တော့သည်။ ဘကြီးမိုးက တိုးကျော်ခေါင်းကိုလှမ်းပုတ်ရင်း “ငါပြောနေတယ်မဟုတ်လား၊ မင်းကတော့ တော်တော်ပေါ့တဲ့ကောင်ပဲကွ” “အရင်က ဒီနေရာမှာ ချိုင့်မရှိပါဘူးဗျ၊ ဘယ်လိုလုပ်ပြီးရောက်လာတာလဲမသိပါဘူး” တိုးကျော်မှာ ခေါင်းကုတ်လျှက် လှည်းကိုဆက်လက်မောင်းနှင်လာခဲ့သည်။ ရွာအထွက်လမ်းမှထွက်လာပြီး ကပိုင်ချောင်းအတွင်းသို့ ဆင်းလိုက်သည်နှင့် မျက်စိတစ်ဆုံးကျယ်ပြောလှသည့် သဲချောင်းကြီးကိုမြင်ရသည်။ ကပိုင်ချောင်းမှာ မိုးတွင်းအခါတွင်တော့ အလွန်ရေစီးသန်သည့် ချောင်းတစ်ခုဖြစ်သော်လည်း ယခုကဲ့သို့ မိုးအလွန်ကာလများတွင်တော့ သဲခုံများသာရှိသည့် သဲချောင်းကြီးအဖြစ်ပြောင်းလဲသွားလေသည်။ ဖြူလွလွသဲသောင်ပြင်ကြီးကို လရောင်ကထိုးလိုက်သည်မို့ ငွေကမ္ဗလာကြီးခင်းထားသည့်နှယ် ဝင်းလက်နေလေသည်။ “ဒါနဲ့ ဘကြီးမိုး၊ ကပိုင်ချောင်းက မြေကြမ်းတယ်လို့ပြောကြပေမယ့် ကျုပ်တော့တစ်ခါမှ သရဲတွေဘာတွေ မမြင်ဖူးသေးပါဘူးဗျာ” “မမြင်ဖူးတာကောင်းတာပေါ့ကွ၊ ဘာလဲ မင်းက ...

လည်းသာလှရယ် တောထည်းကိုဘာအရေးကြီးကိစ္စနဲ့သွားမှာလည်း” ကျုပ်ကလည်းသက်ပြင်းချလိုက်ရင်း “ဒါတွေပြောပြဖို့အချိန်မရှိဘူးအမေ ကျုပ်လိုအပ်တဲ့ဆေးပင်ဆေးဉတုတွေရှာပြီးရင်ပြောပြပါ့မယ်” “ငါလည်းဘာမှနားမလည်တော့ဘူးသာလှရယ်အေးအေးမပြောချင်သေးရင်လည်းနေ ငါစားစရာတွေလုပ်ပေးမယ်တစ်ယောက်ထည်းတော့မသွားနဲအဖော်တော့ခေါ်သွားအုံး” “ဖိုးတုတ်နဲမြဒင်ကိုတော့အဖော်ခေါ်သွားမှာပါ” “အေးအေးဂရုတော့စိုက်သွားအုံးတောတက်သွားမှာဆိုတော့နင့်အဖေအရင်တစ်ပတ်ကမှဝယ်လာတဲ့သေနတ်လေးပါယူသွား” “ဟုတ်ကဲ့အမေဒါဆိုလည်းကျုပ်မြဒင်နဲဖိုးတုတ်ကိုသွားပြောလိုက်အုံးမယ်” ကျုပ်ကလည်းအိမ်ကထွက်မြဒင်နဲ့ဖိုးတုတ်အိမ်ကိုလည်း လျောက်နေတာပေါ့ “မြဒင်…မြဒင်” “ဟေဘယ်သူလည်းကွလာပြီလာပြီ” ကျုပ်ခေါ်လိုက်တော့လည်း မြဒင်ကတုံ့ပြန်သံပြုရင်းအိမ်ပေါ်ကဆင်းလာတာပေါ့ “အော်သာလှပါလားလာလေကွာ” ကျုပ်ကလည်းမြဒင်အိမ်ထည်းဝင် တန်းလျားမှာထိုင်လိုက်တာပေါ့ “​အေးကွာငါအရေးကြီးတောတက်စရာရှိလို့မင်းအဖော်အဖြစ်လိုက်ပေးနိုင်မလားဖိုးတုတ်ကောလိုက်မှာ” “အရေးကြီးတောတက်မယ်ဟုတ်လား ဘာအတွက်လည်းကွ” “ငါအဲ့အကြောင်းတွေရှင်းပြဖို့ကအချိန်မရဘူးကွဒီတော့မင်းငါနဲ့လိုက်ပေးနိုင်မလား” “အရေးကြီးကိစ္စဆိုတော့ငါလိုက်ခဲ့ပါ့မယ်ဒါနဲ့ဖိုးတုတ်ကိုကောပြောပြီးပီလား” “ဖိုးတုတ်ကငါသွားမယ်ဆိုလိုက်မှာပါကွာဖိုးတုတ်အတွက်မပူနဲ့ခရီးကခုနေ့သွားမှာဆိုတော့မင်းမိန်းမကိုရိက္ခာနဲ့လိုအပ်တာတွေပြင်ဆင်ထားခိုင်း” “အေးကွာဒါဆိုလည်းငါပြင်ဆင်ထားလိုက်မယ်ဒါနဲ့ဘယ်အချိန်သွားမှာလည်း” “နေ့လည်၁နာရီလောက်သွားမယ်လေအချိန်ကသိပ်မရလို့မြန်လေကောင်းလေပဲ” ကျုပ်ကလည်းမြဒင်ကိုနှုတ်ဆက်ဒုတိယအဖော်လိုက်မယ့်ဖိုးတုတ်ဆီကိုလည်းထွက်လာခဲ့တယ် “ဖိုးတုတ်ရေငါဝင်လာမယ်နော်” “အော်သာလှ ဝင်လာခဲ့လေကွာခွင့်တောင်းနေရသေးတယ်” ကျုပ်ကလည်းဖိုးတုတ်အိမ်ရှေ့ရောက်တော့ ကွပ်ပြစ်မှာထိုင်နေတဲ့ဖိုးတုတ်ကိုလည်းတွေ့တာနဲ့ ဝင်လာခဲ့တယ် “မလာစဖူးအလာထူးပါလာကွဘာကိစ္စရှိလို့လည်း” ကျုပ်ကလည်း ရေနွေးတစ်ခွက်ကိုငှဲ့လိုက်ရင်းနဲ့လည်း “ကိစ္စကတော့ဒီနေ့ပဲ ငါအရေးကြီးတောတက်စရာရှိတယ်ကွမြဒင်လည်းအဖော်လိုက်ပေးမှာမင်းကိုလည်းအဖော်အဖြစ်လို်က်ပေးစေချင်တယ်” “အော်ရပါတယ်ကွာအချင်းချင်းတွေပဲဒါနဲ့နေ့ချင်းပြန်လားဘယ်နှစ်ရက်ကြာမှာလည်း” ...

ခင်ဗျားသားကိုထပ်မြင်လို့ရှိရင် ကျုပ်အဆိုးမဆိုလေနဲ့…” “နေပါဦး ဦးကျော်မြင့်ရဲ့… ခင်ဗျားစကားက တစ်ဖက်စောင်းနင်းနိုင်လှချည်လားဗျ… ကျုပ်သားကလည်းလူပျို…ခင်ဗျားသမီးကလည်း အပျို…လူငယ်တွေသဘာဝစကားပြောတာကို နှောက်ယှက်တယ်လို့ပြောလို့ရရိုးလား…” “ဘာပဲဖြစ်ဖြစ်ဗျာ…ကျုပ်သမီးနားမှာခင်ဗျားသားကို မြင်နေရတာတော်တော်လေး အဆင်မပြေဘူး… ခင်ဗျားသားလိုအရက်သမား….ဘိန်းသမားကို ကျုပ်သမီးကနည်းနည်းလေးမှစိတ်ဝင်စားတာမဟုတ်ဘူး အခုကလည်းဒီကောင်လိုက်နှောက်ယှက်နေလို့ ခင်ဗျားကို သူ့ဖအေဖြစ်နေလို့ကျုပ် လာပြောတာ… မဟုတ်လို့ရှိရင်နောက်တစ်ခေါက်ထပ်ရှိလာလို့တော့ဖြင့် သူကြီးအိမ်ကပဲစကားပြောကြတာပေါ့ဗျာ…” ဟုပြော၍ ဦးကျော်မြင့်သည် ချာခနဲနောက်ကိုလှည့်၍ နေရာမှထွက်သွားတော့သည်။ ကျန်ရစ်ခဲ့သော ဦးဘမြိုင်ကတော့ ဒေါသတကြီး ဖြင့်… “တောက်…ကျော်မြင့်တော်တော်လူပါးဝတဲ့အကောင်” ဟုတောက်တစ်ချက်ခေါက်၍ပြောလိုက်လေသည်။ အမှန်မှာ ဦးဘမြိုင်နဲ့ဦးကျော်မြင့်က မျက်နှာမစိမ်းကြသူများဖြစ်သည်။ သူတို့နှစ်ဦးသည် ရွာ၌ ချမ်းသာတာခြင်းလည်းတူကြပြီး… ခေါ်ကြပြောကြဖြင့်ခင်မင်ခဲ့ကြသူများပင်။ သို့သော် ဦးကျော်မြင့်သည် ဦးဘမြိုင်၏သားဖိုးမောင်ကိုတော့ ...

ရှက်ကာ သမီးက်ုစိတ်နာ၍လှည့်ပြန်သွားတော့သည် ့ ့ သမီးကလဲမိုက်ရိုင်းပြီးလင်စိတ်မွန်နေတော့ကိုယ်ဘာလုပ်လို့လုပ်မှန်းမသိအောင်မိုက်မဲလေသည် ဒီလိုနဲ့ဒေါ်စိန်သမီးအကြီးမကိုအမွေဖြတ်၍အငယ်မကိုတော့သဌေးသားတယောက်နှင့်ပေးစားလိုက်သည် ကြည်ကြည်တယောက်မပြေလည်ဒုခ္ခရောက်နေသည်သတင်းကြားတော့ဒေါ်စိန်စိတ်နာ၍သတင်းနားမထောင်ပါ ့ ့ ့ မိဘကိုကိုယ်ထိလက်ရောက်ပါးရိုက်ခဲ့သောကြည်ကြည်ဝဠ်လည်ပြီ ီဒေါ်စိန်ကိုဘယ်ဘက်ပါးရိုက်မိသောကြည်ကြည်ရဲ့ဘယ်ဘက်ပါးတွင်အနားကြီးတလုံးပေါာက်လာကာ ဆေးမီးတိုတွေနဲ့ကုပေမဲ့အနာကမသက်သာတနေ့တခြားဆိုးလာကာပါးပေါက်နာကြီးဖြစ်သွားလေသည် ့ ့ ့ အားလုံးကအမေကိုစော်ကားလို့ကံကြီးထိုက်တယ်ဝိုင်းပြောတော့ ကြည်ကြည်ဒေါ်စိန်ကိုသွားကန်တော့ရန်သတိရသွားသည် ဒီလိုနဲ့အနာကြီးကအရည်တရွဲရွဲနဲ့ညတိုင်းအိပ်မရအောင်ကိုက်လာသည့်ကြည်ကြည်ကန်တော့ပွဲရွက်ကာသူ့အမေကိုလာတောင်းပန်တော့ ဒေါ်စိန်စိတ်မကောင်းဖြစ်ကာခွင့်လွတ်လိုက်သည် ့ ့ ့ မိဘဆိုတော့သားသမီးဘယ်လောက်ဆိုးဆိုးခွင့်လွှတ်စမြဲမို့အခုလဲဒေါ်စိန်ကြည်ကြည်ကိုတတ်နိုင်သလောက်ကုပေးပေမဲ့ အစားမစားနိုင်သောကြည်ကြည်အိပ်ယာထဲလဲတော့သည် ဆေးကုသူများအားလုံးလက်ရှော့ကာဝဠ်နာကံနာလို့သတ်မှတ်လိုက်လေသည် အရင်ကချောလှပါတယ်ဆိုသောရုပ်သည်ပိန်ချုံးကာအနာကိုက်၍အော်ရင်းဆုံးပါးသွားလေသည် ့ ့ ့ သမီးသေတော့ဒေါ်စိန်သံဝေဂများစွာရသွားလေသည်သမီးအလောင်းကိုကြည့်ကာဒေါ်စိန်ပြောလိုက်သည်” ”သမီးအမိုက်မရေအိပ်ရေးမဝတာကြာပြီဆိုတော့အခုတော့အိပ်တော့ဝအောင်အိပ်ပါတော့” ကြည်ကြည်ဆုံးတော့အနံ့အသက်မကောင်းပိုးများတွယ်နေတာကြောင့်နေချင်းချလိုက်သည် ့ ့ ့ ကြည်ကြည်ဆုံးပြီးတော့အခြောက်အလှန့်ကြမ်းတယ်လို့ပြောကြတော့ဒေါ်စိန်စိတ်မကောင်းပြန် ဒေါ်စိန်တညမှာတော့အိပ်နေရင်းအပုတ်နံ့ကြီးနံကာလန့်နိုးသွားသည် ်ဒီအချိန်အိပ်ယာဘေးတွင်ရပ်နေသောကြည်ကြည်ကိုမြင်တော့ရင်တုန်ပန်းတုန်ဖြစ်သွားသည် ””အမေသမီးမကျွတ်သေးဘူး””’ ...

ရာ ကျောင်းဆောင်ပေါ် သို့ တက်သွားလေသည်။     ကျောင်းကြီးသည် ရှုပ်ပွနေလေ၏။လွန်ခဲ့သောအချိန်များ က တည်းကပင် မလှည်းမကျင်းပဲ ထားဟန်ရှိ၏။ဖုန်များ အတော်ပင် ထူထပ်နေလေသည်။ဆရာတော်သည် ထန်းပက်လက် ကုလားထိုင်လေးတွင် ထိုင်နေလေသည်။ဆရာတော်သည်လည်း အတော်ပင် စိတ်ညစ်နေဟန်ရှိ၏။ထို့နောက် ဦးဖိုးဝေတို့အား မျက်လုံးလှန်ကြည့်လိုက်ကာ အံ့ဩနေသည့်ဟန်နှင့် မိန့်တော်မူလေသည်။     “ဘယ်သူတွေများလဲ ဒီကိုလာခဲ့ပါ “     “အရှင်ဘုရား တပည့်တော် ဖိုးဝေပါ ဘုရား “     “ဖိုးဝေ ဟုတ်လား ကြားဖူးသလိုပဲ “     “လွန်ခဲ့တဲ့ နှစ်ပိုင်းလောက်က ...

စားကြတယ်ပေါ့ကွာ” ဦးဘသာက စားနေရင်းစကားစတယ်။ “အတို့ဖြစ်ဖြစ်၊ အမြှုပ်ဖြစ်ဖြစ် ကျုပ်တို့ကတော့ အကုန်ဆွဲတယ်ဗျာ၊ ဦးဘသာ ညောင်ချဉ်စားပါအုံးလား၊ နုဖတ်နေတာပဲ” ကျုပ်က ညောင်ချဉ်လေးတွေလှမ်းပြတော့ ဦးဘသာက ခေါင်းခါတယ်။ “နေပါစေကွာ၊ မင်းတို့လူငယ်တွေပဲစားကြ၊ ငါတို့ကတော့ အသက်ကြီးသွားလို့ထင်တယ်၊ အချဉ်စားရင် သွားတွေကြိမ်းတယ်ဟ” ဦးဘသာကတော့ အကိုကြီးဖရုံခင်းထဲကနေ ကျုပ်ညီမခူးပြီးပြုတ်ထားတဲ့ ဖရုံသီးကင်း နုနုဖတ်ဖတ်ကလေးနဲ့ ခံတွင်းတွေ့နေတယ်ပေါ့ဗျာ။ စားသောက်ပြီးတော့ ထန်းလျက်ခဲကလေးကိုက်ပြီး ထမင်းလုံးစီနေတာပေါ့ဗျာ၊ ကျုပ်တို့ကတော့ စားသောက်ပြီးရင် အလုပ်တန်းမလုပ်ချင်ဘူး၊ နာရီဝက် တစ်နာရီလောက် နားနေကြသေးတာ၊ အဲဒါကို ထမင်းလုံးစီတယ်လို့ခေါ်တာပေါ့ဗျာ၊ အငယ်ကောင်ဆိုရင် လယ်တဲကထရံကိုမှီပြီး တခေါခေါနဲ့ ...

ပြီး အခန်းသော့ယူလာခဲ့လိုက်သည်။ အခန်းသော့နှင့်အတူ လိုရမယ်ရ ဂေါက်ရိုက်တံပါယူလာခဲ့၏။အခန်း နှင့်နီးလာလေ ဆေးရုံအနံ့ကပို၍နံလာလေ။ သော့ကိုလှည့်ဖွင့်ပြီးတံခါးကိုအမြန်ဖွင့်ကြည့်လိုက်သည်။ ကျွန်မခြေထောက်နားသို့စားပွဲပေါ်မှစာအုပ်တစ်အုပ်ပြုတ်ကျလာလေ၏။ အံ့သြစွာပင် အခန်းထဲ၌သက်ရှိတစုံတရာမရှိပါဘဲ စာအုပ်စင်မှစာအုပ်များပြန့်ကျဲနေလေသည်။ ခြေထောက်နားကျနေသည့်စာအုပ်ကိုကောက်ကိုင်လိုက်သည့်အခါအချစ်ဝတ္တုစာအုပ်လေးတစ်အုပ်ဖြစ်နေ၏။ ထိုစာအုပ်ကိုဖွင့်ကြည့်လိုက်မိသည်။ စာအုပ်ကြားထဲ၌ဓါတ်ပုံလေးတစ်ပုံ။ ဓါတ်ပုံထဲတွင်မမိုးစံက အင်္ကျီအဖြူရောင်လေးဝတ်ကာ ရယ်မောနေ၏။ ဓါတ်ပုံ၏ကျောဖက်ကိုကြည့်လိုက်သည့်အခါ ရက်စွဲတစ်ခုကို မညီမညာသောလက်ရေးဖြင့်ရေးသားထားသည်။ ” 14.11.70 ” ဟူသောနေ့ရက်ပင်။ ရက်စွဲ ၏အောက်တွင် ” မမေ့နှင့် ” ဟုလည်းရေးသားထားလေသည်။ကျွန်မလည်း စာဖတ်ခန်းသို့ဝင်ရောက်ခဲ့ခြင်းကို ခင်ပွန်းသည်အားမသိရှိစေလိုပေ။ သို့နှင့်စာအုပ်စင်ထဲ ပြုတ်ကျနေသည့်စာအုပ်များကို စီစီ ရီရီပြန်ထည့်လိုက်၏။ အခန်းတံခါးပြန်ပိတ်လိုက်သည့်အခါ ထူးဆန်းစွာပင် ဆေးရုံနံ့ကပျောက်ကွယ်သွားလေသည်။ ...

နေခဲ့သည်။ “သမီး ပန်းနုရေ…ဒီမှာသူကြီးလာတယ်… လာနှုတ်ဆက်လိုက်ပါဦးကွယ်…..” “ဟုတ်ကဲ့အဘ…လာပါပြီ” သူကြီးနှင့် ဦးရွှေတို့ ခုံ၌ထိုင်နေကြစဥ် အခန်းအတွင်းမှ ပန်းနုတစ်ယောက် ထွက်လာခဲ့ရှာ၏။ “သူကြီးရောက်တာကြာပြီလား…နေပါဦး…ပန်းနု လက်ဖက်ပွဲပြင်ပေးပါ့မယ်…..” “ရပါတယ်ကွယ်…လာထိုင်ပါဦး တူမကြီးရဲ့” “အို…ခဏတင်ပါ…ကျုပ် ပြင်ပေးတဲ့လက်ဖက်စားရမယ်နော် သူကြီး…..” “သြော်…အေးပါ….အေးပါ……” စကားသွက်လက်လှသော ပန်းနုကိုကြည့်ပြီးနောက် ဦးရွှေဆီလှည့်ကြည့်လေတော့ ဦးရွှေက… “ကျုပ်သမီးလေး…ပြန်ရောက်လာတာကျုပ်ဖြင့်ဝမ်းသာနေရတာသူကြီး….” “ခင်ဗျားသမီးပြန်ရောက်တာတော့ဟုတ်ပါပြီ….။ ကလေးမလေးစကားပြောတွေက သွက်လက်လွန်းနေတယ်ဗျ… သူဘယ်သွားတယ်ဆိုတာကော ခင်ဗျားကိုပြောရဲ့လား” သူကြီးအမေးကို ဦးရွှေကခေါင်းလေးရမ်းပြီး… “စကားတွေသာ သွက်နေတာပါသူကြီးရာ….ဘယ်သွားလဲ…ဘယ်လာလဲ မေးပါရင်လည်း မဖြေ…။မဖြေတဲ့အပြင် သမီးမသိဘူးအဘရဲ့…အမရဲ့နဲ့အော်ငိုနေလို့ ကျုပ်ကော သူ့အမျိုးတွေကော လက်လျော့ထားရတယ်ဗျာ…….” “အလိုလေး….ထူးဆန်းလှပါလားဗျာ…..” ...

ကျုပ်ပြင်ပါ့မယ်” ကျုပ်ကလည်းခုအချိန်ထိလူမမာတစ်ယောက်လိုထိုင်နေတာကိုလည်းသတိရပြီးတော့ ထလိုက်ရင်း အိပ်ယာပြင်နေတာပေါ့ အိပ်ယာပြင်ပြီးတော့လည်း အိပ်ယာဝင်အိပ်ခဲ့တာပေါ့ ညဉ့်နက်နေတာကြောင့်လည်းဘာကြောင့်လည်းတော့မသိကျုပ်ကလည်း မှေးကနဲအိပ်ပျော်သွားတယ် ကျုပ်ကလည်း မနက်နေအတော်မြင့်မှနိုးလာခဲ့တယ် ကျုပ်အိပ်ယာထတော့လည်း ဘေးဘီဝဲယာကိုကြည့်တော့လည်းဉီးကြီးမောင်ကိုမတွေ့ရတော့ဘူးလေ ကျုပ်ကလည်း အိပ်ယာသိမ်းလိုက်ပြီးတော့လည်းဆားအနည်းငယ်ယူမျက်နှာသစ်ဖို့လည်း မျက်နှာသစ်တဲ့နေရာကိုသွားနေတာပေါ့ ကျုပ်ပုဆိုးကလည်းအနည်းငယ်စိုထိုင်းထိုင်း ဖြစ်နေတယ်လေ “အော်ငါ့သားတောင်နိုးနေပြီလား မျက်နှာသစ်ပြီးရင်အဖေတို့နဲ့အတူထမင်းလာစားလဲ့” မျက်နှာသစ်နေတဲ့ကျု​ပ်ကိုမြင်တော့လည်း အဖေကပြောလို်က်တာပေါ့ အိမ်ရှေ့ကွပ်ပြစ်ပေါ်မှာတော့ အဖေအမေနဲ့ဉိးကြီးမောင်ကလည်းမနက်စာစားနေကြတယ်လေ ကျုပ်ကလည်းမျက်နှာသစ်လိုက်ပြီးတော့လည်း အဖေတို့ထမင်းဝိုင်းထည်းဝင်လိုက်တာပေါ့ “နောက်ဆိုရင်တော့သယလှနဲ့အတူမအိပ်တော့ဘူးသောင်းတင်ရာ” “ဘာလို့လည်းဉီးကြီးမောင်ရဲ့ဒီကောင်ညကဘာဖြစ်လို့လည်း” အဖေမေးလို်က်တော့လည်း ဉီးကြီးမောင်ကပြုံးရင်းနဲ့ “အေးကွာမင်းသားကခလေးစိတ်မပြောက်သေးဘူး ညကလည်းဒီကောင် အိပ်ယာထည်းသေးပေါက်ချတယ်လေတော်သေးတာပေါ့ငါ့ကိုမစိုသွားလို့ပဲ” ဉီးကြီးမောင်ပြောလိုက်တော့လည်းအဖေနဲ့အမေရဲ့အကြည့်တွေက ကျုပ်ဆီကိုလှည့်လာရင်းနဲ့လည်း “ဟငါ့သားရယ်မင်းကြည့်တော့မိန်းမယူတော့မယ်ခုအထိအိပ်ယာထည်းအပေါ့သွားတုန်းလားကွ” “အေးလေ အသက်ကဖြင့်မနည်းကြီးနေပြီခုအချိန်ထိကလေးအကျင့်ကမပြောက်သေးဘူး” “အမေနဲ့အဖေကလည်းဗျာဘယ်ကဟုတ်ရမှာလည်းဉီးကြီးမောင်ကစနေတာပါ” ကျုပ်ပြောလိုက်တော့လည်း ဉီးကြီးမောင်ကရီရင်းနဲ့လည်းကျုပ်ပုဆိုးကို ...

အလှူခံကြသည်။ ယင်းသို့အလှူခံရင်းဖြင့် ဦးမောင်လွင်တို့၏ခြံရှေ့သိူ့ရောက်လာကြသည်။ “ဆန်လေး လက်တစ်ဆုပ်လောက်စွန့်ကြဲကြပါခင်ဗျာ” ထိုအခါ သောင်းလှိုင်သည် သူ၏ပင်ကိုယ်အကျင့်အတိုင်း ထိုအလှူခံများကို ခွေးဖြင့်ရှူးတိုက်သည်။ “ဟဲ့..ရှူး ရှူး ရှူး’ “ဝုတ် ဝုတ်” ခွေးတွေကလည်း ခြံအပြင်မှအနှီအလှူခံများဆီသို့ တဟုန်ထိုးပြေးသွားကြသည်။ ထိုအခါ အလှူခံပုဂ္ဂိုလ်တွေလည်း ဖရိုဖရဲဖြင့်ထွက်ပြေးကြတော့သည်။ ၎င်းတို့ထွက်ပြေးသည်ကိုကြည့်ပြီး သောင်းလှိုင်သည် အားပါးတရရယ်မောပြီး ခွေးတွေကိုပြန်ခေါ်ကာ သံကြိုးဖြင့်ပြန်ချည်ထားလိုက်သည်။ နောက်တစ်ရက်တွင်လည်း ၎င်းတို့အဖွဲ့ သည် ဦးမင်းလွင်တို့၏အိမ်ရှေ့သို့လာရောက်ပြီးအလှူခံပြန်လေရာ သောင်းလှိုင်ကလည်း ခွေးဖြင့်ရှူးတိုက်ပြန်သည်မို့ထွက်ပြေးကြရပြန်သည်။ သောင်းလှိုင်လည်း’ တဟားဟား’အော်ရီရင်းကျန်ခဲ့သည်။ တစ်နေ့သောမနက်တွင်တော့ ဦးမောင်လွင်တို့မိသားစုသည် မနက်စာစားနေခိုက် “ဆန်လေး လက်တစ်ဆုပ်စာလောက်အလှူခံပါတယ်ကွယ်” အိမ်ရှေ့မှ ...