ကြောင်သွားတာပေါ့ “သာလှ….လက်တွန်းပေါက်ဆိုတာ..ခြံတံခါးကိုပြောတာကွ..မောင်းခယ်မကလူတွေကဒီအတိုင်းပဲသုံးကြတာ” “အော်မသိပါဘူးဗျာလက်တွန်းပေါက်ဆိုတော့ကျုပ်မှာဘာကိုပြောမှန်းမသိဖြစ်သွားတာ”
“နောက်တော့သိသွားမှာပါကွာ….. ကဲကဲအထဲဝင်ကြရအောင်” ကျုပ်တို့ကလည်း အိမ်ထည်းဝင်လခဲ့ကြတာပေါ့ “ငါထင်သားပဲ…မင်းတို့ခုအပတ်ထဲလာလိမ့်မယ်လို့” လူးလောင် ဆိုသူ ဉီးလေးကလည်း အိမ်ထဲရောက်တော့ ဉီးလေးငွေပုကိုနှုတ်ဆက်တယ်ဗျ “အေးလေကွာ..ပဲစို်က်ဖို့ကလည်းနီးနေပီဆိုတော့ မြန်မြန်လာယူလိုက်တာ” “အေးပါကွာဒါနဲ့ငါသူ့ကိုမြင်ဖူးသလိုပဲ” ဉီးလေးလူးလောင်ကလည်းဉီးကြီးမောင်ကိုကြည့်ရင်းပြောတယ်ဗျ “မြင်ဖူးမှာပေါ့ကွာအဲ့တာလွန်းနီလေကွာ…လွန်ခဲ့နှစ်၂၀လောက်ကတောင်ရင်းနှီးဖူးကြတာကိုမင်းကလည်းမေ့တတ်လိုက်တာ” “ဟေလွန်းနီဆိုတာသူလား….အောင်မလေးကွာငါ့မှာအ့တာကြောင့်မြင်ဖူးတယ်ထင်နေတာလက်စသတ်တော့လွန်းနီဖြစ်နေတာပဲ…ဒါနဲ့လွန်းနီမင်းအလည်ပဲလာတာလားကိစ္စနဲ့မို့လာတာလား” “အလည်သတ်သတ်ပါပဲလူးလောင်ရာငါလည်းအစကမင်းဆီလာမလို့ပဲ…နောက်မှပဲငွေပုနဲ့အတူလာခဲ့တော့တာ…မင်းကောကျန်းမာရေးတေကောင်းရဲ့လားကွ” “ကျန်းမာရေးကတော့…ကောင်းလိုက်မကောင်းလိုက်ပေါ့ကွာ….မင်းတို့ခနနေကြအုံးကွငါကြံသကာတွေယူလာပေးမယ်” ဉီးလေးလူးလောင်ကလည်း မီးဖိုချောင်ထဲကိုဝင်သွားတယ်ဗျ ပြန်ထွက်လာတော့လည်း ကြံသကာခဲတွေထည့်ထားတဲ့ပန်ကန်ကိုလည်းကိုင်လာတာပေါ့ ကျုပ်ကလည်း ဉီးလေးငွေပုဉီးကြီးမောင်နဲ့ဉီးလေးလူးလောင်ပြောတာတွေကိုလည်းနားထောင်နေမိတာပေါ့ “သူကြီးလူးရေ..သူကြီးလူး” ခေါ်သံတစ်ခုနဲ့အတူလည်း ခြံထဲကိုလည်း လူတစ်ယောက်ဝင်လာတာပေါ့ “ဝက်မလွတ်ပါလား…ဘာကိစ္စဖြစ်ပြန်ပီလည်း” ရောက်လာတဲ့သူရဲ့အရပ်ကလည်း ဝက်မလွတ်ငှက်ပျော်ပင်တွေလောက်ပဲရှိတာမို့ ဝက်မလွယ်ဆိုတဲ့နာမည်ပြောင်နဲ့ခေါ်ကြတာလို့လည်းကျုပ်အတွေးထဲဝင်မိတာပေါ့ “ရွာထဲမှာ ဒေါ်လေး စန်းရီနဲ့ ဉီးလေး ကိုစိန်တို့အမွေကိစ္စနဲ့ရန်တွေဖြစ်နေကြတယ်ဗျ” “ဟေ..လာပြန်ပီလားဒီအမွေကိစ္စက အရင်တစ်ပတ်ကပဲရှင်းထားတာကိုဒီကောင်တွေတော်တော်ဆိုးပါလားအေးအေးငါလိုက်ခဲ့မယ်” ဉီးလေးလူးလောင်ပြောလိုက်တော့ဝက်မလွတ်ဆိုသူကလည်းပြန်သွားတယ်ဗျ “ဉီးလေးလူးလောင်ကဒီရွာရဲ့သူကြီးလားဗျ” “အေးဟုတ်တယ်သာလှရဲ့..ခုတော့ကိစ္စလေးရှိလို့သွားလိုက်အုံးမယ်ကွာပြန်လာမှပြောကြတာပေါ့” ဉီးလေးလူးလောင်ကလည်းကျုပ်မပြောထားမိဘဲနဲ့ကျုပ်နာမည်ကိုလည်းသိနေတယ်ဗျ “ဉီးလေးငွေပု ဉီးလေးလူးလောင်ကဘယ်လိုဖြစ်ပြီးကျုပ်နာမည်ကိုသိနေရတာလည်း..အကြားအမြင်တွေများရထားလားမသိဘူး” “ပေါက်ပေါက်ရှာရှာကွာ….အရင်တစ်ခါလာတော့စိုင်းလောင်နဲ့စိုင်းလော့ဖန်နဲ့ပြောပြခဲ့တာဖြစ်မှာပေါ့” “ဟုတ်မယ်ထင်တယ်ဗျ..အဲ့နေ့ကဘယ်သူနဲ့မှစကားပြောချင်စိတ်မရှိလို့ဉီးလေးလူးလောင်နဲ့တောင်နာမည်မိတ်မဆက်ခဲ့ရဘုး စိုင်းလောင်တို့မိတ်ဆက်ပေးသွားတာကျေးဇူးတင်ရမယ်”
ဉီးလေးလူးလောင်ကလည်း ဝက်မလွတ်နဲ့ထွက်သွားတယ်ဗျ ဒီတော့ ဉီးလေးလူးလောင်အိမ်မှာ ကျုပ်တို့သုံးယောက်ပဲကျန်ခဲ့တော့တာပေါ့ဗျာ “အေးကွာအမွေကိစ္စဆိုလို့…တို့ပေါက်လှကမောင်ဒေါင်း တို့မောင်နှမအကြောင်းတောင်ပြေးသတိရမိတယ်” ဉီးကြီးမောင်ပြောလိုက်တော့လည်း ကျုပ်နဲ့ဉီးလေးငွေပုအကြည့်တွေက ဉိးကြီးမောင်ဆီရောက်ကြတာပေါ့ “ကျုပ်တို့ရွာမှာမောင်ဒေါင်း ဆိုတာရှိလို့လားဗျ” “ရှိတာပေါ့ကွာ…ဒါပေမယ့်ခုတော့မရှိတော့ဘူး သာလှ၂နှစ်သားအရွယ်လောက်ကမှဆုံးသွားတာကွ” “အော်…နာမည်ကလည်းအဆန်းသားဗျ” “နေပါအုံးလွန်းနီရဲ့အဲ့မောင်ဒေါင်း ဆိုတဲ့မောင်နှမကဘာတွေဖြစ်ကြလို့လည်း” “ပြောရရင်တော့အမွေကိစ္စပေါ့ကွာ…လူတွေရဲ့လောဘတွေအတ္တတွေကြောင့်ဖြစ်ပေါ်လာတဲ့စိတ်ခံစားမူကစတာပေါ့” ဉီးကြီးမောင်ကလည်း လက်ထဲကကြံသကာကိုတစ်ချက်ကိုက်လိုက်ပြီးတော့လည်း ကျုပ်၂နှစ်သားအရွယ်ကအကြောင်းအရာကိုပြန်ပြောပြတာပေါ့
အချိန်အားဖြင့်တော့ တပေါင်းလအချိန်ဖြစ်တယ် ကျွန်းသားတွေနဲ့ဆောက်ထားတဲ့ အိမ်ကြီးရခိုင် ပေါ်မှာတော့ လူတစ်စုက စုဝေးလျှက်ရှိတယ် ထိုသူများအရှေ့မှာတော့ ရွာရဲ့ အကြီးအကဲဖြစ်သူကလည်း လက်စွဲတော်နှစ်လုံးပြူးကိုဘေးမှာချ လျှက်ရှိနေတာပေါ့ “မောင်ဒေါင်း နဲ့မဒီမင်းတို့မောင်နှမအမွေကိစ္စစကားများကြတယ်ဆို” အကြီးအကဲဖြစ်သူ သူကြီးအုန်းမေးလိုက်တော့လည်း မောင်ဒေါင်း ဆိုသူကခေါင်းညိတ်ရင်း “ဟုတ်ပါတယ်သူကြီးအုန်း…ဒီအိမ်ကြီးကိုအမွေခွဲတာကအဆင်ပြေပြီးတော့
..ရွာရှေ့ကယာတွေကိုအမွေခွဲမရဖြစ်နေပါတယ်…ကျူပ်လည်းမဒီကိုရသင့်သလောက်ပေးပါတယ်…သူကိုကလောဘကြီးနေတာပါ” “မောင်ဒေါင်း ပြောတာဟုတ်လားမဒီ” သူကြီးအုန်းမေးလိုက်တော့လည်းမဒီဆိုသူက မျက်နှာခပ်တည်တည်နဲ့ “ကျမနဲ့ကိုဒေါင်း နဲ့ကမောင်နှမဆိုပေမယ့်….အရင်းမဟုတ်တာသူကြီးအုန်းကအစတစ်ရွာလုံးသိကြမယ်ထင်ပါတယ်…စဉ်းစားကြည့်မယ်ဆိုသားသမီးအရင်းကပဲအားလုံးကိုရရမှာလေ…ကျမကသဘောထားကြီးလို့ကိုဒေါင်း အတွက် ထိုက်သင့်သလောက်ပေးတာကိုစောဒကတက်နေတယ်” မဒီဆိုသူပြောလိုက်တော့လည်း သူကြီးအုန်းကောရွာသားတွေပါမျက်နှာပြက်ကုန်ကြတယ် “ဒါပေမယ့်…အမေမဆုံးခင်ကတည်းကပိုင်ဆိုင်မူကိုတစ်ယောက်တစ်ဝက်အညီအမျှယူဖို့မှာခဲ့တယ်လေ” “အဲ့တာကအမေမဆုံးခင်ကပြောတာခုအမေမရှိတော့ဘုးလေ” “ကဲကဲနှစ်ယောက်လုံးတော်တော့…မဒီနင့်အမေရဲ့ဆန္ဒကိုလိုက်လျောပေးလိုက်ပါ…နင့်အမေကိုယ်တိုင်ကမောင်ဒေါင်း အတွက်တစ်ဝက်ပေးစေချင်ခဲ့တာလေ…သွားလေသူကိုနောက်စံတင်းအောင်မလုပ်ပါနဲ့” “အို….ဒါတွေကျုပ်မသိပါဘူးကိုဒေါင်း ကိုပဲမေးလိုက်..ကျမခုခွဲပေးတဲ့အမွေစုကိုပဲယူမလားဘာမှမရတော့ပဲနေမလား…မြုိ့တက်ပြီးအမူဖွင့်ရင်လည်းကျမကသားသမီးအရင်းဆိုတော့ကျိန်းသေနိုင်မှာသေချာတယ်” မဒီရဲ့စကားကြောင့်လည်း ရှိနေတဲ့သူများက မောင်ဒေါင်း အတွက်စိတ်မကောင်းဖြစ်ကြတာပေါ့ “တော်ပြီ…မဒီနဲ့မောင်ဒေါင်း မင်းတို့နှစ်ယောက်ဒီကိ္စ္စကိုဒီတိုင်းတစ်လလောက်ထားလိုက်ကြအုံး မင်းတို့အမေဆုံးတာလည်းကြာသေးတာမဟုတ်ဘူး….အမေဆုံးလို့မကြာသေးဘူးမင်းတို့ကအမွေကိစ္စစကားများကြတယ်ဆိုတော့လူကြားလို့မကောင်းပါဘူးဒီတော့ဒီကိစ္စကိုနောက်တစ်လနေမှဆုံးဖြတ်မယ်…ငါသူကြီးအမိန့်” သူကြီးအုန်းပြောလို်က်တော့လည်းမောင်ဒေါင်း ကဘာမှထူးထူးခြားခြားမဖြစ်ပေမယ့် မဒီရဲ့မျက်နှာမှာတော့ အချိန်ကြာကြာစောင့်ရလေခြင်းဆိုတဲ့ ဒေါသစိတ်တွေကိုလည်းမြင်ရတာပေါ့ အားလုံးလူစုခွဲသွားကြချိန် မဒီကမောင်ဒေါင်း အနားကိုတိုးကပ်ရင်း “ကျမကလိုချင်တာရှိရင်ရအောင်ယူတယ်…အတားအဆီးတွေရှိနေရင်တော့ရှင်းထုတ်ပစ်ရမှာပဲ” မဒီရဲ့စကားကိုကြားတော့ရိုးရိုးအေးအေးမောင်ဒေါင်း ကတော့ ကြက်သီးများပင်ထသွားခဲ့တယ် ထိုကိစ္စများဖြစ်ပြီးတော့လည်းမဒီက တခြားရွာမှာသွားရောက်နေထိုင်ခဲ့တယ် အမွေကိစ္စရှင်းမယ့်အချိန်မှပဲပြန်လာမယ်တဲ့လေ ဘာလိုလိုနဲ့ တစ်ပတ်ကျော်အချိန်ကိုလည်းရောက်လာခဲ့တယ်
ယခုနေ့မှ ထူးထူးခြားခြား ခွေးများကလည်းဆွဲဆွဲငင်ငင်အူနေကြတယ် စန္ဒာလမင်းကလည်း တစ်ခြမ်းပဲ့နဲ့ အလင်းရောင်ကလည်း မှိန်ပြစွာကမ္ဘာမြေပေါ်ကိုသက်ရောက်နေတာပေါ့ ထိုအချိန် အိမ်ပျော်လုနီးပါးရှိနေတဲ့ မောင်ဒေါင်း ရဲ့နားထဲမှာတော့ ခပ်ဖွဖွနင်းလာတဲ့ခြေသံနှစ်သံကိုလည်းကြားနေမိတယ် မောင်ဒေါင်းကလည်း ညကြီးအချိန်မတော် ခြေသံကြားရတာကြောင့်လည်း ထရံကြားကဓားကိုအသာထုတ် အဝင်ဝမှာလည်းစောင့်ရင်းအခြေနေကိုအကဲခတ်နေမိတယ် ခြေသံနှစ်ခုကလည်း အိမ်အောက်လောက်ကိုရောက်တော့ အရှေ့အဝင်ပေါက်နဲ့ အနောက်ပေါက်ဘက်ကိုလည်းခွဲထွက်သွားခဲ့တယ် အခြေနေကိုအကဲခတ်နေတုန်း လူတစ်ယောက်ကလည်း အိမ်ပေါ်ကို လှေးကားကနေ ေခြဖော့နင်းရင်းတက်လာခဲ့တယ် ထိုသူရဲ့လက်ထဲမှာကတော့ ခပ်ရှည်ရှည်ဓားတစ်ချောင်းကိုလည်း လရောင်ဖျော့ဖျော့ကြောင့်မြင်နေရတာပေါ့ မောင်ဒေါင်းကလည်း ရန်သူမှန်းသိတာကြောင့် လက်ထဲကဓားကိုကျစ်ကျစ်ဆုပ် တက်လာတဲ့သူရဲ့ ဉီးခေါင်းလောက်ကိုလည်း ပုဏ္ဍားကွယ်နောက်ကထွက်ပြီးပိုင်းချလိုက်တယ် ဖြစ်ချင်တော့ တက်လာတဲ့ရန်သူကလည်း သတိရှိသူဖြစ်တန်ရာ မောင်ဒေါင်းရဲ့ဓားချက်ကိုလည်းရှောင်နိုင်ပေမယ့် လက်မောင်းကိုလည်း ထိသွားတာပေါ့ ထိုအချိန်အနောက်အပေါက်ကလူကလည်း တက်လာခဲ့တယ် မောင်ဒေါင်းကလည်း ဓားချက်ချော်သွားမှန်းသိတာနဲ့ ဓားကိုအားနဲ့ကိုင်နောက်တစ်ချက်ကိုလည်း ခုတ်ချလိုက်တာပေါ့ ဟန်ချက်ပြက်နေတဲ့ ရန်သူတစ်ယောက်ကလည်း မောင်ဒေါင်းရဲ့ဓားချက်ကိုဓားနဲ့ပြန်ကာလိုက်တော့ နောက်ကိုလည်းလဲကျသွားတာပေါ့ ထိုအချိန်နောက်ထပ်လူတစ်ယောက်ကလည်း မောင်ဒေါင်းကိုဓားနဲ့ဝင်ထိုးပြန်တယ် မောင်ဒေါင်းကရှောင်လိုက်ပေမယ့် ဗိုက်ကိုလည်းရှပ်ထိသွားတာပေါ့ မောင်ဒေါင်းကလည်း ဟန်ချက်မပြက်အောင်ထိန်းလိုက်ပြီးဒုတိယလူရဲ့ခါးလောက်ကိုလည်းမှန်းခုတ်လိုက်တာပေါ့ထိုသူကလည်း မောင်ဒေါင်းရဲ့ဓားချက်ကြောင့် ေနာက်ကိုလည်း လဲကျသွားခဲ့တယ် ထိုအချိန် မောင်ဒေါင်းရဲ့ နောက်ကျောကနေရင်ဘက်ထဲကိုလည်း ဓားတစ်လက်ကဝင်လာခဲ့တာပေါ့ မောင်ဒေါင်းကလည်းစိုးရွားလှတဲ့နာကျင်မူကို အံတုအနောက်ကိုလှည့် ထိုသူရဲ့ခန္ဓာကိုယ်ကိုလည်း ဓားနဲ့ခုတ်ချလိုက်တယ် ထိုသူကလည်း လျှင်မြန်စွာနဲ့ အနောက်ကိုခုန်ရှောင်ပြီးတော့လည်း အိမ်ပေါ်ကပြေးဆင်းသွားခဲ့တယ် မောင်ဒေါင်းရဲ့ အိမ်ကလည်း တခြားအိမ်များနဲ့အလှမ်းဝေးတာကြောင့်လည်း မောင်ဒေါင်းတို့ဖြစ်ပြက်ကြသည်ကိုလည်းဘယ်သူမှမသိကြဘူးလေ မောင်ဒေါင်းကလည်း ရင်ထဲစိုက်ဝင်နေတဲ့ဓားကိုချွတ်လိုက်ပြီးတော့လည်း သူ့ဘဝရဲ့နောက်ဆုံးအခြေနေမှာသူတန်ဖိုးထားရတဲ့ အိမ်ကြီးကိုလည်းကြည့်ရင်းမျက်လူံးအစုံတို့မှိတ်လျှက် လောကကြီးထဲကလည်း ထွက်ခွာသွားခဲ့ရပီလည်းဖြစ်တယ် နှစ်ရက်ကျော်လောက်ကြာတော့မှလည်း မောင်ဒေါင်းဆိီကို အိမ်အလည်လာတဲ့ သူငယ်ချင်းတစ်ယောက်တွေ့တော့မှပဲ မောင်ဒေါင်းသေပြီဆိုတာ ရွာသားတွေကသိကြတော့တာပေါ့ မောင်ဒေါင်းအလောင်းကလည်း အနည်းငယ်တောင် အနံ့ထွက်နေပြီဖြစ်တာကြောင့်ချက်ချင်းပဲသဂြိုလ်လိုက်ကြရတယ်
နာရေးပြီးလို့၂ရက်လောက်ကြာတော့မှလည်း မဒီက မျက်ရည်လေးစမ်းတမ်းစမ်းတမ်းနဲ့ရောက်လာခဲ့တယ် “အဖြစ်ဆိုးလိုက်တာကိုဒေါင်းရယ်…အဖြစ်ဆိုးလိုက်တာ” မဒီငိုနေတာမြင်ပေမယ့်လည်း ရွာသားများက အရေးသိပ်မလုပ်ကြ မောင်ဒေါင်းကိုမသေခင် အပူတွေပေးသွားတဲ့သူဆိုပြီးတော့လည်းတစ်ရွာလုံးလိုလိုမျက်မုန်းကျိုးနေကြတယ် “ငိုမနေပါနဲ့မဒီရယ်သတ္တဝါတစ်ခုကံတစ်ခုပေါ့” “ကျမကိုဒေါင်းအတွက်ဝမ်းနည်းလို့ပါသူကြီးအုန်းရယ်” “ေအးပါ ေသတဲ့သုကလည်းသေပြီးပြိပဲတရားသဘောနဲ့ဖြေပါ..ဒါနဲ့မောင်ဒေါင်းအလောင်းနဲ့အတူနောက်ထပ်လူတစ်ယောက်ကိုပါအတူတွေ့ရတယ်..အခြေနေနဲ့ဒဏ္ရာတွေကိုကြည့်တော့မောင်ဒေါင်းမသေခင်မှာအပြင်းအထန်တိုက်ခိုက်ခံထားရပုံပေါ်တယ်မောင်ဒေါင်းကောတခြားသူကောသေနေတာဆိုတော့ဒီကိစ္စကအတော်ထူးဆန်းနေတယ် မောင်ဒေါင်းကမုန်းတဲ့သူမရှိပါဘူး အဲ့ဒါအပြင်မောင်ဒေါင်းနဲ့အတူ သေတဲ့သူကလည်းရွာနီးချောင်းစပ်ကမဟုတ်ဘူးဆိုတော့စဉ်းစားရအတော်ကြပ်နေတယ်မဒီရယ်”
“ကျမလည်း…ကြားကြားချင်းယုံတောင်မယုံနိုင်ဖြစ်သွားရတယ်သူကြီးအုန်းရယ်” “ဖြစ်ပြီးတာတွေလည်းပြီးပြီပဲနောက်အပတ်ဆိုမောင်ဒေါင်းအတွက်အမျှဝေအလှူလေးလုပ်ပေးရအောင်မဒိီနင်လည်းလာခဲ့နိုင်မလား” “လာရမှာပေါ့သူကြီးအုန်းရယ်..ဘယ်လောက်ပဲပြဿနာတွေဖြစ်ခဲ့ဖြစ်ခဲ့ကိုဒေါင်းကိုတော့မောင်နှမအရင်းလိုချစ်ပါတယ်ရှင်” “အေးပါ..ဒါဆိုလည်းနောက်အပတ်အဂ္်ါနေ့လာခဲ့အုံး” “စိတ်ချပါသူကြီးအုန်းရယ်..” မဒီကလည်း မောင်ဒေါင်းအတွက် စိတ်မကောင်းဖြစ်နေသလိုရှိတာပေါ့ နောက်အပတ် အဂ္ါနေ့ကိုရောက်တော့လည်း သူကြီးအုန်းဉီးစီးပြီး မောင်ဒေါင်းအတွက်ရက်လည်ဆွမ်းကပ်လှူကြတယ် မဒီကလည်းရောက်လာပါတယ် ဒီတော့မှရွာသားတွေကလည်း မဒီအပေါ် စိတ်ဆိုးပြေလာကြတယ် ထိုကိစ္စများဖြစ်ပြီး တစ်လလောက်ကြာတော့လည်း မဒီကတော့ ရှေ့နေတစ်ယောက်ခေါ်လာပြီးတော့လည်း မောင်ဒေါင်းမရှိတော့တာကြောင့် အမွေတွေအားလုံးကို သူပဲရပိုင်ခွင့်ရှိတယ်ဆိုပြီး သူကြီးအုန်းဆီကိုရောက်လာခဲ့တယ်လေ ဒီတစ်ခါတော့ ရှေ့နေကလည်းပါ မဒီပြောတာကလည်းမှန်နေသည်မို့ မဒီနဲ့မောင်ဒေါင်း အဝေမတဲ့ခဲ့တဲ့ ရွာအပြင်ကလယ်တွေကိုကော မိဘအဘိုးအဘွားတွေလက်ထက်ကတည်းကနေခဲ့တဲ့ အိမ်ကြီးကိုကော ပစ္စည်းများအားလုံးကိုလည်း မဒီကအပိုင်ရတာပေါ့ မဒီကလည်း တစ်္ဖက်ရွာမှာမနေတော့ပဲ ပေါက်လှကိုပြန်လာပြီး မောင်ဒေါင်းသေခဲ့တဲ့အမွေဆိုင်အိမ်ကြီးမှာလည်း အမျိုးသားဖြစ်သူနဲ့နေတာပေါ့
မိုးသဲသောညတစ်ညလည်းဖြစ်တယ် ပတ်ဝန်းကျင်ကလည်း မိုးသံလေသံများနဲ့သာ အုပ်စိုးနေတာပေါ့ အိပ်နေတဲ့မဒီကလည်း တကျွတ်ကျွတ်နဲ့ အိမ်ခေါင်တိုင်မြည်သံကိုကြားနေရတော့လည်း နိုးလာခဲ့တယ် မဒီကလည်း ခြင်ထောင်ကိုလှန်လိုက်ပြီးတော့လည်း မီးအိမ်ကိုမီးညှိ အသံကြားရာ ခေါင်တောင်ကိုလည်းအလင်းပြကြည့်လိုက်တယ် “အမလေးသရဲသရဲ” “နင်ငါ့ကိုသတ်ခဲ့တယ်နငိ့ကိုငါမကျေနပ်ဘူးနင့်ကိုငါသတ်မယ်” အိမ်ခေါင်တိုင်မှာဇောက်ထိုးအနေအထားနဲ့ မောင်ဒေါင်းကလည်းကြောက်စရာမျက်နှာနဲ့ရှိလှတယ် မောင်ဒေါင်းရဲ့အူများကလည်းအောက်ကိုတွဲကျနေတယ်လေ မောင်ဒေါင်းကလည်း မဒီကိုမကျေနပ်စွာပြောရင်းနဲ့ ခေါင်တိုင်ပေါ်ကနေ မဒီဆီကိုခုန်ချ မဒီရဲ့လည်ပင်းကိုလည်း တအားညှစ်ထားလိုက်တယ် “မဒီမဒီမင်းဘာဖြစ်တာလည်း…မဒီ” မဒီရဲ့အမျိုးသားဖြစ်သူကလည်း ေကြာက်လန့်တကြားရှိနေတဲ့ မဒီကိုထိလိုက်တော့မှ မဒီကလည်းအသိစိတ်ဝင်လာရင်း အသက်ကိုလည်းပြင်းပြင်းရူနေရတယ် “မဒီမင်းဘာဖြစ်တာလည်း…အိမ်မက်ဆိုးတွေမက်လို့လား” “မဟုတ်ဘူး…ကိုဒေါင်းကျမကိုခြောက်လှန့်နေတယ်…ကိုဒေါင်းကျမကိုခြောက်လှန့်နေတယ် ” “ဟေ…ကုိဒေါင်းဟုတ်လား.. ဘာမှမဖြစ်ပါဘူးမဒီရယ်ငါရှိတယ်ဘာမှမဖြစ်ဘူး” မဒီရဲ့အမျိုးသားကလည်း ကိုဒေါင်းဆိုတဲ့အသံကြားတာနဲ့ ေကြာက်စိတ်ဝင်မိသော်လည်းမဒီမကြောက်အောင် နှစ်သိမ့်ပေးနေတာပေါ့ “ကိုဒေါင်း…ငဒေါင်းရယ်ငါတောင်းပန်ပါတယ်ငါ့ကိုမခြောက်ပါနဲ့ဟယ်” ရုတ်တရက် လည်းမဒီကတော့ အမျိုးသားလက်ထဲကရုန်းထွက်အမျိုးသားဖြစ်သူကိုလည်း ကိုဒေါင်းဆိုပြီးကြောက်လန့်တကြားနဲ့ကြည့်နေခဲ့တယ် “မဒီမင်းဘာဖြစ်တာလည်း…ငါမင်းယောက်ျား လှမျိုးပါကွ…မဒီ…မဒီ” မဒီကလည်း လှမျိုးကို ကိုဒေါင်းထင်မှတ်ပြီးတော့လည်း ကြောက်လန့်တကြားရှိရင်းနဲ့လည်း အိမ်ပေါ်ကဆင်းပြေးရာ လှေကားမှာလည်း ခြေချော်ပြီး ပြုတ်ကျသွားခဲ့တယ် “မဒီ…မဒီ” လှမျိိုးကလည်း မဒီကို ပြေးပွေ့ထားလိုက်တယ် “ဟားဟားဟားဟား မဒီတွေဘာတွေလုပ်မနေနဲ့ကွမင်းပါသူ့နောက်လိုက်သွားရမယ်ငါ့ကိုသတ်ခဲ့တဲ့ကောင်” လှ မျိုးကလည်း အပေါ်ကိုကြည့်လိုက်တော့မောင်ဒေါင်းကလည်း ပုံပြက်ပန်းပြက်နဲ့ အိမ်အမိုးမှာလည်းကပ်လျှက်ရှိနေရင်းက လှမျိုးဆီကိုလည်းတစ်ဖြည်းဖြည်းတိုးလာတာပေါ့ “မလာနဲ့…မလာနဲငါမင်းကိုမသတ်ဘူးနော်ငါမင်းကိုမသတ်ဘူး.. ငါ့အနားတိုးမလာနဲ့” လှမျိိုးကလည်း မောင်ဒေါင်းကိုကြောက်လန့်လျှက် အိမ်ထဲကလည်းထွက်ပြေး အော်ဟစ်အကူညီတောင်းနေပေမယ့် လူနေအိမ်နဲ့လှမ်းတာကြောင့် လှမျိုးအသံကိုလည်းဘယ်သူမှမကြားရဘူးလေ လှမျိုးရှေ့မှာလည်းရုတ်တရက်မောင်ဒေါင်းကပေါ်လာပြီးတော့လည်း လှမျိုးကိုလည်ပင်းကဆုပ်ကိုင်ပြီးတော့လည်း အပေါ်ကိုမြှောက်တင်လိုက်တယ် ပြီးတဲ့နောက် လှမျိုးကိုထဲကိုဝင်ရောက်ပူးကပ်လိုက်ပြီးတော့လည်း သရက်ပင်အနားကိုတိုးကပ် သရက်ပင် ပင်စည်ကိုခေါင်းနဲ့စောင့်ပြီးတော့လည်း လှမျိုးဘဝကို အဆုံးသတ်ပေးလိုက်တယ် ထိုအချိန် ရွာထဲကခွေးများကလည်းဆွဲဆွဲငင်ငင်အူလိုက်ကြတာပေါ့
ဉီးကြီးမောင်ကလည်း ကျုပ်တို့ရွာက ေမာင်ဒေါင်းနဲ့မဒီအကြောင်း ကိုလည်းစိတ်ဝင်စားဖွယ်ပြောပြတာပေါ့
“ပြီးသွားပြီလားဉီးကြီးမောင်ရဲ့…” “ပြီးပြီပေါ့ကွ…ခုဆိုမောင်ဒေါင်းတို့မျိုးကလည်းပြက်သွားပီ” “ခုလိုဆိုတော့မောင်ဒေါင်းဘဝသနားဖို့ကောင်းလိုက်တာဗျာ….” “အမှန်ပေါ့ကွာ…လူတွေရဲ့လောဘတွေအတ္တတွေပေါ့ကွာ” “ဒါနဲ့ဉီးကြီးမောင်က…အသေးစိတ်အကြောင်းအရာတွေကိုဘယ်လိုသိနေတာလည်း” “သိဆို…ကိစ္စတွေဖြစ်ပြီးတော့မောင်ဒေါင်းငါဆီလာပြီးအဖြစ်မှန်တွေအကုန်ပြောပြသွားတာ..
လူ့ကိုလာသတ်တဲ့သူနှစ်ယောက်ကမဒီရဲ့ယောက်ျားနဲ့သူ့ညီတဲ့ကွ” “အော် …ဒါနဲ့ခုကောမောင်ဒေါင်းကကျွတ်သွားပီလားဉီးကြီးမောင်ရဲ့” “ကျွတ်ပြီကွ…မဒီတို့ကိုလက်စားချေပြီးတဲ့နောက်ကစပြီးကျွတ်သွားတာပဲ” “ဒါဆိုမဒိီတို့လင်မယားနှစ်ယောက်ကကော” “သူတို့ကတော့နယ်နှင်ခံထားရတယ်ကွငါကိုယ်တိုင်နှင်ထားတာ…သူတို့ရဲ့အမွေဆိုင်အိမ်ကြီးကိုလည်းသစ်တွေဖျက်ပြီးရွာဉီးကျောင်းအတွက်လှူပြီးသူတို့အတွက်အမျှဝေပေးခဲ့ကြတာကွ” “အော်…..အဲ့တာကြောင့်ကျုပ်မမြင်ဖူးဘူးလို့ထင်နေတာ” ကျုပ်တို့စကားပြောနေတုန်းဉီးလေးလူးလောင်ကလည်းပြန်ရောက်လာတယ်ဗျ ဉီးလေးလူးလောင်ပြန်ရောက်လာတော့မှကျုပ်တို့လည်းပဲစျေးတွေအကြောင်း စကားပြန်ရောက်သွားတာပေါ့ဗျာ ကျုပ်တို့ကလည်းပဲမျိုးအရောင်းအဝယ်ဖြစ်သွားပီးတော့လည်း ညနေရောက်တော့ပြန်လာခဲ့ကြတာပေါ့ဗျာ
Leave a Reply