ္ဓာန်လမ်းလို့ ခေါ်ကြသဗျ၊ အဲဒီကနေဆက်သွားရင် နိဗ္ဗာန်တိုက်နယ်ကိုရောက်တယ်၊ အဲဒီမှာလည်း ရွာဆယ်ရွာလောက်ရှိတယ်ဆိုတော့ ဒီလမ်းကြီးက အဲဒီရွာတွေကိုသွားတဲ့ အဓိကလမ်းမကြီးပေါ့ဗျာ။ တစ်ဖက်က လမ်းကျတော့ ပေတောရွာနဲ့ ကားလမ်းမရှိတဲ့ တာဆုံနဲ့ကို ချိတ်ထားတဲ့လှည်းလမ်းပေါ့ဗျာ၊ အဲဒီလမ်းကတော့ မြို့ကိုသွားမယ့်သူတွေ၊ မြို့ကနေပြန်လာတဲ့သူတွေနဲ့ စည်ကားတဲ့လမ်းပေါ့၊ ကျုပ်တို့ရွာကနေ ကားစီးချင်ရင်တော့ တန်းမြင့်ရွာကနေသွားစောင့်စီးကြပေမယ့် ပေတောရွာဘက်က လူတွေကတော့ အဲဒီလှည်းလမ်းကြီးကနေတဆင့် တာဆုံကြီးဆီထွက်ပြီး ကားစီးကြတာကိုး၊ တာဆုံနဲ့ တန်းမြင့်က တစ်မှတ်တိုင်လောက် ဝေးတာပေါ့၊ ...