လာသည့်ကားလေးဟာ တစ်ဖြည်းဖြည်းနှင့်မြို့အစွန်ဘက်သို့ရောက်လာသည်။ထွက်လာကာစက မိုးလေးများကတစ်ဖွဲဖွဲသာရွာပေမယ့် မြို့စွန်ရောက်တော့မိုးဟာအတော်သည်းလာသည်။ မိုးသည်းလာသည်မို့ရှေ့မှမြင်ကွင်းများကိုသေချာမမြင်ရပေ။အနောက်ခန်းမှသားနဲ့သမီးကတော့ အိပ်ပျော်နေသည်။ တီ….တီ..ဝူး… “အမလေး!!…” လမ်းပြောင်းပြန်မောင်းလာသည့်ကားကြီးကြောင့် မြပန်းကားစီယာတိုင်ကိုလှည့်၍အမြန်ရှောင်လိုက်ရသည်။ကံကောင်းလို့မတိုက်မိခဲ့ပေမယ့် မြပန်းရဲ့ကားလေးကလမ်းတစ်ဖက်သို့ရောက်သွားကာလမ်းပြောင်းပြန်ဖြစ်သွားရသည်။ လမ်းပြောင်းပြန်အခြေနေမှ ကိုယ့်လမ်းကိုယ်ပြန်မောင်းရန် ကွေ့လိုက်ပေမယ့်လို့ရှေ့တည့်တည့်ဆီမှ ဘွားခနဲပေါ်လာသည့် ကားတစ်စီး…. “ကျွီ…….” အမလေး!… ကားဘရိတ်ဆွဲသံအရှည်ကြီးကြားပြီးနောက်ုမြပန်းရဲ့ကားလေးကိုအရှိန်ပြင်းပြင်းနှင့်အတိုက်ခံလိုက်ရသည်။ ဒုန်း….ဝုန်း… အား…. ကားလမ်းမထက်သို့နှစ်ပတ်လောက်လည်သွားပြီး မြပန်းမျက်နှာဟာ လမ်းမနှင့်ပွတ်တိုက်မိကာ အတော်ပင်နာကျင်သွားရသည်။ “မေမေ…အီးဟီးဟီး…” “အူဝဲ…အူဝဲ…အူဝဲ” သားနဲ့သမီးရဲ့ငိုသံဟာနားထဲကြားလိုက်ပေမယ့်ကားလမ်းမနဲ့ရိုက်ခက်မိတဲ့အရှိန်ဟာပြင်းထန်လွန်းလှတာမို့ အရာအားလုံးဟာအမှောင်ဖုံးလွှမ်းသွားရသည်။အသက်မဲ့နေသည့်အမျိုးသမီးတစ်ဦးရယ် အော်ဟစ်ငိုနေသည့်၃နှစ်အရွယ်ကောင်မလေးတစ်ယောက်ရယ် ဘာမှမသိရှာပဲအငိုရပ်သွားသည့်၇လအရွယ်ကလေးငယ်တစ်ဦးရယ်ဟာ သည်းထန်စွာရွာသွန်းနေသည့် မိုးရေထဲမှာမှောက်လျှက်ဖြစ်နေသည့်ကားပေါ်တွင်တည်ရှိလျှက်… >>>>> “ဂြိုလ်ဆိုးမ ကံဆိုးမ ဒါတွေအားလုံးဟာနင့်ကြောင့်ဖြစ်ရတာ နင်ကငါ့သားနဲ့ငါ့မိန်းမကိုသတ်လိုက်တဲ့ လူသတ်သမား သွားစမ်း ...

လည်ပင်းတွင်လည်းမြွေကြီးတစ်ကောင်ကို ပဝါသဖွယ်ပတ်ထားသေးသည်။ “မြွေပွေး မြွေဟောက် လက်ကောက်ဝတ်မယ်တဲ့ဟေ့” ဒေါ်ခင်မြိုင်ကြီး မြွေဆေးရောင်းလျှင် မကြည့်ချင်ကြသူဟူ၍မရှိ။ ကလေး လူကြီး အရွယ်သုံးပါးမရွေး စည်းဝိုင်းပတ်ပတ်လည်တွင် ငေးမောကြည့်ကြ မြဲ။ စည်းထိပ်တွင် အမေရေယဉ်ရုပ်ထုရှိပြီး ပွဲတစ်ပွဲထိုးထားသည်။ အမွှေးတိုင် များထိုးစိုက်ထားသောငှက်ပြောဖီး၏အလယ်မှ ကြွက်မြီးရှည်ရှည်နှင့်အုန်းသီးတစ်လုံးရှိ၏။ ထိုအုန်းသီးပေါ်တွင် “ပါဒိစိသေ” ဟူသော အက္ခရာလေးလုံးကို မီးသွေးဖြင့်လက်ယာရစ်ချထားသောအင်းတစ်ကွက်ရှိသည်။ ဒေါ်ခင်မြိုင်ရောင်းသောဆေးမှာ မြွေမကိုက်သောဆေးမဟုတ် မြွေကိုက်ခံရပါက အဆိပ်မတက်သောဆေး တစ်နည်းအားဖြင့်မြွေဆိပ်ဖြေဆေးဖြစ်သည်။ စည်းဝိုင်း၏အပြင်၌ မြွေထည့်သည့်ပခြုပ်အခွံကလေးများကို သားဖြစ်သူ “မြတ်စံထွန်း” နှင့် ဦးကြီးတင်မြိုင်တို့ ကပိုက်လျက်ရှိသည်။ ဒေါ်ခင်မြိုင်ကြီးယခုရောက်ရှိနေသော ပေပင်ကုန်းရွာသည် ထိုကဲ့သို့ပွဲမျိုးကိုတစ်ခါမျှ ...

သေနတ်ရယ်၊ နောက်ပြီး အဘိုးရဲ့လူယုံတွေရယ်ကို ကြောက်နေရတာနဲ့ မသတ်ရဘူးပေါ့ဗျာ၊ အချိန်တိုင်းတော့ သတ်ဖို့ကြံစည်နေခဲ့တာ။ ကပ်ရောဂါတွေဖြစ်ပြီး ရွာရွေ့ပြီးတော့ ရွာက မခိုင်မခန့်ဘူးပေါ့ဗျာ၊ အဲဒီအချိန်မှာ သူ့အဖေက အဘိုးကိုချောင်းမြောင်းပြီး လုပ်ကြံတော့တာပါပဲ၊ ဒါပေမယ့် သတိရှိတဲ့အဘိုးက သေနတ်နဲ့ပစ်သတ်လိုက်တော့ အဲဒီလူကြီး ဦးခေါင်းပွင့်ပြီး သေသွားပါရောဗျာ၊ အဘိုးက လူမမည် ကျန်ခဲ့တဲ့ ငတိုနဲ့ ငညိုတို့ကို သနားလို့ သူတို့အဖေပိုင်တဲ့ ကျန်ခဲ့တဲ့လယ်တွေကို ပိုက်ဆံပေးပြီး ဝယ်လိုက်တယ်ဗျ၊ ဒါပေမယ့် ရွာထဲမှာတော့ အဘိုးက လယ်တွေကိုလိုချင်လို့ တမင်သတ်ပစ်တယ်ဆိုပြီး သတင်းထွက်နေတာပေါ့။ အဲဒီအချိန်ကတည်းက ငတိုနဲ့ ငညိုက ...

ပြတ်နေတယ်။ဘယ်လိုပါလိမ့်” ယင်းသို့တွေးမိပေမင့် မေးရမှာအားနာမိသောကြောင့် မမေးဖြစ်လိုက်ပါချေ။ သို့ဖြင့် ညနေစောင်းအချိန်သို့ရောက်တော့ ကျွန်တော်လည်း ပျင်းပျင်းရှိသည်မို့ မနက်က ထိုင်ခဲ့သည့် ဘူတာမှလက်ဖက်ရည်ဆိုင်သို့ထွက်လာခဲ့ပါသည်။ ဆိုင်ရှင်ကလည်း ကျွန်တော့်ကိုမြင်မြင်ချင်းမှတ်မိသွားပါသည်။ “သြော် အစ်ကို ဟိုလူ့အိမ်မှာလိုက်တည်းရတာအဆင်ပြေလား” “အင်း ပြေပါတယ်။ဒါနဲ့အဲဒီအိမ်က သူ့ဦးလေးဆိုတဲ့သူရော၊သူတို့မွေးထားတဲ့ခွေးလေးကပါ ခြေထောက်ကိုယ်စီပြတ်နေတယ်။အဲဒါတော်တော်ထူးနေတယ်” ကျွန်တော်သိချင်သည့်ကိစ္စကိုအဖြေသိရလို သိရငြား ထိုသို့ပြောကြည့်တော့ ဆိုင်ရှင်က အောက်ပါအတိုင်းပြန်လည်ပြောပြပါသည်။ “ဒီလိုဗျ။အဲဒီဦးလေးနာမည်က ဦးလှမြင့်တဲ့။အရင်တုန်းက သူက ရထားတွဲတွေပေါ်ဈေးလိုက်ရောင်းတဲ့ရထားဈေးသည်ပေါ့ဗျာ။လွန်ခဲ့တဲ့သုံးနှစ်လောက်က သူရထားပေါ်ဈေးရောင်းထွက်ခါနီး ညနေဈေးရောင်းက ပြန်လာရင်စားဖို့ဆိုပြီး ကြက်သားဟင်းချက်ထားခဲ့တယ်။ ဒီလိုနဲ့ ညနေဈေးရောင်းက ပြန်လာတော့ ထုံးစံအတိုင်း ဘူတာဘေးနားကဆိုင်မှာ အရက်ဝင်သောက်တယ်။အဲဒီနေ့က အဖော်လည်းစုံသွားတော့ ...

မေးမြန်းလုပ်ကိုင်ပေးလို့ရလာတဲ့ ထမင်းထုပ်လေးကိုယူလို့ အမေ့ဆီ အပြေးပြန်ပီး ကျွေးရတာဗျ။ အဲဒီလိုကျွေးမွေးပီးပီဆိုတော့မှ ရွာထိပ်က ကိုသိန်းမောင်ရဲ့ အရက်ပုန်း ဆိုင်ကို သွားပီး ကူညီလုပ်ကိုင်ပေးရင်း ကျုပ်ကြိုက်တဲ့ အရက်ကို အဝ သောက်ရတော့တာဗျို့။ တစ်ခါတစ်လေ ရွာထဲမှာ လုပ်စရာအလုပ်မရှိ ရင် ချောင်းထဲသွား… ငါးရှာ/ဖားရှာနဲ့ပဲ ဒီအမေအိုကို ကျွေးမွေးစောင့် ရှောက်နေရတာပေါ့ဗျာ။ ဒါတွေက နိစ္စဒူဝ ကျုပ် ကျင်လည်လုပ်ကိုင်နေရတဲ့ သမရိုးကျ လုပ်ရိုး လုပ်စဉ်တွေပေါ့။ ကျုပ်လည်း အရက်ကို တစ်ရက်မှ အသောက်မပျက်ခဲ့သလို… အမေအိုကြီးလည်း တစ်နေ့မှ ထမင်းမစားရတဲ့နေ့ မရှိစေခဲ့ ...

သည် …့ “နောက်တရက်ရဲများနှင့်ရပ်ကွက်လူကြီးများစုကာ သေသူများရဲ့ခေါင်းအုံးမျှောကာအလောင်းရှာပွဲကျင်းပတော့ ကမ်းလုံးညွတ်များလူများပြည့်နေလေသည် … ကိုယ်တို့လဲကျောင်းကဆရာမများနှင့်လိုက်ကာသွားကြည့်လေသည် … ် “ဖြူဖြူတို့သားအဖရေထဲဆင်းသွားသောနေရာတွင်ဌက်ပျောပွဲအုန်းပွဲနှင့် တတ်သိနားလည်သူများမှတင်မြှောက်၍ဖြူဖြူတို့သားအဖအလောင်းအားနေရာပြရန်ပြောနေသည်ကိုက ဝမ်းနဲစရာအလွန်ကောင်းလေသည် ……့ “ပြောဆိုပြီးမှဖြူဖြူတို့သားအဖအိပ်သောခေါင်းအုံးနှစ်လုံးအားရေထဲသို့မျောလိုက်လေသည် … ဖြူဖြူ့အဖေခေါင်းအုံးသည်ရေလယ်တွင်တဝဲဝဲတလည်လေည်နှင့်လည်နေကာ ဖြူဖြူရဲ့ခေါင်းအုံးလေးသည်ရေစီးနှင့်မျောပါသွားရာဆရာမများနှင့်ကျောင်းသူကျောင်းသားများငိုကြလေသည်… “ကိုယ်တို့ကလေးတွေလဲခေါင်းအုံးမျောပွဲကြည့်ကာဖြူဖြူအတွက်စိတ်မကောင်းပေ့ “လာကြည့်သောလူအုပ်ကြီးလဲမျက်ရည်မဆည်နိုင်ကြပေ … “ထူးဆန်းသည်က မျက်ရည်လုံးဝမကျသောဖြူဖြူ့အမေဖြစ်သည်ဖြူဖြူအဖေရေးပေးခဲ့သော သေတန်းစာနှင့်ကွာရှင်းစာချုပ်တွင်လက်မှတ်ထိုးပေးခဲ့သောဖြူဖြူ့အဖေရဲ့မေတ္တတရားနှင့် ကိုယ်ရင်နှင့်လွယ်မွေးခဲ့သောသမီးကလေးကိုပင်သံယောစဉ်ပြတ်နိုင်သောကြောင့်ဒေါသထွက်ကာ တယောက်တပေါက်ပြောနေသောလူအုပ်ကြီးကိုရဲနှင့်ရပ်ကွက်လူကြီးများကတားနေရလေသည် …့ “နောက်တနေ့မနက်မှာတော့ဖြူဖြူအဖေအလောင်းသည်ကမ်းစပ်တွင်ပုတ်ပွ၍ပေါ်လာကာ ဖြူဖြူ့အလောင်းကိုတော့မတွေ့ရပေနောက်၃ရက်၄ရက်လောက်မှာတော့ချောင်းဟိုဘက်ကမ်းတွင် ကလေးအလောင်းတလောင်းတွေ့သည်ဟုသတင်းကြားလေသည် … ၇ရက်လည်တဲ့နေ့မှာတော့ဖြူဖြူတို့နာရေးအိမ်သို့ရပ်ကွက်ကလူများက ဖြူဖြူ့အမေကိုမုန်းသောကြောင့်ဘယ်သူမှမသွားဖြူဖြူ့အဖေရုံးက မိတ်ဆွေအနည်းငယ်နှင့်ဖြူဖြူကျောင်းမှဆရာဆရာမများနှင့်ကျောင်သူကျောင်းသားများသာသွားကြလေသည် ……့ ဖြူဖြူဆုံးပြီးကိုယ်တို့ကလေးတသိုက်ညဘက်ဖြူဖြူတို့အိမ်နားကမုန့်ဆိုင်တွင် ်မုန့်သွားဝယ်စားရာအိမ်ပေါက်ဝတွင်ရပ်နေသောဖြူဖြူ့အားတွေ့ကြရာ ငယ်သံပါအောင်အော်၍ပြေးကြလေသည့် ရပ်ကွက်ထဲကလူများကလဲဖြူဖြူတို့သားအဖကို ိုဟိုနားတွေ့လိုက်ဒီနားတွေ့လိုက်ဖြင့်မကြာခဏတွေ့ကြရာစိတ်မကောင်းဖြစ်နေကြလေသည် … ...

ကိုမမြင်ဘူးလား” “ဟ အလွတ်ကြီးလေဗျာ ခင်ဗျားနဲ့အဝေးကြီးထိတောင်မထိပဲနဲ့ အသားလွတ်လာကောနေတယ်” “အံမယ် အံမယ် မနေ့တစ်နေ့ကမှ ဆိုင်ကယ်စီးနိုင်တဲ့ကောင်ကများ မာရေကျောရေနဲ့ ထိရဲထိကြည့် တိုက်ရဲတိုက်ကြည့်လိုက်လေ သီတာ အကြောင်းသိသွားမယ် ဟင်းဟင်း” “အမေ ဘာဖြစ်တာလဲ” ဒေါ်သီတာသမီးမကြည်ပြာ အိမ်ထဲမှထွက်လာပြီးမေးလိုက်ခြင်း ဖြစ်သည်။ “ဘာဖြစ်ရမလဲ သမီးရယ် မနေ့တစ်နေ့ကမှ ဆိုင်ကယ်စီးနိုင်တဲ့ လူတွေပေါ့အေ၊ဆိုင်ကယ်ကိုမိုးမမြင် လေမမြင်မောင်းလို့ အမေကပြောနေရတာ” “ဘာမိုးမမြင်လေမမြင်လဲဗျ ခင်ဗျားအသားကိုထိတောင်ထိမိတာ မဟုတ်ဘူး။ လူကြီးဖြစ်ပြီးစကားကို လူကြီးပီပီသသ ပြောစမ်းပါ ဒေါ်သီတာရာ” “အံမယ် နင်ကငါ့အမေကိုများ လူကြီးမပီသဘူးလေးဘာလေးနဲ့ နင်ကဘာစောက်ဆင့်ရှိလို့လဲ အကောင်ရဲ့ နင့်လိုဆိုင်ကယ်အစုတ်ကို ...

မိန်းမဆန်လိုက်တာလို့ အပြောခံရမှာစိုးလို့သာ အောင့်အည်းနေရတာ ။ လုံးလုံး မျက်နှာကြော မတည့်ဘူး ။ ဒါတောင် … ဒင်းက ‘ ကိုကြီး …သမီး အခန်းက မီးလုံး ဘာဖြစ်မှန်း မသိဘူး ကြည့်ပေးပါဦး ‘ တို့။ ‘ ကိုကြီးရေ … ဒီနေ့ သမီး ဝက်စအုကြော် ကြော်ထားတယ် ။ ခဏနေ ပူပူလေး လာစားလိုက်နော် ‘ နဲ့ ။ သူနဲ့ ကျနော်ပဲ တရင်းတနှီး ရှိနေသလိုလို လာခေါ်နေသေးတယ်။ ...

ဘူး။အဲဒါတွေကြောင့်လည်း မိထားရီက ကျုပ်ကို ချစ်တာ ဗျ။ မိန်းမလိုက်စားဖို့ ဝါသနာပါရင်ကျုပ်ထောင်ကျတာ ကြာလှပေါ့ဗျာ။ ခင်ဗျားတို့ပဲ စဉ်းစားကြည့်လေ၊သူများတွေအိပ်ကောင်းတဲ့အချိန်မှာကျုပ်က ဝင်ခိုးရတာ။တစ်ခါ တလေကျုပ်ဝင်ခိုးရတဲ့အိမ်ကမိန်းမတွေများအိပ်နေလိုက်ကြတာဗျာ။ ဖင်ပေါ်ခေါင်း ပါနဲ့ ကိုယ့်အိမ်ကိုယ်ရာဆိုတော့လွတ်လွတ်လပ်လပ်အိပ်ကြတာနေမှာပေါ့။ ကျုပ် လိုချင်တာက ထမင်းစားဖို့ဖန်တီးနိုင်တဲ့ငွေလေးကျုပ်က သူခိုးအလုပ်သာလုပ်တာ၊ ဒုသနသောအဖြစ်မခံနိုင်ဘူး။ ပုဒ်မ ၃၇၆တော့ ကြောက်တယ်။ ဒီလိုကိစ္စမျိုးဆိုရင် ဝေါင်ဝေါင်ရှေးပဲဗျို့။ ဝါသနာပါလို့ကတော့ မုဒိမ်းမှုရော၊ ခိုးမှုရော၊ ပုဒ်မနှစ်ခုနဲ့ ထောင်နန်းစံရမှာ မြေကြီးလက်ခတ်မလွဲပေါ့ဗျာ။ အဲ-ကြုံတုန်းကြွားလိုက်ဦးမယ်။ ကျပ်ခိုးစားလာတဲ့ ကာလအပိုင်းအခြားအတွင်းမှာတစ်ခါမှ အဖမ်းမခံရဖူးဘူးဗျ။ ဘာဖြစ်လို့လည်းဆို တော့ ခိုးလို့ရသမျှ သိုသိုသိပ်သိပ်ပဲ သုံးစွဲတာကိုး။ ...

တဘက်ကိုမောင်အုန်းက ငြင်းဆန်လိုက်သည်။ ထဘက်အားဘွားမယ်စိန်က နံဘေးတွင်ထိုင်နေသောသမီးဖြစ်သူဒေါ်ဝင်းဆီပြန်ပေးပြီး သည်နှင့် မောင်အုန်းပြောမည့်အကြောင်းအရာအား နားထောင်နေလိုက်တော့သည်။ “သူကြီးအိမ်မှာ ဧည့်သည်တွေရောက်နေတယ်ဘွား…။အခုကျုပ်ကိုလွှတ်လိုက်တာကလည်း အဲ့ဧည့်သည်တွေကိစ္စပဲဗျ” “ဘယ်ကဧည့်သည်လည်းမောင်အုန်း” “သူကြီးနဲ့ဆွေမကင်းမျိုးမကင်းထဲကပဲဗျ…။မြို့ကလို့တော့ပြောတယ်..ပိုက်ဆံတော့ရှိမယ့်ပုံပဲ” “အမ်း…။အခုလာတာကဘာကြောင့်လဲ” “အဲ့ဧည့်သည်တွေရဲ့သမီးကအရမ်းချော အရမ်းလှတယ်ဗျ…။ရယ်လိုက်ရင်ကို သွားတက်လေးနဲ့…ဟီး… ကျုပ်ဖြင့်ကြည့်တောင်မဝဘူးဗျာ” “ဒေါက်…” “အမလေးဗျ…။အား…လား…လား…နာလိုက်တာဗျာ” ဘွားမယ်စိန် ပြောင်စပ်စပ်မျက်နှာပေးဖြစ်နေသော မောင်အုန်း၏ခေါင်းအား ရေနွေးကြမ်းပန်းကန်လုံးဖြင့်အသာထု့လိုက်လေတော့ မောင်အုန်းခမျာ မျက်နှာကြီးရှုံ့ကာမဲ့ကာဖြစ်သွားရလေသည်။ ဘွားမယ်စိန် နှင့် မောင်အုန်း၏အဖြစ်ကိုဒေါ်ဝင်းကြည့်ရင်း တဟားဟားရယ်မောလို့နေလေ၏။ “ကဲ…လာရင်းကိစ္စပဲပြော…။ဘယ့်နဲ့မဟုတ်တာပတ်ပြောနေရင် မောင်ရင်အအေးမိပြီး နောက်ရက်အလောင်းပြင်နေရတော့မယ်” “အာ…ဘွားကလည်း….ကျုပ်ပြောပါ့မယ်ဗျ။ ဒီလိုဘွားရဲ့အဲ့ဧည့်သည်တွေရဲ့သမီးလေးက ပြောရရင်အသက်နှစ်ဆယ်ကျော်လေး…။အယ်..အဲ့ကလေးမလေးက တစ်ခါတစ်လေကျရင် အမူအရာတွေကပြောင်းတယ်ဗျ…” “ဘယ်လိုပြောင်းတာလဲ….သေချာပြောစမ်းဘွားကို” “ဟုတ်ဘွား…။သူ့မိဘတွေပြောတာတော့…တစ်ခါတစ်လေငိုနေတယ်…။တစ်ခါတစ်လေကျပြန်တော့ရယ်နေပြန်ကောတဲ့…အယ်..နောက်တစ်ခါတစ်လေကျပြန်တော့ ဒေါသတွေထွက်နေပြန်ရောတဲ့ ...