တယ် ” “ခင်မေ နင်က တော်ရုံ မအိုတော့မဲ့ ကဝေပျံ၊နင့်အကောင်က နင့်မြစ်လောက်ရှိတာတောင်အခု အိုနေပြီ နောက်ဆို သူက သေရမှာ အဲ့ အချိန် နင်ဘယ်လို လုပ်မလဲ ” “အမေ ကျမ ပုံမှန်လူတွေလိုနေချင်တယ်၊ကျမ ချစ်ခင်ရတဲ့ သူတွေသေတာကို ကျမ အကြာကြီး ကြည့်နေရတယ် ကျမ ရထားတဲ့ အသက်ရှည်၊အဆင်းလှ ခြင်းတွေ က အခုအချိန်မှာ တော့ ကျိန်စာ တခုလို ဖြစ်နေပြီ အမေ၊အမေနဲ့ ကျမ အသက် ၁၈ နှစ်လောက်ပဲကွာတယ် ...

သည်။ထိုအချိန်၌ … ” ဘုတ်…” ဆိုသောအသံသည် ပေါ်ထွက်လာ၏။ မောင်ချစ်လူ စိတ်ထဲ၌လည်း. ” အပင်ပေါ်က ဘာများပြုတ်ကြတာပါလိမ့် ” ဟုတွေးလိုက်ပြီးနောက် မိခင်ဖြစ်သူနဲ့အတူ အိမ်သို့ပြန်လာခဲ့လိုက်လေသည်။ အိမ်ရောက်သောအခါ ရေမိုးချိုးလိုက်ပြီး မိခင်ဖြစ်သူပြင်ပေးထားသောထမင်းဝိုင်းလေး၌ သားမိနှစ်ယောက် ထမင်းလက်စုံစားလိုက်လေသည်။ ထို့နောက် မောင်ချစ်လူလည်း စောစောပင်အိပ်ရာဝင်ခဲ့လေသည်။ ညဉ့်သန်းခေါင်ယံအချိန်၌ မောင်ချစ်လူတစ်ယောက် အပေါ့သွားချင်လာသဖြင့် အိပ်ယာမှထလိုက်ပြီး အိပ်ပေါ်မှဆင်းကာ နောက်ဖေးဘက်သို့အသွား ” အူး….ဝူး….ဝူး… ” ဆွဲငင်သောခွေးအူသံများ ထွက်ပေါ်လာ၏။၎င်းခွေးအူသံများကြောင့် မောင်ချစ်လူတစ်ယောက် ကြက်သီးများပင် ထလာလေသည်။သို့ပေမဲ့ အပေါ့သွားချင်နေသဖြင့် ရေအိမ်ရှိရာဆီသို့အသွား ” ...

သည်။ ကျောက်ရေတွင်းပျတ်သို့ရောက်သောအခါ ” သာလွေရ.. မင်းကလူငယ်တစ်ချို့ကိုခေါ်ပြီး ချုံတွေရှင်း..ကျန်တဲ့သူတွေက ကျောက်ရေတွင်းပျက်ကို ဖြိုဖို့လုပ် ” ” ဟုတ်ကဲ့.. ရွာလူကြီး ” ရွာသားများလဲ ရွာလူကြီးအမိန့်အတိုင်း ချုံတွေရှင်းသူရှင်း ရေတွင်းကိုဖြိုဖို့လုပ်တဲ့သူလုပ်နေကြ၏၊ ထိုအချိန်မှာ.      ” ဖလပ်..ဖလပ် ” ” အ…အ…အား ” ဆိုပြီး ကျီးကန်းများထပြန်သွားသည်ကို တွေ့လိုက်ရသည်။ ရွာသားများလဲ မမှုပဲ မိမိတို့အလုပ်ဖြစ်သော ကျောက်ရေတွင်းကိုသာ ဖြိုဖို့အလုပ်… ” ဝေါ…ဝေါ…ဝေါ..” ဆိုပြီးအပင်များ ဒယိမ်းထိုးနေတာကို တွေ့လိုက်ရသည်။ ထိုအခါ  ရွာသားများလဲ ...

ထိုနေရာ၌နွားကျောင်းသူ အတော်များသည်။ သို့သော်နွားများပျောက်တာရှတာဖြစ်လာသည့်အပြင် တစ်ခါတစ်ရံလူကိုပါ​ခြောက်လန့်သောကြောင့် ထိုရွာအနောက်ဘက်ကွင်းကို မသွားဖို့ရန်ပင် လူကြီးများကတားမြစ်ထားကြရသည်။ ယခုလည်းသာကျော်က ဦးညိုတုတ်ပြောသည်ကို နားမထောင်ဘဲ ရွာအနောက်ဘက်ကွင်းကို နွားသွားကျောင်းခဲ့ရာမှနွားတစ်ကောင်ပျောက်ခဲ့လေသည်။ တစ်ရက်၌ ရွာက ငပေနဲ့ ပေါက်စ ဆိုသည့် ကလေးနှစ်​ယောက်ထိုရွာအနောက်ဘက်ကွင်းရှိ သရက်ပင်ကြီးဆီကိုရောက်လာခဲ့ကြသည်။ သရက်ပင်ကြီးကလည်း သရက်သီးတွေအတော်သီးနေသည် မလို့ ကလေးနှစ်​ယောက်အတော်ပျော်သွားကြ၏။ “ငပေ…မြန်မြန်တက်ပါကွ…” “ဟ…ငါတက်နေတာပဲလေ…မင်းကဘာဖြစ်လို့ လောနေရတာလဲပေါက်စရဲ့” “မင်းလည်းသိရဲ့သားနဲ့ငပေရာ… ဒီကွင်းကသရဲရှိတယ်လေ…တို့မြန်မြန်ခူးပြီး မြန်မြန်ပြန်ကြရအောင်ကွာ…” “အေးပါကွာ…လာ…ငါ့နောက်ကလိုက်တက်” ငပေနဲ့ပေါက်စတို့လည်းသရက်ပင်ပေါ်ကိုတွယ်၍ တက်ကြသည်။ ရွာထဲရှိသရက်ပင်တွေကဒီအပင်​လောက်အလုံးမကြီး၍ ငပေနဲ့ပေါက်စတို့နှစ်ယောက်တိုင်ပင်ကာ ထွက်လာခဲ့ကြခြင်းဖြစ်သည်။ သရက်သီးများရသလောက်ခူး၍ ရသမျှကိုလည်းမြေပေါ်ကို ပစ်ချထားကြသည်။ “ဒီလိုနေပြန်တော့လည်း… ဘာသရဲမှမရှိဘူးလို့ထင်ရတယ်နော်ပေါက်စ” ...

လွှတ်လိုက်ရသည်။ မခင်ထားတို့အိမ်တွင် လူများစုံနေသည်။ မခင်ထားတို့ မောင်နှမများနှင့် ဆွေမျိုးများပါ ရောက်ရှိနေကြသည်။ မခင်ထားအဖေ ဦးကျော်စိုး၏ အခြေအနေမှာသိပ်မကောင်းသည်မို့ အိမ်မှမိသားစုများမှာ ပြင်ဆင်သင့်သည့် ကိစ္စများကို ကြိုတင်ပြင်ဆင်နေကြပြီဖြစ်သည်။ မခင်ထားတို့တွင် ညီအကိုမောင်နှမ ငါးယောက်ရှိသည်။ အကြီးဆုံးအကိုကြီးမှာ ကိုကျော်မိုးဖြစ်ပြီး ကျောင်းဆရာဖြစ်ကာ ရွာရှိ မူလွန်ကျောင်းတွင်ပင် တာဝန်ထမ်းဆောင်နေလေသည်။ အကိုကြီးအောက်က မခင်ထားဖြစ်ကာ မခင်ထားအောက်တွင် ညီမတစ်ယောက်နှင့် မောင်နှစ်ယောက်ရှိသည်။ မောင်နှစ်ယောက်မှာ နိုင်ငံရပ်ခြားတွင် အလုပ်သွားရောက်လုပ်ကိုင်နေသည်မို့ လောလောဆယ်တွင် မောင်နှမသုံးယောက်သာရှိသည်။ မခင်ထား ခြေလက်ဆေးကြော အဝတ်အစားလဲပြီးသည့်အခါ အကိုကြီးကျော်မိုးက မခင်ထားအနီးသို့တိုးကပ်လာလေသည်။ “ဆရာဝန်က ဘာပြောလဲ” ...

တယ်။ ++++++ ဒီလိုနဲ့ နှစ်လလောက်ကြာတော့ မကြည်အောင်ရဲ့ ရောဂါက သက်သာမလာပဲ ချောင်းဆိုးလိုက်တိုင်း သွေးတွေပါလာခဲ့တယ်။ “ ယဉ်လှ… နင့်အဖေ ခေါ်ပေးစမ်းပါ” “ အဖေ.. အမေခေါ်နေတယ်” ယဉ်လှစကားကြောင့် ကားရေဆေးနေတဲ့ ကိုသောင်းနိုင် အိမ်ထဲကိုဝင်လာခဲ့လိုက်တယ်။ “ သောင်းနိုင်… ငါ ဘုရားဆွမ်းကပ်ချင်လို့ မနက်ကျရင် ဈေးစောစောသွားပေးပါလား” “ ငါ့မိန်းမကတော့ ဒီနေ့ထူးဆန်းနေပါလား၊ ဆွမ်းကပ်ဖို့ငါဘာဝယ်ပေးရမလဲ” “ အဆင်ပြေတာဝယ်ခဲ့လိုက်၊ ဒီမှာ ပိုက်ဆံယူထား” မကြည်အောင်က ချွေးခံအိတ်ထဲမှာ ထည့်ထားတဲ့ပိုက်ဆံအချို့ကိုထုတ်ပေးရင်း “ ယဉ်လှ.. ငါ့ကိုလမ်းထိပ်ကဆေးဆိုင်မှာ ...

ယုံကြည်ထားပါလေတော့သည် ။     ◾အခန်း (၂)     “ယွမ်းအိုင်ရွာ”       နာမည်ဆန်းဆန်းနှင့် ထိုရွာလေးသည် မြေလတ်ဒေသရှိ အခြားရွာများနှင့် အတူတူ လုပ်ကိုင်စားသောက်ကြသော်လည်း လူများသည်က မတူပေ။ဘေးပတ်၀န်းကျင်ရှိရွာသားများသည် အညိုရောင် သို့မဟုတ် ကြေးနီရောင်အသားအရည်ရှိကြပြီး ယွမ်းအိုင်ရွာတွင်ရှိသော ရွာသူရွာသားများသည် အသားဖြူကြ၏။ယွမ်းအိုင်ရွာလေးသည် အခြားရွာများ နှင့် ကူးလူးဆက် ဆံမှုရှိသော သာမာန်ရွာလေးတရွာမျှသာ ဖြစ်သည်။ထိုရွာလေး ၏ အိမ်လေးတအိမ်တွင်တော့     “‌ကျင်စူး နင် ငါပြောသလို လုပ်လား “     “လုပ်တယ် တလကို သုံးကြိမ်လောက်ပဲ ...

ဦး” သျှောင်ပေစူးနဲ့အိပ်ယာထဲလဲနေတဲ့ ကလေးက တစ်အင်းအင်းနဲ့ညီးညူရင်း ဦးညိုကမ်းပေးတဲ့ ဆေးကိုကမ်းယူလိုက်တဲ့အချိန် လက်ချောင်းတွေရဲ့ထိပ်မှာ ချွန်ပြီးထွက်နေတဲ့ လက်သည်းစတွေကိုမြင်လိုက်ရတယ်။ “ ဟင်… “ ဦးညိုလဲ ရုတ်တရက်လန့်သွားပြီး ဒုတိယအကြိမ်ကြည့်လိုက်ရာ သာမန်လက်အတိုင်းဖြစ်နေခဲ့တယ်။ “ ငါ ဒီည ဘာဖြစ်နေတာပါလိမ့်” “ ဆရာကြီး …. “ ဘေးကနေလှမ်းခေါ်လိုက်တဲ့အသံကြောင့် အတွေးစတွေပြတ်သွားပြီး “ ကဲ … ကလေးအတွက်တော့စိတ်ချရပါပြီ… ကျုပ်လဲ မနက်အစောကြီး အခြားရွာကိုသွားရမှာဆိုတော့ ခွင့်ပြုပါဦး” “ ဆရာကြီးကလဲ ညတောင်အတော်နက်နေပြီကို ဒီညတော့ ရွာမှာအိပ်သွားလိုက်ပါ…ဟိုဘက်အိမ်မှာလဲ ဆရာကြီး ...

။ နှစ်လလောက်ကြာလာတဲ့အခါတော့…အေးစက်စက်ဆွမ်းတော်လက်ဖက်ရည်ဟာ သောက်မယ့်သူ မရှိတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့..ကျွန်တော်တို့က ကိုငယ်လေးကို ဆိုင်ထဲဝင်ခွင့်မပေးတော့လို့ပါ။ ဒါကလည်း အကြောင်းရှိပါတယ်။ ကိုငယ်လေးရဲ့ ရူးသွပ်မှုဟာ တနေ့တခြားပိုဆိုးလာတယ်။ သူ့ညီမတွေအိမ်ကို ပြန်မကပ်တော့ပဲ လမ်းဘေးမှာ အိပ် လမ်းဘေးမှာ စားအဆင့်ဖြစ်လာတယ်။ ဆံပင်တွေဟာ ချေးအထပ်ထပ်နဲ့ အလိပ်ကြီးတွေဖြစ်လာတယ်။ လက်သည်းမည်းမည်းကြီးတွေနဲ့ ညစ်ပတ်နံစော်နေတဲ့ ခန္ဓာကိုယ်။ ဒီတော့…ကျွန်တော်တို့ရဲ့ လက်ဖက်ရည်ဆိုင်ကျဉ်းကျဉ်းလေးထဲ သူထိုင်ပြီဆို တခြားသူတွေအတွက် စိတ်အနှောက်အယှက်ဖြစ်ကြရတယ်။ ဒါနဲ့ပဲ ကိုငယ်လေးကို ဆိုင်ထဲမဝင်ဖို့..လက်ဖက်ရည်ကိုလည်း နို့ဆီခွက်နဲ့ပဲ ပေးပြီး အပြင်ကို မောင်းထုတ်ရပါတော့တယ်။ တစ်ကြိမ်နှစ်ကြိမ်လောက် သူဆိုင်ထဲဝင်ဖို့ ကြိုးစားပေမယ့်..နောက်ပိုင်းမှာ မလာတော့ပါဘူး။ ...

ကျေနပ်ဘူးဆိုရင်လည်း တုတ်ဆွဲ၊ ဓါးဆွဲပြီး ခုတ်ကြသတ်ကြနဲ့ပေါ့ကွာ” “တောမီးလောင်ရင် တောကြောင်လက်ခမောင်းခတ်တယ်ဆိုသလို ဒီအချိန်မှာ ဓါးပြတွေက တော်တော်ဆိုးပါရောဟေ့၊ ဘယ်လောက်တောင်ဆိုးသလဲဆိုရင် ရွာထဲက ရွာပြင်ကို လူတွေမထွက်ဝံ့သလောက်ပဲကွ၊ ရွာတွေမှာလည်း လူငယ်တွေစုစည်းပြီးတော့ ရပ်ရွာကာကွယ်ရေးအဖွဲ့တွေ ဖွဲ့ထားရတယ်၊ ဓါးပြကတော့ ရွာပြင်မှာတွေ့တဲ့လူကို ဓါးပြတိုက်ပြီး ရတာယူ လူသတ်ခဲ့တာပဲဟေ့၊ ဒီနိဗ္ဗာန်တိုက်နယ်တစ်ကြောမှာတော့ ဗျဂ္ဃကြီးဆိုရင် မသိသူမရှိတဲ့ ဓါးပြကြီးပေါ့ကွာ” “ဒါဆိုတော်တော်ဆိုးတာပေါ့နော်” “အေးပေါ့ကွာ၊ ဗျဂ္ဃကြီးဓါးပြတိုက်ပြီဟေ့ဆိုရင် လှည်းလေးငါးစီး၊ လူအယောက်သုံးဆယ်လောက်တောင်မှ မခံနိုင်လို့ ထွက်ပြေးကြရသတဲ့” “လူသုံးဆယ်တောင် ထွက်ပြေးရတယ်ဆိုတော့ သူ့မှာတပည့်တပန်းများလို့နေမှာပေါ့ ဦးဘသာ” ဦးဘသာက ခေါင်းခါရင်း “မဟုတ်ဘူးကွ၊ ...