ကြော်တစ်ဖက်ခြမ်းကို တွေ့သွားပါရော။ “ဟဲ့ကောင်ရာ၊ ဟိုဘက်အခြမ်းက ဒယ်အိုးဖင်ကြီးလိုဖြစ်နေပါရောလားကွ” “ဟဲ . . . ဟဲ၊ မီးပြင်းသွားတော့ ကြက်ဥကြော်တွေ တူးသွားတာအကိုကြီးရ၊ ဒါပေမယ့်မပူပါနဲ့၊ ဒီဘက်အခြမ်းကို ဟောဒီလိုအပေါ်ယံကလေး လက်နဲ့ခြစ်ယူပြီး စားလို့ရပါတယ်” ကျုပ်လည်း ကြက်ဥရဲ့မကျက်တကျက်ဖြစ်နေတဲ့အခြမ်းကို လက်ချောင်းလေးတွေနဲ့ခြစ်ပြီးတော့ ကလော်စားပြလိုက်သေးတာပေါ့၊ လက်ချောင်းနဲ့ခြစ်ရင်း တူးနေတဲ့အပိုင်းအစတွေပါလာလို့ ပါးစပ်ထဲမှာ ခါးသွားတာပဲဗျာ၊ ချက်ချင်းထွေးထုတ်ချင်ပေမယ့် ကိုယ်ချက်ထားတဲ့လက်ရာဆိုတော့လည်း ဘာမှမပြောတော့ဘဲ ကြိတ်မှိတ်ပြီးမြိုချလိုက်တာပေါ့ဗျာ။ အငယ်မက အတုံးလိုက်ဖြစ်နေတဲ့ ထမင်းတုံးပေါ်ကို ခရမ်းချဉ်သီးငါးပိချက် တစ်ဇွန်းခပ်ပြီး ဆမ်းလိုက်တယ်၊ ပြီးတော့ ထမင်းတုံးလေးကို လက်နှစ်ချောင်းနဲ့ကိုင်ပြီး အသာကိုက်ဝါးလိုက်တယ်ဗျ။ ...

သူရောက်ဖူးသည်။ ဘုန်းတော်ကြီးအချို့သည် ကျောင်းရှိ အသီးအနှံများကို နှမြောလေ့ ရှိသည်။သရက်သီး၊အုန်းသီးနှင့် တခြားသော အသီးများသည် အချိန်တန်လျှင် လေလွင့်ပျက်စီးမည်ကို သူတို့ မသိ၍လော။ထိုအကြောင်းကြောင့်တော့ မဖြစ်နိုင်ပါ။အဘယ့်ကြောင့်ဆိုသော် မမေ့‌ကြောင်းတရားများကို သူတို့ဟောနေသည့်အတွက် ယခုလို ကြွေကျလေလွင့်ပျက်စီးတတ်သော အရာများ ပျက်စီးခြင်း ရောက်နိုင်သည်ဆိုသည်ကို မသိ၍ တော့ မဟုတ်နိုင်ပေ။တောင်တောင်အီအီများတွေးပြီး‌နောက် သရက်သီးများကို ခူးနေရင်း အပင်အောက်မှ မိန်းကလေးများ တော်ပြီဆိုသောအချိန်မှ သူတို့ သရက်သီးခူးခြင်းကို အဆုံး သတ်လိုက်ပြီး‌ သရက်သီးတောင်းများကို ထမ်းသူထမ်း၊ရွက်သူက ရွက်နှင့် ရွာထဲသို့ ပြန်ကြပါလေတော့သည် ။ ◾အခန်း (၃) ...

နောက်တော့ အကိုကြီးကိုပါးတွေဘာတွေ ပုတ်ကြည့်ပြီး “အကိုကြီး၊ စိတ်ကိုခိုင်ခိုင်ထားပါအကိုကြီးရာ၊ ငွေရှစ်ရာလောက်နဲ့ ဒီလိုမဖြစ်သင့်ပါဘူးဗျာ” အကိုကြီးက ကျုပ်ကိုဒေါသတကြီးနဲ့ကြည့်ပြီး ကျုပ်လက်ကိုပုတ်ချလိုက်တယ်။ “ဟာ လခွမ်းတဲ့မှ၊ မင်းဘာတွေပြောနေတာလဲကွ” “မဟုတ်ဘူးလေ၊ အကိုကြီးခုနကတုန်းကကျတော့ ငွေတွေရှုံးလို့စိတ်ညစ်နေတာမဟုတ်လား၊ အခုကျတော့လည်း မျက်နှာကြီးပြုံးပြီး တဟင်းဟင်းနဲ့ရယ်နေတာကိုးဗျ” “ဟာကွာ၊ မင်းဘာသိလို့လဲကွ၊ ဒီကောင်တွေကို လက်စားချေဖို့ ငါအကြံရလို့ပါကွ” “အကိုကြီး၊ ဟုတ်မှလဲလုပ်နော်၊ ဟိုလူတွေဆီမှာ ဓါးတွေ၊ လက်နက်တွေပါတာ အကိုကြီးတွေ့တယ်မဟုတ်လားဗျ” “ဒီလိုလူမိုက်နည်းနဲ့ လက်စားချေမှာမဟုတ်ပါဘူးကွာ၊ လူလိမ္မာနည်းနဲ့လက်စားချေမှာပါ” ကျုပ်လည်း အံ့အားသင့်သွားပြီး “ပြောစမ်းပါအုံးအကိုကြီးရာ” အကိုကြီးက လူတတ်ကြီးဂိုက်ဖမ်းရင်းနဲ့ “အလတ်ကောင်ရ၊ ဖဲရိုက်တယ်ဆိုတာ ...

ဖဲရိုက်တတ်သေးသည်။ ဤသို့ဖြင့် မနက်မိုးသောက်အလင်းရောက်သော် မခင်မာချိုတစ်ယောက် ညကအိမ်မက်အကြောင်းစဉ်းစားရင်း ခေါင်းထဲ၌အတွေးတစ်ခုပေါ်လာ၏။ ” ငါအိမ်မက်ထဲက အဘပြောတဲ့အတိုင်း နှစ်လုံးထီဂဏန်းကို ထိုးရင်ကောင်းမလား.၊ တော်ကြာမပေါက်ရင် …. ” ဟုတွေးတောကာ ချီတုံချတုံဖြစ်နေ၏။ ခနအကြာစဉ်းစားပြီးမှ ” ဖြစ်ချင်ရာဖြစ်ဟာ ငါအခုလိုဆင်းဆင်းရဲရဲနေရတဲ့ဘဝကလွတ်နိုင်တာ ဒီတစ်လမ်းပဲရှိတယ် ” ဟု ဆုံးဖြတ်ချက်ချလိုက်ပြီး အိမ်မက်ဂဏန်းဖြစ်သော ၇၅အား ရှိစုမဲ့စုငွေလေးများဖြင့် ပုံအောကာ နှစ်လုံးထီထိုးလိုက်၏။ သာယာလှပနေသော နေ့လယ်ခင်းတစ်ခု၌ မခင်မာချိုတစ်ယောက် မျောက်မီးခဲကိုင်မိသလိုဖြစ်နေ၏။ အကြောင်းမှာ နှစ်လုံးထီထွက်ခါနီးသောကြောင့်ပင်ဖြစ်သည်။ ” ခင်မာချိုရေ …ခင်မာချို … ညည်းပေါက်ပြီဟေ့ ...

တာ ” ” မိဘတွေ သဘောမတူတာနဲ့ပဲ သတ်သေရလားဟယ်၊ လူ့ဘဝဆိုတာ လွယ်လွယ်ရတယ်မှတ်နေကြလားမသိဘူး၊ မိဘတွေလည်း မိဘတွေပဲ၊ သူ့အချစ် သူရွေးချယ်ပါစေ ဘာဖြစ်သွားမှာမို့တုန်း၊ ခုတော့ကြည့်၊ သူတို့ရဲ့ ချစ်လှပါတယ်ဆိုတဲ့ သမီးလေးကို နောက်ထပ်မြင်တွေ့ခွင့်ရတော့မှာမဟုတ်ဘူး ” စိုးစိုး ၏ စကားကြောင့် ကောင်မလေး၏ မိသားစုဖြစ်ဟန် တူသူတို့က မျက်စောင်းပစ်ကြည့်နေကြ၏။ ” ဟေ့၊ နင် အပြောအဆိုဆင်ခြင်၊ ဟိုမှာ ပူဆွေးသောက ရောက်နေကြတယ်မတွေ့ဘူးလား၊ မိဘတိုင်းက ကိုယ့်သားသမီး ကောင်းစားကြီးပွားတာကိုပဲ မြင်ချင်ကြတာ ဟေ့၊ နင် ဘာသိလို့လဲ၊ ...

ဖြတ်ခနဲပဲတွေ့ကြရတာ။ “ကြောက်မနေပါနဲ့ကွာ၊ ဒီအချိန်က သူတို့အစာရှာထွက်တဲ့အချိန်ပဲ၊ သူတို့ကိုလိုက်ကြည့်ပြီး ကြောက်မနေနဲ့” ဖက်လိပ်ရွာဟောင်း တောတန်းကိုဖြတ်ပြီးတော့ အနောက်ဘက်တောတန်းအစကိုရောက်တောပေါ့ဗျာ၊ ဒီအချိန်မှာပဲ အနောက်ဘက်တောတန်းက ချုံပင်တွေက တဝေါဝေါနဲ့ လှုပ်နေတာဗျ။ ကျုပ်တို့အရှေ့ကိုဆက်လျှောက်တော့ အဲဒီချုံပင်တွေထဲကနေပြီးတော့ အရိပ်မည်းကြီးတွေက ဝုန်းခနဲ ဝုန်းခနဲ ထလာပါရော၊ အရိပ်ကြီးတွေ အခုနှစ်ဆယ်လောက်ရှိမယ်ထင်တယ်။ ဦးဘသာက အရိပ်ကြီးတွေအနားမှာရပ်လိုက်တယ်၊ အဲဒီနေရာကလေးက တောတန်းနှစ်ခုအစပ် မြေနေရာပြောင်ပြောင်ကလေးပေါ့ဗျာ၊ ကျုပ်ကိုလည်းတားလိုက်တယ်။ “ဒီကောင်စည်းတားထားတယ်ကွ” ကျုပ်လည်းငုံ့ကြည့်ပြီး “ဟုတ်ရဲ့လားဗျာ၊ ကျုပ်တော့ ဘာကိုမှမတွေ့ပါဘူး” “မြေကြီးကို သေသေချာချာကြည့်အလတ်ကောင်” ဦးဘသာပြောလို့ ကျုပ်လည်းကုန်းပြီးကြည့်လိုက်တယ်၊ လရောင်ကြောင့် မြေကြီးကို မထင်မရှားလေးမြင်နေရတယ်ဗျ၊ ...

မီဘူးကွ” ဒီလောက်ကို အလုပ်လုပ်နိုင်ခဲ့တဲ့ ဘွားတော် ကြီးဗျ။ ခုတော့ ဘယ်လုပ်နိုင်တော့မှာလည်း ဗျာ။ ဘိုးမင်းတို့ ဘိုးဝင်းတို့လည်း ဆုံးကုန်ကြ ပြီ။ ဘွားမယ်ထုံက အိမ်မှာ တစ်ယောက်တည်းနေတာဗျ။ သူ့ယာတွေကို ဝမ်းကွဲတူတွေကလုပ်ကြတယ်။ကျုပ် ဝက်သားကြိုက်မှန်း ဘွားမယ်ထုံက သိတော့ သူဝက်သားချက်တဲ့ နေ့ ဆိုရင် ကျုပ်ကို လူလွှတ်ခေါ်ခိုင်းတာဗျ။ ဘွား မယ်ထုံနဲ့ ကျုပ်နဲ့ ထမင်းတစ်ဝိုင်းတည်း စားကြတာ။ အသက်ကြီးတဲ့ လူတွေဟာ သူတို့ဖြတ်သန်းလာခဲ့တဲ့ ဘဝအကြောင်းကို ပြန်ပြောချင်ကြတာ ထုံးစံပဲလေဗျာ။ ကိုယ်ဖြတ်သန်းခဲ့တဲ့ဘဝမှာ ရယ်စရာတွေ၊ စိတ်မကောင်းစရာတွေ၊ ဒေါသဖြစ်စရာ ...

သွားသဗျ၊ အိမ်ကြီးတစ်အိမ်လုံးက မီးရောင်တွေနဲ့ထိန်လင်းနေတာပါပဲဗျာ၊ ကျုပ်တို့အိမ်အောက်ရောက်တော့မှ အိမ်ကြီးထဲမှာ လူတွေရုတ်ရုတ်သဲသဲဖြစ်နေတာကိုတွေ့လိုက်ရတယ်ဗျ၊ မိန်းမတွေ၊ ယောက်ျားတွေက ကပျာကယာနဲ့ဝင်လိုက်ထွက်လိုက် လုပ်နေကြတော့ တစ်ခုခုဖြစ်နေပြီမှန်း ကျုပ်သိလိုက်မိတယ်၊ ကားဒရိုင်ဘာက ကျုပ်တို့ကို အိမ်ကြီးရဲ့ ဧည့်ခန်းထဲကိုခေါ်သွားတယ်၊ ဒီအခါ လှလှပပဝတ်ဆင်ထားတဲ့ မိန်းမကြိးတစ်ယောက်က အိမ်ပေါ်ထပ်ကနေ ဆင်းလာတယ်။ “ဟဲ့ မောင်မျိုး၊ ကားလာအပ်တာလား” “ဟုတ်တယ် မမကြီး၊ ဒါနဲ့ ဆရာထွန်းရော” မမကြီးဆိုတဲ့ မိန်းမကြီးက မျက်နှာထားက ခပ်တင်းတင်းပဲဗျ၊ ဆံပင်တွေကို ဘီးစပတ်ပတ်ပြီး ဆံထုံးထုံးထားတယ်၊ မျက်နှာမှာတော့ ရွှေကိုင်းတပ် မျက်မှန်တစ်လက်ကိုဝတ်ထားတယ်၊ လည်ပင်းမှာလည်း ရွှေဘယက်နဲ့ ...

ကြည့်မိလေတော့ စံအိမ်ကြီးတစ်အိမ်ကိုတွေ့လိုက်ရသောအခါ… “နွားလှည်းခဏရပ်ဦး…” ဟုဘွားမယ်စိန်ကတားလိုက်လေရာ မောင်တိုးကလည်းနွားလှည်းကိုရပ်ပေးလေသည်။ “ဘွားဘာဖြစ်လို့လဲ…” ဟုမောင်အုန်းကမေးလေတော့ ဘွားမယ်စိန်က လက်ကိုကာ၍… “နေပါဦးကွယ်..ဘွားကိုဘာမှမမေးကြပါနဲ့ဦး…” ဟုတားလေသည်။ အဲ့တာကြောင့်မောင်တိုးနဲ့ဒေါ်ဝင်းတို့လည်းငြိမ်နေကြတော့သည်။ ဘွားမယ်စိန်ကလည်းနွားလှည်းပေါ်မှဆင်းပြီးစံအိမ်ကြီးကိုအပြင်မှအကဲခတ်နေခဲ့၏။ စံအိမ်ကြီး၏ပိတ်ထားသောခြံတံခါးအနီးဆီသို့ဘွားမယ်စိန်ရောက်လာသောအခါ… “ဘယ်သူတွေလဲ…” ဟုအမေးခံလိုက်ရသည်။မေးသူက ခြံကြီး၏အတွင်းပိုင်းခြံတံခါးအနီး၌မတ်တပ်ရပ်နေခဲ့သည်။ ထိုသူသည်အသက်အားဖြင့်ငါးဆယ်ကျော်အရွယ်ရှိသည့် ဘိုးတော်ကြီးတစ်ယောက်ပင်ဖြစ်သည်။ ဘွားမယ်စိန်ကထိုဘိုးတော်ကြီးကိုတစ်ချက်ကြည့်ပြီး… “ဒီအိမ်ကြီးထဲမှာဘယ်သူတွေနေတာလဲ…” ဟုမေးတော့ ဘိုးတော်ကြီးကမျက်မှောင်ကြီးကျုံ့၍… “ခင်ဗျားဘယ်သူဆိုတာကိုသာအရင်ဖြေစမ်းပါ… ဘာကိစ္စရှိလို့ ဒီခြံရှေ့ကိုရောက်နေရတာလဲ…” ဟုမေးပြန်သည်။ အခြေအနေကိုစောင့်ကြည့်နေသော မောင်တိုးတို့လည်း နွားလှည်းပေါ်မှဆင်းလာခဲ့ကြသည်။ မောင်တိုးကဘွားမယ်စိန်အနီးသို့လာရပ်ပြီး… “ဦးကြီး…ကျုပ်တို့ကလူကောင်းတွေပါဗျာ… ဘွားကအခုလိုမေးရတာလည်းအကြောင်းရှိပုံ ရလောက်ပါတယ်ဗျာ..ကျုပ်တို့ရဲ့ဘွားက ခုနှစ်ရက်သားသမီးတွေကိုကယ်တင်ပေးနေတဲ့သူပါဗျ…” လို့ဝင်ပြောတာ့မှဘိုးတော်ကြီးရဲ့အမူအရာက ပြောင်းလဲသွားသည်။ အဲ့သည်အချိန်ဘွားမယ်စိန်က… “ဒီအိမ်ကြီးကတစ်ခုခုဖြစ်ထားပုံရတယ်… မသန့်ရှင်းဘူး…အော်သံတွေ…ငြီးတွားသံတွေ… ...

တံစဉ်ကို ချွန်အောင်လို့ တံစဉ်းနဲ့တိုက်ပြီး သွေးနေတယ်ဗျ။ “အကိုကြီး၊ တံစဉ်တစ်လက်နဲ့ ဘာလုပ်မလို့လဲဗျ” “ရွာပြင်ထွက်ပြီးတော့ မြက်ရိတ်သွားမလို့ကွ” “ဗျာ၊ ဒီအချိန်ဆို ရိုးချောင်းဘေးမှာ မြက်တွေရှိချင်ရှိနေမှာဗျ၊ ဘာလို့တကူးတက မြက်သွားရိတ်နေမှာလဲ” “မင်းမသိသေးပါဘူးကွာ၊ ဒါနဲ့ မင်းလည်းငါနဲ့အတူတူလိုက်ခဲ့ပါလား အလတ်ကောင်ရ၊ ငါလည်းအဖော်ရတာပေါ့” “လိုက်တော့ လိုက်ချင်ပါတယ်အကိုကြီးရာ၊ ဒါပေမယ့် ဒီနွားကြီးကလည်း ရှိသေးတယ်မဟုတ်လား” အကိုကြီးက ခေါင်းခါပြီးတော့ “အဲဒါ မင်းစတဲ့ပြဿနာပဲ၊ မင်းအခု ဒီနွားကိုဘယ်ခေါ်သွားမယ်စိတ်ကူးလဲ” “ဘယ်ခေါ်သွားရမှာလဲဗျာ၊ သေစရာမယားမရှိတဲ့ ဦးဘသာအိမ်မှာပဲ ခဏသွားထားရမှာပေါ့ဗျ” “ဟာ၊ ဦးဘသာအိမ်ဆို လမ်းကြုံသားပဲ၊ မင်းသွားနှင့်် ငါပြီးတော့ ...