ပစ်မှားမိသောကံ

အမွှေးအမျှင်တွေက အဝတ်အစား ဗလာဖြစ်နေတဲ့ ခန္ဓာ ကိုယ်အား
ဖုံးကွယ်ထားပြီး ကြီးမှားလှသည့် မျက်လုံးကြီးနှစ်ဖက်က လည်း ရှေ့သို့ ၁လက်မလောက် ဆူထွက်နေလေသည်။

ထိုမြင်ကွင်းကြောင့် ကပ္ပိယကြီးဦးဖိုးထောင်လည်း
ငယ်သံပါတဲ့အထိ အော်မိလိုက်တော့သည်။

   ,,,, သရဲ,,,,,,သရဲ,,,,,,

≋≋≋≋≋≋≋≋≋≋≋≋≋≋≋≋≋≋≋≋≋≋≋≋≋≋≋≋≋≋≋≋≋≋≋

,,,,အဲ့…ကိုယ်တော်ဆီမှာ မယားနဲ့သားသမီးတွေရှိတယ်တဲ့,,,,
,,,,,,အလိုတော်…မပြစ်မှား မဆိုကောင်း..
ညည်းဘယ်ကကြားလာတာတုန်း  ခင်ခင်ရဲ့,,,,,

  ,,,,,,ဟဲ့ ….  ဘယ်က ကြားရမှာလဲ  ကျောင်းထိုင်
ဆရာတော်ကိုယ်တိုင် ပြောတာ,  မိရွေစာရဲ့,,,,

,,,,,ဘုရား,,,ဘုရား.,,,
မိရွှေစာ တစ်ယောက် ဘုရားတမိလိုက်သည်။ ထိုကိုယ်တော်က သူမအလွန်  ကြည်ညိုလေးစား
ရတဲ့ ရဟန်းတစ်ပါးဖြစ်သောကြောင့် ကိုယ်နား
ကိုတောင် မယုံသင်္ကာ ဖြစ်မိလိုက်သေးသည်။

,,,, ညည်းပဲ စဥ်းစားကြည့်လေ,… ဥပဓိရုပ် ချောချော၊အသက်ကငယ်ငယ်ဆိုတော့ ဒီသတင်းကသေကိုသ
ချာတယ်,,,,,,
,,, .ခင်ခင်ပြောသလို ဒီသတင်းက အမှန်ဆိုရင်
ဒီကိုယ်တော်ကို ဆွန်းမလောင်းကြဖို့ တစ်ရွာလုံးကို တိုက်တွန်းရမှာပဲ,,,,,
,,,ညည်းမပြောလဲ အကုန် သိနေကြပြီးလေ,,,

မိမိ၏ အကြောင်းကို တိုးလျိုးပြောဆိုသံတွေကြားမှာ အရှင်သောဇောတ ခြေလှမ်းများကတော့ရပ်တန့်မသွား
ပဲ တလှမ်းချင်းကြွချီဆွမ်းခံမိလေသည်။ စောစောက အတင်းပြောဆိုနေသော အမျိုးသမီးနားရောက်တော့ မျက်လွှာလေးချပြီး သပိတ်လေးပိုက်ကာ ဆွမ်းခံရပ်မိလိုက်သည်။ မိရွှေစာတို့ အမျိုးသမီး နှစ်ယောက်က လည်း ထိုဆရာတော်အာ နှာခေါင်းရှုံ့မိလိုက်လေသည်။
ပြီးတော့ ရိုသေမူကင်းမဲ့စွာ စိုက်ကြည့်လိုက်ပြီး

,,,,,ကန်တော့ဆွမ်းပါ ကိုယ်တော်…ကန်တော့
ဆွမ်းပါ။ နောက်လည်း ဒီအိမ်ရှေ့ရပ်တော်မမူပါနဲ့
ဆွမ်းလည်း မလောင်းလှူနိုင်ပါဘူး,,,,

,,,,သာဓု…သာဓု…သာဓု,,,,

အရှင်သောဇောတ ရဟန်းလည်း ထိုအမျိုးသမီးတွေ
ဆီက ကန်တော့ဆွမ်းကိုယူပြီး အခြားအိမ်ကို လှည့်
လည်ဆွမ်းခံမိသော်လည်း ထိုသတင်းအား ရွာထဲ
ပျံ့နှံ့ နေတာကြောင့် မည်သူကမှ  ဆွန်းလောင်းလှူခြင်း
မရှိကြပါ။ အာရုံဆွမ်းလည်း ခုချိန်ထိ မဖုံးပေးရသေး
သဖြင့်  ဗိုက်ထဲက အသံမျိုးစုံ မြည်းတီးနေလေတော့သည်။ စားလောင်းနေတဲ့ ဗိုက်ကို ဖြည့်ဖို့အပင်
ရိပ်အနီးအနားက ရေအိုးစင်နား တစ်လှမ်းချင်းကြွ
ချီမိလိုက်ပြီး ရေအိုးထဲကရေကို အာရုံဆွမ်း
(သို့မဟုတ်)နေ့လည်ဆွမ်းပါ အားရပါတစ်ခါတည်း
ဖုံးပေးလိုက်လေသည်။ အတန်ကြာအောင် နားခိုပြီး
မိမိနေထိုင်သည့်ကျာင်းဆီကို ပြန်၍ ကြွလာခဲ့တော့
သည်။ ကျောင်းပေါက်ဝနားရောက်တော့ ကျောင်း
ထိုင်ဆရာတော်က ခါးထောက်၍ မိမိအားစိုက်ကြည့်နေလေတော့သည်။

,,, ကဲ….ကိုယ်တော်ရေ စိတ်တော့မကောင်းပါဘူး.   ကိုယ်တော်သတင်းတွေက  တစ်ရွာလုံးတောင် ပျံ့နှံနေ
ပြီးဆိုတော့ ဒီကျောင်းမှာ ဆက်ထားဖို့  မဖြစ်
နိုင်တော့ဘူး…  ဒါကြောင့် ကြွလာသည့်အရပ်ကပဲ ပြန်လည်၍  ကြွတော်မူပါ”

မိမိအပေါ်မတရားစွပ်စွဲပြောဆိုနေတဲ့ ကျောင်းထိုင်
ဆရာတော်အပေါ် အပြစ်လို့မယူပဲ အတိတ်ကပြုခဲ့တဲ့
ကံအကြောင်းတရားကိုပဲရင်ထဲနှလုံးသွင်းကာ မိမိ
အရပ်ဒေသကိုပြန်လည်ကြွချီဖို့ပြင်ဆင်လိုကတော့သည်။

ကျောင်းဝန်းကြီးကနေ တစ်ရွေ့ရွေ့ထွက်ခွာသွား
တဲ့ အရှင်သောဇောကကိုကြည့်ပြီး ဦးဥတ္တရ
ကျောင်းထိုင်ဆရာတော်က အောင်နိုင်သူအဖြစ်
ပြုံးပြုံးကြီးကျန်ရစ်ခဲ့ပါတော့သည်။

≋≋≋≋≋≋≋≋ ≋≋≋≋≋≋≋≋≋≋≋≋≋≋≋≋≋≋≋≋≋≋

,,,,ဘယ်လို ..ကပ္ပိယကြီး ရဟန်းတစ်ပါး ငါကိုတွေ့
ချင်လို့တဲ့.. ဟုတ်လား,,,,

       ,,,,တင်ပါဘုရား,,,,,

,,,,,အိမ်း..အဲ့ဒါဆို ငါဆီလွှတ်လိုက်,,,,
ကျောင်းထိုင်ဆရာတော်ဦးဥတ္တရ အဆိုစကားနဲ့အတူ
ကပ္ပိယကြီး ဦးဖိုးထောင် လည်း အပြေးအလွှားသွား
ရောက်ပင့်ဆောင်လာခဲ့သည်အသက်၃၀ကျာ် ရဟန်း
တစ်ပါးဖြစ်ဟန်တူသည် ဝါဝင်းနုနယ်လှသည့်အသား
ရေ၊ တည်ငြိမ်အေးချမ်းလှသည့်မျက်နှာဖြင့် လွန်စွာ
ကျတ်သရေရှိလှသည်။ ဦးဥတ္တရ လည်း ထိုရဟန်းအား အကဲခက်ကြည့်မိလိုက်ပြီး….

     ,,,,,ကိုယ်တော်က ဘယ်အရပ်ဒေသက
ကြွချီလာပါသလဲ ဘုရား,,,,,
,,,,,တင်ပါဘုရား..တပည့်တော် သာစည်ကုန်ကျေးရွာလေးဆီက ကြွချီလာပြီး ဒီဝါတွင်း၃လအတွက် ယခုကျောင်းမှာပဲ သီတင်းသုံးနေထိုင်ဖို့ခွင့်ပြုပေးဖို့ လျှောက်တင်ချင်ပါတယ်ဘုရား,,,အင်း..ဒီကိစ္စကလည်း ငါအနေနဲ့ခွင့်မပြုလို့ကလဲမဖြစ်..ဒီကိုယ်တော်ကြည့်ရတာ ရိုးရိုးအေးအေးလေးပါပဲ ..သုံးလအထက် ဒီကျောင်းမှာကြာကြာနေမယ့်ပုံလည်း မပေါ်ဘူး…ခွင့်ပြုလိုက်တာကောင်းပါမယ်ထင်တယ် ဦးဥတ္တရ လည်း ထိုသို့တွေးလိုက်ပြိီး
ဟန်မပျက်ပြုံးလိုက်မိသည်။

,,,,ခွင့်မပြုစရာဘာအကြောင်းမှ မရှိပါဘူး ..ခွင့်ပြုပါတယ်ကွယ်..ခွင့်ပြုပါတယ်…ဒါနှဲ့ကိုယ်တော်ဘွဲ့နာမည်
ကဘာတဲ့လဲ တပည့်တော်ဘွဲ့နာမည်ကတော့ ဦးဥတ္တရ တဲ့,,,,
,,,,တင်ပါဘုရား..တပည့်တော်နာမည်က
ရှင်သောဇောတပါ ဘုရား..,,,

,,,အိမ်းကွယ်..မှတ်သားပါတယ်..ကဲ.ကဲ..ကပ္ပိယ
ကြီးရေ..ဒီကိုယ်တော်လေးအတွက် နေရာထိုင်ခင်း
ရေး အရင်လုပ်ပေးလိုက်စမ်းပါအုန်း,,,,

     ,,,,တင်ပါဘုရား..တင်ဘုရား,,,,,
ဦးဖိုးထောင်လည်း ပြောပြောဆိုဆိုဖြင့် ထိုနေရာက
ထသွားပြီး အရှင်သောဇောတ ရဟန်းအတွက် နေရာထိုင်ခင်းရေး အမြန်ပြုလုပ်နေမိတော့သည်။

,,,,,,ကြည့်စမ်းပါအုန်းတော်…ကြည့်စမ်းပါအုန်း.
.အဲ့ကိုယ်တော်လေးကြည့်ရတာ အရမ်းကြည်ညိုဖို့
ကောင်းလိုက်တာရှင် ..ဘယ်အချိန်ကြည့်ကြည့်
တရားဓမ္မ အားထုတ်နေတာပဲနော်,,,

,,,,အေး..ဟုတ်ပါအေ…မျက်နှာတော်ကလည်း
လောဘ၊ဒေါသ၊မောဟအပူ တွေ မရှိအောင် အရမ်းကင်းစင်လိုက်တာအေ.. အဲ့ကိုယ်တော်ကြည့်ပြီး ရင်ထဲအေးချမ်းလိုက်ပါဘိ”

တစ်နေ့ထက်တစ်နေ့မရိုးအောင် ချီကျူးသံတွေက
ဦးဥတ္တရ နားထဲတော့ လွန်စွာခါးသီးနေတာတော့သည်။
,ကြည့်စမ်း..ကြည့်စမ်း.ဘယ်လို ဒကာ၊  ဒကာမတုန်းငါတစ်ပါးလုံးရှိနေတာတောင်   သတိထားကြမိရဲ့လား.။
ဦးဥတ္တရ ရင်ထဲမှာတော့အပူမီးတောက်ကြီးကတော့
ငြိမ်သက်မသွားပဲ တစ်နေ့တစ်နေ့ ပို၍များလာနေ
ခြင်းဖြစ်သည်။နောက်တစ်နေ့.  မနက်ခင်းအစောကြီး
ဦးဥတ္တရသည် အရှင်သောဇောတ ကိုယ်တော်အား မစောင့်တော့ပဲ တစ်ပါးတည်းဆွမ်းခံကြွလာတော်မူလေ
သည်။ အရပ်သူအရပ်သားတွေလည်း ထိုကိုယ်တော်
အား မမြင်တွေ့လိုက်ရသဖြင့် စိတ်ပူမိကြလေသည်။
,,,,အရှင်ဘုရား..ဟို..ကိုယ်တော်လေး ကြွမလာဘူး
လား ဘုရား…နေများမကောင်းလို့လား,,,

ဒီလိုပြောနေတာကိုက ငါရင်ထဲ လှံအထိုးနှဲ့ခံရသလိုပဲ
နေရခက်လိုက်တာနော် ဒီသင်္ကန်းကြီးဝတ်ထားလို့
သာပေါ့…အရာရာတိုင်း သည်းခံနေနေရတာ။
,,,,ဘယ်လိုက်လာပါမလဲ..အပြင်းကျော ထူနေ
တာလေ အခုချိန်ထိအိပ်ရာက မထသေးဘူး
သူကိုယ့်သူ ကျောင်းပိုင်ဘုန်းကြီးအတိုင်းပဲ အခွင့်
ရေးတော်တော်ယူတဲ့ ကိုယ်တော်ပါ,,,,
ပလီဆယ်ပြီးပြောလိုက်ရလေသည်။
,,,သြော်..အရှင်ဘုရားကလည်း အဲ့ကိုယ်တော်လေး
က  နေ့ညမပျက် တရားဓမ္မအားထုတ်နေတော့
ပင်ပန်းရှာလို့ ဖြစ်မှာပါဘုရား,,,

အယ်မယ်လေးနော် ဒီလောက်မကောင်းပြောနေတာ
တောင် ဒီဒကာမတွေကိုက အဖြစ်ကိုသည်းနေ
လိုက်တာကြည့်စမ်းပါအုန်း စိတ်ထဲ မချိတရိ ဖြစ်နေတော့သည်။

   ,,,အရှင်ဘုရား..အဲ့ကိုယ်တော်လေးအတွက်
ဒီဆွမ်းချိုင့်လေး လောင်းလှူပါရစေဘုရား.,,,
.ယူသွားပေးပါအုန်းဘုရား,,,,

အံမယ် ရာရာစစ ငါကိုများ သူအခိုင်းအစေများမှတ်
နေသလား မယူလိုက်ပြန်ရင်လည်း ဒီဘုန်းကြီးက
စိတ်ပုက်တယ်ဆိုပြီး အရပ်ထဲကဲ့ရဲ့ကြအုန်းမယ်။
နောက်ဆုံး မထူးတဲ့အဆုံး ဒကာမတစ်ဦးရဲ့လှမ်း
ပေးတဲ့ ဆွမ်းချိုင့်အား မယူချင်ပေမယ့်လည်း
ယူဆောင်လာပြီး လမ်းဆုံတစ်နေရာရောက်တော့
လမ်းမပေါ်  စွန့်ကျဲ ပစ်လိုက်လေသည်။ ဒီလိုအဖြစ်
တွေနဲ့ခဏခဏကြုံတွေ့ရတိုင်းညစဉ်ညတိုင်း
ဦးဥတ္တရ လုံးဝအိပ်၍မပျော်တာ့ချေ။ အင်း..ဒီပုံစံ
အတိုင်းသာဆက်သွားရင်..ငါဒီကျောင်းကြီးကိုပါ စွန့်လွှတ်လိုက်ရလိမ့်မယ်.မဖြစ်ဘူး..မဖြစ်ဘူး
ငါ..တစ်ခု..ခု..ကို ကြံမှဖြစ်တော့မယ်။

ဒီလိုပဲ..နောက်နေ့ရက်တွေလည်း ခါတိုင်းလို တစ်ပါး
တည်း လောဘကြီးစွာ ဆွမ်းခံကြွလာလေသည်။
ထုံစံအတိုင်းလိုက်ပါမလာတဲ့ ကိုယ်တော်လေးကို
ဒကာ၊ဒကာမတွေက မေးမြန်းကြလေတော့သည်။
သူ့ဂွင်ထဲရောက်ပြီးဆိုတော့ ကြို တင်ကြံစည်းထား
တဲ့ အတိုင်းပြောဆိုလိုက်လေသည်။
,,,,ဒကာ၊ ဒကာမကြီးတို့..ဒီသတင်းမကြားမိသေး
ဘူးထင်တယ်..,,,,,
ကျောင်းထိုင်ဆရာတော်ရဲ့ ထူးထူးရှားရှားစကားကြောင့်
အရပ်သူအရပ်သား တစ်ချို့လည်း စိတ်ဝင်တစားဖြစ်မိကြလေသည်။

        ,,,,ဘာသတင်းလဲဘုရား.,,,,

,,,ဘာသတင်းဖြစ်ရမှာလဲ..အဲ့ကိုယ်က ရဟန်းအတုတဲ့ဟဲ့..သူမှာ မယားနဲ့သားသမီးတွေရှိတယ် ခုလည်းဒီကျောင်းကြီးကိုပိုင်ဆိုင်ဖို့ဒကာ၊ဒကာမကြီးတို့ကိုအယုံသွင်းနေတာ,,,

   ,,,,..ဘုရား..ဘုရား…ဒီသတင်းက ဟုတ်ရောဟုတ်ပါမလားဘုရား,,,,

   ,,,,ဟဲ့..ငါကလိမ်ညာပြီးပြောစရာလား..ဒီသတင်းက ငါအတိအကျရထားတာ,,,

အဲ့ဒီတော့မှ ကျောင်င်ဆရာတော်စကားကို
အတည်တကျ ယုံကြည်သွားကြလေတော့သည်။
ထိုနေ့မှစ၍ အရှင်သောဇောတ အတွက် နေရာ
မရှိတော့သဖြင့်  ထိုကျောင်းအားအပြီးတိုင် ကျောခိုင်း
စွန့်ခွာသွားလေတော့သည်။

,,,,အခုတော့ဘာတတ်နိုင်သေးလဲ အရှင်သောဇောတ
ရယ် ဒီပွဲမှာသင်ရူံးသွားပြီး ခုတော့သွားရှာလေပေါ့, ဟား..ဟား,,,

စိတ်ထဲကျိတ်၍ ပြုံးပြုံးကြီး ဖြင့် ရယ်လိုက်မိတော့သည်။

  ,,,အံမယ်လေး ..အား..ကျွတ်..ကျွတ်..နာလိုက်တာ
သေပါပြီး,,,,
အစားမှားလေခြင်းကြောင့်လားတော့ မသိ၊ သိသိ
သာသာထိုး၍ အောင့်လာတဲ့ ဝမ်းဗိုက်ကြောင့် ဦးဥတ္တရ အလူးအလှဲခံနေရလေသည်။ မဖြစ်ဘူး..မဖြစ်ဘူး ..ငါသေလို့မဖြစ်ဘူး,,,,
”   အား..ကျွတ်..ကျွတ်”

သေမတတ်ခံစားနေရတဲ့ကြားက ဦးဥတ္တရ ကုန်းရုန်း
ထကာ ကပ္ပိယကြီးဦးဖိုးထောင် အိပ်ဆောင်ဆီသို့
သွားဖို့ ကြိုးစားမိလိုက်သော်လည်း လေရောဂါက
စိတ်သွားတိုင်း ကိုယ်မပါတော့ချေ။ ထလို့ကအဆင်
မပြေတာနဲ့ ကပ္ပိယကြီးဟု တိုးတီးစွာအော်၍ခေါ်လိုက်မိလေသည်။ အသံက တိုးလွန်သဖြင့် ကပ္ပိကြီး
ကြားမယ်ပုံမပေါ်။

,,,,,.ဒါ..ငါရဲ့မိုက်ပြစ်တွေပါ ဒီလောက်ခန်းနားတဲ့ကျောင်းဆောင်ကြီးရှိနေတာတောင်  လိမ္မာရေးခြားရှိတဲ့ကပ္ပိယကြီးကိုတောင် ခေါ်မသိတ်ခဲ့တဲ့ငါ  ခု တော့ ဒုက္ခအကြီးကြီးတွေ့နေရောပါလား..,,,

   ,,,အံမယ်လေး.. သေရတော့မယ် ..ထင်ပါရဲ့..
ကျွတ်..ကျွတ်..,,,,

လေရောဂါကမသက်သာတဲ့အပြင် ပို၍ ဆိုးဝါးလာ
တော့သည်။ခဏကြာတော့ ဦးဥတ္တရ တစ်ပါးတည်း
ငြီးညူ သံတွေလည်း ငြိမ်သက်သွားတော့သည်။

≋≋≋≋≋≋≋≋≋≋≋≋≋≋≋≋≋≋≋≋≋≋≋≋≋≋≋≋≋≋≋≋
,,,ဟင်.ငါ..ငါ..ဘယ်နေရာရောက်နေတာလဲ
ငါကျောင်းပေါ်မှာပဲ နှစ်နှစ်ရိူက်ရိူက် အိပ်ပျော်သွား
ခဲ့တာ မဟုတ်လား၊ ခုဘယ်လိုလုပ်ပြီး လမ်းဘေး
ရောက်နေတာလဲ။ ပတ်ဝန်ကျင်ကို တစ်ချက်အကဲခက်ကြည့်မိလိုက်သည်။ ပုံမှန်မဟုတ်တာတော့အခြေ
အနေတစ်ခုရောက်နေတယ်ဆိုတာ သေချာသွားသည်။

,,,,အယ်မယ်လေး.. ငါ..ငါ…ခန္ဓာကိုယ်ပေါ်မှာ ငါတွေ
ပေါက်နေတာလဲ,,,

မြင်တွေ့နေရတဲ့ တစ်ကိုယ်လုံးကအမွှေးအမျှင်
တွေကြောင့် ဦးဥတ္တရ လွန်စွာထိတ်လန့်မိသွားလေ
သည်။ ကြီးမားလောက်တဲ့ ဝမ်းဗိုက်ကြီးကိုလွယ်ထား
ရသလောက် ပိန်လှီနေတဲ့ ခန္ဓာ ကိုယ်နှင့်မလိုက်ဖက်ပေ။
ပြီးတော့ မျက်နှာကို သေချာစမ်းကြည့်တော့ မျက်လုံးနှစ်ဖက်က လက်သီးတစ်စုတ်စာလောက်ရှိသည်။ ပါးစပ်ပေါက်ကနားရွက်နားထိ ဆက်နေလေပြီး အကျည်းတန်
ရုပ်ဆိုးနေလေသည်။

       ,,,ဘုရား.ဘုရား ငါ ခန္ဓာကိုယ်ကြီးက
ဘာတွေဘယ်လိုဖြစ်ကုန်ပါလိမ့်,,,

ခေါင်းပေါ်ကနေ တဘုတ်ဘုတ် ကျလာတဲ့
အကောင်တွေကြောင့် ဦးဥတ္တရမျက်လုံးပြူးသွား
ပြီး လက်ဖြင့် ဦးခေါင်းအား အသာစမ်းကြည့်
လိုက်တော့ …..
,,,,အမယ်လေး.. လောက်..တွေ.လောက်တွေ,,,,

လက်ထဲ ကပ်ပါလာတဲ့လောက်တွေကြောင့်
ထိပ်လန့်တကြား အော်လိုက်မိလေသည်။

,,,ငါ..ငါ သေသွားတာတော့သေချာပြီး ခုရောက်နေ
တဲ့ ဘုံက ငါကြားဖူးဖတ်ဖူးတဲ့ ပြိတ္တာဘုံများလား၊
ဘုရား..ဘုရား…ငါ..ငါအဖြစ်က တည်လည်းဆိုးလှ
ချည်းလား,,,အီးဟီး,,,ဟီး,,,

ကိုယ်ဘဝရဲ့အဖြစ်ပျက်တွေ သိရတော့ အားရပါရ
ငိုခြင်းချမိလိုက်သည်။
,,,,ဟဲ့..သေနာကောင် ဒီအနားလာမငိုနဲ့ဝေးဝေးသွား
ငိုစမ်း ကျက်သရေ ယုတ်တယ်,,,,

အပင်ပေါ်က ရုပ်ဆိုးဆိုး မိန်းမ ကြီးအော်ငေါင့်
လိုက်တဲ့စကားအသံကြောင့် ဦးဥတ္တရလည်း
အငိုရပ်ကာ ထိုနေရာကနေ အမြန်ထွက်သွားလိုက်
လေသည်။

    ” ကွီးး..ခွီး.”

အတန်ကြာအောင်လမ်းလျှောက်ပြီး ဗိုက်ကသိသိ
သာသာ ဆာလောင်နေတာကြောင့် အသံမျိုးစုံ
မြည်းတီးနေလေသည်။ ဝမ်းစာဖြည့်ဖို့ အစားအစာများကို လိုက်လံရှာဖွေရပြန်သည်။ လမ်းမှာသူ့လိုဘဝတူတွေ
တော်တော်များများလည်း တွေ့မြင်ရသည်၊ တစ်ချို့ဆို လူတွေရဲ့ အညစ်အကြေးတွေကို အလုအယက်စားသောက်နေကြတာမြင်မိပြီး ဦးဥတ္တရ နှာခေါင်းရှုံ့
လိုက်မိလေသည်။

   ,,,,  ထွီ…..ရွံစရာကောင်းလိုက်တာ  ဒါတွေကိုတော့
ငါမစားနိုင်ပါဘူး,,,,

ထိုအရာကို မြင်မူတော့ ဦးဥတ္တရ အောဂလီဆန်သွားမိသည်။ ကျောင်းထိုင်ဘဝကတည်းက ဟင်းဂျီးများခဲ့တာ့ ဦးဥတ္တရ ခုတော့ မြင်တွေ့နေရတဲ့ အရာတွေ
ကို နှာခေါင်းရှုံ  နေမိတော့သည်။

,,,,ဟာ…..ဟိုမှာ ငါ ဒကာမကြီးခင်ခင်ပါလား
.ငါခေါ်ပြီး အကူအညီတောင်းကြည့်အုန်းမှ,,,,

   ,,,,ဒကာမကြီး.ခင်ခင်.ဒကာမကြီး,,,

ဦးဥတ္တရ ခေါ်သံကို ခင်ခင်တစ်ယောက်မကြားနိုင်ပေ။
ထိုချိန် သူသားဖြစ်သူ ဆော့ကစားနေတဲ့ နေရာ
သို့ ခင်ခင် ရောက်လာပြီး သူကလေးအားပွေ့ချီဖို့
ဟန်ပြင်လိုက်သည်။
,,,,အမယ်လေး..နော် ဒီလောက်ညစ်ပက်အောင်
ဆော့ရသလား ..နှာချီးကတွဲလောင်းနဲ့လူမြင်လို့
တောင်မကောင်းဘူး ကတတည်းပဲ,,,,

ခင်ခင်က ပြောပြောဆိုဆိုဖြင့် သူ့ကလေးရဲ့နှာချီးအား လက်ဖြင့်ညစ်ယူက ပက်ခနဲ သူ့ဘေးနား ပစ်ချလိုက်သည်။ ထိုအရာကမြင်တော့ ဦးဥတ္တရ ဘယ်လိုမှ ဟန်မဆောင်နိုင်တော့ပဲ စာစောကပစ်ချတဲ့ နှာချီး
ရေတွေအား  ကောက်ယူစားဖို့ ဟန်ပြင်လိုက်တဲ့အချိန် ဘယ်အချိန်ကတည်းက ချောင်းနေလဲမသိ
အကောင်ကြီး တစ်ကောင် ရောက်လာပြိီးအလျင်အမြန်
ထိုနှာချီးဖက်ရေအား ရှည်လျားတဲ့ လျာကြီးဖြင့် လျက်လိုက်လေသည်။

  ,,, ကောင်းလိုက်တဲ့ အရသာ,,,,

ထိုအရာကို မြင်မိတော့ဦးဥတ္တရ  အလွန်ဒေါသထွက်မလိုက်သည်။

,,,တောက်.ငါ ဒကာမက ငါကိုကျွေးတာကွ မင်း
က လုစားတယ် ပေါ့,,,ကဲကွာ သေစမ်း,,,,,
ဝှစ်,,,,,
.    ,,,ခွပ်..ခွပ်.,,,

နှစ်ချက်လောက် သူ့လက်ပိန်ပိန်ဖြင့် အလျင်မြန်
ပစ်ထိုးလိုက်သည်။
,,,,အံမယ်.. မင်းကများငါအသားကို ထိတယ်ပေါ့
ဟုတ်လား….ငါဘာကောင်လဲဆိုတာမင်းကိုပြမယ်.,,
ထိုအကောင်ကြီးလည်း ဒေါသူပုန်ထ လိုက်ပြီး
သူ့တပည့်များအား လှမ်းခေါ်လိုက်သည်။

,,,ငါကောင်တွေ ဒီကောင်ကိုပညာပေးလိုက်ကြစမ်း,,,
အမိန့်ပေးသံနဲ့အတူ အပင်ကြီးပေါ်က ဇောက်ထိုး
ကြီးဆင်းလာတဲ့ ခက်ဝဝ ပြိတ္တာ လေးကောင် ထွက်
လာပြီး ဦးဥတ္တရ အား ဝိုင်းဝန်းတိုက်ခိုက်လိုက်ကြသည်။
,,,ခွပ်…ခွပ်,,,
,,အံမယ်လေး.. သေပါပြီးဗျ..နောက်အဲ့လိုမျိုး
မလုပ်တော့ပါဘူး ..လွှတ်ပေးကြပါအရိုးတွေလည်း ကြေကုန်ပါပြီး…အဟီးဟီး,,,,,

,,,,ကဲ..ကဲ..တော်လောက်ပြီး ငါကောင်တွေ..ပြန်လိုက်
ကြတော့….မင်းလည်း နောက်ခါ ဒီနေရာကို မလာနဲ့
ထပ်တွေ့ရင် သေမယ်ပြင်ထား,,,

အင်အားချင်းမမျှ ၍ ဦးဥတ္တရ လည်း ဒဏ်ရာများစွာ ရလာကာ ရှေ့ဦးတည့်ရာ အစားရှာဖွေနေတော့သည်။

,,,ဟင်…ရေအိုးစင်လေးတစ်လုံးပါလား..ဗိုက်စာ
နေတာနဲ့အတော်ပဲ,,,ဟု ဝမ်းသာစွာပြေးလိုက်မိ
သည်။

   ,,,,ဟေ့..အယုတ်ညံတဲ့ပြိတ္တာ ဒီအိုးကို မထိနဲ့ဟေ့,,,

    ,,,ဘယ်..ဘယ်သူလဲ..ငါကို ဟန်တားတာ,,,

အရာအားလုံးကြောက်မိနေသော်လည်း မာန်ပါပါ
ဖြင့် ပြန် မေးလိုက်သည်။

    ,,,အလို..ငါကိုများ ..ပမာမခန့်နဲ့..
ငါ…ဒီအပင်ပေါ်က ရုက္ခစိုး ပဲ”
ဘွားကနဲ ပေါ်လာတဲ့ အဘိုးအိုတစ်ကြီးကြောင့်
ဦးဥတ္တရ လည်းကြောက်မိသွားလေသည်။

   ,,,ကျ..ကျွန်..တော်.ကို ရေလေးတစ်ပေါက်လောက်
သောက်ခွင့်ပြုပါအဘ,,,

“အလို..တည်လည်းမိုက်လုံးကြီးတဲ့ ဝန္တသပြိတ္တာပါလား
ဒီရေက သင်နဲ့ထိုက်တန်တဲ့ရေမဟုတ်ဘူး .သင်သွားပါတော့။..ဒါပေမယ့်တစ်ခုတော့ သတိပေးလိုက်မယ်…
သင်ဒီဘဝဆိုးက ကျွတ်ချင်ရင်တော့သင်ပြစ်မှားမိခဲ့တဲ့ ရဟန်းသူတော်လေးကို ရှာဖွေပြီး  အမျှအတန်းရမှ
သင် ဒီဘဝက ကျွတ်လွတ်လိမ့်မယ်…. ကဲ..ဒီနေရာကနေထွက်ခွာပြီး အကျင့်သီလနဲ့ပြည့်စုံတဲ့ ထို ရဟန်း
လေးကိုသာ ရှာဖွေပါတော့,,,

ထိုသို့ပြောရင်းထိုအဘိုးအိုလည်း ပျောက်ကွယ်သွားတော့သည်။

,,,သီလ၊ သမာဓိရှိတဲ့ရဟန်းကို ပြစ်မှာစော်ကား
မိခဲ့ငါ…ခုတော့ ငါဘဝက တည်လည်းအကျည်းတန်
လှပါလား,,,

ဒိီဘဝက လွတ်မြှောက်ဖို့ အဲ့ကိုယ်တော်လေးကိုရှာဖွေရမှာပဲ လောလောဆယ်ဗိုက်ကလည်း တော်တော်လေး
စာလောင်နေသည့်မို့ အစာစားရဖို့သာ မည်းတင်းနေ
မိတော့သည်။ည နက့်ပိုင်းသာရောက်သွားသည်
ခုချိန်ထိ ဘာမှမစားရသေး။ အစားရမည့်နေရာအား
မှန်း၍ လျှောက်လာခဲ့သည်။ မိမိကျောင်းအနားပြန်
ရောက်လာတော့ မျက်ရည်တွေ လည်း စီး၍ကျလာ
ပြန်လေသည်။

,,,သြော်..ငါကျောင်းလေးတောင် ပြန်ရောက်နေပါလား ဘာပဲဖြစ်ဖြစ် ကပ္ပိယကြီး အကူအညီတောင်းရမှာပဲ,,,

အတွေးတွေဖြင့်  ခြံတံခါးနားချည်းကပ်လာခဲ့သည်။

      ,,,ဟိတ်..ရပ်စမ်း ,,,

ဟိန်းခနဲ ထွက်ပေါ်လာတဲ့အသံရှင်ကြောင့် ဦးဥတ္တရ
ခြေလှမ်းများ တွန့်ဆုတ်သွားလေသည်။ အသံကြားရာလှည့်ကြည့်တော့ အရောင်တဝင်းဝင်းတောက်ပြောင်နေပြီး ရတနာတန်ဆာဆင်မြန်းထားတဲ့ ကျောင်းစောင့်နတ်သားတစ်ပါး ဖြစ်ဟန်တူသည်။

  ,,,အသင် ဘယ်သူလဲ ကျုပ်ကို ဘာလို့ဟန်တားတာ,,,
ဦးဥတ္တရ လည်းကြောက်ကြောက်နဲ့ ပြန်မေးလိုက်
မိသည်။
,,,ငါ က ..ဒီကျောင်းရဲ့တံခါးစောင့်နတ်ပဲ..
.ငါအမိန့်မရပဲ ဘယ်သူမှဝင်ခွင့်မရှိဘူးဟေ့,,,,
,,ကျုပ်က တစ်ချိန်ကဒီကျောင်းရဲ့ကျောင်းထိုင်
ဆရာတော်ပါ ။သူတော်ကောင်းကို ပြစ်မှားမိတဲ့ကံတွေကြောင့်အခုလိုဘဝမျိုးဖြစ်ခဲ့ရတာပဲ ကျုပ်ကို
ဒီအကြိမ်လောက်ဝင်ခွင့်ပြုပါပေးပါ ,,,

ဦးဥတ္တရ စကားကို ခြံတံခါးစောင့်နတ် ခဏစဉ်စား
လိုက်သည်။

,,,အိမ်း..တစ်ချိန်က သင်ကကျုပ်တို့အပေါ် မေတ္တာပို့
အမျှပေးဝေခဲ့ ကျေးဇူးကို ထောက်ထားပြီး ဒီတစ်ကြိမ်လောက် ခွင့်ပြုပေးလိုက်ပါမယ်,,,

ခြံတံခါးစာင့်နတ်စကားသံကြားရတော့ ဦးဥတ္တရ လွန်စွာပျော်သွားပြီး ကျေးဇူးတင်စကားကို ထိုနတ်သားအားအကြိမ်ကြိမ် ပြောဆိုမိလိုက်ပြီး ကျောင်းဝန်းအတွင်းထဲဝင်လိုက်မိတော့သည်။

     ,,,ဝုတ်…ဝုတ်…,,
သူ ကို မြင်တော့ ခွေးတစ်ကောင်ထိုး၍ ဟောင်နေတော့သည်။
,,,,ဟဲ့.  ဗိုလ်ကျား..ငါပါဟ.,,,

သူ့ပုံသဏ္ဍန် ကိုမမှတ်မိလေခြင်းအလားမသိ ဗိုလ်ကျားကတော့ ထိုး၍ ဟောင်းနေဆဲးပင်။ ထိုအချိန်ကျောင်းတံခါးဖွင့်လိုက်တဲ့ အသံကြောင့် ဦးဥတ္တရ လည်း အပင်တစ်နား  ပုန်းလျို ၍ နေလိုက်ပြီး
မီးအိမ်ငယ်နဲ့အတူ ဆင်းလာတဲ့ လူတစ်ယောက်ကိုပဲ အမှောင်ရိပ်ကြားကနေ မျက်ခြေမပြက်ကြည့်မိလိုက်သည်။

    ,,,ဟင်..ကပ္ပိယကြီးဖိုးထောင်ပါလား,,,,

ဦးဥတ္တရ လည်း ကပ္ပိယကြီးဦးဖိုးထောင်ကို တွေ့
ရတော့ လွန်စွာဝမ်းသာသွားသည်။အင်း ငါဒီအတိုင်းတွေ့လို့အဆင်မပြေဘူး ရုတ်တရက် ငါကိုမြင်ရင် သူ့လန့်ပြီးပြေးသွားလိမ့်မယ်။  ငါဘာဆက်လုပ်ရင်ကောင်းမလဲ။

   “ဝုတ်…ဝုတ်..”

ဗိုလ်ကျားကတော့ သူရှိတဲ့နေရာထိုး၍ ဟောင်ပြနေ
တာကို ကပ္ပိယကြီး ရိပ်စားမိမယ်မပေါ် မီးအိမ်အား
ဝှေ့ယမ်းနေတော့သည်။အင်း ဒါအခွင့်ရေးပဲ.ဆိုပြီး ထိုးဟောင်နေတဲ့ ဗိုလ်ကျားနား ပြေး၍ ခြောက်လန့်လိုက်လေသည်။ ဗိုလ်ကျားလည်း ဦးဥတ္တရခြောက်လန့်မူကြောင့် ကြောက်ကြောက်လန့်လန့်ဖြင့် တအီးအီးဖြင့်ငြီး၍
ကျောင်းဆောင်အောက်ထဲကိုတိုးဝှပ်သွားလေတော့
သည်။ ဦးဥတ္တရ လည်း နောက်ကျောဘက် ရပ်မိလိုက်
ပြီး အသံပေးလိုက်မိသည်။

      “က..ပ္ပိ..ယ ..ကြီး..”

ဦးဥတ္တရ ခေါ်လိုက်တဲ့အသံကြားရတော့ ကပ္ပိယကြီး
ဖိုးထောင် လည်း အတော်ကြောက်နေပုံရသည်။
နောက်လည်းလှည့်ကြည့်တော့ ကပ္ပိယကြီးလည်း
သူကိုမြင်သွားတော့ ကြောက်အားလန့်အားဖြင့် မြေ
ပေါ် ဖင်ထိုင်လှဲကျသွားကာ ငယ်သံပါအောင် အော်
လိုက်မိတော့သည်။

      ,,,အာ..သရဲ..သရဲ.,,

,,,.ငါ.ပါဟဲ့…မကြောက်ပါနဲ့..ကပ္ပိယကြီး.
အခု..ဒကာကြီးဆီက အကူအညီတောင်းချင်လို့ ရောက်လာတာ,,,

အဲ့တော့မှ ဦးဖိုးထောင်အကြောက်ပြေသွားလေ
သည်။  ,,,,ဆရာတော်ဘုရား ဘယ်လိုအကုသိုလ်ကံ
တွေကြောင့် အခုလို မရူ့မလှဘဝမျိူးးရောက်ခဲ့ရပါ
သလဲဘုရား,,,

ဦးဥတ္တရ လည်း မျက်ရည်တွေ ကျလာပြီး သူ့ပြစ်
မှားမိခဲ့တဲ့အကြောင်းအား အစအဆုံးပြောပြချေတော့သည်။ ,,,အဲ့ ..ဆရာတော်ကို သာစည်ကုန်း
ကျေးရွာလေးမှာ ရှာဖွေပြီး ဒီရွာကိုပင့်ဆောင်လာခဲ့ပါ… ဆရာတော် ကြွမလာမှီ တစ်ရွာလုံးက အထင်လွှဲမူတွေကို ဒကာကြီးက ရှင်းပြပေးပြီး ငါအတွက် ရေစက်ချကုသိုလ်လုပ်ပေးပါ,,,,

ဦးဥတ္တရ လည်း ထိုသို့ပြောဆိုပြီး ကပ္ပိယကြီးဦးဖိုးထောင်အားနူတ်ဆက်ကာ အမှောင်ရိပ်တွေကြားထဲ တိုးဝှေ့ပျောက်ကွယ်သွားတော့သည်။ မနက်ရောက်
တော့ ကပ္ပိယကြီးဦးဖိုးထောင်လည်း ကျောင်းထိုင်
ဆရာတော် မှာကြားသည့်အတိုင်း ရွာသူကြီး
ဦးဘကောင်းအား အရင်အကျိုးအကြောင်းပြောပြ
ခဲ့သည်။ရွာသူကြီးဦးဘကောင်း လည်း ထိုဆရာ
တော်အား ရှာဖွေဖို့ကပ္ပိယကြီးဦးဖိုးထောင်နှင့်တကွ
ကာလသား ၃ယောက်ဖြင့် သာစည်ကုန်းကျေးရွာလေး
ဆီ စေလွှတ်လိုက်လေသည်။
ကပ္ပိယကြီးတို့အဖွဲ့ထွက်သွားတော့မှ သူကြီးဦးဘကောင်းလည်းရွာသူရွာသားတွေကို မောင်းထုခေါ်
ခဲ့ပြီး ကျောင်းထိုင်ဆရာတော်ရဲ့အဖြစ်အကြောင်းတွေကို အကျိုးးအကြောင်းပြောဆိုခဲ့လေသည်။
အဲ့တော့မှ ရွာသူရွာသားတွေလည်း ထိတ်လန့်
ကုန်ကြလေသည်။  ,,,ဘုရား…ဘုရား..ငါတို့တွေလည်း ကျောင်းထိုင်ဆရာတော်စကားယုံမိပြီး
ထိုကိုယ်တော်လေးအပေါ် ဝစိီကံဖြင့်ပြစ်မှားပြော
ဆိုမိခဲ့ကြသည့်မဟုတ်လား”

    ,,,,,အေးဟယ်…မသိလို့ပြစ်မှားမိခဲ့ကြတာပဲ
ဆရာတော်ကခွင့်လွှတ်ပေးမှာပါ,,,,,

,,,, တို့ရွာကို  ဆရာတော်က စိတ်နာပြီး မလိုက်လာရင်ဒုက္ခပဲတော်,,,,

တစ်ယောက်တစ်ပေါက်ပြောဆိုသံတွေဖြင့် သူကြီး
အိမ်တွင် ဆူညံပလောရိုက်နေတော့သည်။တစ်ရွာလုံး
ကလည်း မိမိတို့အမှားအား ဝန်ချတောင်းပန်ဖို့စောင့်မျော်
နေကြလေသည်။  ညနေစောင်း ရောက်တော့မှ ကပ္ပိယ
ကြီးဦးဖိုးထောင်တို့အဖွဲ့နောက်က ဆရာတော့ ကြွချီ
လာတော့ အားလုံးကလည်း ဝမ်းသာ ပီတိ ဖြစ်နေမိတော့သည်။ ငှက်ပျောသီးအုန်းသီးဖြင့် ကန်တော်ပွဲကြီး ၃ပွဲပြုလုပ်ကာ အရှင်သောဇောတဆရာတော်အား
ဝန်ချတောင်းပန်ကြကုန်တော့သည်။မေတ္တာတရားကြီးမားလှသည့်  ဆရာတော်ကလည်း အားလုံးပေါ်
ခွင့်လွှတ်နားလည်ပေးပြီး ၊ မကျွတ်မလွှတ်သေးတဲ့
ကျောင်းထိုင်ဆရာတော်အား ရွာသူရွာသားတွေနဲ့အတူတကွ ရေစက်ချအမျှပေးဝေလိုက်တော့သည်။

,,,,အားလုံးကြားကြားသမျှ..အမျှ..အမျှ အမျှ..ယူ       တော်မူကြပါကုန်တော်,,,,

       ,,,သာဓု..သာဓု..သာဓု…,,,,

ရွာသူရွာသားတွေရဲ့မနီးမဝေးအနောက်ဘက်က
ဦးဥတ္တရ ရဲ့ သာဓုခေါ်သံကြီးကတော့ ရင်ဖိုလှိုက်မောစွာ ဖြင့်  ကြားလိုက်ရတော့သည်။  (ပြီးပါပြီ)

လိုအပ်ချက်တွေရှိရင်လည်း ဝေဖန်အကြံပြုပေးဖို့
အထူးပဲ မေတ္တာရပ်ခံပါသည်။
လိုအပ်ချက်များစွာဖြင့်…
✏စာရေးသူ-  အလင်းရောင်