ဦးဖိုးဝေနှင့်လူသတ်အရုပ်

ဘယ်လက်သို့ ပြောင်းလဲ‌ေန‌ေ လရာ စိုးကြီး လန့်ဖျပ်ကာ ငယ်သံ‌ပါအောင် အော်ပါတော့သည်။

 

“လာ လာကွပါဦး သ သရဲ ”

 

ဆူညံစွာ အော်ဟစ်နေသော စိုးကြီး အနားသို့ ‌ရွာလူကြီး နှင့် တခြားရွာ သားများ ရောက်လာကြသည် ၊ ရွာလူကြီးသည် ပြူးကျယ်နေသော မျက်လုံး နှင့် အိမ်အောက်ရှိ လှဝင်းပေးခဲ့သော အရုပ်ကို လက်ညှိုးထိုးပြနေသော စိုးကြီးကို ကြည့်ကာ

 

“ဟေ့ ကောင် ဘာတွေ အော် နေတာလဲ ”

 

“ဟို ဟို အရုပ်က ကျုပ်ကို ရယ်ပြတယ် ပြီး‌ေတာ့ ကိုင်ထားတဲ့ ဓားကို လည်း လက်ပြောင်းကိုင်နေတယ် သ သရဲ ထင်တယ် ရွာလူကြီး ”

 

“တောက် စိုးကြီး ကူလီကူမာ လုပ်နေပြန်ပြီ ဒီအရုပ်က မင်းကို ရယ်ပြတယ် ဟုတ်လား မင်းတော့ကွာ “,

 

“တကယ် ရွာလူကြီး ဒီအရုပ်က မရိုးဘူး ကျုပ်ကို ဒီနားကို မထားပါ နဲ့ လွှတ်ပေးပါ ဗျ ”

 

“ဟေ့ကောင် မင်းကို လွှတ် ပေးလို့ မရဘူး ”

 

“အဲ့ သောက်အရုပ်က တကယ် လှူပ်နေတာဗျကျုပ်ကို ထိတ်တုံးခက်မယ် ဆို ခင်ဗျား သောက်ရုပ်ကို လွှင့်ပြစ်လိုက်ဗျာ ”

 

“တောက် ဒီ ခွေးမသားက ရွာလူကြီးတောင် ပြန်ပြောနေပါလား ”

 

ရွာလူကြီးအား စိတ်ဆိုးဒေါသထွက်၍ ပြန်ပြောနေသောစိုးကြီးအား သူ၏ ဘေးတွင် ရှိသော အောင်သူမှ ငေါက်ငမ်းလိုက်လေသည် ၊ ထို့နောက် ရွာလူကြီးသည် အောင်သူအား စိုးကြီး၏ ဘေးတွေ နေစေ၍ စိုးကြီးအား ထိတ်တုံးခက်မြဲ ခက်ထားလိုက်ပါလေတော့သည်။

 

▪️အခန်း-၅

 

ရွာလူကြီး၏ အိမ်အောက်တွင် ထိတ်တုံး ခက်ခံထားရသော စိုးကြီး နှင့် အောင်သူတို့ ရှိနေသည် ၊ စိုးကြီးသည် ခြေကို ထိတ်တုန်း ခတ်ခံထားရလျက် ပက်လက်လန်ပြီး အိမ်လေ‌သည် ၊ သူ၏ဘေးမလှမ်းမကမ်း တွင်‌ေတာ့ အောင်သူသည် ဝါးပက်လက် ကုလားထိုင်လေးပေါ်တွင် အိပ်ပျော်နေကြသည် ၊ အိမ်အပြင်ဘက် မှ ရှိသော လရောင်ကြောင့် အိမ်အောက်တွင်တော့ ဝိုးတဝါး အလင်းရောင်လေးက ရှိနေ‌ေသးသည် ထိုအချိန် စိုးကြီး၏ နားထဲ သို့ အသံ တသံကြားရ၍ ငုတ်တုတ် ထိုင်လိုက်ကာ ဟိုကြည့် ဒီကြည့် လုပ်နေစဉ် အရုပ်တင်ထားသော စားပွဲခုံမှ အရိပ်တခုသည် တဖြည်းဖြည်း နှင့် ကြီးမားလာသလို သူ၏ လက်ထဲတွင် ရှိသော ဓားသည်က အမှောင်ထဲတွငါကို တချက်တချက် အရောက်အနည်းငယ် တောက်‌ေနသည် ၊ ထိုလူရိပ်သည် တဖြည်းဖြည်း နှင့် စိုးကြီးအနားကပ်ကပ်လာရာ စိုးကြီးသည် သူ၏ လှုပ်ရှားနေသော စိတ်ကို ထိန်းကာ

 

“ရွာ ရွာလူကြီးလား ”

 

“မေးနေတယ် လေ ရွာလူကြီးလား ”

 

စိုးကြီး အသံခပ်ကျယ်ကျယ် နှင့် မေးပေမဲ့ ထိုလူသည် ပြန်ဖြေချင်းမရှိ သူ့အနားတိုးမြဲတိုးလာလေရာ စိုးကြီး တုန်ယင်နေသော အသံဖြစ် ‌သူနှင့် မလှမ်း မကမ်းတွင် အိပ်နေသော အောင်သူအား နိုးလိုက်လေသည် ။

 

“အောင်သူ ဟေ့ကောင် အောင်သူ ထဦး ဘယ်သူလည်း မသိဘူး ငါ့အနားလာနေတယ် ”

 

စိုးကြီး အော်ဟစ် နိုးပေမဲ့ အောင်သူသည် လှုပ်ပင် မလှုပ်ပေ ၊ စိုးကြီးသည် သူ၏ အရှေ့တွင် ရပ်တန့်နေသော လူကို သေချာကြ ည့်လိုက်သည် ၊ အလင်းရောင် ကောင်းစွာ မရသော ကြောင့် လူဟုသာ သိနိုင်သော အနေအထားဖြစ်နေ၏ စိုးကြီးသည် သူ၏ စိတ်ကိုတင်းကာ သူ၏ ရှေ့တွင် ရပ်နေသော လူရိပ်အား မေးလိုက်လေသည် ။

 

“မင်း မင်းဘယ်သူလဲ ”

 

“ငါ့နာမည် စက္က မင်းလားငါ့ကို ဆဲတာ ရော့ သေပေတော့ ဟဲ့ ”

 

ဓားကိုင်ထားသောသူသည် ထိုမျှသော စကားကို ဆိုပြီး သူ၏ လက်ထဲမှ ဓားဖြစ် စိုးကြီး၏ လည်ပင်းအား ပိုင်းဖြတ်လိုက်ရာ စိုးကြီး အသံ ပင်မထွက်နိုင် ခေါင်း နှင့် ကိုယ် တခြားစီ ဖြစ်၍ သွားပါလေတော့သည်။

 

▪️အခန်း

 

မိုးကြိုး ရွာလူကြီး နှင့် ရွာသူရွာသားများသည် စိုးကြီး၏ ခေါင်းတခြား ကိုယ်တခြား အလောင်းကြီးကို ကြည့်ပြီး ထိတ်လန့်နေကြသည် ၊ ထိတ်တုံးခတ်ထားသောခြေထောက် ခေါင်းမပါသောကိုယ် မလှမ်းမကမ်းတွင် ကျနေသောဦးခေါင်း ထိုမြင်ကွင်းကို ရွာသားများ မြင်ရချိန် တိုးတိုးစကားများဆိုလာကြသည် ။

 

“စိုးကြီးကို ဘယ်သူသတ်သွားရပြန်တာလဲ ”

 

“လူသတ်သမားက စိုးကြီးရဲ့ခေါင်းတောင် တိကနည်း ပြတ်‌ေအာင် ဓားနဲ့ ခုတ်နိုင်တယ်‌ဆိုတော့ အတော်ကို အားကြီးတဲ့သူပဲ ဖြစ်မယ်”

 

“ငါတို့ ရွာလေးတော့ ဘာ‌ေတွဖြစ်နေလဲ မသိပါဘူး”

 

ထိုသို့ ရွာသားများတိုးတိုး ပြောနေကြ‌သည်ကို ရွာလူကြီးမှ

 

“တိတ်ကြစမ်း ရွာထဲက ရပ်မိ ရပ်ဖ တွေ နဲ့ စည်းဝေးမယ် အခု စိုးကြီးကို ကောင်းကောင်းမွန်မွန် သင်္ဂြိုလ် ကြမယ် ဟိုကောင်အောင်သူကို ဘယ်မှ မသွားစေနဲ့ ”

 

ရွာလူကြီးသည် စိတ်အတော်ညစ်နေလေသည် ၊ သူ၏ ရွာလူကြီး သတ်တမ်းတလျှောက် ယခုလို ရက်ရက်စက်စက် လူသတ်သည့် လူသတ်မှုမျိုး မကြုံဖူးပေ ထို့ အတွက် အတော်ကို ခေါင်းရှုပ်နေရသည် ၊ ဤသို့ နှင့် ရွာလူကြီးသည် သူတက်စွမ်း သမျှ‌ကို ရွာသားများနှင့် အတူ ပူးပေါင်းပြီး လူသတ်တရားခံကို ဖမ်းစီးရန် တိုင်ပင်မည် ဖြစ်ပါ‌ေလ‌ေတာ့သည် ။

 

▪️အခန်း-၆

 

မိုးကြိုး ရွာလူကြီးသည် သူ၏အိမ်ပေါ်တွင်ရှိ ထိုင်ခုံတွင်ထိုင်နေသည် ၊ ထိုင်ခုံရှေ့ မလှမ်း မကမ်းတွင်တော့ အောင်သူဆိုသော လူရွယ် ထိုင်နေလေသည် ၊ ရွာလူကြီးသည် အောင်သူ၏ မျက်နှာ ကို သေချာကြည့်ကာ

 

“အောင်သူ မင်းလက်လွန်သွားတာလား ငါ့ကိုအမှန်တိုင်းပြောစမ်းပါ မင်းငါ့အပေါ်ဘာမှ ထိန်ချန်ထားစရာမလိုဘူးနော် ”

 

“မဟုတ်ပါဘူး ရွာလူကြီးရာ ကျုပ်တကယ်ကို ဘာမှ မလုပ်တာပါ ကျုပ် အိမ်အောက်က ပက်လက် ကုလားထိုင် မှာ အိပ်ပျော်နေတာပါ”

 

“ဟေ့ကောင် မင်း ယုတ္တိ မရှိတာ မပြောနဲ့ လူတယောက်လုံး ခေါင်းဖြတ် အသတ်ခံရတဲ့ အချိန် ဘေးနားမှာရှိတဲ့ မင်းက မသိဘူးဆိုတာ မဟုတ်သေးဘူး ကွ”

 

“ရွာလူကြီး မယုံလည်း ကျုပ် မတက်နိုင်ဘူး ကျုပ်ဆိုတဲ့ ကောင်က ရွာလူကြီးကို ဘယ်တုန်းက လိမ်ညာ ဘူးလဲ ”

 

အောင်သူ၏ စကားကြောင့် ရွာလူကြီး တွေဝေသွား၏ ၊ အောင်သူပြောသည်မှာ ဟုတ်ပေသည် အောင်သူသည် သူ၏ အားအထားရဆုံးသော ရွာသားတယောက်ဖြစ်သည် ၊ သူ့၏ ကိစ္စကြီးငယ် မရွေး အောင်သူ စွမ်းစွမ်းတမန် လုပ်ကိုင်ပေးနေကြဖြစ်သည် ၊ ယခုမူ ‌သူ အောင်သူအား တခါမှ သင်ခါမကင်း မဖြစ်မိပေမဲ့ ယခု အနေအထားတွင်တာ့ သူဖြစ်နေမိသည် ၊ အောင်သူသည်က လိမ်ညာဟန် မရှိသော မျက်နှာပေးနှင့် မို့ ရွာလူကြီး မ‌ျားစွာ အကြပ်ရိုက်နေရသည်၊

 

“အောင်သူ ငါက မင်းကို ယုံပေမဲ့ ရွာထဲက လူတွေက မင်းကို မယုံဘူး ဖြစ်နေတယ် ကွာ ငါ ဘယ်လို လုပ်ရမလဲ ”

 

“ရွာလူကြီး ယုံတယ် ဆိုတာနဲ့ ကျုပ် ကျေနပ်တယ် တခြားသူတွေ ဘယ်လို ထင် ထင် ကျုပ် ဂရုမစိုက်ဘူး ”

 

“မင်း စိုးကြီးကို မသတ်တာ သေချာလား ”

 

“သေချာပါတယ် ဗျာ လူတယောက်ကို ကျုပ်က ဒီလောက် ခေါင်းပြတ်အောင် ရက်ရက်စက်စက် သတ်ရဲပါ့မလား”

 

ရွာလူကြီး ဦးခါင်းကို ညိတ် ပြီး ရေနွေးကြမ်းခွက်ကို ကိုင်ကာ တခုခုကို တွေးနေလေသည် ထို‌ေနာက် ရေ‌ေနွးကြမ်းခွက်ကို ချလိုက်ပြီး

 

“စိုးကြီး မသေခင်က ငါ့အိမ်အောက်က အရုပ်ကို အလန့်တကြားကြည့်ပြီး ပြောနေတာ မင်းမှတ်မိလား ”

 

“သိတယ် လေ ရွာလူကြီး”

 

“ဒီကောင် တော်ရုံ တန်ရုံး အကြောက် အလန့် ရှိတဲ့ကောင် မဟုတ်ဘူးကွ ဒီကောင် ကြောက်လန့်တကြားပြောနေတယ် ဆိုတော့ ”

 

“ကျုပ် အရုပ်ကို သွားယူလိုက်မယ် ”

 

အောင်သူသည် ပြောပြောဆိုဆို အိမ်အောက်ကို ဆင်းကာ အရုပ်အား သွားယူလေသည် များမကြာသော အချိန်တွင် အောင်သူ၏ လက်ထဲတွင် လက်တတောင် သာသာ ကြေးရုပ်တု တခုပါလာသည် ၊

 

ရွာလူကြီးသည် ရုပ်တုအား သေချာ ကြည့်နေလေသည် လက်ရာ အင်မတန်သေသပ်ပြီး ကြေးဖြစ် သွန်းထားသော ရုပ်တုဖြစ်သည် ရုပ်တု၏ ပုံပန်း သဏ္ဍန်သည် သျှောင်တစောင်းကိုထုံးဖွဲ့ထားကာ ကိုယ်ကာယ တောင့်တင်းသန်းမာသော အမျိုးသားတဉီး တောင်ချေကို ခါးတောင်းကျိုက်ထားကာ မင်းညီမင်းသာပံုစံနှင့် ဓား တလက်ကို ကိုင်ထားဟန်ဖြစ်သည် ရွာလူကြီးသည် ကြေးရုပ်အား သေချာကြည့်ပြီးနောက် အောင်သူအား စကားဆိုလေသည်။

 

“လက်ရာကတော် အတော် ကောင်းတယ်ကွ လှဝင်း ဘယ်က များရလာတာလဲ မသိဘူး ‌ဒီကောင်က ဟို ဦးစံတင်ကြီး နောက်လိုက်သွားတော့ငါ့ပေးခဲ့တာ တော်တော်ကြာပါပြီ ငါလည်း အိမ်အောက ထားထားတာ ဘာမှ မဖြစ်ပါဘူး”

 

“ဟုတ်တယ် ကျုပ်တော့ ဒီ အရုပ်ကြောင့် မထင်ပါဘူး ရွာလူကြီး အိမ်ရောက်တာ ကြာပြီ ဘာပြဿနာ မှ မရှိတာ ”

 

“ဒီ အရုပ်ကြောင်းပြောမှ လှဝင်းတို့ ကောင်တွေ ဘယ်လို တွေ ဖြစ်နေကြလည်း မသိပါဘူးကွာ ”

 

ရွာလူကြီးသည် ဦးစံတင် ခေါ်သွားသော လှဝင်း ဝင်းတို့ အား သတိရ၍ စကား ဆိုနေစဉ် အိမ်အောက် မှ သူ့အားခေါ်သံ ထွက် လာလေသည်

 

“ဗျို့ ရွာလူကြီး ”

 

“ဟေ့ ဘယ်သူတွေလဲကွ လာပြီဟေ့ ”

 

ရွာလူကြီးသည် ကိုင်ထားသော ရုပ်တုအား စားပွဲ ခုံပေါ်တင်လိုက်ပြီးနောက် အောင်သူ နှင့် အတူ အိမ်အောက်သို့ ဆင်းသွားလေသည် သူတို့ နှစ်‌‌ေယာက် မမြင်နိုင်သည်က သူတို့ ချထားခဲ့သော ရုပ်တုသည် ကိုင်ထားသော ဓားအား လက်ပြောင်း ကိုင်နေပါလေတော့သည် ။

 

▪️အခန်း-၇

 

ရွာလူကြီးသည် အိမ်အောက်သိူ့ ရောက်သော အခါ မမျှော် လင့်ထားသော သူများကို တွေ့လိုက်ရသည် အတွက် အ‌ံ့ဩဝမ်းသာ ကာ စကားဆိုနေလေသည် ၊

 

“လှဝင်း မင်းတို့ ပြန်ရောက်လာတာ လား ”

 

“ဟုတ်တယ်လေ ဟို လူယုတ်မာကြီး လည်း သေပြီ ဆို‌ေတာ့ ကျုပ်တို့ကို ဒုက္ခ ပေးမဲ့ သူတွေလည်းမရှိတော့ ဘူးဗျ”

 

“ဦးစံတင် သေသွားပြီလား ”

 

“ဟုတ်တယ် ရွာလူကြီး ”

 

“ကောင်းလိုက်တာ အတော် ကို မင်္ဂလာရှိတယ် ကွာ ”

 

“ဒါ နဲ့ ဟို ဧည့်သည်တွေက ”

 

ရွာလူကြီးသည် ဦးဖိုးဝေ နှင့် သူရိယအား ကြည့်ပြီး လှဝင်းအား မေးလိုက်ရာ လှဝင်းသည် သူနှင့် အတူတူ ပါလာသော ဦးဖိုးဝေ နှင့် သူရိယ အား ရွာလူကြီး နှင့် မိတ်ဆက် ပေးလေသည်

 

“ဒီက ဆရာကြီးက ကျုပ်တို့ကို ကယ်တင်ပေးတဲ့ ဆရာကြီးပါ နာမည်က ဦးဖိုးဝေ တဲ့ ဆရာကြီးဘေးက ကောင်လေးက‌ေတာ့ သူရိယ လိုခေါ်တယ် ရွာလူကြီး ”

 

“အော် ဆရာကြီးတို့ ထိုင်ပါ ဗျာ ထိုင်ကြပါ ကဲ အောင်သူရေ ရေနွေးပွဲလေး ပြင်ပြီး ယူခဲ့ ပါဦးကွ”

 

ရွာလူကြီးသည် ဦးဖိုးဝေတို့အား တန်းလျားတွင် ထိုင်စေပြီး ဧည့်ဝတ်ပြုလေသည် ၊ ထို‌ေနာက် လှဝင်းကို ကြည့်ကာ

 

“လှဝင်း မင်းတယောက် ထဲ ပြန်လာတာ လား ”

 

“မဟုတ်ပါဘူး ကျုပ်တို့ ရွာက လူတွေ အကုန်ပြန်လာတာပါ တခြားရွာက သူတွေ‌ကတော့ သူတို့ရွာကို သူတုိ့ပြန်သွားကြပြီး သိန်းမြိုင်တောင် ဒဏ်ရာ ရထားတယ် အဲ့တာ ကျုပ်တို့ လှည်းနဲ့ ခေါ်လာရတယ် အခု လှည်းသမားက လိုက်ပို့နေတယ် ဆရာကြီးတို့က ကျုပ် အိမ်မှာ တည်းခိုကြမှာပါ ဆရာကြီးက ရွာလူကြီးအိမ်မှာ ရှိတဲ့ ကျုပ်ပေးခဲ့ တဲ့ အရုပ်ကို ကြည့်ချင်တယ် ဆိုလို့ ဒီကို တန်းလာတာ ”

 

“အေးကွာ မင်းတို့ ပြန်ရောက်လာတာ ငါအရမ်းဝမ်းသာတယ် မြင့်ဆွေ နဲ့ စိုးကြီး အသတ်ခံလိုက်ရတယ်ကွာ”

 

ရွာလူကြီး၏ စကားကြားသော အခါ လှဝင်းသည် ဦးဖိုးဝေကို ကြည့်ပြီး

 

“ဆရာကြီး လမ်းမှာ ပြောတဲ့ အတိုင်း ဖြစ်ပြီနဲ့တူတယ် ”

 

“ဦးကြီးတို့ နောက်ကျသွားတယ်ကွယ် ”

 

ဦးဖိုးဝေ နှင့် လှဝင်း၏ စကားကြောင့် ရွာလူကြီး နားမလည်ဖြစ်ကာ

 

“လှဝင်း ဘာအကြောင်းထူးလို့လဲ ပြောပါဦး ငါ့ကို ”

 

“ဆရာကြီးက လမ်းမှာပြောတယ် ကျုပ်ပေးခဲ့တဲ့ အရုပ်က မှော်ဝင် အရုပ်တဲ့ဗျ သူ့ကို စော်ကားပြောဆိုတာ ဆို လက်တုန့်ပြန်တဲ့ အနေနဲ့ ညဘက်‌ေတွမှာ သတ်တက်တယ်တဲ့ဗျ ”

 

“ဟာ ဟုတ်ပါ့မလား ကွာ ဒီ အရုပ် မင်းထားခဲ့တာ ကြာပြီကို ဘာမှ မှ မဖြစ်တာ ”

 

လှဝင်း၏ ပြောစကားကို ရွာလူကြီး လက်ခံပုံ ယုံကြည်ပုံမပေါ်ဖြစ်နေလေရာ ဦးဖိုးဝေမှ ရွာလူကြီးကို ကြည့်ကာ စကားဆိုလိုက်သည်

 

“အခု အသတ်ခံ ရတဲ့ နှစ်ယောက်က ဒီ အရုပ်ကို ပြစ်တင် ပြောဆို ဘူးမယ် ထင်တယ် ”

 

“ဟုတ်တယ်လေ ရွာလူကြီး ၊

အရက်သမား မြင့်ဆွေက အရုပ်ကို မိန်းမကြီး နဲ့ တူတယ် လို့ ပြောပြီး စိုးကြီးနဲ့ ငြင်းခုံရန်ဖြစ်တာလေဗျ ပြီးတော့ စိုးကြီးလည်း ရွာလူကြီး အိမ်အောက်မှ ထိတ်တုံး ခတ်ခံထားတုန်းက အရုပ်ကို ပြောင်းပေးဖို့ ပြောပြီး ဆဲသေးတယ်လေ ”

 

ဦးဖိုးဝေ သည် ရွားလူကြီးအား မေးသည်ကို အောင်သူကြားမှ ဖြေဆိုရင်း ရွာလူကြီးအား သတိပေးလိုက်ချင်းဖြစ်သည် ၊ ထိုအခါ မှ ရွာလူကြီးသည် ခေါင်းကို ညိတ်ကာ

 

“ဟုတ်တယ် ဟုတ်တယ် ဒီကောင်တွေ နှစ်ယောက် ပဲ အဲ့ အရုပ်ကို ပြောတာ ”

 

“ကဲ ရွာလူကြီးရေ ခင်ဗျား အရုပ်ကို တော့ ရှင်းပြစ်မှ ရ‌ေတာ့မယ် ထင်တယ်”

 

“ကျုပ် အရုပ် မဟုတ်ပါဘူးဗျာ လှဝင်းပေးခဲ့တာ ပါ ဟေ့ကောင် လှဝင်း မင်း ဒီ အရုပ်ကို ဘယ်က ရတာ လဲ ”

 

ရွာလူကြီးသည် ဦးဖိုးဝေ၏ စကားကို ပြန်ပြောရင်း လှဝင်းကို ပါ တဆက်ထဲ မေးခွန်းထုတ်လိုက်လေသည် ထိုအခါ လှဝင်းသည်

 

“အဲ့ အရုပ်ကို ကျုပ် ဦးစံတင်နောက် မလိုက်ခင် ရွာရဲ့ အနောက်တောထဲ အင်ဥ ယက်ရင်း တွေ့တာ ဗျ”

 

“ဆရာကြီး ပြောပုံအရဆို လှဝင်းရေ မင်းအရုပ်က ငါတို့ ရွာကို ဒုက္ခ ပေးနေပြီဟ ”

 

ရွာလူကြီးသည် လှဝင်းကို ကြည့် ရင်း စကားဆိုနေလေသည် ၊ ဦးဖိုးဝေသည် ရေနွေးကြမ်းတခွက် ကို သောက်လိုက်ပြီး သူရိယ ဘက်လှည့်ကာ

 

“လူလေး မင်း ဗိုက်ဆာနေပြီလား ”

 

“မဆာသေးပါဘူး အဘ ”

 

“အေးအေး အဲ့တာဆို အဘတို့ ဒီက အလုပ်လေး စ ပေးလိုက်တာပေါ့ ”

 

“ဟုတ်ကဲ့ပါ အဘ ”

 

ဦးဖိုးဝေသည် သူရိယအားစကားပြောပြီးနောက် ရွာလူကြီး ဘက်လှည့်ကာ

 

“ရွာလူကြီး ဟောဟိုက တူကြီးက ရွာလူကြီး နဲ့ ဘာတော်လဲဗျ”

 

“ဘာမှတော့ မတော်ပါဘူး ဘားဖြစ်လို့လဲ ဗျ ”

 

“အဲ့မောင်ကို ကြည့်ရာတာ ရဲစွမး်သတ္တိပြည့်မဲ့ပုံပဲ ”

 

“ကျုပ်လည်း သူကို ပဲ အားကိုးပြီး ရပ်ကျိူးရွာကျိုး လုပ်နေရတာဗျို့ ”

 

“အဲ့တာ ဆို ဟန်ကြတာပေါ့ ကဲ မောင်ရင် မင်း ကြောက်တက်လားကွဲ့ ”

 

ဦးဖိုးဝေသည် ရွာလူကြီး နှင့် စကားပြောရင်း အောင်သူဆိုသော လူရွယ်အား မေးလိုက်လေသည် ထိုအခါ အောင်သူသည် ဦးဖိုးဝေအား တချက်ပြုံးပြလိုက်ကာ

 

“မကြောက်တက်ပါဘူး ဆရာကြီး ”

 

“အဆင်ပြေတာပဲ မင်း လှဝင်းယူလာတဲ့ အရုပ်ကို သွားဆဲ ချေကွာ ”

 

ဦးဖိုးဝေ၏ စကားကြားသောအခါ အောင်သူ အပါ အဝင် ကျန်သူများပါ အံ့ဩနေကြသည် အောင်သူသည်က ဦးဖိုးဝေကို ကြည့်ကာ

 

“ကျုပ် ဆဲ လိုက်ရင် အဲ့ အရုပ်က ကျုပ်ကို သတ်မှာ မဟုတ်ဘူးလား ဆရာကြီး ”

 

“အေးလေ မင်းကို သူကိုင်ထားတဲ့ ဓားနဲ့ လည်ပင်းကို ဖြတ်လိမ့်မယ် ထင်တယ် ”

 

“အဲ့တာဆို ကျုပ် ကျုပ် သေသွားမှာပေါ့ ”

 

“မောင်ရင် ဘာမှ မဖြစ်စေရပါဘူးကွာ ”

 

ဦးဖိုးဝေ၏ စကားကို အောင်သူ ယုံကြည်ပုံသိပ်မပေါ် ပေ ထိုအချင်းအရာကို သိသော ဦးဖိုးဝေသည် ရွာလူကြီးကို ကြည့်ကာ

 

“ကဲ ကဲ ရွာလူကြီး ကျုပ်ကို ကွမ်းအစ်လေး မပေးချင်ဘူးလားဗျ ”

 

“ရတာပေါ့ ဆရာကြီးရယ် ကဲ အောင်သူရေ ကွအစ်လေး တက်ယူ ပေးစမ်းပါဦး ”

 

အောင်သူသည် ရွာလူကြီး စကားဆုံးသည် နှင့် သွတ်လတ်စွာ ကွမ်းအစ်ကို သွားယူပေးလေသည် များမကြာမှီ အချိန်တွင် အောင်သူ ကွမ်းအစ်ကို ယူပိး ဦးဖိုးဝေအားရိုသေစွာ ကမ်းပေးလိုက်လေသည် ၊ ဦးဖိုးဝေသည် ကွမ်းအစ်ကို ယူပြီး ကွမ်း တယာကို ယာလိုက်ကာ

 

“ကဲ မောင်ရင် မင်း ဒီက‌ွမ်းယာကို ပါး‌‌ေစာင်ထဲ ငုံထားစမ်းကွယ် ”

 

“ဟုတ်ကဲ့ ဆရာ ကြီး ”

 

အောင်သူသည် ဦးဖိုးဝေ ပေးသောကွမ်းယာကို ယူလိုက်ပြီး ပါးစောင်မှ ထည့်လိုက်ကာ ငုံထားလိုက်သည် ၊ ထို့နောက် ဦးဖိုးဝေသည် ရွာလူကြီးအား

 

“ကဲ ရွာလူကြီး ဓားထက်ထက် တချောင်းလောက် ရမလား ”

 

“ဆရာကြီး ဘာလုပ်ဖို့လဲ ”

 

“ပြီးမှ ပြောပါမယ် ဓားလေး အရင်ပေးပါလား ”

 

“ရပါတယ် ဗျာ ကျုပ်ရဲ့ ကြံခုတ်ဓားက အထက်ဆုံးပဲ အဲ့ဓားကိုက နှီးဖျာဖို့တောင် သုံးတာဆိုတော့ အတော်ကို ပြတ်တယ်‌ဗျ ”

 

“ကောင်းတာပေါ့ ရွာလူကြီး ”

 

“ကဲ အောင်သူရေ မင်းပဲ ခိုင်းစရာရှိတာဆိုတော့ ‌မင်း ပဲ သွားယူပေးလိုက်ပါ ဦးကွာ ”

 

အောင်သူသည် အိမ် အောက် ခွေးကတစ် တွင် တင်ထားသော ကြံခုတ်ဓားအား ယူပြီး ဦးဖိုးဝေအားပေးလိုက်သည် ဦးဖိုးဝေသည် အောင်သူပေးသော ဓားကို ယူကာ ဓားသွားအား လက်မ နှင့် ခြစ်ကြည့်လိုက်ပြီး

 

“ဓားကတော်တော် ထက်သားဗျာ ကဲ အောင်သူရေ ငါပေးတဲ့ ကွမ်း ငုံထားလားကွ”

 

“ငုံထားပါတယ် ဆရာကြီး ”

 

“သေချာရဲ့လား ”

 

“သေချာပါတယ် ”

 

“အေးအေး ”

 

ဦးဖိုးဝေသည် စကားဆုံးသည် နှင့် မပြောမဆို ရုတ်တရက် အောင်သူ၏ လည်ပင်းအား ကြံခုတ်ဓားဖြစ် ခုတ်လိုက်ပါတော့သည် ၊ ဦးဖိုးဝေ၏ အရွယ်နှင့် မမျှသော လျှင်မြန်မှု့ကြောင့် မည်သူမှ တားချိန်မရ အောင်သူသည်လည်း မျက်လုံးပြူးလို့သာ ဦးဖိုးဝေ၏ ဓားချက်အား မျက်လုံးမှိတ်၍ ခံလိုက်ရပါတော့သည် ၊ ဦးဖိုးဝေ ခုတ်လိုက်သော ဓားချက်သည် အောင်သူ၏ လည်ပင်းအား တည့်မတ်စွာ ထိမှန်သွားပေမဲ့ မပြတ်မချပေ ဓားအရှိန်ကြောင့် သား အောင်သူ ယိမ်းယိုင်သွားရာ အားလုံးအံအားသင့်နေကြသည် ၊ အောင်သူသည် သူ၏ လည်ပင်းအား လက်နှင့် ပွက်ကြည့်ပြီးး ရွာလူကြီးကို ကြည့်ကာ

 

“ကျုပ် ကျုပ်လည်ပင်း ဘာမှ မဖြစ်ဘူးဗျ”

 

“အေး ဟုတ်တယ် မင်း တုတ်ပြီး ဓားပြီးတာ လား”

 

“ဆရာကြီး ကွမး်က အစွမ်းထက်တာ ဖြစ်မယ် ”

 

ဦးဖိုးဝေသည် ဓားအား အောင်သူကို ပြန်ပေးလလိုက်ကာ

 

“မောင်ရင် မင်းဘာမှ မဖြစ်စေရဘူးဆိုတာ ယုံပြီ မဟုတ်လား ”

 

“ယုံပါပြီ ဆရာကြီး ”

 

“အဲ့တာဆို မင်း ဟို အရုပ်ကို သွားဆဲချေတော့ကွာ ”

 

ဦးဖိုးဝေ စကားဆုံးသည် နှင့် အောင်သူသည် ရွာလူကြီး၏ အိမ်ပေါ်သို့ တက်သွားပြီး များမကြာမီအောင်သူ၏ မိုးမွှန်အောင် ဆဲဆိုသံများ ပေါ် ထွက်လာပါလေတော့သည်။

 

▪️အခန်း-၈

 

ရွာလူကြီး အိမ်ရှိ လှဝင်းပေးထားသော ရုပ်တုအား ရွာလူကြီး အိမ်အောက်ရှိ အရင်နေရာသို့ ပြန်ထားပေးလိုက်ကြသည် ၊ ထို့‌ေနာက် ဦးဖိုးဝေ နှင့် သူရိယတို့ သည် ရွာလူကြီး နှင့် အောင်သူအား နုတ်ဆက်လိုက်ကြသည်

 

 

“ကဲ ရွာလူကြီးရေ ကျုပ်တို့ မောင်လှဝင်းအိမ် လိုက်သွားလိုက်ဦးမယ် ”

 

“ဆရာကြီးရယ် ကျုပ်အိမ်မှလည်း တည်းလို့ရပါတယ်ဗျာ ”

 

“ရွာလူကြီးက ကျုပ်ဧည့်သည်ဆိုတာမေ့နေပြီထင်တယ် ”

 

“အေးပါ လှဝင်းရာ ငါက ဆရာကြီးတို့ကို ဧည့် ဝတ်ပြုချင်လို့ပြောတာပါ ”

 

“အေးပါဗျာ အခုတော့ ကျုပ်ခေါ်သွားပါရစေဦး နောက်နေ့တွေမှ ပြန်ခေါ်ခဲ့ပါမယ် ”

 

“အေးအေး ”

 

ထို့နောက် ဦးဖိုးဝေတို့ သည် နောက်တကြိမ် ရွာလူကြီး နှင့် အောင်သူကို နုတ်ဆက်ကာ ရွာလူကြီးအိမ်မှ ထွက်လာခဲ့ကြပါလေတော့သည် ။

 

▪️အခန်း-၉

 

လှဝင်းသည် သူ၏ အိမ်‌ဝိုင်းထဲသို့ ရှေ့မှ ဦးဆောင်ပြီး ဝင်လိုက်သည် ၊ သူကိုမြင်သည် နှင့် သူ၏ သမီးဖြစ်သည် ကလေးမလေးသည် အံဩနေသော မျက်မှာ အနေအထားနှင့် ဆန်ပြာနေသော သူ၏မိခင်အား

 

“အမေ့ အမေ ဟိုမှာ အဖေ ပြန်လာပြီ ”

 

“ပေါက်ကရ သမီးရယ် နင်အဖေသာ ပြန်လာကြည့်အခုဆို အမေတို့ ဗိုက်တွေ အပ်နဲ့ ထိုးသလို နာနေလောက်ပြီ ”

 

“မဟုတ်ဘူး အမေ တကယ်ပြောတာ ဟို မှ ကြည့်ဦး ”

 

ကလေးမလေးသည် သူ၏ မိခင် ၏ မျက်နှာကို သူမ၏ လက်သေးသေး လေးများဖြစ်ကိုင်လိုက် ပြီး လှဝင်းနှင့် ဦးဖိုးဝေတို့ ရပ်နေသော နေရာ အား ဆွဲ လှည့်လိုက်ရာ လှဝင်း၏ ဇနီးသည် ပြာနေသော ဆန်ထည့်ထားသော ဇကော အား ဘေးသို့ချလိုက်ကာ

 

“ကိုလှဝင်း ရှင်ပြန်လာတယ် ”

 

“အေးလေ ဘာဖြစ်လို့ လည်း ”

 

“ဒီတခါ ရှင်ပြန်လာတာ ကျမတို့ ဘာမှ မဖြစ်ဘူးတော့ ”

 

“ဘယ်တော့ မှ ဖြစ်မှ မဟုတ်ဘူး တို့ကို ပြုစားနေတဲ့ လူယုတ်မာကြီး သေပြီဟ ”

 

“လာလေ ရှင်က ဘာရပ်လုပ်နေတာလဲ နောက်က ဧည့်‌သည် တွေကော ရပ်ကြည့်နေရတာ အားနာစရာ ရှင် ”

 

“အေးဟုတ်ပါ့ဟေ ရီမြင့်ပြောမှပဲ အမှတ်ရတော့တယ် ”

 

“ဦးလေးက ကျနော်တို့ ကို မေ့နေပြီပေါ့ “,

 

“ဟာ မဟုတ်ပါဘူး သူရိယရာ မတွေ့တာ ကြာတဲ့ ဇနီး နဲ့ သမီးကို တွေရတော့ နည်းနည်း ဘယ်လို ဖြစ်သွားမှန်း မသိဘူးကွာ ”

 

“နောက်တာပါ ဗျာ ကဲကဲ သွားကြရအောင် ညရောက်ရင် ရွာလူကြ‌ီး အိမ်သွားရဦးမယ် မဟုတ်လား ”

 

“အေး ဟုတ်ပ ကဲ ရီမြင့်ရေ ငါ့ဧည့်သည်တွေ စားဖို့ ထမင်းချက်တော့ဟာ ဒါနဲ့ ယောက္ခမကြီး မတွေ့ပါလား ”

 

“အမေ က ဆူးအိုင်ရွာက သူ့အမရဲ့ မြေးလေးဆုံးလို့သွားတယ် အဲ့ရွာက ကလေးတွေ အခုတလော တော်တော် ဆုံးနေတာ ဘာတွေ ဖြစ်လည်း မသိပါဘူး”

 

“,အဲတာတွေ နောက်မှ ပြော ဆရာကြီးတို့ အတွက် ထမင်းချက်ကြရအောင်ဟေ့ ”

 

ဦးဖိုးဝေ နှင့်သူရိယတို့အား လှဝင်းတို့ ဇနီး‌ေမာင်နှံ၏ ဧည့်ဝတ်‌ေကျပွန်မှု့မှာ လက်ဖျား‌ခါလောက်ပေသည် ၊ ထို့နောက် သူတို့ ထမင်းစားရင် ဆူးအိုင်ရွာ‌ေလးအကြောင်း ပြောရင် ဦးဖိုးဝေမှ ဆူးအိုင်ရွာသို့ သွားရန် ဆုံးဖြတ်လိုက်ပါလေတော့သည် ။

 

▪️အခန်း-၁၀

 

ညအချိန်ခါဖြစ်သည် ရွာလူကြီး၏ အိမ်အောက်တွင် တော့ ထိတ်တုံးခတ်ခံထားရသော လူတယောက်ရှိလေသည် ထိုသူမှာ အောင်သူဖြစ်၏ ၊ ဦးဖိုးဝေတို့ ပြန်သွားပြီး မကြာမီ အောင်သူအား ရွာလူကြီးမှ ထိတ်တုံး ခတ်ထားလိုက်သည် ဦးဖိုး‌ေဝသည် ရွာလူကြီးနှင့် စကားပြောနေချိန် အောင်သူအတွက်ဆိုကာ ကွမ်းယာ အတော်များများ ယာပေးသွားလေသည် ၊ ယခု အောင်သူ ရွာလူကြီး အိမ်အောက်တွင် သူ၏ ခြေထောက်အား ထိတ်တုံးခတ်ခံထားလျက် အိပ်ပျော် နေလေသည် ၊

ထိုစဉ် သူ၏ အနားသို့ လူတယောက် တဖြည်းဖြည်း တိုးလာသလို ခံစားရ၍ ငုတ်တုတ် ထိုင်လိုက်လေသည် ၊ သူထင်သည်မှာ မှန်ကန်ပေသည် သူ့အနားသို့ လူအရိပ် တရိပ်သည် အမှောင်ထဲတွင် တချက်တချက်ဖွေးခနဲ မြင်ရသော ဓားအား ကိုင်ပြီး သူ၏ အနားသိူ့ ကပ်လာလေသည်၊ ထိုသူသည် အောင်သူနှင့် မျက်နှာချင်းဆိုင်နေရာသို့ ရောက်သော အခါ အက်ကွဲကွဲ အသံ နှင့် စကားဆိုလာသည်

 

“မင်းလားကွ ငါ့ကို ဆဲတာ ”

 

“ခင် ခင်ဗျား ဘယ်သူလဲ ”

 

“ငါ့နာမည်ပြောရမှာပေါ့ မင်းက သေလူဆိုတော့ ငါနာမည်လေး မှတ်သွား စက္က တဲ့ က‌‌ွ သေပေရော့ ”

 

စက္ကသည် ကိုင်ထားသော ဓားအား အပေါ်သို့‌ေမြှာက်၍ အောင်သူ၏ လည်ပင်းအား ခုတ်ရန် ဟန်ပြင်နေစဉ် မီးရောင်များ ထွန်းလင်းလာကာ ဦးဖိုးဝေ နှင့် သူရိယ ပြီးနောက် လှဝင်း နှင့် ရွာလူကြီးတို့ မီးတုတ်များကိုင်ပြီး ‌ရွာလူကြီး၏ ကြီးမားသော အိမ်တိုင်လံုးကြီး များနောက်ကွယ်မှ ထွက်လာကြသည်၊ ထို့ကြောင့် ရွာလူကြီး၏ အိမ်အောက်တွင် မီးရောင်များ ဖြာကျ၍ သွားဝောာ့သည် ၊ ထို့နောက် အောင်သူရှေ့တွင် ရှိသော ဓားကိုခုတ်ဟန်ရွယ်ထား‌ေသာ စက္ကသည် ရုတ်တရက်ပြောင်းလဲ သွားသော အနေထားကို ကြောင်အမ်းပြီး ဖြစ်နေစဉ် ဦးဖိုးဝေမှ စက္ကအား‌ေသချာကြည့်ကာ

 

“ကဲ လူသတ်သမား မင်းဘယ်မှပြေးဖို့ မစဉ်းစားနဲ့ ”

 

“ဟားးးဟားး စက္ကဆိုတဲ့ ငါ့ကို ပြေးမယ်လို့ ထင်ဝံလားဟဲ့ ကဲ အားလုံးသေဖို့ ပြင်ထားကြပေတော့ အခုတော့ ဒီကောင် သေစမး်”,

 

စက္ကသည် ပြောပြောဆိုဆို အောင်သူ၏ လည်ပင်းအား ဓားနှင့် ပိုင်းလေသည် ဓား၏ အရှိန်ကြောင့် သာ အောင်သူ ယိုင်လဲ သွားသောလည်း ချက်ချင်း ပြန်တည့်မက်ပြီး စက္ကအား ကြည့်နေသောအခါ စက္က အံ့ဩနေသည့် အမူယာနှင့်

 

“မင်းက ငါ့ဓားချက်ထိတာကို ဘယ်လိုမှ မနေဘူးလာူ ”

 

အောင်သူသည် မည်သည့်စကားမှ မပြော သော့ မခက်ထားသော ထိတ်တုံးကို မ ပြီး ‌ဖြုတ်လိုက်ကာ ဦးဖိုးဝေ ၏ အနောက်သို့ သွားနေလေသည် ၊ အခြေ အနေကို ရိပ်စားမိသော စက္ကသည် နောက်သို့ တဖြည်းဖြည်းဆုတ်နေစဉ် ဦးဖိုးဝေ၏ မာထန်သော အသံက ပေါ်လာသည်

 

“ကဲ ဘယ်ပြေမလဲ သင့်ရဲ့ မိုက်ပြစ်သင်ခံပေတော့ လောကမှ အပြင်းဆုံးသော ငရဲ မီးတောက်လောင်စေ ‘

 

ဦးဖိုးဝေသည် ထိုသို့ပြောလိုက်ကာ စက္ကဆီသို့ လက်ဆန့်တန်းလိုက်ရာ သူ၏ လက်မှ မီးစလေးများ ထွက်လာကာ စက္က ဆီသို့ လွင့်ထွက်သွားပြီး စက္ကအား တဖြည်းဖြည်း ကျွမ်းလောင်နေလေသည် ၊ စက္ကသည် မီးလောင်နေရင်းဖြစ် အော်ဟစ်ကာ လှဝင်း၏ အရုပ်ထဲ သို့ ဝင် ရောက်သွားလေသည် ၊ ထို့နောက် လှဝင်း၏ အရုပ်သည်လည်း ပန်းပဲဖိုးထဲ ထည့်လိုက်သည် ဓားပမာ မီးများရဲ လာပြီး တဖြည်းဖြည်း အရည်ပျော်၍ သွားပါလေတော့သည်။

 

▪️အခန်း-၁၁

 

ဦးဖိုးဝေ နှင့် သူရိယသည် မိုးကြိုးရွာသို့ လူနာ များလိုက်ပို့သော ကြည့်အောင် နှင့် အတူ လှည်းနှင့် ရွာ မှ ပြန်မထွက် ခင် ရွာလူကြီးအိမ် ဝင်လေသည် ရွာလူကြီးသည် ဦးဖိုးဝေတို့အား မြင်သောအခါ ပြူငှာရိုသေစွာ ဧည့်ဝတ်ပြုလိုက်လေသည်

 

“ဆရာကြီးတို့ ပြန်တော့ မလို့လား ဒီမှာ နေပါဦးလားဗျာ ”

 

“ကျုပ်တို့က ဆူးအိုင်ရွာကို သွားရဦးမယ် ‘

 

“ဆူးအိုင်ရွာဆိုတာ ကလေးတွေ ဆုံးနေတဲ့ ရွာလား ”

 

“ဟုတ်တယ် ရွာလူကြီး ”

 

“ကျုပ်တို့လည်း စိတ်မကောင်းပါဘူးဗျာ လိုအပ်တာ ရှိရင် ကျုပ်ကိုပြောပါ ”

 

“ဘာမှ မလို အပ်‌ေသးပါဘူးဗျာ ကဲ ကျုပ်တို့ သွားဦးမယ် ညက အရည်ပျော်သွားတဲ့အရုပ်ကို သေချာ စွန့်ပြစ်လိုက်ပါ”

 

“စိတ်ချပါ ဆရာကြီး ”

 

“ကဲကဲ ကျုပ်တို့ကို ခွင့်ပြုဦးဗျာ”

 

ဦးဖိုးဝေ နှင့် သူရိယ ပြီးနောက် လှည်းသမား ကြည်အောင်တို့သည် ရွာလူကြီးကို နုတ်ဆက်ကာ ဆူးအိုင်ဟု အမည်ရသော ရွာလေးဆီသို့ ခရီးဆက်လိုက်ကြပါလေတော့သည်။

 

▪️ဦးဖိုးဝေ နှင့် လူသတ်အရုပ် သည်က ဤမျှသာ မကြာမီ ဦးဖိုးဝေ နှင့် ဆူးအိုင် သင်္ချိုင်း ဟုအမည်ရသော ဝတ္ထုဇတ်လမ်းလေးအား။တင်ဆက်ပေးပါမည် ။

 

🙏🙏🙏အပန်းမကြီးဘူးဆိုရင် ကျွန်တော့်ရဲ့ Page လေးကို Follow နှိပ်ပြီး အား‌‌ေပးသွားကြပါဦး ၊ 🙏🙏🙏

 

📝မောင်တင်ဆန်း