တဖေဖေတဲ့ ဟင်း မလွယ်တဲ့ဘဝပါလားအေ”
ဝါးလုံးတိုင်ကိုမှီကာ ဗျစ်တောက်ဗျစ်တောက်ပြောနေခဲ့သည်။ ဒါကလည်း သူ့ဘဝရဲ့နေ့စဉ်နှင့်အမျှလုပ်ဆောင်နေရသောတာဝန်ဆိုလဲမမှားတော့ပါဘူး။
********************************
“ဆရာ ကျုပ်မေးစရာရှိလို့ မေးလို့ရမလား”
“အေ မေးလေ ဘာမေးမှာလဲသူရ”
“ဆရာမိုးကောင်းက ဘယ်အချိန်မှအပစ်ဒါဏ်ကလွတ်မှာလဲဗျ ”
“အင် အထက်ကတော့ ဆရာမိုးကောင်းကို သမာဓိအတွက်ကောင်းမွန်အောင် နေရာတစ်ခုမှာ မအောင်မြင်မချင်း အဓိဌာန်ဝင်ခိုင်းထားတာလို့ပြောတယ်။ ဒီတစ်ခေါက်မှာတော့ ငါတို့အတွက်အတော်အရေးကြီးတယ်သူရ။ အခုက ပုထုစဉ်အစွဲကိုချွတ်ရမှာဆိုတော့ ပညာတွေက နေရာတိုင်းထုပ်သုံးဖို့မသင့်တော်ဘူးထင်တယ်”
“ဒါဆို ဆရာပြောပုံအရ လမ်းမပေါ်ဆွဲတင်ရမယ့်လူတွေရှိနေတယ်ပေါ့ ဟုတ်လားဆရာ”
“အင် အဲ့လိုပြောလည်းရတယ် ဒါပေမဲ့ အခုက ခက်ခဲမယ့်ကိန်းရှိတယ်။ ထားပါ ရွာထဲကိုရောက်မှသိရမှာပေါ့ ရွာနဲ့ကအတော်ဝေးသေးတော့ ညနေလောက်မှရောက်လောက်မယ်ထင်တယ်”
သည်လိုနှင့် နှစ်ယောက်သားထွက်လာခဲ့တာအချိန်အတော်ကြာမှာတော့ ထန်းနှစ်ပင်ရွာအထိပ်ကိုရောက်လာခဲ့သည်။ ရွာထိပ်ဇရပ်ကိုတွေ့တော့ ဇရပ်ပေါ်တက်ကာ နားနေဖို့နေရာအတွက်ရပြီးဟုတွေးကာ ဇရပ်ပေါ်ရှိအမိုက်သရိုက်များကိုရှင်းလင်းလိုက်ကြသည်။ဇရပ်ပေါ်မှာတော့ မထင်ထားတဲ့အရာတစ်ခုကို သူရ,ကတွေ့လိုက်ရတော့ ဝမ်းသာသွားခဲ့သည်။
“ဆရာ ဒီဇရပ်မှာ ဘုရားကျောင်းဆောင်နဲ့ ဘုရားဆင်းတုတော်ရှိနေတာပဲဆရာ”
“ဟုတ်တယ် ဒါက သာမန်ဆင်းတုတော်မဟုတ်ဘူးသူရ။ ရှေးဆရာတွေဒီရွာကိုရောက်ရင် ဖူးမျှော်ဖို့ ပူဇော်ထားခဲ့တာ။ ဒီဘုရာဆင်းတုတော်နဲ့ကျောင်းဆောင်ကို သာမန်လူတွေမမြင်ရဘူး။ သာမန်ဘဝနဲ့မြင်ရတဲ့သူကတော့ ပဌာန်းဆက်ရှိလို့ပဲသူရ”
“ဟုတ်ဆရာ ဒါဆိုကျွန်တော်ဘုရားကျောင်းဆောင်ကိုသန့်ရှင်းရေးလုပ်လိုက်အုံးမယ်ဆရာ”
သူရလည်း ဇရပ်ဘေးကရေတွင်းဟောင်းလေးမှာ ကိုယ်လက်သန့်စင်ပြီး ဘုရားကျောင်းဆောင်ကိုသန့်ရှင်းရေးလုပ်နေတုန်း ဘုရားဆင်းတုတော်ကိုမ,တင်လိုက်သည့်အချိန် အင်းတစ်ချပ်နဲ့ စက္ကူခေါက်လေးတစ်ရွက်ကိုမြင်လိုက်ရသည်။ ထိုအခါ ဘယ်အချိန်ထဲက ထွက်သွားမှန်းမသိတဲ့ ဆရာဖြစ်သူမဲခေါင်က ဇရပ်အနားကိုပြန်ရောက်လာသည်ကိုမြင်လိုက်ရသည်။
“ဆရာ ရွာထဲကအခြေအနေကဘယ်လိုလဲဆရာ ”
“အင် အခြေအနေကောင်းတယ်လို့ပဲပြောရမှာပဲ အခုလုပ်ဆောင်ရမယ့်တာဝန်က အချိန်တော့ယူရမယ်သူရ။ ဒီနှစ်ယောက်က လူဝင်စားဖြစ်နေတာ။ ဒါပေမဲ့ ပြန်ဝင်စားတဲ့အချိန်မှာ တစ်ယောက်က နောက်ကျသွားလို့ တစ်ယောက်တကွဲဆီဝင်စားခဲ့ရတာ။ တစ်ယောက်နဲ့တစ်ယောက်က တော်တော်လဲ ဂတိတည်တဲ့လူတွေပါလား”
“ဟုတ်ဆရာ ဒါနဲ့ဆရာ့ကိုပြစရာရှိတယ်။ ကျွန်တော်ဘုရားကျောင်းဆောင်ကိုသန့်ရှင်းရေးလုပ်နေရင်းတွေ့တာဆရာ”
“ဟုတ်လား ပြစမ်းပါအုံး”
သူရကမ်းပေးလိုက်သည့်အရာကိုကြည့်လိုက်တော့
“အော် ဆရာဖြစ်သူကလဲစွမ်း သံယောဇဉ်ကလဲရှိတော့ ပြန်ဝင်စားလာရင် အရင်အတိတ်တွေကိုသိရအောင်လို့ အင်းချခဲ့တာပဲ အော် သံသရာ သံသရာ”
လေညင်းလေးတွေက တိုးဝေ့လာခဲ့တော့ တရားထိုင်နေသည့် မဲခေါင်၏ နှာခေါင်းဝကို ဖြေးညှင်းစွာ တိုးဝင်သွားခဲ့သည်။ အချိန်က နေလုံးကြီးဟာ ဂေါယတောင်စွယ်ပေါ်မှာ မေးတင်ကာ အိပ်စက်ဖို့အားယူနေခဲ့သည်။ သူရလည်းတရားထိုင်ဖြုတ်ထားတာကြာပြီးဖြစ်သည်။ မဲခေါင်၏ ပုတီးစိပ်နေသည့်အသံက ဇရပ်ပေါ်မှာ တဂျောက်ဂျောက်နဲ့အသံထွက်ပေါ်နေတော့ သူရကထိုအသံကို နားထောင်ရင်း ညနေ နေဝင်ဆည်းဆာကိုကြည်နေခဲ့သည်။ ဘယ်အချိန်ထိကြည့်နေမှည်းမသိလိုက် နေလုံးကြီး စုံးစုံးမြုတ်သွားတော့မှ သတိဝင်လာခဲ့သည်။ ထို့နောက် ဘုရားကျောင်းဆောင်ပေါ်မှာ ဆီမီးနှင့်သောက်တော်ရေချမ်းကို ကပ်လှူ ပူဇော်လိုက်သည်။သိပ်မကြာခင်မှာပဲ ရွာဘက်က မီးအလင်းရောင်များနှင့် အော်သံများ ထွက်ပေါ်လာခဲ့သည်။
“ရွာထဲကတော့ အသံတွေထွက်နေပြီး ဘာတွေဖြစ်နေကြတာလဲမသိဘူးဆရာ”
“ဘာမှမပူနဲ့ သူ့ဘာသာသူ အဆင်ပြေသွားလှိမ့်မယ်”
“အော်ဟုတ်ဆရာ။ ဒါနဲ့ ဟိုနှစ်ယောက်ကိုကတော့ရော ဘယ်အချိန်ကျမှလမ်းပြပေးရမှာလဲဆရာ”
“မနက်ကျရင်သိရမှာပေါ့ အခုတော့ လုပ်နေတဲ့ သမထကိုပဲပြန်လုပ်နေပါသူရ”
မဲခေါင်ပြောလိုက်သည့်စကားကြောင့် သူရတစ်ယောက် တရားပြန်ထိုင်နေလိုက်သည်။ များမကြာအချိန်မှာတော့ သူရတစ်ယောက် စိမ်းလန်းနေသည့် မြက်ခင်းပြင်ပေါ်သိုရောက်ရှိနေသည်ကို သတိထားမိခဲ့သည်။
“သူရ ”
သူရတစ်ယောက် သူ့နာမည်ကိုခေါ်လိုက်သည့်အသံကြောင့် ဘေးဘီဝဲယာကိုလိုက်လံကြည့်မိနေသည်။ သူ၏နာမည်ကိုခေါ်သည့်သူအား မြင်လိုက်ရချိန်မှာတော့ သူရတစ်ယောက် ပြုံမိလိုက်သည်။
“ဆရာ ဆရာကျွန်တော့်ကိုခေါ်လိုက်တာလား ”
“အင် ဆိုပါတော့ မင်းကိုမှာစရာရှိလို့ ခေါ်လိုက်ရတာ ”
“ဟုတ်ဆရာ ပြောပါ။ ဆရာမဲခေါင်ရော မတွေ့ပါလားဆရာ”
“သူ့ကို အဘက မနောနဲ့ပြောပြီးပြီ။ သူရ ငါခေါ်ရတာက မင်းကိုသတိပေးမလို့။ အခုကိစ္စမှာ မင်းရဲ့ နတ်ဘီလူးအသွင်ကိုလုံးဝမသုံးမိစေနဲ့။ သုံမိရင်တော့ ဘာဖြစ်မလဲဆိုတာ ငါပြောပြလို့မရဘူး။ ဒါကိုတော့ မင်းသတိထားပါ”
“ဟုတ်ဆရာ ကျွန်တော်သတိထားပါ့မယ်”
“ဟုတ်ပြီသူရ မနက်ကျရင် ရွာထဲကိုသွား ကောင်းမြတ်နဲ့ လှမောင်ကို ဇရပ်ဆီခေါ်ထား မနက်ကျရင် ငါလာခဲ့မယ် ”
“ဟုတ်ဆရာ ဒါဆိုဆရာက ”
“အင် ဟုတ်တယ် ငါအပစ်ကနေလွတ်ပြီး ဒါကြောင့် ခရီးပြန်ထွက်ဖို့ပြင်ရမယ်”
“ဟုတ်ဆရာ ”
သူရလဲ မျက်စိအရှေ့မှပျောက်သွားသောလူကိုလှမ်းမေးဖို့ပြင်လိုက်ပေမယ့် နှုတ်ကဆိတ်နေခဲ့သည်။ သူရမြင်နေရသာ့်ပုံရိပ်ဟာလဲ တဖြေးဖြေး မှောင်လာခဲ့လေသည်။ အမှောင်လုံးလုံးဖြစ်သွားသည့်အချိန်အရောက်မှာတော့ လင်းကြက်သွန်သည့်အသံကိုကြားလိုက်ရသည်။ အချိန်အနည်းငယ်လောက် တရားဆက်ထိုင်ပြီးအချိန်မှာတော့ တရားဖြုတ်ကာ အမျှတမ်းပေးဝေလိုက်သည်။ အချိန်ကတော့ တဖြေးဖြေးရွှေ့လျှားလာသည့်နှင့်အမျှ နေလုံးကြီးကလဲ တဖြေးဖြေး ထွက်ပေါ်လာခဲ့သည်။
“သူရ မင်းသွားခေါ်ရမည့်လူနှစ်ယောက်ကို သွားခေါ်လာခဲ့တော့ ”
မဲခေါင်ပြောလိုက်သောစကားကြောင့် သူရကပြုံးလိုက်ပြီး
“ဆရာ အခုက မ,စောလွန်းဘူးလားဗျ ”
“ငါတို့အတွက်ကစောပေမယ့် ဟိုနှစ်ယောက်အတွက်က မစောဘူးသူရ။ သူတို့အရက်မသောက်ထားမှရမှာ ဒါကြောင့် စောစောသွားခိုင်းရတာ”
မဲခေါင်ပြောလိုက်မှ သူရသဘောပေါက်ပြီး ဇရပ်ပေါမှဆင်းကာ ရွာထဲသို့ထွက်လာခဲ့သည်။ ရွာထဲစဝင်လိုက်တာနဲ့ လူတစ်ချို့က စူးစမ်းအကဲခက်သည့်ပုံဖြင့်ကြည့်နေသည်ကို သူရသတိထားမိခဲ့သည်။ အချိန်အတော်ကြာရွာထဲဝင်လဲ့သည့်အချိန်မှာတော့ ဝါးလုံးတိုင်ကိုမှီပြီး ဖျစ်တောက်ဖျစ်တောက်ပြောနေသည့်မိန်းမကြီးတစ်ဦးရှိရာအိမ်သို့ရောက်လာခဲ့သည်။
“ဗျို့အရီး ဝင်ခဲ့လို့ရမလားဗျ”
သူရခေါ်သံကြောင့် ဝါးတိုင်ကိုမှီနေသည့်အမျိုးသမီးကြီးက ခေါင်းထောင်ကြည့်လိုက်သည်။ သူရကိုမြင်လိုက်ရတော့….
“အေအေ ဝင်လာလို့ရပါတယ်။ ဒါနဲ့ဘာကိစ္စရှိလို့လဲငါ့တူ”
“ဒီလိုပါအရီး ကျုပ်ဆရာက အရီးရဲ့သားနဲ့သူ့သူငယ်ချင်းကိုတွေ့ချင်လို့ ခေါ်ခိုင်းလိုက်လို့ပါ”
“ဟင် ဒီနွားနှစ်ကောင်ဘာလုပ်ထားပြန်ပြီးလဲမသိတော့ဘူးအေ ငါနှယ်စိတ်ညစ်ပါဘိ့အေ။ သူတို့နှစ်ယောက်ကိုဘာလို့တွေ့ချင်တာလဲငါ့တူ။ ငါ့တူတို့ကရော ဘာတွေလဲ အရီးမသိလို့မေးတာပါ”
“ဟုတ်ဗျ ကျုပ်တို့က နယ်လှည့်ခရီးသွားတွေပါ ခုနှစ်ရက်သားသမီးတွေကို ကြုံရင်ကြုံသလိုကူညီပေးနေတဲ့သူတွေပါ စိတ်မပူပါနဲ့အရီး။ အခုလဲ သူတို့နှစ်ယောက်ကိုလာခေါ်တာကလည်း သူတို့ရဲ့မှားနေတဲ့လမ်းကြောင်းကိုပြင်ပေးဖို့ပါ”
“အေးကွယ် ဒါဆိုလဲ ခေါ်သွားလေငါ့တူ အချိန်ကတော့ကြာမယ်အရီး နှစ်ရက်သုံးရက်လောက်တော့ကြာမယ်အရီး အစားအသောက်တွက်မပူနေနဲ့နော်”
“အေအေ ရပါတယ်ကွယ် အရီးသားတွေလူကောင်းသူကောင်းဖြစ်ရင်အရီးကျေနပ်ပါပြီး။ ဟဲ့ ဟိုနှစ်ကောင် ဒီကိုလာအုံး ”
လူနှစ်ယောက် အိမ်အတွင်းကနေထွက်လာခဲ့သည်ကိုသူရမြင်လိုက်ရသည်။
“ဘာလဲဗျာအမေရာ ဘာဖြစ်ပြန်ပြီးတုန်းဗျ”
“အေ အခုငါပြေမှာနားထောင် နင်တို့နှစ်ကောင် ဒီကတူနဲ့လိုက်သွား ဟိုရောက်ရင်နင်တိုလိုချင်တာလုပ်ပေးလှိမ့်မယ်”
“ဟ ဝမ်းသာစရာပဲအမေရေ လိုချင်တာလုပ်ပေးမယ်ဆိုတော့ အရက်ကတော့ စိတ်ကြိုက်သောက်ရတော့မှာပဲ ဒါဆိုသားတို့လိုက်သွားလိုက်အုံးမယ်”
“ကဲဒါဆို ရွာထိပ်ကဇရပ်ကိုသွားကြမယ် ”
သူရစကားမဆူံးလိုက် လှမောင်နှင့်ကောင်းမြတ်က ခြံဝရောက်နှင့်နေသည်။ ထိုအခါ မိန်းမကြီးက လေသံတိုးတိုးဖြင့်
“ငါ့တူ သူတို့ကိုအဲ့လိုပြောမှ လိုက်မှာမို့လို့ အရီးအဲ့လိုပြောလိုက်ရတာပါငါ့တူ ကျန်တာကိုတော့ မီးစင်ကြည့်ကလိုက်တော့နော်”
“ဟုတ်ရပါတယ်ဗျ ကျုပ်သွားတော့မယ်နော်အရီး”…..
ဇရပ်ရောက်တော့ ဇရပ်ပေါ်မှာ စကားပြောနေသည့်လူနှစ်ယောက်အား သူရလှမ်းမြင်လိုက်ရသည်။ ဆရာဖြစ်သူမဲခေါင်နှင့် နောက်တစ်ယောက်ကိုမြင်လိုက်တော့ ဇရပ်ပေါ်အမြန်တက်ကာ ……..
“ဆရာ ဒီမှာပါ ဆရာပြောတဲ့လူနှစ်ယောက် ”
“အင်း လာထိုင်ကြပါအုံးဗျ”
မိုးကောင်းပြောလိုက်တော့ သူရနှင့်အတူပါလာသည့်လူနှစ်ယောက်က မိုးကောင်းတို့အနားကပ်ထိုင်လိုက်ကာ…..
“ဒီကနောင်ကြီးတို့ကကျုပ်တို့နှစ်ယောက်ကိုဘာလို့ခေါ်လိုက်ရတာလဲဗျ။ မကောင်းတဲ့ကိစ္စခိုင်းမလို့လားဗျ”
“ခိုင်းတယ်ဆိုရင်ကော ဒီက ညီတွေကလုပ်ပေးမှာလား။ ညီတို့အတွက်မနစ်နာစေရဘူး”
“အင်း..ပြောကြည့်လေ စိတ်ဝင်စားတယ်ဆိုရင် ကျုပ်တို့လက်ခံမယ်”
“ဒီလိုဗျ ကျုပ်တို့ခိုင်းမှာက ရွာဦးကျောင်းက ကျောင်းထိုင်ဆရာတော်တီးတဲ့ ကြေးစည်လေးကိုလိုချင်တယ်။ ညီတို့အတွက်လည်းအလွန်အရေးပါနေတာမို့ ယူပေးနိုင်မလား”
“ယူတာကယူပေးနိုင်ပါတယ် ဒါပေမဲ့ ခများတို့က ဘာတွေလဲ ကျုပ်တို့အတွက်ကရော ဘာရမှာလဲ ပြီးတော့ ဆရာတော်အတွက်ဘေးကင်ရဲ့လားဆိုတာ ပြောနိုင်လားဗျ”
“မဲခေါင် တွေ့ပြီးမှတ်လား ဘယ်လောက်ပဲဆိုးဆိုး ဘယ်လောက်ပဲမိုက်မိုက် အချိန်ကျလာရင် ကောင်းတဲ့ဘက်ပဲရောက်လာကြတာ အတိတ်ကပြုခဲ့တဲ့ကုသိုလ်တွေကြောင့်ပဲ။ ကဲကဲ ကျုပ်တို့က နယ်လှည့်ခရီးသွားတွေပါ။ ခုနှစ်ရက်သားသမီးတွေအားလုံးကို တက်နိုင်သလောက်အကျိုးပြုကယ်တင်တဲ့သူတွေဖြစ်လို့ ရွာနဲ့ဆရာတော်အတွက်စိတ်မပူပါနဲ့။ အခုယူခိုက်တဲ့ကြေးစည်ကလဲ အရင်ဘဝက ညီတို့ပိုင်ခဲ့တဲ့ ပစ္စည်းဖြစ်ခဲ့လို့ ယူခိုင်းရတာ”
“ခများတို့ပြောတဲ့အကြောင်းတွေကို ဘယ်လိုသက်သေပြမလဲ ကျုပ်တို့ကရော အရင်ဘဝကဘာတွေဖြစ်ခဲ့တာလဲမသိဘူးလေ ခများတိုလိမ်နေတာဖြစ်နေရင် ဘယ်လိုလုပ်မလဲဗျ ”
မိုးကောင်းတစ်ယောက် ထိုသူနှစ်ယောက်စကားဆိုအပြီးမှာတော့ မျက်လုံးကိုမှိတ်ကာ တစ်ခုခုကိုအာရုံပြုနေခဲ့သည်။ ခဏအကြာမှာတော့ မျက်လုံးများပြန်ဖွင့်လိုက်ပြီး ထိုလူငယ်နှစ်ယောက်အားပြုံးပြလိုက်သည်။
“ဒါဆို ညီတို့အတိတ်ကိုပြန်သတိရချင်ရင် ကျုပ်ခိုင်းတာလုပ်မလား။ သတ်မှတ်ထားတဲ့ရက်အတွင်းမှာအောင်မြင်ခဲ့ကြရင် ကျုပ်ခများတို့အတွက် တစ်ယောက်ကို သုံးရာကျပ်ပေးမယ်။ ဘယ်လိုလဲ သဘောတူလား”
ငွေသုံးရာဆိုတဲ့ စကားကိုကြားရတော့ နှစ်ယောက်သား မျက်လုံးတွေပြုးသွားခဲ့ကြသည်။ထို့နောက်…
“ကောင်းပြီ ကျုပ်တို့လက်ခံမယ် အခုချိန်ကစပြီးဘာလုပ်ပေးရမလဲ”
“အရက်ကို သုံးလတိတိဖြတ်ထားရမယ်။ ငါးပါးသီလကို စောင့်ထိန်းရမယ်။တစ်ရက်ကို တရားလေးကြိမ်ထိုင်ရမယ် တစ်ခါထိုင်ရင် နှစ်နာရီထိုင်ရမယ်”
“အရက်ဖြတ်ရမယ်ဆိုတော့ အဆင်မပြေလောက်ဘူးနဲ့တူတယ် ကျုပ်တို့နှစ်ယောက်က မနက်ထရင်တောင်အရက်နဲ့မျက်နာသစ်တဲ့ကောင်တွေလေ ”
“မစမ်းရသေးပဲနဲ့ မဖြစ်နိုင်ဘူးလို့ထင်ရင် အရှုံးကတစ်ဝက်ရောက်နေပြီး အောင်မြင်သွားရင် တစ်ယောက်ကို ငွေသုံးရာလောက်ရမှာနော်”
“ဟုတ်ပြီဗျာ ကျုပ်တို့အခုကစပြီး စလုပ်မယ် ”
“ကဲဒါဆို ဘုရားကိုအာရုံပြုပြီး ကန်တော့ ငါးပါးသီလခံယူလိုက်”
“ဘုရားစင်ရှိနေတာကို ကျုပ်တို့က မကန်တော့ရဘူးလားဗျ အာရုံပဲပြုရမှာလားဗျ”
ထိုစကားကိုကြားလိုက်ရတော့ မဲခေါင်နှင့်သူရ အံ့ဪစွာဖြင့် မိုးကောင်းကိုကြည့်လိုက်ကြသည်။
“ဒီကနောင်ကြီးတို့က ဘုရားစင်ကိုမြင်ရတာလား ”
“မြင်ပါ့ဗျာ လွန်ခဲ့တဲ့တစ်ပတ်လောက်က စမြင်ရတာ”
“ဒါနဲ့ လှမောင်နဲ့ကောင်းမြတ် ထူးခြားတာ မရှိဘူးလား”
“အခုတော့ထူးထူးခြားခြားဘာမှမဖြစ်သေးဘူးဗျ”
“ကောင်းပြီ ဒါဆို ဒီဇရပ်အပေါ်ကမဆင်းနဲ့ သုံးရက်တိတိဒီအပေါ်မှာပဲနေရမယ် စားဖို့အတွက်မပူနဲ့ စလုပ်လို့ရပြီး”
မိုးကောင်းပြောလိုက်တော့ လှမောင်နဲ့ကောင်းမြတ်လည်း ဘုရားကန်တော့ပြီးငါးပါးသီလခံယူလို့ တရားစထိုင်ပါတော့သည်။ နှစ်ယောက်သား တရားစထိုင်ခါစဖြစ်သည့်အတွက် ထိုင်ပုံမကျ ဘယ်ကစရမှန်းမသိဖြစ်နေခဲ့သည်။ ပထမအကြိမ်တရားဖြုတ်တော့ မဲခေါင်ကိုစကားသွားပြောခဲ့ကြသည်။
“အကို အကို့နာမည်ကဘယ်လိုခေါ်လဲဗျ”
“ကျုပ်နာမည်က မဲခေါင်။ မနက်ကအလယ်ကတစ်ယောက်က ကျုပ်တို့ဆရာ ဆရာမိုးကောင်းလို့ခေါ်တယ်။ ဘေးကတစ်ယောက်ကတော့ သူရလို့ခေါ်တယ်။ ဒါနဲ့ တရားထိုင်တာအဆင်ပြေရဲ့လား ”
“အဲ့ဒါပြောချင်လို့ဗျ။ ကိုမဲခေါင်တို့တရားစထိုင်ရင် ဘယ်လိုထိုင်လဲဗျ။ ကျုပ်တို့ကတော့ထိုင်ဆိုထိုင်လိုက်တာ ဘာမှမသိရဘူး စိတ်ကတောင်ရောက်လိုက်မြောက်ရောက်လိုက်နဲ့ ပတ်ပေးနေတာ ဒီကြားထဲ ခါးကတအားနာတာဗျာ ဆန့်လိုက်ကုန်းလိုက်နဲ့ကိုဖြစ်လို့”
“ဟုတ်ပါတယ် အခု နည်းလမ်းတစ်ခုပေးလိုက်မယ်။ တရားစထိုင်းပြီးဆိုရင် ဘုရားကိုအာရုံထဲမှာမြင်အောင်ဖူး။ ပြီးရင် ဝင်လေကို အရံဟံ၊ ထွက်လေကို ဗုဒ္ဓေါ လို့မှတ်ပြီးထိုင် ထူးလာလိမ့်မယ်။ အစဆိုတော့ နည်းနည်းတော့အနာခံပေါ့ဗျ ငွေရဖို့ဆိုရင် အပင်ပန်းခံရမှာပေါ့ဗျ”
ဒီလိုနှင့်သုံရက်မြောက်နေအရောက်မှာတော့ လှမောင်နှင့်ကောင်းမြတ်တို့ တရားထိုင်တာ အသားကျလာခဲ့သည်။ ညနေအရောက်မှာတော့ မိုးကောင်းရောက်လာပြီး ကိုယ့်အိမ်မှာ ကိုယ်တရားထိုင်ဖို့ပြောခဲ့သည်။ လှမောင်နှင့်ကောင်းမြတ်တို့သည်လည်း ဇရပ်မှာပဲတရားထိုင်ဖို့ပြန်လည်တောင်ဆိုခဲ့ကြသည်။ မိုးကောင်းရဲ့ပြောပြသောစကားကြောင့် မိဘဖြစ်သူဆီပြန်ကာ ခွင့်တောင်းခဲ့ကြသည်။ မတင်လည်း ခွင့်ပြုကာ အစားအသောက်အတွက် မပူဖို့ အချိန်မှန်မှန်လာပို့ပေးမှာဖြစ်ကြောင်းပြန်ပြောခဲ့သည်။ သည်လိုနှင့် လှမောင်နှင့်ကောင်းမြတ် ဇရပ်မှာတရားထိုင်ခဲ့သည်မှာ သုံးလပြည့်ဖို့တစ်ရက်သာလိုတော့သည်။
“ဆရာ ကျုပ်တို့ပြောစရာလေးရှိလို့ ပြောခွင့်ပြုပါဆရာ”
“အင် သင်တို့လဲအခုတော့ နေရာတစ်ခုထိရောက်သွားပြီပဲ ”
“ဟုတ်ပါတယ်ဆရာ ကျုပ်တို့အတိတ်ကိုလဲ ပြန်မှတ်မိပြီ ရှေ့လျောက်သွားရတော့မဲ့လမ်းမှာ ဆရာတို့နဲ့ပြန်ဆုံးနိုင်ပါ့မလားမသိဘူးဆရာ”
“ပြန်ဆုံအုံမှာပါ ဒါဆိုလဲ သင်တို့လမ်းသင်တို့လျှောက်ရတော့မည့်အချိန်ရောက်လာပြီးဆိုတော့ လုပ်သင့်လုပ်ထိုက်တာ လုပ်ပေးရတော့မှာပေါ့။ ကဲလာကြအရှေ့ကို။ မဲခေါင် ”
မိုးကောင်းလှမ်းခေါ်လိုက်တော့ မဲခေါင်ကအနားကိုလာပြီး…….
“ဟုတ်ဆရာ ပြောပါ ”
“ငါ့ကို မင်းတွေ့ထားတဲ့အင်းချပ်ပေးပါအုံး”
မဲခေါင်က ဘုရားစင်ပေါ်ကနေ ခရုပတ်ပုံကိုအတွင်းမှအပြင်ဘက်ခးခြမ်းကိုအထွက်ပုံစံဆွဲထားသည့် ကြေးပြာအင်းချပ်ကိုယူပေးခဲ့သည်။
” ကဲ ဘုရားငါးဆူအမိန့်၊ အထက်ဆရာကြီးများ၏အမိန့်၊ ငါအမိန်ပြန်လိုက်သည်။ ဤအင်းကိုပြုလုပ်ခဲ့သောသူ၏ ဆန္ဒအရ ယခုရှေ့မှောက်ရောက်နေသော မောင်လှမောင်နဲ့ မောင်ကောင်းတ်ြတို့အား အရင်ဘဝကသိမ်းခဲ့သော မှတ်ဉာဏ်နှင် တချို့သောအာဏာစက်များကို ပြန်လည်အသက်ဝင်စေရန် ငါမိုးကောင်း ဤအင်းကိုအသက်သွင်သည်။ ဘယ်လိုသော အနှောက်အယှက်မှမဝင်စေရ သိသောသူနှင့် ရင်းနှီသောသူများ ကူညီဆောင်မကြကုန်”
အင်းကိုလက်ဝါးဖြစ်ရိုက်လိုက်သည့်အချိန်မှာတော့ အင်းစံများက ရွှေရောင်တဖိတ်ဖိတ်ဖြစ် လေပေါ်မှာ ဝဲနေခဲ့သည်။ အင်းစံများက တစ်လုံးမှနှစ်လုံးကွဲသွားကြသည်ကို မဲခေါင်နှင့် သူရတို့ မျက်လုံးအပြူးသားဖြင့် ကြည့်နေခဲ့ကြသည်။ လေပေါ်ဝဲနေသည့် အက္ခရာများက လှမောင်နှင့် ကောင်းမြတ်တို့၏ နဖူးပေါ်သို့ ထိကာ ဝင်ရောက်ပျောက်ကွယ်သွားခဲ့ကြသည်။ ထို့နောက် လှမောင်နှင့် ကောင်းမြတ်တို့ သတိလစ်ကာလဲကျသွားခဲ့ကြသည်။ ပြန်လဲသတိရလာသည့်အချိန်မှာတော့ အိမ်ကိုပြန်ရောက်နေသည်ကိုသတိထားမိခဲ့ကြသည်။ မိခင်ဖြစ်သူကိုမေးကြည့်တော့ မိုးကောင်းတို့သုံးရောက် ခရီးထွက်သွားကြပြီးဟုဆိုကာ ပေးထားခဲ့သည်စာရွက်အခေါက်လေးကို သားဖြစ်သူထံပေးလိုက်သည်။ လှမောင်နှင့်ကောင်းမြတ်လည်း စာကိုဖွင့်ဖတ်လိုက်တော့……
“ဒီပနဲ့ အက္က သင်တို့နှစ်ယောက်ဟာ ကျုပ်နှင့်တစ်ချိန်ချိန်မှာ ပြန်ဆုံးဖို့ရှိတယ်။ ဒါကြောင့် ပိုပြီးအားထုပ်ပါ အများကောင်းကျိုးသယ်ပိုးနိုင်သူတွေအဖြစ်နဲ့ ပြန်တွေ့ချင်ပါတယ်။ လှမောင်က ဒီပဖြစ်သလို့ ကောင်းမြတ်က အက္ကဖြစ်ကြတယ် အရာရာကို စိတ်အလ်ုမလိုက်ကြနဲ့ ကျုပ်မျှော်လင့်သလိုဖြစ်လာဖို့ပဲစောင့်နေမယ်”
“ဆရာရယ် ကျုပ်တို့ကိုတောင် မနုတ်ဆက်ပဲထွက်သွားကြတယ်။ စိတ်ချ ဆရာဖြစ်စေချင်သလို ဖြစ်အောင်ကြိုးစားပါ့မယ်ဆရာ ”
ထိုနေ့ကစပြီး လှမောင်နှင့်ကောင်းမြတ်တို့နှစ်ယောက်သား ရွာကနေပျောက်ချင်းမလှပျောက်သွားခဲ့ကြသည်။ မိခင်ဖြစ်သူလဲ တရာဘောင်သို့ အပြီးတိုင် ပြုံးလျက်သားဝင်ခဲ့သည်။ မည်သူလာမေးမေး ကျုပ်သားတွေက သူတော်ကောင်းတွေဖြစ်ကုန်လို့ လူ့လောကမှမရို့တော့ဘူးဟုဆိုကာ ပြုံးနေတက်သည်။ အချိန်တွေကကုန်လာသည်နှင့်အမျှ နှစ်နှစ်ဆယ်နီးပါအချိန်ရောက်တော့ မထင်မရှားစေတီငယ်မှာ လူနှစ်ယောက် တရားထိုင်ရင်း ပျောက်ကွယ်သွားခဲ့သည်။
“ဆရာ ဒါဆို သူတို့နှစ်ယောက်က ဘယ်ကိုရောက်သွားတာလဲဗျ”
ထိုအခါမိုးကောင်းက ပြုံးလိုက်ပြီး…..
“မဟာမြိုင်တောထဲကိုပေါ့ကွား”လို့ပြောပြီး ဆက်လက်လျှောက်လာခဲ့တော့သည်။
နောက်အပိုင်းမှာတော့ မိုးကောင်းတို့ ကူညီပြီးထွက်ခဲ့တာ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့
(မဲခေါင်နှင့် ကြက်နတ်ငစံ)မှာအားပေးကြပါအုံးဗျာ
စာရေးသူ…… ရှိုင်းလင်း (မဝတ)
Leave a Reply