ဝတ်ချင်စားချင်လာ တယ်. အလှအပပစ္စည်းတွေသူများဝယ်တာ တွေ့ရင်သူလည်းဝယ်ချင်လာတယ်။ ဒါပေမယ့်သူ့မှာ ဒီပစ္စည်းတွေဝယ်ဖို့ ပိုက်ဆံမရှိဘူး။ အဲဒီတော့အိမ်ကမိဘနှစ်ပါးကို ပူဆာတယ်၊ဒါပေမယ့် စားဖို့တောင် အနိုင်နိုင်ဖြစ်နေတဲ့ သူ့မိဘတွေကလည်း မအေးကိုဆိုကြတယ်ဆူကြတယ်။ ဒါနဲ့မအေးလည်း မိဘတွေကို စိတ်ဆိုးပြီးစကားလုံးဝမပြောတော့ဘူး သူလုပ်ချင်ရာကိုတဇွတ်ထိုးလုပ်တတ် လာတယ်၊ဘယ်သူ့ကိုမှမတိုင်ပင်ဘူး။ ဘယ်သူဆုံးမတာကိုလည်းလက်မခံဘူး ဝတ်ချင်စားချင်တဲ့စိတ်ကြောင့် ဘာကိုမှစဉ်းစားမနေပဲ မဟုတ်တာတွေ သူလုပ်လာတယ်။ ယောက်ျားလေးတွေနဲ့ရှုပ်ပြီး ယောက်ျားလေးတွေဆီကနေ သူလိုချင်တာကိုရအောင်ပူဆာတတ်လာတယ်။ ယောက်ျားတွေကလည်း မအေးလိုချင်တာကိုဝယ်ပေးကြတယ်။ အဲလိုသူလိုချင်သမျှဝယ်ပေးနေတဲ့ ယောက်ျားတွေမှာအကြံတွေရှိမှန်း သူမသိခဲ့ဘူး။ မအေးလည်းသူစားချင်တာ သူဝတ်ချင်တာဝတ်နေရတော့ ဒါတွေနားမလည်ခဲ့ဘူး။ တစ်နေ့တော့ သူနဲ့ပတ်သက်နေတဲ့ ယောက်ျားတစ်ယောက်ဟာ မအေးရဲ့ အပျိုစင်ဘဝကိုရအောင်ယူလိုက်တယ်။ မအေးလည်းအဲဒီယောက်ျားကို ...
အစ်မဝမ်းကွဲထံသို့ ဝင်လိုက်လေသည်။ သူ၏ ဝမ်းကွဲအစ်မ တည်ခင်းကျွေးမွေးသော ကောက်ညှင်းပေါင်းနှင့် ရေနွေးကြမ်း ပူပူလေးကို သောက်၍ အမောပြေ နားခိုရင်း ညီအစ်မနှစ်ယောက် ရောက် တတ်ရာရာ စကားပြောဆိုကြပြီး မပုကြွယ်လည်း ငါးတောင်းလေးရွက်၍ သူမ၏ရွာရှိရာသို့ ပြန်လာခဲ့လေသည်။ မပုကြွယ်အိမ်ပြန်ချိန်သည် နေ့အလင်းကုန်၍ မှောင်ရီပျိုးစပြုနေပေပြီ။ မပုကြွယ် အိမ်သားများ စောင့်မျှော်နေလေပြီဟု တွေးရင်း ခပ်သုတ်သုတ် လျှောက်လာခဲ့လေသည်။ သင်္ချိုင်းကုန်းနားအဖြတ်တွင် ရိပ်ခနဲ လှုပ်ရှားမှု နှင့်အတူ။ “ဒုတ်…ဒုတ်” “အား…” လူတစ်ယောက်က မပုကြွယ်၏ နောက်ကျောကို ဒုတ်ခနဲ ရိုက်ချလိုက် လေသည်။ ...
နောက်ဆို ဒီနားကဆေးပေါ့လိပ်တွေ တိုးမှာမဟုတ်တော့ဘူး” “အကြီးက ညွန်းလှချည်လားဗျာ၊ ဒါဖြင့် သောက်ကြည့်ရသေးတာပေါ့” ဆေးပေါ့လိပ်ငါးဆယ်လောက်ပါတဲ့ ဆေးလိပ်စည်းကြိးကို ကိုင်ပြီးအကိုကြီးကကျေနပ်နေတယ်ဗျ။ ကျုပ်က ဆေးလိပ်ကိုပုံမှန်မသောက်ပေမယ့် အကိုကြီးကတော့ ဆေးလိပ်သမားဗျ၊ ဆေးလိပ်မှာမှ ဆေးပေါ့လိပ်ကို စွဲစွဲမြဲမြဲကြိုက်တဲ့လူ၊ ဆေးပေါ့လိပ်တောင်မှ အကိုကြီးက ချေးများတယ်၊ ဆေးပေါ့လိပ်ဖြစ်တိုင်းမသောက်ဘူးဗျ၊ အရသာကောင်းမှ သောက်တတ်တာ၊ မကောင်းရင်တော့ တစ်ဖွာလောက်ဖွာပြီး လွှင့်ပစ်ထည့်လိုက်တာဗျို့၊ အကိုကြီးကြိုက်တဲ့ဆေးလိပ်က မြိုင်သာက မြခြူးဆေးလိပ်ဗျ၊ ဒါပေမယ့် မြိုင်သာဆိုတာ ရောက်ခဲတာဆိုတော့ အကိုကြီးသိပ်မသောက်ရတာများပါတယ်၊ အကိုကြီးကလည်း လူတစ်မျိုးဗျ၊ သူက ဆေးလိပ်စွဲနေတယ်လို့လဲ ပြောမရဘူး၊ သူ့အကြိုက်ဆေးလိပ်မတွေ့ရင် မသောက်ဘူး၊ ...
တို့အားစောင့်နေကြသော ရွာသားတွေမှ… “လာငါညီတို့…ဒီဝိုင်းပြီးရင်တခြားဝိုင်းပြောင်းကြမယ်… ဟိုသရက်ပင်အောက်မှာအစ်ကိုဝိုင်းတည်ထားတယ်ကွ” ရွာသားတွေနောက်မှမောင်တိုးတို့လိုက်ကြသည်။ ရွာသားတွေကသူတို့နှစ်ယောက်ကို အတော်ခင်နေကြပုံရ၏။ အရိပ်ရသောသရက်ပင်အောက်၌ လူထိုင်လို့ရစေရန် ဖျာကြမ်းများခင်းထားပြီး စားပွဲဝိုင်းတစ်ဝိုင်းလည်း ချထားပေလေသည်။ ထိုနေရာမှ မင်္ဂလာဆောင် မဏ္ဍပ်ကိုလည်းမြင်နေရသည်။ “ထိုင်ကြကွ…” မောင်တိုးတို့လည်းရွာသားတွေနှင့်ဝိုင်းဖွဲ့ကာထိုင်လိုက်သည်။ ရွာသားတစ်ဦးမှ ထန်းလျက်အရက်များကိုငှဲ့ပေးရင်း… “ငါ့ညီတို့ကသောင်ထွန်းရွာကဘွားမယ်စိန်ဆိုတဲ့အမေကြီး နောက်ကိုလိုက်နေကြတာမဟုတ်လား” “ဟုတ်ပါတယ်…ဘာလို့လဲဗျ” “သြော်…ဘာမှမဟုတ်ပါဘူးကွာ… အမေကြီးကသိပ်စွမ်းတာလို့ကြာဖူးတယ်… အမေကြီးနောက်လိုက်ရင်းကြုံခဲ့ရတာလေးတွေ ပြောပြကြပါလားကွာ… အစ်ကိုတို့လည်းကြားဖူးသွားတာပေါ့” “ကိုမောင်ချိုတို့ကတော့စကားပြောတော်ချက်ဗျို့… ဟုတ်တယ်ကွငါတို့လည်းသိချင်နေတာ… ပြောပြလို့ရရင်ပြောပြပါလားကွာ…” ရွာသားတွေကသိချင်နေကြ၍ မောင်တိုးနဲ့မောင်အုန်းလည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကြသည်။ ပြီးလေမှ… “ကဲပါမောင်တိုးရာ…မင်းပြောပြလိုက်စမ်းပါ” ဟုမောင်အုန်းကပြောလေမှ မောင်တိုးလည်းခေါင်းကို ညိတ်ပြီး… “သိချင်တယ်ဆိုတော့လည်းပြောပြရတာပေါ့ဗျာ…” ဟုပြောလေတော့ရွာသားတွေကဝမ်းသာသွားကြသည်။ ...
ရှင့်ကိုလှမ်းပြောလိုက်မယ်လေ” “အင်း…ကောင်းပါပြီ ကျုပ်ဆက်ဆက်လာခဲ့ပါ့မယ်ဗျာ” “အမေ ဟိုဘက်အိမ်က ဝန်းထရံအသစ်ခတ်မလို့လား” ဒေါ်မိတင်၏သမီးကြီးမပွင့်ခိုင်က မေးလိုက်ခြင်းဖြစ်သည်။ “ဟုတ်တယ်လေ သမီးရဲ့ ဘာဖြစ်လို့လဲ” “ကောင်းတယ်ကောင်းတယ် ဒါမှသူတို့မျက်နှာမမြင်ရမှာ အုတ်တံတိုင်းခတ်လိုက်ရင်ပိုကောင်းသား” “သမီးရယ်ပြောမနေပါနဲ့ ထားလိုက္ပါ သူတို့ဟာသူတို့ ဘာပဲလုပ်လုပ်ကိုယ့်ကိစ္စမဟုတ်ဘူး။ ဒေါ်မိတင်ကသမီးဖြစ်သူအား ငေါက်လိုက်လေသည်။ မပွင့်ခိုင်လည်းမိခင်ဖြစ်သူအားဘာမှပြန်မပြော ပဲအသာငြိမ်နေလိုက်တော့သည်။ ၁ပတ်ခန့်ကြာတော့ ဒေါ်ခင်ဖြူတို့မှအလုပ်သမားများငှားကာ ဝန်းထရံခတ်ကြလေသည်။ “ဟုတ်ပြီ ရှေ့နည်းနည်းတိုးလိုက်ဦး အေး အေး နည်းနည်းတိုးလိုက်” “တိုးလို့မရတော့ဘူး မခင်ဖြူ သူများဘက်ရောက်နေပြီဗျ” “ဟာမရောက်ပါဘူး ဒါကျွန်မမြေလေ ကျွန်မဘက်ပါတယ်ရှင့်” “ဒီမှာဒေါ်ခင်ဖြူ ရှင်လူကြီးတန်ပဲ မတရားမလုပ်ချင်ပါနဲ့။ ဒီမှာဒီသစ်ပင်ကကျွန်မတို့စိုက်ထားတာလေ ...
မုဆိုးပေါ့ ” ” သူ့ကိုခေါ်ပေးလို့ရနိုင်မလား” ” ခနစောင့်ပါ ကျုပ်လူခေါ်လွှတ်လိုက်ပါမယ် ဒီပိုက်ဆံပေးတာမို့လို့တော့မဟုတ်ပါဘူး အရင်တုန်းကလည်း ဆ၀ံတောင်ကိုသွားတဲ့ အဖွဲ့တွေရောက်လာခဲ့ကြတာ အသွားပဲရှိပြီး အပြန်မရှိတော့ အန္တရာယ်တွေ အတော်များတယ် ဖြစ်နိုင်ရင် လူကြီးမင်းတို့ကို မသွားစေချင်ဘူး” ” ရပါတယ် ကျုပ်မှာ ကျွမ်းကျင်လက်နက်ကိုင်တပ်သားတွေပါတယ်လေ ” ” အိန်း…….. ငွေခင်ရေ လူသိန်းမောင်ကို မုဆိုးကြီးတာရာကို သွားခေါ်ခိုင်းလိုက်ပါအုံး” ” အင်း” ဒေါ်ငွေခင်မှာ နေရာမှထသွားပြီး ခြံချင်းကပ်လျက်ရှိတဲ့ လူသိန်းမောင်ကိုခေါ်ကာ မုဆိုးတာရာအား အခေါ်လွှတ်လိုက်ရသည် ” ခုနေလည်းအတော်စောင်းနေပြီဆိုတော့ ကျုပ်အိမ်မှာ ...
အမြဲတမ်းတလေ့ရှိကြပါသည်။ မေ့ဆေးဆရာဝန်မလေး ချိုရယ်၊ ကျွန်မ၏ လက်ထောက်ဆရာဝန်မလေး အေးသီတာရယ်က အမြဲ တွဲလေ့ရှိသည့် အတွဲများဖြစ်သည်။ ထိုညကတော့ အရေးပေါ်ခွဲစိတ်သားဖွားခန်းထဲသို့ရောက်နေသည့် အေးသီတာ၏နေရာမှာ ရှင့်ကိုကျွန်မရွေးလိုက်ရသည်။ ကိုဘုန်းသက်နိုင်ဟူသော လူတစ်ယောက်ကို ကျွန်မ၏မျက်စိရှေ့အောက်မှာ ခဏခဏမြင်တွေ့ နေခဲ့ရသော်လည်း တစ်ခါမှအတူတွဲပြီး အလုပ်မလုပ်ဘူးခဲ့။ နောက်ဆုံးနှစ် အပိုင်း(ခ)ကို သားဖွားမီးယပ်ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သူ၊ ပထမနှစ် အမ်အက်စ်စီကျောင်းသားလေး ဘုန်းသက်နိုင်သည် ခွဲစိတ်ခန်းထဲမှာ ပါးနပ်မြန်ဆန်သည့် လက်ထောက်ခွဲစိတ်ဆရာဝန်တစ်ဦး ဖြစ်နေခဲ့သည်။ ထိုညက ကျွန်မမျက်ရည်ကျခဲ့မိသည့်အဖြစ်ကို ပြန်စဉ်းစားတိုင်း နည်းနည်းတော့ အံ့သြမိ၏။ ကျွန်မ Ovarin Tumour တွေကို ခွဲစိတ်ခဲ့ဖူးလှသည်။ ...
။ နေုက်ပိုင်း တွင် မေမေနှင့် ဖေဖေသည် လူရှေ့ထွက်ပြရသည့်ပွဲများတွင်သာ အတူရှိကြ၍ အိမ်တွင် အတူမရှိကြတော့ပေ ။ ” ဘာ ရှင် ပြောလိုက်တယ် ” မနက် ကျွန်မ အိပ်ရာ နိုးနိုးချင်း အိမ်အောက်ထပ်ကနေ မေမေ့အသံကို ကြားလိုက်ရသည် ။ ကျွန်မသွားကြည့်တော့ ဖေဖေ ရောက်နေသည် ။ ” ဟုတ်တယ် ငါ နောက် မိန်းမ ယူတော့မယ် ” မေမေသည် ဖေဖေ့ကို ဆောင့်တွန်းပစ်၏။ ” ရှင် ဘာစကားပြောတာလဲ ...
အပင်ပေါ်ပြုတ်ကျလို့သေပြီး.ဟဲ့ .” “ရှင်”. နားထဲကြားလိုက်ရတဲ့ စကားကြောင့် ကိုယ်နား ကိုယ့်တောင် မယုံသင်္ကာဖြစ်မိလိုက်သည်။ ညနေ့ခင်း စိုက်ခင်းကအပြန် ဖိုးချစ်နှင့်အတူ ရွာထဲကလေး၂ယောက်အပါအဝင် အပင်ပေါ်ဆော့ ကစားနေကြတဲ့ မြင်ကွင်းကြောင့် သူမလည်း စိုးရိမ်းတွေဖြင့် ပြောခဲ့မိခြင်းပင်ဖြစ်သည်။ “ဟဲ့ …ဟဲ့.ကလေးတွေ .ဆော့စရာဒီလောက် ရှားရသလား.. .အပင်ပေါ်.တတ်ဆော့.ရတယ်လို့ကွယ်…ဆင်း.ခဲ့.မြန်မြန် တော်ကြာပြုတ်ကျသေတော့ မှာပဲ” ခင်လေးဖြူ စကားက ဆော့ကစားနေတဲ့.ကလေးတွေ. အစ အဖက်မလုပ်ကြပေ။ “ဟာ..ဒီစုန်းမကြီး ကွ ကိုယ်ဟာကိုယ်ဆော့တာ ဘာဖြစ်လဲ ” သူမအား ရိုင်းပျစွာဆံဆက်လိုက်လေသည်။ စေတနာနဲ့ ပြောဆိုဆုံးမသော်လဲ မိမိစကားအား ...
ဆွမ်းအလှည့်ကျ၍ ဆွမ်းချိုင့်လာပို့သည်ကို ကောင်းကောင်းမလာ အိမ်ဝမှနေ၍ မသိလျှင် ဒေါ်မြကျင်ကပင် သူအား နောက်ပိုးကြိုက်နေသည်ဖြစ်အောင် ပြောဆိုနေခြင်းဖြစ်သည်။ ဒေါ်မြကျင်နှင့်ဦးတင်တို့ကလည်း ပျော်တတ်သူများ ဖြစ်၍ စိတ်မဆိုး။ငပုတင်က ဒေါ်မြကျင်အား အမြဲသမီးရည်းစားလို စနောက်နေသူဖြစ်သည်။ “ဒေါ်မြကျင် မနက်ဆွမ်းဟင်းကောင်းကောင်းချက်နော် အခုတော့ ဆေးလိပ်တစ်လိပ်လောက် ပေးသောက်ပါဦး” “အင်း သည်အိမ်ရောက်ရင် ဗိုက်ထဲတစ်ခုခု မထည့်ရရင် မပြန်တဲ့ကောင် တစ်ခုခုမှ မရရင် ရေဖြစ်ဖြစ် သောက်သွားရမှ” “ဟဲဟဲဦးလေးတင်ဒို့ အစ်မမြင်ကျင်တို့လို သဒ်ဓါတရားကောငျးတဲ့ လင်မယား နောက်ကို သည့်ထက်ပိုပြီး ချမ်းသာအုံးမှာ” “အောင်ဝင်း” “ဗျာ’ “ဆေးလိပ်ခွက်ထဲက ...