နဂါးဆေးပေါ့လိပ်ကလေးကို ဆက်တိုက်ဖွာလိုက်သေးတယ်။ပြီးတော့မှ……… “ဒီလိုကွ တာတေရ၊ငါတို့ရွာမှာ မကောင်းဆိုးရွားကြီး တစ်ကောင် ဝင်နေလို့ကွ” “ဟေ………ဟုတ်လား၊ဘာတွေ လုပ်လို့တုံး” “ပထမတော့ ရွာထဲကလူတွေ ဟင်းချက်ထားရင် ဟင်းတွေ ပျောက် ပျောက်သွားတာကွ” “ဟေ………ဘယ်လိုကွ စံဘော်ရ” “ဒီလိုကွာ၊ဘုန်းကြီးကျောင်းဆွမ်းလှည့်ကျလို့ ဆွမ်းဟင်းအတွက် ဝက်သားတို့ ဘာတို့ နှစ်ပိဿာလောက် ချက်ထားတာမျိုးဆိုရင် ဟင်းတစ်တုံးမှ မကျန်အောင် စားသွားတာကွ” “ဟေ…………ဟုတ်လား၊ဒါဆိုရင် ဒီအကောင်က အိမ်ထဲဝင်နိုင်လို့ပေါ့ကွ” “အား……ဝင်နိုင်တယ်၊ဝင်နိုင်တယ်၊မီးဖိုချောင်ထဲမှာကို ဝင်စားတာကွ””အဲဒီလိုဟင်းတွေ ဝင်စားနေတာ မကောင်းဆိုးရွားကြီး မှန်း မင်းတို့ ဘယ်လိုလုပ်သိတုံး စံဘော်” ကျုပ်မေးလိုက်တော့ စံဘော်က ခေါင်းညိတ်ပြီး……… ...

ရွာပြင် ကို မောင်းထွက်သွားတာတဲ့ဗျ။ ပြီးရင် သူ ကျောင်း နေကျ စားကျက်မှာပဲ နွားတွေသွား ကျောင်းရောတဲ့ဗျို့။   ညနေစောင်းရင် နွားတွေမောင်းပြီး ပြန်လာ တာတဲ့။ သူ့ခြံနဲ့သူ မမှားအောင်ကို ပြန်ပို့တာ တဲ့ဗျ။ ရွာထဲကလူတွေ လန့်သွားကြတာပေါ့ ဗျာ။ နွားရှင်တွေကလည်း စိုးရိမ်ပြီး ငမိုး နင့် ကို ငါတို့ နွားကျောင်းမအပ်တော့ဘူးလို့ ပြော ကြတယ်။ အဲဒီလိုပြောရင် ငမိုးက အဲဒီနွား တွေကို မကျောင်းတော့ဘူးတဲ့ဗျ။   ဒါပေမဲ့ ဘိုးညီလေးတို့အိမ်ကတော့ ငမိုးကို ...

ထပ်လိုက်တော့ပျောက်သွားတာ ထပ်ပေါ်မလာတော့ဘူးကွ ” ” နောက်နေ့ညကျတော့လည်း ဒီလိုပဲကွထပ်ပေါ်လာ တယ် ငါတို့ဝိုင်းလိုက်ပြန်တော့ ပျောက်သွားတယ်ကွ” ” အခုဆို ၃ ညရှိပြီကွပေါ်လိုက်ပျောက်လိုက်နဲ့ ငါတို့ တစ်ရွာလုံးထိတ်လန့်နေပြီ ” ” ဒါ့ကြောင့်ဒီလိုကိစ္စတွေမှာနားလည်တာဆိုလို့မင်းပဲ ရှိတော့အကူညီလာတောင်းရတာပေါ့တာတေရာ ” ကျုပ်နည်းနည်းစဉ်းစားမိတယ်ဗျ။အခုလိုကိစ္စနဲ့ပတ် သက်ပြီးဖြစ်ခဲ့ဖူးပြီလေ။ ” ကဲဗျာ ကိုအောင်ဘုညနေထွန်သိမ်းပြီးတာနဲ့ ကျုပ် လာခဲ့မယ်ဗျာ အခုတော့အလုပ်လက်စလေးမြန်မြန်သိမ်း လိုက်ဦးမယ်ဗျို့ ” ကိုအောင်ဘုလည်း ကျုပ်ကိုကျေးဇူးတင်ကြောင်းပြောပြီး သူ့ရွာကိုပြန်သွားတယ်ဗျ။ကျုပ်လည်း ညနေစောင်း လောက်မှထွန်သိမ်းပြီးကမန်းကတန်းရေကိုချိုးလိုက်တာ ပေါ့ဗျာ။အမေချက်ထားတဲ့ကြက်သားဘူးသီးချက်လေးနဲ့ စားလိုက်တာဗိုက်တောင်တင်းသွားတာပဲဗျ။ စားသောက်ပြီးဆရာမနိုင်ရွာကိုထွက်လာတော့နေ တောင်အတော်ကြနေပြီဗျ။ ဆရာမနိုင်ရွာရောက်တော့ ...

အော်လိုက်မိလေသည်၊ ထိုအခါ ထိုလူက ‘ဆောရီး၊ ဆောရီး’ ဟု ပြောပြီး ၄င်း၏ ထိုင်ခုံဆီသို့ ပြန်သွားလေ၏။                                  ◻           ကျွန်ုပ်သည် ကျွန်ုပ်၏နံဘေးမှ မုတ်ဆိတ်ဖြူကြီးကို လှမ်းကြည့်လိုက်လေ၏။ မုတ်ဆိတ်ဖြူကြီးသညါ ၄င်း၏ခြေထောက် နှစ်ခုစလုံးကို ခုံပေါ်သို့ တင်၍ထားကြောင်း တွေ့ရလေ၏။ မုတ်ဆိတ်ဖြူကြီးသည် ကျွန်ုပ်အား ပြုံးပြလိုက်လေ၏။ “ဒီလိုလူမျိုးတွေက ဘာမှမမြင်တော့ဘူး၊ ဒါကြောင့် ကျုပ်က ခြေထောက်ကို နဂိုကတည်းက ခုံပေါ်တင်ထားတာ။ ကိုယ့်လူက သဘောမပေါက်တော့ အနင်းခံရတာပေါ့လေ။ ကိုယ့်လူဖတ်တဲ့ စာအုပ်ထဲမှာ ခြေထောက်ကို နင်းမိရင် ...

တောက်သွားပါသေးတယ်၊ အဲဒီအိုးတွေကို ခေါင်းဖုမပါဘာမပါနဲ့ ရွက်ထားကြတဲ့မိန်းကလေးတွေကိုကြည့်ရင်း သူတို့ဘယ်လောက်တောင်ပူလောင်လိုက်မလဲဆိုတာကို ကိုယ်ချင်းစာမိပါတယ်။ “မင်းတို့ အဲဒီအိုးတွေကို ချလို့မရဘူးလား” “ချလို့မရပါဘူးရှင်၊ ဒီအိုးတွေက ကျွန်မတို့ရဲ့ခေါင်းပေါ်မှာ ကပ်နေသလိုမျိုးပါ” “အင်း၊ တော်တော်ဒုက္ခကြီးတာပဲ၊ ကဲ ကဲ မင်းတို့ရဲ့ခေါင်းပေါ်က မီးတောက်တွေအကုန်ငြိမ်းပြီးတော့ မင်းတို့တွေအကုန်လုံး ဟောဒီစမ်းရေကြည်အေးမှာ စိမ်လိုက်ရသလို ငြိမ်းအေးကြပါစေကွယ်” ကျုပ်မေတ္တာပို့ပေးလိုက်တဲ့ခဏမှာပဲ မိန်းကလေးတွေက ပျော်ရွှင်ပြီးတော့ အော်ဟစ်ကြတယ်ဗျ။ “ဟယ်၊ အမတော်၊ အေးလိုက်တာပြောမနေပါနဲ့” “ဟုတ်ပါရဲ့တော်၊ အကျွန်တို့ ဒီလိုမအေးချမ်းရတာ နှစ်ပေါင်းထောင်ချီရောပေါ့” သူတို့အချင်းချင်းပြောဆိုနေတယ်ဗျ၊ နှစ်ပေါင်းများစွာ ပူလောင်ခဲ့တဲ့လူတွေ အေးချမ်းသွားတာက သဲကန္တာရခရီးကြမ်းထဲ ခရီးသွားနေတဲ့လူက ...

ငါးလေးတွေ ဖြစ် သွားတာတွေကျုပ်ရေးခဲ့ဖူးပါတယ်။ အရီးမယ်ခက ယာတွေအများကြီး ပိုင်တာဗျ။ ပဲနှုတ် နှမ်းနှုတ်လုပ်ဖို့ ရွာထဲမှာ လူငှားလို့ မရဘူးလေဗျာ။ အရီးဆိုရင် လူတွေ ရှောင်ကြတာ။ အရီးကလည်း ရွာထဲက လူတွေက ဘယ်တော့မှ မခေါ်ဘူးဗျ။ သူတူတွေ တူမတွေကပဲ သူ့ပဲတွေ နှမ်းတွေကို သိမ်းပေးရ။ သူတို့သိမ်းလို့ မနိုင်တော့ဘူးဆိုရင် အရီးမယ်ခက ညဘက်ကြီး ယာထဲကို ထွက်သွား ရောဗျ။ မနက်မိုးလင်းလို့ သူ့တူတွေတူမတွေ ယာထဲဆင်းလာပြီဆိုရင် ပဲတွေ နှမ်းတွေက အားလုံး နှုတ်ပြီးသားတွေတဲ့ဗျာ။ နှုတ်ယုံတင်မကပဲ အဆင်သင့် ...

ကျန်ခဲ့သည်။ ထိုအခါမျိုးဆိုငိုအားထက်ရယ်အားသန်ရမလိုပင်။ “””တံခါးလေးဖွင့်တာကြာလိုက်တာကိုထွန်းရယ်”””” မိန်းမဖြစ်သူမိပုအသံကြောင့် အတွေးများလွင့်စင်ကာဝါးထရံ တံခါးကိုဖွင့်လိုက်သည်။ “””အူးးးးးးးဝူးးးးးးဝူးးးးးး”” ထိုစဉ်ခွေးအူသံကြောင့်ကြက်သီးများပင်ထလာလေသည်။ခွေးအူသံကဆွဲဆွဲငင်ငင်နိုင်လှလေသည်။ “”ကိုကြီးထွန်းကျုပ်ပါဘကြိုင်””” အမှောင်ထဲကမဲမဲ သဏ္ဌာန်ကဘကြိုင်ဟု ဆိုလာသဖြင့်ဝါးလှေကားလေးမှအိမ်အောက်ဆင်းလိုက်သည်။ “”ဟာဒီချိန်ကြီးအင်္ကျီမပါဘာမပါ ဘာလဲမင်းမိန်းမခင်နုအိမ်ပေါ်ကနှင်ချပြန်တာလားး””” “”ထုံးစံအတိုင်းပေါ့ကိုကြီးထွန်းရာ””” ဘကြိုင်ကစိတ်ပျက်သံဖြင့်ညည်းညူပြောလေသည်။ တကယ်တော့ဘကြိုင်ကသူ့ညီတစ်ဝမ်းကွဲဖြစ်သည်။ ထိုစဉ်နှာခေါင်းဝသို့ပုပ်အဲ့အဲ့အနံ့ကတိုးဝင် လာလေသည်။ထွန်းလူက “””ဟေ့ကောင်မင်းရေမချိုးဘူးလားကွ””” “”အိမ်ပေါ်ကဆင်းလာတာ နှစ်ရက်ရှိပြီဗျာရေမချိုးပဲအရက်ချည်းသောက်နေတာ ဒီလောက်တော့ရှိမှာပေါ့”” ထွန်းလူစိတ်ထဲထင်လို့လားမသိ အမှောင်ထဲတွင်ဘကြိုင်အသားမှာပိုမိုနက်ကြုတ်နေပြီး မျက်လုံးများကပိုတောက်နေသယောင်။ “”ထမင်းမစားသေးဘူးမှလား အိမ်ပေါ်တက်ခဲ့ကွာတူတူစားရအောင်””” “””နေပါစေကိုကြီး ကျုပ်တစ်ကိုယ်လုံးညစ်ပတ်နေတာ မတက်တော့ဘူး”” “””ငါ့ပုဆိုးလဲလည်းရတာပဲကွာ:-)””” ဘကြိုင်က “””နေပါစေဗျာကွပ်ပစ်မှာပဲအိပ်တော့မယ်””” ဘကြိုင်ဆိုရင်ဇနီးကလည်းကြည့်မရတာမို့ ထပ်မခေါ်ဖြစ်တော့။ထမင်းတစ်ပန်းကန်နှင့် နေ့လည်ကသူကွန်ပစ်ရာကရလာသော ငါးကိုဆီတစ်စက်နှစ်စက်ဖြင့်ချက်ထားသော မိပုလက်ရာဖြင့်ထည့်ပေးလိုက်သည်။ သူ့လုံချည်အဟောင်းတစ်လုံးလည်းပေးလိုက်သည်။ ...

ဝင်ထိုင်လိုက်ပြီး “ဟာ၊ မမကြီးကလည်း၊ သားက အခုမှ ရှစ်တန်းပဲရှိသေးတာ၊ ဆော့အုံးမှာပေါ့” ထိုအခါ အိမ်နောက်ဖေးမှ မိခင်ဖြစ်သူ ဒေါ်၀တုတ်က လက်ဆေးရေထည့်ထားသည့် ကော်ဇလုံကလေးကိုင်လာပြီး ထွက်လာလေသည်။ “ဆော့တာလဲ ဆော့တာပေါ့သားရယ်၊ မင်းဟာက ထမင်းမေ့ဟင်းမေ့နဲ့၊ ထမင်းစားဖို့တောင် လိုက်ခေါ်နေရတယ်ဆိုရင် မဟုတ်သေးဘူးနော်” ဖိုးသားလည်း မိခင်ချပေးသည့် လက်ဆေးရည်ခွက်အတွင်းသို့ ညာဖက်လက်ကိုနှစ်လိုက်ပြီး ပွတ်ဆေးနေရင်း အိမ်နောက်ဖေးကိုတစ်ချက်ကဲကြည့်လိုက်ကာ “ဒါနဲ့အမေ၊ ခုနက အိမ်ပေါ်တက်လာတာ ဘယ်သူလဲ” ဒေါ်၀တုတ်ရော၊ အမကြီးမနှင်းရော ဖိုးသားကို အံ့ဩစွာဖြင့်ကြည့်နေလေသည်။ “ဟဲ့ ဘယ်သူလာလို့လဲ” “ဟာဗျာ၊ သားခြေလက်ဆေးနေရင်း ယောက်ျားကြီးတစ်ယောက် ...

နေရာထိုင်ခင်းပေးရင်း…. “ဘယ့်နဲ့လဲဗျို သူကြီး … ဟိုအကောင်တွေ ဘယ်ပြေးတယ်ကြားရသလဲ။ ကျုပ်တို့ရောက်စ ပွဲဦးထွက် တိုက်ပွဲပြီးကတည်းက ဒီအကောင်တွေ တချိုးထဲလစ်ပြီထင်တယ်…” မျက်နှာမှ ချွေးများကို ဂျပန်ပုဝါညစ်ညစ်နှင့် သုတ် လျက် ကြီးကန် သူကြီးသည်… “ဟုတ်ကဲ့ ပြေးတာကတော့ဧကန်ပါဘဲ။ မိတ္ထီလာ နယ်ဘက်ကို ဒလကြမ်း ထွက်ပြေးကြတယ်လို့ သူတို့ကို တွေလိုက်ကြတဲ့ နတ်ထုံးမှော်ရွာသားတွေ သတင်းလာပို့တယ် ခင်ဗျ။ ဘယ်နဲ့ သူတို့ မကြောက်ဘဲနေပါ့မလဲ စစ်ဗိုလ်ကြီးရာ။ စစ်ဗိုလ်ကြီး ရောက်မဆိုက်ဘဲ သူတို့စခန်းကို သတင်းရလို့ တက်ဝိုင်းပြီး ဆော်ထည့်လိုက်တာ သူတို့ဂိုဏ်းက ...

အဖွဲ့တွေ့ခွဲပြီးလိုက်ကြတယ်။ မြောက်ဘက်က ဇေယျဝတီ၊ တောင်ဘက်မှာရှိတဲ့ညောင်ပင်သာ၊ ကညွတ်ကွင်းမြို့တွေကိုလည်း ကားလမ်းပိတ် ဆို့ပြီး ရှာဖွေပေးဖို့ အကြောင်းကြားတယ်။ အစွမ်းကုန်ကြိုးစားအားထုတ်ကြပေမဲ့ အခြေအနေကမကောင်းဘူးဖြစ်နေတယ်။နေ့လယ်ခင်းအချိန်အထိ ထွက်ပြေးတဲ့တရားခံမနဲ့ ပတ်သက်ပြီး ဘာသတင်းမှမရဘူး။ ညနေ(၃)နာရီလောက်မှာ လူတစ်ယောက်မြို့နယ်ရဲတပ် ဖွဲ့မှူးအိမ်ရောက်လာတယ်၊ သတင်းတစ်ခုပေးတယ်၊သတင်းက အချုပ်ခန်းဖောက်ပြီး ထွက်ပြေးသွားတဲ့ တရားခံနဲ့ပတ်သက်တဲ့ သတင်းတော့မဟုတ်ဘူး။ နတ်ဆရာမတစ်ယောက်ရဲ့ သတင်း၊ ဖြူးမြို့တောင်ဘက်အထွက် ကားလမ်း၊ ရထားလမ်း အရှေ့ဘက်မှာ ကရင်ရွာကြီးတစ်ရွာရှိတယ်။ အဲဒီကရင်ရွာကြီးမှာ ထူးဆန်းတဲ့နတ်ဆရာမ တစ်ယောက်ရှိတယ်။ နတ်ဟောတာ အံဩစရာကောင်းလောက်အောင် မှန် တယ်ဆိုတဲ့သတင်း၊ ““ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ သွား ဖြစ်အောင်သွားပြီး ...