မှာမဟုတ်ဘူး…ဒီတော့မမြင်နိုင်တဲ့ကံကြမ္မာကိုအံတုနိုင်ဖို့….သိသင့်တာတွေကိုလည်းသင်ပေးနေရတာ” “အော်ဒါဆို…မှော်ကိုညရောက်မှသုံးမှာပဲမလားဗျ” “မင်းကဘယ်လိုသိတုန်းသာလှရဲ့” “ရွာမှာဉီးကြီးမောင်မှော်နဲ့စပါးစိုက်တုန်းက ကျုပ်ကြုံခဲ့လို့လေဗျာဟဲဟဲ” “အော်အ့တာကြောင့်သိနေတာပေါ့အေးပါကွာ…ဒါနဲ့ဟိုကောင်တွေရှေ့ရောက်သွားပီကွ..လိုက်ကြရအောင်”
စိုင်းလောင်တို့ကလည်းကျုပ်တို့နဲ့အတော်တောင်ဝေးနေပြီဗျ သိပ်မကြာပါဘူး ဉိီးလေးငွေပုရဲ့လယ်ကိုလည်းရောက်လာခဲတယ် ကျုပ်ကလည်းတစ်ခုခုလိုနေပြီဆိုပြီးတွေးနေမိတယ် ဒါပေမယ့်လည်းစဉ်းစားလို့ကမရဖြစ်နေတာဗျ
“သာလှ….ဘာတွေဘဝင်မကျဖြစ်နေတာလည်းမင်းကြည့်ရတာ..တစ်ခုခုတွေးနေသလိုပဲ” မှုန်တုံတုံနဲ့တွေးနေတဲ့ကျုပ်ကိုလည်း ဉီးလေးငွေပုကမေးတယ်ဗျ ကျုပ်ကလည်းဉီးလေးငွေပုအနားတိုးကပ်သွားပီးတော့ “တစ်ခုခုလိုတယ်လို့ထင်နေလို့…ဘာလိုနေတာလည်းတွေးကြည့်နေတာဉီးလေးငွေပုရဲ့….ဉီးလေးငွေပုကောတစ်ခုခုလိုနေတယ်လို့မထင်ဘူးလား” ကျုပ်ပြောလိုက်တော့လည်း ဉီးလေးငွေပုကပြုံးတယ်ဗျ “လိုဆို….နွားနဲ့ထယ်မှမပါတာပဲကွာ…လိုသလိုခံစားရမှာပေါ့” “ဟာဟုတ်သားဗျ….အဲ့ကြောင့်တစ်ခုခုလိုပါတယ်လို့တွေးနေတာ….ဒါနဲ့နွားကောထယ်ကောမပါပဲနဲ့ဘယ်လိုထယ်ထိုးမှာလည်းဗျ” “အဲ့အတွက်ကအဆင်ပြေပါတယ်…နွားတစ်ရှဉ်းနဲ့ ထယ်တစ်လုံး..မှော်နဲ့ ဖန်တီးလိုက်မယ်…အဲ့တာနဲ့စို်င်းလော့ဖန်တို့ကိုသင်ပေးရမာပေါ့ကွာ” “အော်…ဒါဆိုလည်းနေမမြင့်ခင်စလိုက်တော့လေဗျာ…စိုင်လော့ဖန်တို့ကငယ်သေးတော့…ပင်ပန်းပြီးဖျားနေမှာဆိုးလို့” “အေးအေး…ဒီမှာခနစောင့်အုံး” ဉီးလေးငွေပုကလည်းကျုပ်ကိုနေခဲ့ရန်ပြောပီး တောထဲကိုလည်းဝင်သွားတယ်ဗျ “ဉီးကြီးမောင်…ဉီးလေးငွေပုကတောထဲဘာသွားလုပ်တာလည်းဗျ…အလေးအပေါ့သွားတာများလား” “ဘယ်ကသာ သာလှရာ…နွားနဲ့ထယ်ကိုသွားဖန်တီးတာ..” “ဒါများဗျာ…ဒီမှာဖန်တီးလိုက်ပီးကော…တောထဲကိုပဲသွားရတယ်လို့” “ဟာကွာ….သာလှကတော့..နားလည်ပီထင်တာ…ခရေေစ့တွင်းကျပြောပြနေရတယ်…ဒီမှာလုပ်ရင်စိုင်းလော့ဖန်တို့မြင်သွားမာပေါ့ကွ…စိုင်းလော့ဖန်တို့ကိုမမြင်စေမသိစေချင်လို့တောထဲကိုခနဝင်သွားတာပေါ့ကွာ….” “ဟဲဟဲသိမှမသိတာဗျာဉီးကြီးမောင်ကလည်း” “အေးပါမသိဘူးမသိဘူးလုပ်နေ…ဘယ်တော့များမှသိမှာလည်းမင်းအတွေးက…ငါမပြောလိုက်ချင်ဘူး” ကျုပ်တို့စကားပြောနေတုန်း ဉီးလေးငွေပုကလည်းပြန်ရောက်လာတယ်ဗျ နောက်မှာကလည်းနွားဖြူကြီးနှစ်ကောင်ဗျ ပုခုံးပေါ်မှာကလည်း ထယ်တုန်းကြီးထမ်းလို်က်သေးတယ် ဉီးလေးငွေပုအရွယ်နဲ့ ထယ်တုံးထမ်းနိုင်နေသေးတာကလည်း မှော်သုံးထားတယ်လို့တော့ထင်မိတယ်ဗျ “ဘကြီး….အဲ့နွားနဲ့ထယ်က ဘယ်သူ့ဟာလည်းဗျ” စိုင်းလော့ဖန် ကလည်း ဉီးလေးငွေပုအနားရောက်တာနဲ့မေးတာဗျ “အော်….သူများဆီကခနငှားထားတာပါကွာ…ကဲကဲ..ထယ်ကိုနွားမှာတပ်လိုက်ပြီးရင်….ငါတစ်ကြောင်းမောင်းပြမယ်မင်းတို့ကငါ့အလှည့်ပြီးရင်မောင်းရမယ်ကြားလား” “ဖြစစ်ပါ့မလားဘကြီးရဲ့…တော်ကြာကျုပ်တို့ညီကိုနွားကန်တာခံနေရမှဖြင့်အခက်သားဗျ” “အမလေးကွာဘာမှမဖြစ်စေရပါဘူး…ငါရှိတယ်..ငါအရင်တစ်ကြောင်းမောင်းပြမယ်ကြည့်” ဉီးလေးငွေပုကလည်းပြောပြီးတော့ ထယ်စထိုးတယ်ဗျ နွားကြီးတွေကလည်း တစ်ချက်လေးတောင်မတုန့်ဘူးဗျ ထွက်လာလိုက်တဲ့ ေမြစိုင်တွေကလည်းနည်းတာကြီးတွေမဟုတ်ဘူးဗျ ဉီးလေးငွေပု တစ်ကြောင်းထိုးပြီးတော့လည်း စိုင်းလောင်အလှည့်ဗျ “ကဲစို်င်းလောင်ရေ ထယ်လေးတစ်ချက်ထိုးလိုက်စမ်းပါအုံးကွာ” “ဘကြီး…ကျုပ်ကြောက်တယ်နော်..ဘကြီးနွားတွေကအကြီးကြီးတွေဗျကန်လိုက်မှဖြင့်” “ငါရှိပါတယ်ဆိုကွာ….ထယ်ကိုသာသေချာလုပ်” စိုင်းလောင်ကလည်း မဝံ့မရဲနဲ့ ထယ်ထိုးကြည့်တယ်ဗျ နွားကြီးတွေကတော့ မောလည်းမောပုံမရဘုးဗျ အစကတော့ ဉီးလေးငွေပုနဲ့ကျုပ်နဲ့က ဘေးကထိန်းပေးရတာပေါ့ တစ်ကြောင်းပြီးတော့လည်း စိုင်းလော့ဖန်အလှည့်ပေါ့ စိုင်းလော့ဖန်ကတော့ စိုင်းလောင်လောက်မဆိုးဘူးဗျ ငယ်သေးတာဆိုတော့လည်း ထိန်းတော့ပေးရတာပေါ့ဗျာ တစ်မနက်လုံးသူတစ်လှည့်ကိုယ်တစ်လှည့် ထယ်ထိုးနေကြတာပေါ့ဗျာ ကျုပ်လည်းပါတာပေါ့ နေ့လည်ထမင်းစားချိန်ရောက်တော့မှ ဖြုတ်လိုက်ကြတယ်ဗျ နွားတွေကြည့်ရတာလည်း ဘာမှမဖြစ်သလိုပဲဗျ ကျုပ်တို့လူတွေကတော့ ဖိုမထိုးရုံတစ်မယ်ပါပဲဗျာ နေ့လည်ထမင်းစားကြတော့လည်း ချဉ်ဟင်းငါးကြော် ငရုတ်သီးဆားထောင်းလေးရယ်ဆိုတော့ ကျုပ်အကြိုက်ပေါ့ဗျာ စိုင်းလောင်တို့ကလည်းမောလွန်းလို့ထင်ပါတယ် ထမင်းစားပြီးတာနဲ့အိပ်တော့တာပဲ ကျုပ်ကလည်း ချဉ်ဟင်းနဲ့ ဗိုက်ကားအောင်စားပြီးတော့လည်း အစင့်ပေါ်ကိုသွားအိပ်နေတာပေါ့ဗျာ “ဉီးလေးငွေပု…ဉီးလေးငွေပု” ကျုပ်ကလည်းမှေးခနဲ အိပ်ပျော်မယ်ကြံယုံရှိသေးတယ် ခြံဝကလည်း မိန်းကလေးအသံတစ်သံကြားရတယ်ဗျ ကျုပ်ကလည်း လှဲနေရာကထ ဗိုက်တင်းလို့လျော့ထားတဲ့ ပုဆိုးကိုပြင်ဝတ်ပြီးတော့လည်းခြံအဝကိုထွက်ခဲ့တာပေါ့ ခြံဝရောက်တော့လည်း မိန်းကလေးတစ်ယောက်ကိုတွေ့ရတယ်ဗျ အရပ်မတိုမရှည် ရင်ဖုံးအိမ်ကျီ ကိုဝတ် တောရို်င်းပန်းတစ်ပွင့်ကိုလည်း ပန်ဆင်ထားတဲ့မိန်းကလေးတစ်ဉီးလည်းဖြစ်တယ်လေ ထိုမိန်းကလေးကိုလည်းကျုပ်ကတစ်နေရာရာမှာမြင်ဖူးတယ်လို့ထင်နေမိတယ် ဒါပေမယ့်လည်းမဟုတ်ပါဘူးဆိုပြီး ပြောသင့်တာကိုသာပြောမိတာပေါ့ “ဉီးလေးငွေပုရယ်ရှိတယ်ဗျ…နေ့လည်နေ့ခင်းမို့အိပ်နေလို့ဒီကညမခေါ်တာမကြားတာဖြစ်မယ်…အိမ်ထဲလာလေညမ” “အော်….နေပါစေတော့အကိုရယ်…အဖေကဉီလေးငွေပုကို..ပေးစရာရှိတဲ့ငွေလေးလာပေးခိုင်းလို့ပါ” “အော်…ဒါဆိုလည်းအကိုပေးလိုက်မယ်လေ…ဒါနဲ့ဘယ်သူပေးသွားတယ်လို့ပြောရမလည်းဗျ” “ယမှုံလာပေးသွားတာလို့ပြောလိုက်ရင်ရပါပြီ” ဒီတော့မှကျုပ်ကလည်း
ထိုမိန်းကလေးကယမှုံဆိုတာသတိရသွားတယ်လေ “ဒီကညမက…အရင်တစ်ခါတုန်းကဆုံခဲ့တဲ့ ညမလား” “ဒါဆိုအကိုကညမကိုကယ်ခဲ့တဲ့အကိုမဟုတ်လား…အဲ့တာကြောင့်တူပါတယ်ဆိုပြီးကြည့်နေတာ…အစကတော့မေးမလို့လူမှားသွားရင်ရှက်စရာကြီးမိုလို့လေ…ဒါနဲ့အကို့နာမည်ဘယ်သူယမှုံမေ့သွားလု့ိ” “သာလှပါဗျာ…သာလှ…မေ့လည်းမေ့တတ်လိုက်တာလွန်ပါရော” “နောက်မမေ့စေရပါဘူး…ဒါနဲ့အကိုသာလှက…ဘယ်လိုလုပ်ဉီးလေးငွေပုအိမ်ကိုရောက်နေရတာလည်း” “အော်..အကုိတို့ကဉီးလေးငွေပုဆီအလည်လာတဲ့သူတွေပါရောက်တာမနည်းကြာပီ” “အော်…ညမတို့ရွာကိုရောက်ရင်လည်းအချိန်မရွေးဝင်နိုင်ထွက်နိုင်ပါတယ်နော်” “အမလေးဗျာမလုပ်ပါနဲ့တော်ကြာမေ့နေလို့…ဘယ်ကကောင်လည်းဆိုပီးဝိုင်းရိုက်တာခံနေရပါအုံးမယ်” “အကိုကလည်းပြောတော့မယ်…အ့လောက်လည်းယမှုံကမေ့တတ်တဲ့သူမဟုတ်ပါဘူး” “တူမကြီးယမှုံရောက်နေတာလားသာလှရဲ့”
ကျုပ်တို့စကားပြောနေတုန်း ဉီးလေးငွေပုကလည်း အိမ်ထဲကထွက်လာတယ်ဗျ
“ဟုတ်တယ်ဉီးလေးရဲ့…အဖေကဉီးလေးကိုပေးစရာရှိတဲ့ငွေလေးလာပေးခိုင်းလို့လာပေးတာပါ” “အော်တူမကြီးရယ်အပင်ပန်းခံလို့…ဉီးလေးတို့တူမကြီးရွာကိုရောက်မှယူလဲရတာကို..တကူးတကလာပေးနေရသေးတယ်” “အ့လိုတော့မဟုတ်ပါဘူးဉိးလေးရယ်…ဒီကအမစိန်ပွင့်တို့ဆီလာရင်းနဲ့လမ်းကြုံလို့အဖေကထည့်ပေးလိုက်တာပါ” “အော်…ဒါနဲ့တူမကြီးအထည်းဝင်အူံးလေ….သာလှကလည်းဧည့်သည်ကိုအထည်းတောင်မခေါ်ထားဘူး” “နေပါ့စေတော့ဉီးလေးရယ်..သမီးလည်းအမစိန်ပွင့်တို့ဆီသွားပြီးရင်ပြန်တော့မှာနောက်ကျနေရင်အဖေစိတ်ပူနေမှာဆိုးလို့” “အော်အေးအေး….ဒါဆိုလည်းပြန်ရင်ဂရုစိုက်ပြန်အုံးနောက်စ်ခါမိန်းကလေးတစ်ယောက်ထဲဟိုရွာဒီရွာမသွားနဲ့တူမကြီးရဲ့” “ဟုတ်ကဲ့ဉီးလေးဒါဆိုယမှုံသွားလိုက်အုံးမယ်နော်” “အေးအေးအေး” ယမှုံကလည်း ဉီးလေးငွေပုကိုနှုတ်ဆက်ပြီးပြန်သွားတယ်ဗျ “သာလှ…မင်းနဲ့ယမှုံကသိတာလားကွ…စကားတွေပြောနေကြလို့လေ” ဉီးလေးငွေပုကလည်းကျုပ်ကိုမေးတယ်ဗျ “ဟုတ်တယ်ဗျ…အရင်တလောက ကျုပ် အဖွားစောဆီကိုသွားတုန်းလမ်းမှာမိုးကြိုးတို့နှောကိယှက်နေတာတွေ့လု့ိကူညီလိုက်ရင်းသိကြတာ” “ဟေ…တော်သေးတာပေါ့ကွာ…မိုးကြိုးတို့ကတော်တော်စိုးစိုးကောင်တွေက…ခုရက်ပိုင်းတော့မိုးကြိုးသတင်းလည်းမကြားမိသလို…မြင်တောင်မမြင်မိတော့ဘူးကွ” ဉီးလေးငွေပုပြောလိုက်တော့လည်းကျုပ်က လိပ်ပြာမလုံဖြစ်သွားတာပေါ့ မိုးကြိုးကလည်းကျုပ်ကြောင့်သေခဲ့တာလေ “ကျုပ်လည်းမသိပါဘူးဉိးလေးငွေပုရယ်…တစ်ခြားနေရာတစ်နေရာပြောင်းသွားတာဖြစ်မှာပေါ့” ကျုပ်ပြောလိုက်တော့လည်းဉီးလေးငွေပုကခေါင်းညိတ်ရင်း “အေးလေဟုတ်ရင်လည်းဟုတ်မှာပေါ့…ဒါမှမဟုတ်တယောက်ယောက်သတ်သွားတာလည်းဖြစ်မှာပေါ့” “ဉီးလေးငွေပုကဘာလို့အ့လိုထင်ရတာလည်းဗျ” “ထင်ဆို…မိုးကြိုးလောက်…ရန်သူပေါတာမိုးကြိုးပဲရှိတာကွ….ဒီတော့မကျေနပ်တဲ့တစ်ယောက်ယောက်ကသတ်သွားတာဖြစ်မှာပေါ့ကွာ…..တကယ်လို့အ့လိုဖြစ်ခဲ့ရင်တောင်ငါကဝမ်းသာတယ်ကွ” “ဟင်…ဉိးလေးငွေပုကမိုးကြိုးကိုသေစေချင်တာလားဗျ” “အေးလေကွာ…မင်းကဒီနယ်သားမဟုတ်တော့ဘယ်သိပါ့မလည်း..မိုးကြိုးကြောင့်ဘဝပျက်ခဲ့ရတဲ့မိန်းကလေးတွေမှတစ်ပုံကြီးကွ…အ့တာကြောင့်လည်းဒီကောင့်ကိုရွံမုန်းမုန်းကြတဲ့သူတွေကြည်းပဲ” “ဒါနဲ့များ…..မိန်းကလေးရဲ့မိဘညီကိုတွေကဒီကောင့်ကိုဘာမှမလုပ်ကြဘူးလား” “လုပ်ချင်ကြပေမယ့်ဒီကောင့်အဖေက…မြို့ဝန်တွေနဲ့ရင်းနှိးတော့အာဏာပါဝါနည်းနည်းရှိတာပေါ့ကွာ…မိုးကြိုးကိုလုပ်ကြံတော့လည်း…သူ့နောက်လိုက်ခွေးတွေကြောင့်မလွယ်ဘူးတဲ့ကွအ့တာကြောင့်ဒီကောင်သတ်ဆိုးရှည်နေတာပေါ့ကွာ” ကျုပ်ကလည်းဒီတော့မှ လိပ်ပြာမလုံနေတဲ့စိတ်ကပြောက်ပြီး ဂုဏ္ယူလိုတဲ့စိတ်ကလည်းဝင်လာတာပေါ့ တဏှာရာဂ ဘီလူးတစ်ကောင်ကိုလည်း ကျုပ်ချေမှုန်းခဲ့တယ်ဆိုတဲ့အတွေးကလည်းဝင်လာတာပေါ့
နောက်နေ့ကိုလည်းရောက်လာခဲ့ပြီဗျ ကျုပ်တို့ကလည်းထုံးစံအတိုင်း လယ်ထဲထွက်လာကြတာပေါ့ ဒီတစ်ခါတော့နွားကောထယ်ကောပါတာပေါ့ဗျာ ဉီးလေးငွေပုကတော့ စိုင်းလောင်တို့မရိပ်မိအောင်လည်းနွားဖြူကြီးတွေကို အစာတွေရေတွေတိုက်ပြနေသေးတာဗျ လယ်ထဲကိုလည်းရောက်လာခဲ့ပြီဗျ ဒီတစ်ခါတော့ ဉီးလေးငွေပုကစပြီး မထယ်ဘူးဗျ စိုင်လော့ဖန်ကိုစပြီးထယ်ခိုင်းတယ် စိုင်းလော့ဖန်ကလည်း ဒီတစ်နေ့တော့ မညည်းမညူလုပ်တယ်ဗျ ဒီလိုလုပ်မှလည်း ငွေတစ်ရာကရမှာမဟုတ်လား
“လုပ်ထားစမ်းပါစိုင်းလော့ဖန်ရဲ့နွားကမမောဘူးမင်ကမောနေပြီ…” “ဘကြီးရဲ့နွားကကျုပ်ထက်အားကြီးတယ်ဗျ..ကျုပ်ကခလေးပဲရှိသေးတာ…ငွေတစ်ရာမက်လို့သာပဲလုပ်နေရတာဗျမောလိုက်တာနော်” “ဟားဟားဟားဒါကသင်ခန်းစာတွေကွလုပ်ထားစမ်းပါကွာ…မင်းတို့ဒီလယ်တစ်ခွက်ပြီးရင် မုန့်ဖိုးတစ်ယောက်၂၀၀ပေးမှာပါကွ” ဉီးလေးငွေပုပြောလိုက်တော့လည်း စိုင်းလော့ဖန်တို့ညီကိုကတော့ အပျော်ကြီးပျော်ကြတာပေါ့ “တကယ်နော်ဘကြီး ၂၀၀တကယ်ပေးရမာနော်” “မနေ့ကလည်းငါမပေးတာကြကောကွာ..တကယ်ပေးမှာပါကွ” “ကဲ…ဖေ့သားကြီးရေ..မြန်မြန်လေးကြမ်းကြမ်းလေးကွ”ငွေနှစ်ရာရမှာဆိုတော့လည်း စိုင်းလော့ဖန်ကတော့ အားသွန်ခွန်စိုက်ပဲဗျ “ဟေ့ကောင်…စိုင်းလော့ဖန်ဖြေးဖြေးလုပ်ပါကွ…ထယ်ကြီးလည်းကျိုးသွားပါအုံးမယ်ဟားဟား” ကျုပ်လှမ်းစ လိုက်တော့လည်း စိုင်းလော့ဖန်ကရီရင်းနဲ့ “ကျိုးပ့လေ့စေဗျာ…အဓိကကငွေနှစ်ရာဗျ…ဟဲဟဲ” ကျုပ်တို့ကလည်းစိုင်းလော့ဖန်ကိုကြည့်နေတုန်းဉိီးကြီးမောင်ကလည်းကျုပ်အနားကပ်ရင်းနဲ့ “သာလှ…ယက္ခနဲ့သက္ခကိုစိုင်းလော့ဖန်အနားမှာစောင့်ခိုင်းလိုက်စမ်းကွာတော်ကြာမတော်လို့ပြုတ်ကြနေအုန်းမယ်” ဉီးကြီးမောင်ပြောလိုက်တော့လည်း ကျုပ်ကကြောင်အမ်းအမ်းဖြစ်သွားတာပေါ့ “ယက္ခနဲ့သက္ခနဲ့ကဉီးကြီးမောင်ရဲ့ဘီလူးတွေလေဗျာကျုပ်ကဘယ်လိုလုပ်စေခိုင်းလို့ရမှာတုန်းဗျ…ပြီးတော့လည်းစိုင်းလော့ဖန်အနားအစောင့်ထားလိုက်ရင်နွားတွေကဘီလူးမြင်ပြီးလန့်မေအူံးမယ်ဗျ”
“မလန့်ပါဘူးသာလှရာ..ငွေပုရဲ့မှော်နွားတွေက..အရုပ်ကြီးတွေပါကွာ…သာမာန်နွားမှမဟုတ်တာ..ဒီနွားတွေက..သူ့ကိုထိန်းကျောင်းတဲ့သူရဲ့စိတ်အလိုက်..ပြောင်းလဲတဲ့နွားတွေက…ခုစိုင်းလော့ဖန်က..တက်ကြွနေတော့နွားတွေကမြန်မြန်ထယ်လိမ့်မယ်.အ့တာကြောင့်ပြုတ်မကြအောင်..ယက္ခတို့ကိုထည့်ပေးခိုင်းတာ.ပြီးတော့မင်းကိုငါကဒီနေ့ယက္ခနဲ့သက္ခကိုလွှဲပေးထားတာ..မင်းစိတ်ကြိုက်စေခိုင်းနိုင်တယ်….” “ဒါဆို…ခုကျုပ်ဆီမှာယက္ခနဲ့သက္ခနဲ့ရှိနေတာပေါ့နော်” “အေးလေကွာ….မင်းစေခိုင်းကြည့်ပါလား” ဉီးကြီးမောင်ပြောတော့လည်းကျုပ်ကဟုတ်လို့ဟုတ်ငြား စေခိုင်းကြည့်လို်က်တယ် “ယက္ခနဲ့သက္ခစိုင်းလော့ဖန်ရ့ဲအနားမှာစောင့်ပြီးကောင်လေးကိုမထိခိုက်အောင်ကာကွယ်ပေး” ကျုပ်ပြောလိုက်ပြီးတော့လည်းကျုပ်ကိုယ်ထဲက အမဲရောင်အရိပ်နှစ်ခုထွက်သွားပြိးတော့ စိုင်းလော့ဖန်ရဲ့ထယ်မှာလည်း ကပ်နေတယ်ဗျ “ဟာ…ဟုတ်သားပဲဉီးကြီးမောင်ရဲ့…ဘယ်အချိန်ကျုပ်ဆီကိုလွှဲပေးတာလည်းတောင်မသိလိုက်ဘူး” “မင်းမှော်ကမြင့်တော့ဒီလိုဘီလူးတွေလောက်တော့…အာရုံခံစရာမလိုတာပေါ့ကွာ” စိုင်းလော့ဖန်အလှည့်ပြီးတော့လည်းစိုင်းလောင်အလှည့်ဗျ စိုင်းလောင်ကလည်းစိုင်းလော့ဖန်နီးတူပါပဲ တက်ကြွနေတယ်လေ အချိန်တော်တော်ကြာတော့လည်း စိုင်းလော့ဖန်နဲ့စိုင်းလောင်တို့ရဲ့ကြိုးစားမူနဲ့လယ်တစ်ခွက်ပြီးသွားတာပေါ့ဗျာ “ဘကြီရေ…ထယ်ကတော့ပြီးပြီဗျမုန့်ဖိုးပေးဖို့ပဲကျန်တော့တယ်” “နေကြပါအူံးကွာ…ဘယ်မှထွက်မပြေးပါဘူးအမောလေးဘာလေးဖြေကြပါအုံး”
“အမောက..ပိုက်ဆံမြင်မှပြေမှာဗျဟဲဟဲ” “အမလေးကွာ….ကဲကဲသာလှရေရဲရိုပင်မှာချိတ်ထားတဲ့ငါ့လွယ်အိပ်ထဲကငွေ၄၀၀ယူပေးစမ်းပါကွာ” ကျုပ်ကည်းဉီးလေးငွေပုရဲ့ လွယ်အိပ်ထဲကငွေ၄၀၀ကိုလည်းထုတ်ပြီးဉီးလေးငွေပုကိုပေးလိုက်တာပေါ့ “ကဲရော့ရော့…မင်းတို့ညီကိုကတော့ကြီးရင်သူဌေးဖြစ်မှာမြင်ယောင်သေးသကွာ…” “ဘကြီးပြောသလိုဖြစ်အောင်ကြိုးစားမှာပါဗျာ..” စိုင်းလောင်တို့ကတော့ ငွေ၄၀၀ကုိ ကြည့်ရင်းနဲ့လည်းသွားတွေဖြီးလို့ဗျ ဒီနေ့တော့ နေကလည်းတော်တော်ပူတာကြောင့် ကျုပ်တို့စောစောပြန်ခဲ့ကြတယ်ဗျ ညကလည်း တိတ်ဆိတ်လျှက်ရှိတယ်ဗျ တိတ်ဆိတ်နေတဲ့ညအောက်မှာတော့ ကျုပ် ဉီးလေးငွေပုနဲ့ ဉီးကြီးမောင်သာစကားပြောလျှက်ရှိတာပေါ့ စိုင်းလောင်နဲ့စိုင်းလော့ဖန်ကတော့ ပင်ပန်းလွန်း၍လားမသိ မှော်တာနဲ့အိပ်သွားတာဗျ “သာလှရေ…ခုညသွားစရာရှိတယ်ကွ” ရုတ်တရက်ဉီးကြီးမောင်ကလည်းပြောတယ်ဗျ “ညဘက်ကြီးဘယ်ကိုသွားမလို့လည်းဉီးကြီးမောင်ရဲ့…မနက်မှသွားလို့မရဘူးလား” “မနက်မှသွားရင်…မင်းညီစိုင်းလောင်နဲ့စိုင်းလော့ဖန်တို့သိကုန်မှာပေါ့” “စိုင်းလောင်နဲ့စိုင်းလော့ဖန်တို့ကိုမသိစေချင်ဘူးဆိုတော့ဘာကိစ္စမိုလို့လည်းဗျ” ကျုပ်မေးလိုက်တော့လည်းဉီးလေးငွေပုကဝင်ဖြေတယ်ဗျ “ပဲခင်းကိုခုညစပြီးမှော်သွားကြဲရမယ်လေကွာ.. စိုင်းလောင်တို့ကိုဆက်ခိုင်းထားရင်ဖျားသွားလိမ့်မယ်ကွ…ပဲပေါ်ချိန်ရောက်မှ…နောက်ထပ်သင်ပေးတာပေါ့” “အော်…မှော်ပညာသုံးမှာကို..ဒါနဲ့ဘယ်အချိန်သွားကြမှာလည်းခုသွားမှာလား” “ခုတော့မဟုတ်သေးဘူးကွ…ညသန်းခေါင်လောက်မှသွားရမှာ..ခုတော့မင်းအိပ်ရင်အိပ်နှင့်အုံးသွားတော့မယ်ဆိုမှငါနဲ့လွန်းနီနဲ့နှိုးလိုက်မယ်” “ဖြစ်ပါ့မလားဗျကျုပ်တို့သွားရင်ဟိုနှစ်ကောင်ပဲအိမ်မှာကျန်ခဲ့မှာ” “ဘာမှမဖြစ်ပါဘူးကွာငါအစောင့်တွေထားခဲ့တယ်” “ဒါဆိုလည်းကျုပ်အိပ်တော့မယ်ဗျ. …သွားတဲ့အခါကျရင်တော့နိုးနော်ချန်တော့မထားခဲ့နဲ့ဗျ” “အေးပါကွာစိတ်ချနှိုးပါ့မယ်” ကျုပ်ကလည်း ညသန်းခေါင်ကိုထိုင်စောင့် မနေချင်တာနဲ့ အိပ်စောင့်မယ်ဆိုပြီးတော့လည်းအိပ်ယာဝင်ခဲ့တာပေါ့ “သာလှရေသာလှထတော့ထတော့သွားကြရအောင်” ကျုပ်ကိုလည်းဉီးကြီးမောင်နိှုးတော့မှ အိပ်ယာကနိုးလာခဲ့တယ် “သန်းခေါင်တောင်ရောက်သွားပြီလားဉီးကြီးမောင်ရဲ့ဘာမှလည်းမအိပ်လိုက်ရဘူးဗျာ” “ဘာမအိပ်ရတာလည်းတခုးခုးတခေါခေါနဲ့အိပ်နေပြီးတော့များထတော့…ဟိုမှာငွေပုစောင့်နေတယ်” ဉီးကြီးမောင်ပြောတော့ကျုပ်ကလည်း အိ်ပ်ချင်မူးတူးနဲ့ အိပ်ယာကထ မှောင်မဲနေတဲ့ ပတ်ဝန်းကျင် အောက်မှာလည်း မီးအိမ်ကိုယ်စီနဲ့ လယ်ကွင်းဆီထွက်ခဲ့တာပေါ့ ကျုပ်ကလည်းဉီးကြီးမောင်နဲ့တုန်းကလိုပါပဲ ပဲမျိုးစေ့အိပ်ကြီးကိုထမ်းလာရသေးတယ်ဗျ ဒါပေမယ့် ဉီးလေးငွေပုကတော့ ဉီးကြီးမောင်လို မှော်တံစဉ်တွေဘာတွေမပါဘူးဗျ အချိန်တော်ကြာ လျှောက်ပြီးတော့လည်း လယ်ကွင်းဆီရောက်လာခဲ့တယ် ကျုပ်ကလည်း လယ်ကွင်းအစပ်မှာပဲမျိုးအိပ်ကြီးကိုချလို်က်တာပေါ့ “ကဲကဲသာလှရေ..နည်းနည်းနောက်ဆုတ်ကွ” ဉီးလေးငွေပုပြောလိုက်တော့လည်း ကျုပ်ကနောက်ဆုတ်လိုက်တာပေါ့ ဉီးလေးငွေပုကလည်းကျုပ်သယ်လာတဲ့ပဲမျိုးအိပ်ထဲကပဲမျိုးတွေကိုလည်းထုတ် လယ်ကွင်းထဲကိုလည်းပတ်ထည့်တယ်ဗျ တော်တော်ကြာပတ်ပြီးတော့လည်း ပဲမျိုးတွေကုန်သွားတယ်ဗျ ဉီးလေးငွေပုကလည်း လက်နှစ်ဖက်ကိုပုတ်ပြီးတော့လည်း ကျုပ်တို့ အနားကပ်လာတယ်ဗျ ပြီးတော့လည်း လွယ်အိပ်ထဲက မဲမဲအလိပ်ကလေးကိုထုတ်ပြီးတော့လည်း လယ်ကွက်ထဲပစ်ချလိုက်တယ်ဗျ ရှဲခနဲမြည်သံကြီးတစ်ချက်ပေါ်လာပြီးတော့လည်း ခနကြာတော့ပြန်တိတ်သွားတယ်ဗျ “ငွေပုရေသတိထားကွ” ဉီးကြီးမောင်ကလည်း ရုတ်တရက်အော်လိုက်ပြီးတော့လည်း ဉီးလေးငွေပုကိုတွန်းလိုက်တယ်ဗျ ဉီးလေးငွေပုပထမရပ်နေတဲ့နေရာကိုလည်း တင်းပုတ်ကြီးတစ်ခုကအရှိန်နဲ့ကြလာတာဗျ “ဘယ်လိုဖြစ်တာလည်းဉီးလေးငွေပုရဲ့ဘယ်သူ့ဟာကြီးလည်း” “ငါတို့အန္တာရယ်နဲ့တွေ့ပီကွ.” ဉီးလေးငွေပုစကားဆုံးတာနဲ့ မြေကြီးကလည်းတစ်ချက်တုန်ပြီးတော့လည်း ကျုပ်တို့လူတစ်ခေါ်အကွာမှာ ထန်းပင်အမြင့်လောက်ရှိတဲ့အရိပ်ကြီးကလည်း မားမားမတ်မတ်ကြီးရပ်နေတာဗျ ကျုပ်တို့ကိုတင်းပုတ်နဲ့လှမ်းပြစ်တယ်ဆိုကတည်းက ဘီလူးဆိုတာကျုပ်ကလည်းတွက်လိုက်ပြီးသားဗျ ပြီးတော့လည်း ကျုပ်တို့ဆီကိုတစ်ရှိန်ထိုးပြေးလာတာဗျ “ေမြတံတိုင်းနဲ့ဒီကောင့်ကိုကာထားလိုက်စမ်းကွာ” ဉီးကြိးမောင်ကလည်းလက်ဝါးနဲ့မြေကိုရို်က်လိုက်တော့လည်း မြေစို်င်ခဲတွေက မြောက်တက်လာပြီးဘီလူးကြီးကိုတားဆီးထားတယ်ဗျ ဘီလူးကြီးကလည်း ေမြဆိုင်ခဲတွေကိုတိုးထွက်ပြီးတော့လည်း ကျုပ်တို့ဆီကိုထပ်ပြီးပြေးလာတာဗျ “လေးထောင့်ပိတ်မှော်နဲ့ဒီကောင့်ကိုအုပ်လိုက်သာလှ…” ကျုပ်ကလည်းဉီးကြီးမောင်ပြောမှသတိရပြီး ပြေးလာတဲ့ဘီလူးကြီးကိုလည်း ချိန်ရွယ်ပြီး လေးထောင့်ပိတ်မှော် ကိုလည်းသုံးလိုက်တယ်ဗျ အမဲရောင်သံလှောင်အိမ်ကြီးကလည်း မဲနက်နေတဲ့ကောင်းကင်ကနေပြုတ်ကြလာပြီးတော့လည်း ဘီလူးကြီးကိုအုပ်ထားတယ်ဗျ “ဒီကောင့်ကိုလေးထောင့်ပိတ်မှော်လည်းကြာကြာထိန်းထားနိုင်မှာမဟုတ်ဘူးကွ” ကျုပ်တို့သုံးယောက်ကလည်း ဘယ်လိုလုပ်ရမှန်းမသိဘူးဗျ ဉီးကြီးမောင်နဲ့ဉီးလေးငွေပုကတော့ မှော်နဲ့ သံတွေအုတ်တွေဖန်တီးပြီး ဘီလူးကြီးကိုအတတ်နိုင်ဆူံးတားထားတာဗျ ကျုပ်ကလည်းဘယ်လိုလုပ်ရမယ်တွေးရင်းနဲ့ အကြံတစ်ခုရသွားတယ်ဗျ
“ဘီလူးငစူးသင်ထွက်လာပြီးဒီသကောင့်သားကိုနိုမ်နှင်းလို်က်စမ်းကွာ” ကျုပ်ပြောလိုက်တော့လည်း ကျုပ်ကိုကအနည်းငယ်ပူလာပြီးတော့လည်း အမဲရောက်အရိပ်ကြိးတစ်ခုကထွက်လာတယိဗျ ကျုပ်တို့ရှေ့လယ်တစ်ခွက်ကျော်လောက်ရောက်တော့လည်း ကျုပ်ရဲ့ငစူးကြီးအသွင်ကိုပြောင်းပြီး ေအနားရောက်လာပြီဖြစ်တဲ့ဘီလုးကြီးရဲ့မျက်နှာကိုလည်း လက်သီးတစ်ချက်ကျွေးလိုက်တာဗျ ကျုပ်တို့ကလည်း ငစူးနဲ့ ရန်သူဘီလူးကြီးတိုက်ခိုက်နေတာကိုလည်းအသဲယားဖွယ်ကြည့်နေမိတယ် ၁၀မိနစ်လောက်ကြာတော့လည်း ငစူးက ကျုပ်တို့အနားမှာကျနေတဲ့ တငိးပုတ်ကြီးကိုကောက်ပြီးတော့လည်း ရန်သူဘီလူးကြီးရဲ့ ဝမ်းဗိုက်ကိုရို်ကချလိုက်တာဗျ ရန်သူဘီလူးကြိ်းကလည်း အမဲရောင်အငွေ့တွေအဖြစ်ပြောင်ပြီးတော့လည်းတင်းပုတ်ကြိီးကော ပြောက်ကွယ်သွားတယ်ဗျ ဒီတော့မှငစူးကလည်းကျူပ်ရှေ့မှာမုဆိုးဒူးထောက်ထိုင်အရိုအသေပေးပြီးတော့လည်းကျုပ်ကိုယ်ထဲကိုပြန်ဝင်သွားတယ်ဗျ “သာလှရေ…ခုတော့အိမ်မြန်မြန်ပြန်ကြစို့ကွာ..အန္တာရယ်တွေများတယ်…အိမ်ရောက်ရင်တော့မင်းကိုမေးစရာလေးတွေရှိသေးတယ်ကွ” ဉီးလေးငွေပုကလည်းပြောပြီးတော့ရှေ့ကထွက်သွားတယိဗျ ကျုပ်ဉီးကြီးမောငိုကုကြည့်လို်က်တော့လညိး ကျုက်ကိုခေါင်းညိတ်ပြတာကြောင့် အိမ်ကိုလည်းပြန်ခဲ့ရတာပေါ့ဗျာ ပဲမျိုးအိပ်ကြီးတောင် မယူခဲ့လိုက်ရပါဘူးဗျာ ဒီနေ့တော့ဒီလောက်ပဲဗျာနောက်နေ့မှ ကျုပ်တို့ဆီကိုရုတ်တရက်ရောက်လာတဲ့ဘီလူးကြီးအကြောင်းနဲ့ ဘီလူးကြီးရဲ့ပိုင်ရှင်အကြောင်းပြောပြတော့မယ်ဗျာ
Leave a Reply