တို့အားစောင့်နေကြသော ရွာသားတွေမှ… “လာငါညီတို့…ဒီဝိုင်းပြီးရင်တခြားဝိုင်းပြောင်းကြမယ်… ဟိုသရက်ပင်အောက်မှာအစ်ကိုဝိုင်းတည်ထားတယ်ကွ” ရွာသားတွေနောက်မှမောင်တိုးတို့လိုက်ကြသည်။ ရွာသားတွေကသူတို့နှစ်ယောက်ကို အတော်ခင်နေကြပုံရ၏။ အရိပ်ရသောသရက်ပင်အောက်၌ လူထိုင်လို့ရစေရန် ဖျာကြမ်းများခင်းထားပြီး စားပွဲဝိုင်းတစ်ဝိုင်းလည်း ချထားပေလေသည်။ ထိုနေရာမှ မင်္ဂလာဆောင် မဏ္ဍပ်ကိုလည်းမြင်နေရသည်။ “ထိုင်ကြကွ…” မောင်တိုးတို့လည်းရွာသားတွေနှင့်ဝိုင်းဖွဲ့ကာထိုင်လိုက်သည်။ ရွာသားတစ်ဦးမှ ထန်းလျက်အရက်များကိုငှဲ့ပေးရင်း… “ငါ့ညီတို့ကသောင်ထွန်းရွာကဘွားမယ်စိန်ဆိုတဲ့အမေကြီး နောက်ကိုလိုက်နေကြတာမဟုတ်လား” “ဟုတ်ပါတယ်…ဘာလို့လဲဗျ” “သြော်…ဘာမှမဟုတ်ပါဘူးကွာ… အမေကြီးကသိပ်စွမ်းတာလို့ကြာဖူးတယ်… အမေကြီးနောက်လိုက်ရင်းကြုံခဲ့ရတာလေးတွေ ပြောပြကြပါလားကွာ… အစ်ကိုတို့လည်းကြားဖူးသွားတာပေါ့” “ကိုမောင်ချိုတို့ကတော့စကားပြောတော်ချက်ဗျို့… ဟုတ်တယ်ကွငါတို့လည်းသိချင်နေတာ… ပြောပြလို့ရရင်ပြောပြပါလားကွာ…” ရွာသားတွေကသိချင်နေကြ၍ မောင်တိုးနဲ့မောင်အုန်းလည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကြသည်။ ပြီးလေမှ… “ကဲပါမောင်တိုးရာ…မင်းပြောပြလိုက်စမ်းပါ” ဟုမောင်အုန်းကပြောလေမှ မောင်တိုးလည်းခေါင်းကို ညိတ်ပြီး… “သိချင်တယ်ဆိုတော့လည်းပြောပြရတာပေါ့ဗျာ…” ဟုပြောလေတော့ရွာသားတွေကဝမ်းသာသွားကြသည်။ ...
ရှင့်ကိုလှမ်းပြောလိုက်မယ်လေ” “အင်း…ကောင်းပါပြီ ကျုပ်ဆက်ဆက်လာခဲ့ပါ့မယ်ဗျာ” “အမေ ဟိုဘက်အိမ်က ဝန်းထရံအသစ်ခတ်မလို့လား” ဒေါ်မိတင်၏သမီးကြီးမပွင့်ခိုင်က မေးလိုက်ခြင်းဖြစ်သည်။ “ဟုတ်တယ်လေ သမီးရဲ့ ဘာဖြစ်လို့လဲ” “ကောင်းတယ်ကောင်းတယ် ဒါမှသူတို့မျက်နှာမမြင်ရမှာ အုတ်တံတိုင်းခတ်လိုက်ရင်ပိုကောင်းသား” “သမီးရယ်ပြောမနေပါနဲ့ ထားလိုက္ပါ သူတို့ဟာသူတို့ ဘာပဲလုပ်လုပ်ကိုယ့်ကိစ္စမဟုတ်ဘူး။ ဒေါ်မိတင်ကသမီးဖြစ်သူအား ငေါက်လိုက်လေသည်။ မပွင့်ခိုင်လည်းမိခင်ဖြစ်သူအားဘာမှပြန်မပြော ပဲအသာငြိမ်နေလိုက်တော့သည်။ ၁ပတ်ခန့်ကြာတော့ ဒေါ်ခင်ဖြူတို့မှအလုပ်သမားများငှားကာ ဝန်းထရံခတ်ကြလေသည်။ “ဟုတ်ပြီ ရှေ့နည်းနည်းတိုးလိုက်ဦး အေး အေး နည်းနည်းတိုးလိုက်” “တိုးလို့မရတော့ဘူး မခင်ဖြူ သူများဘက်ရောက်နေပြီဗျ” “ဟာမရောက်ပါဘူး ဒါကျွန်မမြေလေ ကျွန်မဘက်ပါတယ်ရှင့်” “ဒီမှာဒေါ်ခင်ဖြူ ရှင်လူကြီးတန်ပဲ မတရားမလုပ်ချင်ပါနဲ့။ ဒီမှာဒီသစ်ပင်ကကျွန်မတို့စိုက်ထားတာလေ ...
မုဆိုးပေါ့ ” ” သူ့ကိုခေါ်ပေးလို့ရနိုင်မလား” ” ခနစောင့်ပါ ကျုပ်လူခေါ်လွှတ်လိုက်ပါမယ် ဒီပိုက်ဆံပေးတာမို့လို့တော့မဟုတ်ပါဘူး အရင်တုန်းကလည်း ဆ၀ံတောင်ကိုသွားတဲ့ အဖွဲ့တွေရောက်လာခဲ့ကြတာ အသွားပဲရှိပြီး အပြန်မရှိတော့ အန္တရာယ်တွေ အတော်များတယ် ဖြစ်နိုင်ရင် လူကြီးမင်းတို့ကို မသွားစေချင်ဘူး” ” ရပါတယ် ကျုပ်မှာ ကျွမ်းကျင်လက်နက်ကိုင်တပ်သားတွေပါတယ်လေ ” ” အိန်း…….. ငွေခင်ရေ လူသိန်းမောင်ကို မုဆိုးကြီးတာရာကို သွားခေါ်ခိုင်းလိုက်ပါအုံး” ” အင်း” ဒေါ်ငွေခင်မှာ နေရာမှထသွားပြီး ခြံချင်းကပ်လျက်ရှိတဲ့ လူသိန်းမောင်ကိုခေါ်ကာ မုဆိုးတာရာအား အခေါ်လွှတ်လိုက်ရသည် ” ခုနေလည်းအတော်စောင်းနေပြီဆိုတော့ ကျုပ်အိမ်မှာ ...
အမြဲတမ်းတလေ့ရှိကြပါသည်။ မေ့ဆေးဆရာဝန်မလေး ချိုရယ်၊ ကျွန်မ၏ လက်ထောက်ဆရာဝန်မလေး အေးသီတာရယ်က အမြဲ တွဲလေ့ရှိသည့် အတွဲများဖြစ်သည်။ ထိုညကတော့ အရေးပေါ်ခွဲစိတ်သားဖွားခန်းထဲသို့ရောက်နေသည့် အေးသီတာ၏နေရာမှာ ရှင့်ကိုကျွန်မရွေးလိုက်ရသည်။ ကိုဘုန်းသက်နိုင်ဟူသော လူတစ်ယောက်ကို ကျွန်မ၏မျက်စိရှေ့အောက်မှာ ခဏခဏမြင်တွေ့ နေခဲ့ရသော်လည်း တစ်ခါမှအတူတွဲပြီး အလုပ်မလုပ်ဘူးခဲ့။ နောက်ဆုံးနှစ် အပိုင်း(ခ)ကို သားဖွားမီးယပ်ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သူ၊ ပထမနှစ် အမ်အက်စ်စီကျောင်းသားလေး ဘုန်းသက်နိုင်သည် ခွဲစိတ်ခန်းထဲမှာ ပါးနပ်မြန်ဆန်သည့် လက်ထောက်ခွဲစိတ်ဆရာဝန်တစ်ဦး ဖြစ်နေခဲ့သည်။ ထိုညက ကျွန်မမျက်ရည်ကျခဲ့မိသည့်အဖြစ်ကို ပြန်စဉ်းစားတိုင်း နည်းနည်းတော့ အံ့သြမိ၏။ ကျွန်မ Ovarin Tumour တွေကို ခွဲစိတ်ခဲ့ဖူးလှသည်။ ...
။ နေုက်ပိုင်း တွင် မေမေနှင့် ဖေဖေသည် လူရှေ့ထွက်ပြရသည့်ပွဲများတွင်သာ အတူရှိကြ၍ အိမ်တွင် အတူမရှိကြတော့ပေ ။ ” ဘာ ရှင် ပြောလိုက်တယ် ” မနက် ကျွန်မ အိပ်ရာ နိုးနိုးချင်း အိမ်အောက်ထပ်ကနေ မေမေ့အသံကို ကြားလိုက်ရသည် ။ ကျွန်မသွားကြည့်တော့ ဖေဖေ ရောက်နေသည် ။ ” ဟုတ်တယ် ငါ နောက် မိန်းမ ယူတော့မယ် ” မေမေသည် ဖေဖေ့ကို ဆောင့်တွန်းပစ်၏။ ” ရှင် ဘာစကားပြောတာလဲ ...
အပင်ပေါ်ပြုတ်ကျလို့သေပြီး.ဟဲ့ .” “ရှင်”. နားထဲကြားလိုက်ရတဲ့ စကားကြောင့် ကိုယ်နား ကိုယ့်တောင် မယုံသင်္ကာဖြစ်မိလိုက်သည်။ ညနေ့ခင်း စိုက်ခင်းကအပြန် ဖိုးချစ်နှင့်အတူ ရွာထဲကလေး၂ယောက်အပါအဝင် အပင်ပေါ်ဆော့ ကစားနေကြတဲ့ မြင်ကွင်းကြောင့် သူမလည်း စိုးရိမ်းတွေဖြင့် ပြောခဲ့မိခြင်းပင်ဖြစ်သည်။ “ဟဲ့ …ဟဲ့.ကလေးတွေ .ဆော့စရာဒီလောက် ရှားရသလား.. .အပင်ပေါ်.တတ်ဆော့.ရတယ်လို့ကွယ်…ဆင်း.ခဲ့.မြန်မြန် တော်ကြာပြုတ်ကျသေတော့ မှာပဲ” ခင်လေးဖြူ စကားက ဆော့ကစားနေတဲ့.ကလေးတွေ. အစ အဖက်မလုပ်ကြပေ။ “ဟာ..ဒီစုန်းမကြီး ကွ ကိုယ်ဟာကိုယ်ဆော့တာ ဘာဖြစ်လဲ ” သူမအား ရိုင်းပျစွာဆံဆက်လိုက်လေသည်။ စေတနာနဲ့ ပြောဆိုဆုံးမသော်လဲ မိမိစကားအား ...
ဆွမ်းအလှည့်ကျ၍ ဆွမ်းချိုင့်လာပို့သည်ကို ကောင်းကောင်းမလာ အိမ်ဝမှနေ၍ မသိလျှင် ဒေါ်မြကျင်ကပင် သူအား နောက်ပိုးကြိုက်နေသည်ဖြစ်အောင် ပြောဆိုနေခြင်းဖြစ်သည်။ ဒေါ်မြကျင်နှင့်ဦးတင်တို့ကလည်း ပျော်တတ်သူများ ဖြစ်၍ စိတ်မဆိုး။ငပုတင်က ဒေါ်မြကျင်အား အမြဲသမီးရည်းစားလို စနောက်နေသူဖြစ်သည်။ “ဒေါ်မြကျင် မနက်ဆွမ်းဟင်းကောင်းကောင်းချက်နော် အခုတော့ ဆေးလိပ်တစ်လိပ်လောက် ပေးသောက်ပါဦး” “အင်း သည်အိမ်ရောက်ရင် ဗိုက်ထဲတစ်ခုခု မထည့်ရရင် မပြန်တဲ့ကောင် တစ်ခုခုမှ မရရင် ရေဖြစ်ဖြစ် သောက်သွားရမှ” “ဟဲဟဲဦးလေးတင်ဒို့ အစ်မမြင်ကျင်တို့လို သဒ်ဓါတရားကောငျးတဲ့ လင်မယား နောက်ကို သည့်ထက်ပိုပြီး ချမ်းသာအုံးမှာ” “အောင်ဝင်း” “ဗျာ’ “ဆေးလိပ်ခွက်ထဲက ...
သူငယ်ချင်းနှစ်ယောက်ပါ ကျွန်မကိုအထူးအဆန်းနဲ့ဝိုင်းကြည့်တယ်။ “မဟုတ်ပါဘူးဆွေဆွေရယ်၊ ငါတို့ဘယ်သူကိုမှမတွေ့လိုက်ပါဘူး” ကျွန်မတို့အကုန် ရွာဝင်လမ်းကိုပြေးကြည့်ကြတယ်၊ ရွာဝင်လမ်းကြီးကဖြောင့်ဖြူးနေပေမယ့် လမ်းလျှောက်နေတဲ့လူတစ်ယောက်မှ မတွေ့ရဘူး၊ ကျွန်မလည်း အရမ်းထူးဆန်းနေတာပေါ့” နောက်တော့ ကျွန်မတို့ဆက်ပြီးဆော့နေကြတယ်၊ မကြာပါဘူး အဲဒီလူကြီးနဲ့ ဦးလေးဖိုးကွန်းနဲ့ရွာပြင်ကိုထွက်လာကြတယ်၊ ကျွန်မလည်း ဝမ်းသာအားရနဲ့ အမကြီးတို့ကိုလက်တို့ပြီးတော့ လက်ညှိုးထိုးပြလိုက်တယ်။ ဒါပေမယ့် ကျွန်မလက်ညှိုးထိုးတော့ အဲဒီလူကြီးရော ဦးလေးဖိုးကွန်းပါ ပျောက်ခြင်းမလှပျောက်သွားတယ်။ “ဘာတုန်းအငယ်မရဲ့” ကျွန်မဘာမှပြန်မပြောနိုင်တော့ဘူး၊ ကျွန်မစိတ်တွေခြောက်ချားလာခဲ့တယ်၊ ဦးလေးဖိုးကွန်းကို ကျွန်မသေချာသိတောပေါ့။ သူက ကျွန်မတို့နဲ့ ဆွေမျိုးမကင်းတော်တယ်၊ ရိုးမထဲအလုပ်သွားလုပ်ရင်း ငှက်ဖျားမိလာလို့ ငှက်ဖျားတက်ချိန်ဆို စောင်ကြီးခြုံပြီးနေရတတ်တယ်လေ။ အခုလည်း သူတို့နှစ်ယောက်ကို တစ်ချက်ရိပ်ခနဲတွေ့လိုက်ရပြီး ...
လည်း မိမိ၏ငွေကြေးများကိုပါ ဝင်ရောက်စွက်ဖက်နေတော့သည်မို့မောင်ဌေးလွင်ပို၍ စိတ်ရှပ်ထွေးနေရသည်။ မဒေစီသည် လောင်းကစားကိုအကြီးအကျယ်ဆော့၏။ မိမိဆီမှ ငွေတောင်းတိုင်း မဒေစီကို မောင်ဌေးလွင်မငြင်းဆန်ဘဲ အမြဲထုတ်ပေးတတ်သည်။ ပြန်၍စဉ်းစားကာမှ မောင်ဌေးလွင် စိတ်ညစ်ရ၏။ “ဒေစီ…မင်းဘာလို့ဒီလောက်လောင်းကစားတွေ လုပ်နေရတာလဲကွာ…” ဟု…မေးသောအခါ မဒေစီသည် မဲ့ပြုံးတစ်ချက်ဖြင့်…. “မောင်ကဒေစီကိုအပျော်မယားအနေနဲ့ပဲထားတာမလား… မောင့်မယားကြီးကိုတော့စံအိမ်ထဲမှာပိုးမွေးသလိုမွေးထားတော့ ဒေစီမှာလည်းပျော်စရာဆိုလို့ဒီလောင်းကစားပဲရှိတော့တာလေ…ဒါဒေစီအပြစ်လားမောင်…ပြောစမ်းပါဦးမောင်ရဲ့… ဒေစီရဲ့အပြစ်လားလို့” “ဟာကွာ…တောက်…..” မောင်ဌေးလွင်မိမိကိုယ်ကိုသာ စိတ်ဆိုးမိတော့၏။ တစ်ရက်၌ ဒေစီသည်… “မောင်…ဒေစီမေးနေကြဆရာက မောင့်မှာအသက်အန္တရာယ်ရှိတယ်လို့ပြောနေတယ်…အဲ့တာဒေစီစိုးရိမ်လို့ ယတြာချေ ဖို့မေးတော့ ဆရာက ဟောသည်အမှုန့်လေးတွေကို မောင်တို့လင်မယားအိပ်တဲ့အခင်းအောက်မှာဖြူးပါတဲ့မောင်… ဒေစီလေ မောင့်အတွက်စိုးရိမ်တယ်မောင်ရယ်… ဒါကြောင့်ဒေစီပြောတာလေးမောင်လုပ်ပေးပါနော်… နော်လို့မောင်…” “အင်းးးးး….ကောင်းပါပြီ ...
သောင်ထွန်းရွာရှိ ဘွားမယ်စိန်၏ထံပါးသို့ရောက်ရှိလာခဲ့သော်လည်း မိမိနှင့်မသက်ဆိုင်သည်မို့ ချိုသည် ခါးသည် ဘွားမယ်စိန်မပြောခဲ့ပေ။ ထိုသို့နေရင်းဖြင့် တစ်ရက်၌ ဘွားမယ်စိန်ထံသို့ ရွာ၏ ကာလသားခေါင်းဆောင်မောင်အုန်းနှင့် မောင်တိုး တို့နှစ်ယောက် ရောက်ရှိလာခဲ့ကြသည်။ “ကျုပ်တို့က ဘွား ဘုန်းကြီးကျောင်းဆီကို သွားများနေသလားလို့ …တော်သေးတာပေါ့ဗျာ အိမ်မှာရှိနေလို့ မဟုတ်ရင်ကျောင်းဆီကို ကျုပ်တို့လိုက်လာခဲ့ကြမလို့” မောင်အုန်းသည်စကားပြောရင်း ဘွားမယ်စိန်ထိုင်နေသော ကွပ်ပျစ်၌ဝင်၍ထိုင်လေသည်။ နောက်ပါးမှလိုက်လာသော မောင်တိုးသည်လည်း ကွပ်ပျစ်ခင်းသို့ဝင်ကာထိုင်၏။ ဘွားမယ်စိန်က သူတို့နှစ်ယောက်အားကြည့်၍… “အေး…ဘွား အစောကမှကျောင်းကပြန်ရောက်တယ်လေ… သီလယူပြီးပြန်လာတာပေါ့မောင်ရင်ရဲ့… နေပါဦး မောင်ရင်တို့ကဘာအကြောင်းများထူးကြလို့တုန်းကွဲ့” ဘွားမယ်စိန်အမေးအား မောင်အုန်းက… “ဆရာသာဝအကြောင်းဘွားကြားတယ်မို့လားဗျ” “ဆရာသာဝဆိုတာ အခုနာမည်ကြီးနေတဲ့ ...