မောင်ဘိုးထင်အား
“ဘိုးထင် မင်း နှဲဆရာကို သူအဖေ နောက်ကျော်ကို ကန်ထားတာ “
“ဟ တကယ်ကြီးလား ဘာဖြစ်လို့လဲ “
မောင်ဘိုးထင် မှ အလန့်တကြားမေးသော အခါ သာရ သည် မောင်ဘိုးထင်ကိုကြည့်ပြီး
“ဘာဖြစ်ရမှာ လဲ အိမ်မှာ တနေကုန်လုံး နှဲမှုတ်ကျင့်နေတာပါကွာ ငါမျက်လုံး မှိတ်ပြီး နှဲ မှုတ်နေတုန်း ငါ့အဘ က ငါ့ကျောကို ကန်ထည့်လိုက်တာ နှဲ အာခေါင် မဆူးတာကံကောင်း ပြီးရင် မင်းဒီလောက် မှုတ်နိုင်တဲ့ ကောင် ရွာအပြင်ထွက် မှုတ်တဲ့ ကွာ “
သာရ၏ စကားကို ကြားသောအခါ ဦးအုန်းသည် တည်ကြည်လေးနက်သော မျက်နှာထား ဖြစ် ခေါင်းကို ညိတ်နေလေရာ မောင်ဘိုးထင်မြင်သွားပြီး
“ငါလည်း ဘယ်နေ့ အကန်ခံ ရမလဲ မသိဘူး”
“ကောင်လေး မင်းငါ့ကို သာရ အဘ နဲ့တော့ ယှဉ်ပြီးပြောလို့ မရဘူး ငါက အနုပညာ ခံစားမှုအားကောင်းတယ်ကွ နှလုံးသား နုတယ် “
ဦးအုန်း၏ စကားကြောင့် မောင်ဘိုးထင်တို့အားလုံး ဦးအုန်းကို ဝိုင်းကကြည့်နေကြသည် သူတို့၏ စိတ်ထဲတွင်တော့ ဒီအောက်လမ်းဘိုးတော်က နှလုံးသားနုတယ် တဲ့လား ဟုတွေးနေ၏ ၊ ဦးအုန်းသည် ကောင်လေးများ တွေးနေသည်ကို သိနေသည့်အလား
“ဟေ့ကောင်တွေ မင်းတို့စိတ်ထဲ ဘာတွေးနေတယ် ဆိုတာ သိတယ် နော် “
“ဟာ မတွေးပါဘူးဗျာ ကျုပ်တို့ ဘကြီးမြဆီ သွားတော့မယ် “
ထို့နောက် မောင်ဘိုးထင်တို့သည် ဗုံများကို သယ်ယူကာ ဘကြီးမြအိမ်သို့ စကားတပြောပြော နှင့် လျှောက်လှမ်း၍ သွားပါလေတော့သည် ။
▪️အခန်း-၂
ဘကြီးမြ၏ အိမ်ရှေ့ ပြောင်ရှင်းနေသော ကွက်လပ်တွင် ဖျာများခင်းထား၏ ထိုဖျာပေါ်တွင်တော့ ခြောက်လုံးပတ် တွင် မောင်ဘိုးထင် ကြေးနောင် တွင် ဖိုးထွေး နှဲကြီးကို ကိုင်ထားသူက သာရ လင်းကွင်းကို ခပ်စစလေး ပွတ်သပ်နေသူမှာ မောင်သာအေး နှင့် စည်းကို တတောက်တောက် ခေါက်နေသူမှာ ပေတူးတို့ဖြစ်ပါလေတော့သည် ။
ဘကြီးမြသည် တန်းလျားတွင် ထိုင်နေရင်း မောင်ဘိုးထင်တို့ ဆိုင်းအဖွဲ့ထဲမှ မောင်ပေးတူး နှင့် မောင်သာအေးကို မျက်မှောင်ကြုတ် ကြည့်လိုက်ပြီး
“ဟဲ့ ပေတူး မင်းက စည်း တီးတဲ့သူ အချိန်ပြည့် တတောက်တောက် ခေါက်နေလို့မရဘူး “
“အကျင့်ပါနေလို့ပါ ဘကြီးမြရာ”
“နင့်ပြောလိုက်ရင်တော့ ဆင်ခြေက အသင့် “
ဘကြီးမြပြောမှ ပေးတူးသည် စည်း တုံးကို မခေါက်တော့ပေ ၊ လင်းကွင်းသမား သာအေးသည်က တချဲချဲ နှင့် လင်းကွင်း နှစ်ချပ်အားပွတ် နေလေရာ
“သာအေး မင်းကကော ဘာဖြစ်နေတာလဲ “
“ဗျာ ဘကြီး ကျုပ်က ဘာလုပ်နေလို့ “
“မင်းလက်ထဲက အကွင်းကြီးတွေကို မင်းကြီးတော် ဇကောကြီးများ မှတ်နေလား အမြဲ ပွတ်နေရအောင် “
“ဟ ဘကြီးမြကတော့ ပြောတော့မယ် ကျုပ် ကြီးတော် ဇကောတွေက ဒီလို လေးတွေ မပါဘူးဗျ”
သာအေးသည် လင်းကွင်းမှ လက်ကိုင်လေးကို ပြပြီးပြောလိုက်ရာ ၊ ဘကြီးမြ ရေနွေးကြမ်းခွက်နှင့် မပေါက်မိအောင်သတိထားလိုက်ရပြီး
“ကမြင်းမသားကတော့ “
ဘကြီးမြ စိတ်တိုနေသည်ကို သိမှ သာအေး လင်ကွင်း နှစ်ချပ် ပွတ်နေချင်းကို အဆုံးသတ်လိုက်တော့သည် ၊ ဘကြီးမြသည် မောင်ဘိုးထင်တို့ ဆိုင်းအဖွဲ့လေးကို သေချာကြည့်ပြီး
“ကဲ တပည်တို့ ငါသင်ပေးထားတဲ့ အတိုင်းတီးကြစမ်းကွာ “
ဘကြီးမြပြောသော အခါ မောင်ဘိုးထင်တို့ တယောက် မျက်နှာ တယောက်ကြည့်လိုက်ပြီး မောင်ဘိုးထင် မှ ဖိုးထွေးအား
“ကိုဖိုးထွေး ဘယ်သီချင်းလဲ ဗျ”
“မင်းကလည်း မသိတာကြနေတာပဲ “
“မသိလို့မေးတာပေါ့ ဗျ ဘယ်သီချင်းလဲ “
မောင်ဘိုး ထင် နှင့် ဖိုးထွေး စကားပြောနေသည်ကို လင်းကွင်းသမား သာအေးမှ လင်ကွင်းကို ဂျန်းကလည်းမြည်အောင် တချက်တီးလိုက်ပြီး
“ဘိုးထင်နဲ့ ကိုဖိုးထွေးကတော့ ရူးချင်ယောင်ဆောင်နေတယ် တို့ဆရာကြီး ဘကြီးမြသင်ပေးထားတာ တပုဒ်ပဲ ရှိတာကို အဲ့တာပဲ တီး “
သာအေးပြောတာ ဟုတ်ပေသည် ဘကြီးမြသည် သူတို့အား သီချင်းတပုဒ်သာ သင်ပေးထားသည် နောက်ထပ် ထပ်သင်ပေးဖို့ေပြာလိုက်ရင်လည် အခြေခံကြေရမည်ဟုသာပြောပြီး ဒါပဲ တီးခိုင်းနေသည်၊ ဒီတပုဒ်ထဲကို ပြန်ကာလှန်ကာ နှဲမှုတ် နေသည့်အတွက်ကြောင့် သာရအား သူ၏ အဘ နောက်ကျော ကန်ခံရတာလည်း ဖြး်နိုင်သည်၊ သို့ပေမဲ့ စေတနာနှင့် အလကား သင်ပေးနေသော ဘကြီးမြအားသူတို့ အပြစ်မတင်ဝံ့ပေ ၊ အစက သူတို့ ဆိုင်းတီးရင် အိမ်ဝိုင်းထဲတွင် ကလေးများ လူကြီးများ ဝိုင်း၍ ကြည့်နေပေမဲ့ သုံးလေးရက်မျှ ဒီသီချင်းတပုဒ်တည်း တီးနေသော အခါ ခွေးတကောင် ကြောင်တမြည်းမှ သူတို့အနား မနေတော့ ဘကြီးမြမွေးထားသော ခွေလေး ဘိုနီ ပင် သူတို့ ဆိုင်းတီးသည့်အခါ အိမ်ဝိုင်းထဲမှ ထွက်ပြေးတက်နေပြီဖြစ်သည် ၊ သို့ပေမည့် မောင်ဘိုးထင်တို့က လက်မလျှော့ပေ ယောက်က်ျားတခခွန်လူရည်ချွန် ဖြစ်အောင် ဘကြီးမြ သင်ေပးထားသည့် တပုဒ်တည်းသော သီချင်းး ကို အပြန် အလှန်တီးနေကြတော့သည် ၊ အချိန်အတန်ကြာ တီးပြီး၍ ခဏ နားချိန် ဘကြီးမြ အိမ်ဝိုင်းထဲသို့ လူကြီး နှစ်ယောက် ဝင်လာသည် ထိုလူကြီးနှစ်ယောက်မှာ ဆိုင်ဆရာ ဦးထီ နှင့် ကြေးနောင် ဦးကြည် တို့ ဖြစ်သည် သူတို့ နှစ်ယောက် သည် ဘကြီးမြ ထိုင်နေသော တန်းလျားတွင် ထိုင်လိုက်ပြီး မောင်ဘိုးထင်တို့ကို ကြည့်ကာ
“ဘယ်လိုလဲကွ ဘိုးထင်တို့ ဖိုးထေွးတို့ ဆိုင်းတီးရတာ လွယ်သလားဟေ့”
ဆိုင်ဆရာကြီး နှင့် ကြေးနောင်ဆရာ နှစ်ဦးက ရိုးရိုးမေးပေမဲ့ ပြိုင်ဘက်ကြီးများဟု သဘောထား ထားသော မောင်ဘိုးထင်တို့မှာ သူတို့အားလှောင်နေသည်ဟုထင်ပြီး
“ကျုပ်တို့ အတွက်တော့ ထမင်းစား ရေသောက်ပါပဲ ဒီလောက်ကတော့ “
“ဟုတ်ပါ့ဘိုးထင် ငါကြေးနောင်တီးတာလည်း လွယ် လွန်းလို့ ခက်နေတာ “
မောင်ဘိုးထင် နှင့် ဖိုးထွေး၏ စကားကို ဆိုင်ဆရာကြီး နှစ်ေယာက်မကျေနပ်ပေ ၊သို့ပေမဲ့ ဣန္ဒြေဆည်လိုက်ပြီး
“အဲ့တာဆိုလည်း တပုဒ်ထဲ ပဲ ပြန်ကာလှန်ကာ တီးမနေကြနဲ့ လေကွာ “
“ကျုပ်တို့က တခြားတပုဒ်တီး ချင်တာပေါ့ ဆရာ့စကားကို မပယ်ရှားရဲဘူဗျ အာခေါင်လှံဆူးမှာ ဆိုးလို့ “
မောင်ဘိုးထင်၏ စကားကြောင့် ဆိုင်းဆရာနှစ်ဦး ဘကြီးမြကို ကြည့်လိုက်ကြသည် ဘကြီးမြသည် သူ၏ မျက်လုံးကို တည်ငြိမ်အောင်ထိန်းလိုက်ပြီး
“ကျုပ်က အခြေခံကောင်းအောင်လို့ တပုဒ်ထဲတီးခိုင်းနေတာပါဗျာ “
ဆိုင်ဆရာကြီးနှစ်ဦးသည် ဘကြီးမြအား မည်သည့် စကားမှ ပြန်မပြောပဲ မောင်ဘိုးထင်တို့ဘက်ပြန်လှည့်ကာ
“ငါက မင်းတို့ ဆိုင်းတကာ်တီးတက်ရင် ပေပင်ရွာက မျိုးဆက်သစ်တွေကို ပွဲ ထုတ်မလို့ပါကွ နောက် လေးရက်လောက်ဆို ဟိုဘက် ရေအိုးစင်ရွာက အလှူမှာ တို့ဆိုင်းကို ငှားထားတာ မင်းတို့ တီးတက်ရင် တို့ နဲ့ ဆိုင်းအပြိုင်ခေါ်မလို့ပါ “
ဆိုင်းဆရာကြီး ဦးထီ၏ စကားကြောင့် မောင်ဘိုးထင်တို့ တယောက်ကို တယောက် ကြည့်လိုက်ပြီး မောင်ဘိုးထင်အား အားလုံးခေါင်းညိတ်ပြလိုက်၏ ထိုအခါ မောင်ဘိုးထင်သည် ဦးထီအား
“ဦးကြီးကျုပ်တို့ လိုက်မယ် ဗျာ “
“ဒီတိုင်းတော့ လိုက်မရဘူး မောင် သဘက်ခါ ငါတို့ကို ဆိုင်းတီးပြရမယ် ဒီနေ့က တို့မအားသေးလို့ နားမထောင်သေးဘူး “
ဦးထီစကားကြောင့် မောင်ဘိုးထင် သက်ပျင်းကို မသိမသာ ချလိုက်ပြီး
“စိတ်ချပါ ဦးကြီးတို့ သဘက်ခါ ဘကြီးမြအိမ်ကို လာခဲ့ ကျုပ်တို့ တီးပြမယ် “
“အေး အေးစိတ်ချ လာခဲ့မယ် သေချာ ကျင့်ထားကြ ငါတို့ အခုတော့ ပြန်လိုက်ဦးမယ် “
မောင်ဘိုးထင်တို့ ဆိုင်းတီးတာ တပတ်မပြည့်ခင် ဆိုင်းငှားတော့ လာချေပြီ ဖြစ်သည် ၊ စိုင်ကောလို့ ချုံပေါ်ရောက်တော့မည် ဆူးချုံဆိုရင်တော့ မောင်ဘိုးထင်တို့ လွယ်မည် မဟုတ်ပေ ၊ မောင်ဘိုးထင်တို့ သည် ဆိုင်းဆရာကြီးများ ပြန်သွားသည်ကို ကြည့်ရင်း အတွေးကိုယ်ဆီဖြစ် ငြိမ်နေသည် ၊ ဘကြီးမြလည်း ရေနွေးခွက်ကို လက်ကကိုင်ပြီးနုတ်ခမ်းတွင် တေ့ကာ မသောက်သေးပဲ ငြိမ်ပြီးတွေးနေစဉ်
“ချွမ်း ချွမ်း “
ကျယ်လောင်သော လင်းကွင်းသံကြီးကြောင် ့
“သဲ့ သောက်ခွေး “
လင်ကွင်းသံကြီးကြောင့် လက်တုန်ပြီး ရေနွေးကြမ်းခွက် အပူလောင်သွားသော ဘကြီးမြ ဒေါသမာန် အပြည့်နှင့် လင်းကွင်းသံပိုင်ရှင် သာအေးအား ကြည့်လိုက်စဉ် သာအေးသည် လင်းကွင် း နှစ်ချပ်ကို တဘက် တချက် ကိုင်ပြီး ပြုံး၍ ထပြေးရာ အိမ်ဝိုင်းအပြင်သို့ပင် ရောက်လုနေပြီဖြစ်ပါလေတော့သည်။
▪️အခန်း-၃
မောင်ဘိုးထင်တို့ ဆိုင်အဖွဲ ဦးအုန်း အိမ်တွင် စုရုံးနေကြသည် ၊ မောင်ဘိုးထင် ၏ ဆိုင်းကို အကြောင်းပြုပြီး ဖိုးထွေးတို့ ဦးအုန်းအိမ်သို့ တံခါးမရှိ ဓားမရှိ ဝင်ထွက်ခွင့် ရနေကြည်သည်၊ ယခုလည်း တန်းလျားတွင် ရေနွေးကြမ်းသောက်နေသော ဦးအုန်းအား မောင်ဘိုးထင်တို့ ဝိုင်း၍ ဂျီကြနေကြသည်
“အဘ ပြောတော့ ကျုပ်တို့ကို ဗုံ မှော် သွင်းပေးမယ် ဆို “
“မင်းတို့လည်း အခု ဆိုင်းတီးသင်နေတာမဟုတ်လား “
“သင်တော့ သင်နေတာ ပဲ ဦးအုန်းရ တခါလာလည်း ဒီ တပုဒ် တခါလာလည်း ဒီတပုဒ် ဘကြီးမြ ဆိုင်းကော တကယ် တီးတက်ရဲ့လားမသိဘူး ဒီတပုဒ် ထဲ ပဲ တီးခိုင်းနေတယ် “
“ဟားး ဟားး “
ဦးအုန်းသည် ဖိုးထွေး၏ စကားကြောင့် ဟားတိုက်ရယ်မောပြီး ။
“မင်းတို့ ဆရာကြီး အကြောင်း မကြားဖူးဘူးလား “
“ဘာလဲ မကြောင်းလဲ အဘ “
“ကိုမြက ဘင်ဂျိုတော့ တကယ် တီးတက်တယ်ဟ မင်းတို့ကိုဆိုင်းသီချင်းက ဒီသီချင်း မဟုတ်လား”
ဦးအုန်းသည် အသံနေအသံထားနှင့် သီချင်းကို ဆိုပြလိုက်ရာ
“ဟုတ်တယ် ဟုတ်တယ် ဦးအုန်း “
“ဟုတ်မှာ ပေါ့ သူလည်း ဒီ တပုဒ်ပဲ ရတာ ကွ”
“ဟာ ဟုတ်ပမလားဗျာ “
“တကယ်ပြောတာ ငါ့ကောင်တွေရ မင်းတို့ကို မပြောဘူးဆိုတာ “
“အဘ နားအေးသက်သာအောင် လွှတ်ထားတာ မဟုတ်လား “
“ဟာ အဲ့လိုကြီးတော့ လည်း မဟုတ်ပါဘူးကွာ “
“မဟုတ်ရင်လည်း ဗုံ မှော်သွင်းပေးဗျာ “
“လွယ်တော့ မလွယ်ဘူးကွ “
“မလွယ် လည်း ရအောင် လုပ်ဗျာ ကျုပ်တို့က သဘက်ခါ ရွာကဘိုးေတာ် တွေကို ဆိုင်းတီးပြရမှာ တီးတာ ကောင်းရင် ရေအိုးစင် ရွာ အလှူ ဆိုင်းလိုက်တီးရမှာ ဗျ”
“ဟုတ်တယ် ဘကြီးအုန်း ကျုပ်လင်းကွင်းကိုလည်း မှော်သွင်းပေးဦး ’
“ဘာလို့လဲဟ မင်းလင်းကွင်က ဒီတိုင်းတီးယံုပဲကို “
“မှော်သွင်းမှ ရမယ် ထင်တယ် ကျုပ်က လင်းကွင်းကြီးကို ကိုင်ထားရင်ကို တီးပဲ တီးချင်နေတာ အဲ့တာကြောင့် ဟိုမှာ ကြည့်ပါလား လင်းကွင်းကို နှစ်ချပ်လုံး တေနရာတည်း မထားရဲ ဘူး ခွဲထားရတာ ဗျ”
သာအေးပြောမှ သူတို့ သတိထားမိသည် သာအေးသည် လင်းကွင်း တချပ်ကို ကွပ်ပျစ်တွင် တင်ထာပြီး ကျန်တချပ်ကို စပါးကျည်ပေါ် တင်ထားသည်မဟုတ်ပါလား ဦးအုန်းသည် သာအေးကို သဘောကျစွာကြည့်ရင်း
“အေး အေး လင်းကွင်း မှော်လည်း သွင်း ပေးမဲ့ ပေတူးရဲ့ စည်း ကိုလည်း မှော် သွင်းပေးမယ် ဟေ့ ဟုတ်ပြီလား “
ဦးအုန်း၏ စကားကို မောာင်ဘိုးထင်တို့အဖွဲ့ကြားသော အခါ ဝမ်းသား၍ ပြုံးရွှင်နေကြသည် ၊ ဦးအုန်းသည် မောင်ဘိုးထင်တို့ကို ကြည့်ရင် သူလည်း အပျော်တွေကူးဆက်လာသည် ၊ သူ၏ စိတ်ထဲတွင်တော့ ကဲအောက်လမ်းဆရာ ဦးအုန်း ဆိုတဲ့ငါကတော့ ဒီကလေးတွေကြောင့် မိုက်ရဦးမပေါ့ ဟုသာ တွေးနေလေပါတော့သည် ။
▪️အခန်း-၄
ညသန်းခေါင်ယံ အချိန်တွင် ဖြစ်သည် အုတ်ဂူတလုံးကို အရွယ်မရောက်သေးသူ ကောင်လေးနှင့် အသက်ကြီးရင့်နေသော လူကြီး တို့ ဖောက်နေကြသည် ၊ ထိုသူနှစ်ယောက် အနက် ကောင်လေးသည် မီးအိမ်ကို ကိုင်ပြီးပြနေသည် အုတ်ဂူဖောက်နေသော လူကြီးသည် မီးအိမ်ကိုင်ထားသော ကောင်လေးအား
“မင်းတို့ နဲ့ ပေါင်းပြီး ငါလည်းလိုက်မိုက်နေပြီ “
“အဘက လည်းဗျာ ဒီအထိတောင် ရောက်လာပြီပဲ အပြစ်တွေ တင်မနေပါတော့နဲ့ “
“အေးအေး မင်းစကားနားထောင်ပါမယ် လူမိရင် မင်းနဲ့ငါနဲ့ ပြေးပေါက်မှားပြီ ငါတို့ ဖောက်နေတဲ့ဂူက ရွာစား စိန်မြိုင်ဟန် ရဲ့ ဂူဟ “
“သူက တော်တော် ဆိုင်းတီးတာ ကောင်းလား “
“ကောင်းလို့ ပေါ့ဟ ဒီဆိုင်းဆရာက အချိန်တွေသာ ကြာနေတာ ဆိုင်းကို စွဲပြီး သရဲ ဖြစ်နေတာဟ “
“အင်း အင်း အဘ လုပ်စရာ ရှိတာ သာ လုပ်ပါ ေနာက်မှ စကားပြောပေါ့ “
ဂူဖောက်နေကြသော သူများမှ တခြားသူများ မဟုတ် ဦးအုန်း နှင့် မောင်ဘိုးထင် ဖြစ်ပေသည် ၊ ဦးအုန်း သည် မောင်ဘိုးထင် စကားကြောင့် မီးအိမ်ကိုင်ထားသော မောင်ဘိုးထင်ကို မော့ကြည့်လိုက်ပြီး ဂူကိုသာ သံတရွင်း နှင့် ဖောက်နေပါေတာ့သည် ၊ ထိုနောက့် ဂူေပါက်သွားသောအခါ ဆွေးမြေ့နေသော အခေါင်းကြီးကို ဆွဲ ထုတ်လိုက်၏ ထိုနောက် အခေါင်းထဲမှ အရိုးဖြစ်နေပြီ ဖြစ်သော အလောင်းကြီး၏ လက် နှစ်ဘက်မှာ လက်ညှိုးများကို ဖြုတ်ယူလိုက်ပြီး ခါးပိုက်ထဲ ထည့်ကာ အခေါက်းကြီးအား ဂူထဲ ပြန်ထည့်၍ ဖြစ်သလို ပိတ်ပေးထားလိုက်ကြလေတော့သည် ၊ ထို့နောက် ဦးအုန်းသည် ခါးပိုက်ထဲမှ လက်ညိုးကို ကိုင်ကာ
“ကဲ စိန်မြိုင်ဟန် နဲ့ ဆိုင်း အဖွဲ့ တွေ ငါနောက်လိုက်ခဲ့ စိန်မြိုင်ဟန်က ငါခိုင်းတဲ့ အတိုင်းလုပ်ရမယ် ကျန်တဲ့ သူများက စိန်မြိုင်ဟန် ခိုင်းတဲ့ အတိုင်း လုပ် ကလန့် ကဆန် လုပ် ရင် မင်းတို့ငါ့အေကြာင်း သိစေရမယ် ငါ့ခိုင်းတဲ့ တိုင်လုပ်ရင် မင်းတို့ကို ငါကျွေးမွေးမယ် ကဲ ကဲ ငါ့နောက်လိုက်ခဲ့ကြ”
ဦးအုန်း စကားဆိုလိုက်သည် နှင့် သင်္ချိုင်းထဲ တွင် ရှိသော သစ်ပင်များသည် လေမတိုက်ပဲ လှုပ်ရမ်းလို့နေလေပါတော့သည် ။
▪️အခန်း-၅
ဦးအုန်း၏ အိမ်တွင် မောင်ဘိုးထင်တို့ အဖွဲ့ ရောက်နေကြသည် ၊ ယနေ့နေ့လယ် ဆိုင်းဆရာကြီးတွေကို ဆိုင်းတီးပြရမည် မဟုတ်ပါလား၊ သူတို့အားလုံး စိတ်လှုပ်ရှားနေကြသည် ၊ သူတို့အဖွဲ တစုံခုကို စောင့်နေကြသည် ၊ သူတို့စောင့်မျှော်နေသူမှာ အခြားသူမဟုတ် အိမ်ပေါ်ကနေ မဆင်းလာသေးသော ဦးအုန်း ကို ဖြစ်သည် ဦးအုန်းသည် ခဏကြာသော အခါ အိမ်ပေါ်မှဆင်းလာသည် သူ၏ လက်ထဲတွင် လည်း အမဲရောင် ပိတ်စထုပ်လေးတခုကို ဆုပ်ကိုင်လားသည်၊ ဦးအုန်းသည် အိမ်အောက်ရောက်သောအခါ တန်းလျားတွင် ထိုင်လိုက်ပြီး
“ကောင်လေးတွေ မင်းတို့ မျက်နှာ က မကြည်မသာဖြစ်နေပါလားဟ”
“ဒီနေ့ ဦးထီ တို့ကို ဆိုင်းတီးပြရမှာ လေဗျာ ကျုပ်တို့ တီးတက်တာ တပုဒ်ထဲ ဦးအုန်းကိုပဲ အားကိုးရမှာဗျ “
ဦးအုန်းသည် တချက်ပြုံးလိုက်ပြီး သူယူလာသော အဝတ်စလေးကို ဖြည်လိုက်ကာ
“ကဲ လာကြ မင်းတို့ဘာမှ ပူမနေနဲ့ “
ဦးအုန်းသည် သူအနားရောက်လာသော တယောက်စီးတိုင်းကို အဖြုအေရာင် ချောင်းလေးများပေးပြီး ဘိုးထင်ကို ခေါ်ကာ တိုးတိုးနှင့်
“ကောင်လေး ဘိုးထင် ဒါ စိန်မြိုင်ဟန်ရဲ့ လက်ညှိုးကို ငါဖြတ်ထားတာ မင်းဗုံ သရေကြိုးထံ ထည့်ထား ဒီအချောင်းကို ဟိုကောင်တွေကိုတော့ သူတို့ ကိုယ်မှာ ပဲ သိမ်းထား အပို နှစ်ချောင်း ယူသွား နောင်ထပ် လူတိုးရင် အဲ့အရိုးလေးပေးလိုက်”
ဦးအုန်းသည် တိုးတိုး နှင့်ပြောပြီး လက်ညှိုးအရိုး အပိုင်းးလေးများပေးပြီး စကားဆိုလိုက်သည် မောင်ဘိုးထင်လည်း ထိုလက်ညှိုးရိုးကို ခါးပိုက်ထဲ ထည့်ကာ ခေါင်းကို ညိတ်ပြလိုက်ပြီး ဗုံများကို သယ် ကာ ဘကြီးမြအိမ်သို့ ချီတက်လိုက်ကြပါလေတော့သည်။
▪️အခန်း-၆
ခြောက်လုံးပတ်သာပါသော တောဆိုင်းလေးသည်က တောဆိုင်းဟု မထင်ရလောက် မြူးကြွနေလေရာ ဘကြီးမြ အိမ်ဝိုင်းထဲတွင် ရွာသားများပြည့်နေကြသည် ၊ စားပွဲတန်းလျားတွင်တော့ ဘကြီးမြနှင့် အတူထိုင်နေသော ဦးထီတို့ ဆိုင်းဆရာကြီးများ မျက်လုံးပြူး၍ အံဩကာ ငေးမောကြည့်နေသည် ၊ ဆိုင်းတီးနေသော မောင်ဘိုးထင်သည်က တကယ့် ပညာရှင်ကြီး အတိုင်း မာန်ပါပါ ဟန်ပါပါ နှင့် တီးနေသလို ကြေးနောင်သမား ဖိုးထွေးသည်လည်း မျက်လုံးမှိတ်ပြီးတော့ပင် တီးနေလေရာ ကြေးနောင် ဆရာကြီး ဦးကြည် ပါးစပ်အဟောင်းသား နှင့် သူ၏ မျက်လုံးကို သူမယုံကြည်နိုင်အောင် ဖြစ်ကာ မျက်လုံးကို ပွတ်ပြီးတော့ပင် ကြည်နေလေသည် ၊ နှဲသမား သာရသည်က ခေါင်းကို ဝှေ့ယမ်းပြီး ဖောင်းကားနေသော ပါးကြီးနှင့် နှဲမှုတ်နေလေရာ အသက်ပင်ရှူပါလေစ ဟုထင်စရာပင် ၊ လင်ကွင်းသမား သာအေး နှင့် စည်းသမား ပေတူးသည် လည်း နှစ်ပေါင်းများစွာ တီးနေကြသူပမာ အတိုင်အဖောက်ညီနေကြသည်၊
ရွာသားများသည် မောင်ဘိုးထင်တို့ကို လက်ခုတ်တီး အားပေးနေကြသလို ဗုံသံကြားရင် မနေနိုင်သူများသည် လည်း ကခုံနေကြသည် ၊ မောင်ဘိုးထင်တို့ ဆိုင်းအဖွဲ့ထဲ မပါသော မောင်ဘိုးထင် အဖွဲသားများသည် လက်ခေါက်မှုတ်ကာ အားပေးနေကြပြန်သည်။
“အဲ့တာ ဘိုးထင် ကွ မှတ်ထား အဲ့တာ ငါတို့ဘိုးထင် “
“ကြေးနောင် က ဖိုးထွေးကွ မျက်လုံးနဲ့ကို ကြည့်စရာမလိုဘူးကွ မမြင်ဘူးရင်ကြည့်ထားကြ “
“နှဲက ငါ့ညီ သာရကွ အဖေကျောကန်းခံပြီးကတည်းက မခံချင်းစိတ်နဲ့ ကြိုးစားလာတာ ကြည့်ထား ပါးကြီးကို ဖားကြီးလိုဖောင်းပြီး နှဲမှုတ်နေတာက သာမြ ညီ သာရကွ”
ပေါက်တူးသည် သူ၏ညီအား အော်ဟစ်အားပေးနေသည် ၊ ဤသို့နှင့် မောင်ဘိုးထင်တို့ ၏ ဆိုင်အဖွဲ့ကို စာမေးပွဲစစ်သည် က ဂုဏ်ထူးနှင့်ပင် အောင်မြင်ပါလေတော့သည်။
▪️အခန်း-၇
ဗုံများပင် ပြန်မသယ်နိုင် ဘကြီးမြအိမ်တွင်ထားခဲ့ကာ ဦးအုန်း ၏ အိမ်သိူ့ မောင်ဘိုးထင်တို့ ဆိုင်းအဖွဲ့ ရောက်လာကာ ကွပ်ပျစ်တွင် လှဲအိပ်သူအိပ် တန်းလျားတွင် လှဲ အိပ်သူ အိပ်နေကြသည် ၊ ထိုမြင်ကွင်းကို အိမ်ပေါ်မှ ဆင်းလာသော ဦး အုန်း မြင်သော အခါ
“ဟေ့ကောင်တွေ ဘယ်လို ဖြစ်ကြတာလဲကွ “
ဦးအုန်း၏ စကားကြားသောအခါ ကွပ်ပျစ်တွင် မျက်လုံးမှိတ်ပြီး လှဲနေသော မောင်ဘိုးထင်သည်
“ပင်ပန်းလိုက်တာဗျာ ဆိုင်းလည်းတီးပြီးမှ ကျနော်တို့ လည်း သတိရလာတာ လက်တွေ ဆိုေညာင်းလို့ အဘရာ”
“အေး မင်းတို့ ပဲ လုပ်ခိုင်းတာလေ ငါနဲ့ မဆိုင်ဘူးနော် “
“အင်းပါဗျာ အင်းပါ အဘကို ကျုပ်က ဘာပြောလို့လဲ “
“မသိဘူးလေ တော်ကြာ ဟိုတခါ ပီယဆေးလို ပြန်ဖျက်ခိုင်းနေမှာ ဆိုလို့ကွ”
ဦးအုန်း၏ စကားကြားသောအခါ ဖိုးထွေး မျက်လုံး ဖွင့်လာပြီး သူ၏ဘေးမှ မောင်ဘိုးထင်ကို ကြည့်နေရာ အကြည့်ခံ လိုက်ရသော မောင်ဘိုးထင် ပြံုးပြလိုက်ပြီး
“အတိတ်က ကိစ္စ အတိတ်မှာ ထားခဲ့ စမ်းပါဗျာ ”
မောင်ဘိုးထင် စကားကြားသောအခါမှ ဖိုးထွေး တခြားဘက်ပြန်လှည့်ကာ မျက်စိမှိတ်ပြီး အနားယူနေလေသည် ၊ ဦးအုန်းသည် မောင်ဘိုးထင်ဆိုင် အဖွဲ့ကိုကြည့်ကာ
“ကောင်လေးတွေ အဲ့လောက် အခြေအနေ ဆိုးမနေနဲ့ မင်းတို့ အလှူမှာ ဆိုင်းပြိုင်တီးရင် ဒီထက်ပို ပင်ပန်းမှာနော် “
ဦးအုန်း၏ စကားကြားရသော အခါ နှဲသမား သာရ ငုတ်တုပ်ထထိုင်လိုက်ပြီး
“ဟာ ဒီထက်ဆိုးရင် ကျနော် အောက်က တခုခု ထွက်တော့မယ် ထင်တယ်ဗျ”
“ဘာဖြစ်လို့လဲ သာရ “
“မသိဘူး ကျုပ်ပါးတွေ လည်း ညောင်းနေပြီ ဗျာ ချောင်းဆိုးချင်လို့ ချောင်းလေး တချက်ဆိုးရင်ကို အောက်က တခုခု ထွက်တော့မလို ခံစားနေရတယ် “
“မင်းတို့ ပင်ပန်းမှာပေါ့ မင်းတို့ကို သွင်းပေးထားတဲ့ မှော် က တကယ် ပညာရှင်တွေ နှစ်ပေါင်းများစွာ လေးကျင့်ပြီး ဒီနယ်မှာ ပြိုင်စံရှား သူတွေ အဲ့တော့ မင်းတို့ ပင်ပန်းတာပေါ့ မင်းတို့ မှော်သွင်းထားတာ ပြန်ဖျက်ပေးရမလား ငါပေးထားတဲ့အဆောင်လေးတွေ ပြန်ပေးကြ အဲ့တာဆို မင်းတို အရင်တိုင်း တပုဒ်တည်းသမားလေးတွေ ပြန်ဖြစ်ပြီ “
မောင်ဘိုးထင်တို့ ဦးအုန်းစကားကို ကြားရပြီး အတွေးကိုယ်စီ တွေးနေကြသည် ၊ သူတို့၏ အတွေးထဲတွင်တော့ ရွာထဲက လူတွေနှင့် ဆိုင်းဆရာကြီးများ၏ အထင်တကြီး ကြည့်နေသော မျက်လုံးများကို မြင်ရောင်လာသည် ထို့နောက် တပုဒ်တည်း တီးနေစဉ် ဘကြီးမြ၏ အိမ် မှ ခွေးလေး ဘိုနီ သူတို့ကို ကြည့်ပြီး အိမ်ဝိုင်းထဲမှ ထွက်ပြေးသွားသော မြင်ကွင်းကိုလည်း မြင်လာသည် လူမလေး ခွေးမခန့်ဆိုတာ ဒီအရာဆိုတာ ကောင်းကောင်း နားလည်ထားသော သူတို့ ပြိုင်တူနီးပါပင် ထွက်လာသော အသံက
“မှော် မထုတ်ဘူး အဘ “
“ပြန်မပေးဘူး ဘကြီးအုန်း “
“,မှော် သွင်းထားဦးမယ် ဦးအုန်း “
ဟုသော စကားသံများ ဖြစ်လေရာ ဦးအုန်း ခေါင်းကို ဖြည်းညင်းစွာ ခါယမ်း လိုက်ပြီး
“ကောင်လေးတွေ ငါ့ကို ငွေငါးကျပ်စီပေးကြကွာ “
“ဟ အဘ ဘာလုပ်မလို့လဲ “
“ပေးဆို ပေးစမ်းပါကွာ “
မောင်ဘိုးထင်တို့ ဦးအုန်း၏ စကားကို အထွန့်မတက်ရဲ ပါသူများက ချက်ချင်းပေးလိုက်ပြီး မပါသူများကို ပြီးမှပေးမယ်ဟုပြောလေသည် ၊ မောင်ဘိုးထင်တို့ မသိသည်က ဦးအုန်းစိတ်ထဲတွင် တွေးနေသော အရာကို ဖြစ်သည် ၊ သူစိတ်ထဲ တွေးနေသည်က ရွာတောင်ပိုင်းက ဆေးဆရာကြီး၏ မျက်နှာ နှင့် ကြက်ပေါင်းရည် ထုတ်ယူမည် ကြက်များကို ဖြစ်ပါလေတော့သည်။
▪️အခန်း-၈
ပေပင် ရွာဆိုင်းအဖွဲ့ နှင် ဘိုးထင် ဆိုင်းအဖွဲ့ လှည်းများ နှင့် ရေအိုးစင် အလှူသို့ သွားနေကြသည် ၊ အရှေ့မှ ပေပင်ဆိုင်း ဆရာဦးထီသည် အနောက်မှ လှည်းရှိ မောင်ဘိုးထင်တို့အား လှမ်းအော်၍ စကားပြောနေသည်
“ဟေ့ ဘိုးထင် မင်းဆိုင်း အဖွဲ့က တီးတာ ကောင်းပါတယ် ဆိုင်းနောက်ထက မပါဘူးလား တို့ဆိုင်းက ဆိုင်းနောက်ထက ဒီနှစ်ယောက် လေကွာ ပါလေးနဲ့ မုတ်ဆိတ် တဲ့ကွ”
ဦးထီသည် သူအနီးနားတွင်ရှိသော ဆိတ်မုတ်ဆိတ်မွှေး သဏ္ဍန် မုတ်ဆိတ်များရှိသော လူ နဲ့ မျက်လုံးပြူးပြူး လူနှစ်ဦးကို မေးငေါ့ပြပြီး ပြောလိုက်ရာ မောင်ဘိုးထင်သည် တခြားသူများကို ကြည့်ပြီး
“ဟုတ်တယ် ဟ ဆိုင်းနောက်ထက ဘယ်လိုလုပ်မလဲ ကိုသာရ နဲ့ ကိုဖိုးထွေး “
“ငါတို့လည်း မသိဘူးကွာ ဘယ်သူတွေ ကျန်သေးလဲ “
“ကျုပ်တို့အကြောင်းသိတဲ့ သူတွေ ဖြစ်မှ အဆင်ပြေမှာနော် “
သူတို့ ထိုသို့ တွေးနေစဉ် သာအေးသည် လှည်းနောက်မှ ခုံချလိုက်ပြီး ရွာဘက်သို့ ပြန်ဝင်ပြေးလေသည် “
“ဘိုးထင် မင်းကောင်သာအေး ဘာဖြစ်တာလဲကွ ရွာပြန်ပြေးနေတာ “
“မသိပါဘူး ဘကြီးထီ ကျုပ်တို့ စောင့် လိုက်ဦးမယ် ဘကြီးတို့ သွား နှင့် “
“ကဲ ကဲ ငါတို့ကော စောင့်ပေးပါမယ် “
ရှေ့မှ ပေပင် ဆိုင်းအဖွဲ့ သည်လည်း လှည်းကို သစ်ပင် အရိပ်အောက် ရပ်ပြီး စောင့်နေသလို ဘိုးထင်တို့လည်း လှည်းကို ရပ်ပြီး စောင့်နေကြသည် ၊ မကြာ လှသော အချိန်တွင် သာအေးနှင့် အတူ မောင်ဘိုးထင် အရွယ် အောင်သန်း နှင့် ကိုပေါက်တူးပါ ပါလာ၏ သူတို့ လှည်းအနားရောက်သော အခါ သာအေးသည် မောင်ဘိုးထင်အား
“ဘိုးထင် ဒီမှာ ဆိုင်းနောက်ထ နှစ်ယောက် “
“အောင်သန်း နဲ့ ကိုပေါက်တူးကြီးလား “
“ဟုတ်တယ် လေ ကိုပေါက်တူးကြီးကို ကြည့်ဦးရုပ်ကြီးကိုက ရယ်စရာကြီးမို့ ငါ့မျက်လုံးထဲ သူပဲမြင်လာလို့ ပြေးခေါ်တာ အောင်သန်းကတော့ လိုက်ချင်တယ် ဆိုလို့ခေါ်လာတာ “
“ကိုပေါက်တူးက တော့ ဟုတ်ပါပြီ မင်းကောင် အောင်သန်းက စကားတောင် ကောင်းကောင်းပြောတဲ့ကောင်မဟုတ်ဘူး”
မောင်ဘိုးထင်သည် အောင်သန်းကိုကြည့်ပြီးပြောလိုက်သော အခါ အောင်သန်းမခံချင်ဖြစ်လာကာ
“မင်းကလည်းကွာ ငါလည်းစကားပြောတက်ပါတယ် “
လေးပင်သော စကားသံကြီးနှင့်ပြောလိုက်ရာ မောင်ဘိုးထင်သူ၏ လွယ်အိတ်ထဲမှ ဆိုင်းဆရာကြီး စိန်မြိုင်ဟန်၏ အရိုးအပိုလေးကိုသာ လက်နှင့် လိုက်စမ်းနေပါလေတော့သည် ။
▪️အခန်း-၉
ရေအိုးစင် အလှူမှာ စည်ကားလှပေသည် ပေပင် ဆိုင်းအဖွဲ့နှင့် ဘိုးထင် ဆိုင်းတို့ကို ဇတ်ခုံပေါ်တွင် ဘယ်ညာ နေရာ ချပေးထားသည် ၊ ကိုပေါက်တူးသည် သူမင်္ဂလာဆောင်စဉ်က ဝတ်သော တိုက်ပုံနှင့် ပုဆိုးကို ကြနစွာ ဝတ်ဆင်ထား၏ ရေအိုးစင် သူကို ယူထားသော ပေါက်တူး အား ရေအိုးစင်ရွာသားများက သိကျွမ်းသဖြစ် အထင်ကြီးနေကြသည် ၊ ဆိုင်းသမားလေး ဘိုးထင်ဆိုပြီး ရေအိုးစင်ရွာသားများက မောင်ဘိုးထင်တို့ ထမင်းစားနေသည်ကို ဝိုင်းကြည့်ကြ၍ မောင်ဘိုးထင်တို့ ေ မြာက်ကြွကြွ မဖြစ်မောင် အတော်ပင် ထိန်းထားကြရသည် ၊ ဖိုးထွေး နှင့် သာရ ကိုတော့ ကညာပျိုလေးများက အထင်ကြီးသော မျက်ဝန်းများဖြစ်ကြည့်ကာ
“ဆိုင်း ဆရာလေးတွေက ငယ်ငယ် ချောချောလေးတွေနော် အေတို့ “
“ဟုတ်ပါ ဟိုဘက် ကြေးနောင် တီးတဲ့ဆရာလေးဆို ခန့်တယ်နော် အသားလည်းဖြူတယ် “
“,ဟိုက က နှဲကြီး ကိုင်ကိုင် နေတော့ နှဲ ဆရာ ဖြစ်မယ် သူကလည်း ညိုချောလေးတော့”
ကညာပျိုများ၏ တိုးတိုး ပြောနေသံများကို ဖိုးထွေး နှင့် သာရ ကြားရ၍ မောင်ဘိုးထင်ကို ကြည့်ပြီး စိတ်ထဲတွင် ကျေးဇူးတင်နေကြဟန်ရှိ၏ ၊ ဤသို့ နှင့် ညအချိန် ရောက်သောအခါ ဆိုင်း နှင့် ဖွဲ့ အပြိုင်တီးကြရမည်အချိန်သို့ ဆိုက်ရောက်လာပြီဖြစ်သည် ၊ မောင်ဘိုးထင်သည် ဆိုင်းနောက်ထ လုပ်မည် အောင်သန်းနှင့် ပေါက်တူးအား စိန်မြိုင်ဟန်၏ အရိုးလေးများကို ပေးပြီး သူတို့၏ ကိုယ်ထဲ တွင် သိမ်းထားခိုင်းလိုက်တော့သည် ။
မောင်ဘိုးထင်တို့သည်သည် စိန်မြိုင်ဟန်တို့ ဆိုင်းအဖွဲ့ဝင်ပူးပြီး တီမှုတ်နေသည် အတွက် ပေပင်ရွာ ဆိုင်းကို ပင် ရပ်ခိုင်းထားပြီး သူတို့အဖွဲ့ကို သာ တီးမှုတ်နေစေသည် ၊ ဆိုင်းနောက်ထ နှစ်ယောက်သည် လည်း အရွယ်နဲ့ မလိုက်အောင်ကောင်းမွန်နေလေသည် အဆိုအေေပြာ ဟာသ များဖြစ် ဖြေဖျော်နေလေရာ အလှူရှင် နှင့်တကွ ရွာသူ ရွာသားများ အားရကျေနပ်နေကြသည် ၊ အဓိက ငှားထားသော ပေပင်ရွာဆိုင်းပင် ရပ်ပြီး မောင်ဘိုးထင်တို့အား ကြည့်နေရလေသည် ၊ ရေအိုးစင်ရွာရှိ အသက်ကြီးရင်နေပြီဖြစ်သော လူကြီးများက အချင်းချင်းတီးတိုးပြောနေကြလေသည်
“ဒီကလေးတွေ ဆိုင်းတီးတာ ကြားရ မြင်ရတော့ ကျုပ်လူပျို ဘဝတုန်းက ကြည့်ခဲ့ရတဲ့ စိန်မြိုင်ဟန်ကို အမှတ်ရတယ် ဗျာ လက်သံက စိန်မြိုင်ဟန် လက်သံဗျ”
“ဟုတ်ပဗျာ ဆိုင်းနောက်ထတွေက စိန်မြိုင်ဟန် ဆိုင်းအဖွဲ့ ထဲက ကိုချော ကိုပေါ ညီအကိုပြောပုံ ဆိုပုံတွေ နဲ့ မတူဘူးလားဗျ “
“ဟုတ်ပဗျာ အခု ဒီကလေးတွေနဲ့ မှ စိန်မြိုင်ဟန်ကို ပြန်နားထောင်နေရသလိုပါပဲ ဗျာ ကျုပ် မြေးရဲ့ အလှူမှာ ဒီလိုကောင်းတဲ့ ဆိုင်းကို ဘယ်က ရှာလာတာလဲဗျ”
ထိုအခါ အလှူရှင်သည် သူ၏ အဖိုးအား
“အဖိုး အဲ့တာ ပေပင်ရွာက ဘိုးထင် ဆိုင်းပါ ခြောက်လုံးပတ်တီးတဲ့ ကလေးက ဘိုးထင်တဲ့ “
“အင်း တို့နယ်မှာလည်း လူတော်လေးတွေ ရှိတာပဲ ကဲ မြေးလေး သူတို့ကို ဆိုင်းအဖို့အခ အပြင် တယောက်ကို ငွေငါးဆယ် ဆုချလိုက်ကွယ် အဘ ပေးပါ့မယ် “
“ဟုတ်ကဲ့ အဖိုး”
ဒီးခေတ် ဒီကာလသည်က ငွေငါးဆယ်ဆိုသည်မှ နည်းသည့် ငွေမဟုတ် ၊ အဖိုးကြီးသည်က မောင်ဘိုးထင်တို့ဆိုင်းကို အတော်ပင်အားရကျေနပ်နေသည် သူလူပျိုဘဝ ကအင်မတန်ကြိုက်ခဲ့ ရသော ရွာစား စိန်မြိုင်ဟန်ကို ပြန်နားထောင်နေရာသလို ဖြစ်ကာ ကျေနပ်နေသည်၊ မောင်ဘိုးထင်တို့သည်လည်း စိန်မြိုင်ဟန်ဆိုင်းအဖွဲ့ အားဝင်ပူးစေသည် ဗုံမှော်သွင်းထားသောကြောင့် မျက်လုံးများကို မှိတ်ကာ အားရပါးရ တီးမှုတ်နေကြပါလေတော့သည်။
▪️အခန်း-၁၀
ဦးအုန်း၏ အိမ်ဝိုင်းထဲသို့ လှည်းနှစ်စီး ထိုးဆိုက်လာသည် လှည်ပေါ်တွင်တော့ မောင်ဘိုးထင်တို့ ခွေခွေကလေး အိပ်ပြီးပါလာသည် ၊ အောင်သန်း နှင့် ကိုပေါက်တူးသည်က အသံများဝင်ကာ ဦးအုန်းအား
“ဦးအုန်း ကျုပ်တို့ ဘာဖြစ်တာလဲ မသိဘူး လုပ်ပါဦးဗျ “
မောင်ဘိုးထင်တို့ ဘာမှေပြာမပြထားသော ပေါက်တူး နှင့် အောင်သန်းက လန့်နေကာ ဝင်နေသော အသံဖြစ်ပြောနေသည် ၊ ကျန်သူများက မျက်လုံးလေးများ မှိတ်ပြီး လှည်းပေါ်မှ မဆင်းနိုင်ပေ ၊ ထိုအခါ ဦးအုန်းသည် ရွာထဲမှ အသင့်ခေါ်ထားသော ဆေးဆရာကို မောင်ဘိုးထင်တို့အား လက်ညှိုးညွှန်ပြီး
“ကဲ့ ကို စံဖေ ရေ ခင်းဗျား ဒီကောင်လေးတွေကို ဆေးလေးဘာလေး ကုပေးလိုက်ပါဦး “
ဦးအုန်းသည် ထိုသို့ ပြောပြီး လှည်းမောင်းပို့လာသော ရေအိုးစင်သားများအား
“မင်းတို့က ဒီကောင်လေးတွေကို သူ့အိမ်သူရောက်အောင်ပို့ပေးလိုက်ဦး ဟေ့ပေါက်တူးနဲ့ အောင်သန်း မင်းတို့က အသံတင် ဝင်တာ “
ပေါက်တူးသည် စကားပြန်ပြောမည်ပြုနေပေမဲ့ အသံက ထွက်မလာရာ
“အေးအေး မင်းအသံ မထွက်တော့ဘူးလို့ပြော မလို့ မဟုတ်လား ငါသိတယ် မင်းတို့အတွက် ကြက်ပေါင်းရည် လုပ်ထားတယ် ညနေမှ လာသောက်ကြ အခုတော့ ကိုစံဖဲ ဆေးကုပြီးရင် မင်းကောင်တွေကို သူ့အိမ်အရောက်လိုက်ပို့ ပေးလိုက်ဦး”
မောင်ဘိုးထင်တို့ ဦးအုန်းပြောသောစကားကို ကြားနေရသည် သို့ပေမဲ့ ကိုယ်လက်များမလှုပ်နိုင်ဖြစ်က အသံပင်မထွက်နိုင်တော့ပေ သူတို့၏ စိတ်ထဲ တွင်တော့ ဖြတ်လမ်းနည်းကို မလိုက်တော့ဘူး ကြောက်ပါပြီ ဗုံမှော်ဟုလည်း တွေးနေသလို ပေပင်ရွာ ဆိုင်းမှ ဘိုးတော်ကြီးများဆီ တပည်ခံမည်ဟုသာတွေးနေချိန် ၊ ဦးအုန်း၏ အိမ်ဝိုင်းထဲသို့ ဖိုးထွေ၏ အဘ ရွာလူကြီး ရောက်လာသည် လှည်းပေါ်တွင် အိပ်နေကြသော သူ၏ သားအပါအဝင်တခြားသူများကို မြင်သော အခါ လန့်ဖျက်သွားပြီး
“ဦးအုန်း ဒီကောင်တွေဘာဖြစ်တာလဲ ရေအိုးစင် အလှူဆိုင်းသွားတီးတာ မဟုတ်လား “
“ဟုတ်တယ်လေ ဆိုင်းတီးပြီး ပင်ပန်းလို့ အိပ်နေကြတာပါ စိတ်ပူမနေပါနဲ့ ဒါနဲ့ ထူးထူးဆန်းဆန်း ဘာကိစ္စလဲ ရွာလူကြီး “
“ရွာဦးကျောင်းမှာ အထက်လမ်း ဆရာလိုလို ဘာလိုလို လူရောက်နေတယ် ဗျ ကျုပ်ကိုလည်း ခင်ဗျား အကြောင်းမေးနေတယ် အဲ့တာ ကြောင့် ကျုပ် ခင်ဗျားကို လာသတိပေးတာ “
“ကျေးဇူးဗျာ ရွာလူကြီး ခင်ဗျားသားကို ကျုပ်ပြီးမှ လှည်းသမားတွေကို ပို့ခိုင်းလိုက်ပါမယ် “
“ရတယ် ရတယ် အဲ့ကောင်တွေ အဲ့လိုဖြစ်မှာ ရွာထဲနည်းနည်း အေးချမ်းမှာ “
ရွာလူကြီးသည် ထိုသို့ပြောပြီး ဦးအုန်းကို နုတ်ဆက်လို့ပြန်သွားတော့သည် ၊ ဖိုးထွေးသည် သူ၏ အဘ ပြောစကားကိုကြားပြီး သူ၏စိတ်ထဲတွင် ရက်စက်လိုက်တာ အဖေ ဟုတွေးရင် ဦးအုန်း၏ ဗုံမှော်အား တွေးရင်း တွေးရင်း ဘိုးထင်၏ မျက်နှာကြီးသာ မြင်ယောင်လာပါလေတော့သည် ။
▪️အောက်လမ်းဘိုးထင် နှင့် ဗုံမှော် သည်က ဤမျှသာ
📝မောင်တင်ဆန်း
Leave a Reply