တက်လာလေသည်။
“ကိုရင်တိဘ ဒီဆွမ်းချိုင့်ကို ဆွမ်းစားဆောင်မှာ
သွားထားလိုက်”
“တင်ပါ့ဘုရား”
ကိုရင်တိဘလည်းဆရာတော်ကြီး၏
ရှေ့၌ရှိသောဆွမ်းချိုင့်အား ယူလိုက်လေသည်။
ထိုအချိန် ကိုရင်တိဘနှင့်သံသာတို့
မျက်လုံးခြင်းဆုံမိကြလေသည်။
ကိုရင်တိဘကသံသာအား ရယ်ပြသည့်အတွက်
သံသာလည်းပြန်ပြီးပြုံးပြလိုက်သည်။
“အဟမ်း”
ဆရာတော်ကြီးကချောင်းဟန့်လိုက်သဖြင့်
ကိုရင်တိဘလည်း ဆွမ်းချိုင့်အားအမြန်ယူကာ
ကျောင်းပေါ်မှဆင်းသွားလေသည်။
==============
နောက်တစ်နေ့ သံသာတစ်ယောက်
ဈေးဝယ်ရန်အိမ်မှထွက်လာခဲသည်။
ဘုန်းကြီးကျောင်းရှေ့မှဖြတ်ကာဈေးသို့သွားစဉ်
ကိုရင်တိဘနှင့်ဆုံမိကြလေသည်။
“ဒကာမလေးဘယ်သွားမလို့လည်း”
“တပည့်တော် ဈေးသွားမလို့ပါ ကိုရင်”
“ဒကာမလေးရဲ့ အမေ မပါဘူးလား”
“တင်ပါ့ အမေက သိပ်နေမကောင်းလို့
တပည့်တော်မပဲသွားဝယ်ရမှာကိုရင်”
သံသာလည်းထိုမျှသာပြောပြီး
ထွက်လာခဲ့သည်။
နောက်သို့လှည့်ကြည့်တော့ ကိုရင်တိဘက
တံမြက်စည်းအားကိုင်ကာ သံသာအား
ပြုံး၍ကြည့်နေလေသည်။
သံသာလှည့်ကြည့်တာသိတော့
ကိုရင်တိဘတံမြက်စည်းအားဟန်မပျက်
ပြန်လှည်းနေလိုက်သည်။
ထို့နောက်ပိုင်း ကိုရင်တိဘနှင့် သံသာတို့
ခင်မင်ရင်းနှီးလာခဲ့ကြသည်။
သံသာလည်းဘုန်းကြီးကျောင်းသို့
ခါတိုင်းထက်ပိုပြီးရောက်ဖြစ်ခဲ့သည်။
အကြောင်းမရှိအကြောင်းရှာကာ
ဘုန်းကြီးကျောင်းသို့လာသည်ဟုပြောလျှင်
ပို၍မှန်ပေလိမ့်မည်။
ဘုရားရင်ပြင်တော်ပေါ်မှာ သံသာတစ်ယောက်တံမြက်စည်းလှည်း
နေခိုက်
“ဟိတ် ”
“အမေ့”
“လန့်သွားတာလား ဒကာမလေး”
“လန့်တာပေါ့ ကိုရင်ကလည်း
ကိုယ့်အတွေးနဲ့ကိုယ် တံမြက်စည်းလှည်းနေတုန်း
ကိုရင်ကနောက်ကခြောက်လိုက်တော့
လန့်သွားတာပေါ့”
“ဒကာမလေး အခုတလော
ကျောင်းကိုအလာစိပ်တယ်နော်”
“ဟို အဲ ဒါကလေ”
“ဒကာမလေးကို ကိုရင်ငြိတွယ်နေမိပြီ
ထင်တယ်”
“ရှင်…အဲ့ မဟုတ်ပါဘူး ”
ရုတ်တရက်ကြားလိုက်ရသည့်စကားကြောင့်
သံသာအံ့သြသွားရလေသည်။
သူကြားချင်နေသည့်စကားဆိုဟု
ပြောလျှင်မမှားပေ။
“ဟုတ်တယ် ဒကာမလေး ဒကာမလေးနဲ့
တွေ့မှ ကိုရင်စိတ်တွေ ဘယ်လိုဖြစ်ကုန်တယ်
မသိဘူး ဒကာမလေးကို မတွေ့ရရင်
မနေနိုင်အောင်ဖြစ်နေတယ်”
“ခက်တော့တာပဲ ကိုရင်ရယ်
တပည့်တော်မနဲ့ ကိုရင်နဲ့က ဘယ်လိုမှ
မဖြစ်နိုင်ဘူးထင်ပါတယ်”
သံသာကချွဲတဲတဲအသံကလေးဖြင့်
လုပ်ပြောပြောလိုက်သည်။
“ဘာကြောင့်မဖြစ်နိုင်ရမှာလည်း
ဒကာမလေးရယ် ဘာလဲ ကိုရင်ဆိုပြီး
မိန်းမပျိုလေးတစ်ယောက်ကို
မေတ္တာမရှိရတော့ဘူးတဲ့လား”
“ဟို ဟို တပည့်တော်မပြောချင်တာက
ဘုရားသားတော်တစ်ပါးနဲ့ လူဝတ်ကြောင်နဲ့က
ဘယ်လိုမှမအပ်စပ်ဘူးလို့
ပြောတာပါ ကိုရင်”
“ဘာပဲပြောပြော ကိုရင်တော့
ဆုံးဖြတ်ပြီးပြီ ဒကာမလေးကိုမေတ္တာ
သက်ဝင်နေမိပြီကွယ် ဒါကြောင့်
ကိုရင်ဘဝကနေအပြီးထွက်ပြီး ဒကာမလေးနဲ့
အတူနေဖို့ ကြိုးစားတော့မယ်”
“တပည့်တော်မစဉ်းစားပါရစေ
ကိုရင်ရယ်”
“ကောင်းပါပြီ ဒကာမလေးစဉ်းစားပါ
ကိုရင်သွားတော့မယ်”
ကိုရင်တိဘလည်းသံသာအားနှုတ်ဆက်ပြီး
ဘုရားရင်ပြင်တော်ပေါ်မှဆင်းသွားလေသည်။
***************
သံသာတစ်ယောက် သင်္ကန်းဝတ်ကြီးနဲ့ဖြစ်သော
ကိုရင်တိဘအား တစ်လပင်မကြာပေ
အဖြေပေးလိုက်တော့သည်။
ငယ်ရွယ်သေးသည့်အချိန်တစ်ခုမှာ
မဆုံးဖြတ်သင့်သောမှားယွင်းသည့်
ဆုံးဖြတ်ချက်အားသံသာတစ်ယောက်
ချလိုက်မိလေသည်။
သံသာတစ်ယောက် ကိုရင်တိဘနှင့်
ညဘက်ရောက်လျှင်တွေ့ဆုံနိုင်ရန်
အတွက်မိခင်အားသူငယ်ချင်းအိမ်သွားမည်ဆိုပြီး
ဘုန်းကြီးကျောင်းဘက်သို့ သွားလေသည်။
ထိုအခါ အဆင်သင့်စောင့်နေသော
ကိုရင်တိဘနှင့်တွေ့ကြလေသည်။
ကိုရင်တိဘကလည်း လူဝတ်ပင်
မလဲရသေးပဲ သမီးရည်းစားတွေလို
နေခဲ့ကြသည်။
ငယ်စဉ်ကတည်းက သင်္ကန်းဝတ်လာခဲ့သူ
ကိုရင်တိဘတစ်ပါး မိန်းမပျိုတစ်ယောက်၏
အထိအတွေ့မှာသာယာခဲ့တော့သည်။
သံသာနှင့်ကိုရင်တိဘတို့၏ တိတ်တိတ်ပုန်း
ဆက်ဆံရေးမှာအချိန်ကြာမြင့်လာခဲ့ကြသည်။
ဖိုမကိစ္စများအားအကြိမ်ကြိမ်အခါခါ
ကျူးလွန်မိခဲ့ကြသည်။
တဏှာအမိုက်မှောင်ဖုံးပြီး မပြုသင့်
မမှားသင့် မလုပ်သင့်တာကို ကျေကျေနပ်နပ်ကြီး
မှားယွင်းခဲ့လေသည်။
……………………………
ဤသို့ဖြင့် တစ်ရက်တွင်တော့
“ဟဲ့ ညည်းဟာကဟုတ်ကောဟုတ်ရဲ့လား
မသန်းခင်ရယ် ငါ့သမီးကအဲ့လိုအစားမျိုး
မဟုတ်ပါဘူးအေ”
“မကြည်မာရယ် ကျုပ်မျက်စိနဲ့နားနဲ့
သေချာမြင် သေချာကြားလာတာပါတော်
ဒါနဲ့ဆို သူတို့ကိုတွဲမြင်တာအကြိမ်ရေ
မနည်းတော့ဘူး
ကျုပ်ကမဖြစ်သင့်တာမဖြစ်ရအောင်လို့
လာပြောပြတာပါ
ယုံတာမယုံတာက ရှင့်အပိုင်းပဲ
ကျုပ်သွားပြီ”
“ဘယ့်နှယ့်တော် သူများသမီးပျိုလေးကို
စွပ်စွပ်စွဲစွဲ ပြောရဲတဲ့ပါးစပ်ကို
အံ့သြပါရဲ့တော်”
“အမေ ဘာဖြစ်လို့လည်း”
“ဘာဖြစ်ရမှာလည်း ဘေးအိမ်ကမသန်းခင်ပေါ့
ညည်းကတဲ့ ကိုရင်တိဘနဲ့ တွဲတွဲပြီးမြင်နေရတာ
အကြိမ်ရေမနည်းတော့ဘူးဆိုပြီး
ငါ့ကိုလာတိုင်သွားတယ်အေ့
ငါ့သမီးကိုများသာသနာဖျက်မ များ
မှတ်နေသလားမသိဘူး”
မိခင်ဖြစ်သူ၏စကားကြောင့်သံသာတစ်ယောက်
မျက်နှာအားဟန်မပျက်ထိန်းလိုက်ပြီး
“အမေရယ် ပတ်ဝန်းကျင်ဆိုတာ
ဒီလိုမျိုးပါပဲ သူတို့ကိုဂရုစိုက်နေရင်
ထမင်းတောင်စားရမှာမဟုတ်ဘူး
ရှုပ်တယ် ခေါင်းထဲထည့်မနေနဲ့ အမေ”
“ညည်းလည်းအနေအထိုင်ဆင်ခြင်
ဘာမှမဟုတ်ပဲညတွေမထွက်နဲ့တော့
ဘုန်းကြီးကျောင်းကိုလည်းအကြောင်းမရှိပဲ
မသွားနဲ့ ကြားလား”
“ဟုတ် အမေ”
မိခင်ဖြစ်သူကငေါက်လိုက်သဖြင့်
သံသာဒီရက်ပိုင်းအပြင်သိပ်မထွက်ရဲပေ
အရင်ကဆိုအကြောင်းအရင်းမရှိပဲ
ဘုန်းကြီးကျောင်းဘက်သို့အမြဲရောက်ဖြစ်လေ
သည်။
ဤသို့ဖြင့် ၁ပတ်ခန့်ကြာတော့
သံသာတစ်ယောက်နေမကောင်းဖြစ်တော့သည်။
သမီးဖြစ်သူနေမကောင်းသဖြင့် ဆရာဝန်အား
အိမ်သို့ပင်ကာပြသလေသည်။
ဆရာဝန်ကသံသာအားအမျိုးမျိုးစမ်းသပ်ပြီး
သည်နှင့်ဒေါ်ကြည်မာအားမျက်နှာရိပ်ပြကာ
အိမ်အပြင်သို့ခေါ်လာခဲ့သည်။
“ဒေါ်ကြည်မာ အခုကိစ္စကို
မပြောလို့လည်းပြီးသွားမှာမဟုတ်ဘူး
ဒါကြောင့်အမှန်အတိုင်းပဲ ကျွန်မ
ပြောပါရစေ”
“ဘာများလဲ ဆရာမ သမီးလေးမှာ
ဘာရောဂါများဖြစ်နေလို့လည်းဆရာမ”
“ဟို ဘာရောဂါမှမဖြစ်ပါဘူး သံသာမှာ
ကိုယ်ဝန်ရှိနေတယ် ဒေါ်ကြည်မာ”
“ရှင်…ဆရာမပြောနေတာတွေက
တကယ်လား”
“ကျွန်မအမှန်ကိုအမှန်တိုင်းပြောနေတာပါ
ဒေါ်ကြည်မာ”
“ဘုရား ဘုရား ဆရာမရယ် ကျွန်မသမီးမှာ
ရည်းစားတွေဘာတွေရှိတယ်ဆိုတာလည်း
မကြားမိပါဘူးရှင် ဘယ်လိုဖြစ်ရတာပါလိမ့်”
“ဒီကိစ္စကိုကျွန်မဘယ်သူ့ကိုမှ
ပြောပြမှာမဟုတ်ပါဘူး ဒါဆရာဝန်တွေရဲ့
ကျင့်ထုံးတစ်ခုပါ ကျွန်မကိုခွင့်ပြုပါဦး”
ဆရာဝန်ပြန်သွားသည်နှင့်ဒေါ်ကြည်မာ
အိမ်ပေါ်သို့တက်လာပြီးသံသာအားမေး
လေသည်။
“သံသာ”
ဒေါ်ကြည်မာ၏အသံကခက်ထန်မာကျော
နေသည့်အတွက်သံသာတစ်ယောက်
လန့်သွားရသည်။
“ရှင်အမေ…ဘာဖြစ်လို့လဲဟင်”
“ညည်းအခုမှ လာမေးမနေနဲ့
အခုညည်းမှာဗိုက်ကြီးနေပြီတဲ့
ပြောစမ်းဘယ်ကောင်နဲ့ရတာလည်း
ငါ့ကိုမှန်မှန်ပြောစမ်း ဒီကိစ္စ
နင့်ကောင်ကိုတာဝန်ယူခိုင်းရမယ်”
“သ သမီးမပြောပါရစေနဲ့ အမေ
သမီးရှက်လို့ပါ”
“ဘာ…ညည်းကအခုမှလာရှက်မနေနဲ့
ညည်းကောင်ကိုထဘီလှန်ပေးတုန်းက
ညည်းမရှက်ဘူးလား(ရိုင်းသွားပါကစိတ်မခုစေလို)
ပြောစမ်းဘယ်သူလည်း ညည်းကိုယ်ဝန်
ဘယ်သူနဲ့ရတာလဲ”
သံသာကခေါင်းကိုသာရမ်းပြီး
ငိုနေလေသည်။
“သမီးရယ် ညည်းငိုနေလို့ပြီးမလား
အမေတို့ပတ်ဝန်းကျင်ကိုဘယ်လိုမျက်နှာပြ
ရမလည်းသမီးရယ် အမေ့ကို အမှန်တိုင်း
ပြောစမ်းပါ”
“အမေ့ကိုသမီးအမှန်အတိုင်းပြောပြပါ့မယ်
အမေစိတ်မဆိုးပါနဲ့ ”
“ပြောမှာသာပြောစမ်းပါအေ”
“ဟို ဟိုလေ သမီးဗိုက်ထဲက ကလေးဟာ
ကို ကိုရင်တိဘနဲ့ရတာပါ”
“အောင်မယ်လေး ဘုရား ဘုရား
ဘယ်လိုတွေတောင်ဖြစ်ကုန်တာလည်း
မိုးကြိုးတွေပစ်ကုန်တော့မှာပဲ
အမိုက်မရယ် ညည်းတော်တော်မိုက်တာပဲ
သံသာရယ် ဘာကြောင့် သင်္ကန်းဝတ်နဲ့
ရဟန်းကိုမှသွားကြိုက်ရတာလည်း
ညည်းဗုဒ္ဓဘာသာမိန်းကလေးမဟုတ်ဘူးလား
သံဃာကိုပစ်မှားစော်ကားရင်
အဝီစိဆင်းရမယ်ဆိုတာ ညည်းသဘောမပေါက်ဘူးလား
ပတ်ဝန်းကျင်ကပြောနေတာတွေကအကုန်မှန်နေပါပေါ့လား ညည်းကသာသနာဖျက်မ
တစ်ယောက်ဖြစ်သွားပြီဟဲ့ မိသံသာရဲ့
အီး ဟီး ဟီး”
“သမီးကိုခွင့်လွှတ်ပါအမေရယ်
သမီးကိုခွင့်လွှတ်ပါ”
“ငါကသားသမီးဆိုပြီးခွင့်လွှတ်လို့
ရပေမယ့် ငရဲကတော့ညည်းကို
ခွင့်လွှတ်မှာမဟုတ်ဘူးအေ့ ညည်းသိလား”
ဒေါ်ကြည်မာနှင့်သံသာ၏ပြောဆိုသံများအား
ပတ်ဝန်းကျင်မှအတိုင်းသားကြားနေရလေသည်။
ထိုနေ့ကဒေါ်ကြည်မာတစ်ယောက်
အိမ်ထဲမှအိမ်အပြင်
မထွက်ရဲလောက်အောင်အရှက်ရခဲ့ရလေသည်။
ထို့အတူသံသာလည်းအပြင်သို့မထွက်ရဲပေ။
သို့ပေမယ့် မထွက်မဖြစ်စားဖို့သောက်ဖို့အတွက်
အဝယ်ထွက်ရပြန်လေသည်။
ထိုသို့ဒေါ်ကြည်မာအပြင်ထွက်တိုင်း
ပတ်ဝန်းကျင်၏ပြောဆိုသံများအား
ကြားနေရလေသည်။
“ဟဲ့ အဲ့ဒါ ဟိုကိုရင်နဲ့ဗိုက်ကြီးနေတယ်ဆိုတဲ့
ကောင်မလေးရဲ့ မအေပေါ့”
“ဟယ် ဟုတ်လား ငါလည်းသတင်းသာ
ကြားတယ် လူတွေကိုမမြင်ဖူးသေးဘူး
တကယ့်ကိုအရှက်တရားအကြောက်တရား
ကင်းမဲ့ကြတာပဲနော် ငါဖြင့်သူတို့အစား
ရှက်လိုက်တာအေ”
“ငါတို့ကသာ ရှက်နေတာ သူတို့က
အရှက်ရှိမယ့်ပုံတွေမဟုတ်ပါဘူးအေ”
“ဟုတ်ပါ့ အခုလိုပြောနေရတာတောင်
ငါတို့ပါသိက္ခာကျပါတယ်လေ”
“ဟုတ်တယ် ဟုတ်တယ်”
ဤကဲ့သို့ ပတ်ဝန်းကျင်၏ထိုးနှက်မှုဒဏ်အား
သားအမိနှစ်ယောက်ခံရလေတော့သည်။
“သမီး ဒီကိစ္စဒီအတိုင်းထားလို့
မဖြစ်တော့ဘူး ဆရာတော်ကြီးကိုသွားပြီး
လျှောက်တင်မှဖြစ်တော့မယ်”
“အမေကောင်းသလိုသာလုပ်ပါတော့အမေ
သမီးတော့ဘာမှမပြောချင်တော့ဘူးအမေရယ်”
ဒေါ်ကြည်မာလည်း ဘုန်းကြီးကျောင်းသို့
ရောက်လာခဲ့သည်။
“အရှင်ဘုရား တပည့်တော်မ အရှင်ဘုရားကို
လျှောက်တင်စရာလေးရှိလို့ လာခဲ့တာပါ
ဘုရား”
“သြော် ပြောလေ ဒကာမကြီးရဲ့
ဘာများတုန်း”
“နားနဲ့မနာဖဝါးနဲ့သာ နာပါတော့အရှင်ဘုရား
အရှက်တွေလည်းကမ်းကုန်အောင်
ကွဲခဲ့ရပါပြီ အရှင်ဘုရားကိုမပြောသင့်ဘူးလို့
ထင်မိပေမယ့် ပြောမှဖြစ်မယ့်အရာမလို့
ပြောရတာပါ ဘုရား
တပည့်တော်မရဲ့ သမီးသံသာဆီမှာ
ကိုရင်တိ ကိုရင်တိဘနဲ့ရတဲ့ ကိုယ်ဝန်ရှိနေပါပြီ
ဘုရား”
“ဘယ်လို ဒကာမကြီး ဘာပြောတယ်
ဒကာမကြီးရဲ့ သမီးဆီမှာ ကိုရင်တိဘနဲ့ရတဲ့
ကိုယ်ဝန်ရှိနေပြီဟုတ်သလား”
“အမှန်တွေပါပဲ ဘုရား တပည့်တော်မ
ရှက်လွန်းလို့ သေရပါတော့မယ် ဘုရား”
“အို…ဒုက္ခ ဒုက္ခ တယ်လည်းဝဋ်ကြီးကြသကိုး
နေဦး ဘုန်းဘုန်း ကိုရင်တိဘကို မေးကြည့်ဦးမယ်”
“ကိုရင်တိဘ ကိုရင်တိဘ ”
ဆရာတော်၏အော်ခေါ်သံကြောင့်
ကိုရင်တိဘကျောင်းပေါ်သို့တက်လာခဲ့သည်။
ထို့နောက် ဆရာတော်အားလက်အုပ်ချီမိုးကာ
ရှိခိုးကန်တော့လေသည်။
“အရှင်ဘုရားတို့ပြောတာတွေ အားလုံး
ကြားသိပါတယ်ဘုရား ဒီကိစ္စတွေအားလုံးဟာ
အမှန်တွေပါပဲ ဘုရား ဒကာမလေးဆီမှာ
ရှိနေတဲ့ ကိုယ်ဝန်ဟာ တပည့်တော်ရဲ့
သွေးနဲ့ရတာပါဘုရား”
ကိုရင်တိဘ၏ဝန်ခံချက်ကြောင့် ဆရာတော်ကြီး
အံ့အားသင့်သွားရလေသည်။
“ကိုရင်တိဘ တယ်မိုက်သကိုး
မဖြစ်ချေဘူး အခုချိန်ကစပြီး ကိုရင်တိဘသင်္ကန်းဝတ်ကိုချွတ်ဖို့ အဆင်သင့်
လုပ်ထားပါ ဘုရားရဲ့သာသနာတော်မှာ
အခုလိုကိစ္စမျိုးဖြစ်တာဟာ အင်မတန်မှ
အရှက်ရဖွယ်ကောင်းသလို ဘုန်းဘုန်းရဲ့
ကျောင်းကိုလည်းသိက္ခာကျစေတယ်
ဒီတော့ဒီနေ့ပဲ လူဝတ်လဲပါ ကိုရင်တိဘကြောင့်
ဒီကျောင်းဟာနာမည်ကျဆင်းစေခဲ့ပြီ
ဒါကြောင့်ဒီကျောင်းကနေထွက်သွားပေးပါ”
“တပည့်တော်လူဝတ်လဲပါတော့မယ်ဘုရား
တပည့်တော်ကြောင့်ဒီကျောင်းရဲ့ ဂုဏ်သိက္ခာ
ကျဆင်းခဲ့ရတဲ့အတွက် တောင်းပန်ပါတယ်
ဘုရား”
================
ကိုရင်တိဘလည်းချက်ချင်းလူဝတ်လဲကာ
သံသာဆီသို့လိုက်လာခဲ့သည်။
လူဝတ်တဖန်လဲ ကိုခိုင်ဦးတစ်ယောက်
သူကျူးလွန်ထားသည့်ကိစ္စအား
ိတာဝန်ယူခဲ့လေသည်။
တစ်လခန့်ကြာတော့ ဒေါ်ကြည်မာ
သံသာနှင့်ကိုခိုင်ဦး(ကိုရင်တိဘ)တို့သုံးဦးသား
အိမ်ဝိုင်းအားအပြတ်ရောင်းပြီး ထိုမြို့ မှ
အပြီးထွက်သွားကြတော့သည်။
“ဒီဇာတ်လမ်းကိုရေးရသည့်ရည်ရွယ်မှာ
ဘုရားသားတော်ရဟန်းသံဃာများ၏
ဂုဏ်သိက္ခာအားစော်ကားလိုခြင်းအလျဉ်း
မရှိပါ။
အပြင်မှာလည်းယခုလိုအဖြစ်မျိုး
ရှိဖူးသဖြင့်ဗုဒ္ဓဘာသာဝင်များအသိ
သတိဖြင့်
ရှောင်ရှားနိုင်စေရန်ရေးသားရခြင်းဖြစ်ပါသည်။
သာသနာကိုဖျက်သည့်လူမှာ
ယခုဘဝတွင်လည်းလူအများ၏
ကဲ့ရဲ့ခြင်းကိုခံရသလို
နောင်သံသရာတွင်လည်း အပါယ်သို့
လားရပေဦးမည်ဖြစ်သည်။
ကြီးစွာသောအမှားဇာတ်လမ်းလေးအား တခြားသူများလည်း
အသိတရားတစ်ခုပေးနိုင်ရန်အတွက်
Shareပေးသွားကြပါနော် စာဖတ်သူတို့ရေ
လိုအပ်ချက်များစွာဖြင့်
အားလုံးကိုကျေးဇူးတင်လျက်ပါ
Leave a Reply