အပူများနှင့်မိချိုသည်ကား အိပ်မပျော်သေး။ ” မိချို…မိချို…မိချိုရေ…ငါပါဟ…မိချို… နင့်ယောကျ်ားမောင်ခင်ပါဟ” “ဟင်…ကိုမောင်ခင် ” မိချိုနားအတွင်းမတိုးမကျယ်ခေါ်သံတစ်ခု…။ နီးလာလိုက်ဝေးသွားလိုက်ဖြင့် ကြားနေရ၏။ သို့သော် စိတ်အတွင်းကစွဲလမ်းစိတ်ကြောင့်များလားဟုတွေးလိုက်မိပြန်သည်။ ” မိချို…ငါပါ…ငါပါဟ…မိချို…မိချို….” “ကိုမောင်ခင်… ကိုမောင်ခင်…ကိုမောင်ခင်……” မိချို အသံကုန်ဟစ်ခေါ်၍ ချက်ချင်း အိမ်အောက်သို့ပြေးဆင်းသွားတော့သည်။ မိချိုအသံကြောင့်မိဘများသည်လည်းနိုးလာခဲ့၏။ “ကိုမောင်ခင်…ရှင်ဘယ်မှာလဲ… ရှင်ဘယ်မှာလဲကိုမောင်ခင်” “သမီးမိချို…ဘာတွေဖြစ်တာလဲ” ” မိချို…” အိမ်ဝိုင်းအတွင်းအော်ဟစ်ရှာဖွေနေသော မိချိုအားမိဘများက ဆွဲထိန်းနေကြရ၏။ သို့သော် မိဘများလက်မှရုန်းကန်ရင်း… “အမေ…အမေ…ကိုမောင်ခင်လာတယ်…. ကိုမောင်ခင်ကျုပ်ကိုခေါ်နေတာ အမေ…။ကျုပ်ယောကျာ်းကိုမောင်ခင်ကြီးလာတယ်အမေရဲ့… အီးး…ဟီးးး…ဟီးးး… ကျုပ်ယောကျာ်းကိုလွမ်းလိုက်တာတော်…အမေရဲ့… အီးးးဟီးးးဟီးးးးဟီးးးးးးး” မိချို မြေပေါ်သို့ခြေစုံပစ်ထိုင်ချကာငိုကြွေးရှာသည်။ မိခင်ဖြစ်သူက ...
သည် ဘွားမယ်စိန်မပြောခဲ့ပေ။ ထိုသို့နေရင်းဖြင့် တစ်ရက်၌ ဘွားမယ်စိန်ထံသို့ ရွာ၏ ကာလသားခေါင်းဆောင်မောင်အုန်းနှင့် မောင်တိုး တို့နှစ်ယောက် ရောက်ရှိလာခဲ့ကြသည်။ “ကျုပ်တို့က ဘွား ဘုန်းကြီးကျောင်းဆီကို သွားများနေသလားလို့ …တော်သေးတာပေါ့ဗျာ အိမ်မှာရှိနေလို့ မဟုတ်ရင်ကျောင်းဆီကို ကျုပ်တို့လိုက်လာခဲ့ကြမလို့” မောင်အုန်းသည်စကားပြောရင်း ဘွားမယ်စိန်ထိုင်နေသော ကွပ်ပျစ်၌ဝင်၍ထိုင်လေသည်။ နောက်ပါးမှလိုက်လာသော မောင်တိုးသည်လည်း ကွပ်ပျစ်ခင်းသို့ဝင်ကာထိုင်၏။ ဘွားမယ်စိန်က သူတို့နှစ်ယောက်အားကြည့်၍… “အေး…ဘွား အစောကမှကျောင်းကပြန်ရောက်တယ်လေ… သီလယူပြီးပြန်လာတာပေါ့မောင်ရင်ရဲ့… နေပါဦး မောင်ရင်တို့ကဘာအကြောင်းများထူးကြလို့တုန်းကွဲ့” ဘွားမယ်စိန်အမေးအား မောင်အုန်းက… “ဆရာသာဝအကြောင်းဘွားကြားတယ်မို့လားဗျ” “ဆရာသာဝဆိုတာ အခုနာမည်ကြီးနေတဲ့ ဆရာကိုပြောတာလားမောင်ရင်” “ဟုတ်တယ်လေဘွားရဲ့…သူ့နာမည်ကဆရာသာဝတဲ့ ပြောရရင် မှော်အောင်သာဝပေါ့ဗျာ….” ...
ချက်ချင်းကြီးပြောင်းသွားရင်တို့အတွက်ပိုပြီးအခက်တွေ့ကုန်မှာဟ…” “အင်းလေ…ဒါဆိုကျုပ်တို့ဘယ်လိုလုပ်ကြမလဲ” ဦးမွဖကေစဥျးစားနေ၏။ သားဖြစ်သူကျော်ရှိန် တစ်လလျှင်တစ်ခါ ခိုးယူလာပေးသော ပစ္စည်းများဟာဖြင့် ယခုဆို သူတို့လက်ထဲ၌ မနည်းပေ။ အစပိုင်းမှာတော့ တားဆီးခဲ့ကြသော်လည်း နောက်ပိုင်းတွင် သူတို့၏ဆင်းရဲခြင်းမှ ရုန်းထွက်ချင်လာကြ၍မတားဆီးမိကြတော့။ သို့သော် ဖမ်းဆီးခံရမည်ဆိုးသောကြောင့် အနည်းငယ်ကိုသာ ထုတ်ယူသုံးစွဲနေကြရ၏။ “ငါသိပြီ…။ငါ့သူငယ်ချင်းရွာကို သွားကြမယ်…။အဲ့သည်ရောက်မှအခြေအနေကို ဆက်ပြီးစဥ်းစားကြတာပေါ့” “အင်းပါတော်…အဲ့သည်နည်းက ကျုပ်တို့ အတွက်အဆင်ပြေမှာပါနော်…” “စိတ်ချစမ်းပါကွာ…ငါတစ်ယောက်လုံးရှိပါတယ်… ဘာကိုမှမပူနဲ့ ဟုတ်ပြီလား” “မပူတော့ဘူးတော်…ရှင့်ကိုပဲအားကိုးလိုက်တော့မယ် ကိုမြဖေရေ…” “အေးပါကွာ…ဟားး…ဟားး..ဟားး….” ထိုသို့ဖြင့် ဦးမြဖေတို့မိသားစုသည် သူငယ်ချင်းဖြစ်သူရှိရာရွာဆီသို့ပြောင်းရွေ့လာခဲ့ကြ၏။ ပတ်ဝန်းကျင်ကိုတော့ လုပ်ကိုင်စားရသည်မှာအဆင်မပြေတော့၍ ပြောင်းရွေ့ရခြင်းဟူ၍သာ ပြောဆိုခဲ့ကြ၏။ *** ထိုရွာရှိသူငယ်ချင်း၏အကူအညီဖြင့် ...
တော့ပိတ်သွားရလိမ့်မယ်”” အဆောင်မှုးကမနက်ပိုင်းအနားယူရန်ပြောကာအဆောင်တံခါးပိတ်၍ထွက်သွားကြသည် ။ ထို့ကြောင့်အဆောင်တွင်တစ်ယောက်ထဲကျန်ခဲ့၏အားလုံးထွက်သွားကြတော့အဆောင်တစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်သွားကဘာသံမှမကြားရတော့ပေ စာရေးသူလည်းအခန်းတံခါးပိတ်ကာအိပ်လိုက်၏မိုးကသိပ်မလင်းသေးရိပ်သာဆိုတော့အားလုံးတိတ်ဆိတ်ငြိမ်သက်ကာပတ်ဝန်းကျင်ရှိကျေးဌက်အော်သံမှလွဲ၍ကိုယ့်အသက်ရှုသံပင်ပြန်ကြားနေ၏ စာရေးသူနေသောအဆောင်သည်တရားထိုင်သည့်ဓမ္မာရုံနှင့်အနည်းငယ်ဝေးသောကြောင့်ပို၍တိတ်ဆိတ်ငြိမ်သက်နေသည်ထင်ရတယ် ်တစ်ခါတစ်ခါဘာပန်းရနံမှန်းမသိသောပန်းရနံများ၏ရနံ့တွေရနေပြီးမွှေးပျံ့သောအနံ့ပေါင်းစုံကိုရှုမိ၏ သတိကပ်ကာတတ်နိုင်သလောက်တရားမှတ်နေရင်းမှေးကနဲပြန်အိပ်ပျော်မယ်ရှိသေး —ရှပ် ရှပ် ရှပ် — လူတစ်ယောက်လမ်းရှောက်လာသံကိုအတိုင်းသားကြားတော့စိတ်ထဲမှာဇဝေဇဝါဖြစ်သွားသည်။ ်တစ်ဆောင်းလုံးမှာတစ်ယောက်ထဲကျန်ခဲ့တာကိုဘယ်ကခြေသံလည်းတွေးနေတုန်းခြေသံကအခန်းရှေ့တွင်ရပ်သွား၏။ ဘာပါလိမ့်လို့ငြိမ်ပြီးနားထောင်နေတုန်းအခန်းရှေ့ကဆက်ရှောက်သွားပြန်သည် ။ စာရေးသူနေသောအခန်းဘေးတွင်ရေချိုးခန်းရှိသည်မို့ရေချိုးခန်းမှရေချိုးနေသံကြားရတော့စိတ်ထဲမှာအဆောင်မှုးများပြန်လာပြီးရေချိုးနေသလားလို့တွေးမိသွားသည် ။ ဒါပေမဲ့အဆောင်မှုးကသူများတွေပြန်မှသူပါပြန်လေ့ရှိကာစည်းကမ်းရှိသူမို့မဖြစ်နိုင်ဟုအတွေးရခက်သွားပြန်သည် ။ ဒါဆိုဘယ်သူများပြန်လာ၍စောစောစီးစီးရေချိူ းနေပါလိမ့်လို့တွေးရင်းခေါင်းတွေနောက်လာသည်။ တောင်တွေးမြောက်တွေးဖြစ်နေတုန်း ရေချိုးခန်းကပြန်ထွက်လာပြီးအခန်းရှေ့တွင်ခြေသံကရပ်နေပြန်သည်စာရေးသူလည်းဇောချွေးများပြန်လာပြီ ခဏနေတော့ဆက်ရှောက်သွားကာတစ်ဆောင်လုံးပတ်ရှောက်နေသံကြားရပြန်သည်။ အဆောင်မှုးများနေမကောင်းလို့လာပြန်ကြည့်တယ်ထင်ပြီဆက်မတွေးတော့ပဲပြန်အိပ်လိုက်သည် ။ ထိုအချိန်မှာပဲရုတ်တရက်တံခါးလာခေါက်သံကြားတော့စိတ်ထဲသေချာပြီအဆောင်မှုးအခြေအနေသတင်းလာမေးတယ်ထင်ပြီးအခန်းတံခါးကိုထဖွင့်လိုက်သည်။ သို့ပေမဲ့အခန်းပြင်မှာဘယ်သူမှရှိမနေကိုယ်လည်းတအံ့တသြဖြစ်သွားပြီအဆောင်ကိုဝေ့ကြည့်တော့ လူ့တစ်ယောက်မှမရှိတံခါးခေါက်ချိန်နှင့်တံခါးထဖွင့်ချိန်ကသိပ်မကြာသောကြောင့်လူတစ်ယောက်ဆိုပါကဒီလောက်မြန်မြန်ပျောက်သွားစရာအကြောင်းမရှိ အခန်းတံခါးများကလည်းအကုန်ပိတ်ထားပြီးအဆောင်အဝင်ဝတံခါးကလည်းပိတ်လျှက်သားရှိနေသည်။လူရိပ်လူယောင်မတွေ့ရပေ။ အဆောင်တံခါးတောင်သော့ဂလောက်နှင့်အပြင်ကကျကျနနပိတ်သွားခြင်းဖြစ်သည်။ ဒါဆိုအသံတွေကဘယ်ကကြားနေရတာလဲလို့မစဉ်းစားတတ်အောင်ရှိနေသည်။ခေါင်းမူးတာတောင်ဘယ်ရောက်သွားမှန်းမသိ အခန်းတံခါးများအားလုံးလဲသော့ခတ်သွားတာမို့သေချာတာကတစ်ဆောင်လုံးမှာတစ်ယောက်ထဲရှိနေတာသေချာနေတာမို့ဘာဘာညာညာတွေးရင်းကြောက်စိတ်များဝင်လာမိသည်။ သို့ရာတွင်အခန်းအပြင်တွင်ရပ်ရင်းပတ်ဝန်းကျင်တွင်တစ်ယောက်ယောက်ရှိနေသလိုမျိူ းစိတ်ကခံစားနေရသည်။ တစ်ကိုယ်လုံးကြက်သီးများတဖျန်းဖျန်းထပြီးကြောက်နေတုန်းရှိသေးဘေးနားကိုလေဟပ်သွားသလိုခံစားရကာတစ်ယောက်ယောက်ရောက်လာသလိုဖြစ်ပြီးမမြင်ရတဲ့လက်အေးတစ်စုံကစာရေးသူလည်ပင်းကိုလာကိုင်တဲ့အခါမှာတော့ လည်ပင်းတွင်အေးစက်စက်အထိအတွေ့ကြောင့်အကြောက်လွန်ကာ ”’ အား”’ ...
တစ်ခု ထွက်လာတာကို ကျုပ်တွေ့လိုက်တယ်။ ကွမ်းသီးလုံးလောက်တော့ ရှိမယ်ဗျ။ အဲဒါ ဆရာကြီး ပစ်လိုက်တဲ့အင်းနဲ့ တည့်တည့်ထိပြီး လွင့်စင်ထွက်သွားတယ်ဗျ။ကဝေမကြီးတောင် ဖင်ထိုင်ရက် လဲကျသွားသေးတယ်။ အဲဒီ အလင်းလုံးက ဘယ်က ထွက်လာတာတုံး ဆရာကြီးရဲ့။ ပြီးတော့ အဲဒါ ဘာခေါ်သလဲဆိုတာ…” ကျုပ် စကားမဆုံးခင် ဆရာကြီးက လက်ကာပြလိုက်တော့ ကျုပ်လည်း စကားကို အဲဒီမှာတင် ရပ်လိုက်ရတာပေါ့ဗျာ။ “အဲဒါ ကဝေစက်လို့ ခေါ်တယ် မောင်တာတေရဲ့။ ထိလိုက်လို့ကတော့ ပွဲချင်းပြီးသွားမှာပေါ့ကွယ်။ ဆရာကြီး ပစ်လိုက်တဲ့ အင်းက စက်ဖျက်အင်းလို့ ခေါ်တယ်ကွဲ့။ဆရာကြီးက အထက်လမ်း ...
ပြောင်းရွှေ့လိုက်ရတယ်ဗျာ၊ ကျန်တဲ့အိမ်တွေနဲ့ အိမ်ထောင်စုတွေကတော့ ကျောက်ရောဂါနဲ့ ဆုံးပါးသွားကြတာပါပဲ။ ကုန်းတစ်တန်၊ ရေတစ်တန်နဲ့ပြောင်းလာပြီးတော့ အဲဒီရွာဟောင်းဘက်မှာ ညဆိုရင် မီးအလင်းရောင်တွေမြင်ရတယ်၊ လူတွေသွားလာနေတဲ့အသံတွေကြားရတယ်တဲ့ဗျာ၊ ဒါ့အပြင် ရေမြောင်းကြီးရဲ့ဘေးနားမှာ လူတွေက ညညဆိုတန်းစီနေတယ်တဲ့၊ ကျုပ်အဘိုးကလည်း သူကြီးဆိုတော့ သူတို့က သူခိုးသူဝှက်တွေလားဆိုပြီးတော့ ထွက်ထွက်ကြည့်တာပေါ့ဗျာ၊ အဲဒီအခါကျတော့ ဟိုဖက်ရေမြောင်းအစပ်မှာ သေဆုံးသွားကြတဲ့ ရွာကလူတွေက တန်းစီနေတယ်တဲ့ဗျာ။ “ငါတို့ကိုလာခွင့်ပေးပါ၊ သူကြီး ငါတို့လည်းလာချင်တယ်” အဲဒီလိုအော်ဟစ်ပြီး ငိုယိုနေတာဗျာ၊ ငိုသံကြီးတွေဆိုရင် သိပ်ကြောက်စရာကောင်းတာတဲ့။ အဘိုးရဲ့ ယောက္ခမကြီးကလည်း ကျောက်ရောဂါနဲ့ဆုံးသွားတာဗျ၊ သူ့ယောက္ခမကြီးဆိုရင် ကျုပ်အဘိုးသူကြီးကို အော်ဟစ်ဆဲဆိုပြီးတော့ ကြိမ်းလိုက်မောင်းလိုက်တာပဲ၊ အဘိုးတို့လည်း ...
စားစရာများ…ဆော့စရာများကိုသာ အဓိကထားခိုး၏။ ငယ်စဥ်းကတည်းကထိုသို့ခိုးယူသော ရွှေအိုးသည် ယခုအသက်သုံးဆယ်ကျော်အရွယ်ရောက်လာသောအခါ ဖခင်ကြီးမရှိတော့သောကြောင့်မိခင်ကို ကိုယ်တိုင်ရှာဖွေကျွေးမွေးသည်ဟူ၍မရှိ။ မိခင်ကြီးကပင် ရွှေအိုးခိုးသမျှကိုဒိုင်ခံလျော်ပေးနေရတော့၏။ “ကျုပ်ခြံထဲကမာလကာသီးအလုံးကြီးတာကြီးကိုမှ ဒီကောင်ရွေးခိုးသွားတာဗျ…” “ကျုပ် အိမ်မှာနေပူလှမ်းထားတဲ့ အမဲသားတွေကို အရီးသားလာခိုးသွားတယ်ဗျို့…” ဟူ၍မကြာခဏဆိုသလိုအတိုင်ခံရ၍ အလျော်ပေးနေရသည်မှာ ဒေါ်အုန်းကြည်အတွက်အလုပ်တစ်ခုသဖွယ်ဖြစ်နေခဲ့သည်။ “တော်သေးတာပေါ့……ငါ့လင်ကလယ်လေးကိုင်းလေးနဲ့ထားခဲ့ပေလို့…မဟုတ်ရင်တော့ဒင်းလုပ်နေပုံနဲ့ဆို.. အမယ်လေးးးးးးအုန်းကြည်တို့ခွက်ဆွဲရတော့မယ်ဟေ့ ခွက်ဆွဲရတော့မယ်…..” ပြောမနိုင်ဆိုမနိုင်သော ရွေအိုးကို ဒေါ်အုန်းကြည် စိတ်ပျက်နေခဲ့သည်။ “ငါ့သားရွှေအိုး….မင်းကိုလေ အမေတို့ကလင်မယားက သြော်…ငါ့သားလေး အဖိုးတန်လေးဆိုပြီး ရတနာတွေနဲ့ခိုင်းနှိုင်းပြီး ရွှေအိုးလို့ပေးခဲ့တာကွဲ့… အခုမင်းကြည့်စမ်း…တရွာလုံးလည်း မင်းကို တန်ဖိုးရှိတယ်မထင်…သူတို့ဆီမင်းသွားရင် ဘာများပျောက်လေမလဲအတွေးနဲ့ နေနေကြရတာလေ….။ မင်းအကျင့်တွေကို ပြင်သင့်ပြီငါ့သား ပြင်သင့်ပြီကွဲ့” “ဟာဗျာ…အမေကလည်း ...
များထွက်ပေါ်လာတော့သည်။ ********* မလေးခင်တို့မိသားစုသည် လူညီ၏။ မောင်ဖြစ်သူနှစ်ယောက်နှင့် ဖခင်ဖြစ်သူတို့ကလယ်တောသို့ဆင်းကာအလုပ်လုပ်ကြပြီး။ မလေးခင်နှင့်မိခင်ဖြစ်သူက အိမ်ဝိုင်းကျယ်ကြီးအတွင်းစိုက်ပျိုးထားသည့် ခရမ်းချဉ်သီး၊ပဲတောင့်ရှည် အစရှိသည့်ရာသီပေါ်အသီးအနှံများရောင်းချကာ အပိုဝင်ငွေရှာကြ၏။ ထိုသို့ကြောင့်မလေးခင်၏မိဘများသည်သမီးဖြစ်သူ မလေးခင်အား ရွှေနားကပ်ရွေလက်ကောက်များဆင်မြန်း၍ ပေးထားကြသည်။ ယခုမလေးခင်တစ်ယောက် ထမင်းတောင်းအားခေါင်းပေါ်ရွက်၍ လယ်တောဆီသို့ထွက်လာခဲ့သည်။ လမ်းတွင်ရွာမှအသိမိတ်ဆွေများမှ မလေးခင်အားနှုတ်ဆက်ကြ၏။ မလေးခင်ရွာပြင်ဘက်ဆီသို့ရောက်လာလေတော့ လူအသွားအလာနည်းပါးသွား၏။ ထို့ကြောင့်မလေးခင် ခပ်သွက်သွက် လျှောက်လှမ်းလာခဲ့လေသည်။ ထိုသို့ခပ်သွက်သွက်လျှောက်လှမ်းရင်း သူမနှင့်မျက်နှာချင်းဆိုင်ထံမှ လူစိမ်းသုံးဦးအား မလေးခင်မြင်လေရာ စိတ်အတွင်းထိတ်လန့်သွားခဲ့ရသည်။ ယခင်သွားနေကြဖြစ်သော်လည်း ယခုထိုလူစိမ်းများကြောင့် မလေးခင် ရှေ့သို့ဆက်သွားဖို့ရန်တွန့်ဆုတ်မိ၏။ သို့သော်သူမ၏စိတ်ကို တင်းစေပြီး ဆက်လျှောက်လာခဲ့လိုက်သည်။ မျက်နှာခြင်းဆိုင်မှ လူစိမ်းသုံးယောက်သည် သူမအား ...
နာရေးဖြစ်လို့” “ဘယ်သူဆုံးတာတုန်း ဗြားကြီးရ” “ကိုကြီးသူငယ်ချင်း ကိုသိန်းအောင်လေ” “ဟေ” “ဟုတ်တယ်၊ကိုသိန်းအောင်မိန်းမက ကိုကြီးကိုအကြောင်းကြားခိုင်းလို့” “ဟုတ်ပြီဗြားကြီး အစ်ကိုခုလာခဲ့မယ်” ကိုသိန်းအောင်ဆိုတာနှင့် မိမိဉီးထုပ်ကောက်ဆောင်းကာ အိမ်မှထွက်ဖို့ပြင်တော့သည်။ “အဆာပြေ ထမင်းဆီဆမ်းလေးစားသွားပါဉီး ကိုကြီးရဲ့” “မစားတော့ပါဘူး ညီမလေးရယ် ကိုသိန်းအောင်အိမ်သွားဖို့က အရေးကြီးတယ်လေ” “လုပ်ပြီ ကိုကြီးကတော့” “ကိုကြီးပြန်လာမှ စားတော့မယ်ညီမလေး” “ကိုကြီးကလည်း ဒီမှာ ပြင်ပြီးနေပြီလေ” မိမိကား ညီမလေးရွှေဘုတ်အား လှည့်မကြည့်ဘဲ နာရေးအိမ်သို့ သုတ်ခြေတင်ခဲ့ပါတော့သည်။ =============== သူငယ်ချင်း ကိုသိန်းအောင်မှာစိတ်ထားကောင်းလှသည်။သူက မိမိထက် အသက်သုံးနှစ်ခန့်ကြီးသဖြင့် သူငယ်ချင်းဖြစ်သော်လည်းကိုတပ်၍ ခေါ်ခြင်းဖြစ်သည်။ ရပ်ကွက်ထဲမှာ ...
အဆစ်ယူရမှာပဲအေ့၊ ဟောဒီထန်းလက်က နင့်ဆီက ငါယူတဲ့အဆစ်ပေါ့” “အောင်မယ်လေးတော်၊ ကျုပ်ဆိုင်ခေါင်မိုးကို ချိုးတဲ့အဒေါ်ကြီး၊ ရှင့်အိမ်ခေါင်မိုးလည်း ကျိုးပါစေတော်” မကပ်စေးက ပြောထဲ့လိုက်တယ်ဗျ၊ ကြီးဒေါ်ပြုံးကတော့ အောင်နိုင်သူအပြုံးနဲ့ဆိုင်ကနေပြန်ထွက်လာတာပေါ့ဗျာ၊ အဲ၊ တိုက်ဆိုင်တာလားတော့မသိဘူးဗျ၊ အဲဒီညနေမှာပဲ ကျုပ်တို့ရွာကို လေနီကြမ်းကျတယ်ဗျ၊ လေနီကြမ်းဆိုတာမျိုးက ကျုပ်တို့အညာနဲ့တော့ မစိမ်းတော့ဘူးဗျ၊ တချို့အိမ်တွေဆိုရင် လေဒဏ်ခံနိုင်အောင်လို့ အိမ်ခေါင်မိုးမိုးထားတဲ့ သက်ကယ်တွေ၊ ထန်းလက်မိုးတွေအပေါ်ကို ဝါးလုံးတွေ၊ ဝါးကပ်တွေနဲ့တင်ပြီး သေချာခိုင်အောင်တုပ်ထားတတ်ကြတယ်မဟုတ်လားဗျာ၊ အခုလည်း လေနီကြမ်းတိုက်တာ ဘေးနားက အိမ်နှစ်လုံးက ဘာမှမဖြစ်ပေမယ့် ကြီးဒေါ်ပြုံးတို့ အိမ်ခေါင်မိုးကတော့ အမိုးကြီးကျွတ်ပြီး လန်သွားတာပေါ့ဗျာ၊ ကြီးဒေါ်ပြုံးလည်း အဲဒီကတည်းက ...