မည့်သူများ၏ နေ့နံအမည်များကိုပြောပြီး ဤသို့ တိုင်တည်ဆုတောင်းပေးရ သည်။ “ရေငန်တရိုး ပိုင်သစိုးပါတဲ့ အရှင်ကြီးတို့ခင်ဗျား…. ဘယ်နေ့ ဘယ်နံသားများ ပင်လယ်ထွက်တော့မှာမို့ အရှင်ကြီးကို လာရောက်ပူဇော် အသိပေးပါတယ်ခင်ဗျား…သားတို့ထွက်မည့် ခရီးစဉ်မှာ မကောင်းသော ဘေးဥပါဒ် အန္တရာယ်များ၊ အနှောင့်အယှက် အဖျက်အဆီး မှန်သမျှတို့ကို ဖယ်ရှားပေးသနားတော်မူပါ။  သားငါးများကို လိုသလောက် ပေးတော်မူပါခင်ဗျာ” အစရှိသဖြင့် စီကာပတ်ကုံး ရွတ်ဆိုပူဇော်ပေးလေ့ရှိ သည်။ ကာယကံရှင်များကလည်း ထိုသို့ သူတို့ကိုယ်စား ရွတ်ဆို ပူဇော်ပေးသဖြင့် ကျေနပ်မှုရှိကြသည်။ ဤသို့ဖြင့်…ပင်လယ်ထွက်သူတိုင်း ငမန်းကျွန်းနတ်ကွန်းသို့ တက် ရောက်ပူဇော်ပသမှုမှာ အစဉ်အလာတစ်ရပ် ...

အမွှေးအမျှင်တွေက အဝတ်အစား ဗလာဖြစ်နေတဲ့ ခန္ဓာ ကိုယ်အား ဖုံးကွယ်ထားပြီး ကြီးမှားလှသည့် မျက်လုံးကြီးနှစ်ဖက်က လည်း ရှေ့သို့ ၁လက်မလောက် ဆူထွက်နေလေသည်။ ထိုမြင်ကွင်းကြောင့် ကပ္ပိယကြီးဦးဖိုးထောင်လည်း ငယ်သံပါတဲ့အထိ အော်မိလိုက်တော့သည်။    ,,,, သရဲ,,,,,,သရဲ,,,,,, ≋≋≋≋≋≋≋≋≋≋≋≋≋≋≋≋≋≋≋≋≋≋≋≋≋≋≋≋≋≋≋≋≋≋≋ ,,,,အဲ့…ကိုယ်တော်ဆီမှာ မယားနဲ့သားသမီးတွေရှိတယ်တဲ့,,,, ,,,,,,အလိုတော်…မပြစ်မှား မဆိုကောင်း.. ညည်းဘယ်ကကြားလာတာတုန်း  ခင်ခင်ရဲ့,,,,,   ,,,,,,ဟဲ့ ….  ဘယ်က ကြားရမှာလဲ  ကျောင်းထိုင် ဆရာတော်ကိုယ်တိုင် ပြောတာ,  မိရွေစာရဲ့,,,, ,,,,,ဘုရား,,,ဘုရား.,,, မိရွှေစာ တစ်ယောက် ဘုရားတမိလိုက်သည်။ ထိုကိုယ်တော်က ...

ပါလာခဲ့ရင် ငါတို့မျိုးနွယ်စုအတွက် တားမြစ်သင့်ရင်တားမြစ်ရမှာပဲ” “ခင်ဗျားတို့ ရူးနေပြီး ဟားဟား ခင်ဗျားတို့ လုပ်ရပ်ကြောင့် …မကြာခင် ကျိန်စာသင့်တော့မယ် ဒီရွာကြီးကပ်ဆိုက်တော့မယ် ဟား ဟား ဟားး” “ခေါင်းဆောင် ဒီကောင်ကို ကျုပ်တို့ အပြက် ရှင်းရမှာလား” ဘေးက တပည့်ဖြစ်သူ တွေရဲ့ မခံမရပ်ဖြစ်နေကြတဲ့ စကားကို လက်ကာပြ ပြီး ” မလုပ်နဲ့ သူ့စိတ်က ပုံမှန်မဟုတ်တော့ဘူး” “ခင်ဗျားက ကျုပ်ကို ရူးနေတယ် ထင်နေတာလား ငါ မရူးဘူး မင်းတို့ကအရူး တွေ…..ဟားဟား” “မင်းတရားလွန်လာပြီး” “ဟာ ...

မရှိခြင်းကြောင့် ရေစီးအားနှင့် လည်ထွက်ကာ ရေထဲ နစ်သွားပါတော့သည်။ ကိုထွန်းခင်နှင့် မမြအေးတို့ လင်မယား နှစ်ယောက်လုံး ရေ လေ မိုးကို အံမတုနိုင်ဘဲ လက်မြှောက်အရှုံးပေးပြီး လူ့လောကထဲက ထွက်သွားရပါတော့သည်။ XXXX ကိုထွန်းခင်နှင့် မမြအေးတို့ လင်မယားနှစ်ယောက်စလုံး လှေမှောက်ပြီး ရေနစ်သေဆုံးသွားကြသည့်အတွက် အလောင်းပြန်ရတော့ နှစ်ရက်ပင် ရှိနေပြီ။ သို့ကြောင့် အလောင်းကို ရေထဲမှ ဆယ်ယူပြီး သင်္ချိုင်းမှာ တစ်ခါတည်း မြှုပ်လိုက်ကြရသည်။ ထိုအချိန် ထိုထွန်းခင် အသက်က (၃၅)နှစ် မမြအေးက အသက် (၃၃)နှစ်သာ ရှိသေးသည်။ ...

အဆင်သင့်ရှိနေ၏။ အ၀တ်အစား၊ အခြားအသုံးအစွဲ စရိတ်များ အတွက် ယောက္ခမတိုက်ခန်း လခ၀င်ငွေများ မှန်မှန်ရှိလေသည်။ အတွင်း၀န် ဦးဘသောင်းအိမ်ပေါ်၌ ခရီးဝေးမှ ခေတ္တတည်းခိုနေသော ဧည့်သည်အချိုးအတိုင်း နေ့ရှိသရွေ့ ဧည့်သည်လုပ်နေကြလေသည်။ အတွင်း၀န်ဦးဘသောင်းမှာ အိမ်ကပ်သူ မဟုတ်ချေ။ ရုံးနှင့် ကလပ်နှင့် အချိန်ကုန် သူဖြစ်သည်။ မူမူသည် ပြန်မှိန်းနေရင်း ညပွဲ၀တ်ရန် သေတ္တာထဲမှ ထဘီများကို ရွေချယ်စိတ်ကူးလျက်ရှိသည်။ ယခု တလော ညပွဲများ၌ အနက်ခေတ်စား၏။ ညပွဲတွင်အများအားဖြင့် မျက်နှာဖြူမများ အနက်၀တ်ဆင်လာကြသည်။ မြန်မာမများလည်း အနက်ရောင်၀တ်ကြကာ ခေတ်စားနေချေသည်။ အချို့မှာ ထဘီအနက်၊ ...

ဆုံးသွားခဲ့သည် ။ အေးနိုင်ထွေးခမျာ သူမမီးဖွားခါနီးအချိန်မှ မိခင်ဖြစ်သူ…ဒေါ်မြင့်ဆုံးပါးသွားတာကြောင့် စိတ်ဓာတ်တွေကြဆင်းလျက် ရှိ့နေသည် ။ဒေါ်မြင့် မသေခင်က သူမလက်ကိုကိုင်၍ တိုးတိုးလေး မှာသွားခဲ့သည်။ သမီး…အမေမရှိ့တော့တဲ့အချိန်မှာအားငယ်မနေပါနဲ့…အမေဘေးမှာရှိ့နေတယ်လို့ ယုံကြည်ပေးထားပါ ။ နေထိုင်မကောင်းဖြစ်တဲ့အခါ အန္တာရယ်တစ်ခုခုနဲ့ကြုံတဲ့အခါမျိုးတွေဆို အမေ့ကိုတလိုက် သမီး ။ အမေလာစောင့်ရှောက်မယ် သိလား “ုထိုသို့ကားများကို မသေခင် နေ့စဉ်မှာပြီး ဒေါ်မြင့်ဆုံးသွားခဲ့ရသည် ။ တော်ရုံ.အပျိုဗိုက်ဆို.လက်သည် ဒေါ်အေးကြည် မီးဖွားပေးပါက ကြာလှနာရီဝက်ဖြစ်၏။အခု တစ်နာရီကျော် နှစ်နာရီခန့်ရှိ့ပြီ ။ ဒီအချိန်မှာပဲ မီးနေခန်းထဲမှ လက်သည် ဒေါ်အေးကြည် ချွေးသံချွဲချွဲနှင့် မျက်စေ့မျက်နှာပျက်နှင့် ...

တွေဝတ်တာစားတာ မြင်ရင်သူလည်းဝတ်ချင်စားချင်လာ တယ်. အလှအပပစ္စည်းတွေသူများဝယ်တာ တွေ့ရင်သူလည်းဝယ်ချင်လာတယ်။ ဒါပေမယ့်သူ့မှာ ဒီပစ္စည်းတွေဝယ်ဖို့ ပိုက်ဆံမရှိဘူး။ အဲဒီတော့အိမ်ကမိဘနှစ်ပါးကို ပူဆာတယ်၊ဒါပေမယ့် စားဖို့တောင် အနိုင်နိုင်ဖြစ်နေတဲ့ သူ့မိဘတွေကလည်း မအေးကိုဆိုကြတယ်ဆူကြတယ်။ ဒါနဲ့မအေးလည်း မိဘတွေကို စိတ်ဆိုးပြီးစကားလုံးဝမပြောတော့ဘူး သူလုပ်ချင်ရာကိုတဇွတ်ထိုးလုပ်တတ် လာတယ်၊ဘယ်သူ့ကိုမှမတိုင်ပင်ဘူး။ ဘယ်သူဆုံးမတာကိုလည်းလက်မခံဘူး ဝတ်ချင်စားချင်တဲ့စိတ်ကြောင့် ဘာကိုမှစဉ်းစားမနေပဲ မဟုတ်တာတွေ သူလုပ်လာတယ်။ ယောက်ျားလေးတွေနဲ့ရှုပ်ပြီး ယောက်ျားလေးတွေဆီကနေ သူလိုချင်တာကိုရအောင်ပူဆာတတ်လာတယ်။ ယောက်ျားတွေကလည်း မအေးလိုချင်တာကိုဝယ်ပေးကြတယ်။ အဲလိုသူလိုချင်သမျှဝယ်ပေးနေတဲ့ ယောက်ျားတွေမှာအကြံတွေရှိမှန်း သူမသိခဲ့ဘူး။ မအေးလည်းသူစားချင်တာ သူဝတ်ချင်တာဝတ်နေရတော့ ဒါတွေနားမလည်ခဲ့ဘူး။ တစ်နေ့တော့ သူနဲ့ပတ်သက်နေတဲ့ ယောက်ျားတစ်ယောက်ဟာ မအေးရဲ့ အပျိုစင်ဘဝကိုရအောင်ယူလိုက်တယ်။ ...

ကြောင်အမ်းအမ်း ဖြစ်နေကြ၏။ မြွေဟောက်ကြီးသည် မနှဲမိ၏ မျက်လုံးကို ညှို့ယူနေသကဲ့သို့ စိုက်တတ်မတ်တတ်ကြီး ကြည့်နေသည်။ တစ်စုံတရာကို ဆက်သွယ် အသိပေးနေသလိုပင်။ သို့သော် ဘာမှ မကြာလိုက်သလို အချိန်တခဏအတွင်း မြွေဟောက်ကြီးသည် ပါးပြင်းကို ရုတ်၍ လျင်မြန်စွာ နတ်စင်လျှောက်လမ်းမှတဆင့် အိမ်အပြင်သို့ လျှောကနဲ ထွက်ခွာ ပျောက်ကွယ်သွားလေ၏။ ထိုအခါ မနှဲမိ တစ်ယောက်သည် ဘယ်လိုဖြစ်မှန်းမသိ။ ခန္ဓာကိုယ်မှ အားအင်များအား တစ်စုံတစ်ယောက်သောသူက စုပ်ယူဝါးမြိုသွားလိုက်သလို နှုန်းချိပျော့ခွေ လဲကျသွားလေတော့သည်။ နတ်မေးလာသူ မိန်းမတိုသည် မနှဲမိကို ကူရန် လာ၍ ထူမကြသည်။ ...

ပက်လိုက်မယ်ကွာ သရဲအထီးဆိုငါတို့ဘီယာဝိုင်း လေးပိုစိုပြည်သွားတာပေါ့ကွာ ဟားးးဟားးဟားးး”” စည်သူနှင့်နေထူးမှာ••• ပြောဆိုမရတာမို့မင်းလတ်••မှာဘာမှဆက်မပြောဖြစ်တော့။ တဖြည်းဖြည်းနှင့်•••ပင်းချားရွာထဲရောက်လာလေ၍ တံတားဆိုင်းဘုတ်ပင်လှမ်းမြင်နေရပြီဖြစ်သည်။ ညဖြစ်သော်လည်းလကအစွမ်းကုန်သာတာမို့ မြင်ရခြင်းဖြစ်သည်။ ညဆယ့်နှစ်နာရီဆိုတာအကာလအချိန်မို့•• ပုစဉ်းသံတစ်ချက်ချက်ကြားရတာကလွှဲလျှင် တိတ်ဆိတ်နေသောအချိန်ဖြစ်သည်။ တံတားအလယ်နားတွင် ဆိုင်ကယ်ကိုရက်လိုက်ကာ••• မင်းလတ်ကလက်ထဲမှဘီယာဘူးကို ကမ်းပေးလိုက်ကာ••• နေထူးဆီမှဂီတာလှမ်းယူကာ တံတားဘောင်ပေါ်တွင်ထိုင်၍ ဂီတာကြိုးညှိလိုက်သည်။ “”ဟားးးကောင်းလိုက်တဲ့လေညင်းလေး••• မင်းလတ်မင်းကလည်းဂီတာကြီးယူပြီးတီးမှာဖြင့် တီးလေကွာ ရော့တစ်ဘူးဆွဲလိုက်””” “”တော်ပြီကွာ””” မင်းလတ်ကနေထူးလှမ်းပေးသောဘီယာဘူးအား ငြင်းလိုက်ကာသီချင်းတစ်ပုဒ်ကိုအစပျိုးလိုက်သည်။ နေထူးနှင့်ငစည်ကဘီယာတစ်ဘူးစီနှင့် အလုပ်ဖြစ်နေကြလေသည်။ မင်းလတ်မျက်လုံးများမှိတ်ကာ သံစဉ်နှင့်စီးမျောနေရင်းအာရုံက တစ်စုံတစ်ရာအားဆွဲဆောင်နေသည်မို့ မျက်လုံးအတင်းဖွင့်လိုက်မိသည်။ မင်းလတ်ထိုင်နေသောတံတားလက်ရန်းနှင့်မျက်နှာ ချင်းဆိုင်တစ်ဖက်လက်ရန်းပေါ်တွင် ဆံပင်ရှည်တလွင့်လွင့်နှင့်မိန်းမတစ်ယောက်။ “”ဟာ••ငစည်••လုပ်ဦးဟ••• ဟိုမှာမိန်းမတစ်ယောက် တံတားအောက်ခုန်ချတော့မယ်””” “”အေးကွ””” ...

သဲကြီးမဲကြီးဖတ်နေချိန်ဖြစ်၏။ “မောင်ကျိုင်း. . ရှိလားဟေ့” “ရှိတယ်” “ရှိရင် တံခါးခဏဖွင့်ပါကွယ်” ကျွန်ုပ်စာအုပ်ကိုချပြီး ခြံတံခါးဝမှာ ရပ်လိုက်၏။ တံခါးကို အတွင်း မှ တရုတ်နီလုပ် အာမခံသော့နှင့်ခတ်ထား၏။ သံဆန်ခါတံခါးကွက်မှ လှမ်းကြည့်လိုက်သောအခါ ပုံပျက်ပန်းပျက် ရသေ့လိုပုဂ္ဂိုလ်တစ်ဦးကို ဦးစွာမြင်လိုက်ရ၏။ ခေါင်းပေါ်မှာ ခေါက်ရိုးကျိုးနေသည့် ဒေါက်ခြာကို ဆောင်းထား၏။ မျက်လုံးနှစ်လုံးအနက် ဘယ်ဘက်မျက်လုံးက ကျောက်မျက်လုံးဖြစ်နေ၏။ နဖူးအလယ်နှာရောင်အထက်မှာ အခွံမချွတ်ရသေးသော ကွမ်းသီးတစ်လုံး ခန့်မျှ ချိုင့်နက်ကြီးရှိနေ၏။ ဒါ့အပြင် နားရွက်နှစ်ဖက်မှာလည်း ဘယ်ဘက်နားရွက်ပြတ်နေပြီး ညာဘက်နားရွက်က ရှည်လျားစွာ တွဲလောင်းပျော့တွဲ ကျနေ၏။ ကျနေသည့် ...