သူငယ်ချင်းနှစ်ယောက်ပါ ကျွန်မကိုအထူးအဆန်းနဲ့ဝိုင်းကြည့်တယ်။ “မဟုတ်ပါဘူးဆွေဆွေရယ်၊ ငါတို့ဘယ်သူကိုမှမတွေ့လိုက်ပါဘူး” ကျွန်မတို့အကုန် ရွာဝင်လမ်းကိုပြေးကြည့်ကြတယ်၊ ရွာဝင်လမ်းကြီးကဖြောင့်ဖြူးနေပေမယ့် လမ်းလျှောက်နေတဲ့လူတစ်ယောက်မှ မတွေ့ရဘူး၊ ကျွန်မလည်း အရမ်းထူးဆန်းနေတာပေါ့” နောက်တော့ ကျွန်မတို့ဆက်ပြီးဆော့နေကြတယ်၊ မကြာပါဘူး အဲဒီလူကြီးနဲ့ ဦးလေးဖိုးကွန်းနဲ့ရွာပြင်ကိုထွက်လာကြတယ်၊ ကျွန်မလည်း ဝမ်းသာအားရနဲ့ အမကြီးတို့ကိုလက်တို့ပြီးတော့ လက်ညှိုးထိုးပြလိုက်တယ်။ ဒါပေမယ့် ကျွန်မလက်ညှိုးထိုးတော့ အဲဒီလူကြီးရော ဦးလေးဖိုးကွန်းပါ ပျောက်ခြင်းမလှပျောက်သွားတယ်။ “ဘာတုန်းအငယ်မရဲ့” ကျွန်မဘာမှပြန်မပြောနိုင်တော့ဘူး၊ ကျွန်မစိတ်တွေခြောက်ချားလာခဲ့တယ်၊ ဦးလေးဖိုးကွန်းကို ကျွန်မသေချာသိတောပေါ့။ သူက ကျွန်မတို့နဲ့ ဆွေမျိုးမကင်းတော်တယ်၊ ရိုးမထဲအလုပ်သွားလုပ်ရင်း ငှက်ဖျားမိလာလို့ ငှက်ဖျားတက်ချိန်ဆို စောင်ကြီးခြုံပြီးနေရတတ်တယ်လေ။ အခုလည်း သူတို့နှစ်ယောက်ကို တစ်ချက်ရိပ်ခနဲတွေ့လိုက်ရပြီး ...

လည်း မိမိ၏ငွေကြေးများကိုပါ ဝင်ရောက်စွက်ဖက်နေတော့သည်မို့မောင်ဌေးလွင်ပို၍ စိတ်ရှပ်ထွေးနေရသည်။ မဒေစီသည် လောင်းကစားကိုအကြီးအကျယ်ဆော့၏။ မိမိဆီမှ ငွေတောင်းတိုင်း မဒေစီကို မောင်ဌေးလွင်မငြင်းဆန်ဘဲ အမြဲထုတ်ပေးတတ်သည်။ ပြန်၍စဉ်းစားကာမှ မောင်ဌေးလွင် စိတ်ညစ်ရ၏။ “ဒေစီ…မင်းဘာလို့ဒီလောက်လောင်းကစားတွေ လုပ်နေရတာလဲကွာ…” ဟု…မေးသောအခါ မဒေစီသည် မဲ့ပြုံးတစ်ချက်ဖြင့်…. “မောင်ကဒေစီကိုအပျော်မယားအနေနဲ့ပဲထားတာမလား… မောင့်မယားကြီးကိုတော့စံအိမ်ထဲမှာပိုးမွေးသလိုမွေးထားတော့ ဒေစီမှာလည်းပျော်စရာဆိုလို့ဒီလောင်းကစားပဲရှိတော့တာလေ…ဒါဒေစီအပြစ်လားမောင်…ပြောစမ်းပါဦးမောင်ရဲ့… ဒေစီရဲ့အပြစ်လားလို့” “ဟာကွာ…တောက်…..” မောင်ဌေးလွင်မိမိကိုယ်ကိုသာ စိတ်ဆိုးမိတော့၏။ တစ်ရက်၌ ဒေစီသည်… “မောင်…ဒေစီမေးနေကြဆရာက မောင့်မှာအသက်အန္တရာယ်ရှိတယ်လို့ပြောနေတယ်…အဲ့တာဒေစီစိုးရိမ်လို့ ယတြာချေ ဖို့မေးတော့ ဆရာက ဟောသည်အမှုန့်လေးတွေကို မောင်တို့လင်မယားအိပ်တဲ့အခင်းအောက်မှာဖြူးပါတဲ့မောင်… ဒေစီလေ မောင့်အတွက်စိုးရိမ်တယ်မောင်ရယ်… ဒါကြောင့်ဒေစီပြောတာလေးမောင်လုပ်ပေးပါနော်… နော်လို့မောင်…” “အင်းးးးး….ကောင်းပါပြီ ...

သောင်ထွန်းရွာရှိ ဘွားမယ်စိန်၏ထံပါးသို့ရောက်ရှိလာခဲ့သော်လည်း မိမိနှင့်မသက်ဆိုင်သည်မို့ ချိုသည် ခါးသည် ဘွားမယ်စိန်မပြောခဲ့ပေ။ ထိုသို့နေရင်းဖြင့် တစ်ရက်၌ ဘွားမယ်စိန်ထံသို့ ရွာ၏ ကာလသားခေါင်းဆောင်မောင်အုန်းနှင့် မောင်တိုး တို့နှစ်ယောက် ရောက်ရှိလာခဲ့ကြသည်။ “ကျုပ်တို့က ဘွား ဘုန်းကြီးကျောင်းဆီကို သွားများနေသလားလို့ …တော်သေးတာပေါ့ဗျာ အိမ်မှာရှိနေလို့ မဟုတ်ရင်ကျောင်းဆီကို ကျုပ်တို့လိုက်လာခဲ့ကြမလို့” မောင်အုန်းသည်စကားပြောရင်း ဘွားမယ်စိန်ထိုင်နေသော ကွပ်ပျစ်၌ဝင်၍ထိုင်လေသည်။ နောက်ပါးမှလိုက်လာသော မောင်တိုးသည်လည်း ကွပ်ပျစ်ခင်းသို့ဝင်ကာထိုင်၏။ ဘွားမယ်စိန်က သူတို့နှစ်ယောက်အားကြည့်၍… “အေး…ဘွား အစောကမှကျောင်းကပြန်ရောက်တယ်လေ… သီလယူပြီးပြန်လာတာပေါ့မောင်ရင်ရဲ့… နေပါဦး မောင်ရင်တို့ကဘာအကြောင်းများထူးကြလို့တုန်းကွဲ့” ဘွားမယ်စိန်အမေးအား မောင်အုန်းက… “ဆရာသာဝအကြောင်းဘွားကြားတယ်မို့လားဗျ” “ဆရာသာဝဆိုတာ အခုနာမည်ကြီးနေတဲ့ ...

လိုက်လာကြတော့၏။ ဘွားမယ်စိန်သည် တော်ရုံအချိန်၌ သူ၏တောင်ဝှေးအားမသုံးတတ်။ ယခုလို အချိန်၌သာ သူ၏ တောင်ဝှေးကြီးအား အသုံးပြုတတ်ပေသည်။ ဘွားမယ်စိန်၏တောင်ဝှေးလက်ကိုင်၌ မြွေဦးခေါင်းရုပ်ကြီးထု့လုပ်၍ထား၏။ ထိုတောင်ဝှေးအား ဘွားမယ်စိန်မှလွှဲ၍ ဘွားမယ်စိန်၏ သားသမီးများ မည်သူမှမကိုင်ကြရ။ ထိုသို့ဖြင့်ဘွားမယ်စိန်တို့ရွာလယ်ပိုင်းသို့ရောက်လာ၏။ ဘွားမယ်စိန်တို့ရောက်လာချိန်၌ ရွာမှ ကလေး၊လူကြီးအတော်ပင်စုံလင်စွာရောက်ရှိနေကြပြီဖြစ်သည်။ “ဘွားမယ်စိန်ရောက်ပြီဟေ့…ကလေးတွေ နောက်ဆုတ်ကြစမ်း…” လူကြီးအချို့ကအသံပြုကြသည်။ သရဲပူးခံထားရသည်ဆိုသော မောင်တိုးသည် သူ၏အိမ်ရှေ့ဗန်ဒါပင်အောက်၌ တင်ပုလ္လင်ခွေကာထိုင်နေ၏။ မျက်လုံးပြူး မျက်စံပြူးဖြင့်သာ ထိုင်နေပြီး သူ၏ခပ်လှမ်းလှမ်းမှ ဝိုင်းအုံနေကြသော လူများကိုကြည့်ကာ… “ဟားးးး…ဟားးး…ဟားးး….ဟားးးး….ဟားးးးး…….” အသံကျယ်ကြီးဖြင့် အဆက်မပြတ် ဟားတိုက်လို့နေ၏။ ထိုမောင်တိုး၏ရှေ့၌ အဘွားစိန်ရောက်လာချိန်မှာတော့… “ဘယ်သူလဲဟေ့…ငါ့သားဆီမှာလာပူးကပ်နေတာက” ...

စားတာလဲ မသိဘူး ” မိန်းမနဲ့ သမီးဖြစ်သူ အဲဒီလိုပြောရင် ကျုပ် နားငြီးတာနဲ့ ပင်ပန်းစိတ်နဲ့ ပေါင်းပီးအမေ့ ဆီကို ဦးတည်လိုက်ပီ။အမယ်အိုကြီးကအခန်းထဲက ကုတင်လေး ပေါ်မှာ ပက်လက်လေး လှဲလို့ လက်ထဲမှာလည်း သူစိပ် နေကျပုတီးလေးကို တဂျောက် ဂျောက်စိပ်လို့ပေါ့ဗျာ။ ကျုပ်အနားကို ရောက်သွားတော့ ပုတီးစိပ်နေတဲ့ အမယ်အိုကြီး တုန်တုန်ချိချိ က အသားလေးတွေ တဆက်ဆက် တုန်နေပီလေ။ မှိတ်ထားတဲ့ မျက်လုံးတွေကနေ ပါးပြင်ပေါ်စီးကျနေတဲ့မျက်ရည်တစ် ချို့ကိုလည်း ကျုပ်မြင်လိုက်ရတယ်။ မိန်းမနဲ့ သမီးဖြစ်သူရဲ့ ငြူစူ ပွက် လောရိုက်နေတဲ့ ...

လူသေနှင့်ပတ်သတ်သော သတင်းမရခဲ့ပေ။ နောက်ဆုံး၌ အလောင်းအား မြုပ်နှံပေးလိုက်ကြတော့၏။ “လူသေအလောင်းကိစ္စကဘယ်လိုတဲ့တုန်းတော့်…” “ငါလည်းဘယ်သိမလဲဟ…” “ကျုပ်တော့ ဒီလူသေအလောင်း ကိစ္စကြီးရင်ထဲပူနေတာ…” “အို…ဘာပူစရာရှိတုန်း…သူ့ဘာသာဘယ်ကသေလို့မျောလာတယ်လဲမှမသိတာကွာ…….” သူကြီးဦးသူတော် သူ၏မိန်းမဖြစ်သူနှင့် စကားပြောနေခြင်းဖြစ်သည်။ “ဒါထက်…ဟိုတောထဲကတောင်ကုန်းပေါ်က အရောင်တွေညဘက်ဆို တောက်နေတယ်ပြောတယ် ကိုတော်ဝင်” “ငါသိပါတယ်ကွာ…မင်းကလည်း” “စုန်းမတွေစက်တွေထုတ်နေကြတာထင်တယ်တော့်” “ဟ…ဘာစုန်းမ မှမရှိပါဘူးဆိုကွာ…” “ရှင်ဘာသိလို့တုန်း….အရင်တစ်ရက်က ရွာထဲက ငထွန်းရွှေလေ…အရဲစွန့်ပြီး အဲ့တောကိုဝင်ပြီး ထင်းခုတ်တာ…မည်းမည်းကောင်ကြီးတွေလိုက်လို့ အသက်လုပြေးခဲ့ရတယ်ဆိုပဲ” “ဒီကောင်က…အရက်သမားဟ…မိသန်းကြည်ရဲ့… နင်ကသူပြောတာအကောင်းထင်ရတယ်လို့” “အိုတော်…ဘာပဲဖြစ်ဖြစ်….ကျုပ်တို့ရွာတင်မကဘူး ဘေးရွာတွေပါ အဲ့တောကိုဝင်ရင် ဘေးအမျိုးမျိုးတွေ့တာ… ရှင်လည်းအသိပဲ…” “အေး…ဒါတော့ငါသိပါတယ်ကွာ” “အခု ချောင်းထဲ လူသေအလောင်းကိစ္စက အဲ့တောနဲ့ဆိုင်တယ် ...

တလက်လက်နှင့်တောက်ပနေသည်။ မြွေကလေးကို အံ့ဩပြီးကြည့်နေစဉ်မှာပင် မြွေဖြူကလေးက မခင်ဦးအနားကပ်လာပြီးနောက် လူလိုစကားပြောသည်။ “အမေ၊ နောက်တစ်ခါလာရင် နို့စိမ်းဝယ်လာခဲ့ပါ” “ဟယ်၊ ဘာတွေပြောနေတာလဲ ငါကလူ၊ နင်က မြွေလေ၊ ဘယ်လိုလုပ်အမေလို့ခေါ်တာလဲ” “ရှင်နဲ့ကျွန်မက ဘဝတစ်ခုမှ သားအမိအဖြစ် တော်စပ်ခဲ့ဖူးတယ်၊ ဒါကြောင့် အမေလို့ ခေါ်တာပါ” “အေးပါ၊ ခေါ်ချင်သလိုခေါ်ပါ၊ အခုလာတာ ဘာဖြစ်လို့လာတာလဲ” “နောက်တစ်ခါ ဘုရားကလေးဆီကိုလာရင် နွားနို့စိမ်းတစ်ခွက် ဝယ်လာခဲ့ပါ” ထိုသို့ပြောပြီး မြွေကလေးက ပြန်ထွက်ခွာသွားသည်။ မခင်ဦးလဲ မျက်လုံးများကိုဖွင့်ကာ အဆောင်ခေါင်မိုးကို ပြူးပြီးကြည့်နေမိသည်။ မနက်ပိုင်း မိုးစင်စင်လင်းနေပြီဖြစ်သည်။ သွားတိုက်ရေချိုးရင်း ...

တယ်လို့ ယုံကြည်ပေးထားပါ ။ နေထိုင်မကောင်းဖြစ်တဲ့အခါ အန္တာရယ်တစ်ခုခုနဲ့ကြုံတဲ့အခါမျိုးတွေဆို အမေ့ကိုတလိုက် သမီး ။ အမေလာစောင့်ရှောက်မယ် သိလား “ုထိုသို့ကားများကို မသေခင် နေ့စဉ်မှာပြီး ဒေါ်မြင့်ဆုံးသွားခဲ့ရသည် ။ တော်ရုံ.အပျိုဗိုက်ဆို.လက်သည် ဒေါ်အေးကြည် မီးဖွားပေးပါက ကြာလှနာရီဝက်ဖြစ်၏။အခု တစ်နာရီကျော် နှစ်နာရီခန့်ရှိ့ပြီ ။ ဒီအချိန်မှာပဲ မီးနေခန်းထဲမှ လက်သည် ဒေါ်အေးကြည် ချွေးသံချွဲချွဲနှင့် မျက်စေ့မျက်နှာပျက်နှင့် ထွက်လာသည်။ ” ဒေါ်အေးကြည် …ဒေါ်အေးကြည်…ကျုပ်သမီး…လေး…အခြေအနေ…ဘယ်…ဘယ်လိုရှိ့လဲ…ဟင်…ဟင်…’ ဦးသန်းက ဒေါ်အေးကြည်လက်ကို အာကိုးတကြီးဆုပ်၍လူပ်၍မေးလိုက်သည် ။ မီးနေ ဧသည်များကလည်း ဒေါ်အေးကြည်ရဲ့ ဆုံးဖြတ်ချက်စကားကို ...

ပြောချင်ရာပြောပြီးထွက်လာခဲ့ခြင်းဖြစ်၏။ “တောက်…နေကလည်း ပူလိုက်တာလွန်ကော…ဒီချိန်…ပေါင်းရှင်းလို့ကတော့ လူကင်ဖြစ်မှာအသေချာပဲဟေ့…မထူးဘူးကွာ ကိုစိန်မြင့် အရက်ဆိုင် အရက်တစ်လုံးလောက်ဝင်ယူပြီးမှ လယ်တောသွားတော့မယ်ကွာ…” ငတင် သူဘာသာဆုံးဖြတ်ချက်ချလိုက်ပြီးနောက် အရက်ဆိုင်ဆီသို့ဦးတည်လိုက်လေသည်။ အရက်ဆိုင်သို့ရောက်တော့ အရက်တစ်လုံးအကြွေးဆွဲကာ လယ်တောသို့ ထွက်လာခဲ့တော့၏။ ငတင် လယ်တောသို့မသွားချင်သော်လည်းအမဖြစ်သူ ပါးစပ်ကိုကြောက်၏။ လယ်တောသို့မရောက်ဘဲ အိမ်သို့ပြန်လျှင် နေဝင်မိုးချုပ်ပြောဆိုခံရပေဦးမည်။ ထို့ကြောင့် မထူးဇာတ်ဖြင့် လယ်တောသို့ အရက်ပုလင်းဆွဲကာ ထွက်လာခြင်းဖြစ်သည်။ ငတင်တို့်လယ်က ဘိုးဘွားပိုင်ဖြစ်သည်။ငတင်တို့ဘိုးဘွားများပိုင်ဆိုင်ခဲ့သောထိုလယ်တော ဘေးတွင် ဘယ်ခေတ်ကထု့ထားမှန်းမသိရသော ဘီးလူးရုပ်ကြီးတစ်ရုပ်ရှိ၏။ ထိုဘီးလူးကိုထု့ထားသည့်ပုံစံမှာလည်း ဒူးထောက်ထိုင်နေသည့် ပုံစံပင်ဖြစ်သည်။ ဒူးထောက်ထိုင်မျှသာထု့ထားသော်လည်း ထိုဘီလူးရုပ်သည်က လူနှစ်ရပ်စာအမြင့်ရှိ၏။ ဘီလူးရုပ်၏ဘေးခြေ မှာတော့ အရိပ်ရနေခဲ့ပြီး ...

ခတ်ထားသည့်ဟင်းချို ပင်ပါလိုက်သေး၏ မောင်ဆောင်းလဲငါးလေးအိုးကပ်ဟင်းအားနှိုက်ရန်ပြင်လိုက်ရာငါးကလေးများသည်အသက်ရှု၍လှုပ်ရှားနေ၏ မောင်ဆောင်းကကိုယ့်မျက်လုံးပင်ကိုယ်မယုံချင်ဟင်းဖြစ်နေသောငါးကအဘယ်ကြောင့်အသက်ရှင်နေသနည်းဟုစဉ်းစားမိကာအိမ်ရှင်များအားကြည့်လိုက်ရာအစားမပျက်အားပါးတရစားနေကြသည်ကိုမြင်၍ဘာမှမပြောတော့ပဲ ဟင်းချိုအားခပ်ရန်ပြင်လိုက်ပြန်ရာဟင်းချို ပန်းကန်ထဲကပုဇွန်ဆိတ်ကလေးများကာရေကူးနေသည်မြင်ရပြန်ရာလက်တွန့်သွား၏ မောင်ဆောင်းတွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေသည်ကိုမြင်သဖြင့်အိမ်ရှင်အမျိူ းသားကထမင်းစားနေသောသူ့မိန်းမအားမန်လိုက်သည်။ ”’မင်းကတော့ဧည့်သည်လာတာနဲ့ပညာပြချင်နေပြီသွားမင်းနောက်မှစားဧည့်သည်ကိုအသေအချာခပ်ကျွေးလိုက်”” ထိုအခါမောင်ဆောင်းလဲအိမ်ရှင်လင်မယားအားတောင်းပန်ကာထမင်းမစားတော့ပဲပြန်ပြေးလာ၏ ထိုအိမ်ရှင်လင်မယားကတော့ရန်ဖြစ်ကာကျန်နေခဲ့သည်မောင်ဆောင်းကဘုန်းကြီးကျောင်းရောက်တော့ဦးလေးဘန်းကြီးအားအကြောင်းစုံလျှောက်လိုက်၏ ””အေးကွဒီရွာကစုန်းပေါတယ်ဆိုတာမင်းလဲသိသားပဲငါတောင်ကြည့်နေရတာမင်းလဲနောက်ကိုသူများကြွေးတာမစားနဲ့ကွတချို့စုန်းတွေကအစွမ်းထက်သကွ”” ထိုရွာပတ်ဝန်းကျင်တွင်လပြည့်လကွယ်ညများ၌မီးလုံးအကြီးအသေးအရွယ်စုံသည်ကောင်းကင်သို့ပျံတက်နေတာမောင်ဆောင်းအထူးအဆန်းမြင်ဘူး၏ ဦးလေးဘုန်းကြီးအားမေးကြည့်ရာစုန်းကစားသည်ဟုဆို၏ထိုဝင်းဝင်းလုံးများသည်ရခိုင်ရိုးမတောင်ခြေနားအထိပျံဝဲနေကာနိမ့်လိုက်မြင့်လိုက်မြင်နေရသည်။ တစ်ရက်တွင်မောင်ဆောင်းကညဘက်မအိပ်သေးသည့်အချိန်တွင်ဘုန်းကြီးကျောင်းဘေးကသရက်ပင်ပေါ်တွင်ရေနွေးပန်းကန်လုံးလောက်ရှိသောဝင်းဝင်းလုံးကလေးအားတွေ့လိုက်ရာဘာလေးပါလိမ့်လို့အနီးကပ်သွားကြည့်လိုက်သည်။ ထိုအခါထိုဝင်းဝင်းအလုံးကလေးသည်သစ်ပင်ပေါ်တွင်အပေါ်တက်လိုက်အောက်ဆင်းလိုက်ဖြင့်လှုပ်ရှားနေရာဘုန်းကြီးအားအမြန်ပြေးခေါ်ကာပြလိုက်တော့မရှိတော့ပေ ထိုအရပ်မှာနေသောမောင်ဆောင်းအတွက်အန္တရယ်ကိုကြောက်၍ဘုရားစာအားကျက်ထားရသည်။ ဒီလိုနဲ့ဘုရားစာအတော်များများရလာ၏သို့ပေမဲ့အရေးရယ်အကြောင်းရယ်ဆိုမောင်ဆောင်းကျက်ထားသောဘုရားစာများဘယ်ပျောက်ကုန်သည်မသိအောင်ကြောက်လွန်း၏ ညဘက်အိမ်သည့်အခါသရဲခြောက်မည်စိုး၍ရသမျှဘုရားစာများရွတ်၍အိပ်သည်။ ဒီလိုနဲ့နေလာရင်းမောင်ဆောင်းဦးလေးဘုန်းကြီးပျံလွန်တော်မူသွားသောအခါမောင်ဆောင်းအားရွာထဲကလူများကဘုန်းကြီးဝတ်ရန်တိုက်တွန်းကာကျောင်းထိုင်ခိုင်းကြသည်။ မောင်ဆောင်းကသိပ်စိတ်မပါလှပေမဲ့နောက်ဆုံးဘုန်းကြီးဝတ်ကာကျောင်းထိုင်လုပ်၏ တစ်ရက်ရွာထဲကအဖွားကြီးတစ်ယောက်သည်ဘုန်းကြီးအားလာပင့်၏သူအိမ်တွင်နေ့ဆွမ်းကပ်ရန်ဖြစ်သည်။ ဘုန်းကြီးကတော်ရုံတော့မကြွပေမဲ့အဖွားကြီးအားနာ၍ကြွသွား၏ အဖွားကြီးအိမ်ရောက်တော့ဧည့်သည်ဘယ်သူမှမရှိအဖွားကြီးနှင့်သူ့မြေးကလေးသာရှိ၏ ဘုန်းကြီးလဲအဖွားကြီးအရိပ်အခြေအားအကဲခတ်ကာလန့်နေ၏ရွာထဲကလူတွေကအတော်များများစုန်းတတ်သည်ဆိုတော့ဒီအဖွားကြီးများတတ်သလားတွေးနေမိ၏ ဆွမ်းပွဲတွင်ဟင်းကလဲနှစ်ခွက်ထဲသာပါ၏ဟင်းကလဲဘာဟင်းမှန်းခွဲခြားမရပေမေးရမှာလည်းအားနာ၏ ဘုန်းကြီးလဲထိုဟင်းများကိုမစားရဲပေဘုန်းကြီးအခြေအနေအားအဖွားကြီးကသဘောပေါက်သဖြင့်ဘုန်းကြီးအားလျှောက်လိုက်၏ ”’အရှင်ဘုရားကစုန်းပြုစားမှာကြောက်လို့လားးစုန်းကောအသေအချာမြင်ဘူးလို့လားး”” ””မဟုတ်ပါဘူးတကာမကြီးရယ်-စုန်းလည်းမမြင်ဘူးပါဘူး—စုန်းပညာလဲကောင်းကောင်းမသိပါဘူး”’ ‘ ‘ ”’ကောင်ပြီဒါဆိုအရှင်ဘုရားကိုစုန်းပညာပြရတာပေါ့”” ထိုအဖွားကြီးကထိုသို့ပြောကာသူ၏ထမိန်အားခြုံလိုက်သည့်အခါလင်းတကြီးတစ်ကောင်ဖြစ်၍သွားကာ အိမ်ထဲတဟုန်ထိုးအိမ်ပြင်သို့ပျံတက်သွား၏ထိုအဖြစ်ကိုကြည့်ရင်းဘုန်းကြီးမောင်ဆောင်းစိတ်ဂယောင်ခြောက်ခြားဖြစ်၍သွားလေသည်။ ထိုအကြောက်လွန်သောစိတ်ရောဂါဖြင့်ပင်ဘုန်းကြီးသည်ပျံလွန်တော်မူသွားလေသည်။ ထိုအဖြစ်အပျက်သည်ကြာခဲ့ပေမဲ့ထိုဇတ်လမ်းကိုတော့ထိုရွာသို့ရောက်လာသောဘုန်းကြီးအတော်များများကပုံပြင်သဖွယ်သိထားကြလေသည်။ အခြေအနေနဲ့အချိန်အခါသည်ပြောင်လဲတိုးတက်နေသောယခုခေတ်ကြီးမှာတော့ထိုအဖြစ်အပျက်များလည်းရှိတော့မည်မထင်ပါ သို့ပေမဲ့ဆန်းကြယ်သောဖြစ်ရပ်များသည်လိုက်၍မမှီအောင်များပြားလှပေသေးသည်။ မှားတာရှိလျှင်ပြင်ဖတ်ပါမျက်လုံးရှန်းသောကြောင့်ဖြစ်သည်။ ပြီး ...