အလှူခံကြသည်။
ယင်းသို့အလှူခံရင်းဖြင့် ဦးမောင်လွင်တို့၏ခြံရှေ့သိူ့ရောက်လာကြသည်။
“ဆန်လေး လက်တစ်ဆုပ်လောက်စွန့်ကြဲကြပါခင်ဗျာ”
ထိုအခါ သောင်းလှိုင်သည် သူ၏ပင်ကိုယ်အကျင့်အတိုင်း ထိုအလှူခံများကို ခွေးဖြင့်ရှူးတိုက်သည်။
“ဟဲ့..ရှူး ရှူး ရှူး’
“ဝုတ် ဝုတ်”
ခွေးတွေကလည်း ခြံအပြင်မှအနှီအလှူခံများဆီသို့ တဟုန်ထိုးပြေးသွားကြသည်။
ထိုအခါ အလှူခံပုဂ္ဂိုလ်တွေလည်း ဖရိုဖရဲဖြင့်ထွက်ပြေးကြတော့သည်။
၎င်းတို့ထွက်ပြေးသည်ကိုကြည့်ပြီး သောင်းလှိုင်သည် အားပါးတရရယ်မောပြီး ခွေးတွေကိုပြန်ခေါ်ကာ သံကြိုးဖြင့်ပြန်ချည်ထားလိုက်သည်။
နောက်တစ်ရက်တွင်လည်း ၎င်းတို့အဖွဲ့
သည် ဦးမင်းလွင်တို့၏အိမ်ရှေ့သို့လာရောက်ပြီးအလှူခံပြန်လေရာ သောင်းလှိုင်ကလည်း ခွေးဖြင့်ရှူးတိုက်ပြန်သည်မို့ထွက်ပြေးကြရပြန်သည်။
သောင်းလှိုင်လည်း’ တဟားဟား’အော်ရီရင်းကျန်ခဲ့သည်။
တစ်နေ့သောမနက်တွင်တော့ ဦးမောင်လွင်တို့မိသားစုသည် မနက်စာစားနေခိုက်
“ဆန်လေး လက်တစ်ဆုပ်စာလောက်အလှူခံပါတယ်ကွယ်”
အိမ်ရှေ့မှ ရှမ်းသံဝဲဝဲဖြင့်
အလှူခံသည့်အသံကိုကြားလိုက်ရသောကြောင့် သုံးယောက်စလုံးလှမ်းကြည့်လိုက်
ကြရာ အဖိုးအိုတစ်ဦးကိုတွေ့လိုက်ရသည်။
ထိုအဖိုးအိုသည်လည်း ခေါင်းပေါင်းကိုကျကျနနပေါင်းထားပြီးဟောင်းနွမ်းနေသည့်ရှမ်းတိုင်းရင်းသားဝတ်စုံကို သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားသည်။
ကြည့်ရသည်မှာ ယခုတလောမှရောက်လာသည့် ရှမ်းဝတ်စုံကိုယ်စီဝတ်ထားသော
အလှူခံအဖွဲ့နှင့်တစ်ဖွဲ့တည်းဖြစ်လိမ့်မည်။
မည်သို့ပင်ဆိုစေ အလှူခံအဖွဲ့ဆိုလျှင် မျက်စိနောက်တတ်သည့်သောင်းလှိုင်သည်
သံကြိုးဖြင့်ချည်ထားသည့်ခွေးတွေကိုလွတ်ကာ ရှူးတိုက်သည်။
“ဟဲ့ ရှူး ရှူး”
“ဝုတ်ဝုတ် ”
ခွေးတွေလည်း အနှီအလှူခံအဖိုးအိုဆီသို့တဟုန်ထိုးပြေးသွားသည်။
သို့သော် အဖိုးအိုရှေ့သို့ရောက်တော့ခွေးသုံးကောင်စလုံးမှာအသံမထွက်တော့ဘဲ အမြီးကုပ်ကာ လှည့်ပြန်လာကြသည်။
မိသားစုသုံးယောက်စလုံးသည် ထိုအဖြစ်ကိုအံ့သြစွာဖြင့်ကြည့်နေခိုက်တွင် အဖိုးအိုသည် ဦးမောင်လွင်၏အိမ်ကိုလက်ညိုးထိုးကာ မြေကြီးကိုဖနောင့်ဖြင့်ပေါက်ပြီး ထွက်သွားသည်။
အဘယ်ကြောင့်ရယ်မသိ။ယင်းအခိုက်အတန့်လေးမှစတင်ပြီး ဦးမောင်
လွင်တို့မိသားစု၏မျက်လုံးထဲတွင် ထိုအဖိုးအိုကိုသာ အချိန်ပြည့်မြင်ယောင်နေကြတော့သည်။
နောက်တစ်နေ့မနက်သို့ရောက်သောအခါ၌ ထိုအဖိုးအိုသည် အိမ်ရှေ့သို့ရောက်လာပြန်သည်။
ထိုအခါ သောင်းလှိုင်လည်း ဘုရားစင်ပေါ်တွင် တင်ထားသည့် ရွှေတွေထည့်ထားသော တောင်းကိုယူကာ ထိုအဖိုးအိုကိုသွားပေးသည်။
ယင်းအဖြစ်ကို ဦးမောင်လွင်ရော ဇနီးဖြစ်သူပါမြင်ကြသည်။
သို့သော် နှစ်ယောက်စလုံးမှာ ဆွံ့အ.နေသကဲ့သို့ဖြစ်နေကြသည်။
မည်သို့မှ ပြောဆိုတားဆီးနိုင်ခြင်းမရှိကြ။
ထို့အတူ သောင်းလှိုင်ကိုယ်တိုင်ကလည်း စိတ်ညှို့ခံနေရသူတစ်ယောက်ပမာ ကိုယ်ဘာလုပ်နေသလဲဆိုတာကိုပင်မသိနိုင်တော့ချေ။
ရွှေတောင်းလက်ထဲရောက်လာသည့်နောက်အဖိုးအိုလည်းပြန်ထွက်သွားသည်။
သောင်းလှိုင်လည်းအိမ်ပေါ်သို့ပြန်တက်လာပြီး ဦးမောင်လွင်တို့ရှေ့တွင်ဝင်ထိုင်သည်။
ယင်းလည်း သုံးယောက်သားမည်သည့်စကားတစ်ခွန်းမှမပြောဖြစ်ကြ။
သို့ဖြင့် မိနစ်သုံးဆယ်ခန့်ကြာလာတော့မှ ဦးမောင်လွင်ရော ဇနီးဖြစ်သူပါ အိပ်ရာမှလန့်နိုးလာကြသူများပမာ ထအော်ကြသည်။
“ဟား ကုန်ပါပြီကွာ”
“အမလေး ကုန်ပါပြီတော့”
တစ်ဆက်တည်းဆိုသလိုပင် သောင်းလှိုင်ကလည်း ပြူးတူးပြာတာဖြင့်ပြောသည်။
“သူဒီမြို့ထဲမှာပဲရှိဦးမယ်။မှီလောက်သေးတယ် မှီလောက်သေးတယ်”
ထို့နောက်သုံးယောက်သား အိမ်အောက်သို့ကမန်းကတန်းဆင်းကာ အိမ်အပြင်ထွက်ပြီး အဖိုးအိုကိုအသည်းအသန်ရှာကြသည်။
သို့သော်မတွေ့ကြချေ။
နေရာစုံအောင်လိုက်မေးကြပြန်သော်လည်း ‘သတိမထားမိဘူး’ဟူသည့်အဖြေကိုသာရကြသည်။
နောက်ဆုံးတွင်တော့ လက်လျှော့ပြီး လှည့်ပြန်လာခဲ့ကြသည်။
အိမ်သို့ရောက်တော့ မိခင်ဖြစ်သူက ချုံးပွဲချငိုလေရင်းသောင်းလှိုင်ကို
ပြစ်တင်ကြိမ်းမောင်းသည်။
“နင့်ကြောင့် နင်အလှူခံလာတဲ့လူတွေကိုခွေးနဲ့ရှူးတိုက်လို့ ဟိုကလုပ်သွားတာ အီးဟီးဟီး”
” အမေကလည်းဗျာ..ကျွန်တော်ခွေးနဲ့ရှူးတိုက်တုန်းက အမေတို့လည်းရှိတာပဲ။တားပါ့လားဗျ”
“ဟဲ့ ငါတို့က တားစရာလား တားရအောင်နင်က ကလေးလည်း မဟုတ်တော့ဘူးလေ အသိဥာဏ်ရှိမှပေါ့”
သားအမိနှစ်ယောက်ပြောဆိုငြင်းခုံနေကြခိုက် ဦးမောင်လွင်က
“ကဲ တော်ကြပါတော့ မနက်ဖြန် အဲဒီလူပြန်လာချင်လာဦးမှာပါ သူမလာဖြစ်ရင်တော့ သူ့အဖွဲ့သားတွေလာကြမှာပါ။အဲဒီတော့မှ ဒီပြဿနာဆက်ရှင်းရအောင်”
ပြောသာပြောလိုက်ရသည်။
ဦးမောင်လွင်ကိုယ်တိုင်ကပင် မျှော်လင့်ချက်သိပ်မရှိချင်။
ထို့နောက် မည်သည့်စကားမှမပြောတော့ဘဲ အိမ်ပေါ်မှဆင်းသွားသည်။
နောက်တစ်နေ့မနက်ရောက်တော့ ဦးမောင်
လွင်တို့မိသားစုသုံးယောက်သည် ခြံဝတွင်ရပ်ပြီး အလှူခံအဖိုးအိုက်ိုစောင့်မျှော်ကြသည်။
သို့သော် အဖိုးအိုကား ရောက်မလာချေ။
ထို့အတူ သူ၏အဖွဲ့ဟု ယူဆရသည့် ရှမ်းတိုင်းရင်းသားအလှူခံအဖွဲ့လည်း ရောက်မလာတော့ပါချေ။
ဦးမောင်လွင်တို့ကလည်း ရက်ပေါင်းအတော်ကြာအောင်စောင့်မျှော်ခဲ့ကြသည်။
နောက်ဆုံး၌ လုံးဝရောက်မလာတော့မှ ရွှေတွေပြန်ရဖို့အရေးကိူ လက်လျှော့လိုက်ကြလေတော့သည်။
++++++++++++++++++++++++
အဖွားသည် အဖေနှင့်စကားများသည့်အခါတိုင်း
“နင့်ကြောင့်ငါတို့ရွှေတွေပါသွားတာ နင့်ကြောင့်”ဟုခဏခဏပြစ်တင်ကြိမ်းမောင်းသောကြောင့် ကျွန်တော်လည်း အဖေ့ကိုမေးမြန်းကြည့်မိရာ အထက်အဖြစ်အပျက်အား ပြန်လည်သိရှိလိုက်ရခြင်းဖြစ်ပါသည်။
ထို့ကြောင့် စိတ်ဝင်စားဖွယ်ကောင်းသောအဖြစ်အပျက်ဟု ယူဆမိသောကြောင့် ပရလောကစာရေးသူ ဆရာဆွေ(တောင်တွင်း)ထံသို့တကူးတကဖုန်းဆက်ပြီး ပြန်လည်ပြောပြလိုက်ရခြင်းဖြစ်ပါသည်။
မှတ်ချက်။ ။ယခုစာမူကုန်ကြမ်းကိုပေးပို့သူသည် စာရေးသူတင်သမျှဝတ္ထုတိုင်းကိုဖတ်ရှုလေ့ရှိသလို မန့်တွေကိုလည်း မြင်တွေ့နိုင်မည်ဖြစ်သောကြောင့် ကာယကံရှင်စိတ်အနှောင့်အယှက်မဖြစ်ရလေအောင်
ကြမ်းကြမ်းတမ်းတမ်းမန့်ခြင်းမျိုးမပြုပါရန် မေတ္တာရပ်ခံပါသည်။
အားလုံးအေးချမ်းပါစေ…။
ဆရာဆွေ(တောင်တွင်း)
Leave a Reply