ပင်းချတံတား

ပက်လိုက်မယ်ကွာ
သရဲအထီးဆိုငါတို့ဘီယာဝိုင်း
လေးပိုစိုပြည်သွားတာပေါ့ကွာ
ဟားးးဟားးဟားးး””
စည်သူနှင့်နေထူးမှာ•••
ပြောဆိုမရတာမို့မင်းလတ်••မှာဘာမှဆက်မပြောဖြစ်တော့။
တဖြည်းဖြည်းနှင့်•••ပင်းချားရွာထဲရောက်လာလေ၍
တံတားဆိုင်းဘုတ်ပင်လှမ်းမြင်နေရပြီဖြစ်သည်။
ညဖြစ်သော်လည်းလကအစွမ်းကုန်သာတာမို့
မြင်ရခြင်းဖြစ်သည်။
ညဆယ့်နှစ်နာရီဆိုတာအကာလအချိန်မို့••
ပုစဉ်းသံတစ်ချက်ချက်ကြားရတာကလွှဲလျှင်
တိတ်ဆိတ်နေသောအချိန်ဖြစ်သည်။
တံတားအလယ်နားတွင်
ဆိုင်ကယ်ကိုရက်လိုက်ကာ•••
မင်းလတ်ကလက်ထဲမှဘီယာဘူးကို
ကမ်းပေးလိုက်ကာ•••
နေထူးဆီမှဂီတာလှမ်းယူကာ
တံတားဘောင်ပေါ်တွင်ထိုင်၍
ဂီတာကြိုးညှိလိုက်သည်။
“”ဟားးးကောင်းလိုက်တဲ့လေညင်းလေး•••
မင်းလတ်မင်းကလည်းဂီတာကြီးယူပြီးတီးမှာဖြင့်
တီးလေကွာ ရော့တစ်ဘူးဆွဲလိုက်”””
“”တော်ပြီကွာ”””
မင်းလတ်ကနေထူးလှမ်းပေးသောဘီယာဘူးအား
ငြင်းလိုက်ကာသီချင်းတစ်ပုဒ်ကိုအစပျိုးလိုက်သည်။
နေထူးနှင့်ငစည်ကဘီယာတစ်ဘူးစီနှင့်
အလုပ်ဖြစ်နေကြလေသည်။
မင်းလတ်မျက်လုံးများမှိတ်ကာ
သံစဉ်နှင့်စီးမျောနေရင်းအာရုံက
တစ်စုံတစ်ရာအားဆွဲဆောင်နေသည်မို့
မျက်လုံးအတင်းဖွင့်လိုက်မိသည်။
မင်းလတ်ထိုင်နေသောတံတားလက်ရန်းနှင့်မျက်နှာ
ချင်းဆိုင်တစ်ဖက်လက်ရန်းပေါ်တွင်
ဆံပင်ရှည်တလွင့်လွင့်နှင့်မိန်းမတစ်ယောက်။
“”ဟာ••ငစည်••လုပ်ဦးဟ•••
ဟိုမှာမိန်းမတစ်ယောက် တံတားအောက်ခုန်ချတော့မယ်”””
“”အေးကွ”””
သုံးယောက်စလုံးလှုပ်လှုပ်ရှားရှား
ဖြစ်သွားကာ•••
အမျိုးသမီးဆီပြေးသွားလိုက်သည်။
လရောင်တွင်ဂါဝန်လားဘာလားမသဲကွဲသော
ဝတ်ရုံရှည်ကြီးတလွင့်လွင့်နှင့်
ဆံပင်ရှည်ကြီးတလွင့်လွင့်ကအသည်းယားဖွယ်ပင်။
“”ဟာ••ဟေ့••ခင်ဗျား••ဒီလိုလုပ်လို့မရဘူးလေ””””
“”ဟာ•••”””
“”ဝုနြးးးးးး”””
အော်နေရင်းကပင်အမျိုးသမီးမှာ
ရေထဲခုန်ချသွားလေသည်။
“”ဒုက္ခပဲငါတို့တော့နေရင်း
ထိုင်ရင်းအမှုပတ်တော့မယ်••မင်းလတ်၊နေထူး
ဆိုင်ကယ်ပေါ်အမြန်တက်ကွာ”””
မင်းလတ်၊နှင့်နေထူးမှာဆိုင်ကယ်ပေါ်ရောက်သည်
နှင့်ငစည်မှာအမြန်မောင်းထွက်လိုက်လေတော့သည်။
“””အဟင်း•••ဟင်••••ဟီးးးးဟီးးးးးးခစ်•••ခစ်”””
“””အဟင်း•••ဟင်းဟင်းး•••ဟီးးးးဟီးးးးးးခစ်•••ခစ်”””
ဆိုင်ကယ်သည်တံတားမှမလွန်နိုင်ပဲရှိကာ
မိန်းမတစ်ယောက်၏ရယ်သံစူးစူးက
နားနားကပ်၍အော်ရယ်နေသလို
ခံစားလိုက်ရသည်။
“”ငါတို့••သရဲခြောက်ခံရပြီထင်တယ်ကွ”””
“””သမ္ဗုန္ဒေ•••ဘုရားဘုရား”””
ရယ်သံရှည်ကြီးမှာမပျောက်သွားပဲ
နားထဲပို၍အူလာလေသည်။
“”တောက်•••ပြေးကြမယ်ဟ”””
ငစည်ကပြောကာ•••
ဆိုင်ကယ်ကိုရပ်၍••••
ဆိုင်ကယ်ပေါ်မှဆင်းကာရှေ့ဆုံးမှပြေးလေသည်။
မင်းလတ်နှင့်နေထူးလည်းနောက်မှအသည်းအသန်
ပြေးလိုက်တော့သည်။
ငစည်မှာရှေ့ဆုံးကပြေးရင်း
ခြေကုန်လက်ပန်းကျလာပြီမို့•••
နီးရာအိမ်ထဲပြေးဝင်လိုက်သည်။
ရယ်သံဆိုးကြီးကကြောက်စရာ
ကောင်းအောင်ကပ်ပါလာနေဆဲရှိလေသည်။
“”ဒုန်းးးးဒုန်းးးးးးဒုန်းးးးး”””
ငစည်မှာတံခါးကိုအဆက်မပြတ်ထုရင်း••
ခဏကြာတော့••မီးရောင်နှင့်အတူ
လူကြီးတစ်ယောက်ထွက်လာလေသည်။
“”ကယ်••ကယ်ပါဦးဗျ”””
“”ညကြီးအချိန်မတော်မင်းတို့ကလူကောင်းလား
လူဆိုးလား”””
“”ကျွန်တော်တို့•••
တောမရွာမသာအိမ်က••ပြန်လာကြတာပါ••
မိကောင်းဖခင်သားသမီးပါ•••
တံတားကြီးမှာသရဲခြောက်လို့”””
“”ဟေ•••မင်းတို့ကလူအိမ်ပြန်ချိန်မဟုတ်တာ
လာ••လာအိမ်ထဲဝင်ကြ”””
လူကြီးမှာ••အိမ်တံခါးဖွင့်ပေးလိုက်တာမို့
သုံးယောက်သားအလုအယက်ဝင်လိုက်ကြသည်။
“”ကျေးဇူးတင်ပါတယ်ဦးလေး•••
ကျွန်တော်တို့တကယ်••သရဲခြောက်ခံရတာပါ”””
“”မင်းတို့ကအချိန်အခါကြည့်ပြီးမပြန်ကြတာ
စဉ့်ကိုင်ကဆိုတော့မင်းတို့ကဘယ်သူ့သားလဲ””
“ကျွန်တော့အဖေကဦးချစ်မြိုင်ပါ”””
“”ဟေ••ကိုချစ်မြိုင်ရဲ့သားလားသူစိမ်းတွေမဟုတ်ဘဲဟ
ဦးထွန်းဝေဆိုရင်သိတယ်မင်းအဖေက
ဒါနဲ့မင်းတို့ဘယ်လိုဖြစ်တာလဲ”””
မင်းလတ်ကအဖြစ်အပျက်အလုံးစုံကို
အကျဉ်းချုံးပြောပြလိုက်လေသည်။
ဦးထွန်းဝေက•••
“”မင်းတို့မို့ မကြောက်မလန့်ကွာ•••
ဒီတံတားကလူစားတယ်လို့နာမည်ကြီးတဲ့တံတား
ဟိုတလောက•••သမီးရည်းစားတွဲတစ်တွဲဆိုင်
ကယ်မှောက်သေသေးတယ်••
ဒီတံတားပေါ်မှာပဲ
သူတို့ကမကျွတ်မလွတ်ဘူးကွ
တံတားပေါ်အချိန်မတော်ကြီးဖြတ်ပြန်တဲ့
ဆိုင်ကယ်မှန်သမျှတားတာ
တချို့ဆိုအိမ်အထိလိုက်တယ်တဲ့”””
“””တော်ပါတော့ဦးလေးရာနောက်ဒီချိန်မပြန်ရဲတော့ပါဘူးဗျာ”””
ဦးထွန်းဝေက••••
သူတို့သုံးယောက်အတွက်နေရာပေးကာ•••
အပေါ်ထပ်တက်သွားလေသည်။
ဦးထွန်းဝေဆိုတဲ့လူကြီးကလည်း
ထူးဆန်းပြန်သည်။
ကြည့်ရတာတခြားမိသားစုဝင်တွေရှိပုံမရပေ။
ဘာပဲဖြစ်ဖြစ်တစ်ညတာနားခိုဖို့ကအရေး
ကြီးသည်။ပြေးရလွှားရနှင့်မောပန်းနေပြီမို့
သုံးယောက်သားမောမောနှင့်
အိပ်ပျော်သွားကြသည်။
~~~:~~~~~~~~~~~~
အလင်းရောင်က•••
မျက်လုံးထဲစူးရှစွာဝင်လာသည်မို့
မျက်လုံးအားအားယူဖွင့်လိုက်မိသည်။
“”က်ြီ•••က်ြီ•••က်ြီ••”””
မျက်လုံးတတို့မဖွင့်ရသေးမီ
နားထဲတွင်ကြွက်သံလိုလိုဘာလိုလို
အသံကြောင့်ပို၍ထူးဆန်းသွားရသည်။
“”ငစည်••ထပါဦးဟ”””
“”အေးပါကွာ””
ငစည်လူးလဲထလိုက်ကာမျက်လုံးကိုပွတ်အကြည့်
“”ဟင်•••ဘယ်လိုနေရာကြီးလဲဟ•••
ဦးထွန်းဝေကရော••••””
သုံးယောက်စလုံး••အိပ်ချင်မူးတူး
မျက်လုံးများအားအသေ
အချာပွတ်၍ကြည့်သော်လည်း
လူနေအိမ်ခြေနှင့်လုံးဝမတူပေ။
ကြွက်မဲမဲကြီးများကဟိုမှဒီမှ
ပြေးလွှားနေကာဂို
ဒေါင်ပျက်ကြီးနှင့်တူလေသည်။
“”ဗျို့ဦးလေး•••””””
“””ငစည်အခြေအနေမဟန်ဘူးကွ•••
အပြင်ထွက်ရအောင်””
“”အေးကွာစိတ်ထဲမသိုးမသန့်ကြီး•••
အပြင်ထွက်ရအောင်ကွာ•••
နောက်မှကျေးဇူးတင်စကား
လာပြောကြတာပေါ့”””
သုံးယောက်သားအတော်ထူးဆန်းနေရကာ
ထွက်ပေါက်ဟုထင်ရသောတံခါးပေါက်က
သံချေးများနှင့်ကြပ်ခဲနေတာမို့
လူတစ်ကိုယ်စာအပေါက်မှတိုးထွက်လာရသည်။
သုံးယောက်စလုံး••
ပင့်ကူအိမ်တွေအမှိုက်တွေ၊သဲဖုန်တွေအလိမ်းလိမ်း
ဖြင့်မိမိတို့ကိုယ်တိုင်
ဘာဖြစ်နေသည်သတိမထားမိတော့ပေ။
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း
တံတားဆီချည်းကပ်လာခဲ့ကြသည်။
ကံဆိုးချင်တော့ကင်းလှည့်ရဲတွေနှင့်
ပက်ပင်းတိုးလေသည်။
“”မင်းတို့ဘယ်သူတွေလဲ””
“”ကျွန်တော်တို့စဉ့်ကိုင်ကပါ”””
“””မင်းတို့ပုံစံကြည့်ရတာမသင်္ကာဘူး”””
“”ကျွန်တော်တို့မိကောင်းဖခင်သားသမီးတွေပါဗျ
ညကတောမရွာကပြန်လာရင်းဒီတံတားမှာသရဲ
ခြောက်ခံရလို့ဆိုင်ကယ်ထားပစ်ခဲ့ပြီးပြေးတာ
အဲဒါဆိုင်ကယ်လာပြန်ယူတာ”””
“””သြော်ဆိုင်ကယ်ပိုင်ရှင်ကမင်းတို့ကိုး
ရဲစခန်းမှာသွားထုတ်ပေတော့”””
“”ဗျာ”””
“”တံတားပေါ်မှာဖြစ်သလိုပစ်ထားတော့
ဒီမနက်ပဲစခန်းကိုဆွဲသွားပြီ
သြော်ဂီတာတစ်လက်တောင်ပါသေးတယ်””
“”ကံဆိုးတာကွာ”””
“”သွားမယ်ကွာဟေ့ကောင်တွေ”””
“”နေကြဦး•••”””
“”မင်းတို့သုံးယောက်လုံးစုတ်ပြတ်သတ်နေတာပဲ
လူကောင်းဆိုတာငါမသင်္ကာဘူးဖြစ်နေတယ်
ဒီတစ်ညလုံးမင်းတို့ဘယ်မှာနေတာလဲ”””
“”ဒီတံတားရှေ့နားပါဗျာ•••
အိမ်ရှင်နာမည်ကဦးထွန်း‌ေဝတဲ့””
“”ဘာကွ”””
“”ဘာမှားလို့လဲဗျ”””
“”နေပါဦး••မင်းတို့သွားခဲ့တာ•••
တံတားရှေ့နားကဂိုဒေါင်ဟောင်းတော့
မဟုတ်ပါဘူးနော်””
“”ညကအကူအညီတောင်းတုန်းက•••
အိမ်လိုပဲဗျ••ကျုပ်တို့လည်းကြောက်နေတာ
ဆိုတော့သတိမထားမိဘူး
မနက်ကျတော့ထူးဆန်းတယ်ဗျ
ဦးထွန်းဝေလည်းမရှိဘူး
ဦးလေးပြောသလိုဂိုဒေါင်လိုဖြစ်နေတယ်”””
“”သွားပြီ•••မင်းတို့တော့
ဦးထွန်းဝေဆိုတာ••
ကျန်ခဲ့တဲ့နှစ်ဒီအချိန်က
ရောဂါနဲ့သေသွားပြီ•••
မင်းတို့ညသွားအိပ်တဲ့ဂိုဒေါင်က
ဦးထွန်းဝေသက်ရှိထင်ရှားရှိစဉ်က
ဆန်ဂိုဒေါင်ပဲ
ခုတော့လူမသုံးတော့တဲ့ဂိုဒေါင်ဟောင်းပဲ”””
“””ဗျာ”””
ကင်းလှည့်ရဲကြီး၏စကားဆုံးတော့
နဂိုသွေးနည်းသောမင်းလတ်ခမျာ•••
ရပ်တည်နိုင်စွမ်းမရှိတော့ပဲ
နေရာမှာတင်•••
မူးမေ့လဲလေတော့သည်။
နေထူးနှင့်ငစည်မှာ•••
ကင်းလှည့်ရဲအကူအညီဖြင့်
မင်လတ်းစဉ့်ကိုင်ပြန်ခေါ်လာကာ•••
ဆိုင်ကယ်ကိုတော့ရဲစခန်းမှာ•••
အာမခံဖြင့်သွားပြန်ထုတ်ရလေသည်။
တစ်သက်နှင့်တစ်ကိုယ်•••
မကြုံစဖူးထူးဆန်းလှစွာ•••
သရဲနှစ်ထပ်ကွမ်းခြောက်ခံရတဲ့ညမို့
မေ့နိုင်တော့မည်မဟုတ်ပေ။
ညအချိန်မတော်ဒီတံတားက
နောက်တစ်ခါဖြတ်သွားဖို့ဆိုတာ
လည်းအသေအချာပင်ဖြစ်ပါတော့သည်။

The end.
စာရေးသူ Mon Mon Khaing