လန့်နေရှာသည်။ ******* ညသည်နက်သထက်နက်လာခဲ့၏။ တိတ်ဆိတ်သော ညသန်းခေါင်သည်အိပ်မောကျစေဖို့အကောင်းဆုံးအချိန်ပင် ဖြစ်၏။ သို့သော် မအိပ်စက်နိုင်ဘဲ အချိန်ကောင်းကို စောင့်နေကြသည့်သူများကလည်းရှိနေပေသည်။ ထိုသူများက ဘုန်းကြီးကျောင်းသား ငသွင်တို့သုံးဦးပင်ဖြစ်၏။ ကပ္ပိယကြီးနှင့်ကိုရင်များ၏အလှစ်ကိုချောင်းပြီး ငသွင်တို့ သင်္ချိုင်းကုန်း ဘက်ဆီသို့ ထွက်လာခဲ့ကြသည်။ သုံးဦးစလုံး ပုဆိုးများအားခါးတောင်းကြိုက်ထားကြပြီး ရင်ဘက်တွင်လည်း ချည်လွယ်အိတ်လေးများကိုယ်စီ လွယ်ထားကြလေသည်။ ထိုချည်လွယ်အိတ်လေးများထဲတွင်တော့ သူတို့၏လက်စွဲတော်လောက်လေးခွနှင့် ဓာတ်မီးတစ်လက်စီပါရှိကြ၏။ သင်္ချိုင်းကုန်းသို့စခြေချသည်နှင့်ဓာတ်မီးများဖွင့်ကာ ဆက်လျှောက်လာကြသည်။ သူတို့လျှောက်လမ်းလာသည့် သင်္ချိုင်းကုန်းသည်ပင်မည်သည့်အသံမှမကြားရအောင်ပင် တိတ်ဆိတ်ခြောက်ကပ်လို့နေ၏။ အုပ်ဆိုင်းနေသောသစ်ပင်ကြီးများ အုတ်ဂူအအိုအဟောင်းများ၊ မြေပုံမို့မို့များက သင်္ချိုင်းကုန်းထဲ၌နေရာလွတ်မကျန်လောက်အောင်ပင်နေရာယူထားကြလေသည်။ “ဂျွတ်…” ထိုသံသည်က သူတို့သုံးဦးထဲမှတစ်ယောက် လမ်းလျှောက်ရင်း သစ်ကိုင်းခြောက်ကိုတက်နင်းလိုက်သံဖြစ်၏။ ...

လိုက်ပြေးသည်။ သူတို့နှစ်ဦး စက်ဘီးကိုပင် မယူနိုင်။ ရွာတော် သုသာန်ကနေ သူတို့ရွာအထိ အားကုန်ထုတ်ကာ ပြေးကြသည်။ ရွာကိုရောက်သော်…။ သရဲ…သရဲ…ဟုသာ အော်ဟစ်ပြီး နှစ်ဦးစလုံး သတိလစ်သွားခဲ့တော့သည်။ နောက်တစ်နေ့နံနက်တွင်တော့ မျိုးဆွေတို့ သတင်းသည် ရွာနီးချုပ်စပ်ကို ပျံ့နှံ့ခဲ့လေ၏။ ❆ ❆ ❆ ❆ မြို့မရဲစခန်းဆီကို အသားညိုညို ရုပ်ရည်သင့်တင့်သော အမျိုးသမီးတစ်ဦး ရောက်လာသည်။ ” လူပျောက်တိုင်ချင်လို့ပါ ဆရာ…” စခန်းတွင် ဒုရဲအုပ်နေလင်း တာဝန်မှူးတာဝန်ကျနေ၏။ ” ဟုတ်ကဲ့…ထိုင်ပါ အစ်မ” အမျိုးသမီးကို နေရာထိုင်ခင်းပြပြီး မှတ်စုစာအုပ်ကို ...

မောင်ကောင်းနဲ့ ခွန်းလှတို့နှစ်ယောက်လုံးမြင်တွေ့လိုက်ရတယ်။ “ သင်ဘယ်သူလဲ…”လို့မေးလိုက်၌မယ့် ဘာမှပြန်ပြောသံမကြားရတာကြောင့် မောင်ကောင်းက အသံကိုမြှင့်လိုက်ပြီး “ အခုမှ စကားမပြောတတ်သလိုလုပ်မနေနဲ့… စိတ်ကကြည်နေတာမဟုတ်ဘူး၊ မြန်မြန်ပြောစမ်း သင်ဘယ်သူလဲ” “ မြို့စောင့်ပုဂ္ဂိုလ်ပါ” “ ဟားဟား.. ကျုပ်ကလဲ သင့်ကို့စောင့်နေတာ၊ ကဲ ပြောစမ်းပါဦး လူသတ်ကုန်းမှာ လူစားလဲတဲ့ကိစ္စ ဘာတွေဖြစ်မယ်ဆိုတာ ကြိုသိနေတယ်မဟုတ်လား” မြို့စောင့်ပုဂ္ဂိုလ်နှုတ်ဆိတ်နေတာကြောင့် မောင်ကောင်းက ထိုင်ရာကနေ ထလိုက်ပြီး ညောင်ပင်အောက်ကိုထွက်သွားခဲ့တယ်။ “ အေး… ကျုပ်မေးတာမဖြေလို့ကတော့ ခင်ဗျားကို တစ်စစီလုပ်ပစ်မယ်…” “ အဲလိုတော့ မလုပ်ပါနဲ့ ဆရာရယ်… ကျုပ် ...

စိစစ်လိုက် မနက်အတွက် အကြော်ရောင်းလျှင် အဆင်သင့်ဖြစ်အောင် လုပ်စရာရှိတာလုပ်လိုက်နှင့် အလုပ်ရှုပ်နေလေသည်။ “သမီးကြီး မအိပ်သေးဘူးလား ” “ဟုတ်မအိပ်သေးဘူးအမေ မနက်အတွက် အဆင်သင့်ဖြစ်အောင်လုပ်နေတာအမေရဲ့ ပြီးတော့အငယ်မကိုလည်းစောင့်ရင်းပေါ့” “အင်း ငါ့သမီးကြီးလည်းအတော့်ကိုပင်ပန်းနေပြီ နားရတယ်လို့ကိုမရှိဘူး” “သြော် အမေရယ် မပင်ပန်းပါဘူး ဘဝဆိုတာကတော့ဒီလိုပါပဲ” ထိုစဉ် “အမေ အမ သမီးပြန်လာပြီ” “အေးသမီးပြန်လာပြီလား စာတွေရော ရခဲ့လား” “ရခဲ့တယ် အမေ အမမအိပ်သေးဘူးလား” “အိပ်တော့မှာ အမက ညီမလေးကို စောင့်နေလို့မအိပ်သေးတာ” “ဟုတ်ဒါဆို ညီမလေး အိပ်နှင့်တော့မယ်နော်” “အေးအေး ” သားအမိ၃ယောက်အိပ်ရာဝင်ခဲ့ကြတော့သည်။ ...

သူ့ကားကိုထိုးလိုက်ပြီးတော့ ကျုပ်တို့ကို တရိုတသေနဲ့ အိမ်ကြီးဆီကိုခေါ်သွားသဗျ၊ အိမ်ကြီးတစ်အိမ်လုံးက မီးရောင်တွေနဲ့ထိန်လင်းနေတာပါပဲဗျာ၊ ကျုပ်တို့အိမ်အောက်ရောက်တော့မှ အိမ်ကြီးထဲမှာ လူတွေရုတ်ရုတ်သဲသဲဖြစ်နေတာကိုတွေ့လိုက်ရတယ်ဗျ၊ မိန်းမတွေ၊ ယောက်ျားတွေက ကပျာကယာနဲ့ဝင်လိုက်ထွက်လိုက် လုပ်နေကြတော့ တစ်ခုခုဖြစ်နေပြီမှန်း ကျုပ်သိလိုက်မိတယ်၊ ကားဒရိုင်ဘာက ကျုပ်တို့ကို အိမ်ကြီးရဲ့ ဧည့်ခန်းထဲကိုခေါ်သွားတယ်၊ ဒီအခါ လှလှပပဝတ်ဆင်ထားတဲ့ မိန်းမကြိးတစ်ယောက်က အိမ်ပေါ်ထပ်ကနေ ဆင်းလာတယ်။ “ဟဲ့ မောင်မျိုး၊ ကားလာအပ်တာလား” “ဟုတ်တယ် မမကြီး၊ ဒါနဲ့ ဆရာထွန်းရော” မမကြီးဆိုတဲ့ မိန်းမကြီးက မျက်နှာထားက ခပ်တင်းတင်းပဲဗျ၊ ဆံပင်တွေကို ဘီးစပတ်ပတ်ပြီး ဆံထုံးထုံးထားတယ်၊ မျက်နှာမှာတော့ ရွှေကိုင်းတပ် ...

.. “ဧည့်သည်တွေရောက်နေတာလား မိဝင်း” ဟုမေးသောအခါ ဒေါ်ဝင်းမှ… “ဆေးတောရွာက ဖိုးကျော်တို့ပါအမေ……..” “ဆေးတောရွာကဖိုးကျော်…ဘယ်သူများလဲဟဲ့” ဟုဘွားမယ်စိန်မေးလေတော့ ဖိုးကျော်မှ… “ကျုပ်တခါလာဖူးပါတယ်ဘွားရဲ့…ကျုပ်သူငယ်ချင်း ဝင်းမောင်နဲ့ပူကင်းရွာဟောင်းကခင်မမဆိုသူအကြောင်း လာအကူအညီတောင်းဖူးသေးတယ်လေဗျာ…….” ဟုဆိုသောအခါမှဘွားမယ်စိန်မှတ်မိသွားဟန်တူသည်။ (မသိသူများကဘွားမယ်စိန်နှင့်ပူကင်းရွာဟောင်းမှခင်မမ စာမူကိုပြန်ဖတ်ပါ) “သြော်…အေး…အေး…မှတ်မိပြီကွဲ့” ဟု…ဖြေရင်းကွပ်ပျစ်နားဆီသို့ရောက်လာခဲ့တော့သည်။ ကွပ်ပျစ်ပေါ်သို့တက်ထိုင်ရင်း… “ဘာအရေးများရှိလို့ရောက်လာပြန်ရတာလည်းမောင်ရင်…” “ကျုပ်တို့လာတာအရေးကြီးလို့ပါဘွား…”. “ပြောပါဦးကွယ်… အရေးကြီးတဲ့အကြောင်းက ဘာများလဲဆိုတာဘွားသိပါရစေဦး” ဘွားမယ်စိန်ကမေးလေတော့ ဖိုးကျော်မှ… “အကြောင်းအရင်းတော့ကျုပ်တို့သေချာမသိသေးဘူးဘွားရဲ့ ကျုပ်တို့သိတာကတော့ ငမောင်နဲ့င​ဆောင် ဆိုတဲ့ညီအစ်ကိုနှစ်ယောက် ရွာပြင်က သင်္ချိုင်းကုန်းက ပြန်လာပြီးနောက်ရက်ကျငိုလိုက်…ရယ်လိုက်…​ ကြောက်လိုက်နဲ့…အခြေအနေကအတော်ဆိုးနေတာဗျ” ဟုပြောလေတော့ ဘွားမယ်စိန်ခေါင်းညိတ်၏။ “ဒီလိုဆိုရင်ကိစ္စကအလျင်လိုစရာပဲ… ကဲပါ..ဘွားလိုက်ခဲ့မယ်…မိဝင်း… ညည်းက ညည်းတူမောင်တိုးတို့ကိုသွားခေါ်ချည်စမ်း” ...

သူစိမ်းယောကျာ်းတစ်ယောက်အိပ်နေသည်မှာ သေချာလွန်းနေချေပြီ။ ထိတ်ထိတ်လန့်လန့်နှင့် ရုတ်တရက်ထထိုင်ပြီးလှည့်ကြည့်လိုက်သည့် အခါ ထိုသူသည် အပေါ်ပိုင်းဗလာကျင်းနှင့် ကျွန်မအားကျောပေးပြီး အိပ်နေလေသည်။ တုန်လှုပ်ချောက်ချားမှုနှင့်အတူ ကုတင်ပေါ်မှ အမြန်ဆင်းပြီး.. “” ရှင်ဘယ်သူလဲ… ကျွန်မအခန်းထဲဘယ်လိုရောက်လာတာလဲ..”” ကျွန်မမေးသော်လည်း ထိုသူက အိပ်ပျော်နေဆဲပင်။ ညကအခန်း တံခါးကို လော့မချခဲ့မိခြင်းလောဟု ကျွန်မတွေးရင်း တံခါးလော့ကို သွားကြည့်ခဲ့သည်။ တံခါးကလော့ချထား၏။ သို့ပေမယ့်လည်း ထို လော့ကိုကျွန်မချခဲ့ခြင်းဖြစ်ချင်မှဖြစ်ပေလိမ့်မည်။ ထိုသူ ညကဝင်လာပြီး တံခါးလော့အား ချထားခြင်းလည်းဖြစ်နိုင် သည်။ ကျွန်မသူ့ကိုကြည့်ရင်းဒေါသထွက်လာမိတော့သည်။ ထိုသူ ခြုံအိပ်နေသော စောင်ကိုကျွန်မဆွဲယူပစ်လိုက်သည်။ ထိုသူက ညဝတ်ဘောင်းဘီ မီးခိုးရောင်ကိုဝတ်ဆင်ထား၏။ ...

သည်။ မူရင်းဆန်ထက် နီသည်။ သုံးလွန်းတင် ထမင်းနှင့် စားရမည့် ဟင်းက သုံးမျိုးတည်းပါ။ ဟင်းတစ်မျိုးက ဂုံရွက်ဟင်းချို။ တစ်ပန်းကန်ထဲ ရောထည့်ထားသော ဟင်းနှစ်မျိုးက ဘယ်ဘက်မှာ ငရုတ်သီးထောင်း ညာဘက်မှာ ငါးပိနုဖုတ်။ သည်သို့သော ထမင်းပွဲကိုပင်လျှင် နပ်လျဉ်မီအောင် ရရာ အလုပ်ကို ငတောသေကောင်ပေါင်းလဲ လုပ်နေရ၏။ “ဘာဖြစ်လို့ ထမင်း မလောက်တာလဲ နင့်အမေရ” “ပြောမပြချင်ပါဘူးတော်၊ ထမင်းအိုး ချက်ခါနီး မိတူးက ပြောင်းနီဆန် နို့ဆီဘူး တစ်လုံး အချေး လာတောင်းရော သူ့ပြောင်းနီဆန် ချေးထားတာ ကလည်း ...

ခေါ်ဘဲ မှတ်ကြီးလို့ပဲပြန်ခေါ်ကြတယ်တဲ့ကွာ၊ ဒါနဲ့ပဲ နာမည်ပြောင်းတာ မအောင်မြင်ဘူးပေါ့” “အင်းပေါ့ဗျာ၊ နှုတ်ကျိုးနေပြီကိုး” “ဒါနဲ့ တစ်ရက်တော့ အဲဒီမှတ်ကြီးနဲ့ ရွာသားတစ်ယောက်နဲ့ ရန်ဖြစ်ပြီး တုတ်တစ်ပျက် ဓါးတစ်ပျက်ဖြစ်ကုန်ကြရောကွာ၊ တစ်ဖက်က လူက ဓါးနဲ့ခုတ်လိုက်တော့ မှတ်ကြီးတစ်ယောက် လက်ပြတ်သွားတယ်ကွ၊ ဒီတော့မှ သူ့နာမည် မှတ်ကြီးက ပြောင်းသွားတော့တယ်ဟေ့” “ဟာ၊ ဘယ်လိုများပြောင်းသွားတာလဲဗျ” “လက်ပြတ် မှတ်ကြီးတဲ့ကွာ၊ ဟား၊ ဟား” ဦးဘသာာပြောတော့ ကျုပ်လည်း လိုက်ပြီးရယ်မိတာပေါ့ဗျာ၊ ကျုပ်တို့နှစ်ယောက်လည်း စကားတပြောပြောနဲ့ ပေါင်းကောက်နေရင်း မကြာခင် ကန်သင်းအစပ်ကိုရောက်လာတယ်ဗျ၊ ကန်သင်းတွေရဲ့ဘေးနားမှာ ရေသွင်းတဲ့မြောင်းကလေးတွေရှိတတ်တယ်၊ မိုးကောင်းတဲ့အချိန်ဆိုတော့ ...

ကော လက်လျော့ထားရတယ်ဗျာ…….” “အလိုလေး….ထူးဆန်းလှပါလားဗျာ…..” “ဒီထက်ထူးဆန်းတာက လူကတော့ ပျောက်ကတည်းကပုံစံပါပဲ…။ သို့ပေမယ့် ကျုပ်ဆင်မြန်းပေးထားတဲ့ လက်ဝတ်လက်စားတွေတစ်ခုမှပြန်ပါမလာဘူးသူကြီးရေ… ကျုပ်တော့ ဝမ်းသာရခက်…ဝမ်းနည်းရခက်ကြီးပေါ့” သူကြီးလည်း ခေါင်းတညိတ်ညိတ်ဖြင့်သာနားထောင်နေရ၏။ သို့သော် သူသည်လည်း မည်သို့မှတ်ချက်ပြုရလေမည်မသိခဲ့။ “ကဲ…လက်ဖက်ရပြီတော်ရေ့…စားပါဦး……” ပန်းနု လက်ဖက်ပန်းကန်ကိုင်၍ ရောက်လာခဲ့သည်။ “တူမကြီးရဲ့ထိုင်ပါဦး…ဦးကြီးမေးမြန်းစရာရှိသေးလို့ပါ” “ထိုင်ပါ့မယ်သူကြီးရယ်…ကျုပ်ကိုဘာမေးမလို့တုန်း… အရီးကောနေကောင်းကျန်းမာရဲ့လား” “ကျန်းမာပါ့ဗျာ…။အဲ…​ ဒီလိုလေ… တူမကြီးအရင်သုံးလေးရက်က ဘယ်တွေများသွားတာတုန်း…တူမကြီးအဖေခမျာ တူမကြီး ပျောက်လို့ ငိုဟဲ့…ရယ်ဟဲ့နဲ့အတော်ကိုသနားစဖွယ်ကောင်းပါတယ်ကွယ်…” “အိုတော်…ကျုပ်ဘယ်မှမသွားပါဘူးတော်……….” ပန်းနုမျက်နှာသည် သူကြီး၏အမေးကိုကြားလေသော် ချက်ချင်းပင် တွေဝေငေးမောသွားလေသည်။ စကားများသည်ကလည်း အသက်မပါတော့။ “ဒါဖြင့်တူမကြီးလက်ဝတ်လက်စားတွေဘယ်မှာကျပျောက်ကုန်တာလဲ…တူမကြီးရဲ့” “ကျုပ်မသိဘူးလေ…ကျုပ်ဘာမှမသိဘူး….အဘ….ကျုပ်ဘာမှမသိပါဘူးတော်….အီးးးးဟီးးးးးဟီးးးးးးးးးးး” ပန်းနုကပြောရင်းငိုချလေရာ ...