တဖြည်းဖြည်းနှင့် လူသူကင်းမဲ့လာပြီးလျှင် ဗိုလ်တဲစောင့်ကြီး မိသားစုသာ ထားရှိခဲ့သည်။ သေဆုံးသွားသော အရေးပိုင်ကတော် မေရီဝှိုက်အား အစွဲပြု၍ နောင်ကြာသော် ထိုကွင်းပြင်ရိုင်းကြီးကို ဘိုကတော်ကြီးကွင်းဟု ခေါ် ဆိုခဲ့ကြလေသည်။ မျက်နှာချင်းဆိုင်တွင် ရှိနေသော ဇင်းဘောင်ကျွန်းကြီးက တစ်မျှော်တစ်ခေါ် အဝန်းအဝိုင်းက ကြီးလှသည်။ ပင်လယ်ရေငန်ပေါက်ရောက်သော ဒီရေ တောများကြောင့် လမု၊ လမဲ့၊ ကမ္ဗလာ၊ ဗြူး၊ မဒမ၊ ညောင်မုတ်ဆိတ်၊ ကနစို၊ ဗျိုက်တော၊ ချုံနွယ်များ၊ ကျူပင်၊ ကိုင်းပင်ရိုင်းများနှင့် ငရဲငုတ်တိုများနှင့် တော ပြွမ်းနေသဖြင့် သားရဲတိရစ္ဆာန်များ ကျက်စားရာနယ်မြေကြီးတစ်ခုသဖွယ် ဖြစ်နေ၏။ ...

ကြောင်း တွေးနေခြင်းဖြစ်သည်။ “အဖေ့ … မနေ့ညနေက အပြန် ချောင်းစပ်က လက်ပံပင်မှာ ချိုးနီပုတစ်အုပ် တွန်သံ ညံနေတာပဲအဖေရာ” နောက်မှလိုက်နေသော သံခဲက သူတွေ့ခဲ့သော ချိုးနီပုတစ်အုပ်အကြောင်း အားတက်သရော ပြော သံကြောင့် ကိုထွန်းတင် အတွေးလက်စ ပြတ်သွားသည်။ “တွေ့ပါသကော ငါ့သားရ၊ ချိုးနီပုတင် ဘယ်ကလိမ့်မတုံးကွ။ အရှေ့ဘက်က ထနောင်းပင်တန်းမှာ လင်းပြာတွေရော၊ လည်ပြောက်တွေပါ စုံနေတာပဲ။ အဲဒါကြောင့် ငှက်ဆွဲပိုက် ယူလာတာပဲ။ မနေ့က အဖေ ရေစမ်းရှိတဲ့အိုင်တွေကို ငှက်ခြောက်ရုပ်တွေလုပ်ခဲ့ပြီးပြီ။ ငှက်တွေ ရေကျဆင်းစရာဆိုလို့ လက်ပံပင်အောက်က ...

ဘေးမှကြည့်ရင်း အဓိပ္ပာယ် မဖော်နိုင်သော ညိုကြီးက … “မြင့်မောင် … မင်း ဘာပြုံးတာလဲ” ဟု မေး၍ ကျွန်တော်က “ဘာမှခမဟုတ်ပါဘူးကွာ” ဟု မရေမရာ အဖြေပေးရင်း ငါးစာကိုသာ ဆက်တပ်နေမိသည်။ ကျွန်တော်တို့ ငါးစာတပ်ပြီးသောအခါ နေသည် အနောက်ဘက်တောင်တန်းကြီးပေါ်၌ မေးတင်နေပြီဖြစ်၏။ ကျွန်တော်တို့ နှစ်ယောက်သည် “တီ” တပ်ပြီးသော ငါးကိုင်းများကို ကမ်းစပ်မြေသားပေါ်တွင် တစ်ကိုင်းနှင့်တစ်ကိုင်း တစ်လံကွာလောက် မှန်းဆလျက် လျှောက်စိုက်ကြ၏။ ငါးကိုင်းပေါင်း ၈ဝ တိတိကို စိုက်ပြီးသောအချိန်တွင် နေသည် လုံးဝပျောက်ကွယ်သွားပြီ ဖြစ်သည်။ ...

အရာအားလုံးကအမှောင်ထုကြီးဘာလို့..ဖုံးလွှမ်းနေရပါသလဲ.. “မေမေ..သမီး..မျက်လုံး..ဘာမှမမြင်ရတော့ဘူး” ဒေါ်ဖြူဖြူ သင်းတစ်ယောက်..မသိမသာလေးမျက်ရည်ကျကာ… “သမီး..မျက်လုံးကမျက်ကြည်လွှာ..ပျတ်စီးသွားတာ.. မျက်ကြည်လွှာ..အလှူ ရှင်..တွေ့ရင်..သမီးပြန်မြင်လာမှာတဲ့” ဖြူ စင်ခေါင်းကိုတအားခါရမ်းကာ… “မတွေ့ခဲ့ရင်ကော..မေမေ..သမီးမေမေ့စကားကိုနားထောင်ခဲ့သင့်တယ်..” “သမီးရယ်…သမီးစိတ်ထိခိုက်ရင်..ပိုဆိုးလိမ့်မယ်.. ခန..အိပ့်ယာထဲလှဲနေလိုက်ပါ..ဆရာဝင်ကပြောတယ်…ဆေးရုံမှာ..ရက်၂၀လောက်..နေရမယ်တဲ့” ဖြူ စင်မျက်လုံးကပတ်တီးကြီးနဲ့ဆိုတာဖြူ စင်သိသည်…ဖြူ စင်..ဘဝ..ကတော်တော်ဆိုးသည်…ရှင်လျက်နဲ့သေရတော့မည်လား ဆေးရုံမှာ..ဖြူ စင်တို့မနက်ဖြန်..ဆင်းရတော့မည်.. မေမေကတော့..ပစ္စည်းတွေသိမ်းနေသည်… ဖြူ စင်ကတော့..စတီးတုတ်လေးကိုင်ကာ..မေမေနားသွားပြီး.. “မေမေ…သမီး..မေမေ့ကို..အလုပ်လုပ်ပြီးကျေးဇူးမဆပ်ရတော့ဘူး” ဒေါ်ဖြူဖြူ သင်း..အဝတ်စားခေါက်နေတဲ့..နေရာထလာပြီး… “အဲ့ဒီလိုမပြောပါနဲ့…သမီးရယ်..မေမေ့အတွက်..သမီးရှိနေရင်..အရာအားလုံးပြည့်စုံပါတယ်” ထိုအခိုက္​… “ကျွီ…” တံခါးပွင့်ရာသို့ဒေါ်ဖြူဖြူ သင်းတစ်ယောက်လှမ်းကြည့်လိုက်တော့…. “ဒေါက်တာ” “လူနာ..မဖြူ စင်မျက်ကြည်လွှာ..ပြန်မြင်ရတော့မယ်.. မနက်ဖြန်ခွဲစိပ့်ခန်းဝင်ဖို့အသင့်ပြင်ပါ” “ရှင်…” ဖြူ စင်နဲ့..ဒေါ်ဖြူဖြူ သင်းတို့အာမေဋိသံတစ်ပြိုင်တည်းထွက်သွား၏… “ကေ်းဇူးပါဆရာ…ကေ်းဇူး ” ဆရာကပြောပြီးပြန်ထွက်သွားသည်… ...

အော်ရင်းနဲ့ အုန်းမောင်းသံသုံးချက်ကြားလိုက်တော့ ကျောင်းသားတွေစာဆိုနေတာအကုန်ရပ်သွားတယ်၊ ဦးတေဇက ဘုရားကျောင်းဆောင်ရှေ့မှာထိုင်နေရင်း “ကဲ၊ အားလုံးပဲအိပ်မယ်၊ ကိုယ့်အိပ်ရာကိုယ် သေသေချာချာပြင်ဆင်ကြ” ကျောင်းသားတွေက ခေါင်းအုံးတွေပြေးယူကြ၊ ဖျာတွေခင်းကြနဲ့ ရှုပ်ယှက်ခပ်နေတာပေါ့ဗျာ၊ နောက်ဆုံးတော့ အားလုံးကိုယ့်အိပ်ရာကိုယ်ခင်းကြတယ်၊ ပြီးတော့ ခြင်ထောင်တွေကို သေသေချာချာ မြင့်မြင့်ထောင်ပြီးတော့ အိပ်ကြတော့တာပေါ့ဗျာ။ ကျုပ်လည်း အရိုက်ခံရမှာကြောက်တာနဲ့ ခြင်ထောင်ပြင်ပြီးအိပ်လိုက်တာပေါ့၊ ခြင်ထောင်ကြီးတွေက အကြီးကြီးတွေပါ၊ ခြင်ထောင်တစ်လုံးကို ကျောင်းသားလေးငါးယောက်တော့ အသာကလေးအိပ်လို့ရတယ်၊ ကျုပ်လည်း ခေါင်းအုံးမှာ ခေါင်းချလိုက်မှ ရင်ထဲစို့တက်လာတာပဲဗျာ၊ ဦးတေဇက ခြင်ထောင်တွေကြားထဲက လျှောက်လှမ်းကလေးမှာ စင်္ကြန်လျှောက်နေတယ်။ “ဟဲ့ ဟိုခြင်ထောင်က တအိအိနဲ့ ဘာဖြစ်နေတာလဲ” ...

ကဲရောက်ပြီ ငါပြောထားတဲ့ ပစ္စည်းတွေအစုံပါရဲ့လား “ပါပါတယ်ဆရာ” ကျော်သူကဖြေလိုက်သည် “ပါတယ်ဆိုရင်မင်းတို့၂ယောက် အေးလှရဲ့မြေပုံကိုတူးကြ “ဟုတ်ကဲ့ဆရာ” ကျော်သူနဲ့လှနိုင် မြေပုံအားတူးကြသည် “ဟာ ဟေ့ ကောင်တွေမြေပုံကိုခေါင်းရင်း ကမတူးရဘူးကြ “ဘာဖြစ်လို့လဲဆရာရဲ့ဘယ်လိုတူးတူး ရတယ်မလား အဓိကက အလောင်းပေါ် လာဖို့ပဲမဟုတႅား “မရဘူးကွ အလောင်းဖော်တယ်ဆိုတာ ခြေရင်းကနေပဲတူးပြီးဖော်ရတယ်ကွ “သြော် ဒီလိုလား ဟုတ်ကဲ့ဆရာသိပါပြီ” ကျော်သူကဖြေလိုက်သည်။ “ဟေ့ ကောင်လှနိုင်တူးလေကွာ ဘာငေး နေတာလဲ “တူး တူး ပါ့မယ်ကွာ ကျော်သူရ” “ဒုတ် ဒုတ် ဒုတ်” ••••• …ညအချိန်တိတ်ဆိတ်နေတုန်းမှာ မြေတူးသံကတစ်ဒုတ်ဒုတ်ကြားနေရသည် ...

ဟာ ညဘက်တရေးနိူးလာရင်း လမ်းထွက်လျှောက်တယ်။ ရေတွင်းဆီကနေ လူငယ်တွေရဲ့ သီချင်းသံကို ကြားတော့ သူဟာ ရေတွင်းဆီကိုလျှောက်သွားတယ်။ ရေတွင်းဆီရောက်တော့ ရေတွင်းအုတ်ဘောင်ပေါ်မှာ သူထိုင်ပြီး လူငယ်တွေရဲ့သီချင်းကို နားထောင်နေတယ်။ အဲ့အချိန်မှာ သူက အသက်အားဖြင့် သုံးဆယ်ကျော်ဖြစ်ပြီး ကျန်းမာရေးအနည်းငယ်ချုချာသူဖြစ်နေတယ်။ မကြာခဏလည်း ခေါင်းမူးပြီး လမ်းမှာပစ်လဲကျနေတတ်တဲ့သူပေါ့။ သူက အုတ်ဘောင်လေးမှာထိုင်နေရင်းကနေ အမှတ်တမဲ့ လက်ထောက်လိုက်တာ (သူစိတ်ထဲ ရေတွင်းဘောင်ရှိတဲ့နေရာအမှတ်နဲ့) ရေတွင်းထဲ ပြုတ်ကျသွားပါတော့တယ်။ အများသုံးရေတွင်းမို့ ကြိုးတန်းလန်းနဲ့ ရေပုံးတွေ. အသင့်ရှိနေပါတယ်။ ချက်ချင်းဆိုသလို လူငယ်တွေက ပစ်ချပေးကြတယ်။ နဂိုအခံက ကျန်းမာရေးမကောင်းသူမို့ ပစ်ချပေးတဲ့ရေပုံးကို ...

ထိုင်နေကြရသည်။ “အရီး…ကျုပ်အမေဘေးကင်းမှာပါနော်—” “သူလည်းအသံတွေကြားရင်အိမ်ထဲနေမှာပါမောင်တိုးရယ်… စိတ်မပူပါနဲ့” “အင်းဗျာ…ဒီလူလည်း ဘယ့်နဲ့ဖြစ်သွားတယ်မသိဘူး” အချိန်သည် ညပိုင်းသို့ပင်ရောက်နေလေပြီ။ ရွာထဲ၌ မောင်အုန်းဦးဆောင်၍ ရွာကာလသားများစုဝေးနေကြသည်။ ထိုအထဲ မောင်တိုးလည်းလိုက်ပါသွား၏။ ရွာရှိအိမ်များကိုတော့ ခြံတံခါးသေချာစွာခတ်နေကြဖို့သတိပေးထားရလေသည်။ “ဘယ်လိုဖြစ်ရတာလဲကိုကြီးအုန်း” မောင်တိုးကမေးလေတော့… “အေး…ထန်းတောမှာ တင်မောင်နဲ့ အပေါင်းအသင်းတွေ စကားများကြတယ်ဆိုပဲ…အဲ့မှာ တင်မောင်မူးမူးရူးရူးနဲ့ ဓားနဲ့ ခုတ်သတ်ပစ်တယ်တဲ့… သေတဲ့သူတွေဆို ဦးနှောက်တွေပါ စိစိ​ကြေလို့ဆိုပဲဟေ့… ဓားနဲ့ဘယ်နချက်လောက်ခုတ်နေလဲမှမသိတာကွာ” “ဒါဆို ဒီလူအခုဘယ်ရောက်သွားတာလဲ” “မသိပါဘူးကွာ…ဓားကြီးတဝင်းဝင့်နဲ့ ထွက်ပြေးသွားတယ်ဆိုပဲ…ရွာမြောက်ပိုင်းက ဘိုးဟန်ကြီးကိုလည်း ဒီကောင်ဓားနဲ့ပိုင်းသွားသေးတယ်…တော်သေးတာဟေ့…လက်​မောင်းရှက်ထိပြီး ဘိုးဟန်အပြေးမြန်ပေလို့…မဟုတ်ရင်ဘိုးဟန်ပါသေမှာ” “ဟာ…ဘယ်လိုဖြစ်ကုန်တာလဲဗျာ” “အေး…ဒီကောင်အရက်ကြောင် ကြောင်ပြီး လူတွေလိုက်သတ်နေလို့သူကြီးက ရွာထဲမှာတို့တွေကိုစောင့်ခိုင်းတာ… ...

ဗျ။ ဒါနဲ့ဆီပုလင်းကိုယူပြီးတော့ ပြေးထွက်ခဲ့တာပေါ့။ ဆရာတော်ဘုရားကို မုန်ညင်းဆီပုလင်းပေးတော့ ဦးလူနီက ကျုပ်ကိုကြည့်ပြီး “မောင်ရှိန်၊ ဆရာတော်က ခါးမှာဖြစ်တာဆိုတော့ မင်းကူညီမှရမယ်၊ လာဒီကိုလာ” ကျုပ်လည်းရောက်သွားရော ကျုပ်လက်ဝါးကိုဖြန့်ခိုင်းတယ်ဗျ၊ နောက်တော့ မုန်ညင်းဆီပုလင်းကို အဖုံးဖွင့်ပြီး ကျုပ်လက်ပေါ် သုံးလေးစက်လောက်ပဲချပေးတယ်၊ ပြီးတော့ သူ့လွယ်အိတ်ထဲက စက္ကူထုပ်ကလေးတစ်ခုနှိုက်ပြီးတော့ အထုပ်ကိုသေချာဖြည်တယ်ဗျ၊ အထဲမှာလည်း စက္ကူတွေ လေးငါးထပ်နဲ့ပြန်ထုပ်ပိုးထားတာ၊ နောက်ဆုံးကျတော့မှ မည်းမည်းအမှုန်ကလေးတွေ တွေ့ရတယ်၊ အမှုန်ကလေးကလည်း နည်းနည်းကလေးပါဗျာ၊ လက်ညှိုးတစ်ကော်စာတောင် မရှိပါဘူး၊ အဲဒီအမှုန်ထဲကို သူ့လက်သန်းထိပ်နဲ့ထိတယ်ဆိုရုံကလေး တို့လိုက်တာဗျ၊ လက်သန်းထိပ်မှာပါလာတာ လေးငါးမှုန်လောက်ပဲရှိမှာပေါ့၊ ပြီးတော့ ဆေးစက္ကူကိုသေချာပြန်ထုပ်ပိုးပြီးမှ ...

တတ်သည်။ ” ”’ ( )မြို့ရောက်ပါပြီဆင်းမဲ့ခရီးသည်များထွက်ထားကြပါ””’ ကားစပယ်ယာအသံကြောင့်သူအတွေးပြတ်သွာသည်။ ဒီလိုနဲ့သူဆင်းရမဲ့မြို့ရောက်တာနဲ့မယားကြီးဆီတန်းသွားသည်သူ့တွင်သမီးလေးလဲရှိနေသေးသည်မဟုတ်လား သံယောစဉ်ကအမျှင်တန်းတယ်ပြောပြောသူနောင်တရချင်နေပေမဲ့ဝေခွဲရခက်နေသည်။ သူမယားကြီးအားတောင်းပန်၍သမီးကိုခေါ်ကာသူ့အမေအိမ်ခဏသွားလိုက်သည်။ သူပြန်လာတော့သနပ်ခါးအဖွေးသားနဲ့မယားကြီးအားတွေ့လိုက်ရသည်။ ””ကိုမင်းဟန်ရှင့်အိတ်ထဲကသနပ်ခါးတုံးတွေကကျွန်မအတွက်မဟုတ်လားးးးးးအဲဒါကျွန်မသွေးလိမ်းလိုက်တယ်မွှေးသား””’ မယားကြီးစကားကြောင့်သူလန့်သွားမိသည်ဒီသနပ်ခါးတုံးကိုမယားငယ်ကျိန်စာတိုက်လိုက်တာ သွားသတိရမိသည်သူလဲအမေအိမ်ယူသွားဘို့မေ့သွားခြင်းဖြစ်သည်ဒါပေမဲ့ဘာမှမဖြစ်လောက်လို့သူထင်သည်။ ညဘက်မှာတော့မင်ဟန်ထင်တာလွဲနေသည်မယားကြီးမျက်နှာတစ်ခုလုံးယားသည်ဆိုကာကုတ်နေသည်။ ””မင်းဟန့်—-ရှင့်သနပ်ခါးကဘာတွေလဲယားလိုက်တာ”” ””’မင်းနဲ့မတည့်ဘူးထင်တယ်မျက်နှာမြန်မြန်သွားသစ်လိုက်ပါလား””” သူ့မိန်းမလဲမျက်နှာအပြေးအလွှားသစ်ပေမဲ့ခဏအတွင်းပင်မျက်နှာတစ်ခုလုံးအင်ပြင်လို အဖုတွေအပိန့်တွေထွက်လာကာနီရဲမို့အစ်၍လာသည်မှာကြောက်စရာပင်ကောင်းတော့သည်။ မင်းဟန်လဲအတော်လန့်သွားသည်သူ့မယားငယ်ကိုအစွမ်းကိုလဲအထင်မသေးရဲ ဒါနဲ့မိုးလင်းတော့မယားကြီးအားဆေးခန်းသွားပြရသည်ဒါပေမဲ့သိပ်မသက်သာတာကြောင့် အရေပြားအထူးကုဆီပြေးရပြန်သည်နောက်ဆုံးအထက်လမ်းဆရာကြီးတစ်ဦးဆီရောက်သွားကြသည်။ အထက်လမ်းဆရာကြီးကသူတို့လင်မယားအားအရင်ဘုရားရှိခိုးကာအာရုံခံကြည့်ရာဝယ် ””’အော်မင်းတို့ကအနာတစ်ခြားဆေးတခြားဖြစ်နေတာကွ—-‘တကယ်တော့မင်းယူထားတဲ့မယားငယ်ဟာ——ဝမ်းတွင်းစုန်းတစ်ယောက်ပဲကွဲ့—— ——သူပြောတာကျိန်တာတွေကတကယ်ဖြစ်နေတဲ့ဝမ်းတွင်းစုန်းအာဏာစက်သူ့မှာပါနေတယ်——မင်းကဝမ်းတွင်းစုန်းနဲ့မှသွားပတ်သတ်မိသကိုးးးး——-””” ”’ ဒါဆိုကျွန်တော်ဘာဆက်လုပ်ရမလဲဆရာ—–ကျွန်တော်သူ့ကိုဆက်မပေါင်းရဲတော့ဘူးးး—–ကျွန်တော့်ကိုကယ်ပါအုံးဆရာ—”” ””အဲဒါမင်းအတွက်အိမ်ထောင်ရေးဖောက်ပြန်သူရဲ့သင်ခန်းစာပဲကွ—–ဝမ်းတွင်းစုန်းတွေကသူတို့ဝမ်းတွင်းစုန်းဖြစ်မှန်း—- သိတဲ့သူရှိသလိုမသိတဲ့သူလဲရှိတယ်——–မင်းမယားငယ်ကမသိဘူးဆိုရင်ငါ့ဆီခေါ်လာခဲ့ငါသူ့ပညာကိုလူ ခိုင်းလိုက်မယ်”””’ ””မဟုတ်ရင်မင်းမှာအန္တရယ်အကြီးကြီးဖြစ်နိုင်တယ်””’ ထိုဆရာကြီးဆေးကြောင့်မယားကြီးသက်သာပျောက်ကင်းသွားပေမဲ့မင်းဟန်စိတ်မအေးနိုင်ပေ နောက်တစ်နေ့ညတွင်မင်းဟန်ထံသို့မယားငယ်ဖုန်းဆက်သည်အသံကမကျေနပ်သံ ””ရှင်ပြောတော့ရှင့်အမေအိမ်ခဏပြန်မှာဆို—–တစ်ပတ်၁၀ရက်ဆိုအခုတော့—–ရှင့်မယားကြီးနဲ့အကြည့်စိုက်နေတယ်ပေါ့—–ရှင်၃ရက်အတွင်းပြန်မလာရင်ကျွန်မအဆိုးမဆိုနဲ့”’ ””အေးပါကွာ—အေးပါ”” မင်းဟန်မယားစကားကြားတော့မပြန်ပဲမနေရဲပေပြန်မှဖြစ်မည်မဟုတ်ရင်ဘာဖြစ်မလဲမတွေးရဲပေ ဒီလိုနဲ့မင်းဟန်မယားငယ်ဆီပြန်လာရင်းတွေးလာမိသည်မယားငယ်အားဆရာကြီးဆီချော့ခေါ်သွားကာ သူ့ပညာတွေလူ ခိုင်းမှသူနဲ့မယားငယ်ဇတ်လမ်းအေးမည်သူလဲအန္တရယ်ကင်းမည်ဖြစ်သည်။ သို့ပေမဲ့မယားငယ်သည်သူထင်သလိုမဟုတ်ပေဘယ်လိုမှစည်းရုံး၍ခေါ်မရပေ ပတ်ဝန်းကျင်ကလူများကလဲသူ့မယားငယ်အားဝေးဝေးကရှောင်လာကြသည်။ ...