ထွန်းမောင်ရှေ့မှာ ထိုင်လိုက် ကြသည်။ “ကျနော်တို့က အိမ်မှာ ဆရာမှ ရှိပါ့မလားလို့” “လာရင်းကိစ္စက” “အောက်စုရွာက ဦးလေးကျော်အောင် လွှတ် လိုက်တာပါ။ ဦးလေးကျော်အောင် နေမကောင်း ဖြစ်နေတာနဲ့ မလိုက်လာနိုင်ဘူးဆရာ” “ဦးကျော်အောင်နဲ့ ကျတော်သိတာ ကြာပါပြီ မတွေ့ကြတာလည်း ကြာပြီ၊ အကြောင်းကိစ္စ ထူးတယ်နဲ့ တူတယ်” “ထူးဆို ဆရာရယ် လေးရက်တိတိရှိပြီ၊ ရွာကို ခဲတွေနဲ့ အပစ်ခံနေရလို့ ” “ဘယ်အချိန် စပစ်တာလဲ” “ညခုနှစ်နာရီဆို ခဲတွေနဲ့ ဘယ်သူလာပစ်နေ မှန်း မသိဘူး၊ ရွာဦးထိပ်က စပြီး ...

တွေးတော့.. “မောင်ရင့်ကိုကျုပ် မစနောက်ပါဘူးကွယ်…. ကျုပ်က အထက်ကချပေးတဲ့လမ်းစဥ်တွေလိုက်နာပြီး လူတွေကိုကယ်တင်ပေးနေတဲ့သူပါကွဲ့…. ကျုပ်ရဲ့ပညာနဲ့ကျုပ်ရဲ့ဘုန်းကံကပဲကျုပ်ကို အခုလိုလူသံမာတစ်ယောက်လိုဖြစ်စေတာကွဲ့…” “သြော်…ဟုတ်ကဲ့ဆရာကြီး… ကျုပ်ကိုတမျိုးတော့မထင်ပါနဲ့… ဆရာကြီးက ဆံပင်တစ်ချောင်းတောင်မဖြူတော့ ကျုပ်ကအံ့သြမိတာပါ… နောက်ပြီးဆရာကြီးက ကျုပ်ရဲ့အတွေးတွေကို ကြားရတယ်ပေါ့နော်…” လို့ကျုပ်ကမေးတော့ဆရာကြီးကကျုပ်ကို သေချာစိုက်ကြည့်နေတယ်ဗျ။ ကျုပ်မေးမိတာများမှားသွားပြီလားလို့ထင်နေမိတုန်း… “မောင်ရင့်စိတ်ထဲမှာတွေးသမျှကို ကျုပ်မသိပါဘူး… ဒါပေမယ့်မောင်ရင်ကျုပ်ကိုရည်စူးပြီးပြောလိုတာတွေကိုတော့ ကျုပ်သိတယ်မောင်ရင်…” “သြော်…ဟုတ်ကဲ့ဆရာကြီး” ကျုပ်လည်းဆရာကြီးပြောမှနားလည်သွားတယ်ဗျ။ ကျုပ်ပါးစပ်ကဆရာကြီးကိုပြောလိုတာတွေ ဆရာကြီးကအလိုလိုသိနေတာဗျ။ တော်ပါသေးရဲ့ဗျာ…ကျူပ်ကတွေးချင်တာတွေးတဲ့ ကောင်ဆိုတော့ဆရာကြီးများကျုပ်ကို စိတ်ပျက်သွားမလားလို့စိတ်ပူနေတာဗျ။ ကျုပ်နဲ့ဆရာကြီးပြောသမျှကို လှည်းမောင်းနေတဲ့ သူကနွားတွေကိုငေါက်ငမ်းနေရတာနဲ့ ဂရုစိုက်မိတဲ့ပုံမပေါ်ဘူးဗျ။ ကျုပ်တို့လည်းလှည်းကြုံလိုက်ရင်းတစ်နေရာရောက်တော့ ဆရာကြီးကလှည်းကိုရပ်ခိုင်းတယ်ဗျ။ “မြို့ထိမလိုက်တော့ဘူးဗျို့… ကျုပ်တို့ဒီမှာပဲဆင်းတော့မယ်…” လို့ပြောပြီးဆရာကြီးက နွားလှည်းပေါ်ကအရင်ဆင်းတယ်ဗျ။ ...

သားကောင်းလာခဲ့သည်။ “အမယ်လေး…မမြင့်ရဲ့…ငါကိုကယ်ပါဦးဟ… အင်း…ဟင်း…ဟင်း…….” ဟုအော်ဟစ်၍ အိပ်ရာ ထဲ၌လူးလှိမ့်နေရသည်။ “ဘာဖြစ်တာလဲကိုဗလရယ်…တော့်ရောဂါရလည်း အထူးအဆန်းပဲ…နေဦး…ကျုပ်ဆေးဆရာသွားပင့်ချေဦးမယ်” မမြင့်သည် ကိုဗလအား ဆေးဆရာပင့်ကာကုသပေး၏။ ကိုဗလ၏အခြေအနေကိုကြည့်ပြီး… “ဒီကောင်အရက်သောက်များပြီး အသားတွေဝါ…မျက်လုံးတွေဝါနေတာ… အသည်းခြောက်ပုံရတယ်ဟ…ရော့…ဒီဆေးလေးပုံမှန်တိုက်” “ဟုတ်ကဲ့ပါ ဆရာကြီး” ဆေးဆရာပေးသော ဆေးသည် ကိုဗလ၏ ဝေဒနာကိုပျောက်ကင်းနိုင်ပုံမရ။ အရက်ကြောင့်ရသော ရောဂါသည်ကလည်း အတော်ဆိုးဝါးနေခဲ့သည်။ အိပ်ရာထဲ၌ လူးကာလှိမ့်ကာအော်ဟစ်နေပြီး… ချီးများ…သေးများပင် မမြင့်က သန့်ရှင်းပေးရရှာသည်။ ထိုသို့နေရင်း ရက်အတော်ကြာတော့… “လာခေါ်နေကြပြီ…ငါမလိုက်ဘူး… ငါမလိုက်ဘူး…သွား…သွား…မလိုက်ဘူးးးး….” ဟူသော ကိုဗလ၏အော်ဟစ်သံကြီးသည် ဘေး၌ရှိသောအိမ်များကပင်အတိုင်းသားကြားရလေသည်။ ထိုအသံကြီးတိတ်ဆိတ်သွားချိန်မှာတော့ မမြင့်ရဲ့… “အမယ်လေး…ကိုဗလဆုံးပြီတော်ရေ့… ကိုဗလဆုံးပြီးတော့်… ...

ပဲအမေကြီးရဲ့” ဟု…မောင်ဖြစ်သူကပြောပြလေသည်။ ရွာသူကြီးဦးမျိုးသစ်ကလည်း… “ဟုတ်တယ်ဗျ…ကျုပ်တူမကြည့်ရတာ မမြင်အပ်တာတွေဝင်စီးနေပုံရတယ်… အဲ့သည်ဟာတွေဝင်စီးပြီးစားချင်တာစားပြီးရင် သူဘာမှမမှတ်မိဘူးဖြစ်နေတာ… ကျုပ်တူကသူ့အစ်မအကြောင်းပြောပြတော့ ကျုပ်လည်းဘွားဆီကိုအပြေးခေါ်လာခဲ့ရတာပဲဗျာ…” ဟုပြောပြန်တော့ဘွားမယ်စိန်ကခေါင်းညိတ်သည်။ မတင်ကြည်ကိုကြည့်ပြီးလည်း… “ဘွားမြင်ပါတယ်… သူ့ကိုမကျေနပ်တဲ့သူရှိနေတယ်… ကဲ…ထားပါ…အရင်ဆုံးမောင်ရင်တို့ အကြောင်းလေးပြောပါဦး…” ဟု…ပြောလေတော့ ငဖေက … “အမေကြီးသိချင်ရင်… ကျုပ်ပြောပြပါမယ်ဗျာ…” ဟု…အစချီကာ​ပြောပြလေတော့သည်။ ****************************** “​တောက်…” “ဟဲ့…ငဖေ ဘာဖြစ်လာပြန်တာလဲ” ပုဆိုးစကိုလက်၌ကိုင်ပြီးဒေါကြီးမောကြီးဖြင့် ရောက်လာသော မောင်ဖြစ်သူကို မတင်ကြည်ကမေးလိုက်သည်။ “ဘာဖြစ်ရမှာလဲအစ်မရာ… ကျုပ်ကို ဟိုကောင်အောင်ကျော်တို့အုပ်စုပေါ့” “ဟဲ့…ဒင်းတို့ကနင့်ကိုဘာလုပ်လိုက်လို့တုန်း” မတင်ကြည်က ထိုင်နေရာမှချက်ချင်းထ၍မေးလိုက်သည်။ “ငါမေးနေတယ်လေ ငဖေ…” မတင်ကြည်က ငဖေ့ကိိုစိတ်မရှည်ဖြစ်လာပြီး… အော်လိုက်တော့သည်။ ...

သလဲ…” လို့ဆရာကြီးနှုတ်က ကျုပ်ကိုမေးတော့ ကျုပ်အံ့သြသွားတယ်ဗျ။ ဆရာကြီးကျုပ်တွေးတာကိုဘယ်လိုများသိသလဲပေါ့ဗျာ။ “မောင်ရင်တွေးတာကိုကျုပ် သိနေတာက ထူးဆန်းသွားသလားကွဲ့… ကဲ…ကျုပ်မေးတာကိုသာပြောစမ်းပါကွယ်…” ကျုပ်အတော်လေးလန့်သွားပြီဗျို့။ ဆရာကြီးက ကျုပ်စိတ်ကိုဖတ်နိုင်နေတာဗျ။ ကျုပ်အတွေးတွေကိုဆရာကြီးသိနေတာပဲဗျ။ ကျုပ်လည်းကြောက်ကြောက်နဲ့… “ဟို…ဟို…ငါးဆယ်ကျော်လောက်လို့ ထင်ပါတယ်ဆရာကြီး” လို့ကျုပ်ကပြောတော့ဆရာကြီးက တဟားဟားနဲ့ ရယ်တယ်ဗျ။ ကျုပ်ပြောတာမှားသွားလို့ရယ်တာလို့ကျုပ်ထင်တာပေါ့ဗျာ။ “ဒီမယ် မောင်ရင်ရဲ့… ကျုပ်ရဲ့အသက်ကရှစ်ဆယ်ကျော်ပြီကွဲ့…” “ခင်ဗျာ…” ဆရာကြီးအသက်ကရှစ်ဆယ်ကျော်ပြီတဲ့… ကျုပ်လုံးဝထင်မထားဘူးဗျာ။ ဆရာကြီးကျုပ်ကိုစနောက်နေတယ်လို့ကိုထင်တာဗျို့…။ ကျုပ်အဲ့လိုတွေးတော့.. “မောင်ရင့်ကိုကျုပ် မစနောက်ပါဘူးကွယ်…. ကျုပ်က အထက်ကချပေးတဲ့လမ်းစဥ်တွေလိုက်နာပြီး လူတွေကိုကယ်တင်ပေးနေတဲ့သူပါကွဲ့…. ကျုပ်ရဲ့ပညာနဲ့ကျုပ်ရဲ့ဘုန်းကံကပဲကျုပ်ကို အခုလိုလူသံမာတစ်ယောက်လိုဖြစ်စေတာကွဲ့…” “သြော်…ဟုတ်ကဲ့ဆရာကြီး… ကျုပ်ကိုတမျိုးတော့မထင်ပါနဲ့… ဆရာကြီးက ဆံပင်တစ်ချောင်းတောင်မဖြူတော့ ကျုပ်ကအံ့သြမိတာပါ… ...

တက်လာခဲ့ကြသည်။ နောက်မှ အိမ်ရှင်လူကြီး အိမ်ပေါ်လိုက်တက် လာခဲ့သည်။ “ဆရာ ဦးထွန်းမောင် ဟုတ်ပါလား ခင်ဗျာ” “ဟုတ်ကဲ့ …ကျနော်ထွန်းမောင်ပါ” ဆရာဦးထွန်းမောင်လည်း ရောက်လာသူများ ကဲ့သို့ အသက်ငါးဆယ်ကျော်ခန့်ပင်ရှိသည်။ သူတို့ ဆရာဦးထွန်းမောင်ရှေ့မှာ ထိုင်လိုက် ကြသည်။ “ကျနော်တို့က အိမ်မှာ ဆရာမှ ရှိပါ့မလားလို့” “လာရင်းကိစ္စက” “အောက်စုရွာက ဦးလေးကျော်အောင် လွှတ် လိုက်တာပါ။ ဦးလေးကျော်အောင် နေမကောင်း ဖြစ်နေတာနဲ့ မလိုက်လာနိုင်ဘူးဆရာ” “ဦးကျော်အောင်နဲ့ ကျတော်သိတာ ကြာပါပြီ မတွေ့ကြတာလည်း ကြာပြီ၊ အကြောင်းကိစ္စ ထူးတယ်နဲ့ တူတယ်” ...

တစ်ယောက်တည်း ရှင်းလင်းပြီးနေပြီဟ” မိုးတစ်ပြိုက်နှစ်ပြိုက်ရွာလိုက်ပြီမို့ မိုးဦးကျယာထွန်ယက်ရတော့မည့်အချိန်ဖြစ်နေပြီဖြစ်သည်၊ ဦးပန်းရနှင့် ဒေါ်စိန်သာတို့မှာ ဆင်းရဲလွန်းသဖြင့် နွားတစ်ရှဉ်းပင်မရှိပေ၊ နွားပြာအိုကြီးတစ်ကောင်သာ အိမ်တွင်ရှိသည့်အတွက် ထွန်ယက်မည့်အချိန်မျိုးဆိုလျှင် ရွာထဲလှည့်ကာ နွားတစ်ကောင်ချေးငှားရစမြဲဖြစ်သည်။ ရွာသူရွာသားများမှာ တောင်သူလယ်သမားများဖြစ်သည်မို့ မိုးဦးကျအချိန် နွားများအလုပ်မအားတတ်ဖြစ်ရာ တော်ရုံတန်ရုံနွားချေးငှားသူရှားလေသည်။ ယခုလည်း ဒေါ်စိန်သာတစ်ယောက် ညစာစားပြီးသောအခါ မုန်တိုင်ရွာဘက်သို့လှည့်ထွက်လာခဲ့သည်။ “ကိုကြီးသောင်းရေ၊ ညီမတို့ယာကလေးထွန်ချင်လို့ နွားတစ်ကောင်လောက် တစ်နေကုန်လောက် ငှားစမ်းပါတော့” “အိုဟာ၊ ငါလည်း ငါ့လယ်တွေကို ထွန်နေရသေးတယ်ဟ၊ ညည်းကိုငါ ငှားချင်ပါတယ်” “ကိုကြီးသောင်းရယ်၊ ကိုကြီးသောင်းဆီမှာက နွားက အကောင်အစိတ်တောင်ရှိတာမဟုတ်လား၊ တစ်ကောင်တစ်လေလောက်ရရင် အဆင်ပြေပါတယ်ရှင်” “ခက်တာပဲ ...

နောက် မုဆိုးတင်မောင်အားခေါ်၍ တောပစ်ထွက်ခဲ့ပါတော့သည်။ မုဆိုးတင်မောင်မှာ ဖားအံဘက်ကဖြစ်၍ မုဆိုးမျိုးရိုးဖြစ်ပါသည်။ လိုင်စင်မဲ့သေနတ် ကိုင်ဆောင်မှုဖြင့် ထောင်(ရ)နှစ် ကျသူဖြစ်ပြီး ကရင်လူမျိုး ဖြစ်ပါသည်။ တောင့်တင်းသန်မာပြီး၊ ထောင်ပိုင်ကြီးအား အလုပ်ပိတ်ရက်များတွင် ကြက်၊ ငှက် ထောင်၍၎င်း၊ ငါးဖမ်း၍၎င်း ရှာဖွေကျွေးသူဖြစ်ပါသည်။ “ဆရာ လက်တည့်ရင် သေချာပေါက်ရအောင် ပါဆယ်ပါညန်း ရွာဟောင်းဘက် ပင်လယ်ကမ်းစပ် ဆင်းရအောင်။ အဲ့ဒီမှာ မျောက်တံငါတွေ အရမ်းပေါတယ် ဆရာရဲ့” “မျောက်တံငါသား နံမှာပေါ့ကွာ။ တစ်ခြားတောကောင် မရှိဘူးလား” “မျောက်တံငါဘဲ ပေါတယ် ဆရာ၊ တခြား ပင်လယ်ငှက်တွေဘဲ ...

ဆက်ဆံလေ့ရှိကြ၏။ တနေ့သ၌ သတို့သားနှင့် သတို့သမီးတို့သည် ကျွန်တော်၏ နေအိမ်သို့ ကားတစီးနှင့် ဆိုက်ရောက်လာကြ၍ လက်ဖက်ရည် သောက်လျက်ရှိကြစဉ် ကျွန်တော်သည် တဦးအပေါ်၌ တဦး အထူး ကြင်နာ ချစ်ခင်ဟန် ရှိကြသော လူငယ်နှစ်ယောက်တို့ကို ကြည့်ရှု အကဲခတ်ရင်း ဤတသက်၌ လူပျိုကြီး အဖြစ်နှင့်ပင် ဘဝဆုံးစေပါတော့မည်ဟု ရည်မှန်းဆုံးဖြတ်ခဲ့သော သန္နိဋ္ဌာန်သည် တကြိမ် နှစ်ကြိမ်မျှ ပျက်လုမတတ် ရှိခဲ့၏။ ၎င်းတို့၏ အမူအရာနှင့် မျက်နှာထားများမှာ ထိုမျှလောက်ပင် သားရည်ယိုဖွယ်ရာ ရှိနေပေ၏။ ထိုသို့သော အခြင်းအရာကို တွေ့မြင်ရဖူးသောကြောင့်ပင် ကျွန်တော်မှာ ...

တယ်မဟုတ်လားဗျ” “ဒီလိုတော့ ဘယ်ဟုတ်မလဲ အကြီးကောင်ရ၊ တိရစ္ဆာန်တိုင်းကတော့ သူ့ပုံစံနဲ့သူ၊ သူ့နေရာနဲ့သူတော့ အသုံးဝင်တာပဲကွ၊ ဒါကြောင့်တစ်ကောင်နဲ့တစ်ကောင်သွားပြီး နှိုင်းလို့ဘယ်ရမလဲကွ၊ မင်းတို့ခွေးတွေ ကြွက်ဖမ်းနိုင်တာကျလို့” “ဟာ၊ လယ်ကြွက်လောက်တော့ လိုက်ဖမ်းတတ်ပါတယ်ဗျာ” ဦးဘသာက ကွမ်းအစ်ဖွင့်ပြီးတော့ ကွမ်းရွက်တစ်ရွက်ကို ရေစင်အောင်ခါနေရင်း “မတူဘူးအကြီးကောင်ရ၊ ကြောင်ဆိုတာ နူးညံ့တဲ့သတ္တဝါကွ၊ အိမ်မွေးတိရစ္ဆာန်တွေထဲမှာ ခွေးနဲ့ကြောင်က အမွေးအများဆုံးမဟုတ်လာကွ၊ မင်းပြောသလိုသာ လိုက်တွက်နေမယ်ဆိုရင် ကြောင်မွေးတဲ့လူတွေက အရူးအပေါတွေလိုဖြစ်နေပြီကွ၊ ဘာမှအကျိုးမပြုတဲ့ကြောင်ကို အိမ်မှာခေါ်တင်ပြီး တမင်သက်သက် ထမင်းတင်ကျွေးထားသလိုဖြစ်နေပြန်ပါပြီကွာ” ဦးဘသာပြောတော့မှ အကိုကြီးလည်းပါးစပ်ပိတ်သွားတော့တယ်။ “ကြောင်ဆိုတာလည်း ခွေးလိုပဲကွ၊ ဟိုးနှစ်သန်းပေါင်းများစွာကတည်းက လူတွေနဲ့အတူတူ နေထိုင်ခဲ့တဲ့ ...