မဟုတ်။ကိုအောင်နှင့် အစေးမကပ်လှသော မမြတ်နိုးပင်ဖြစ်လေ၏။ မမြတ်နိုးတို့ခြံက မျက်နှာဖွင့် ပေ၄၀၊ အလျား ပေ၇၀ရှိလေ၏။ ထို့ကြောင့် မျက်နှာဖွင့် ပေ၂၀ အကန့်ခွဲကာ ၊ တထပ် ပျဉ်ထောင်အိမ်ငယ်လေး တလုံး ဆောက်လုပ်ပြီး အိမ်ငှားစားခြင်း ဖြစ်သည်။ တထပ်ပျဉ်ထောင်အိမ်လေးသည် ၉ပေခန်း လေးခန်းဖြင့် ဆောက်လုပ်ထားခြင်း ဖြစ်သည်။ ထိုပျဉ်ထောင်အိမ်၌ အိပ်ခန်း ၂ခန်းပါရှိသည်။ထို့အပြင် အနောက်တွင် အဖီဆွဲထားသော မီးဖိုခန်းပါဝင်၏။ နေချင်စဖွယ် သပ်သပ်ရပ်ရပ် ရှိသည်။ရေလောင်းအိမ်သာကို ခြံအနောက်၌ တသီးတသန့် ဆောက်လုပ်ပေးထားသည်။ ရေလောင်းအိမ်သာနှင့်တွဲလျက်တွင် အုတ်ရေချိုးကန်တလုံး ပါရှိ၏။ မီးဖိုခန်းမှာ ...

အတိုင်းလက်ချောင်းများဖြင့်ပလက်ကင်(Plucking)တီးခတ်ကာ စိုင်းထီးဆိုင်၏သီချင်းတစ်ပုဒ်ကို သီဆိုလိုက်ပါသည်။ “× × × ဝါသနာထက် × × × ဝမ်း ရေးခက်တော့ × × × ဒီသီချင်းဟာ × × × ငါ့ရဲ့ နောက်ဆုံး× × × သီချင်းဖြစ်ချင်ဖြစ်မယ်× × မပြောတတ်ဘူး× × × ဟိုအရင်ကလို ဖက်ခွက်စားလို့× × ×အခေါ်မခံရတာ× × ×တစ်ခုကလွဲရင်လေ × × ×ကိုယ့်ဘဝ ဟာ × xလုံးဝx ...

မဟုတ်လား” “ဟုတ်ပါပြီ ဦးဘဖြူရာ၊ ရော့ ငွေအစိတ်၊ ဟုတ်ပြီလား” အဖေက အိပ်ထဲက ပိုက်ဆံနှိုက်ပြီး ဖလားထဲကိုထည့်လိုက်တော့တယ်၊ ဦးဘဖြူက ဖလားကိုတချွင်ချွင်ခေါက်ပြီးတော့၊ အဖေ့ကိုဆုတွေပေးတယ်။ ပြီးတော့ ကျုပ်ဘက်ကိုလှည့်လာတယ်။ “အလတ်ကောင် မင်းလည်းလှူအုံး” “ဟာဗျာ၊ ကျုပ်ဖာသာကျုပ်ခွေးတစ်ကောင်ကို ထမင်းကြမ်းခဲပစ်ကျွေးလိုက်မှာပေါ့၊ မလှူနိုင်ပါဘူးဗျာ” “မရှိလို့မလှူ၊ မလှူလို့မရှိတဲ့၊ မင်းအခုမွဲနေတာ အလှူအတန်းမလုပ်လို့ကွ” ကျုပ်လည်း စိတ်ထဲတော့ ဒေါသထွက်သွားတာပေါ့ဗျာ၊ ဦးဘဖြူက ကျုပ်ကိုသေချာကြည့်ပြောပြီးတော့ ပြုံးဖြီးဖြီးနဲ့ထွက်သွားပါရောဗျာ၊ ကျုပ်လည်း အဖေ့ကိုကြည့်ရင်း “အဖေရာ၊ ဒီလူကြီးကတော့ အားနေရင် အလှူခံဆင်းနေတာပဲ၊ ပြီးတော့ သူလှူပါတယ်ဆိုပြီးတော့ နာမည်ကောင်းက ...

အမိုးအကုန်ကျွတ်ထွက်သွားရောပဲ” “ဟောကွာ၊ ဘိုးသက်ရှည်တို့အိမ်အမိုးက ကြက်နင်းတွေအုပ်ထားတယ်မဟုတ်လားကွ” ကြက်နင်းဆိုသည်မှာ အိမ်ခေါင်မိုးပေါ်တွင်အုပ်သည့် ဝါးကပ်အကွက်ကိုပြောဆိုခြင်းဖြစ်သည်။ လေထန်မိုးများသည့် ကိုသက်ကိုတို့ဒေသတွင် အိမ်ခေါင်မိုးပေါ်သို့ ထိုသို့ကြက်နင်းများ အုပ်ဆိုင်းထားမှသာ ဓနိမိုးများမှာ လေအတိုက်ခံနိုင်လေသည်။ အချို့မှာ သွပ်မိုးပင်ဖြစ်သော်လည်း အိမ်ခေါင်မလန်စေရန် ဝါးလုံးများနှင့် ညှပ်အုပ်ထားတတ်ကြသေးသည်။ “ကြက်နင်းတော့ အုပ်ထားတာပဲကွ၊ လေကလည်း ထန်တာပါတာပေါ့ကွာ၊ အဲဒါ လုပ်အားပေးလိုနေလို့ ငါကမင်းကိုလာခေါ်တာကွ” “အေးပေါ့လေ၊ ဘိုးသက်ရှည်က တစ်ယောက်တည်းနေတာမဟုတ်လားကွ” “မြန်မြန်လာ သက်ကိုရေ၊ ရွာထဲမှာ လုပ်နိုင်ကိုင်နိုင်တဲ့လူ၊ ပြီးတော့ ရပ်အကျိုးရွာအကျိုးဆောင်ရွက်တတ်တဲ့လူဆိုလို့ မင်းတို့ငါတို့ပဲရှိတာမဟုတ်လားကွ၊ အခု ဘိုးသက်ရှည်အိမ်ကို မိုးလုံအောင်လုပ်ပေးမယ်၊ ရွေ့သင့်ရင်ရွေ့မယ်ကွာ၊ ...

တက်လာလေသည်။ “ကိုရင်တိဘ ဒီဆွမ်းချိုင့်ကို ဆွမ်းစားဆောင်မှာ သွားထားလိုက်” “တင်ပါ့ဘုရား” ကိုရင်တိဘလည်းဆရာတော်ကြီး၏ ရှေ့၌ရှိသောဆွမ်းချိုင့်အား ယူလိုက်လေသည်။ ထိုအချိန် ကိုရင်တိဘနှင့်သံသာတို့ မျက်လုံးခြင်းဆုံမိကြလေသည်။ ကိုရင်တိဘကသံသာအား ရယ်ပြသည့်အတွက် သံသာလည်းပြန်ပြီးပြုံးပြလိုက်သည်။ “အဟမ်း” ဆရာတော်ကြီးကချောင်းဟန့်လိုက်သဖြင့် ကိုရင်တိဘလည်း ဆွမ်းချိုင့်အားအမြန်ယူကာ ကျောင်းပေါ်မှဆင်းသွားလေသည်။ ============== နောက်တစ်နေ့ သံသာတစ်ယောက် ဈေးဝယ်ရန်အိမ်မှထွက်လာခဲသည်။ ဘုန်းကြီးကျောင်းရှေ့မှဖြတ်ကာဈေးသို့သွားစဉ် ကိုရင်တိဘနှင့်ဆုံမိကြလေသည်။ “ဒကာမလေးဘယ်သွားမလို့လည်း” “တပည့်တော် ဈေးသွားမလို့ပါ ကိုရင်” “ဒကာမလေးရဲ့ အမေ မပါဘူးလား” “တင်ပါ့ အမေက သိပ်နေမကောင်းလို့ တပည့်တော်မပဲသွားဝယ်ရမှာကိုရင်”   သံသာလည်းထိုမျှသာပြောပြီး ထွက်လာခဲ့သည်။ ...

တဲ့ မြေကျင်းကို ဘေးကနေ ပိတ်စအနက်နဲ့ ကာလိုက်တယ်။ တောမှာက နဂိုကတည်းက ဝါးလုံးတိုင်တွေ စိုက်ထားတာဗျ။ ကန်တော့ပွဲတွေကလည်း သုံးပွဲလောက် ထိုးထား တာဗျို့။ဖယောင်းတိုင်တွေကလည်း ကန်တော့ပွဲတွေမှာ ထွန်းထားလိုက်တာ လင်းနေတော့တာပေါ့ဗျာ။ လူတွေဆိုတာ ဘာဖြစ်မလဲ သိချင်လို့ ဝိုင်းအုံတိုးပြီး ကြည့်ကြတာဗျာ။အဲဒီမှာတင် ဆရာမစောနန်းနွယ်က စကားတွေ ဝေဝေဆာဆာပြောပြီး ဆေးတွေဝါးတွေ ရောင်းသေးတာဗျ။လူတွေကလည်း ဝယ်ကြတာပေါ့ဗျာ။ ပြီးတော့မှ သူရဲ့ဆေးကြိမ်လုံးနဲ့ ဟန်ပါပါ မန်းမှုတ်ပြီး မြေကြီးကို ဖြန်းကနဲ ရိုက်လိုက်တာ။မြေကျင်းကို ဖို့ထားတဲ့ သဲတွေ ဖွားကနဲ မြောက်တက်သွားပြီ စောစောက ကောင်မလေးကို ...

သည်။ ယင်းလည်းသူမကသိပ်ဂရုစိုက်လှသည်မဟုတ်ချေ။ ‘ငွေရေးကြေးရေး နှင့်ပတ်သက်လျှင်မည်သူ့ကိုမှအားမနာနိုင်’ဟုအမြဲတွေးနေတတ်သူဖြစ်သည်။ အိမ်သို့ပြန်ရောက်တော့ဒေါ်နုယဉ်က “ဘယ်လိုလဲသမီး..ရခဲ့ရဲ့လား” “မရဘူးအမေ။ဒါပေမယ့် ညနေရောက်ရင်လာဆပ်မယ်လို့တော့ပြောတယ်” “ဟုတ်လား. ဒါဆိုလည်းပြီးတာပဲအေ” ဒေါ်နုယဉ်အိမ်ပေါ်သို့တက်သွားသည်။ ညနေအချိန်သို့ရောက်တော့ဒေါ်တုတ်သည်မြင်းလှည်းပေါ်၌ဝက်မဒန်းမ…တစ်ကောင်တင်ပြီးဒေါ်နုယဉ်၏အိမ်ရှေ့သို့ရောက်လာသည်။ ပြီးနောက် “မနုရယ်..ကျွန်မမှာပိုက်ဆံမရှိသေးတာမို့ဒီဝက်မလေးပဲအကြွေးနဲ့နှိမ်ပြီးယူထားလိုက်ပါ.ကျန်တဲ့ပိုက်ဆံကိုတော့လ.ကုန်ရင်လာပေးပါ့မယ်” ထိုအခါဒေါ်နုရီမှာထုံးစံအတိုင်းအားနာပြီးမျက်နှာမထားတတ်အောင်ဖြစ်သွားရသည်။ ယင်းအခြေအနေကိုရိပ်မိတော့သီသီစိုးကကြားဖြတ်ပြီးဝင်ပြောသည်။ “ကောင်းပြီလေ.ကျွန်မတို့ယူထားလိုက်ပါမယ်။အဒေါ်ပြောတဲ့အတိုင်းကျန်တဲ့ငွေကိုတော့လကုန်ရင်လာဆပ်ဖြစ်အောင်ဆပ်လှည့်ပါ” “စိတ်ချပါ ကွယ်”ယင်းသို့ဆိုပြီးနောက် ဒေါ်တုတ်ကမြင်းလှည်းဆရာကိုအကူအညီလှမ်းတောင်းသည်။ “ငါ့တူ..အဲ့ဒီ ဝက်မလေးကိုအိမ်အောက်ပို့ပေးလိုက်ပါကွယ်” “ဟုတ်ကဲ့အဒေါ်” မြင်းလှည်းဆရာလည်းဝက်မဒန်းလေးကိုအောက်ချပြီးအိမ်အောက်သို့ဆွဲခေါ်လာခဲ့သည်။ ပြီးနောက်လည်ပင်းမှကြိုးဖြင့်တိုင်တစ်တိုင်တွင်ချည်ပေးထားလိုက်သည်။ ထို့နောက် ဒေါ်တုတ်က “ကဲ.အိမ်မှာကလေးတွေချည်းကျန်ခဲ့လို့..ပြန်လိုက်ပါဦးမယ်” “ဟုတ်ကဲ့” ဒေါ်တုတ်နှင့်မြင်းလှည်းဆရာပြန်ထွက်သွားသည်။ ထိုအခါမှဒေါ်နုယဉ်ကသီသီစိုးကိုမေးလေသည်။ “သမီး..နေ့လည်တုန်းကဒေါ်တုတ်ကိုဘယ်လိုပြောပြီးအကြွေးတောင်းတာတုံး” “ဒီညနေလာဆပ်ဖြစ်အောင်ဆပ်လို့..မဆပ်ရင်အဆိုးမဆိုနဲ့လို့.ပြောပြီးတောင်းလိုက်တာ”.. ဒေါ်နုယဉ်သက်ပြင်းချမိသည်။ “ညည်းနှယ့်အေ..ကောင်းကောင်းမွန်မွန်ပြောပြီးတောင်းပါဆို.ခုတော့မျက်နှာပျက်စရာတွေဖြစ်ကုန်ပြီ” ထိုအခါသီသီစိုးက “လုပ်ပြန်ပြီ။အမေအဲ့ဒါကြောင့်အမေ့အကြွေးတွေဆုံးတာ။ရစရာရှိတာတော့ဒဲ့ပြောပြီးတောင်းရမှာပဲ” ပြောပြီးသည့်နောက်သီသီစိုးသည်ဝက်ခြံရိုက်ရန်အတွက်ရပ်ကွက်ထဲမှဝါးဆိုင်သို့ထွက်သွားလေသည်။ တကယ်တေ့ာမရ..ရတာယူမည်ဆိုသည့်သဘောဖြင့်ဝက်မဒန်းမလေးကိုယူထားလိုက်သည်ဆိုပေမင့်သီသီစိုးအတွက်အလွန်အလုပ်ရှုပ်ရသည်။ မနက်ရောက်ပြီဆိုလျှင်ဝက်ခြံကိုသ့န်ရှင်းရေးလုပ်ရသလို၊ဝက်စာကိုလည်းကြိုချက်ရသည်။.. ...

ဒီလို လင်ယောကျ်ားမျိုးနဲ့ ထပ်မဆုံပါစေနဲ့ လို့ နင့်အမေ ငါ..ဆုတောင်းပေးပါတယ် “” အမေနာရေးမှာ နယ်မြို့လေးက ရောက်လာတဲ့ အမေရဲ့ အမေ၊ စုစုနှင်းတို့ရဲ့ အဖွားဖြစ်သူ ပြောခဲ့တဲ့ စကားတွေပါ။ အမေနာရေးရက်လည်ပြီးတော့ အဖွားက သူနဲ့အတူ ရွာကိုလိုက်ခဲ့ဖို့ စုစုနှင်းတို့ မောင်နှမတွေကို ခေါ်ပါသေးတယ်။ “”မထည့်လိုက်နိူင်ပါဘူးဗျာ… အခုပဲ စုစုနှင်းက အသက် ကိုးနှစ်ရှိနေပြီ၊ အထွန်းက ခုနှစ်နှစ်၊ သူတို့ နှစ်ယောက် ပုတုကို ထိန်းကြောင်းလို့ ရတယ်။ ပြီးတော့ ပုတု က အသက်ငါးနှစ်ဖြစ်နေပြီ..ချီပိုးထိန်းကြောင်းနေရတာမှ မဟုတ်တာ။ ...

သိကြပြီးဖြစ်တယ်။ ခန္ဓာကိုယ်မှာလည်း ထိုးသွင်းဒါဏ်ရာများနဲ့ ပြည့်နှက်လို့။   ‘ တော်တော် ရက်ရက်စက်စက် သတ်ဖြတ်သွားတယ်ဆိုတာ အသိသာကြီး။ အငြိုးတကြီးနဲ့ လုပ်သွားဟန်တူရဲ့’လို့ ဆယ်စုနှစ် တခုစာ ကျေးရွာဥက္ကဌ သက်တမ်းကြာမြင့်ပြီဖြစ်တဲ့ ဦးစံဝင်းက မှတ်ချက်ပေးတယ်။   သေမှုသေခင်း စစ်ဆေးနေတဲ့ စခန်းမှုး ဦးခင်ကျော်ကတော့ မြေပြင်အနေအထားကို လေ့လာနေဆဲမို့၊ ဥက္ကဌစကားကို ဘာမှ မဝေဘန်သေးဘူး။ သူ့အလုပ် သူ ဆက်လုပ်နေတယ်။ ပတ်ဝန်းကျင်မှာ သဲလွန်စ တခုတလေ ကျန်ခဲ့မလားလို့ နှံ့စပ်အောင် ရှာဖွေနေတယ်။   အဲ့သလို ရှာဖွေနေရင်းက ...

တယ်၊ အဲဒီတောင်ကျချောင်းကလေးက ရေတော့မစီးပေမယ့် ရေအတော်များများကျန်ခဲ့တယ်၊ ချောင်းဘေးမှာ မြက်တွေကလည်း ခပ်ထူထူပေါက်နေတော့ ဦးဘသာကြီးအတွက် နွားစာ တစ်လ နှစ်လစာလောက်တော့ ဖူလုံတာပေါ့ဗျာ။ ဦးဘသာကြီးက နွားတွေကိုတော့ တော်တော်ဂရုစိုက်တယ်ဗျ၊ ကျုပ်တို့ဆိုရင် အဲဒီအချိန် တောထဲတကူးတကသွားပြီး နွားစာမရိတ်တော့ဘူး ပင်ပန်းတယ်လေဗျာ၊ နွားတွေကို ကောက်ရိုးတို့၊ မြက်ခြောက်တို့၊ နောက်ပြီးတော့ ဟိုအပင် ဒီအပင်ခုတ်ပြီး ကျွေးကြတာပေါ့၊ ဦးဘသာကတော့ အပင်ပန်းခံပြီး တောထဲမြက်ရိတ်တယ်ဗျာ။ (၂) တစ်ရက်တော့ ထုံးစံအတိုင်း ကျုပ်တို့တောလည်ထွက်ခဲ့တာပေါ့ဗျာ၊ အဲဒီတုန်းက ကျုပ်အသက်က ဆယ့်ငါးနှစ်သာသာပဲရှိသေးတာ၊ ဒါပေမယ့်လည်း တောသားဆိုတော့ ထွားတယ်ဗျ၊ ...