ကျုပ်မှာဖြင့် …” ဆိုပြီး စကားမဆက်ပဲ အကြည့်ဆုံတာက အနည်းငယ်ကြာသွားတယ်။ “ဟော …. မိုးဖွားကျလာမှပဲ၊ လာလာ အမိုးအောက်သွားရအောင်။ အော် …. ဒီမိုးနှယ် မစွေပဲရွာမှပဲ။ ဆောင်းစရာလည်းယူမလာတော့ ခက်ပြီ” “အမလေး ကျောင်းဒကါရဲ့၊ ကျုပ်ကိုခေါ်ဖို့များတမင်မိုးလွှတ်လိုက်ရော့လား၊ ပန်းနာသည် မိုးမိမှတော့ ကျုပ် နေ့မကူးပါဘူးတော်ရေ၊ စောင့်သာနေပေတော့ ဟီး…” “အသက်နဲ့ အဝေးကြီးပါ ကျောင်းအမရယ် ဒီမယ် ချမ်းရင် ကျုပ်ဟာယူဝတ်ထား” မိုးကသည်းသည်း အမိုးကမလုံ လေကအားပေးတော့ ကျောင်းအမ ခိုက်ခိုက်တုန်ပြီ ။ “သေပါပြီ၊ ဒီနေ့မှမသေရင် ...
တဲ့ ပညာတွေနဲ့ မဖဲဝါ ကို ဒုက္ခပေးလိုက်ရင် ကျုပ်က လက်နက် အားကိုးနဲ့ မတရားအနိုင်ကျင့်တဲ့ ဓါးမြဖြစ် သွားမှာပေါ့” (တာတေနဲ့ ဆရာနွံဖတို့ သစ်စုန်းပင်လိုက် တာကို ဖတ်ချင်ရင်တော့ ‘ကိုယ်တွေ့မဖဲဝါ’ မှာဖတ်ရှုနိုင်ပါတယ်) “သြော် ဒီလိုလား ” ကျုပ်က ဒီတော့မှ နားလည်တာဗျ။ အင်း ပြောရရင်တော့ ကျုပ်မသိတာက ခပ်များ များရယ်ဗျို့။ ကျုပ်နဲ့ ဆရာနွံဖ စကားပြော နေတုန်းမှာပဲ ခြံတံခါးတွန်းဖွင့်ပြီး ဆရာ ကြီး ဝင်လာတယ်ဗျ။ “ဟာ ဆရာကြီးတောင် ပြန်လာမှကိုး” ...
တာနဲ့ပြန်ခေါ်မှာပါ””” “”သားရယ်••ဒါသားနေခဲ့တဲ့သားအိမ်မှာ သားဆန္ဒရှိသလောက်ထားခဲ့လို့ရတယ်””” “”ကျေးဇူးတင်ပါတယ်ဖေဖေ”” အငယ်မကခြေဆောင့်ကာအခန်းထဲဝင်သွားသလို အကြီးမကလည်းထထွက်သွားလေသည်။ အမေကတော့ဘာမှထပ်မပြောပေ။ ကျော်ခေါင့်ရင်ထဲတွင်တော့အဖေ့ကိုအရမ်းကျေးဇူးတင်သွားရသည်။ ~~~~~~~~~~~~~~~~~~~~~ {၂} “”ကဲ••စိုးအစ်ကိုသွားမယ် ကိုယ်ဝန်ကိုသေချာဂရုစိုက်နော်””” စိုးကမျက်ရည်မကျပေမယ့်••• မျက်နှာငြိုးနေတာကသိသာသည်။ ကျန်းမာရေးမကောင်းလှသောကိုယ်ဝန်နှင့်ဇနီးသည်ကို ထားခဲ့ရာမှာစိတ်မချပေမယ့်••သူထားခဲ့တာကသူ့ မိသားစုဆီမှာမို့ ဘာမှမဖြစ်လောက်ပါဘူးလေဟု စိတ်ကိုတင်းမိသည်။ စိုးမှာကိုယ့်ကိုမကြည်ဖြူသောမိသားစု မှာနေခဲ့ရမှာမဝံ့မရဲရှိလှပေမယ့် အစ်ကို့ကိုစိတ်မဆင်းရဲစေချင်တာမို့အားတင်းပြုံးပြထားမိသည်။ ကျောခိုင်းသွားသောအစ်ကို့ကိုကြည့်ရင်း အိမ်ပေါ်မဝံ့မရဲတက်လာမိသည်။ သူမကိုမြင်သည်နှင့်ခင်ထွေးက “”ဘယ့်နှယ်တော်••• သားအကြီးဖြစ်ပြီးအိမ်ကိုထောက်ပံ့ဖို့နေနေသာသာ ခုတော့သူ့အရှုပ်ထုတ်တွေကအိမ်ပေါ်ရောက်လာရတယ်လို့””” စိုးမွန်ဘယ်သွားရမှန်းမသိဘဲခြေလှမ်းတုံ့သွားရသည်။ ထိုစဉ်••• “”ဟဲ့•••ညည်းလာခဲ့ဦး””” “”ဟုတ်••ဟုတ်ကဲ့”” “”ညည်းကိုဒီအိမ်မှာမတတ်သာလို့ လက်ခံလိုက်ရတယ်ဆိုပေမယ့် အလကားနေလို့တော့မရဘူးနော်””” “”ဟုတ်••စိုးဘာဖြစ်ဖြစ်လုပ်ပါ့မယ်””” “”အေးခုလောလောဆယ်ထမင်းချက်ရမယ်””” “”ဟုတ်ကဲ့”” စိုးမွန်ပြောပြီးအိမ်နောက်ဖေးဘက်ဝင်လာခဲ့သည်။ ကိုယ်ဝန်ငါးလသာရှိသေးသော်လည်း•• ...
၊ မုန့်သည်ကို တောင်းပန်ပြီး အလျော်ပေးလိုက်ရပြန်တယ်၊ ဒီလို၊ ဒီလို အဖြစ်အပျက်တွေက ခဏခဏဖြစ်တော့ ကြည်ကြည် နာမည်တွေထပ်ရပြန်တယ်၊ စွာတေးလန်မ… အာဇာနည်မ….တဲ့။ တစ်နေ့ ကြည်ကြည် ကျောင်းကပျောက်သွားတယ်။ဆရာ/ ဆရာမတွေက ကြည်ကြည့်မိဘတွေကို အ ကြောင်းကြားတယ်၊ အိမ်မှာ ဦးစိန်မောင် မရှိဘူး၊ ဒေါ်သိန်းရွှေ စိုးရိမ်တကြီး ကျောင်းကို ပြေးသွားတယ်၊ဆရာ/ ဆရာမတွေနဲ့အတူ လိုက်ရှာကြတယ်၊ ကျိုက်ထို မီးရထားဘူတာရုံထဲမှာ ကြည်ကြည့်ကို တွေ့ တယ်…….။ အဲဒီအချိန်မှာ မော်လမြိုင်ရထား ဝင်လာတယ်၊ ကြည် ကြည်ဟာ ရထားပေါ်က ဆင်းလာတဲ့လူတွေကြား ...
လေးတစ်ယောက်တည်းတွက်မဟုတ်ဘူးဆိုတာမှတ်သားထားပါ””” သူတော်စင်ကြီးမှာ မှာကြားပြီးသည်နှင့် ညအိပ်ရန်ပင့်ဖိတ်သော်လည်း ညနက်သန်းခေါင်ကြီးမှာပင် ပျောက်ကွယ်သွစသည်မှာ ခုဆိုရင်ငါးနှစ်တင်းတင်းပြည့်ပြီ။ခုဆိုရင်သူပြုခဲ့သော ကုသိုလ်ကောင်းမှုတို့မှာဤသုံးဖန်လှရွာမှာလက်ညီုးထိုးမလွှဲအောင်ရှိပြီ ဦးငွေဆောင်မှာလွန်ခဲ့သောအတိတ်ဆီအာရုံလွင့်မျောနေစဉ် “””သူကြီးသူကြီး လာပါဦးဗျို့ ဘာကြီးလဲမသိဘူး””” မြေကျင်းတူးနေရာမှကြွက်နီတို့၏အော်သံကြောင့်အတွေးစပြတ်တောက်သွားရသည်၏ ဦးငွေဆောင်မှာရွာသားများဝိုင်းအုံနေသော မြေကျင်းဆီသွားရောက်ငုံ့ကြည့်ရာ “”ဟင်!!!!!!!!”””” သေတ္တာလိုလိုထောင့်စွန်းတစ်ခုကိုတွေ့ရသည်။ “”သူ့တပည့်ကြွက်နီက “””ဘယ်လိုလဲ သူကြီး ဆက်တူးရမလား””” “”ဘုရားပရဝုဏ်ထဲပါနေတာပဲ့ ဆက်တူးမှရမှာပေါ့””” ရွာသားတစ်ချို့က ‘”””ဘုရားတည်တာကြောင့် အစောင့်အရှောက်တွေက ရွှေသေတ္တာကြီး ပေးတယ်ထင်တယ်””” သူကြီးဦးငွေဆောင်က “”ကဲဟေ့ဆက်တူးကြတာပေါ့””” ဒီတစ်ခါတော့သူကြီးပါခါးတောင်းကျိုက်လိုက်ပြီး မြေတူးရန်ပေါက်ချွန်းကို ကောက်ကိုင်လိုက်သည်။ ရွာသူရွာသားများမှာ ဝိုင်းအုံကြည့်နေရင်း စိတ်လှုပ်ရှားနေကြသည်။ တူးရင်းတူးရင်းနဲ့ပုံပေါ်လာသော ထိုပစ္စည်းမှာ သေတ္တာပုံစံမဟုတ်ပဲ ကျောက်တ ...
လည်း စုန်းအတတ်နဲ့လုပ်စားတာ ဆန်းသလားကွ” “နောက်ပြီး ငါဆက်ပြောရအုံးမယ်၊ ဆေးဆရာဖြစ်ပြီပဲဆိုပါတော့ကွာ လူနာကိုတကယ်ပျောက်စေချင်လို့ ကုသလို့လဲရသလို၊ လူနာကို ရောဂါပိုကျွမ်းအောင်လုပ်ပြီးတော့မှ ကယ်တင်ရှင်ပုံစံနဲ့ ကုသလို့ရောမရဘူးလား၊ လက်သမားဆရာကြီးကရော အိမ်ကို ခိုင်ခိုင်ခံ့ခံ့ဆောက်သလို၊ ကိုယ်မလိုတဲ့လူရဲ့ အိမ်ကိုကျတော့ မခိုင်မခံ့ဖြစ်အောင်၊ မကောင်းတဲ့သစ်တွေနဲ့ ဆောက်လုပ်ပေးလို့ရတယ်မဟုတ်ဘူးလား” ကျုပ်လည်းခေါင်းညိတ်လိုက်တာပေါ့ဗျာ။ “အေးပေါ့၊ ဒီလိုပဲ ဘယ်ပညာမဆို ကောင်းအောင်လုပ်လို့လည်းရတယ်၊ ဆိုးအောင်လုပ်လို့လဲရတယ်၊ စုန်းကဝေပညာလည်း အဲဒီလိုပဲပေါ့ကွာ” “ဒါပေမယ့် ကျုပ်ကြားဖူးတာက စုန်းတွေအကုန်လုံးလိုလိုက လူဆိုးတွေချည်းမဟုတ်လား၊ ကောင်းတဲ့စုန်းဆိုတာ ရှိမှမရှိတာ” “ဒါကတော့ကွာ၊ ရှေးဘုရင်လက်ထက်ကတည်းက စုန်းတွေကိုမှားယွင်းပြီး ယူဆခဲ့ကြတာပေါ့ကွာ၊ မင်းသိအောင်လို့ ပြောပြရအုံးမယ်၊ ...
နေလိုက်တယ်။ အမေပြောတာ ဟုတ်တော့လည်းဟုတ်သားဗျ။ သြော် …ဆရာတော်လည်း သက်တော်ကလေးရလာတော့ လူကြီးတွေ ရဲ့ သဘာဝကို ပြောင်းလာတာနေမှာပေါ့လို့ ကျုပ်တွေးလိုက်မိတယ်။ “တာတေရေ…တာတေ” “ဟဲ့ …ဘယ်သူတုံးတာတေ၊ ဝိုင်းဝက ခေါ်နေတာ” အမေက မျက်မှောင်ကလေးကြုပ်ပြီး ဝိုင်းဝ ကို ကြည့်နေတယ်ဗျ။ ကျုပ်လည်း ဝိုင်းဝကို လှမ်းကြည့်လိုက်မိတယ်။ “ဟင်…တောင်ပိုင်းက ကိုပြည်သိန်းကြီးဗျ။ ဒီလူ ကျုပ်ဆီကို တစ်ခါမှ မလာဘူးပါဘူး” “ပြည်သိန်း ဟုတ်လား၊ ကြည့်လုပ်နော် တာတေ၊ သူ့အဖေ မြဒင်က ဘဝင်ခပ်ကိုင် ကိုင်ဟဲ့၊ လူတိုင်းကို အဖော်လုပ်တာ ...
သိချင်တာကို သေသေချာချာ ရှင်းပြလိုက်ပါကွာ” “ဒီလို ဒီလို မောင်တာတေရေ ။ ခရမ်းမှာနေတဲ့ ဆရာကြီးရဲ့ တပည့်နာမည်က ကိုကံပိုင်တဲ့ကွ။ ကိုကံပွင့်က မြို့နီးချုပ်စပ်မှာ လှည့်သွားလာပြီး ဆေးလေးဝါးလေး ကုတယ်ကွ။ တစ်ရက် ပင်လယ်ဘက်က ရွာကလေးမှာ ဆေးသွားကုတော့ ဒီကဝေမကြီး သတင်းကို စပြီးကြားတာကွ” “သြော်” “ကိုကံပိုင် ဆေးသွားကုတဲ့ သိမ်ကုန်းရွာက ကာလသား ကလေးတစ်ယောက်က ပြောပြတာတဲ့ကွ။သိမ်ကုန်းအရှေ့က တောထဲမှာ နွားပျောက်လို့ သွားရှာတုန်း မိန်းမကြီး တစ်ယောက်ကို တောထဲမှာ တွေ့ခဲ့တယ်ဆိုပဲကွ။ ဆံပင်ဖားလျားကြီး ချလို့တဲ့ကွ။ မျက်လုံးပြူးပြူး ...
သူတို့ အချင်းချင်း စကားပြောရင်တောင် “လူကိုယ်က လက်ပဒေါ ကာလာနဲ့” လို့ ပြောတတ်ကြတာတွေလည်း ရှိတယ်။ လက်ပဒေါက လူတွေဟာ ဆင်းရဲကြတာကို ပြောချင်တာပါ။ ဆင်းရဲပေမယ့် လက်ပဒေါသားတွေဟာ ရိုးသား ကြတယ်။မြစ်လောင်းဂါတ်တဲက လက်ပဒေါကို တရားခံသွားဖမ်းရတယ်ဆိုတာ တစ်ခါမှ မရှိခဲ့ဖူးဘူး။ လက်ပဒေါက တဲကလေးတွေဟာ ဘာတံခါးမှ မရှိတာတောင်မှ သစ်သားယောက်မတစ်ချောင်း မပျောက်ဖူးဘူး။ ရွာသားအားလုံးကတော့ ကြွက်ထိုးစားတာ မဟုတ်ပါဘူး။ သည်ဆည်မြောင်း လက်တံကြီးကို ဖာဖို့ ထေးဖို့ ပြုဖို့ ပြင်ဖို့ ရာသီအလိုက် ခန့်ထားတဲ့ အလုပ်သမား တွေလည်း ...
သွားပြီး ခိုင်းစားချင်တာမဟုတ်လား..”” အဖေစကားကြောင့် အဖွားဖြစ်သူနဲ့စကားတွေ အကြီးအကျယ်များကြပါတယ်။ နောက်ဆုံးတော့ စုစုနှင်းတို့ မောင်နှမတွေ အဖွားနောက်မလိုက်ရပဲ အဖေနဲ့သာ ကျန်ရစ်ခဲ့ရပါတယ်။ အဲ့အရွယ်ကလေးထဲက မိသားစုစားဝတ်နေရေးအတွက်ရုန်းကန်ခဲ့ရတဲ့အမေတာဝန်တွေဟာ စုစုနှင်းပခုံးပေါ်ပြောင်းရောက်လာသလိုပါပဲ။ အဖေက ကိုယ်တိုင်သာမိသားစုကိုရှာမကျွေးပေမယ့် စီမံခန့်ခွဲမှု့က တော်လွန်းတယ်လို့ပြောရမလိုပင်။ စုစုနှင်း ကို ကုန်စိမ်းအချို့စျေးကြိုပေးပြီး ရပ်ကွက်ထဲ ပတ်ရောင်းခိုင်းပါတယ်။ ခေါင်းရွက်ဗျပ်ထိုးစျေးသည်လေးပေါ့။ အထွန်းလေးကိုတော့ ထမင်းချက်၊ ဟင်းချက်အဝယ်တော် လုပ်ခိုင်းပါတယ်။ ကျောင်းဖွင့်ချိန်ရောက်တော့ စုစုနှင်းရောအထွန်းပါ ကျောင်းမတက်ရတော့ပါပဲ ပုတုတစ်ယောက်ကိုသာ ကျောင်းတက်စေခဲ့ပါတယ်။ စုစုနှင်းမှာ လူကသာကလေးဖြစ်ပေမယ့် ခေါင်းရွက်ဗျပ်ထိုးစျေးသည်ကြီးဖြစ်မှန်းမသိဖြစ်ခဲ့ရပါတယ်။ တခါတလေ စျေးရင်းပြုတ်သွားတာမျိုးတွေ မကြာခဏဖြစ်တတ်ပါတယ်။ အဲဒီလိုအခါမျိုးမှာတော့ ...