ခနခေါ်ထားလိုက်တာပဲ” “ဘရသေ့နဲ့တွေ့ပြီးပြီဆိုတော့ ကျုပ်အထူးပြောစရာမရှိတော့ပါဘူးဗျာ” “မဟုတ်ဘူးဦးအောင်ရှိန်၊ ကျုပ်တို့ ဒီအလင်းလုံးကြီး အဲလေ . . ဘရသေ့နဲ့တွေ့ခဲ့တယ်ဆိုပေမယ့် သူဘယ်သူလဲဆိုတာ ကျုပ်တို့လုံးဝမသိခဲ့ဘူး” အလင်းလုံးကြီးက တဟားဟားနဲ့ရယ်ရင်း “မင်းတို့နှစ်ယောက်ကို ငါကဘာဖြစ်လို့ကယ်တင်ခဲ့တယ်ထင်သလဲကွ၊ တကယ်တော့ ဟောဒီကသာဒင်က ဘုရားပျံဖြစ်မယ်ဆိုတာ သိနေလို့ငါကယ်တင်ခဲ့တာပဲ၊ ငါ့ကို ဘယ်သူမှလွယ်လွယ်နဲ့တွေ့ခွင့်မရဘူး၊ ဘုရားပျံအဖြစ် ဖြစ်မယ့်လူတွေပဲ တွေ့ခွင့်ရကြတာကွ” “ဟာ၊ ဒါ့ကြောင့်ကိုးဗျ” “ဘုရားပျံဖြစ်မယ့်လူကို ကံကြမ္မာက ရွေးချယ်တဲ့ဆိုပေမယ့် အဲဒီကံကြမ္မာကို ငါကပဲဖန်တီးနေခဲ့တာပဲ၊ ဒါကြောင့် သာဒင်ရေ၊ မင်းဘုရားပျံဖြစ်ရမယ့်ကံကို ဘယ်တော့မှ သံသယမဖြစ်စမ်းပါနဲ့ကွာ” ဒီအခါ အမေးအမြန်းထူတဲ့ကျုပ်က ထမေးပါရောဗျာ။ ...
သည်။ လယ်အလုပ်ကို တတ်အောင် သင်ရမည်၊ လုပ်ရမည်ဟု အတင်းအကျပ် သင်ကြား၊ ခိုင်းစေကြသောအခါ မောင်လူခင်သည် ကြွက်မနိုင်တော့ ကျီကိုမီးရှို့သည်ဟူသော စကားအတိုင်း သူ့ဘက်က လမ်းလွဲ၍ မိဘတွေကို မလွန်ဆန်ဝံ့သောအခါ မယားဖြစ်သူ ၊ မခင်ညွန့်ကို မဲလေတော့သည်။ “နင့်ကို ယူခဲ့မိလို့ ငါ ဒီလို အလုပ်ကြမ်းတွေကို ပင်ပင်ပန်းပန်း လုပ်နေရတာ”ဟူ၍ လည်းကောင်း… “ လူပျိုဘဝနဲ့သာ နေရင် သုံးချင်တိုင်း သုံး၊ စားချင်တိုင်း စား ဘာမှ မလုပ်ဘဲ ဘယ်သူကမှ မဆူပူဘူး၊ နင့်ကို ...
အိုးသံခွက်သံတွေကြား လို့ တံခါးဖွင့်ကြည့်လိုက်တယ်တဲ့ဟေ့” “ဟင်……ဘာမြင်လို့တုံးကွ စံဘော်ရ” “အကောင်ကြီးတဲ့ကွာ၊နဲတာကြီးမဟုတ်ဘူးဆိုပဲ၊ အရီးမြတင် ပြောတာကတော့ ဆင်ကြီးတစ်ကောင် မတ်တပ်ရပ်နေသလိုပဲတဲ့ဟေ့၊တစ်ကိုယ်လုံး အမွှေးအမျှင်တွေ ဖုံးနေတာတဲ့ကွ၊လက်သည်းခြေသည်းတွေက သံကောက်ကြီးတွေတပ်ထားသလိုကို ဖြစ်နေတာတဲ့ ဟေ့၊မျက်လုံးကြီးတွေဆိုတာ ရဲတောက်နေတာဆိုပဲ၊ ပါးစပ်ကြီးဖြဲပြီး ဝက်သားတုံးတွေကို လက်ခုပ်ကြီးနဲ့ ကျုံးကျုံးပြီး ထည့်နေတာတဲ့ကွ” “ဟေ………အရီးမြတင်က ဘာလုပ်လိုက်တုံး” “ဟာ တာတေရာ၊အရီးမြတင်က လုပ်ဖို့နေနေသာကွာ၊အောင်မယ်လေး သရဲကြီးတော့လို့ ငယ်သံပါအောင် အော်ပြီး လဲကျသွားလိုက်တာ သတိကို မရတော့တာဟေ့ သူ့အိမ်သားတွေလည်း အိပ်ရာက နိုးလာပြီး အပြေးအလွှားရောက်လာကြတာပေါ့ကွာ။သူတို့ အိမ်သားတွေတင်မကဘူး၊ တောင်ဘက်ဝိုင်း၊မြောက်ဘက်ဝိုင်းက လူတွေပါ အရီးမြတင်ရဲ့အသံကိုကြားပြီး ...
ဆရာဝန်ရောက်လာတော့သည်။ဆရာဝန်စမ်းသပ်ပြီးနောက်……… “ဒေါက်တာ ကျွန်မသမီးဘာလို့ သတိမရသေးတာလဲဟင်” “စိတ်မကောင်းပါဘူးအန်တီ ကလေးက ဓာတ်လိုက်တဲ့အရှိန်နဲ့ ရေနစ်ပြီးအဆုတ်ထဲရေဝင်တော့ အသက်မမီတော့ဘူး” “ဟင် မဟုတ်ဘူးဒေါက်တာ ကျွန်မသမီးလေးကို သေချာထပ်စမ်းသပ်ပေးပါဦး မသေသေးပါဘူး ကျွန်မသမီးကိုကုပေးပါနော်ဒေါက်တာ” “ကျွန်တော်တကယ်စိတ်မကောင်းပါဘူး…” နောက်ဆုံးတွင် ဒေါ်စိန်ချယ်လည်း လက်ခံလိုက်ရသည်။သမီးဖြစ်သူ၏ နားရေးအား ပြုလုပ်ပေးရတော့သည်။ ××× “သမီး ဘယ်ရောက်နေတာလဲဟင်” “သမီးက ငရဲပြည်ရောက်လာတာကွဲ့ ဒါပေမယ့် ငရဲပြည်မှာ သမီးအတွက်နေရာမရှိဘူး နတ်ပြည်သွားစေ” “ဒါနတ်ပြည်မှာလားဟင်” “ဟုတ်တယ်ကလေး ဒီမှာလည်းမင်းအတွက်နေရာမရှိသေးဘူး မင်းဒီကိုပြန်လာချင်ရင် လူ့ပြည်ရောက်ရင် ကုသိုလ်ကောင်းမှုများများလုပ်ပါကွယ် ” “ဟိုးအပေါ်က ရွှေရောင်တလျှပ်လျှပ်နဲ့က ဘာကြီးလဲဟင်” ...
အောင်နက်ကို ဓါးဖြင့်လှမ်းခုတ်လိုက်သည်။ ဖိုးအေး၏ ဓါးချက်မှာ အောင်နက်၏ လက်ဝဲဘက်ဗိုက်ကိုထိမှန်သွားကာ ပေါင်ကိုလည်းဖြတ်ထွက်သွားသည်။ သို့သော်လည်း အောင်နက်မှာ အပြေးမရပ်ဘဲ ဆက်ပြေးလေသည်။ ပေါင်တစ်ချောင်းကိုထိသွားသည်မို့ အောင်နက်၏ ပြေးအားလျော့လာလေသည်။ ဗိုက်တွင်ဓါးချက်ထိထားသည့် နေရာမှလည်း အူများက အခွေလိုက်ထွက်ကျလာကာ မြေပြင်တွင် တရွတ်တရွတ်နှင့် အတန်းလိုက်ကြီး တရွတ်ဆွဲပါသွားသည်။ အောင်နက်၏ အော်သံ၊ ဖိုးအေး၏ ဆဲဆိုကြိမ်းမောင်းသံများကြောင့် သီလရွာကလေးမှာ ဆူညံနေလေသည်။ နောက်ဆုံးအောင်နက်မှာ မဟန်တော့သဖြင့် ရွာလယ်လမ်းဆုံအနီးအရောက်တွင် ခွေကျသွားလေတော့သည်။ ဖိုးအေးက အောင်နက်ကို ကျေကျေနပ်နပ်ကြီးကြည့်ရင်း “သေစမ်း၊ သေစမ်း၊ မင်းအခုတော့ ဘယ်ကိုပြေးမလဲအောင်နက်ရ ဟား၊ ...
အင်းခရိုင်နယ်အနီးဆယ်ရွာ တစ်ခွင်တွင် မုဆိုးဓနုဟုလူသိများလေသည်။ ဓနုမှာ နစ္စဓူဝတောထဲတွင်သာအချိန်ကုန်လေ့ရှိသည်။မနက်ဝေလီဝေလင်းတွင် အိမ်မှထွက်ကာ ထောင်ထားသည့်ထောင်ချောက်များအားလိုက်၍စစ်ဆေးသည်။လက်ထဲတွင် လေးမြှားနှင့် တစ်ခုတည်းသော မိသားစုအမွေပစ္စည်းဖြစ်သည့် တူမီးသေနတ်ကို ကိုင်ဆောင်လေ့ရှိသည်။တူမီးသေနတ်မှာ ဘိုးဘွားအစဥ်အဆက်များမှ သားဦးယောက်ျားလေးများကိုလက်ဆင့်ကမ်းပေးသည့် အမွေပစ္စည်းဖြစ်သည့်တိုင် တူမီးသေနတ်အား အလေးအနက် တရိုတသေကိုင်ဆောင်ကြ၏။ဓနုသည်လည်း တူမီးသေနတ်အား မိဘအမွေသက်မဲ့ပစ္စည်းဟုသဘောမထားဘဲ မိဘကဲ့သို့ပင် သဘောထားလေ့ရှိသည်။ ဓနု၏မုဆိုးသက်တမ်းတစ်လျှောက်တွင်လည်း သားကောင်များရွေးချယ်ရာတွင် သားပေါက်ကလေး များနှင့် ကိုယ်ဝန်ရင့်မာဖြစ်နေသည့်သားကောင်များကို ဖမ်းမိသော်လည်းလွှတ်ပေးမြဲဖြစ်သည်။မုဆိုးဖြစ်သော်လည်း နှလုံးသားနုသည့်မုဆိုးဟုဆိုရပေမည်။ မနက်ဝေလီဝေလင်းမှ ထွက်လာလိုက်တာ နေမြင့်သည်အထိ ထူးခြားစွာသားကောင်တစ်ကောင်မှမရချေ။သို့သော် မုဆိုး နှာခေါင်းဖြင့် သွေးညှီနံ့ပြင်းပြင်းအားရသည်မို့ လက်ထဲရှ်ိ ...
မြောင်းလျှောက်လို့ ခေါ်တာလည်း မမှားဘူး။ ခက်တာက သည်အလုပ်က မိုးတွင်းမှာမှ ခဏကလေး ခန့်တာ။ နွေမှာ အလုပ်မရှိဘူး။ကိုယ့်ဟာကိုယ် ရှာလုပ်ပဲ။ ရှာစားပဲ။ ရှာသောက်ပဲ။ လက်ပဒေါကို ခရီးကြုံ မှာရင်လည်း ရတယ်။ “လက်ပဒေါက မြောင်းဆောက် ဗုံတီးကို ပြောလိုက်စမ်းပါကွာ။ နက်ဖျင်ညှ အဆေ့ကျောင်းကို လာပါလို့။…မြစ်လောင်းက စံထွန်းအလှူ မတိုင်ခင် မြေညှိချင်လို့လို့ …နှော”လို့ မှာလိုက်ရုံပဲ။ မြောင်းဆောက်ဆိုတာ မြောင်းလျှောက်လို့ ပြောတာပါ။နက်ဖျင် ဆိုတာ မနက်ဖြန်၊ညှဆိုတာ ည၊ အဆေ့ကျောင်းဆိုတာ အရှေ့ကျောင်း၊နှော…ဆိုတာက နော…ကို ပြော တာပါ။သူတို့ချင်းကတော့ ...
မဟုတ်ဘူးဗျာ၊ စ ကောတစ်ချပ်စာလောက် ရှိမယ်ဗျ။ဒါ ပေမဲ့ အဝိုင်းမဟုတ်ဘူး။ လူခြေရာလို ပဲဗျ။ ခြေချောင်းရာတွေပါ ပါတယ်။ ခြေချောင်းရာကလည်း ငါးချောင်းပဲ။ ခြေမနေရာကလည်း အကြီးကြီးဗျ။ အုန်းမှုတ်ခွက်တစ်ခွက်စာလောက် ရှိတယ်။ ပြီးတော့ ခြေရာက မြေကြီး ပေါ်မှာ ပါးပါးလေးပဲ ထင်နေတာဗျ။ ဒီလောက်ကြီးတဲ့ ခြေရာကြီးဆိုရင် အ ကောင်ကလည်း အကြီးကြီး ဖြစ်မှာပေါ့ ဗျ။ မြေကြီးထဲမှာ ခြေရာက နက်နက် ကြီး ထင်နေရမှာပေါ့။ အခု အဲဒီလို မ ဟုတ်ဘူးဗျ။ သဲမြေပေါ်မှာ ပါးပါးလေး ...
ဖြူတို့ဘဝနှင့် ကွာခြားနေ၏။ဖြူတို့မိသားစုက ဘဝကိုကျရာမှနေ၍ မတုန်မလှုပ်ရင်ဆိုင်တတ်သည့် နေရာတွင် အသွင်တူကြလေသည်။ လွန်ခဲ့သည့် တနင်္ဂနွေနှစ်နေ့လုံး လူနာစောင့်ခဲ့ရသဖြင့် မောင်နှင့်မတွေ့ခဲ့ရချေ။သည်တနင်္ဂနွေမှာ နားခွင့်ရလိမ့်မည်ဟု မျှော်လင့်ခဲ့သော်လည်း မနားရပြန်။မနက်ကတော့ မောင်နှင့်တွေ့စဉ်ကတော့ မတင်မကျ ပြောဖြစ်ခဲ့သည်။မိန်းခလေးသိက္ခာကို ရှည်ရှည်ဝေးဝေး မတွေးနိုင်ဘဲ မောင့်ရုံးကို သွားတွေ့ခဲ့ရသည်။အားပြည့်လန်းဆန်းသော အပြုံးမျက်နှာဖြင့် မောင့်ဆီရောက်ခဲ့၏။ဆေးရုံနှင့်ကင်း၍ စက္ကူနံ့လှိုင်နေသော မောင့်ရှေ့ကစားပွဲမှာ ထိုင်ရသည်က ကြောင်စီစီတော့နိုင်သား။စာရေးမလေးတွေက သိပြီးသားဖြစ်နေသော်လည်း မသိမသာ ချောင်းကြည့်ကြသေးသည်။မောင်က ခဏကလေးစောင့်နေနော် ဖြူဟုဆိုကာ သူ့စားပွဲပေါ်မှ စာရွက်တစ်ထပ်ကြီးကို ဖတ်မကြည့်ဘဲ လက်မှတ်ထိုးနေ၏။ကောင်လေးတစ်ယောက် လက်ဖက်ရည်တစ်ခွက် လာချပေးသည်။ဖြူ သောက်နော်ဟု မောင်က ပြော၏။ဖြူ ...
ဗျာ။ဆရာကြီးက တော်တော်ကို ပါးနပ်တာဗျို့။ကျုပ်ကို တစ်ချက်ငဲ့ကြည့်ပြီး… “ဟာ မောင်တာတေ စိတ်ထဲသိချင်တာရှိ မေးလေကွာ မေးပါ ဒါမှ ဗဟုသုတ တိုးလာမှာပေါ့” ဆရာကြီးက ပြောတော့ ကျုပ် အားတက်သွားပြီး… “ဒီလိုပါ ဆရာကြီး။ ဟိုကပ္ပလီမကြီး ကိစ္စတုန်းက ကပ္ပလီမကြီးက လက်ထဲမှာ တစ်ခုခုကို ဆုပ်ထားသလိုလုပ်ပြီး ပါးစပ်က မန္တန်ရွတ်လိုက်တဲ့အခါ လက်ထဲမှာ ဝင်းဝင်း ဝင်းဝင်း ဖြစ်သွားပြီး ဆရာကြီးကို လှမ်းပစ်လိုက်တယ်။ အဲဒီမှာတင် ကပ္ပလီမကြီးရဲ့ လက်ထဲကနေ အလင်းလုံးကလေးတစ်ခု ထွက်လာတာကို ကျုပ်တွေ့လိုက်တယ်။ ကွမ်းသီးလုံးလောက်တော့ ရှိမယ်ဗျ။ ...