သခွပ်ပင်မှော်နှင့်အမဲသားဟင်း

လွယ်လင့်တကူကိုး။
လိုတဲ့သစ်၊ လိုတဲ့တောင်မှာ သွားခုတ်ရုံ
ပဲ။ ခြေတံရှည်အမြင့်က အနည်းဆုံး
ဆယ်ပေမကဘူး။ တဲပေါ်တက်တဲ့ လှေ ကားကလည်း ခပ်မတ်မတ်ရယ်။ ပြီးတော့ သဘာဝနဲ့ရာသီဥတုလေ
မိုးဒဏ်ခံနိုင်ဖို့ သက်ငယ်တွေအလုံပိတ်
ကာရံထားကြတာ။ ပြတင်းပေါက်တို့
လေဝင်ပေါက်တို့ မရှိဘူး။ တောင်ပေါ်
တဲတိုက်တွေအားလုံး အဲဒီအတိုင်းပဲ။
ရိုးမကြီးထဲ နေကြရတာကိုး။ ညအိပ်
တဲပေါ့။ တချို့လည်း ကိုင်းသုံးပစ္စည်း ပစ္စယတွေပဲထားပြီးလှည်းနဲ့ ရွာပြန်ကြ တာ။ ကိုင်းခုတ်ချိန်ပဲခါချိန်ကြမှတဲတိုက်

ကို ပြန်လာကြတယ်။ တချို့တဲတိုက် တွေဆိုရွာမပြန်တဲ့မုဆိုးအလုပ်ဝါသနာ
ပါတဲ့ တစ်ယောက်နှစ်ယောက်စပဲ နေ ကြတာ များတယ်။ ရွာမှာလည်း တချို့
လုပ်ငန်းတွေကရှိသေးတာကိုး။မိသားစု
လည်း ရှိသေးတာကိုး။ သခွတ်ပင်မှော်
မှာကဟိုးနဂိုမူလထဲကတဲတိုက်မရှိဘူး။ ဘယ်သူမှလည်း ကိုင်းမလုပ်ကြဘူး။ ပြောပြီးပြီ။ ရာဇဝင်နဲ့ပါဆို။
ထန်မန်းတို့ ရွှေမည်းစတူးတော့မှ အတောင်တိမ်တိမ်နဲ့ ဆီကလေး ဘာ လေးထပေါက်တော့အခြားမှော်တွေက ရွှေမည်းမုဆိုးတွေ၊ ရွှေမည်းသိုက်ရှာသူ တွေ၊ ဟိုတစ်စင် ဒီတစ်တဲနဲ့ ကျင်း ထောင်စင်တွေများလာကြတာ။ ဘယ်- လွန်ခဲ့တဲ့နှစ် ထန်မန်းတို့ ရောက်တုန်း ကဆို ကမ်းပါးအထက် သစ်ပင်ချုံရိုင်း
တွေ စဉ်မန်ကျည်းပင်၊ သန်းပင်တွေ
ကြားမှာ အဲဒီသခွတ်ပင်ကြီးက ထီးထီး
ရယ်။ ထန်မန်းတို့ကျင်းစဖောက်တာက
အဲဒီသခွတ်ပင်ကြီးရဲ့မြောက်ဘက်
ကျောက်တစ်လုံးလျှိုအစပ်ကကမ်းပါးယံ
မှာပါ။
သူတို့တဲကနေ လှမ်းကြည့်လိုက် ရင် သခွတ်ပင်ကြီးက ထီးထီးကြီး။ ဒီ နေရာကိုထန်မန်းရဲ့ကျင်းသူဌေးကိုထွန်း နဲ့မွန်ကြော၊ ကျောက်တန်းလိုက်ရှာရင်း

နေရာလေးကောင်းလို့တဲမထိုးခင်ထဲက သခွတ်ပင်ကြီးအကြောင်း တခြားမှော်
နဲ့ ရွာနယ်ခံအချို့ ဟိုပြောဒီပြောနဲ့
သတင်းကြားပြီးသားပါ။ အဲဒါက သခွတ်
ပင်ကြီးရာဇဝင်နဲ့နတ်ကြမ်းတယ်၊ ကုန်း
ကြမ်းတယ်။ အစောင့်အရှောက်ကြီး
တယ်။ ဘာညာပေါ့လေ။ ထန်မန်း
ကတော့ ချင်းရခိုင်စပ်တစ်ဦးပီပီ အဲဒါ
တွေ ဘာတွေ သိပ်မယုံစား။ ထည့်
မတွက်ပါဘူး။ ထန်မန်းသိတာက ဘယ်
နေရာမှာ ရွှေမည်းသိုက်ရှိသလဲ။ ဘယ်
လျှိုကြား ကမ်းပါးစောင်းက ရွှေမည်း
ထွက်မလဲ။ ဒါပဲ။ သူသိတာက ပိုက်ဆံ ရဖို့ပဲ။ ဆီကျင်းပေါက်ဖို့ပဲ။ ကျန်တာတွေ သူ့ခေါင်းထဲ သိပ်မရှိဘူး။ မရှိဘူးဆိုတာ ထက်ရှိလို့လည်းမရဘူးဆို ပိုမှန်တယ်။ ဘာပြုလို့လည်းဆို ဒီလောက် အသွားအလာခက်ခဲ၊ ပင်ပန်းဆင်းရဲ ကြမ်းတမ်းတဲ့ ရိုးမထဲရောက်နေတာ
ပိုက်ဆံရှာဖို့ပဲ။ အပျော်မှမဟုတ်ဘဲ။
မှော်ဆိုတာ မြို့မှမဟုတ်ဘဲ။ သွားရေး
လာရေးက ခက်ခဲပင်ပန်းကြမ်းတမ်း
တယ်။တစ်ခါတစ်ရံကွမ်းလေးဆေးလိပ်
လေး သောက်ဖွာဖို့ ပြတ်လို့ ပိုက်ဆံရှိ
လျက်သွားဝယ်ချင်ရင်တောင်ကျောက်
တစ်လုံးမှော်ထဲ သွားရတာ။ တောင် ကြောနှစ်ကြောနဲ့ လျှိုလှမ်းလမ်းနှစ်ခု

ဖြတ်ပြီးဆင်းမှ ရတယ်။ လက်ဖက်ရည်
သောက်၊ ဗီဒီယိုကြည့်ချင်လည်း ညကြီး
မင်းကြီး ဓာတ်မီးတစ်လက်နဲ့ အဲလို
အပင်ပန်းခံသွာမှ လက်ဖက်ရည်
သောက်ရတာ။ အဲဒီအချိန်က ကျောက်
တစ်လုံးမှော်က ဆီပေါက်ကျင်းများလို့
ကျင်းစင်တွေနဲ့ပြည့်နှက်စည်ကားနေပြီ။
ဈေးဆိုင်၊ လက်ဖက်ရည်ဆိုင်၊ အရက်
ဆိုင်တွေလည်း ရှိနေပြီ။ ဗီဒီယိုရုံတို့
ဖုန်းတို့လည်း ရှိနေပြီ။ သခွတ်ပင်ကို
ဘယ်သူမှ ခြေမချသေးဘူး။ ပြောခဲ့
သလိုပဲ ဖြတ်သွားဖြတ်လာတောင် သိပ်
မလုပ်ကြပါဘူးဆို။လူဆိုတာက
လောကသားတွေပဲ မသေချာတဲ့မနက်
ဖြန်ထက် သေချာတဲ့ ဒီနေ့ ပစ္စုပ္ပန်တည့်
တည့်ပဲ ကြည့်ကြတာလေ။ ဘယ်မှော်
သစ်မှာ ဘယ်မှော်သစ်မှာ ဘယ်သူ့စမ်း
တွင်းတူးလို့ ဘယ်သူ့ဆီပေါက်သလဲပဲ
နားစွင့်နေတာ။ လက်တို့မေးနေတာ။ ကိုယ်ပိုင်ဒုက္ခခံ စွန့်စားသူ မရှိဘူး။ အဲ- ဘယ်မှော်သစ်မှာ ဘယ်သူ့ဆီ ပေါက်သတဲ့ဆိုတဲ့ သတင်းအနံ့လေး မထွက်လိုက်နဲ့ သိပ်မကြာဘူး။ အဲဒီ ဆီပေါက်တဲ့နေရာတစ်ဝိုက်၊ ရက်ပိုင်း အတွင်း တဲတွေ၊ ကျင်းထောင်စင်တွေ အလျှိုလျှိုနဲ့ ပြည့်လာပြီမှတ်။ အမဲသား တုံးကို ခွေး,အများ ဝိုင်းဆွဲကြသလိုပဲ။

နေ့ချင်းညချင်းဘတ်ထရီမီးတထိန်ထိန်၊ ကတ်ဆက်သံတညံညံ၊ ကျင်းထောင်း
သံ တတုံတုံနဲ့ ဆူညံလာတော့တာပဲ။
ဒါသဘာဝပဲ။ မှော်လောကရဲ့စတိုင်ပဲ။
အပြစ်ပြောလို့မရသလို၊ ဘယ်သူမှ
လည်း ဟန့်တားလို့မရဘူး။ ပြောပြီးပြီ။
ရွှေမည်းမုဆိုးတွေပါဆို။ ဘဝကို ကြွေ
တစ်လှည့်ကြက်တစ်ခုန်နေ့ချင်းညချင်း
ပေါက်ကျင်းပိုင်သူဌေးဖြစ်၊ လောပန်
ဘဝရောက်အောင် ရိုးမကြီးထဲဘယ်သူ
မမက်ရှိပါ့မလဲ။ ဘယ်သူမချမ်းသာချင်
ရှိပါ့မလဲ။လောဘသားတွေချည်းပဲကိုး။
သူတစ်ပါးခူးပြီးခပ်ပြီး လက်ဆေးဇလုံ
ပါ သေချာမှ ထမင်းဝိုင်းဝင်ထိုင် လက်
နှိုက်စားကြတတ်တာမျိုး။ ကိုယ်လည်း
အဲဒီအစားထဲကပဲ။ အတူတူနဲ့ အနူန
ဆိုတော့ ဘယ်သူ့ကို မတူးရ မလာရ
အမိန့်ထုတ်လို့ရမှာလဲ။ ပြီးတော့တောထဲ
တောင်ထဲမယ်။ ဥပဒေက မိုင်သုံးလေး
ဆယ်ကျော် အဝေးကြီး။ ပြောသတိ၊
သွားသတိ၊ စားသတိနဲ့ နေကြရတာ
ချည်း။
လက်နက်ပစ္စည်းတွေဆိုတာက လက်တစ်ကမ်းမှာ အဆင့် သင့်။ သူ့ ရာဇဝင်၊ ကိုယ့်ရာဇဝင် ဘယ်သူမှ အတွင်းကျကျ သေချာစေ့ငု ဇာတ်မြစ် သိကြတာ မဟုတ်ဘူး။ မြန်မာနိုင်ငံ

အထက်အောက် လူစုံ အသွေးစုံ အရောင်စုံစရိုက်စုံအမူအကျင့်စုံပဲ။ ရိုးမ
ထဲ စွန့်စားပြီး ရောက်လာကြသူတွေဆို
တော့ သာမညတွေတော့ မဟုတ်ဘူး။
ရာမညပြန်တွေချည်းပဲ။ စိတ်ကြမ်း လူ
ကြမ်း ယောက်ျားသားတွေချည်း။ ကျင်း
တဲတွေဆိုတာ နှစ်တောင်သာသာ ဝါး
ကြမ်းခင်းက မြင့်ပေမယ့် ဆင့်တို့ဒေါက်
တို့ သိပ်ခံစရာ မလိုဘူး။ သောက်တဲ့
အရက်ပုလင်းတွေ တဲအောက် တန်းစီ ထပ်ထားတာနဲ့အောက်ကဆင့်ခံထားပြီး
သားပဲ။ ဝါးကြမ်းခင်းမကျိုးဘူး။ တဲတိုင်း မှာ ပုလင်းခွံတွေက အဲသလောက်ထိ။ ဧည့်စာရင်းမရှိ၊ သန်းခေါင်စာရင်းမရှိ၊ အုပ်ချုပ်ရေးမှူးလည်းမရှိတဲ့နေရာမျိုး။ မှော်က အကျယ်ကြီး၊ ရိုးမက တစ် ပြန့်တစ်လျားကြီးကို။ ဘယ်သူကမျက်စိ ထောက်ထောက်ကြည့်နေနိုင်မှာလဲ၊
ကိုယ့်အသိနဲ့ ကိုယ့်နားလည်မှုနဲ့ ကိုယ့်
မှော်လူကြီးဆိုတဲ့ ဦးစီးခေါင်းဆောင်
အချို့စု ဖွဲ့ခန့်ထားတာပဲရှိတယ်။ (အဲဒီ
တုန်းကအခုလိုမှော်တွေထဲမှာ အုပ်ချုပ်
ရေးရုံးတို့၊ ဆေးခန်းတို့ စသဖြင့် စည်း
ကမ်းတကျ မပွင့်လင်းသေးပါ – စကား ချပ်) အရေးအကြောင်း သာရေးနာရေး ဆိုရင်လည်း အနီးဆုံး နှစ်မိုင်ခန့်ကွာတဲ့ ကျောက်ပယ်တို့ ရေချိုတို့ရွာက ရဟန်း

သံဃာနဲ့ မှော်လူကြီးတွေကပဲ ဆောင်
ရွက်ကြတယ်။ ဘယ်သူမဆို မှော်ထဲ
ဝင်ရင် အဲဒီရွာတွေကမှ တစ်ဆင့်လာ
ကြရတာကိုး။ မင်းလှကျင်း၊ ကျောက်
ပယ်၊ ရေချိုရွာတွေက ရွာခံနယ်ခံတွေ
လည်းရွှေမည်းတူးကြ၊ လှည်းလိုက်ကြ၊
ဈေးလာရောင်းကြနဲ့ ခြေချင်းလိမ်နေ
ကြပါရဲ့။ မင်းဘူး၊ ပဒါန်းမြို့ပေါ်က မှော်
ဈေးသည်တွေလည်း မှော်ကားနဲ့ ဈေး
လာရောင်းကြပါတယ်။ ခြံထွက်သီးနှံက
စလို့ အမဲသားငါး အစုံပေါ့။ မှော်ထဲမှာ
အသားငါးစားချင်ရင် ရွာဈေးသည်တွေ
ကိုပဲမျှော်ရတယ်။ ရွာခံနယ်ခံဈေးသည်
တွေက ရွာကနေ မှော်အထိ နှစ်မိုင်
နောက်သုံးလေးမိုင်မကတဲ့မှော်ကြီးအနှံ့ တောင်တက်တောင်ဆင်း၊ လျှိုဖြတ်၊
ကမ္ဘာကျော်၊ ခြေကျင်လှည့်ရောင်းကြ
တာ။ ကျင်းတဲတွေ၊ ထောင်းစင်တွေ
ကလည်း တစ်ခုတည်းမဟုတ်၊ ဟိုကုန်း ထိပ် တစ်တဲ နှစ်တဲ။ လျှိုအောက်ထဲ သုံးလေးတဲ။ ဟိုးကမ်းပါးစောင်း ဒီသစ် ပင်အောက် အဲသလို ပြန့်ကျဲနေတာ။ ကျောက်တစ်လုံးကတော့ ပြန့်ကြီး မို့လို့ တစ်ခုတည်းဖြစ်ပြီး မှော်ကကြီး တယ်။ မှော်ကားဂိတ်လည်းရှိတော့ ပိုစည်တယ်။ ကျန်တဲ့မှော်လေးတွေက ကျိုးတိုးကျဲတဲရယ်။ ဟေဝန်မှော်ပြီးရင်

ကျောက်တစ်လုံးမှော်က အကြီးဆုံးပဲ။
ဟေဝန်မှော်ကတော့ ဒုတိယပေါ်တဲ့
မှော်ဖြစ်ပြီးဆီပေါက်အားလည်းကောင်း
တော့ ပိုမှော်ကြီးတယ်။ ပြောရရင် ထန်
မန်းတို့က ကျောက်တစ်လုံးနဲ့ နဘူး
တောင်မှော်ကြားကနေ ဒီသခွတ်ပင်
မှော်ကိုကူးလာကြတာ။ နေရာသစ်ပေါ့။
သခွတ်ပင်မှော်က ဘယ်သူမှ မတို့မထိ ရဲတဲ့လက်ရှောင်ကြတဲ့နယ်မြေ၊ ထန်မန်းကိုဒီအကြံသူ့ကျင်းပိုင်ရှင် ကိုထွန်းအောင်ကျော်ကစပြီး ပေးတာ ပါ။ ကျောက်တစ်လုံးအနောက်ဘက် တောင်စောင်းမှာ သူတို့တူးနေတာ သုံး လေးလရှိနေပြီ။တစ်ကျင်းမှဖြစ်လောက်
အောင်ဆီမပေါက်ဘူး။ အတောင်လည်း
နက်တယ်။ အတောင်တစ်ရာ သုံးလေး ဆယ်ကျော်တာတောင် မွှန်းနံ့ပေး။ ဆီ
ဂိတ်တွေလည်းဖြတ်ရက်နဲ့ နောက်ဆုံး
နှစ်ပေပါ သုံးပေပါလောက်နဲ့ ဂါလံကျင်း ပဲ ရတော့ရဲ့။ စားရိတ် ရှုံး၊ လူပင်ပန်းတာ
ပဲရှိရဲ့။ရိက္ခာထောက်တောင်မှအနိုင်နိုင်။ လူငါးယောက်စားစရိတ်လောက်နဲ့ဂါလံ ကျင်းပဲရတော့ရဲ့၊ စားရိတ်ရှုံး၊ လူပင်ပန်း တာရှိရဲ့။ ရိက္ခာထောက်တောင်မှ အနိုင် နိုင်။ လူငါးယောက် စားစရိတ်၊ နေ့စဉ် အသုံးစရိတ်ကနည်းမှတ်လို့။ မုံးကျင်းလို့ ခေါ်တဲ့ တစ်နေ့တစ်ပုံးလောက် ဆီခပ်

လို့ရမှ မှော်မှာက စားရိတ်ပဲရတာ။ ဂါလံ လောက်ရတဲ့ကျင်းဆိုကွမ်းဖိုး၊ဆေးလိပ်
ဖိုး၊ အရက်ဖိုးတောင် မကာမိဘူး။ နံ မဆွတ်ဘူး ပြောရမယ်။ ဆီဈေးက တစ်
ဂါလံမှ တစ်ထောင်ရယ်။ မှော်ထဲမှာက
ဆေးလိပ်ကွမ်းယာကအစ မြို့ပေါ်မှာ
စက် သုံးဆကြီးတယ်။ သယ်ယူစရိတ်
ကအရမ်းကြီးတာကိုး။မြို့မှာတစ်သောင်း
ခွဲတန် ဆန်တစ်အိတ်ကို မှော်ဈေးနဲ့ သုံး
သောင်းရှိတယ်။
အလုပ်ကလည်း ပင်ပန်းသလို ကျင်းထောင်းသမားတိုင်းလည်းစားနိုင်
ကြတယ်။ သူတို့မှော်အခေါ်ကတော့
သံတူးရွင်းစားတာလို့ ရယ်မော နောက်
ပြောင်ကြရဲ့၊ ကျင်းထောင်းသမားရဲ့ကျင်း
ထောင်းတဲ့ အလုပ်ဆိုတာကလည်း
ဉာဏ်မပါ ကာယခွန်အားနဲ့ပဲ အချိန်
တစ်ဆယ်နီးပါးရှိတဲ့တူးရွင်းကိုကျင်းစင်
ထိပ်ကဝိက်သီးကတစ်ဆင့်မြေအောက်
အတောင်တစ်ရာကျော်၊ နှစ်ရာထိ။
မနီလာကြိုးကြီးနဲ့ တိုင်ပင်ကိုက်၊ လက်
ဆွဲလက်ချညီ နေကုန်နေခန်း၊ ကျောက် ကမ်းပါး ခြေကန်ပြီး ဆွဲတင်ရ၊ တူးရတာ ကိုး။ သုံးယောက်သားတက်ညီလက်ညီ မခိုမကတ်မှ ထောင်းချက်က မှန်းတာ။ ထန်မန်းက ကျင်းဆရာ။ ကျင်းဆရာ လည်း ထောင်းပိုက်ကိုင်ရတာပဲ။

ကျင်းအလုပ်က အရမ်းပင်ပန်းတယ်။ ဒါပေမဲ့ – ရွှေမည်းလို့ခေါ်တဲ့ တွင်းထွက်
ရတနာထဲမှာ ရေနံက အခြားရွှေမှော်၊
ကျောက်မှော်တွေလိုအသက်အန္တရာယ်
သိပ်မများဘူး။ မြေပေါ်မှာတင် လုပ်ကိုင်
ရတာ။ ထန်မန်း ကျောက်မှော်တွေကို
မတူးဖူးပေမဲ့ ကြားဖူးတယ်။
သူတို့က မြေအောက်ထိ လူးကျင်း တွေထဲဆင်းပြီး ကြွက်များလို ဂလိုင် ဖောက်တူးကြရတာ။ အခန့်မသင့်ရင် ကံဆိုးရင် တွင်းပြိုတွင်းပိတ်ပြီး အသက်
ဆုံးရှုံးရတယ်။ ရွှေမည်းက မြေပေါ်က
အလုပ်။ အဲ ဒါပေမဲ့လည်း ကိုယ်မသိ
မမြင်ရတဲ့ ဟိုး မြေအောက်ထဲက ရွှေ
မည်းကြောကို သံတူရွင်းထောင်းပိုက် ၂
လက်မခွဲတစ်ချောင်းနဲ့ အတွေ့အကြုံနဲ့
သမ္ဘာနဲ့ ကံတရားပေါ်ဘဝနဲ့ အချိန်တွေ၊
အရင်းအနှီးတွေ ပစ်တင်ထားရတာ။
တွင်းထွက်ရတနာဆိုတာအတွေ့အကြုံ
သမ္ဘာဘယ်လောက်ရင့်ရင့် ကံတရား
ကလည်းလိုတယ်။ ကံမရှိ ဉာဏ်ရှိတိုင်း မွဲဆိုတဲ့ ဆိုရိုးအတိုင်းပဲ။ ဆီက ပေါက် ချင်မှ ပေါက်တာ။ သူများဆီ ပေါက်လို့ ပေါက်တဲ့ ကျင်းနဲ့ သုံးလေးတောင် အကွာ။ ကိုယ်ကတူး။ ဆီအစား ရေပဲ ပေါက်ချင် ပေါက်ရဲ့။ ကျောက်ခံရင် ခံတယ်။ ကဲ- မဆန်းပေဘူးလား။ ဂမ္ဘီရ

မဆန်ပေဘူးလား။ အဲဒါကြောင့်လည်း မှော်လို့ခေါ်ကြတာနေမယ်။
မျက်လှည့်
ဆန်လွန်းလို့လေး။ ခုလည်း ကျောက်
တစ်လုံးမှာ သူများတွေက လျှံကျင်း
ပေပါကျင်းတွေ အလျှိုလျှိုပေါက်ပြီး
ကိုယ့်ရှေ့မှာတင် ဆွဲကြိုးနဲ့ ဟမ်းမ်ချိန်းနဲ့
ဆိုင်ကယ်တဝေါဝေါ ပိုက်ဆံအထပ်
လိုက်နဲ့ချမ်းသာသွားကြပေမယ့်“လူကို
ပြိုင်လို့ရပေမယ့် ကံကို ပြိုင်လို့ ရချင်မှ
ရမယ်”ဆိုတာ ဟုတ်မှာကွ ထန်မန်ရ”
လို့ ညည်းရှာတယ်။ ဒါလည်းမှန်မှာပဲ။
မြေကြီးထဲ တူးကြစတမ်းသာ ရွှေမည်း
တွေဒလဟောထွက်နေရင်ကျင်းသမား
တွေ ရွှေမည်းသိုက်ရှာတဲ့မုဆိုးတွေ
အကုန် လောပန်တွေ ဖြစ်နေကြမှာပေါ့။
ထန်မန်းတို့လည်း ပါမှာပေါ့။ အဲဒါနဲ့ပဲ
ကိုထွန်းနဲ့ထန်းမန်းတိုင်ပင်ပြီးဘယ်သူမှ
ခြေမချသေးတဲ့၊ မတူးကြသေးတဲ့ ဟော
ဒီသခွတ်ပင်နားကိုရွေ့လာကြတာ။
ထန်မန်းတို့ သခွတ်ပင်လျှိုကုန်း ဘက် နေရာသစ်ရှာ စမ်းတူးကြမယ်ဆို တော့ ခင်မင်ရင်းနှီးသူတွေနဲ့ မိတ်ဆွေ တွေရွာဈေးသည်တွေ၊ ရေလှည်းသမား တွေကတောင် တအံ့တသြနဲ့ ဝိုင်းတား မြစ်ကြ၊ သတိပေးကြသေးတယ်။ အဲဒီ ထဲမှာ ထန်မန်းတို့နဲ့ အတော်ကြီး ရင်းနှီး ခင်မင်နေတဲ့ ရေချိုလိုက်ရောင်းတဲ့

ရေချိုရွာသားကြီးတစ်ဦးဖြစ်တဲ့ ဘကြီး
မွေးက-
“ကြည့်လည်းလုပ်ပါ၊ မောင်ထွန်းနဲ့
ထန်းမန်ရာ၊ လူဆိုတာ ကြီးပွားချင်လို့
အညွန့်စားခံချင်လို့ စွန့်စားပြီး တောထဲ
တောင်ထဲ စီးပွားလာရှာတာ။ ဘကြီး
နားလည်ပါတယ်။ ဘကြီးတောင်
အသက်ရှစ်ဆယ်နီးနေတာတောင် နှစ်
မိုင်မကတဲ့ခရီးကို မနက်အစောကြီး
ရေချိုခပ်၊ လှည်းပေါ်တင်၊ ဒီမှော်ထဲ
ရောက်အောင် မိသားစုစားဝတ်နေရေး
အဆင်ပြေအောင် တစ်ကုန်းတက်
တစ်ကုန်းဆင်း ရေချိုလိုက်ရောင်းနေ
ရတာပဲ။ မင်းတို့တဲကိုလည်း ဘကြီး
ရေချိုပို့ပေးနေတာ။
မင်းတို့စပြီးရောက်လာကတည်းက
ဆိုတော့ ကိုယ့်ဆွေမျိုးတူသားနောင် မယ်တွေလို ခင်မင်လို့ ထားတာပါ။ အဲဒီ
သခွတ်ပင်ကုန်းပေါ်ဘယ်သူမှ တောင် ယာမရှိ ကိုင်းမလုပ်ကြတာပဲ ကြည့်
တော့။ အဲဒီနေရာနဲ့အပင်က နည်းနည်း
ကြမ်းတယ်ကွယ့်။ ဘကြီးတို့မိဘတွေ
လက်ထက်က အဲဒီကုန်းကြောထိပ်မှာ
ဘုရားပျက်ငုတ်တိုလေးရှိတယ်လို့
ပြောဖူးတယ်။ ဘကြီးတို့ အရွယ်
မရောက်ခင်က တောင်ကျရေတွေ
ဆင်းလို့ကမ်းပါးပြိုတဲ့အထဲပါသွားတယ်

ပြောတာပဲ။ ခုဆို မြေကြီးထဲ မြုပ်နေ
ရောပေါ့။ သခွတ်ပင်ကြီးကလည်း
ဘကြီးတို့ ငယ်ငယ်တည်းကရှိနေတာ။
ဘကြီးတို့လူပျိုပေါက်ကကျောက်
ပယ်ရွာက ဦးဘဌေးကြီးလည်း အဲဒီ
သခွတ်ပင်ကြီးအနား ဘာမှားမိသလဲ
မဆိုနိုင်ဘူး။ တောတက်သစ်ဝါးခုတ်ရင်း
ကျွဲခတ်လို့သေပါ့ရောလား။ ခက်တာက
အဲဒီကျွဲနက်ကြီးက ဘယ်ရွာကဘယ်သူ့
ကျွဲမှန်းလည်းမသိကြ၊ ရွာလို့မရကြဘူး
ကွယ့်။ နောက်ပဒါန်းက မုဆိုးညီအစ်ကို
တောပစ်ရင်း အဲဒီသခွတ်ပင်ကြီးရဲ့
အနောက်ဘက်လျှိုထဲမှာ တောမှားလို့
သေနတ်ဒဏ်ရာကိုယ်စီနဲ့ ရင်ပွင့်သေပါ
ရောလား။ အဲဒါကြောင့် ဒီရိုးမထဲက ရွာ
တွေ တဲတိုက်တွေက သခွတ်ပင်ဆိုရင် ရှောင်ကြတယ်။ မသွားလာကြဘူး။ အခြားကျောက်တန်းတွေ ရှာတူးစမ်း ပါကွယ်။ ဘကြီးကစေတနာနဲ့တားတာ
ပါ”
“ရပါတယ် ဘကြီးပွား၊ ဘကြီး စေတနာကို ကျွန်တော် နားလည်ပါ
တယ်။ဒါပေမဲ့ဘကြီးပြောသလိုချမ်းသာ
ကြွယ်ဝချင်လို့ မယားစွန့် သားစွန့်ပြီး
ပင်ပန်းအဆင်းရဲခံ၊ ငှက်ဖျားခြင်ကိုက်ခံ၊
ပုလင်းကြီးချိတ်ခံပြီးရွှေမည်းရှာနေတာ။
အဲဒီသခွတ်ပင်ကြီးရဲ့ရာဇဝင်လည်းကျွန်

တော်တို့လူပြောသူပြောနဲ့ကြားပါတယ်။
ဒါပေမဲ့ကျွန်တော်တို့တွင်းဖောက်မှာက
သူနဲ့အတော်ဝေးတဲ့ လျှိုစောင်းမှာပါ။
အဲဒီနေရာအနေအထားလေးကိုကြိုက်
လို့၊ သေရင်မြေကြီး ရှင်ရွှေထီးပဲ ဘကြီး
ရာ။ ကျွန်တော်လည်း ရွာမှရှိသမျှ ကုန်
သလောက်ရှိနေပြီမထူးဘူး။ စွန့်ရမှာပဲ။ ကျွန်တော်တို့တစ်ကျင်းမှမအောင်သေး
ဘူး။ နောက် ကျွန်တော် ဒီနယ်ဒီပယ်မှာ စောင့်ရှောက်နေတဲ့ ပုဂ္ဂိုလ်တွေ ဆိုင်ရာ ပိုင်ရာ မြင်အပ်မမြင်အပ်တွေကိုမေတ္တာ ပို့နေတာပဲ။ ကိစ္စမရှိပါဘူး” ဘာသာရေးသမားလည်းဖြစ်၊ လုပ် မယ်ဆို ဆုံးဖြတ်ပြီးရင် ဖြစ်အောင်လုပ်
တတ်တဲ့ကိုထွန်းအောင်ကျော်ကဘကြီး
ရွှေပွားကိုပြောအပြီး သုံးရက်အကြာမှ
ခုပြောတဲ့နေရာမှာ ထန်မန်းတို့ ကျင်း
ထောင်းဖို့ တဲ စတင်ထိုးကြတော့တာပဲ။
ကျောက်တစ်လုံးကနေ ပစ္စည်းတွေ ရွှေ့
လာပြီးသူတို့တဲထိုးနေကြ၊နေရာရှင်းနေ
ကြစဉ်မှာပဲ ကိုထွန်းအောင်ကျော်က
ဘာမပြောညာမပြောနဲ့ဖယောင်းတိုင်နဲ့
အမွှေးတိုင်ထုပ်လေးယူပြီး သခွတ်ပင်
ကြီးရှိတဲ့နေရာ၊ သစ်ပင်တွေချုံနွယ်တွေ
ကြားထဲကနေ တိုးဝင်ရင် ပျောက်သွား တယ်။ ထန်မန်းရဲ့စိတ်ထဲမှာထူးဆန်းနေ သလိုပဲ။ တဲတိုင်တွေ ထူပြီး သက်ငယ်

ပျစ်တွေ မိုးတဲ့အချိန်ကျမှ ကိုထွန်း အောင်ကျော် ပြန်ရောက်လာတယ်။ ထန်မန်းအပြင် ကျင်းထောင်း သမားတွေဖြစ်တဲ့ ဆင်ကြီး၊ လှပိန်၊ မိုးမင်းတို့က ဘာမှ မမေးကြပါဘူး။
ကိုထွန်းအောင်ကျော်ကသူတို့ရဲ့အလုပ်
ရှင်၊ ကျင်းပိုင်သူဌေးကိုး။ ထန်မန်း
ကတော့ အလုပ်လုပ်ရင်း ကိုထွန်း အောင်ကျော်ရဲ့ အမူအရာကို အရိပ် အကဲကြည့်နေမိရဲ့၊ သခွတ်ပင်ကြီးဘက် ကို ဘာသွားလုပ်တာလဲလို့လည်း မေး ချင်နေမိတယ်။ မွန်းတည့်လို့ ထမင်းစား
ကြတော့ –
“ထန်မန်းအပါအဝင် ဆင်ကြီးတို့
မိုးမင်းတို့ကို ကျွန်တော် သတိပေးထား
မယ်။ ဒီနေရာအကြောင်းလည်း ကြား
ပြီးသားပဲ။ ဒီနေ့ကစပြီး ကျင်းစထောင်း
တဲ့အချိန်၊ ကျင်းအောင်တဲ့အချိန်အထိ
ဘယ်သူမှ အရင်လို ဟေးလားဝါးလား
နဲ့နင်ပဲငဆဆဲဆိုတာတွေရုန့်ရင်းကြမ်း
တမ်းတဲ့ ဝစီတွေ မပြောကြပါနဲ့။ အဓိက
ငါပြောချင်တာကတော့ ရိက္ခာကို ငါ ချက်ခိုင်းတဲ့ဟင်းစားပဲချက်ပါ။ အထူး
သဖြင့် ရွာကလာရောင်းတဲ့အမဲသားကို လုံးဝမဝယ်ပါနဲ့ မချက်ပါနဲ့၊ စားလည်း မစားပါနဲ့။ ဒါ သတိပေးတာ၊ တားမြစ် တာပါ။ ဆင်ကြီး မင်းသတိထားပါ၊ မင်း

က အဲဒါဆို အသေရရ အရှင်ရရ ကြိုက်
တဲ့ကောင်၊
အဲ-ငါသတိပေးပြီးမှစားကြ
ရင်တော့ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပဲ”
“ဟို.. ကျွန်… ကျွန်တော် ကျောက် တစ်လုံးထဲမှာ စား – စားချင်ရင်ကော
ကို- ကိုထွန်း”
“အဲဒါ မင်းသဘောပဲ ဆင်ကြီး- ဒီမှာနေသရွေ့ ကျင်းထောင်းနေသမျှ အားလုံးမစားကြပါနဲ့ ငါတားမြစ်တယ်” အမဲသားကြိုက်နှစ်သက်သော
ဆင်ကြီး၊ ဘာတစ်ခွန်းမှ အဓွန့်မတက်
တော့ဘဲ ငြိမ်သွားပြီး အလုပ်ဆက်လုပ်
နေလေရဲ့။ ဟိုတုန်းကဆို ရွာတွေကနေ
လာရောင်းတဲ့အမဲတွဲကို တစ်ပတ်နှစ်
ကြိမ်လောက် ချက်တာပါ။ အမဲက ရွာ
တွေကိုခိုးပေါ်ကြသလိုမှော်ထဲမှာလည်း
ဈေးကောင်းတယ်။ ကိုထွန်းအောင်
ကျော်က သူသာ အမဲသား၊ ဝက်သား
မစားပေမဲ့ အစားအသောက်နဲ့ပတ်
သက်လို့ မတင်းကျပ်၊ မချုပ်ချယ်ပါဘူး။ ကျင်းသမားတွေကြိုက်ရာစားပဲ။
ဒါပေမဲ့ ခု သခွတ်ပင်ရောက်မှ ဗြုန်း စားကြီးအမဲသားမစားရ၊ မဝယ်မချက်ရ အမိန့် ထုတ်လိုက်တော့ ထန်မန်းရော ကျင်းထောင်းသမားတွေပါ ထူးဆန်း သွားမိတာ အမှန်ပဲ။ ဒါပေမဲ့ ကိုထွန်း အောင်ကျော်က ကျင်းပိုင်သူဌေး၊ သူ့

အမိန့်ကို ကျင်းနဲ့ပတ်သက်သူ အလုပ်
သမားတိုင်း နာခံလိုက်နာကြရမှာပဲ။
မစားနဲ့ဆိုမစားနဲ့ပေါ့။ဒါပေမဲ့အမဲသားကို
အခြားငါးနုပ်ငါးဖွဲထက်ပိုပီးအာလူးတွေ
ကြိုက်နှစ်သက်တဲ့ ဆင်ကြီး ကျောက်
တစ်လုံးမှော်ထဲဆင်းပြီး စားမှာကိုတော့
ထန်မန်းက တင်ကြိုပြီး သိနေလေရဲ့။
လူဆိုတာ အကြိုက်ကို မစွန့်လွှတ်နိုင်
ဘူးမဟုတ်လား။
နေထိုင်ဖို့ကျင်းထဲနဲ့ထောင်စင်တွေ
ဘာတွေဆောက်ပြီး သုံးရက်မြောက်
နေ့မှာပဲကိုထွန်းအောင်ကျော်နဲ့ထန်မန်း
တို့ရွေးချယ်ထားတဲ့ကျောက်တန်းနေရာ
မှာ ကျင်းစရိုက်ဖို့ စီစဉ်တယ်။ ထုံးစံ
အတိုင်းကျင်းအတွက်ပွဲကို ကျင်းဆရာ ဖြစ်တဲ့ ထန်မန်းပဲ ပြင်ဆင်တယ်။ မှော် ထဲမှာ ဓလေ့တစ်ခုရှိတယ်။ အဲဒါက
ကျင်းမထောင်ခင်ကျင်းစမယ့်နေ့ကျင်း
နေရာနဘေးမှာနေရာဒေသပိုင်ဆိုင်ရာ
မမြင်အပ်တဲ့ပုဂ္ဂိုလ်တွေကို ကျင်း
အတွက် ကူညီဖို့ ပံ့ပိုးစောင့်ရှောက်ဖို့
တောင်းပန်တိုးလျှိုးပြီး ပွဲပေးကြတယ်။ အဲဒါက မှော်တိုင်း၊ တဲတိုင်း၊ ကျင်းတိုင်း
ဆိုပါတော့။ ပွဲအတွက် လိုအပ်တဲ့ အုန်း
ငှက်ပျောကိုတော့ရွာတွေကအခိုင်လိုက်
လာရောင်းကြတယ်။အားလုံးသိကြတာ
ကတော့ ဒီမှော်ဒေသကို စောင့်ရှောက်

နေတာကတော့နတ်ကိုးတောင်အဘိုးနဲ့ ဗောင်းတော်ရှင်သခင်မပဲ။ ဒါကလည်း
မယုံလို့မရဘူး။
ဒီရိုးမတောကြီးထဲ ရှေးအစဉ် အဆက်ထဲက နေထိုင်လုပ်ကိုင် စား
သောက်ကြတဲ့ရွာတွေနဲ့ ရွာခံနယ်ခံတွေ
လည်း ရိုသေလေးစားကြရဲ့၊ ပွဲလည်း
မပြတ်ကြဘူး။ ကြုံဖူးတွေ့ဖူးကြတဲ့ ရွာခံ
နယ်ခံတွေရဲ့စကားအရ နတ်ကိုးတောင်
အဘိုးက အစ်ကိုဖြစ်ပြီး အေးပေးမယ့်
ညီမဖြစ်တဲ့ ဗောင်းတော်ရှင်သခင်မ
ကတော့ ထက်မြက်တယ်လို့ ဆိုကြရဲ့၊
ရှေးတုန်းက မင်းဆက်မင်းမျိုးနွယ်တွေ
ဖြစ်ပြီးမင်းပြစ်ဒဏ်သင့်လို့တိမ်းပါးကွယ်
လွန်ခဲ့ကြသူတွေလို့ ဆိုကြတယ်။ ဒီ
နယ်မြေကိုပိုင်ဆိုင်ပြီး စောင့်ရှောက်နေ
ကြတာ နှစ်တွေရာချီပြီတဲ့။ ညီမဖြစ်တဲ့
ဗောင်းတော်ရှင်က ထက်မြက်သလို
စိတ်လည်းကြီးတယ်။ သွားလေရာ
ဆောင်ဓားနှစ်လက်ပါပြီး ကိုးတောင်
ပြည့်ကျားကြီးနှစ်ကောင် အမြဲပါတယ်
လို့ ဆိုကြတယ်။ ဟုတ်မဟုတ်တော့
မသိပေမယ့် ကြားရတဲ့ဇာတ်လမ်းလေး
ကတော့ရင်ဆို့ကြေကွဲစရာပါ။ဂမ္ဘီရဆန်
တဲ့ဖြစ်ရပ်တွေလည်းကြားရတာအများ
ကြီးပါပဲ။

ဘာပဲပြောပြော ထန်မန်းတို့
ကတော့ ရခိုင်ရိုးမကြီးထဲ ကြီးပြင်းလာ ရတာဆိုတော့ ရိုးမစည်းကမ်း၊ တော
စည်းကမ်း၊ တောင်စည်းကမ်းတွေကို တော့ မထီမဲ့မြင် မချိုးမဖောက်ပါဘူး။
ရောမရောက် ရောမလို ကျင့်လိုက်တာ ပဲ။ လုပ်တာကလည်း စီးပွားရေး။ မြေ အောက်သယံဇာတ ရွှေမည်းရတနာ ရှာဖွေတဲ့အလုပ်။
ကျင်းက ထောင်းနေပြီ။ တစ်ပတ် အတွင်း အပေါ်ယံမွန်ဂိတ်တွေ ဖြတ်နိုင် အောင် အားလုံးက တက်ညီလက်ညီ ကျင်းထောင်းကြတယ်။ အတောင်က အတော်ကျသွားပြီ။ပင်ပန်းပေမယ့်ဆင်
ကြီးတို့၊ လှပိန်တို့တစ်ချက်မညည်းဘူး။
အရင်ကဆို ကျင်းထောင်းရင် နှုတ်က
ဗလရွတ်တ၊ ဟုတ်တာရောမဟုတ်တာ
တဲ့ မိုးမင်းလည်း ဒီသခွတ်ပင်တူးကျင်း
ရော၊အယုတ္တအနတ္တအလေ့စိပြောတတ်
ရောက်မှနှုတ်ဆိတ်နေလေရဲ့။ ကျင်းပိုင်
ကိုထွန်း ဟန့်ထားတာလည်းပါတာပေါ့ လေ။ ဟိုသီချင်းအော်ဆို၊ ဒီသီချင်းတစ် ပိုင်းတစ်စ ဟစ်နဲ့။ ကျင်းပိုင်ကိုထွန်း အောင်ကျော်ကတော့ မနက်တိုင်း ထန် မန်းကို မှာစရာရှိတာတွေများပြီးများ သောအားဖြင့် ရိက္ခာအတွက် ကျောက် တစ်လုံးမှော်ဘက် သွားနေတာ များ

တယ်။ ထန်မန်းလည်း ကိုထွန်းအောင် ကျော်ကို သနားမိပါရဲ့။ ခုတူးနေတဲ့ကျင်းကလည်း ပေပါ ကျင်းလောက်ပေါက်ရင်ကိုထွန်းအောင်
ကျော်ကံမလိုက်၊ဆီမပေါက်လို့အရှုံးပေါ်
နေတာတွေ မှော်ထဲလှည့်ပြီး ဆွဲရလွဲရ
ချေးငှားရတာအဆုံး၊ ထန်မန်းက သိနေ
ကြားနေရတာကိုး။ ကျင်းပိုင်တစ်
ယောက်အနေနဲ့ ကျင်းက ဆီပေါက်
ပေါက်၊ မပေါက်ပေါက် ကျင်းထောင်း
သမားနဲ့ ကျင်းဆရာအတွက် ပုံမှန်
လစာက တစ်လ တစ်သိန်းခွဲ ရှင်းရမှာ။
ဒါက ဆေးလိပ်၊ ကွမ်း၊ အရက် အစ
အထွေထွေနဲ့စားသောက်စားရိတ်ရိက္ခာ
မပါဘူး။ လူကြမ်း၊ စိတ်ကြမ်း ပင်ပန်းတဲ့
ခွန်အားအလုပ်ဆိုတော့ လုပ်နိုင် သလောက် စားနိုင်တယ်။ မနက်ကြီး
အဆာပြေ၊ကျင်းထောင်းမစခင်စားတာ တင်တစ်ယောက် သံဇလုံတစ်လုံး
အပျော့ပဲ။ တစ်ယောက်ကို နှစ်လုံးချက်
လောက် ကြိတ်ကြတာ။ နေ့ခင်းတစ်ခါ၊
ညနေတစ်ခါ ထွက်သာကြည့်တော့။ တစ်လ ဆန်နှစ်အိတ် အပျော့ပျော့ပဲ။ ကျင်းပိုင်က အစားအသောက်နဲ့ပတ် သက်လို့ မတွန့်တိုပါဘူး။ ဆင်ကြီးတို့ လှပိန်တို့ဆိုတာ ဧရာဝတီတိုင်းဒေသ ကြီး ဟင်္သတ၊ မြန်အောင်ဘက်က။ ဒီ

တော့ စားကြကြိတ်ကြတာပေါ့။ သုံးလ ဆိုတစ်သိန်းခွဲပိုက်ရုံပဲ။
ဆီပေပါကျင်း၊ လျှံကျင်းများ ထ ပေါက်လိုက်ရင် အတိုင်းထက်အလွန်
ပေါ့။ ရွာအပြန် မျက်နှာပန်းလှတာပေါ့။
ဒါကြောင့် ခုထောင်းတဲ့ကျင်းကို ပေါက်
စေချင်တာ။ ဒါပေမဲ့ ကျင်းကလည်း
အတောင်တစ်ရာ ကျော်လာပြီ။ ဆီဂိတ်
တွေလည်း ဖြတ်ပါရဲ့။ ဒါပေမဲ့ – ကိုထွန်း
အောင်ကျော်က ဆီဂိတ်မကြိုက်တာနဲ့
ဆက်တူးခိုင်းနေတုန်း။တစ်ခုကံကောင်း
တာကကျောက်မခံသေးတာပဲ။ကျောက်
မခံပါစေနဲ့လို့ ထောင်းပိုက်ကိုင်ရင်း
ထန်မန်းဆုတောင်းနေရတာ အမော။
ကျောက်ခံရရင်တော့သွားပြီ။ခဲလေသမျှ
သဲရေကျပဲ။ ကျောက်ကို ကျင်းသမား
တိုင်းလန့်တယ်။ မှော်လောကမှာလည်း
စာဆိုရှိတယ်လေ။ ရေပေါက်ကျောက်ခံ
နောက်ကြောင်းပြန်ဆိုတဲ့စကား။ ဘာမှ
လှည့်ကြည့်မနေနဲ့တော့။ လာရာလမ်း
ပြန်တော့ပဲ။ ကံကောင်းတာက မနေ့
ညနေစောင်းလောက်မှာ သဲဝါဖြတ်ပြီး
ကျောက်ကြောတွေ့တယ်။ ဒါပေမဲ့
သိပ်မတူလို့ ထန်မန်းသက်မချမိရဲ့။
ဒါတောင်လေးငါးဆယ်ဆုံထောင်းလိုက်
ရသေးတယ်။ မနက်ကတော့ ကိုထွန်း
အောင်ကျော်က-

“ထန်မန်း – ဆီနီးပြီလား” “နီးပြီထင်တာပဲ။ ကိုထွန်း ဆီဂိတ် ဝေးသွားပြီ။ဒါပေမဲ့-ထူးတာကဆုံထဲမှာ
ဆီနံ့ပါလာတယ်ဗျ”
“သေချာတူးဗျာ၊ ကျုပ်စိတ်ထဲ ဒီ
ကျင်းက ပေါက်ကျင်းလို့ ထင်နေတယ်။
ပေပါကျင်းဖြစ်ဖို့ များတယ်။ ညတုန်း
ကလည်း အိပ်မက်ထဲမှာ ဆီးတွေ ပန်း
ထွက်နေတာ သွားမက်တယ်။ ကျုပ်ပဲ
စိတ်စွဲနေလို့လား မသိဘူး။ အိပ်မက်က
ထူးတာတော့ အမှန်ပဲဗျ။ ဒီကျင်းပေါက်
မှ ဖြစ်မှာ။ ကျုပ်လည်း မြို့ပေါ်က အိမ်ခွံပဲ
ကျန်တော့တာ။ ရိက္ခာလည်း ထန်မန်း
သိတဲ့အတိုင်းပဲ။ ပြတ်လုပြတ်ခင် ဖြစ်
နေပြီ။မှော်ထဲလည်းကြွေးများနေပြီ”
“အားမလျှော့ပါနဲ့ – ကိုထွန်းရာ။ ပေါက်မှာပါ။ အနည်းအများ တစ်ခုခုပဲ။
ကျွန်တော်လည်း ထင်နေသလိုပဲ”
ဂျောင်မထောင်းခင် ကျောက်တစ်
လုံးမှော်ထဲကနေ အသံချဲ့စက်ဖြင့် မှန်း
လာနေတာ အော်နေသဖြင့် ကိုထွန်း
အောင်ကျော် တဲပေါ်ကဆင်းသွားလေ
ရဲ့။ သူတို့ကျင်းထောင်းပြီး သုံးလေးဆုံ
အကျမှာ ကိုထွန်းအောင်ကျော် အပြေး ပြန်ရောက်လာတယ်။ မြို့မှာ သူ့သား အငယ်ကောင်ကို သုံးဘီးဆိုင်ကယ် ဝင် ထိုးလို့မကွေးမြို့ပေါ်ကသူ့မိန်းမကလှမ်း

ဖုန်းဆက်တာပါ။ ချက်ချင်း မကွေးကို ပြန်ဖို့ ကိုထွန်းအောင်ကျော် ပြင်တယ်။
ထန်မန်းကိုလည်း မှာစရာရှိတာ မှာ တယ်။ နှစ်ရက်သုံးရက်တော့ ကြာမှာ ပေါ့။ မှော်ထဲနဲ့ မကွေးမြို့ဆိုတာ နေ့တစ်
ဝက်ခရီးပါပဲ။ ကိုထွန်းအောင်ကျော် လျှို
ကုန်းပေါ်တက်သွားပြီး သိပ်မကြာခင်
မှာဆင်ကြီးကပြောတယ်။ကျင်းထောင်း
နေရင်းပြောတာပါ။ “ကိုထန်မန်း” “ဘာတုံးကွ – ဆင်ကြီးရ”
“ကျောက်တစ်လုံးမှာ မနေ့ညက
အမဲပေါ်တယ်ဗျ။ ကိုထွန်းမြို့သွားတုန်း
ကျွန်တော်တို့ စားစားကြရအောင်ဗျာ၊ ကျွန်တော်အကြွေးယူလို့ ရတယ်ဗျ” “ဟေ့ကောင်ဆင်ကြီး၊ အရေးထဲ မင်းက ငတ်ကြီးကျနေသေးတယ်။
ကိုထွန်းဘာမှာထားသလဲ၊ မင်းပါးစပ်ကို ပိတ်ထားစမ်း၊ရှီးထဲမှဆီကပေါက်ခါနီးမှ
ဖောက်နေပြန်ပြီ။ မလုပ်နဲ့ဟေ့ကောင်၊
မိုးမီးလောင်သွားမယ်”
“သူဘာသိမှာလဲဗျာ၊ ကျွန်တော်
တို့ပဲ သိတဲ့ဥစ္စာ၊ သူပြောတာ အဓိပ္ပာယ်
မရှိပါဘူးဗျာ။ ကျင်းတူးတာနဲ့ အမဲသားနဲ့
ဘာဆိုင်လည်း စားတဲ့သူလည်း ပေါက်
နေကျတာပဲ။ ကံပါဗျာ၊ မဆီမဆိုင်တွေ
ပါ”

“ဆင်ကြီး ကိုထွန်းက ကျင်းပိုင်၊ မင်းဘာသာစားချင်တဲ့နေရာစား၊ ဘာမှ
ဆက်မပြောနဲ့တော့၊ ကျင်းထောင်းမှာ သာထောင်းစမ်းကွာ”
ထန်မန်း ပစ်ဟန့်လိုက်မှ ဆင်ကြီး
မကျေမနပ်ပုံစံနဲ့ ငြိမ်သွားရဲ့။ ဒါပေမဲ့
အဲဒီနေ့ညနေမှာပဲ ဆင်ကြီး ပြဿနာ
တက်တော့တယ်။ ထန်မန်း ကျောက်
တစ်လုံးဘက် ခဏလေးဆင်းသွားတဲ့
အချိန်မှာ ဖြစ်ကြတာပါ။ လှပိန် မူးမူးနဲ့
ပြောတာက သူတို့အရက်သောက်ကြ
တော့ ဆင်ကြီးက ဘယ်ကဘယ်လို
ဝှက်ထားမှန်းမသိတဲ့ အမဲသားဟင်းနဲ့
မြည်းတယ်တဲ့။ သူတို့ အရက်ဝိုင်းဖွဲ့ကြ တော့ မှောင်နေပါပြီ။ ထန်မန်း တဲကို
ပြန်ရောက်တော့ ည ရှစ်နာရီ တီးနေပြီ။
အဲဒီအချိန်မှာ ဆင်ကြီးပုံစံက မုန်ယိုနေ
တဲ့ဆင်တစ်ကောင်လိုပဲ။ တဲပေါ်မှာ လည်း သောင်းကျန်းထားလိုက်တာ။ တဲတစ်ပြင်လုံး အိုးတွေခွက်တွေ လှန် မှောက်လို့ဗြောင်းဆန်နေတာပဲ။ မိုးမင်း နဲ့လှပိန်တောင်တဲရှေ့ကွက်လပ်မှာငုတ် တုတ်။ မမူးတမူး လှပိန်ပြောတာက- “သောက်နေရင်းကအကောင်းကြီး ထပြီး ဖောက်တာပဲ ကိုထန်မန်းရာ၊ ဆွဲ လို့လွဲလို့လည်း မနိုင်ဘူး၊ ဘီလူးစီးနေ သလိုပဲ၊ ကျုပ်တို့လည်း ကြောက်တာနဲ့

တဲရှေ့ဆင်းပြီး ထိုင်နေရတာ။ တဲတစ်ခု လုံးလည်း အိုးခွက်တွေကုန်ပြီ”
“ကြည့်ရတာ ဒီကောင့် ပင်ကိုစိတ်
မဟုတ်ဘူးထင်တယ်ကိုထန်မန်း၊တော
စီးတာပဲလား၊ အပမှီတာပဲလားမသိဘူး။
မျက်ထောင့်ကြီးလည်း နီ၊ အံကြိတ်၊
လက်သီးဆုပ်ပြီး ဝုန်းဒိုင်းကျဲနေတာပဲ။
သွားတွေတောင်ကျိုးပဲ့ကြေကုန်ပြီလား။
မသိဘူး။ ဒါ- ဒီကောင် ဟို အမဲသား
သွားစားလို့ နေမှာ သိလား” “ဘာ-အမဲသား – ဟုတ်လား”
“ဟုတ်- ဟုတ်တယ် ကိုထန်မန်း၊ ဒီကောင် ဘယ်က ရလာမှန်း မသိဘူး၊
မြည်းတော့မှ သိလိုက်ရတာ” “ဟာကွာ – တောက် – ခွေး
ကောင်”
ထန်မန်း တက်တစ်ချက်ခေါက်ပြီး
ဆင်ကြီးကို မဖြစ်စဘူး သတ်ပစ်ချင်တဲ့
ထိအောင် ဒေါသထွက်သွားမိရဲ့။ ဒီကိစ္စ
မြို့သွားနေတဲ့ကိုထွန်းအောင်ကျော်သာ
ပြန်ရောက်လို့ သိသွားရင် သူ ဘယ်လို
ရှင်းပြမလဲ။ ထန်မန်းတို့ တဲပေါ်ရောက် တော့ အန်ဖတ်တွေ မွစာကြဲနေတဲ့ ပစ္စည်းတွေ ဖရိုဖရဲကြားမှာ ဆင်ကြီးက မှောက်ခုံကြီး ပိုးလိုးပက်လက် သတိ လက်လွတ်။ ထန်မန်းဒေါသထွက်ထွက် နဲ့ ခြေနဲ့ ကန်နှိုးတာတောင် မလှုပ်။

နောက်ဆုံးထန်မန်းတို့ပဲမွစာကြဲ၊ကျိုးပဲ့
နေတဲ့ပစ္စည်းတွေကို သိမ်းရတယ်။
ကျင်းပိုင်ကိုထွန်း ပြန်လာရင် ထန်မန်း
ဘယ်လိုရှင်းရမလဲ မသိ။ မနက်ကျရင်
တော့ အမူးပြေမှ ဒီကိစ္စကို ပြောမယ်ဟု ထန်မန်း ဒေါသပေါက်ကွဲလျက် တွေး ရင်း သူ့အိပ်ရာမှာ ထန်မန်း လှဲချလိုက် မိရဲ့။ ညဉ့်က နက်နေပြီ။ မှော်ရဲ့အအေး ဓာတ်ကလည်း စိမ့်သထက် စိမ့်လာပြီ။ နောက်ဆုံးထန်မန်းစောင်ကိုခေါင်းမူးခြုံ
လိုက်မိရဲ့။
ထန်မန်း အိပ်မပျော်ခင်လေးမှာပဲ အိပ်မက်လိုလို တကယ်လိုလို အသား
မည်းကျုတ်ကျုတ် ဗလတောင့်တောင့်
လူကြီးတစ်ယောက်နဲ့တွေ့တယ်။ သူ
တစ်ကိုယ်လုံး ထိုးကွင်းမင်ကြောင်တွေ
က နက်မှောင်လို့။ ထူးခြားတာက မြင် တွေ့ရခဲ့တဲ့ ယောင်ထုံးကြီးထုံးထားပြီး ဒေါသတကြီး မကျေမနပ်မျက်နှာနဲ့ ထန်မန်းကိုပြောတယ်။
“ငါဒီမှာ နေလာခဲ့တာ နှစ်ပေါင်း များစွာကြာပြီ။ ငါ့ကို ဘယ်သူမှ မထီမဲ့
မြင် မထီလေးစား မလုပ်ဝံ့ကြဘူး။ တစ် ချိန်က ငါတို့မင်းနေပြည်တော်ကြီး ဘုန်းမီးနေလတောက်ပခဲ့တုန်းက ငါက တပ်မတော်မှာ တပ်မှူးကြီးပဲ၊ တစ်ချက် လွှတ်သံဓားလို့ခေါ်တယ်။ ငါနဲ့အတူ

သံဓားနဲ့ ရတနာအချို့လည်း ဒီနေရာ ရှိ တယ်။ မင်းတပည့်က ရိုင်းစိုင်းတယ်။ ငါ့ကို မထီလေးစားလုပ်တဲ့အပြင် စော် ကားမော်ကား ပြောလိုပြော၊ ရိုင်းပြချင်
ရိုင်းပြ။တောက် – ဟိုတုန်းကငါ့မူလစိတ်
နဲ့ဆို မလွယ်ဘူး။ အသာစိမ်းတွေ ယူ
တယ်၊စားတယ်။ဒါကိုတော့ခွင့်လွှတ်လို့
မရဘူး။ အဘိုးနဲ့ သခင်မကြီးတို့ရဲ့စကား
ကြောင့် ငါ နောက်ပိုင်းစိတ်လျှော့ခဲ့တာ
ကြာပြီ။ ငါတို့က စည်းရှိတယ်။ ရတနာ
သုံးပါးဆည်းကပ်ရိုသေတဲ့သူကို ကူညီ
စောင့်ရှောက်ရမယ်မှန်းသိတယ်။ ငါ
ခွင့်ပြုလို့ ငါ့နယ်မြေထဲ နေရတယ်မှတ်။
ခုတော့ ကံလည်းမလုံခြုံ၊ ဘုရားမေ့
တရားမေ့ မင်းတပည့်ဆိုတဲ့ကောင်
ငါတို့တစ်ချက် လက်နဲ့ မတောက်ရဘူး။
ဒီနေရာက လွင့်စဉ်သွားမယ်။ ငါ့ဓားက
ထက်လွန်းလို့ သံဓားဆိုတဲ့ဘွဲ့ရခဲ့တာ။
တောထဲနေရင်တောစည်းကမ်း၊တောင်
စည်းကမ်းနားလည်ရတယ်။ ခုဒီကောင်
ကစော်စော်ကားကား၊ ဟိုမင်းတို့ခေါင်း
ဆောင်ကောင်လေးက ရတနာသုံးပါး
မြဲသလိုငါ့ကိုရောအဘိုးတို့ သခင်မကြီး
တို့ကိုပါ အမြဲတမ်း မေတ္တာပို့နေ ရိုသေ
လေးစားမှုမပျက်လို့ အဘိုးအမိန့်နဲ့ ကူညီနေရတာ။ ဒါပေမဲ့ အဲဒီကောင်ကို ငါ ဘာလဲဆိုတာ သိရအောင် မနက်ဖြန်

ပွဲရွက်ပြီးလာတောင်းပန်ခိုင်း၊ မဟုတ်ရင် ငါ့အလွန် မဆိုနဲ့ ဒါပဲ”
ထန်မန်း ရုတ်တရက် လန့်နိုးသွား တော့ အရုဏ်ပင် သန်းနေလေပြီ။ တဲ အတွင်းမှာ ဘယ်သူမှမရှိ။ သူခုနမြင်နေ ကြားနေရတာ အိပ်မက်လား၊ တကယ် လား စိတ်ထဲ ဝိုးတိုးဝါးတားနဲ့ ထန်မန်း
ဝါးမီးခွက်ထဲ ဆီထပ်ဖြည့်ရင်း ပြန်အိပ်
ဖို့ကြိုးစားတယ်။ အိပ်မက်ဆိုလည်းထူး တော့ ထူးဆန်းတာအမှန်ပဲ။ နောက်
ထန်မန်းကအိပ်မက်တွေဘာတွေလည်း သိပ်မယုံကြည်တတ်သလို မက်လေ့ မက်ထလည်း သိပ်မရှိပါဘူး။ မနက်မိုးလင်းလင်းချင်း ထန်မန်း ညကကိစ္စကို ဆင်ကြီးကို ရစရာမရှိ အောင် ဆူပစ်လိုက်တယ်။ ဆင်ကြီး စကားအရတော့ သူ အရက်သောက်နေ တုန်း တဲပေါက်ကနေ လွှားခနဲခုန်တက်
လာတဲ့လူကြီးတစ်ယောက်ကိုမြင်လိုက်
ရပြီး ကျန်တာတွေ သူ ဘာမှမသိဘူးလို့ တွင်တွင်ပဲ ခေါင်းတခါခါ ငြင်းတယ်။ သူ အရက်သောက်ရင် ဘယ်တုံးကမှ သတိ လွတ်အောင်မသောက်ခဲ့ပါဘူးလို့လည်း ဆင်ခြေတက်တယ်။
လှပိန်နဲ့ မိုးမင်းက ဆင်ကြီး ညက အမူးလွန်ပြီး သရဲစီးသလိုတောစီးသလို
ဖြစ်တုန်းကကန်ကျောက်ရိုက်ခွဲထားတဲ့

အိုးခွက်ပန်းကန်တွေ စိတ်ဆိုးဆိုးနဲ့ပြ
ရင်း အပြစ်တင်တော့မှ ငြိမ်ကုပ်သွား တယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒီနေ့
မနက် ကိုးနာရီလောက် မြို့ကနေ ကို
ထွန်းအောင်ကျော် ပြန်ရောက်လာပြီး
ညနေခင်းလေး ထောင်းပိုက်အတောင်
နှစ်ရာအကျမှာ သူတို့ မျှော်လင့်တကြီး
ကျနေတဲ့ကျင်းက ဆီထပေါက်တယ်။
ပေါက်တာမှ ပေပါကျင်း။ သူတို့အားလုံး
တင်မက ကိုထွန်းအောင်ကျော်ရဲ့ မျက်
နာကြီးကလည်းပျော်လွန်းလို့ ဝင်းထိန်
နေတာပဲ။
တယ်။
မှော်ထဲ ချက်ချင်းနာမည်ကြီးသွား
ထုံးစံအတိုင်းအနီးအနားမှော်တွေ
က ရွှေမည်းမုဆိုးတွေ၊ ရင်းနှီးတဲ့ကျင်း ပိုင်တွေ၊ ကုမ္ပဏီဝယ်လက်တွေ၊ ကျင်း ဆရာတွေ လာပြီး သတင်းမေးကြ၊ ပျော် ကြနဲ့ ခြေချင်းကို လိမ်ရော။ ကိုထွန်း
အောင်ကျော်ဆိုချက်ချင်းရောက်လာတဲ့
ရွှေမည်းကုမ္ပဏီဝယ်လက်ဆီကငွေတွေ ကိုင်ရင်း အသံတုန်တုန် လက်တုန်တုန်
နဲ့။ ထန်မန်းတို့လည်း ဆီခပ်ကြ၊ ပေပါ ရှာကြနဲ့ အလုပ်ကိုထောင်းလမောင်းထ ရှုပ်နေတာပေါ့။ ဆီကြောကလည်း ကောင်းသလားမမေးနဲ့။ ဆီကစိမ်းခံနေ တာရယ်။ သေမြေကြီး ရှင်ရွှေထီး သူတို့

စွန့်စားရကျိုးနပ်တယ်ဆိုရမယ်။ သခွတ် ပင်မှော်ဆိုတဲ့ နာမည်ချက်ချင်းဖြစ်
သွားတယ်။ ထန်မန်းလည်း ပျော်လွန်း
လို့ မနေ့ညက သူမက်ခဲ့တဲ့အိပ်မက်
ရောပွဲရောထိုးကွင်းမင်ကြောင်နဲ့လူကြီး
ရဲ့စကားကိုလည်း ဆီခပ်နေရတာနဲ့
မေ့သွားတော့တယ်။ အဲဒီညနေကနေ
ပေါက်ကျင်းကဆီခပ်တာနောက်မနက်
ထိပေပါနှစ်ဆယ်ရနေပြီ။ ဆက်ခပ်နေရ
တုန်းပဲ။ ပေါက်ဈေးနဲ့ဆို သိန်းအစိတ်
ကျော်နေပြီ။ ကိုထွန်းအောင်ကျော်
သခွတ်ပင်မှော်မှာ စွန့်စားပြီးတူးတာ။
ပထမဆုံးကျင်းနဲ့တင် ပေပါပိုင်ရှင်
သူဌေးဖြစ်သွားတာပဲ။ ထန်မန်းတို့ဆို စားသောက်စရာအဝတ်အထည်အလျှံ
ပယ်ပဲ။ ကိုထွန်းအောင်ကျော် ဝယ်ပေး
တာ။ သူလည်း ဆိုင်ကယ်နဲ့ ဒေါက်ဝှီးပဲ။
အဲဒီကျင်းကကိုထွန်းအောင်ကျော် ပေပါအလုံးငါးဆယ်ကျော်ရလိုက်တယ်။ ဆီက နှစ်ရက်တစ်ပီပါ ခပ်နေရတုန်းပဲ။ နောက်ကျင်းသစ်မတူးခင် သုံးလနီးပါး ကြာနေပြီမို့ ထန်မန်းပိုက်ဆံပိုက်ပြီး ရွာ ပြန်ဖို့ လုပ်တယ်။ တစ်ခုပဲရှိတယ်။ စိတ်

မကောင်းစရာက ဘာလဲဆိုတော့ ထန်
မန်းတို့ ပိုက်ဆံပိုက်ပြီး ရွာကို ခဏပြန် ကြတော့ ဟင်္သတာသားဖြစ်တဲ့ လှပိန် နဲ့ တစ်ရွာတည်းသားဖြစ်တဲ့ ဆင်ကြီးက
ရွာကို မလိုက်နိုင်တော့ဘူး။ သူတို့ ဆီ
ကျင်းပေါက်ပြီး ဆယ်ရက်တိတိပြည့်တဲ့
ညမှာ ဆင်ကြီး မူးမူးနဲ့ ကျောက်တစ်လုံး ဘက်ကူးရင်း ပိုး(မြွေ)ထိလို့ သေသွား ခဲ့ ကြရတာပဲ။ သူ့အတွက် လုပ်ခန့်
အပိုငွေကိုတော့ လှပိန်က ရွာပြန်သယ် သွားရဲ့။ ထန်မန်းကတော့ တောင်ပေါ်
ချင်းရခိုင်စပ်မို့ ရိုးသားသစ္စာ ရှိသူမို့
ဆီမပေါက်ခင် ညက ထူးဆန်းတဲ့အိပ်
မက်အကြောင်းကိုထွန်းအောင်ကျော်ကို
ပြောပြတယ်။
အဲဒီအိပ်မက်အကြောင်းသိတာ
သူတို့နှစ်ယောက်ပဲ။ ဆင်ကြီးအတွက်
ရည်စူးပြီးပွဲနဲ့တောင်းပန်တယ်။ထူးဆန်း
အံ့ဩစရာ ပဉ္စလက်လည်းများတယ်။
ပြီးတော့ဂမ္ဘီရလည်းဆန်လှတယ်။မယုံ
မရှိနဲ့။ သူကိုယ်တိုင်မှော်ထဲနေခဲ့တာ။