ဆေးမြစ်ကိုလည်း သူပဲပေးခဲ့တာ” “အခုရော အဲ့ဒီမှာရှိသေးလားဗျ” ကိုမြင့်ဆောင်မေးလိုက်တော့ “အခုတော့ မရှိတော့ဘူ သူသရဲဘဝကနေ ကျွတ်သွားပြီ” ဦးဖိုးခေါင် ပြန်ဖြေလိုက်တယ် “ဘာလို့ ကျုပ်ကို ဆေးမြစ်ပေးတာတုန်” ကိုမြင့်ဆောင်အမေးကို ဦးဖိုခေါင်ကြီးက ပြန်ဖြေလိုက်သည် “အေး အဲ့ဒီဆေးမြစ်မင်းဆီမှာ ရှိနေတော့ အခုလို လွယ်လွယ်ကူကူ လာလို့ရတယ် အခက်အခဲ မရှိတော့ဘူး” ဦးဖိုးခေါင်ဆက်၍ “ဒါပေမဲ့ မင်းကိုသတိပေးစရာတခုတော့ရှိတယ် အဲ့ဒီဆေးမြစ်ကို မင်းရဲ့ လက်နဲ့ဆုပ်ကိုင်ထားရင်တော့ ငါတို့လိုနာနာဘာဝ မကောင်းဆိုးဝါးတွေကို သူတို့ရဲ့ပုံပန်းသဏ္ဍန်အစစ်အမှန်အတိုင်း မြင်‌နေရလိမ့်မယ် ငါနဲ့ ငလူးကြီးကိုမင်းတွေ့ရသလိုပေါ့” ကိုမြင့်ဆောင်၏ လေးဂွလွယ်အိပ်ထောင့်လေးမှာ ဦးဖိုးခေါင်ပေးခဲ့သော ...

အမဲလိုက်နေကြဘဲ ဖြစ်ပါတယ်။ ……………………………………… တစ်နေ့… သာယာကြည်လင်တဲ့ နွေဉီး ညနေခင်းတစ်ခုမှာ…. ဉီးခမ် နဲ့ သူ့သူငယ်ချင်း အမဲပစ်ဖို့ တိုင်ပင်ပြီး ရွာထဲကနေ ထွက်ခွာလာကြပါတယ်။ အမဲပစ်ဖို့ သင့်တော်တယ်လို့ ထင်တဲ့နေရာ ရောက်လာပြီးနောက် သူတို့ နှစ်ယောက်မှာ ဆုံမှတ်တစ်ခုကို သတ်မှတ်ကြပါတယ်။ အရင်ပြန်လာတဲ့သူက သူတို့သတ်မှတ်တဲ့ ဆုံမှတ်မှာ စောင့်ပြီးမှ အတူတူပြန်ကြဖို့ ဆုံးဖြတ်ကြပါတယ်။ ………………………. ညနေ ၅ နာရီ ဝန်းကျင်… ဉီးခမ်တို့ ဟာ အမဲပစ်ဖို့အရေး တောင် နဲ့ မြောက် ခွဲပြီး ...

လွယ်လင့်တကူကိုး။ လိုတဲ့သစ်၊ လိုတဲ့တောင်မှာ သွားခုတ်ရုံ ပဲ။ ခြေတံရှည်အမြင့်က အနည်းဆုံး ဆယ်ပေမကဘူး။ တဲပေါ်တက်တဲ့ လှေ ကားကလည်း ခပ်မတ်မတ်ရယ်။ ပြီးတော့ သဘာဝနဲ့ရာသီဥတုလေ မိုးဒဏ်ခံနိုင်ဖို့ သက်ငယ်တွေအလုံပိတ် ကာရံထားကြတာ။ ပြတင်းပေါက်တို့ လေဝင်ပေါက်တို့ မရှိဘူး။ တောင်ပေါ် တဲတိုက်တွေအားလုံး အဲဒီအတိုင်းပဲ။ ရိုးမကြီးထဲ နေကြရတာကိုး။ ညအိပ် တဲပေါ့။ တချို့လည်း ကိုင်းသုံးပစ္စည်း ပစ္စယတွေပဲထားပြီးလှည်းနဲ့ ရွာပြန်ကြ တာ။ ကိုင်းခုတ်ချိန်ပဲခါချိန်ကြမှတဲတိုက် ကို ပြန်လာကြတယ်။ တချို့တဲတိုက် တွေဆိုရွာမပြန်တဲ့မုဆိုးအလုပ်ဝါသနာ ပါတဲ့ တစ်ယောက်နှစ်ယောက်စပဲ နေ ...

သတည်း။” ကျွန်ုပ်လည်း ထိုသူ၏စကားကိုကြားရလျှင် ရယ်မော၍ ကျွန်ုပ်၏ ဆိုင်တွင်း၌ စားသောက်နေကြသူအပေါင်းလည်း ကျွန်ုပ်ကဲ့သို့ပင် ရယ်မောလေ၏။ တယောက်သောသူဆိုလျှင် ရယ်လွန်း၍ ထမင်းများပင် သီး၍သွားသဖြင့် ၎င်း၏ မိန်းမက ကျောကိုထု၍ ပြေပျောက်စေရန် ပြုစုပေးရလေ၏။ စာစကားပြောသော မောင်တောင်ကျော်လည်း ၎င်းအား လှောင်ပြောင် ရယ်မောကြောင်းသိလျှင် လွန်စွာစိတ်ဆိုး၍ အောက်ပါအတိုင်း ကြိမ်းမောင်းလေ၏။ “သင်တို့သည် ကျွန်ုပ်အား လှောင်ပြောင်ရယ်မောကြ၏။ ကျွန်ုပ် လွန်စွာစိတ်ဆိုးသည်၊ ယနေ့ နံနက်၌ ကြိုးပေးခံရသော လူဆိုးကြီး ပတ္တမြားမင်းမောင် ကဲ့သို့သာ ကျွန်ုပ်၌ အစွမ်းသတ္ထိ ရှိခဲ့ပါမူ ...

တွေ့ရသည်။ ကိုင်းသမားကောင်းပီပီ အပြန်အသွား ခြေရာ မရောသောကြောင့် ငတောတို့ မကျေနပ်။ တောခွေးအ, အဝင်အထွက် အသွားအပြန်ကို ရေဆုံးရေဖျား ကြိုးစား၍ သေချာသည်ထက် သေချာရန် ထပ်မံ ခံသည်။ ခက်သည်က ဖွဲ့ဂျမ်းအို၏ တည်နေရာ အနေအထားသည် တော၌ စိုက်ပျိုးထားသော သီးနှံခင်းများ ရှိသလို ကြီးမားသော ကဇာခင်တန်းကြီးများ၊ ဖုန်းဆိုးတောကြီးများ၊ ထူးချိုင့် ဂလိုဏ်များ လွန်စွာ ပေါလှပါဘိတောင်း။ ကဇာဟူသည် ကြီးမားသော သစ်ပင်ကြီးများ၊ ချုံပုတ် ချုံနွယ်များနှင့် တောင်ပို့များ ပေါများသော တောအုပ်အုပ်ကို ခေါ်သည်။ ...

။ ++++++++ တစ်နှစ်ခန့်အကြာ… “ ‌နောက်ကလူတွေ အရမ်းမတိုးနဲ့လေ… ဒီမှာလဲကျတော့မယ်” “ ကျုပ်တို့တိုးနေတာမဟုတ်ဘူးဗျ. ဟိုးအနောက်ဘက်ကနေတွန်းနေကြတာ” “ ဟေ့ကောင်… မင်းမလှည့်မကျော်နဲ့… သူများတွေလို အလှည့်ကျတန်းစီလေ” ဆူညံပွက်လောရိုက်နေတဲ့ လူအုပ်ကြီးက ဆန်ဝေနေတဲ့ ခြံရှေ့မှာ ဆူညံပွက်လောရိုက်နေခဲ့တယ်။ “ ဟိုနှစ်ယောက် မင်းတို့အလှည့်ကျော်မလို့ရှေ့တက်လာတာလား၊ အနောက်ပြန်ဆင်း” ဝါးခမောက်ဆောင်းထားတဲ့ လူရဲ့စကားကြောင့် လမ်းလျောက်လာတဲ့သူနှစ်ယောက်က စောင်းငဲ့ကြည့်လိုက်ပြီး “ ကျုပ်တို့က ဆန်ဝေတာကိုလာယူတာမဟုတ်ဘူးဗျ၊ ကိုယ့်လမ်းသွားနေတာကို လာဟောက်နေတယ်” “ အော်… ကျုပ်က ဆန်ဝေတာယူမယ့်သူတွေထင်လို့ ပြောမိတာ၊ တောင်းပန်ပါတယ်” “ ...

ကြည့်မလားလို့” “ကောင်းပါ့ဗျာ၊ ပေတောဘက်တောင် ကျုပ်မရောက်တာ အတော်ကြာပြီဗျ” ကျုပ်တို့နှစ်ယောက်လည်း စကားတပြောပြောနဲ့ ဖုန်ထူထူလမ်းကြီးအတိုင်း လျှောက်သွားကြတာပေါ့ဗျာ။ ခဏကြာတော့ ကျုပ်တို့ရွာကနေ ပေတောရွာဘက်ကိုသွားတဲ့ လမ်းကလေးကိုကွေ့ချိုးလိုက်တယ်ဗျ။ ပေတောရွာသွားတဲ့လမ်းက တော်တော်သာယာတယ်ဗျ၊ လမ်းဘေးတစ်ဖက်တစ်ချက်မှာလည်း တောအုပ်ကလေးတွေ၊ သစ်ပင်ကလေးတွေနဲ့ဆိုတော့ နေသိပ်မပူဘူးဗျ၊ အဲ၊ ဒါပေမယ့် လမ်းကတောဖုန်တယ်၊ လှည်းစွပ်ကြောင်းရာတွေနဲ့ဆိုတော့ တော်ရုံစက်ဘီးတို့ဘာတို့ မသွားကြဘူးပေါ့ဗျာ၊ တန်းမြင့်ရွာဘက်သွားတဲ့လမ်းကတော့ ဒီလိုမဟုတ်ဘူးဗျ၊ ကျောက်ခင်းလမ်းဆိုတော့ လမ်းသားကောင်းတယ်၊ ဒါပေမယ့် မကောင်းတာကတော့ ကွင်းတွေကိုဖြတ်သွားရတာမို့ လမ်းမှာအရိပ်မရှိသလောက်ပဲဗျ၊ ရှိရင်လည်းခဏပဲ၊ အခုပေတောရွာသွားတဲ့လမ်းလို အရိပ်မဆက်ဘူးပေါ့ဗျာ။ (၂) “အလတ်ကောင်၊ မင်းအမေကပြောတော့ မင်းက ...

သည် ဤနေရာတွင် အောင်မိုး၏အကြောင်းကိုပြောရဦးမည်။ အောင်မိုးသည် ဤခြံဝိုင်းပိုင်ရှင်ဖြစ်သည်။ ၎င်းသည် မျက်စိကွယ်၊ခြေထောက်လေဖြတ်ပြီး..အနာရောဂါထူပြောသည့်ကိုမြကြီးကို အိမ်မနောက်ဖက်ရှိ ဤနေရာ၌ တဲကလေးဆောက်ပေးကာ နေထိုင်စေခဲ့သူဖြစ်သည်။ ပြီးလျှင် တစ်ကိုယ်လုံးအနာစိမ်းတွေပေါက်..ပြည်တွေကျနေသည့်ကိုမြကြီးကို မရွံမရှာထမ်းပိုးပြီး လှည်းပေါ်သို့တင်ကာ တတ်နိုင်သမျှအကုန်ကျခံ၍ဆေးခန်းသို့လိုက်ပို့ပေးခြင်း၊အနာတွေကိုလည်း ဖန်ရေဆေးပေးခြင်း၊လူမမာ၏ချေး သေး စသည်တို့ကိုသန့်ရှင်းရေးလုပ်ပေးခြင်းစသည်တို့ကို ပြုလုပ်ပေးနေသူဖြစ်သည်။ သို့သော် သူကလည်း သူ့မိသားစုနှင့်သူဖြစ်ကာ လယ်ထဲသို့လည်း ဆင်းနေရပြန်သည်မို့ ကိုမြကြီး၏ဝေယျာဝစ္စတွေကိုအချိန်ပြည့်လုပ်မပေးနိုင်ချေ။ ပြီး ထိုစဥ်က ကာဗစ်ကာလကြီးဖြစ်နေပြန်သည်မို့ စီးပွားရေးက အတော်ယိုင်နဲ့နေခဲ့သည်။ ထို့ကြောင့် နောက်ပိုင်းတွင် ကိုမြကြီးကိုဆေးခန်းပြတာတွေရပ်နားထားလိုက်ပြီး အခြားဝေယျာဝစ္စတွေသာ ပြုလုပ်ပေးနိုင်လေတော့သည်။ အောင်မိုးလယ်ထဲဆင်းချိန်တွင် ကိုမြကြီးအခက်အခဲဖြစ်နေချိန်ဆိုလျှင် ဝင်းကိုက လာရောက်ကူညီပေးပြန်သည်။ ...

တော့တယ်။ ဇာတ်ပွဲထဲမှာ သူကြီးသားထွန်လှတို့အဖွဲ့ကနှောက်ယှက် လို့ မိနှင်းက သူကြီးသား သာထွန်းကို ပါးရိုက်လိုက်တယ် အဲ့တော့မှသာထွန်းက “မိနှင်း နင်ငါ့ပါးကိူရိုက်တယ်နော် တစ်နေ့ငါ့အကြောင်းကောင်းကောင်းသိစေရမယ် ဟျောင့်တွေလာသွားမယ်။” သာထွန်းတို့ထွက်သွားမှဘဲ မိနှင်းတို့တစ်သိုက် ကောင်းကောင်း ဇာတ်ပဲဲ​ြက​ည့်ရတော့တယ်။ ဇာတ်ပွဲ ပြီးမှ ပြန် လာခဲ့ကြပြီး နှုတ်ဆက်ကာ ကိုယ်အိမ်ကို ပြန်လာခဲ့ကြတော့တယ်။ နောက်တစ်နေ့မနက် မှာ ထွန်းလှ မနေ့ညက. အဖြစ်ပျက်ကို အခဲမကျေ ဖြစ်နေတယ်။ “ထွီ ရာရာစစ ငါလိုသူကြီးသားရဲ့ ပါးကို အဲကောင်မ ကရိုက်တယ်ပေါ့ မိနှင်း မိနှင်း ငါအကြောင်းကောင်းကောင်းသိစေရမယ်။ ...

ထွက်လာကြတယ်။ ကျုပ်တို့ ဆရာတပည့် သုံးယောက်ကလဲ မောင်ဘုန်းတို့ရွာ ရဲ့ ဇရပ် မှာ နေပြီး သာကျော်တို့ကိုစောင့်နေတယ်ဗျ။ ” ဆရာ ကျွန်တော် တို့ ဘယ်မှ မသွားဘဲ ဘာလို့ ဒီမှာ နေ နေရတာလဲ” လို ကျုပ်က ဆရာ ကို့ မေးလိုက်တယ်။ ” မင်း ခနနေကြရင် သိလာရလိမ့်မယ်ကွ ” ခန အကြာမှာတော့ ကျုပ်တို့ရှိတဲ့ ဇရပ် အနားကို လူနှစ်ယောက် ရောက်လာတယ်ဗျ။ ခန ဝင်နားကြတာထင်တယ်ဗျ။ အဲ့ဒီလူနှစ်ဦးထဲ ...